← Chapters

အပိုင်း (၃၅)

Vol. 3 Ch. 35

အပိုင်း (၃၅)

Vol. 3 Ch. 35

ပေါ်ရန်သည် သူ့ဘေးတွင်ထိုင်ကာ နွားနို့ကို သူမကုန်အောင် သောက်မသောက်ကို သေချာကြည့်နေသည်။ မိနစ်နှစ်ဆယ်ကြာသွားသည်။

နောက်ဆုံးတော့ သူမလက်ထဲက ခွက်အလွတ်ကို ယူလိုက်ပြီး ပါးစပ်ကို သုတ်ဖို့ တစ်ရှူးတစ်ရွက်ကို ပေါ့ပေါ့ပါးပါး ယူလိုက်သည်။

ယခုတော့ ရှန်ဖျင်ချွမ်သည် အဘယ်ကြောင့် ဤမျှ ဇီဇာကြောင်နေသည်ကို သူမနားလည်လာသည်။ ဒီလိုမိန်းကလေးမျိုးကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ရင်း အကြမ်းတမ်းဆုံး ယောက်ျားကတောင် နူးညံ့လာလိမ့်မည်။

ပေါ်ရန်သည် ခွက်များကို ဘေစင်တွင် ဆေးကြောနေသည်။ ကျင်းရှီက ထိုနေရာကို လာပြီး တံခါးကို မှီလိုက်သည်။ “စီနီယာ၊ ကျွန်မ ဒီည ဘယ်မှာ အိပ်ရမလဲ” ဟုမေးလိုက်သည်။

ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ငါ့အိပ်ရာပေါ်မှာပဲအိပ်”

ကျင်းရှီက ခပ်မြန်မြန် ပြန်ထလိုက်သည်။ “ဒါဆို.... စီနီယာရဲ့ အိပ်ရာမှာ ကျွန်မအိပ်မယ်ဆိုရင် စီနီယာက ဘယ်မှာ အိပ်မှာလဲ...”

သူမ၏ တုံ့ပြန်မှုကို ကြည့်ရင်း ပေါ်ရန်အတွက် ရယ်စရာကောင်းနေသည်။ သူ့လက်ကို သုတ်လိုက်ပြီး ထွက်လာကာ အိပ်ခန်းထဲသို့ ဆွဲခေါ်ပြီး တံခါးကိုပိတ်လိုက်သည်။ “အိမ်မှာက ကုတင်တစ်လုံးပဲ ရှိတယ်၊ မင်းဘယ်မှာ အိပ်သင့်တယ်လို့ ထင်လဲ”

အိပ်ခန်းသည် စောစောက ထားခဲ့သော အခြေအနေအတိုင်းပင်။ အိပ်ရာဘေးက မီးအိမ်မှ အဝါရောင်အလင်းတန်းများက သာယာအေးမြသော ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးသည်။ အလယ်တွင် နက်ပြာရောင် ရှင်ဘုရင်များ အိပ်သည့်အရွယ် ကုတင်ကြီးတစ်လုံးရှိနေကာ ခင်းထားသော အိပ်ရာခင်းများ ရှုပ်ပွလျက်။ ကုတင်ဘေး စားပွဲပေါ်တွင် ဖုန်းအားသွင်းကိရိယာနှင့် smart နှိုးစက်နာရီတစ်လုံးတို့ ရှိနေသည်။

ပေါ်ရန်သည် သူ့ဖုန်းကို အားသွင်းရန် လျှောက်သွားပြီးနောက် အိပ်ရာခင်း ကို သပ်သပ်ရပ်ရပ် ပြန်ဖြန့်ကာ “နှစ်သစ်အတွက် အိပ်ရာခင်းအသစ်များ”

ကျင်းရှီသည် နံရံကို မှီ၍ ခြေထောက်တောင်မလှုပ်နိုင်ပေ။

ဒါက ပြဿနာတော့ မဟုတ်ပါဘူး။

သူမသည် ပေါ်ရန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည် “တခြားအခန်း မရှိတော့ဘူးလား စီနီယာ”

“ရှိပါတယ်၊ ဒါပေမယ့် ဘယ်သူမှ မနေတာ ကြာပြီ။ မင်းနေဖို့ သန့်ရှင်းရေးလုပ်ရမယ်ဆိုရင် နာရီပေါင်းများစွာ အချိန်ယူရလိမ့်မယ်”

“အဲ့သလိုကိုး...”

ဧည့်သည်တစ်ယောက်အနေနှင့် အိမ်ရှင်ပြောသည့်အတိုင်း နေသင့်သည်။ တောင်းဆိုမှု အများကြီး လုပ်၍မရပေ။

“ဒါဆို ကျွန်မ...ဒီမှာပဲ အိပ်မယ်”

ပေါ်ရန်၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးတက်သွားသည်။ သူသည် ကုတင်ကြီးကို ထိရန် ငုံ့လိုက်သည်။

သူသည် မာကျောသောကုတင်ကို ကျင့်သားရနေသောကြောင့် အောက်တွင် မွေ့ရာ သို့မဟုတ် စောင်မရှိပေ။ ယခုတော့ ကောင်မလေးက အိပ်မည်ဆိုသောကြောင့် အဆင်ပြေမည် မဟုတ်။

ဗီရိုထဲက စောင်ထူထူတစ်ထည်ကို ချက်ချင်းထုတ်ပြီး ကုတင်ပေါ် သပ်သပ်ရပ်ရပ် ဖြန့်ပြီး “ဟုတ်ပြီ၊ စောစောအိပ်တော့”

ကျင်းရှီက ခေါင်းညိမ့်လိုက်ပြီး သူမ၏ ကျောပိုးအိတ်လေးကို ကုတင်ဘေးက ဗီရိုပေါ်မှာ တင်လိုက်သည်။ သူမ ပေါ်ရန်ကို မော့ကြည့်လိုက်သည်။

သူသည် ပါးလွှာသောလည်ဝိုင်းဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏လည်ပင်းရှည်ရှည်နှင့် ပြူးထွက်နေသော လည်စေ့ (အာဒမ်ပန်းသီး)ကို ပေါ်လွင်စေသည်။ သူ၏ ခပ်ချွန်ချွန် မေးရိုးသည် လှပသော ထောင့်များနှင့် ပေါ်ရန်၏ နှုတ်ခမ်းပါးပါးလေးထောင့်ကနေ အနည်းငယ် ကွေးတက်သွားသည်။

ကျင်းရှီ၏ နှလုံးသားလေးသည် မရပ်မနား ခုန်နေသည်။ သူမသည် ကုတင်၏ ဘယ်ဖက်ခြမ်းတွင် နေရာယူပြီး စောင်အောက်သို့ အမြန်လှဲချလိုက်သည်။

မှန်ပေသည်၊ သူတို့အရင်က အတူတူ မအိပ်ခဲ့ဖူးသည် မဟုတ်၊ ထို့ကြောင့် ဒုတိယအကြိမ်အနေနှင့် ထပ်ပြီးကြောက်ဖို့ မလိုပေ။

“ရှင်... အရင်အခန်းထဲက ထွက်သွား” သူမ မျက်နှာကို စောင်ဖြင့် အုပ်ကာ အော်ဟစ်ပြီး ကျောပိုးအိတ်ကို ဆွဲလိုက်သည်။

စောင်အောက်တွင် ဖရိုဖရဲဖြစ်နေသော သူမကိုမြင်ပြီး ပေါ်ရန်က ပြုံးကာ လျှာဖျားလေးဖြင့် သွားများနောက်ကို ပွတ်လိုက်သည်။

“မသွားဘူး”

မသွားဘူး?

ကျင်းရှီသည် တစ်ကိုယ်လုံး အေးခဲသွားသည်။ သူမဘေးနား အိပ်ရာမှာ ကျွံဝင်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူ... သူ အိပ်ရာထဲဝင်လာနေပြီ။

ခဏကြာအောင် စောင့်ဆိုင်းနေပြီးနောက် ဘေးသို့ သူမ အမြန် ရွှေ့သွားခဲ့ရာ သူကတုပ်တုပ်မျှ မလှုပ်ပေ။ သူမ စောင်အစွန်းကိုဖွင့်ကြည့်လိုက်ပြီး သူ့ကိုကြည့်နေသည်။

သူက ကုတင်ဘေးမှာ အေးအေးဆေးဆေး မတ်တတ်ရပ်နေပြီး အပျော်သဘော အပြုံးလေးနှင့် သူမကို ငုံ့ကြည့်လိုက်သည်။ “မင်းရဲ့ စီနီယာနဲ့ အိပ်မယ်ဆိုရင် ဒီလိုလွယ်လွယ် အိပ်လို့မရဘူးလေ”

ကျင်းရှီ အံ့သြသွားသည်။

ပေါ်ရန်သည် လက်လှမ်းကာ သူမ၏ပါးပြင်လေးကို ပွတ်သပ်ကာ သူ့အကြည့်များက သူမ၏ သေးသွယ်သော ရင်ဘတ်ဆီသို့ တဖြည်းဖြည်း ရောက်သွားသည်။ မျက်ခုံးတစ်ချက်ပင့်ကာ စကားတစ်ခွန်းမှ မပြောပဲ ပြုံးကာ အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

“ဂွတ်နိုက်”

ကျင်းရှီသည် သူမ၏ ရင်ဘတ်ကို ငုံ့ကြည့်ရင်း အံသြသွားသည်။

သူ...သူမ၏ သေးငယ်သော အရွယ်လေးကို စော်ကားနေတာလား။

ကျင်းရှီသည် သူမ၏ နူးညံ့သော ရင်သားများကို ဆုပ်ကိုင်လိုက်သည်၊ ကြီးမားသော ရင်သားများ မဟုတ်သော်လည်း လျောက်ပတ်စွာ ပြည့်ဖောင်းနေသည် မဟုတ်လား။

ပေါ်ရန်က သူ့ကို နှိမ်ဖို့ ဘာအခွင့်အရေးရှိနေလို့လဲ!

ကျင်းရှီသည် မီးများကိုပိတ်လိုက်ပြီး စောင်အောက်တွင် ကွေးကွေးလေး နေနေပြီး အသက်ပြင်းပြင်းရှူနေသည်။ တင်းမာသောအခြေအနေသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

ထိုညတွင် သူမသည် ထူးထူးခြားခြား အိပ်မောကျခဲ့သည်။

...

နံနက်ခင်းတွင် ပြတင်းပေါက်အပြင်ဖက်မှ မီးရှူးမီးပန်းဖောက်သံကြောင့် ကျင်းရှီ နိုးလာခဲ့သည်။

ယနေ့သည် ၃၀ရက်နေ့၊ အပြင်ဖက်တွင် စည်ကားပြီး အသက်ဝင်ကာ သဟဇာတရှိလှသော ပွဲလမ်းသဘင်များဖြစ်သည်။

ကျင်းရှီသည် မျက်လုံးများကိုဖွင့်ကာ သပ်ရပ်သောအခန်းတစ်ဝိုက်ကို ကြည့်လိုက်ရာ ဘေးပတ်၀န်းကျင်နှင့် အနည်းငယ်မျှ မရင်းနှီးသလို ခံစားလိုက်ရသည်။

ဤသည်မှာ ပေါ်ရန်၏ အိမ်ဖြစ်သည်။

သူမ မျက်လုံးများကို ပွတ်သပ်ကာ တိတ်တဆိတ်အဝတ်အစား ဝတ်ကာ တံခါးနားကို ခြေဖျားထောက်ကာ လျှောက်လာသည်။

ဧည့်ခန်းရှိ အလင်းကာသော ကန့်လန့်ကာများကို တင်းတင်းကျပ်ကျပ်ဆွဲထားပြီး လွတ်နေသောနေရာများမှ နံနက်ခင်း နေရောင် မှိန်ဖျော့ဖျော့ဖျော့လေးသာ တိုးဝှေ့ကျရောက်နေသဖြင့် ဘေးပတ်ဝန်းကျင်တစ်ဝိုက် အလင်းရောင်မှိန်မှိန်လေးဖြစ်နေသည်။

ပေါ်ရန်သည် မီးခိုးရောင်ဖျော့ဖျော့ ဆွယ်တာအင်္ကျီနှင့် ချည်သားဘောင်းဘီကို ၀တ်ဆင်ထားပြီး ဆိုဖာအရှည်ကြီးပေါ်တွင် လှဲလျောင်းနေကာ လက်တစ်ဖက်ကို ခေါင်းအုံးထားပြီး ကျန်တစ်ဖက်မှာ အောက်ဖက်သို့ တွဲလောင်းကျနေသည်။ စောင်ပါးပါးလေးက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

ဆိုဖာသည် သူ့အရပ်ရှည်ရှည်ကြီးအတွက် မကြီးမားမရှည်လျားပဲ သူ့ခြေထောက်များက အစွန်းကို ကျော်ကာ လှပသော ခြေသလုံးကို ပေါ်လွင်စေသည်။

ကျင်းရှီသည် ပေါ်ရန်၏ နံဘေးသို့ ရောက်လာပြီး သူ၏ အိပ်နေသော မျက်နှာကို စေ့စေ့ကြည့်ရင်း သူ့အပေါ်ကနေ ကိုယ်ကိုကိုင်းပြီး ကြည့်နေသည်။

သူ့အသွင်အပြင်က အလွန်ထင်ရှားပြီး အေးစက်စက်နှင့် မပြုံးထားသည့်အခါတွင် ကြမ်းတမ်းပုံပေါ်နေကာ သူ့နား ချဉ်းကပ်ရခက်စေသည့်ပုံပေါက်နေသည်။ အထူးသဖြင့် သူ၏ ကျဉ်းမြောင်းသော ဇာမဏိပုံသဏ္ဍာန် မျက်လုံးများ၊ စူးရှပြီး ခပ်ချေချေပုံဖြစ်နေသည်။

သို့သော် သူနိုးလာသည့်အခါ ပြုံးရသည်ကို သဘောကျပြီး သူ့မျက်ခုံးမွှေးများကို သိသိသာသာ နူးညံ့သိမ်မွေ့သွားစေပြီး သူ့အကြည့်များကို ဆွဲဆောင်မှုရှိသွားစေသည်။

ကျင်းရှီသည် သူ၏ ရှည်လျားသော မျက်တောင်များကို သူမ၏ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကောင်လေးတစ်ယောက်ဖြစ်တာတောင် ဘယ်လိုဖြစ်လို့ ဒီလောက်လှပတဲ့ မျက်တောင်တွေကို ပိုင်ဆိုင်ထားရတာလဲ။

ထိုအချိန်တွင်ပင် ထိုလူ၏လက်သည် ရုတ်တရက် ထွက်လာကာ သူမ၏ လက်ကောက်ဝတ်ကို အသေအချာ ဆုပ်ကိုင်လိုက်လေသည်။

ကျင်းရှီသည် သူမလက်ကို အလျင်အမြန်ပြန်ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၍ မလွတ်မြောက်နိုင်ခဲ့ပေ။

ပေါ်ရန်သည် သူ၏ ကျဉ်းမြောင်းသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မှင်သက်သော ခံစားချက်ကို ပေးစွမ်းနိုင်သော နက်မှောင်နေသည့် မျက်လုံးများသည် ဆွဲဆောင်မှုရှိသော မြေခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ကျင်းရှီကို သူ့အနားသို့ ဆွဲလိုက်သည်။ “ငါ့ကို လျှောက်ဆော့ရတာပျော်နေတယ်ပေါ့”

ကျင်းရှီက ရုန်းထွက်ဖို့ ရုန်းကန်ခဲ့ပေမယ့် သူ့လက်က သူမ လွတ်မြောက်ဖို့ သန်မာလွန်းသည်။ “ကျွန်မဘာမှမလုပ်ပါဘူး ဒီအတိုင်း...ရှင့်ရဲ့ မျက်တောင်တွေကိုထိကြည့်ရုံပါပဲ”

ပေါ်ရန်က ခပ်ဖျော့ဖျော့ ပြုံးကာ သူမကို လွှတ်ပေးလိုက်သည်။ “မင်းကို ဘယ်သူက စိတ်ကြိုက်ထိခွင့် ပေးထားလို့လဲ”

“စိတ်ကြိုက်လိုက်ထိနေတာ မဟုတ်ပါဘူး” ကျင်းရှီက အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ “မသင့်တော်တဲ့နေရာတွေကို မထိပါဘူး”

မျက်တောင်တွေပဲ ထိတာကို အဲ့လောက်တောင် တွန့်တိုရလား။

ဆိုဖာပေါ်တက်ထိုင်ရင်း ဒူးများ ကွေးပြီး စောင်ကို ချွတ်ချလိုက်ရင်း စိတ်ဝင်စားစရာကောင်းတာလေးကို သူတွေ့လိုက်ရသည်။ သူက ကျင်းရှီကို “ဘယ်နေရာတွေက ထိဖို့မသင့်တော်တာလဲ” ဟုပြန်မေးလိုက်သည်။

“အန်...” ကျင်းရှီ၏ အကြည့်သည် သူ့ဘောင်းဘီခါးပတ်ဆီသို့ ရောက်သွားသည်။

ပေါ်ရန်သည် စောင်ကို သူ့အောက်ပိုင်းပေါ် ပြန်ဆွဲတင်ကာ ပျင်းရိစွာ ညည်းတွားလိုက်သည်။ “အဲ့နေရာတွေကို မတော်မတရား မထိရမှန်း သိပေမယ့် မတော်မတရား စိုက်ကြည့်လို့ မရဘူး”

ငေးကြည့်နေရာကနေ ထလုပ်မိလိုက်ရင် မင်းတာဝန်ယူမှာလား။

ကျင်းရှီသည် သစ်တောက်ငှက်ကဲ့သို့ လျင်မြန်စွာ ခေါင်းညိမ့်လိုက်ပြီးနောက် “ကျွန်မ ရှင့်ကို ပြောစရာရှိတယ် စီနီယာ” ဟုလေးနက်စွာ ပြောလိုက်သည်။

“အိုး?”

“စီနီယာ... နောက်ဆို ကောင်မလေးတွေကို အိမ်မခေါ်လာသင့်ဘူး”

“အထူးသဖြင့် ရှင့်ရုပ်ရည်ကြည့်ကောင်းနေတော့ ရှင့်လုံခြုံမှုကို ဂရုစိုက်ရမယ်”

အခု ဘာလို့ သူမက သူ့ကို ဒါတွေသင်ပေးနေတာလဲ။

ပေါ်ရန်သည် စိတ်ဆိုးဆိုးဖြင့် သူမဆံပင်များကို ပွတ်သပ်ကာ ဆိုဖာအစွန်းနားသို့ တွန်းလိုက်သည်။ “ဘာလို့လဲ”

“ကျွန်မက လူဆိုးတော့မဟုတ်ပါဘူး၊ ဒါပေမယ့် တခြားသူတွေက ဆိုးနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရှင်တစ်ယောက်တည်း နေရတာဆိုတော့ လုံခြုံရေးကို ဂရုစိုက်ရမယ်”

တစ်မျိုးဖြစ်နေသည်။ ဤစကားသံက ကြားရတာ ထူးဆန်းနေသည်။

ပေါ်ရန်သည် သူမ၏ ခေါင်းနောက်ကို ဖိကာ လေးနက်တည်ကြည်စွာ ပြောနေရင်း သူမအနားသို့ ဖြည်းညှင်းစွာ တိုးလာသည်။ “ငါကသာ မင်းကို အဲ့လိုပြောရမှာ၊ ငါကလွဲရင် ဘယ်ယောက်ျားနဲ့မှ အိမ်ပြန်လို့မရဘူး”

“ဘာလို့ စီနီယာကလွဲပြီး တခြားသူတွေနဲ့ သွားလို့မရတာလဲ”

ပေါ်ရန်က ဆိုဖာပေါ်ကို ပျင်းရိစွာ မှီလိုက်သည်။ သူက သူမကို ခပ်ချေချေ ငုံ့ကြည့်နေသည်။ “ဘာလို့လဲဆိုတော့ စီနီယာက မင်းကိုချစ်လို့”

ကျင်းရှီ - ......

ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။

**

ကျင်းရှီ၏ ဖုန်းသည် မနေ့ညက ဘက်ထရီကုန်သွားခဲ့သည်။ သူမသည် ၎င်းအား ညအိပ်စင်ပေါ်တွင် ထားခဲ့ပြီး ပြန်ဖွင့်ရန် မေ့သွားခဲ့သည်။ သူမသည် ယနေ့နံနက်တွင် နောက်ဆုံးတော့ ပါဝါပြန်ဖွင့်လိုက်သောအခါ လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာသည် နံနက် ခုနစ်နာရီမှ ယခု ရှစ်နာရီလေးဆယ်မိနစ်အထိ မိနစ်အနည်းငယ်ကြာတိုင်း ဝင်ရောက်လာသည်။

ခေါ်ဆိုသူ ID ကိုပြသထားသည် - ရှန်ဖျင်ချွမ်။

ကျင်းရှီ၏ ဖုန်းသည် ထိတ်လန့်တကြား သူမ၏လက်မှ လွတ်ကျသွားပြီး သူမ၏မျက်နှာသည် ဖြူဖျော့ဖျော့နှင့် နှုတ်ခမ်းများ ပြင်းထန်စွာ တုန်ခါသွားကာ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်သွားခဲ့သည်။ “ကျွန်မတော့ ကိစ္စတုံးပြီ!”

ပေါ်ရန်က သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး စခရင်ကို မြင်သွားသည်။ “မင်းတကယ်ကို ကိစ္စတုံးသွားပြီပဲ”

ရှန်ဖျင်ချွမ်ထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုမျှသာ မဟုတ်ပေ။ ဤသည်မှာ သေစေလောက်သော ဒုံးကျည်များဖြစ်သည်။

ကျင်းရှီက သူမကို စောစောလာခေါ်ဖို့ ကျင်းအိမ်ကို ရှန်ဖျင်ချွမ်တစ်ယောက် အစောကြီးလာဖို့ ဘယ်လိုမှ မမျှော်မှန်းထားပေ။ ဒီကောင်က ပုံမှန်အားဖြင့် နေမွန်းမတည့်ခင်အထိ အိပ်နေတတ်တာမို့ သူမသည် မနက်စောစော တိုးတိုးတိတ်တိတ် အိမ်ပြန်ဖို့ စိတ်ကူးထားသည်။

သို့သော် ရှန်ဖျင်ချွမ်သည် မနက်ခင်းတွင် ကျင်းအိမ်သို့ ဦးစွာသွားရောက်ခဲ့ပြီး သူမသည် မနေ့ညကမှ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ အခုတော့ သူမဖုန်းက အဆက်အသွယ်မရတော့...

လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဒါဇင်များစွာကို အကဲဖြတ်ကြည့်လျှင် ရှန်ဖျင်ချွမ်သည် ယခုပင် ရူးသွပ်နေလိမ့်မည်။

“စီနီယာ ကျွန်မ ဘယ်လိုလုပ်ရမလဲ” ကျင်းရှီသည် ပေါ်ရန်ကို သနားစရာကောင်းသည့် မျက်လုံးလေးများနှင့် ကြည့်လိုက်သည်၊ သူမ၏ မျက်နှာသည် ဖြူဖျော့ဖြူရော်ဖြစ်နေသည်။

ပေါ်ရန်သည် ရေတစ်ခွက်သောက်ချလိုက်ပြီး ထမင်းစားပွဲဆီသို့ လျှောက်သွားကာ ပျင်းရိစွာထိုင်ရန် ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်။ “မင်း ငါအကြံပေးတာကို နားထောင်ချင်လား”

ကျင်းရှီက ပြင်းပြစွာ ခေါင်းညိမ့်လိုက်သည်။

ပေါ်ရန် - “ငါနဲ့အတူလာနေလိုက်။ ရှန်ဖျင်ချွမ်က မင်းကို တစ်သက်လုံး ရှာနိုင်မှာ မဟုတ်ဘူး”

ကျင်းရှီ - ......

အဲဒါက ဘယ်လို အကြံပေးတာကြီးလဲ။

ထိုအချိန်တွင်ပင် သူမ၏ဖုန်းမြည်သံသည် ထူးဆန်းစွာထွက်ပေါ်လာပြန်သည်။ ခေါ်ဆိုသူ ID-

ရှန်ဖျင်ချွမ်။

ဖုန်းကိုကိုင်လိုက်ရာ ကျင်းရှီ၏လက်က တုန်ရီသွားပြီး ကိုင်ဖို့တောင်ကြောက်နေသည်။ သူမ အကူအညီတောင်းရန် ပေါ်ရန်ကို လှမ်းကြည့်လိုက်သည်။

နောက်ဆုံးတွင် ပေါ်ရန်က ဖုန်းကိုယူကာ ပြန်ဖြေလိုက်သည်။

ရှန်ဖျင်ချွမ်၏ အသံသည် တိုးနေပြီး လေးနက်သည်။

“ကျင်းရှီ မင်းဘယ်မှာလဲ”

ထိုသို့ပြောနေခြင်းမှာ ဒေါသကြီးကြီးနှင့် အောက်တန်းကျစွာ ကျိန်ဆဲခြင်းမျိုး မဟုတ်။ သူမကို ခေါ်ဆိုပုံကတောင် “အသေးလေး” မှ “ကျင်းရှီ” သို့ပြောင်းသွားသည်။

လက်ရှိ ရှန်ဖျင်ချွမ်သည် ပြင်းထန်သော လေဆင်နှာမောင်းမတိုင်မီ ငြိမ်သက်နေသကဲ့သို့ပင်။ ယုတ်ညံ့သောကျိန်ဆဲခြင်းသည် ဒေါသအဆင့်ခြောက်ဖြစ်လျှင် လက်ရှိ ရှန်ဖျင်ချွမ်သည် အဆင့် တစ်ဆယ်အပြည့်ဖြစ်နေသည်မှာ သေချာပါသည်။

ပေါ်ရန်က “ရှန်ဖျင်ချွမ်၊ ငါပါ” ဟုတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဖုန်းခေါ်ဆိုမှု၏ တစ်ဖက်လူဖြစ်သော ရှန်ဖျင်ချွမ်က အံ့အားသင့်စွာ ရပ်တန့်သွားသည်။ “ပေါ်ရန်?”

ပေါ်ရန်သည် တုန်လှုပ်နေသော ကျင်းရှီကို ကြည့်လိုက်ပြီး “စိတ်မပူပါနဲ့ ကျင်းရှီက မနေ့ညက ငါ့နေရာမှာ တစ်ညလုံးရှိနေခဲ့တယ်”

ထိုသို့ပြောပြီးသည်နှင့် ရှန်ဖျင်ချွမ်၏ တုံ့ပြန်မှုကို မစောင့်ပဲ ချက်ခြင်း ဖုန်းချလိုက်သည်။

ကျင်းရှီ - “ရှင် ဘာလို့ ဖုန်းချလိုက်တာလဲ”

ပေါ်ရန်က သူ့ရင်ဘတ်ကို ဖိထားလိုက်ပြီး “ငါလည်း နည်းနည်းကြောက်သွားတယ်” ဟုရိုးရိုးသားသား ဖြေလိုက်သည်။

All Chapters