အပိုင်း (၃၁)
Vol. 3 Ch. 31
ပန်းချီထဲက ကောင်မလေးက ကျင်းရှီနှင့် ထူးထူးခြားခြား ဆင်တူနေသည်။ သူမသည် ဒူးကိုကွေးကာ ပြတင်းပေါက်နားတွင် ထိုင်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ မျက်နှာကို ဒူးပေါ်တင်ပြီး အနားယူနေသည်။ သူမသည် အပြင်မှနေရောင်ဖြာထွက်နေသော ရှုခင်းကို ကြည့်နေသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသော ငန်းတစ်ကောင်ကဲ့သို့ လှပသည်။
ပန်းချီမှာပါသည့် ကောင်မလေးသည် အပေါ်မှာ ဘာမှ မဝတ်ထားပေ။ သူမ၏ ချောမွေ့ပြီး ကျယ်ဝန်းသော ကျောပြင်သည် မည်သည့်အချိန်တွင်မဆို ပျံသန်းရန် အသင့်ဖြစ်နေသကဲ့သို့ ပြေပြစ်စွာ ကိုင်းညွတ်ထားသည်။ သူမ၏ ပျော့ပျောင်းသော နို့အုံများသည် သူမ၏ ဒူးခေါင်းဖြင့် တစ်ဖက်စီ ဖုံးဖိထားသည်။
ဤသည်မှာ ပေါ်ရန်၏ မရေတွက်နိုင်အောင် တောင့်တနေသော ညများစွာကနေ ဤပန်းချီကားဖြစ်ပေါ်လာကြောင်း ထင်ရှားနေသည်။
သူသည် ဤပန်းချီကားကို ကျင်းရှီနှင့် အခြားမည်သူ့ကိုမျှ ကြည့်ခွင့်မပြုနိုင်ပေ။
ပေါ်ရန်သည် ပန်းချီကားကို သိမ်းလိုက်ပြီး ပြန်ထွက်လာခဲ့သည်။ စတူဒီယိုရှိ ပြတင်းပေါက်နားမှာ တစ်ယောက်တည်းထိုင်နေသော ကျင်းရှီသည် ဒူးကွေးပြီး ပြတင်းပေါက်မှန် အပြင်ဖက်က မှုန်ဝါးနေသည့် ညမြင်ကွင်းကို ကြည့်နေကြောင်း သူမြင်လိုက်ရသည်။ လေပြေလေညင်းသည် ကန့်လန့်ကာများကို လှုပ်ခတ်စေကာ နဖူးပေါ်ရှိ ဆံနွယ်များသည် လွှင့်သွားကာ သူ့ပန်းချီထဲက မိန်းကလေးနှင့် ဆင်တူနေသည်။
သို့သော် သူစိတ်ကူးထားသည့်ဗားရှင်းက သူမ၏ တကယ့်အလှကို မယှဉ်သာပေ။
ပေါ်ရန်၏ နှလုံးသားသည် လှုပ်ခါသွားပြီး “ကျင်းရှီ၊ မင်း ငါ့အတွက် ဘယ်အချိန်လောက် မော်ဒယ်လုပ်ပေးနိုင်မလဲ” ဟုညင်သာစွာ အော်ပြောလိုက်သည်။
ကျင်းရှီက သူ့ကို ပြန်ကြည့်လိုက်သည်။ “ဟင်?”
“ငါ့အတွက် မော်ဒယ်လုပ်ပေး၊ ငါ မင်းပုံကို ဆွဲချင်တယ်”
သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် နှစ်နှစ်ကာကာ သဘောကျနေသော အကြည့်ပေါ်လွင်နေသည်။
ကျင်းရှီ အနည်းငယ်ရှက်သွားသည်။ “ရှင် ကျွန်မပုံကို ဘယ်လိုဆွဲမှာလဲ”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းစိတ်ကြိုက် ပိုစ့်ပေးလို့ရတယ်”
သူမသည် မည်သို့ပင် နေစေကာမူ လှပနေမည်ဟု သူခံစားမိသည်။
“အဲ့ဒါဆိုလည်း အိုကေလေ” ကျင်းရှီက ခေါင်းညိမ့်လိုက်သည်။ “နောက်တစ်ခါ ကျွန်မကောင်းကောင်းဝတ်လာရင် ရှင် ကျွန်မပုံကို ဆွဲလို့ရတယ်”
ပေါ်ရန် တကယ်တွေးနေခဲ့တာက...သူမ အ၀တ်အစား မဝတ်ထားတာကမှ ပို၍လှနေပေမည်ဖြစ်သည်။
ကျင်းရှီသည် လာရင်းကိစ္စ၏ မူလရည်ရွယ်ချက်ကို မမေ့ပေ။ “စီနီယာ၊ ရှင် ကျွန်မမောင်လေးအတွက် လက်ဆောင်ရွေးပေးမယ်လို့ ပြောထားတယ်နော်”
“ငါနဲ့လိုက်ခဲ့”
ပေါ်ရန်သည် အောက်ထပ်သို့ အေးအေးလူလူ အရှိန်အဟုန်ဖြင့် ဆင်းကာ အံဆွဲကို ဆွဲဖွင့်ပြီး မှင်ဖြင့် ရေးဆွဲထားသော အနုစိတ်သော ကာတွန်းပုံကြမ်းများပါသည့် ကတ်ထူပြား တောင့်တောင့်ကြီး တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ အရောင်ခြယ်ဖို့ပဲလိုသည်။
ကျင်းရှီသည် ကာတွန်းရုပ်ကို ပေါ်ရန်ကိုယ်တိုင် သူ့လက်ဖြင့် ပုံဖော်ထားခြင်းဖြစ်ကြောင်းနှင့် အွန်လိုင်းမှဝယ်သည့် ရောင်စုံစာအုပ်တစ်အုပ်မဟုတ်ကြောင်း ပြောနိုင်သည်။ အရောင်ခြယ်ရန်အတွက် နေရာချန်ထားပေးသော မှင်ဖြင့်ဆွဲထားသည့် အသေးစားပုံများသည် အလွန်ကောင်းမွန်လှသည်။
“ဒါက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေတဲ့ ဆေးရောင်ခြယ်ပရောဂျက်တစ်ခုပဲ” ဟု ပေါ်ရန်က ညင်သာစွာ ရှင်းပြနေသည်။ “ပြီးခဲ့တဲ့ နွေရာသီက ကလေးတွေအတွက် ပန်းချီသင်တန်းတစ်ခု လုပ်ခဲ့တယ်၊ ၅နှစ် ၆နှစ်အရွယ် ကလေးတွေက ဒီလို ကာတွန်းတွေကို ရောင်ခြယ်ရတာ အရမ်းကြိုက်ကြတယ်။ မင်းအဲ့ဒါကို ကောင်းတယ်ထင်ရင် မင်းအတွက် ရေဆေး အစုံလိုက် ပေးလိုက်လို့ရတယ်”
ကောင်းရုံတင်မက ပြီးပြည့်စုံနေသည်။ ကျင်းရှီသည် ဂိမ်းစက်တစ်ခု ဝယ်ပေးလိုက်ဟူသော ရှန်ဖျင်ချွမ်၏ ကြုံရာကျပန်း အကြံဉာဏ်ထက် များစွာသာလွန်ကောင်းမွန်သော ပညာနှင့်ဆိုင်သည့်လက်ဆောင်ကို အစကတည်းက ပေးချင်ခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ ကျွန်မ ဒါယူလိုက်မယ်။ အရမ်းမိုက်တယ်!”
ပေါ်ရန်သည် ဆေးရောင်ခြယ်ပရောဂျက်ကို ရှုချောင်းယန်အား လက်လွှဲပေးလိုက်သည်။ “ငါ့ဂျူနီယာလေးအတွက် ဒါကို လက်ဆောင်လှလှလေးဖြစ်အောင် ကူထုပ်ပေးလိုက်”
“စီနီယာ၊ ဒါအတွက် ဘယ်လောက်ပိုက်ဆံပေးရမလဲ” ကျင်းရှီသည် သူမ၏ ပိုက်ဆံအိတ်ကို ဖွင့်လိုက်သည်။
ပေါ်ရန်၏ လှုပ်ရှားနေမှုသည် ခဏတာ ရပ်တန့်သွားသည်။ သူမ မေးနေသည်ကို စူးစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းပေါ်က အပြုံးမပျက်ပေ။ “ဘယ်လောက်တန်တယ်ထင်လဲ”
ကျင်းရှီသည် စျေးနှုန်းကို လျှော့ပြီးမပေးချင်ပါ။ သူမသည် ပေါ်ရန်၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ “အစ်ကိုပေါ်ရန်က ဆွဲထားတာဆိုတော့ တန်ဖိုးမဖြတ်နိုင်ပါဘူးလေ”
“မင်းက မြှောက်ပြောတတ်သားပဲ” ရှုချောင်းယန်က ပြုံးလိုက်သည်။ “ဒါပေမယ့် ကျင်းရှီလေးက အစ်ကိုပေါ်ရန်ကို ဒီစာရွက်လေးမျက်နှာကို တစ်ညလုံး ဆွဲခိုင်းခဲ့တယ်။ ပိုက်ဆံစကားပြောမယ့်အစား ခံစားချက်တွေဆိုရင်ရော ဘယ်လိုလဲ”
ကျင်းရှီ၏ ပြေပြစ်သော မျက်ခုံးများသည် အတွေးတစ်ချက်တွင် တွန့်သွားသည်။ ခဏလောက် စဉ်းစားပြီးမှ “ဒါဆို စီနီယာကို တစ်နည်းတစ်ဖုံနဲ့ ကျေးဇူးဆပ်ပါ့မယ်” ဟုပြောလိုက်သည်။
အနုပညာစတူဒီယို အသေးစားတစ်ခုအတွက် ထုပ်ပိုးမှုမှာ အလွန်လက်ရာမြောက်လှသည်။ ရှုချောင်းယန်သည် ဆေးရောင်ခြယ်ပရောဂျက်နှင့် ရေဆေးများကို လက်ဆောင်ဘူးတစ်ခုတွင် ဂရုတစိုက် ထုပ်ပိုးပြီးနောက် ၎င်းသည် ဖန်စီပြခန်းများတွင် ရောင်းချသည့် အနုပညာလက်ရာများနှင့် လွယ်ကူစွာ ယှဉ်နိုင်ကာ သပ်ရပ်ကောင်းမွန်ပြီး ကြည့်ကောင်းလှသည်။
ဤလူများသည် စီးပွားရေး ဘယ်လိုလုပ်ရမလဲကို ကောင်းကောင်းသိနေသည်။
ပေါ်ရန်က ကျင်းရှီကို သူမကိုယ်တိုင် စျေးဖြတ်စေခဲ့ပြီး ဒါဟာ “တန်ဖိုးမဖြတ်နိုင်ပါဘူး” ဆိုသောကြောင့် သူမဆီမှာ ပိုက်ဆံကုန်သွားသည်မှာ ထင်ရှားနေသည်။ ပေါ်ရန်ကို တစ်နည်းတစ်ဖုံ ကျေးဇူးဆပ်မည်ဟုလည်း ပြောခဲ့သေးသည်။
ထို့ကြောင့် ပေါ်ရန်သည် သူမအား သူနှင့်အတူ နှစ်သစ်အတွက် အဝတ်အစားသစ်များ ဈေးဝယ်ထွက်ရန် အဖော်လိုက်ပေးခိုင်းခဲ့သည်။
သူတို့ထွက်သွားပြီးနောက် ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ အိတ်ထဲသို့ ပျားရည်၊စွန်ပလွန်သီးလက်ဖက်ရည်ဖြည့်ထည့်ထားသော အပူအအေးခံဓါတ်ဘူးငယ်ကို ထည့်ပေးလိုက်သည်။ ကျင်းရှီက အနှောက်အယှက်ဖြစ်သည်ဟု ထင်ပြီး မယူသွားဖို့ ငြင်းဆိုခဲ့ပေမယ့် ရှန်ဖျင်ချွမ်က တံခါးကို ကာထားပြီး ထွက်သွားခွင့်မပေးခဲ့ချေ။
“အပြင်မှာ အရမ်းအေးနေတယ်၊ နွေးတဲ့ဟာ တစ်ခုခုသောက်ဖို့ လိုတယ်”
“ကျွန်မ မစ်လ်တီးသောက်လိုက်လို့ရတယ်”
“အဲ့မစ်လ်တီးက ငါ့ရဲ့ ပျားရည်စွန်ပလွန်သီးလက်ဖက်ရည်လို ကောင်းလို့လား”
“အိုး..စိတ်ရှုပ်စရာပဲ”
“ဒါက စိတ်ရှုပ်စရာလို့ထင်ရင် မင်းနောက်ဘဝမှာ မိန်းကလေးထပ်မဖြစ်စေနဲ့”
ရှန်ရှိရှန်းသည် မကြာခဏ အလုပ်ရှုပ်နေသောကြောင့် ကျင်းရှီအား “ကလေးထိန်း” ရှန်ဖျင်ချွမ်နှင့် လက်လွှဲထားကာ လက်တွေ့ကျကျ ကြီးပြင်းလာစေခဲ့သည်။ သူသည် ဆောင်းရာသီတွင် အာဟာရဖြစ်စေသော လက်ဖက်ရည်နှင့် ဟင်းချိုအမျိုးမျိုးတို့ကို သူမအား သောက်စေခဲ့ပြီး နွေရာသီတွင် သူမအတွက် သံပယိုချဉ်ရည်ကို အေးခဲထားသော ငွေနှင်းမှိုနှင့် ပဲစိမ်းတို့ဖြင့် ဟင်းချိုလုပ်ပေးလေ့ရှိသည်။
ကျင်းရှီသာ ညီငယ်တစ်ယောက်ဖြစ်ခဲ့လျှင် ရှန်ဖျင်ချွမ်သည် သူ့ကိုယ်သူ ကလေးထိန်းအဖြစ် ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ အတိအကျဆိုရသော် သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် သူအရမ်းအလိုလိုက်ခဲ့ခြင်းဖြစ်သည်။
မိန်းကလေးများသည် အလွန်တန်ဖိုးရှိလှသည်။ နူးညံ့သိမ်မွေ့ပြီး နုနယ်သည်၊ သူတို့ကိုယ်သူတို့ တစ်ခုခုနှင့် တိုက်မိခြင်း၊ ခြစ်ရာထင်ခြင်းတို့ကို ခွင့်မပြုသင့်သည့်အပြင် အန္တရာယ်မှ အကာအကွယ် ပေးရမည်ဖြစ်သည်။ အရာရာတိုင်းကို အတတ်နိုင်ဆုံး ဂရုတစိုက်နှင့် သတိထားဖို့ လိုအပ်သည်။
ကျင်းရှီသည် အသက် ၁၂နှစ်တွင် ရှန်ဖျင်ချွမ်သည် သူမအား နွေရာသီပန်းချီသင်တန်းတက်စေရန် စာရင်းပေးခဲ့သည်။ ဆရာမက “သင်နှင့်သင့်မေမေ” ဟူသော ပန်းချီကားကို ရေဆေးပန်းချီဖြင့် ဆွဲခိုင်းခဲ့သည်။ တခြားကလေးများက သူတို့အမေများနှင့် လက်တွဲနေသည့်ပုံကို ရေးဆွဲခဲ့ကြသည်။
သို့သော် ကျင်းရှီ၏ ရေဆေးပန်းချီတွင် အဖြူရောင်ဝတ်စုံလှလှလေးဝတ်ထားသည့် ကလေးမလေးနှင့် သူမအရပ်လောက်ရှိသည့် ဂိုးလ်ဒန်းရီတရီဗာကြီးက ထိုကလေးမလေးဘေးတွင် ရပ်နေသည်။ ခွေးက လည်ပင်းမှာ အနက်ရောင်လည်ပတ်ကို ၀တ်ထားသည်၊ ပါးစပ်က ပြုံးပြပြီး လျှာက ထွက်နေသည်။
ဂိုးလ်ဒန်းရီတရီဗာကြီး၏ ဦးခေါင်းထက်တွင် “ရှန်ဖျင်ချွမ်” ဟူသော စကားလုံးကို လက်ရေးကောက်ကောက်ကွေးကွေးနှင့် ရေးထားသည်။
ကျင်းရှီလေးအတွက် သစ္စာရှိခွေးပေါလေး ရှန်ဖျင်ချွမ်သည် မိခင်တစ်ယောက်လိုပင်။
**
ထျန်းကျဲရှိ ပြခန်း အေ အပြင်ဘက်တွင် ပေါ်ရန်သည် ရင်ပြင်၏ ပန်းပုရုပ်တုတစ်ခုအောက်ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေသည့် ကျင်းရှီကို တွေ့လိုက်ရသည်။ သူမသည် အဖြူရောင် ဝတ်ရုံနှင့်တူသော ကုတ်အင်္ကျီကို ဝတ်ထားပြီး ထိပ်တွင်အမွှေးပွအလုံးလေးပါသော ဦးထုပ်ကို ဆောင်းထားသည်။ အနက်ရောင်ဘောင်းဘီသည် သူမ၏ခြေထောက်များပေါ်တွင် တွယ်ကပ်နေပြီး ထိုဘောင်းဘီအောက်ပိုင်းသည် နှင်းစီးဘွတ်ဖိနပ်များထဲသို့ ဝင်သွားသည်။
သူမသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကာဘယ်ညာကြည့်ရင်း လည်ပင်းကို ဟိုလှည့်သည်လှည့်လုပ်နေသည်။
သူမလက်ထဲတွင် အပူအအေးခံဓာတ်ဘူးကို ကိုင်ထားပြီး ထိုဓါတ်ဘူးအဖုံးကနေ ပိုက်တစ်ချောင်းဖြင့် အခါအားလျော်စွာ စုပ်သောက်နေသည်။
ထိုအချိန်တွင် သူမနှင့်တူညီသော ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည့် ကလေးလေးသည် သူ့ရှေ့သို့ ခုန်ထွက်လာသည်။ ကျင်းရှီသည် ကလေးကိုကြည့်ကာ လိုက်ဖက်ညီသော ကုတ်အင်္ကျီကို ငုံ့ကြည့်လိုက်ရာ သောက်နေရင်းနှင့် စကားမပြောနိုင်တော့ပဲ အံ့ဩသွားခဲ့သည်။
ရှန်ဖျင်ချွမ်ကို အသံမက်ဆေ့ဂျ်ပို့လိုက်သည်။ “အစ်ကို ကျွန်မကို ကလေးအဝတ်အစားတွေ ဝယ်ပေးခဲ့တာလား”
ရှန်ဖျင်ချွမ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် - “ဟုတ်တယ်”
ကျင်းရှီ - ...
အသေသတ်ပစ်မယ် ရှန်ဖျင်ချွမ်!
ပေါ်ရန်သည် မြေပြင်ပေါ် ပြုတ်ကျသွားသော အပူအအေးခံဓာတ်ဘူးကို ကောက်ကိုင်လိုက်ပြီး ကျင်းရှီကို ကျေနပ်စွာ ကြည့်လိုက်သည်။ “ဒီဝတ်စုံက မင်းနဲ့အရမ်းလိုက်တယ်”
“မလိုက်ပါဘူး!”
ကျင်းရှီသည် သူ့ဆီမှ ဓာတ်ဘူးကိုပြန်ယူရန် သူမကော်လန်ကို ပြန်ပြင်လိုက်ကာ ခြေထောက်အနေအထားကို အသင့်ပြင်ထားသည်။
သူမနှင့်တူညီသောပုံစံဝတ်ထားသည့်ကလေးကို သူမ မမြင်ဖူးသဖြင့် ဤအင်္ကျီလေးက အတော်ချစ်စရာကောင်းသည်ဟု သူမထင်ပါလိမ့်မည်။ ယခုမူကား ကလေးအဝတ်အစားတစ်ထည်သာ ဖြစ်သည်မှာ ထင်ရှားနေသည်။
စိတ်အနှောက်အယှက်ဖြစ်ရသည်! သူမသည် အိမ်ကိုပြန်ပြေးပြီး ရှန်ဖျင်ချွမ်ကို ရိုက်နှက်ပစ်ချင်သည်။
ပေါ်ရန်သည် ကျင်းရှီ၏ ၀တ်စားဆင်ယင်မှုပုံစံကို အမှန်တကယ် နှစ်သက်ခဲ့သည်။ ကလေးအဝတ်အစားဆိုပေမယ့် သူမ၏ သေးငယ်သောပုံစံက မူလတန်းကျောင်းသူလေးတစ်ယောက်နှင့် သိပ်မကွာခြားပေ။
ပေါ်ရန်က သူ့လက်ကို သူမပုခုံးများပေါ်မှာ သိုင်းဖက်လိုက်ပြီး သမီးလေးတစ်ယောက်လို ပွေ့ဖက်ထားသည်။
“ချစ်သမီးလေး ဖေဖေ မင်းကို အဝတ်အစားသွားဝယ်ဖို့ ခေါ်သွားခွင့်ပြုပါနော်”
ကျင်းရှီ - “မရဘူး!”
ဘယ်သူက ရှင့်သမီးလဲ!
ဟုတ်ပါသည်၊ ကျင်းရှီက ပေါ်ရန်ဈေးဝယ်ထွက်သည်ကို အဖော်လိုက်ပေးဖို့ ဒီကိုရောက်နေခဲ့သည်။ သူမက သူ့ကို ကျေးဇူးဆပ်မည်ဆိုသောကြောင့် လာမယ့် နှစ်သစ်ကူး ပွဲတော်အတွက် အဝတ်အစားသစ်များ သူလိုအပ်နေခဲ့သည်။ စျေးဝယ်ခြင်းမှာ သူမ၏ ကျွမ်းကျင်မှုပင်ဖြစ်သည်။
ထျန်းကျဲတွင် အေ မှ ဒီ အထိ အဆောက်အဦး လေးလုံးရှိပြီး ဘရန်းပေါင်းစုံ ဖက်ရှင်အမျိုးမျိုးကို ဝယ်ယူနိုင်သည်။ ကျင်းရှီသည် ပေါ်ရန်ကို အမျိုးမျိုးသော အမျိုးသားအ၀တ်အထည်ဆိုင်များသို့ ခေါ်ဆောင်သွားပြီး အဝတ်အစားများကို စိတ်အားထက်သန်စွာ ကူရွေးပေးခဲ့သည်။
ပေါ်ရန်သည် ပျင်းရိစွာနှင့် ကျင်းရှီနောက်သို့ လိုက်သွားကာ သူမစိတ်လှုပ်ရှားစွာ သူ့အတွက် ရွှေးပေးနေသည်ကို ကြည့်နေပြီး ရွှေးထားသည့်အဝတ်များကို သူ့အား စမ်းဝတ်စေသည်။
သူ့ဘာသာဈေးဝယ်ထွက်တာထက် သူ့အတွက် လှိုက်လှိုက်လှဲလှဲ စေတနာပါပါ ပစ္စည်းများရွေးပေးသည်ကို တွေ့လိုက်ရာ ပေါ်ရန်သည် နွေးထွေးမှုများနှင့် ပြည့်နှက်သွားသည်။ သူ့အပေါ်ရှိ ၀တ်စုံများကို ကိုင်မြှောက်ကာ ကပ်ပြီးကြည့်နေသော စိတ်အားထက်သန်မှုသည် အထူးသဖြင့် ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ဇနီးသည်တစ်ယောက်ကဲသို့ ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
သူသည် ရုတ်တရက် အရေးကြီးသည့် အရာတစ်ခုခုကို တွေးမိလိုက်သည်။ “ရှန်ဖျင်ချွမ်ရဲ့ အဝတ်အစားတွေကိုလည်း မင်းပဲရွေးပေးခဲ့တာလား”
ကျင်းရှီက အဝတ်အစားများကို အောက်ချလိုက်သည်။ “မဟုတ်ပါဘူး ရှန်ဖျင်ချွမ်က သူ့အဝတ်အစားတွေအားလုံးကို ထောင်ပေါင်ကနေ ဝယ်တာ၊ ကျွန်မရွေးပေးတဲ့ အဝတ်အစားတွေဆို သူက အထင်သေးတယ်လေ”
(ထောင်ပေါင်သည် တရုတ်အွန်လိုင်းစျေးဝယ်ပလပ်ဖောင်းတစ်ခုဖြစ်သည်။ ဟန်ကျိုးမှာ ရုံးချုပ်ရှိပြီး Alibaba က ပိုင်ဆိုင်ထားသည်)
ပေါ်ရန် သက်ပြင်းချလိုက်သည်။
ရှန်ဖျင်ချွမ်၏ အဆင့်နိမ့်ကျပြီး အများသူငှာဝတ်လေ့ရှိသော ယောကျ်ားဆန်ဆန် ၀တ်စားဆင်ယင်မှုပုံစံကို ကျင်းရှီကပါ ပူးပေါင်းဆင်ယင်ပေးခဲ့မည်ဆိုလျှင် ပေါ်ရန်သည် ယနေ့ခေတ် မိန်းကလေး၏ အကြိုက်ကို ယုံကြည်နားလည်ပေးရန် ခက်ခဲပေလိမ့်မည်။
သူမ ရွေးပေးခဲ့သည်မဟုတ်မှန်း သိရသောအခါ စိတ်အေးသွားနိုင်တော့လေသည်။
ကျင်းရှီသည် ပေါ်ရန်က ရှန်ဖျင်ချွမ်၏ အကြိုက်ကို အထင်သေးသည်ကို သိနေသည်။ သူစိမ်းတောင်မပြောနှင့် သူ့ညီမတောင် ရှန်ဖျင်ချွမ်၏ အကြိုက်ကို သည်းမခံနိုင်ပေ။
သူမသည် အဝတ်အစားများစွာကို တစ်ပြိုင်နက် ကောက်ယူလိုက်ပြီး ပေါ်ရန်ကို စမ်းဝတ်ကြည့်စေရန် အဝတ်လဲခန်းထဲသို့ ဆွဲခေါ်သွားသည်။
နှစ်ကုန်ခါနီးတွင် ကုန်တိုက်များ စည်ကားလာပြီး အဝတ်အစားများ စမ်းဝတ်ဖို့ တန်းစီရန်ပင် လိုအပ်လေသည်။ နောက်ဆုံးတော့ ပေါ်ရန်အလှည့်ရောက်သောအခါ ကျင်းရှီက ထိုအဝတ်လဲခန်းထဲသို့ သူ့ကို တွန်းထည့်လိုက်ပြီး သူမနှင့်အတူ အဝတ်လဲခန်းထဲကို ဆွဲခေါ်သွားလိုက်သည်။
“ဟေး...မင်းဘာလုပ်နေတာလဲ!”
“စမ်းဝတ်ကြည့်ဖို့ ယူထားတာက အများကြီးပဲ၊ အဲ့တော့ ကျွန်မ ကူဝတ်ပေးမယ်လေ”
ပေါ်ရန်သည် အဝတ်လဲခန်းတံခါးကို နှစ်ခါပြောစရာမလိုအောင် ပိတ်လိုက်သည်။
သူတို့ခေါင်းပေါ်က မီးအလင်းရောင်က တောက်ပနေသည်။ သူမသည် ကျဉ်းမြောင်းသော အခန်းကျဉ်းထဲတွင် ပိတ်မိနေခဲ့ပြီး ထွက်ပြေးရန်နေရာမရှိပေ။
ပေါ်ရန်က သူ့ရှေ့မှာ ရပ်နေသည်။ သူတို့သည် မယုံနိုင်လောက်အောင် နီးကပ်နေပြီး တစ်ယောက်နှင့် တစ်ယောက် ကိုယ်လုံးချင်း ထပ်ကာ မတ်တပ်ရပ်လုနီးပါး ဖြစ်နေသည်။
သာမာန်အခြေအနေအရ ထိုသို့သော နီးကပ်နေမှုသည် အဆင်ပြေသော်လည်း အဆုံးမရှိဖြစ်နိုင်ချေများပြည့်နှက်နေသည့် ကျဉ်းမြောင်းသောနေရာတစ်ခုတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အထဲတွင် ပိတ်မိနေခြင်းသည် ကျင်းရှီကဲ့သို့သော ခန္ဓာကိုယ်ပြည့်ပြည့်နှင့် မိန်းကလေးပင်လျှင် လုံးဝသတိမထားမိပဲ မနေနိုင်ပေ။
ကျင်းရှီသည် ထိတ်လန့်တကြား နံရံကို မှီကာ သူနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန် ကြိုးစားနေသည်။ “ရှင်ဘာ...ဘာလုပ်ဖို့ကြံနေတာလဲ!”
ပေါ်ရန်သည် အစပိုင်းတွင် ရည်ရွယ်ချက်မရှိသော်လည်း သူမ ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် သူမကို အနည်းငယ် နောက်ပြောင်ချင်သလို ခံစားလိုက်ရသည်။
သူသည် အင်္ကျီလက်ကို လှန်လိုက်ပြီး သူမဆီ ဖြည်းညှင်းစွာ လျှောက်လာရင်း သူမပုခုံးပေါ် လက်ကို အသာတင်လိုက်သည်။
ကျင်းရှီ၏ အသက်ရှုသံများ တဟုန်ထိုး မြန်လာကာ သူမ၏ မျက်နှာလေးသည် နီမြန်းလာသည်။ “ပေါ်...ပေါ်ရန်...”
သူသည် သူမ၏ နီမြန်းနေသော နားရွက်နားကို ကပ်လာပြီး တိုးတိုးလေး ညင်သာစွာ ပြောလိုက်သည်။ “ရှူး၊ ဘာအသံမှ မထွက်စေနဲ့၊ မဟုတ်ရင် တခြားသူတွေက ငါတို့ မကောင်းတာတစ်ခုခုလုပ်နေတယ်လို့ ထင်သွားလိမ့်မယ်”
မျှော်လင့်ထားသည့်အတိုင်းပင် ကျင်းရှီသည် ချက်ချင်းပင် သူမပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီး နက်မှောင်သော ခိုမျက်လုံးတစ်စုံဖြင့် သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ပေါ်ရန်သည် လက်လှမ်းလိုက်ကာ သူမအနက်ရောင်ကိုင်းတပ်ထားသည့် မျက်မှန်ကို ချွတ်လိုက်သည်။ သူမ၏ အမြင်အာရုံသည် ချက်ချင်းမှုန်ဝါးသွားသော်လည်း ထိုယောက်ျား၏ချောမောသောအသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်နေရဆဲဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်ကြားက အကွာအဝေးသည် လက်တစ်ဖဝါးစာထက်တောင် နီးကပ်နေသည်။
ကျင်းရှီ၏ လက်များသည် သူမရင်ဘတ်ကို အလိုလိုကာကွယ်လိုက်ကာ သူ့ဖိအားကို ထိန်းထားလိုက်သည်။ သို့သော် အဝတ်လဲခန်းသည် ကျဉ်းမြောင်းလွန်းသည်၊ ပြေးစရာနေရာမရှိသော သားရဲတစ်ကောင်၏ ချောင်ပိတ်ခြင်း ခံလိုက်ရသော ကြင်နာတတ်သည့် တိရစ္ဆာန်လေးကဲ့သို့ သူမသည် သူ့ကို အရှုံးပေးရုံသာ ရှိတော့သည်။
ကျင်းရှီသည် လျင်မြန်စွာ အသက်ရှုသွင်းရင်း သူမ၏ သေးငယ်သော ရင်ဘတ်သည် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသည်။ သူမ မျက်လုံးများကို အတင်းမှိတ်ထားလိုက်သည်။
ပေါ်ရန်သည် သူမ၏ မေးစေ့ကို လက်ဖြင့် မြှောက်လိုက်ကာ သူ့ကို မျက်နှာချင်းဆိုင်ရန် တွန်းအားပေးနေသည်။
“ဘာလို့ မျက်လုံးမှိတ်ထားတာလဲ”
“အာ?”
ကျင်းရှီသည် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ပေါ်ရန်နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြောင် ရယ်မောနေသည့် အပြုံးကို မြင်လိုက်ရသည်က ပေါ်ရန်က အရိုးထိစွဲအောင် ဆိုးသွမ်းနေသကဲ့သို့ပင်။
“နမ်းတာကို စောင့်နေတာလား”
“မဟုတ်ပါဘူး... မဟုတ်ဘူး!”
ဤသည်မှာ အလိုလို တုံ့ပြန်မှုတစ်ခုပင်။