← Chapters

အပိုင်း (၃၆)

Vol. 3 Ch. 36

အပိုင်း (၃၆)

Vol. 3 Ch. 36

ရှန်ဖျင်ချွမ်သည် သူ၏ အနက်ရောင် မာစီဒီးကို အရှိန်မြှင့်ကာ မောင်းလာပြီး ပေါ်ရန်ရှေ့မှာ ရပ်လိုက်သည်။

ကားပေါ်မှ အမြန်ဆင်းလာကာ ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး မျက်နှာနီမြန်းနေကာ မျက်လုံးများ နီရဲလာသည်။

အမှားတစ်ခုခုလုပ်မိခဲ့သော ကလေးတစ်ယောက်လို ကျင်းရှီက ပေါ်ရန်နောက်မှာ ပုန်းနေပြီး ရှန်ဖျင်ချွမ်ကို မကြည့်ဝံ့ပဲ သူ့အင်္ကျီလက်စကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

“မင်း ပြသာနာ ရှာထားတာပဲ!”

ရှန်ဖျင်ချွမ်သည် ဒေါသတကြီးဖြစ်ကာ မျက်နှာသည် မျောက်၏ တင်ပါးကဲ့သို့ ရှုံတွနေသည်။ သူက ကျင်းရှီကို ဆွဲထုတ်လိုက်ကာ “မင်း ဘယ်လိုဖြစ်လို့ တစ်ညလုံး အိမ်မပြန်လာရတာလဲ!”

“စီနီယာ၊ ကျွန်မကို ကူညီပါဦး စီနီယာ!” ကျင်းရှီသည် ပေါ်ရန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့ကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

ပေါ်ရန်သည် ရှန်ဖျင်ချွမ်ရှေ့မှာ ရပ်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောနေသည်။ “သူ့ကို လန့်အောင်မလုပ်နဲ့၊ စကားနဲ့ပဲ ပြောရအောင်။ မနေ့ညက...”

သူ့စကားမဆုံးခင်တွင် ရှန်ဖျင်ချွမ်က ရုတ်တရက် သူ့ကို လက်သီးနှင့် ထိုးလိုက်သည်။

ပထမဆုံးလက်သီးက ပေါ်ရန်ပါးပေါ်သို့ အားနှင့် ကျရောက်သွားပြီး ပေါ်ရန်ကို ဘေးဖက်သို့ လဲကျသွားစေသည်။ ချက်ချင်းပင် ပေါ်ရန်နှုတ်ခမ်းထောင့်မှ သွေးများ ထွက်လာသည်။

ကျင်းရှီက အလန့်တကြား အော်ဟစ်လိုက်ပြီး ပေါ်ရန်လက်ကို အမြန်ဆွဲထူပေးကာ တုန်လှုပ်စွာဖြင့် ကြည့်နေသည်။ “ရှန်ဖျင်ချွမ် ရှင် ရူးသွားပြီလား?!”

ပေါ်ရန်၏ ကော်လန်ကို ဆွဲဖို့ ပြေးလာရင်း ရှန်ဖျင်ချွမ်၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်နေပြီး “မင်းက လူယုတ်မာ၊ ငါ့ညီမကို လာရှုပ်နေတာပဲ၊ ငါမင်းကို သတ်ပစ်မယ်!”

ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ အကြမ်းပတမ်းအားကို မယှဉ်သာပေ။ ရုန်းရင်းဆန်ခတ်မှုတွင် သူမသည် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။ ကျေးဇူးတင်စွာဖြင့် ပေါ်ရန်သည် သူမကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

“ရှန်ဖျင်ချွမ်၊ သူ ဘာမှမလုပ်ခဲ့ဘူး!” ကျင်းရှီက ပေါ်ရန်ကို ကာပြောပေးရင်း တုန်ရီနေသည်။ “ကျွန်မ အခန်းထဲမှာ အိပ်တယ်၊ သူက ဆိုဖာပေါ်မှာ အိပ်တယ်!”

ထိုစကားကိုကြားပြီး ရှန်ဖျင်ချွမ်၏ ထိတ်လန့်တုန်လှုပ်နေသော ခံစားချက်များ အနည်းငယ် ငြိမ်သက်သွားသည်။ သူက ကျင်းရှီ၏ လက်ကိုဆွဲကိုင်လိုက်ပြီး ပေါ်ရန်နှင့် ဝေးရာနောက်သို့ ဆွဲထုတ်သွားသည်။

ပေါ်ရန်သည် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး ရှန်ဖျင်ချွမ်ကို အေးစက်စူးရှသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

“စိတ်ငြိမ်သွားပြီလား”

“မငြိမ်သေးဘူး!” ရှန်ဖျင်ချွမ်က ဆက်လုပ်ချင်သေးသော်လည်း ကျင်းရှီက မြဲမြံစွာ ဆွဲထားလိုက်သည်။

ပေါ်ရန်၏ ကိုယ်ခံပညာစကေးမှာ ထူးချွန်သည်။ သူသည် ပြိုင်ဖက် ၁၀ ဦးကို တစ်ပြိုင်နက် အနိုင်ယူနိုင်ပြီး အကယ်ဒမီ၏ နှစ်စဉ်တိုက်ခိုက်ရေးပြိုင်ပွဲတွင် နေရာယူထားဆဲဖြစ်သည်။ ဤလူသစ် ရှန်ဖျင်ချွမ်က သူ့အား လက်သီးနှင့်ထိုးပြီး လဲကျသွားစေသည်မှာ ထိုလက်သီးကို မရှောင်နိုင်ခဲ့ခြင်းမဟုတ်၊ ပေါ်ရန်က ပြန်လည်တိုက်ခိုက်ရန် မရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ဤသည်မှာ သူသည် နောက်ထပ် ဆက်ခံနေမည်ဟု မဆိုလိုပါ။

“ရှင့်မှာ သတ္တိရှိပါတယ်၊ ဒါပေမယ့် စီနီယာပေါ်ရန်ကိုတော့ နိုင်အောင် ချနိုင်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားပြီးနောက် ရှန်ဖျင်ချွမ်သည် ကျင်းရှီပေါ် သူ့ဒေါသကို ပုံချလိုက်ပြီး သူမ နားကို ဆွဲကာ အော်ဟစ်ပြောဆိုလိုက်သည်။ “တစ်ညလုံး အပြင်မှာနေပြီးတော့ ယောက်ျားတစ်ယောက်ရဲ့ အိမ်မှာ နေနေတယ်ပေါ့။ မင်းက အခု အတောင်တွေ စုံနေလို့ ငါ့ကို ပုန်ကန်နေတာလား”

“အား...နာတယ် အစ်ကို နာတယ်...”

ပေါ်ရန်၏ မျက်နှာ မည်းမှောင်သွားသည်။ သူ လျှောက်လာပြီး ရှန်ဖျင်ချွမ် လက်ကောက်ဝတ်ကို အားမထည့်ပဲ သူ့လက်ကြီးဖြင့် လှုပ်လိုက်ကာ ကျင်းရှီနားရွက်ကို နီရဲနေအောင် ဆွဲထားသည့် ရှန်ဖျင်ချွမ်လက်ကို လွတ်ကျသွားစေခဲ့သည်။

ပေါ်ရန် နှလုံးသားထဲ နာကျင်သွားကာ သူမနားရွက်ကို ညင်သာစွာ နှိပ်နယ်ပြီး ရှန်ဖျင်ချွမ်ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။ “မင်းအော်ချင်သလောက် အော်လို့ရတယ်၊ ဒါပေမယ့် လက်မပါနဲ့”

ရှန်ဖျင်ချွမ်သည် တစ်စက္ကန့်အတွင်း အံ့အားသင့်သွားသည်။ “မင်းက ဘာကောင်မိုလို့ ငါ့ညီမကို ငါက ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို လာပြီးဆရာလာလုပ်နေတာလဲ!”

အဆင့်အတန်းတွေအကြောင်း ပြောပြန်ပြီ။

ပေါ်ရန်က သူ့လက်ကို ကျင်းရှီပုခုံးပေါ် တင်လိုက်သည်။ ကျင်းရှီက သူ့အား ပိုင်စိုးပိုင်နင်းအလွန် လုပ်တတ်သော CEO ပုံစံကို ထုတ်ပြပေးရန် အပြည့်အဝ မျှော်လင့်ထားသည့်အတိုင်း ပေါ်ရန်က ခပ်ဖျော့ဖျော့ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောခဲ့သည် -

“ငါက သူ့အဖေလေ”

ကျင်းရှီ - .....

အဆုံးမှာတော့ ရှန်ဖျင်ချွမ်သည် ကျင်းရှီကို ထပ်မံ မထိခိုက်စေတော့ပဲ ပေါ်ရန်ကို ကြောက်သောကြောင့်မဟုတ် ကောင်မလေး အလွန်ထိတ်လန့်နေသောကြောင့်ဖြစ်သည်။ အိမ်သို့ ကားမောင်းပြန်ရင်း ကျင်းရှီက ကားနောက်ခန်းရှိ ထိုင်ခုံမှာ ကွေးကွေးလေးနေပြီး သူ့ကို တစ်ချက်တောင် မကြည့်ရဲပေ။

ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြနေသည်။ သူသည် စတီယာရင်ဘီးကို လက်တစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ဖက်ကို ကားပြတင်းပေါက်ပေါ်တွင် တင်ထားကာ ရှေ့ကို စိုက်ကြည့်ရင်း မမြင်ရသော လှိုင်းများနှင့်အတူ နက်မှောင်သော မျက်လုံးများက ဟိုကြည့်သည်ကြည့်လုပ်နေသည်။

“ဦးလေးရှန်၊ သူ ...”

“အလုပ်မှာ” ရှန်ဖျင်ချွမ်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ဒီမနက် မင်းကို လာခေါ်ဖို့ လိုက်လာတုန်းက မင်း အိမ်ပြန်မလာဘူးကြားလို့ မင်းအဖေက စိတ်ဆိုးပြီး မင်းရဲ့မိထွေးကို အသကုန် ကြိမ်းမောင်းနေခဲ့တယ်။ မင်းဖုန်းခေါ်လာတဲ့အချိန် အဖိုးကြီးရှန်ကို ငါ ကုမ္ပဏီမှာ သွားရှာတော့မလို့”

ဦးလေးရှန် မသိသေးကြောင်း ကြားလိုက်ရသဖြင့် ကျင်းရှီ သက်ပြင်းတစ်ချက်ချလိုက်သည်။ “အစ်ကို၊ ဦးလေးရှန်က အရမ်းအလုပ်များနေတာ။ သူ့ကို ဒီအကြောင်း မပြောနဲ့နော် ဟုတ်ပြီလား”

သို့သော် ရှန်ဖျင်ချွမ်က အိမ်သို့ မမောင်းခဲ့ပေ။ သူသည် 7-Eleven ဆိုင်တွင် ကားရပ်ခဲ့ကာ ပူပူနွေးနွေး ပေါင်မုန့်များစွာကို ဝယ်ခဲ့သည်။ ကားနောက်ခန်းထဲသို့ဝင်ကာ တံခါးကို ဆွဲဖွင့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ ဒေါသများ အခုထိမပြေသေးပဲ ထိုင်နေလိုက်သည်။

ကျင်းရှီက အိတ်ကို သေချာဖွင့်လိုက်ပြီး ပါးစပ်ထဲကို ပေါင်မုန့်များ ထိုးထည့်ရင်း သေးသေးလေးကိုက်စားကာ သူ့အမူအရာကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။

“အဟွတ်”

သူမသည် လည်ချောင်းတွင် ပေါင်မုန့်နင်သွားပြီး သူမ၏ ကျောင်းလွယ်အိတ်ထဲမှ ဓါတ်ဘူးကို လှမ်းပြီး ရေနွေးနွေးလေး တစ်ငုံသောက်လိုက်သည်။

ရှန်ဖျင်ချွမ်သည် သူ့လက်ဆစ်များကို နှာခေါင်းပေါ်တင်ပြီး လေးလံစွာ ပြောလိုက်သည်။ “မင်းကို ဆုံးရှံးလိုက်ရပြီထင်နေတာ”

ကျင်းရှီက သူ့ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး နှုတ်ခမ်းအနည်းငယ် ကွဲနေသည်။

“မင်းကို ဆုံးရှုံးလိုက်ပြီလို့ ငါထင်နေခဲ့တာ” ဟုထပ်ခါထပ်ခါ ပြောနေခဲ့သည်။ သူက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ပြီး ထိုင်ခုံပေါ် ခေါင်းကို တင်ထားရင်း မောပန်းနွမ်းနယ်နေသည်။

ကျင်းရှီသည် သူမကို ရှန်ဖျင်ချွမ် ဆက်သွယ်၍ မရခဲ့သောကြောင့် ရှန်ဖျင်ချွမ် တစ်ယောက် ဖြတ်သန်းနေခဲ့ရသည့် စိတ်ဒုက္ခကြီးကို တွေးကြည့်နိုင်သည်။

မူလတန်းကျောင်းတုန်းက ယောကျ်ားလေးအတန်းဖော်အချို့က ရှန်ဖျင်ချွမ်ကို အင်တာနက်ကဖေးမှာ ဂိမ်းဆော့ဖို့ ရှားရှားပါးပါး ခေါ်ခဲ့ကြသည်။ သူတို့ကို မလွန်ဆန်နိုင်သောကြောင့် သူသွားခဲ့ရသည်။

သူက ကျင်းရှီကို သူမဘာသာ တက္ကစီစီးပြီး အိမ်ပြန်ခိုင်းလိုက်သည်။ သို့သော် ထိုညက သူအိမ်ပြန်ရောက်သောအခါ ကောင်မလေးကို မတွေ့ခဲ့သောကြောင့် ရှန်ဖျင်ချွမ် ထိတ်လန့်သွားပြီး သူမကို ရှာဖွေရန် တစ်ယောက်တည်း ပြန်ထွက်လာခဲ့သည်။

ကျင်းရှီက လမ်းမပျောက်ခဲ့ပါ။ ရှန်ဖျင်ချွမ်က တက္ကစီစီးရန် ပေးလိုက်သော ပိုက်ဆံကို မစ်လ်တီးဝယ်သောက်ပြီး ပန်းခြံထဲတွင် ယောင်လည်လည်ဖြစ်နေသည်။

ရှန်ဖျင်ချွမ် ရောက်လာသည်ကို ကျင်းရှီ တွေ့လိုက်သောအခါ ရှန်ဖျင်ချွမ်က အော်ဟစ်ငိုယိုနေပါတော့သည်။ ဦးလေးရှန်၏ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခြင်းက သူ့ကို မငိုစေခဲ့သော်လည်း ယခုအခါတွင် ကျင်းရှီမှာ သူ ပထမဆုံး မျက်ရည်ကျသည်ကို မြင်ဖူးခဲ့လေပြီ။

သူကြောက်သွားခဲ့သည်။

ရှန်ဖျင်ချွမ်သည် ကျင်းရှီကို အိမ်ပြန်ခေါ်သွားရင်း တစ်လမ်းလုံး ငိုနေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အင်တာနက် ကော်ဖီဆိုင်သို့ မသွားတော့ပေ။ နေ့တိုင်း ကျောင်းဆင်းပြီးသောအခါ စာသင်ခန်းအပြင်မှာ သူမကို စောင့်နေတတ်သည်။ အခြားကလေးများက ကျင်းရှီကို ဆော့ကစားဖို့ ခေါ်လျှင်တောင် ရှန်ဖျင်ချွမ်က နောက်ကနေ ပါလာပြီး သူမကို စောင့်ကြည့်ရင်း အောက်ထပ်တွင် စောင့်နေတတ်သည်။

ဤသည်ပင် ကျင်းရှီသည် ကိုယ်ပိုင် သူငယ်ချင်းများ ရှိလာသည့် အလယ်တန်း ဒုတိယနှစ်အထိ ဆက်လုပ်နေခဲ့သည်။ သူမသူငယ်ချင်းများနှင့် နေ့တိုင်း အိမ်ပြန်သည့်အခါမှပဲ နောက်ဆုံးမှာတော့ သူလက်လွှတ်ပေးလိုက်လေသည်။

ရှန်ဖျင်ချွမ် ဤသို့ဖြစ်နေသည်ကို တွေ့ရသောကြောင့် ကျင်းရှီက စိတ်မကောင်းဖြစ်ကာ သူ့လက်ကိုဆွဲပြီး “အစ်ကို၊ ကျွန်မမှားသွားပါတယ်”

ရှန်ဖျင်ချွမ်သည် ကားတံခါးကို တန်းဖွင့်ကာ ယာဉ်မောင်း ထိုင်ခုံပေါ်သို့ မထိုင်လိုက်ခင် ခဏတာ ငြိမ်သက်နေခဲ့သည်။ အင်ဂျင်ကို စတင်နှိုးပြီး တန်းမောင်းထွက်သွားခဲ့သည်။

ကျင်းရှီသည် သူတို့အိမ်ဆီသို့ တိုက်ရိုက်မမောင်းပဲ ကျင်းမိသားစု အိမ်ကြီးဆီသို့ ဦးတည်သွားသည်ကို သဘောပေါက်လိုက်သည်။

“အစ်ကို၊ ကျွန်မတို့ အိမ်မပြန်ဘူးလား”

“ရှန်ဖျင်ချွမ် ကျွန်မ အိမ်ပြန်ချင်တယ်”

“ကားရပ်လိုက်!”

.....

ရှန်ဖျင်ချွမ်သည် ကျင်းမိသားစုအိမ်ရှေ့တွင် ကားရပ်လိုက်သည်။ ကျင်းရှီက သူ့အင်္ကျီလက်ကို ဆွဲလိုက်ပြီး “ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ရှန်ဖျင်ချွမ်”

“ဖြေရှင်းချက်တစ်ခု ကြားချင်လို့” ရှန်ဖျင်ချွမ်သည် ထိုအိမ်ရှေ့တံခါးကို လာခေါက်စဉ် မျက်နှာသေဖြင့် ပြောလိုက်သည်။

ထိုအိမ်တံခါးပွင့်လာသည်။ အိမ်သည် တောက်ပစွာ မီးအလင်းရောင်များ ထွန်းထားပြီး တရုတ်နှစ်သစ်ကူးကို စောစီးစွာ ရောက်ရှိလာသကဲ့သို့ ပွဲတော်တည်ခင်းထားသလို အလှဆင်ထားသည်။ ကျင်းရှောင်ပေါင်သည် အနီရောင် ဂျာကင်အင်္ကျီအသစ်ကို ၀တ်ဆင်ထားပြီး စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။

ကျင်းမိသားစု ဆွေမျိုးများ နှင့် သားသမီး အများအပြားလည်း ရောက်ရှိလာကြသည်။ ဧည့်ခန်းထဲတွင် လူအုပ်ကြီးသည် စည်စည်ကားကားနှင့် စကားများ ပြောဆိုနေကြသည်။

မထင်မှတ်ပဲ ဧည့်သည်နှစ်ယောက် ရောက်လာရာ ပျော်ရွှင်စရာ မိသားစု ဆုံဆည်းရာ အငွေ့အသက်က အနည်းငယ် အဆင်မပြေ ဖြစ်သွားသည်။

ကျင်းမောင်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဆွေမျိုးများနှင့် စကားစမြည်ပြောနေခဲ့သည်။ ကျင်းရှီ ဝင်လာသည်ကိုမြင်သောအခါ စိုးရိမ်တကြီးနှင့် သူမဆီ ချက်ချင်းပြေးသွားပြီး “ရှောင်ဝမ်၊ သမီးအဆင်ပြေရဲ့လား သမီးအဖေက သမီးအိမ်မပြန်လာတော့ဘူးဆိုပြီး ဒီမနက်နေမကောင်းဖြစ်သွားတဲ့အထိ စိုးရိမ်နေတာ”

ကျင်းရှီသည် စကားမပြောပဲ ရှန်ဖျင်ချွမ်၏ နောက်တွင် ရပ်နေသည်။

ထိုမြင်ကွင်းကို မြင်ပြီး အန်တီကျန်းက ပြုံးပြုံးလေးနှင့် “အို ဘုရားရေ၊ သမီးဘာမှမဖြစ်လို့ပေါ့ ရှောင်ဝမ်၊ သမီး နောက်ဆို ဒီလို ဆင်ခြင်တုံတရားမဲ့ပြီး လျှောက်မလုပ်သင့်ဘူး၊ အဒေါ်သိတယ် သမီး အိမ်ပြန်ချင်နေခဲ့တာကို၊ ပြီးတော့ ဒီမှာ ညမအိပ်ချင်ဘူးဆိုတာ၊ ဒါပေမယ့် အခု သမီးအရွယ်ရောက်နေပြီ၊ ကောင်မလေးတစ်ယောက်တည်း ညဖက်ထွက်သွားပြီး သတိမထားရင် တစ်ခုခု ဖြစ်သွားနိုင်တယ်။ အဲ့ခါကျရင် ဒုက္ခအကြီးကြီး ရောက်သွားမှာ”

“ကျွန်မ အိမ်မပြန်ချင်ခဲ့ပါဘူး” ကျင်းရှီက အသံကျယ်ကျယ်နှင့် မပြောရဲသော်လည်း တိုးတိုးလေး ပြောလိုက်သည်။

ကျင်းမောင်က ခေါင်းခါလိုက်ပြီး “ရှောင်ဝမ်၊ သမီးအိမ်ပြန်ချင်ရင် အဖေ သမီးကို တားမှာ မဟုတ်ပါဘူး၊ အဖေ့ကို ပြောရောပေါ့၊ အဖေ သမီးကို ကားမောင်းပြီး ပြန်လိုက်ပို့မှာပေါ့၊ ဘာလို့ သမီးတစ်ယောက်တည်း ထွက်ပြေးသွားတာလဲ”

“သမီး မထွက်ပြေးချင်ခဲ့ပါဘူး” ကျင်းရှီက ဝမ်းနည်းစွာပြောသည်။ “သမီး တစ်ယောက်တည်း ထွက်မပြေးချင်ခဲ့ပါဘူး။ အဒေါ်ကျန်းက ရှောင်ပေါင်အတွက် သမီးပေးထားတဲ့ လက်ဆောင်ကို လွှင့်ပစ်လိုက်တော့ နည်းနည်းစိတ်မကောင်းဖြစ်သွားလို့ပါ”

အဒေါ်ကျန်းက ရှင်းပြလိုက်သည်။ “ခဲနဲ့ တခြားသတ္တုဓါတ်တွေ ပါဝင်တဲ့ ပန်းချီရေဆေးလိုမျိုးဟာတွေကို ကလေးတွေ မထိသင့်ဘူး။ အဲ့ဒါကြောင့် တိတ်တိတ်လေး လွှတ်ပစ်မလို့ လုပ်နေခဲ့တာပါ။ ဒီကောင်မလေးက ကျွန်မကို အထင်လွဲသွားတာကို ဘယ်လိုသိမှာလဲ”

“ရှင်ပဲ ပြောခဲ့တယ်လေ…ကျွန်မက ရှောင်ပေါင်ကို အန္တရယ်ဖြစ်အောင် လုပ်တယ်ဆိုပြီး!” ကျင်းရှီက စိတ်လှုပ်ရှားစွာဖြင့် မျက်နှာကြီးနီမြန်းကာ “အဲ့ဒါနဲ့ ကျွန်မလည်း စိတ်ဆိုပြီး ထွက်ပြေးခဲ့တာ”

“မင်းကို ဘယ်သူက အဲ့လိုပြောခဲ့လို့လဲ၊ ဒီအကျင့်မကောင်းတဲ့ ကောင်မလေးကို တကယ်ကို နားမလည်တော့ဘူး။ သိသားပဲ မင်းငါ့ကို တစ်ခါမှ သဘောမကျမှန်း သိတယ်။ အင်းပေါ့လေ မိထွေးဆိုတာက ဘယ်တော့မှ မှန်တဲ့အရာ မှန်တဲ့စကားကို မလုပ်တတ် မပြောတတ်ဘူးပေါ့၊ ဒါပေမယ့် မင်း ငါ့ကို အဲ့လိုလိမ်ညာပြီး စွပ်စွဲလို့မရဘူး”

“ဒီနေ့က နှစ်သစ်ကူးနေ့လေ။ ဒီလိုအသေးအမွှားကိစ္စတွေကို ကြီးကြီးကျယ်ကျယ် လုပ်မနေပါနဲ့” ဟုကျင်းမောင်က ကျင်းရှီကို ပြောလိုက်သည်။ “အဒေါ်က ရှောင်ပေါင်အတွက်ကို စဉ်းစားနေခဲ့တာ။ သမီးလည်း အခု အသက်ကြီးနေပြီ၊ ပိုနားလည်ပေးရမယ်။ မင်းတို့ကလေးတွေက လူကြီးကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ”

ကျင်းရှီ၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာသည်။ သူမသည် ရှန်ဖျင်ချွမ်၏ အင်္ကျီလက်စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ရင်ထဲတွင် ဝမ်းနည်းမှုများနှင့် ပြည့်နေပြီး မျက်ရည်များက သူမပါးပြင်ပေါ်သို့ စီးကျလာသည်။

အဖိုးနှင့် အဖွားက သူမကို သဘောမကျပေ။ သူမ၏ မိဘများ ကွာရှင်းခဲ့သည်။ သူမ အမေဆုံးသွားခဲ့သည်။ သူမအဖေက ရှောင်ပေါင်၏ အဖေဖြစ်လာခဲ့သည်။ သူမအိမ်သည် တခြားသူတစ်ယောက်၏ အိမ်ဖြစ်လာခဲ့သည်။ သူမသည် ဤအရာအားလုံးအတွက် မည်သူ့ကိုမျှ အပြစ်တင်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိခဲ့ပါ။ လူကြီးများက ဒီလို ရှုပ်အောင် လုပ်ခဲ့ပြီး သူမကို သိနားလည်ဖို့ ဘာလို့ လာပြောနေတာလဲ။

“အစ်ကို၊ ကျွန်မ အိမ်ပြန်ချင်တယ်” ကျင်းရှီက တစ်ဆို့နေသော အသံဖြင့် ပြောလိုက်သည်။

ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ လက်ကို ပုတ်ပေးပြီး ကျင်းမောင်ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။ “ကျွန်တော် ကျင်းရှီ အိမ်ပြန်မရောက်သေးဘူးလို့ ပြောတုန်းက အပြင်ထွက်ပြီးရှာခဲ့သေးလား”

ကျင်းမောင်က “ဒီနေ့က ၃၀ရက်နေ့လေ။ လာလည်တဲ့ ဆွေမျိုးတွေနဲ့ ဧည့်သည်တွေ အများကြီးဆိုတော့ ငါ အပြင်ထွက်လို့မရဘူး"

“ခင်ဗျားက သူ့အဖေပါ၊ ကိုယ့်ကလေးပျောက်တာတောင် ထွက်မရှာဘူး၊ ကျွန်တော့်လို အပြင်လူကို လိုက်ရှာခိုင်းတယ်၊ သူပျောက်သွားတဲ့အချိန် ခင်ဗျားနဲ့ ခင်ဗျားမိသားစုက နှစ်သစ်ကူးမှာ ပျော်ပါးနေတယ်၊ ခင်ဗျားက ဘယ်လိုအဖေမျိုးလဲ?!”

ကျင်းမောင်က ဒေါသထွက်လာသည်။ “မောက်မာလိုက်တဲ့ကလေး၊ မင်းကများ ငါ့ကိုဒီလိုစကားတွေနဲ့ လာသင်ပြနေတယ် မင်းက ဘာကောင်မိုလို့လဲ”

“ခင်ဗျားပြောတာ မှန်ပါတယ်၊ ကျွန်တော့်မှာ ခင်ဗျားကို အကြံပေးပိုင်ခွင့် မရှိဘူး၊ မနက်ဖြန်ကစပြီးတော့ သူ့မျိုးရိုးနာမည်ကို ပြောင်းပစ်မယ်။ အခုကစပြီး ခင်ဗျားမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး”

“မင်း... မင်း ဒီလိုလုပ်ရဲတယ် ငါတရားရုံးကိုသွားပြီး ကလေးကို ပြန်ယူပြမယ်” ရှန်ဖျင်ချွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး “ကျွန်တော်တို့ ရှန်မိသားစုက ဆယ်စုနှစ်များစွာ စီးပွားရေးလုပ်ခဲ့တာ အရှုံးပေါ်အောင် ဘယ်သောအခါမှ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော်ကသာ ခင်ဗျားသမီးကို ဆယ်နှစ်ကျော်တဲ့အထိ အလကား ပြုစုပျိုးထောင်ပေးခဲ့တာ။ အခုတော့ သမီးကို ပြန်လိုချင်တယ်? ဒီမှာ ခင်ဗျားကို ကျွန်တော် ပြောလိုက်မယ် အဲ့လိုမျိုး ဘယ်တော့မှ မဖြစ်နိုင်ဘူး”

“မင်းက ရက်စက်တဲ့ကလေးပဲ၊ မင်း ဘယ်လိုတောင် အကျင့်စရိုက်မကောင်းရတာလဲ!” အဖိုးက ဒေါသအရမ်းထွက်ပြီး ရှန်ဖျင်ချွမ်ကို လက်ညှိုးထိုးပြီး မတ်တပ်ထရပ်လိုက်သည်။ “မင်းရဲ့မိဘတွေက လူကြီးတွေကို ဘယ်လို ကောင်းကောင်းဆက်ဆံရမလဲဆိုတာ မသင်ပေးခဲ့ဘူးလား”

ရှန်ဖျင်ချွမ်က နှိမ့်ချစွာလည်း မပြော၊ မောက်မာစွာလည်း မပြောခဲ့ပါ။ “ကျွန်တော့်အဖေက တစ်ခုပဲ သင်ပေးထားတယ်၊ အဲဒါက ကျွန်တော့်ညီမကို ကောင်းကောင်းကာကွယ်ဖို့ပဲ”

သူ့လက်က ကျင်းရှီ၏ ပုခုံးပေါ်တင်လိုက်ပြီး သူမကို အနည်းငယ် ပုတ်ပေးလိုက်ပြီး “ဘယ်သူကပဲဖြစ်ဖြစ် သူ့ကို ဒုက္ခရောက်အောင် လုပ်ရင် ကျွန်တော် ရှန်ဖျင်ချွမ်က အဲ့အတွက် ဖြေရှင်းချက်တောင်းရလိမ့်မယ်”

ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ နောက်တွင် ကျုံ့ကျုံ့လေးဖြစ်နေသည်။

“ဘာဒုက္ခလဲ။ သူ့ကို ဘယ်သူက ဒုက္ခရောက်အောင် လုပ်နေလို့လဲ။ သူမ အိမ်မှာရှိတုန်းက အစားအသောက်ကောင်းကောင်းနဲ့ ငါတို့ သူ့ကို မကျွေးမွေးခဲ့လို့လား၊ သူကိုယ်တိုင် ထွက်ပြေးချင်နေတာ၊ ငါတို့က ဘယ်လိုလိုက်တားရမလဲ” အဖွားက ကျင်းမောင်ကို ပခုံးတွန့်ကာ “ငါပြောသားပဲ သမီးမိန်းကလေးဆိုတာ ကျေးဇူးကန်းတဲ့ မျက်လုံးဖြူ ဝံပုလွေတစ်ကောင်ပါလို့ အမြဲပြောဖူးတယ်။ သားတွေက ပိုကောင်းတာ”

All Chapters