အပိုင်း (၃၈)
Vol. 3 Ch. 38
ကျင်းရှီက ဒေါသထွက်သွားသည့်ပုံစံဖြင့် ပါးဖောင်းပြလိုက်သည်။
ပေါ်ရန်က ခပ်ဖျော့ဖျော့ပြုံးကာ “ငါ့ ကျင်းရှီလေးက ဒီနေ့ အရမ်းလှနေပါလား” ဟုညင်သာစွာ ပြောလိုက်သည်။
“ဟမ်?” ကျင်းရှီသည် ပေါ်ရန်က သူမကို နူးညံ့သော အကြည့်ဖြင့် စိုက်ကြည့်နေသည့် ဖုန်းစခရင်ကို ကြည့်လိုက်ကာ “မင်း ဒီနေ့လှလှပပ ဝတ်ထားတာပဲ”
“ဒါဆို ရှင် သတိထားမိပေါ့။ စောစောက ကျွန်မအဲ့လို ဝတ်ထားတာ မတွေ့ဘူးဆိုတာ နောက်နေတာမလား” ကျင်းရှီက ဆက်ပြောသည်။ “ကြည့်ပါလား အခုတောင် ရှင် ကျွန်မကို လှည့်စားနေတာ”
“ညအိပ်ဝတ်စုံကြီးနဲ့ စျေးဝယ်ထွက်ဖို့ အောက်ထပ်ကို ဆင်းသွားတတ်တဲ့ ဖရိုဖရဲ သရဲမလေးက လှလှပပဝတ်ထားရင် အရမ်းသိသာနေတော့ သတိမထားမိပဲနေမလား”
“ဘယ်သူက ညဝတ်အင်္ကျီနဲ့ စျေးဝယ်ထွက်လို့လဲ!” ကျင်းရှီက သူမကိုယ်သူမ တွေးမိသွားပြီး အနည်းဆုံးတော့ ဂျာကင်အင်္ကျီကို ၀တ်ထားပါသေးသည်။
ခဏကြာသောအခါ ပေါ်ရန်ဖုန်းမှာ ရုတ်တရက် လုယူခံလိုက်ရပြီး ဗီဒီယိုက တုန်ရီမှုန်ဝါးသွားပြီး ကလေးမလေးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။ “ဖေဖေ၊ ဖိုးဖိုး၊ ကြည့်ပါဦး၊ ပေါ်ရန်ရဲ့ ကောင်မလေး၊ သူက သူ့ကောင်မလေးနဲ့ ဗီဒီယိုကော ပြောနေတယ်!”
ဖရိုဖရဲဖြစ်နေသည့်မြင်ကွင်းမှာ လူငယ်ရော လူကြီးရော ပါနေသည့် မိသားစုကြီး တွေ့လိုက်ရသည်။
ပေါ်ရန်က အမြန်ထွက်လာပြီး ဒေါသအနည်းငယ်ထွက်နေသည့် သူ့အသံက “ငါ့ဖုန်း ပြန်ပေး”
ကျင်းရှီက ကင်မရာမှန်ဘီလူးကို လျင်မြန်စွာဖုံးလိုက်သည်၊ သူမ၏နှလုံးခုန်သံများ လျင်မြန်စွာခုန်နေပြီး သူမ၏ မျက်နှာမှာ ကြက်သွေးရောင်နီရဲနေသည်။
ထိုအချိန်တွင် ဟိုဖက်ခြမ်းမှ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၏ အသံနက်ကြီးကို သူမကြားလိုက်ရသည်။
“လိမ္မာရေးခြားမရှိဘူးလား၊ မင်းအစ်ကို ဖုန်းပြန်ပေးလိုက်”
“ဟမ်...” အဆူခံလိုက်ရသော ကလေးမလေးက ပေါ်ရန်၏ ဖုန်းကို ပြန်ပေးလိုက်သည်။
ပေါ်ရန်သည် home menu ကို စခရင်ပေါ်တွင် ပြသထားသည်ကို မြင်လိုက်ရသဖြင့် ကျင်းရှီသည် ဗီဒီယိုကောကို ချလိုက်ပြီးဖြစ်သောကြောင့် လော့ခ်ခလုတ်ကို နှိပ်ကာ ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး ဝမ်းကွဲညီမလေး၏ နားရွက်ကို ပြင်းပြင်းထန်ထန် လိမ်ကာ “အရိုက်ခံချင်နေပြန်ပြီ၊ ငါမင်းနဲ့ နောက်မှကိစ္စရှင်းမယ်”
ကလေးမလေးက လျှာထုတ်ပြပြီး သူမ မိဘများဆီ အမြန်ပြန်သွားလိုက်သည်။
အရေပြားတွင် အဖြူရောင် အကွက်များရှိနေသော အဖိုးဖြစ်သူ ပေါ်ရန်ကို ကြည့်လိုက်ပြီး “ရန်လေး၊ ရည်းစားနဲ့ ချိန်းတွေ့နေတာလား”
ပေါ်ရန်က ဖျတ်ခနဲ ပြုံးပြလိုက်သည်။ “တရားဝင် မဟုတ်သေးဘူး”
ဒေါ်လေးက “ရန်လေးက ကလေးဘဝတုန်းက ခက်ခဲခဲ့တယ်၊ နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့သူ၊ အေးစက်မှုရော နွေးထွေးမှုရော နားလည်တတ်ပြီး မင်းကို မြတ်နိုးမယ့်သူကို ရှာ” ဟုညင်သာစွာ ပြောလိုက်သည်။
ပေါ်ရန်သည် ခဏမျှ တိတ်ဆိတ်သွားပြီး “အွန်” ဟုပျော့ပျောင်းစွာ ပြောလိုက်သည်။
ဖုန်းစခရင်သည် မည်းမှောင်နေပြီး မိသားစုကြီးများ၏ တက်ကြွစွာ ပြောဆိုသံကို နောက်ခံသံကနေ ကြားနိုင်သည်။
ကျင်းရှီသည် ကြောင်တောင်တောင်နှင့် ကုတင်အစွန်းတွင် တစ်ယောက်တည်း ထိုင်နေပြီး ဗီဒီယိုကောကို အပြစ်မကင်းသလိုနှင့် ချပစ်လိုက်သည်။
တစ်စုံတစ်ယောက်က ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှန်ဖျင်ချွမ်သည် သူ့နားကြပ်ကို ချွတ်လိုက်ပြီး သူမကိုကြည့်လိုက်သည်။ “မင်းက ငတုံးလား ဘာလား”
သူမသည် ရှန်ဖျင်ချွမ်ဆီသို့ တွားသွားပြီး သူ့ရှေ့တွင် ထိုင်ချလိုက်ကာ ပြုံးပြပြီး “အစ်ကို ကျွန်မက နူးညံ့သိမ်မွေ့တယ်လို့ ထင်လား” ဟုမေးလိုက်သည်။
ရှန်ဖျင်ချွမ်က သူ့ရင်ဘတ်ကို ထိတ်လန့်တကြားနှင့် ကာလိုက်သည်။ “မင်းဘာလုပ်နေတာလဲ”
ကျင်းရှီသည် သူ့ခြေထောက်ဘေးတွင်ထိုင်ကာ သူ့ခြေသလုံးကလေးများကို ဆုပ်ကိုင်ကာ ညင်သာစွာ ဆိတ်ဆွဲနေပြီး ပြုံးပြလိုက်သည်။ “အစ်ကို၊ ကျွန်မက စာနာတတ်တဲ့ပုံပေါက်လား”
ရှန်ဖျင်ချွမ်က အလွန်တုန်လှုပ်သွားပြီး “ညီမလေး၊ မင်းပြောစရာရှိရင် ပြောသာပြောပစ်လိုက်၊ ဒီလိုမလုပ်နဲ့၊ မင်းကို ငါကြောက်လာပြီ”
“အဲ့လိုမဟုတ်ဘူး!” ကျင်းရှီက သူ့ခြေထောက်များကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများကို မှေးပြီး ပြုံးပြနေသည်။ “အစ်ကို၊ အစ်ကိုက ကျွန်မကို ကောင်းကောင်းစောင့်ရှောက်ပေးခဲ့တယ် အဲ့အတွက် အစ်ကို့ခြေသည်းတွေကို ညှပ်ပေးမယ်”
ရှန်ဖျင်ချွမ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ကုတင်ခေါင်းရင်းသို့ တွားသွားကာ “မင်းငါ့ကိုသတ်ဖို့ကြိုးစားနေတာလား”
**
မီးအိမ်ပွဲတော်နေ့တွင် ပေါ်ရန်သည် သူမအကြာကြီးစောင့်မျှော်နေသော ကြောင်ကလေးကို ပြပေးရန် နောက်ဆုံးတွင် ကျင်းရှီကို ခေါ်သွားခဲ့သည်။
နှစ်ယောက်သား ကျောင်းဂိတ်တွင် ဆုံခဲ့ကြသည်။ ကျင်းရှီသည် ပေါ့ပါးသော ဂျာကင်အင်္ကျီကို ၀တ်ဆင်ထားပြီး ပေါ်ရန်ပေးထားသော ယုန်မွှေးလည်စည်းပုဝါကို ပတ်ထားကာ ရော့ရဲရဲနှင့် အမွှေးပွပွလေးဖြစ်နေသည့် ခံစားချက်က သူမကို ချိုးဖြူလေးတစ်ကောင်လို ဖြစ်စေသည်။
သူမသည် ကျောင်းတံခါးဝတွင် ရပ်ကာ ဘယ်ညာကြည့်နေပြီး တခါတရံ ကိုယ့်ဘာသာ ခေါင်းငုံ့နေပြီး ပွစိပွစိပြောနေသည်။
ပေါ်ရန်၏ နှုတ်ခမ်းထောင့်သည် သူမဆီလျှောက်သွားရင်း ကွေးတက်သွားသည်။
“သခင်မ”
“ကျွန်မကို အဲ့လိုမခေါ်နဲ့”
ကျင်းရှီက လှမ်းကြည့်လိုက်ရာ ပေါ်ရန်သည် သူမနားကို လျှောက်လာပြီး ကုတ်အင်္ကျီကို ကြယ်သီးမတပ်ပဲ ဝတ်ထားသဖြင့် အောက်ရှိ လည်ပင်း Vပုံစံရှိသော ပေါ့ပေါ့ပါးပါးဆွယ်တာအင်္ကျီမှာ ပေါ်လွင်နေသည်။ နေရောင်ထဲတွင် သူသည် တက်ကြွနေပြီး နွေးထွေးသည့်ပုံပေါက်သည်။
သူက အိတ်သေးသေးလေးကို ကိုင်ထားပြီး လက်တစ်ဖက်မှာတော့ ဝေဖာကန်တော့ချွန် ရေခဲမုန့် တစ်ခုပါလာသည်။
ကျင်းရှီက သူ့လက်ထဲက ရေခဲမုန့်ကို ဝမ်းသာအားရ ယူလိုက်ပြီး “ကျေးဇူးပါ ဖေဖေ... အယ် မဟုတ်ပါဘူး ကျေးဇူးပါ စီနီယာ”
အာ! ရေခဲမုန့်လေးပဲကို။
ကျင်းရှီ၊ ကောင်းကောင်း မတ်တပ်ရပ်စမ်း!
ကျင်းရှီသည် ကြောင်စာအိတ်သေးသေးလေးကို ကိုင်ထားသည်။ ထိုနေ့နံနက်အစောပိုင်းတွင် ရှန်ဖျင်ချွမ်သည် ဝက်အသည်းနှင့် အဆုတ်များဝယ်ရန် စျေးသို့သွားကာ ခုတ်ထစ်ကာ အစားအစာထဲသို့ ရောနှောချက်ပြုတ်ခဲ့သည်။ ထိုအစားအစာကို ကြောင်တွေ အကြိုက်ဆုံးဖြစ်သည်။
ပေါ်ရန်က သူမလက်များ မသန့်မရှင်းဖြစ်မည်ကို မကြိုက်သောကြောင့် သူမဆီက ရေခဲမုန့်ကို ယူလိုက်သည်။ ကျင်းရှီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အကြိမ်အနည်းငယ် ရေခဲမုန့်ကို လျှာဖြင့်ရက်လိုက်သည်။
သူမ၏ နှင်းဆီရောင်တောက်နေသောလျှာကို ကြည့်ပြီး ဒါဟာ ကြောင်လျှာနှင့် သိပ်မကွာခြားပေ။ ပေါ်ရန်က မျက်ခုံးပင့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က နွေးထွေးသော အပြုံးဖြင့် ပြုံးယောင်သမ်းသွားသည်။
ပေါ်ရန်က သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ့အကြည့်များက အတော်လေးကို စူးရှနေပြီး ဆာလောင်နေပုံရသည်။ ကျင်းရှီက မေးလိုက်သည်။ “ရှင်ရော စားချင်လား စီနီယာ”
ပေါ်ရန်က သူမကိုကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။ “စားချင်တယ်”
ပေါ်ရန်သည် သူမ၏ နီနီရဲရဲ ချယ်ရီသီးလေးကို စားချင်နေသည်။
ကျင်းရှီသည် ဝေဖာကတော့ချွန် အပိုင်းတစ်ပိုင်းကို အသံကျယ်လောင်စွာ ကိုက်ဝါးလိုက်ပြီး “ရှင့်ကို နည်းနည်းလေးတောင် မကျွေးနိုင်ဘူး”
ရေခဲမုန့်က အကုန်လုံး သူမအပိုင်ဖြစ်သည်။
နှစ်ယောက်သား ကျောင်းထဲသို့ အလျင်စလို လျှောက်သွားကြသည်။
ကျောင်းကြီးသည် ဆောင်းရာသီအားလပ်ချိန်တွင် တစ်ကိုယ်တည်း အေးစက်နေကာ အထီးကျန်နေသည်။ အားကစားကွင်းတွင် ဘတ်စကတ်ဘောကစားနေသည့် ကောင်လေးတစ်ချို့ရှိနေပြီး သူတို့နှစ်ဦးသာ ချိုင်းနားဘယ်ရီပင်ရှည်လမ်းအောက်တွင် ဖြည်းညှင်းစွာ လျှောက်သွားနေကြသည်။
နေရောင်ခြည်သည် ချိုင်းနားဘယ်ရီရွက်များကို ဖြတ်၍ မြေပြင်ပေါ်သို့ ရွှန်းလဲ့ကာ ကျရောက်နေသည်။
ကျင်းရှီက သူမနှုတ်ခမ်းကို သပ်လိုက်ပြီး “စီနီယာ၊ ကျွန်မတို့ ကျောင်းကို နှစ်ကြိမ်တောင် ပတ်ပြီးပြီ၊ ကြောင်လေးက ဘယ်မှာလဲ”
ပေါ်ရန်က တည်ငြိမ်စွာနှင့် “ငါတို့တွေ ရှာနေတုန်းပဲ ဟုတ်တယ်မလား”
ကျင်းရှီလည်း ပြောစရာစကားမရှိ ဖြစ်သွားသည်။
ထို့ကြောင့် ကြောင်လေးကို ပြဖို့ ခေါ်ခဲ့မည်ဟု ပြောခဲ့ပေမယ့်လည်း ကြောင်ကလေး ဘယ်မှာ ရှိနေမှန်းတောင် မသိပေ။
ပေါ်ရန်က ညင်ညင်သာသာ ချောင်းဟန့်လိုက်ပြီး အေးအေးဆေးဆေး ရှင်းပြနေသည်။ “ကြောင်ကလေးက တစ်လသားပဲရှိသေးတာ။ ဖြူကြီးက ကောင်းကောင်းဝှက်ထားတယ်၊ သူများတွေကို လွယ်လွယ်နဲ့ မမြင်ရအောင်လေ၊ ငါတို့တွေ ဖြူကြီးကိုပဲ တွေ့အောင်ရှာပြီး ကြောင်ကလေးတွေဆီ ခေါ်သွားခိုင်းရမယ်”
ကျင်းရှီ -“ဒါဆို ဖြူကြီးက ဘယ်မှာလဲ”
ပေါ်ရန်သည် ငြိမ်သက်နေသော ကျောင်းဝင်းကို ကြည့်လိုက်ပြီး ကာရံညီသော “အမ် ...” ဟူသော သံရှည်ပြုလိုက်သည်။
ကျင်းရှီ -...
ကောင်းပြီ၊ ဒါဆို ဆက်ရှာကြတာပေါ့။
ပေါ်ရန်သည် ကျင်းရှီကို ကျောင်းဝင်း၏ မြောက်ဘက်ခြမ်းရှိ စွန့်ပစ်ထားသော ဓါတ်ခွဲခန်းအဆောက်အအုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤအဆောက်အအုံသည် ယခင်ရာစုနှစ်များက ရှိနေခဲ့ပြီး၊ ၎င်း၏ ရှည်ကြာလှပြီးဖြစ်သောသက်တမ်းကြောင့် စွန့်ပစ်ခံခဲ့ရသည်။
မီးခိုးရောင် အုတ်နံရံများကို စိမ်းလန်းသော နွယ်ပင်များဖြင့် ဖုံးအုပ်ထားသည်။
ဤစွန့်ပစ်ထားသော ဓာတ်ခွဲခန်းအဆောက်အအုံသည် ကျောင်းဝင်းအတွင်းရှိ လေလွင့်နေသောတိရစ္ဆာန်များစွာအတွက် အခြေစိုက်စခန်းတစ်ခုဖြစ်နေသည်။
ပေါ်ရန်သည် ကျင်းရှီ၏ လက်ကို ဆုပ်ကိုင်ထားပြီး ရေညှိများဖုံးလွှမ်းနေသော လှေကားထစ်များပေါ်တက်ကာ အက်ကွဲသံများ ပေါ်ထွက်နေသော အဆောက်အဦး၏ မြောက်ဖက်တံခါးကို တွန်းဖွင့်လိုက်သည်။
ဓာတ်ခွဲခန်းလျှောက်လမ်း၏ အဆုံးမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီး သွားရာလမ်းလေးမှာ စွန့်ပစ်ထားသော စာရွက်များနှင့် ဗလာကျင်းဖြစ်နေသည်။
ကျင်းရှီက “စီနီယာ၊ ဖြူကြီးက ဒီမှာနေတာလား” ဟုအသံတိုးတိုးနှင့် မေးလိုက်သည်။
ပေါ်ရန်သည် နူးညံ့သိမ်မွေ့သော ဝီစီသံမှုတ်လိုက်ပြီး ဝီစီသံသည် လျှောက်လမ်းတွင် ပဲ့တင်ထပ်နေခဲ့သည်။
တစ်နေရာမှ “မြောင်” ဟူသော အသံလေးထွက်လာပြီး ကျင်းရှီ၏ မျက်လုံးများ တောက်ပလာသည်။ “အိုး!”
ပေါ်ရန်က သူမကို တိတ်တိတ်နေဖို့ လက်ဟန်ပြပြီး သူမကို အထဲသို့ ခေါ်သွားလိုက်သည်။
အထဲတွင် သက်တမ်းကြာရှည်ပြီ ဖြစ်သောကြောင့် လေထဲတွင် ပုပ်သိုးဆွေးမြေ့နေသော အနံ့အသက်ဆိုးများ ထွက်ပေါ်လာပြီး လျှောက်လမ်းတစ်လျှောက်တွင် အေးစက်နေကာ ကြောက်စရာကောင်းနေသည်။ ကျင်းရှီသည် ပေါ်ရန်၏ အင်္ကျီလက်ကို သတိမမူပဲ ဆုပ်ကိုင်မိလိုက်သည်။
“စီနီယာ၊ ဒီမှာ အရမ်းမှောင်နေတယ်”
“အမ်”
“ဒီမှာ ဖြူကြီးရှိတာလား”
“မသိဘူး”
ကျင်းရှီသည် ပေါ်ရန်နား နီးနီးကပ်ကပ် နေလိုက်သည်။
ထိုအချိန်တွင် စုံတွဲတစ်တွဲသည် စာသင်ခန်းတစ်ခန်းမှ ရုတ်တရက် ထွက်လာပြီး သူတို့၏မြင်ကွင်းထဲ ရောက်လာခဲ့သည်။
ဒီစုံတွဲဟာ လုံးဝကို အရူးအမူးဖြစ်နေပုံရပြီး ကောင်လေးက ကောင်မလေးကို နံရံပေါ် တိုက်ရိုက်တွန်းချကာ ကောင်မလေးကို စိတ်အားထက်သန်စွာ နမ်းလိုက်ပြီး ကောင်လေးလက်များက ကောင်မလေးခန္ဓာကိုယ်အနှံ့ လျှောက်ကိုင်နေသည်။
ကျင်းရှီ၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားကာ ထိုအချိန်တွင် သူမ နှုတ်ခမ်းများကို နွေးထွေးသော လက်တစ်စုံက ကာထားသလို ခံစားလိုက်ရသဖြင့် အသံမထွက်နိုင်တော့ပေ။
သူသည် သူမနောက်တွင် ရပ်နေပြီး သူမလည်ပင်းကို သူ့လက်တစ်ဖက်က ဆွဲထားဖို့ ဆန့်ထုတ်လိုက်တာကြောင့် သူမကို နောက်ပြန်ဆွဲထားကာ အမှောင်ထဲမှာ ပုန်းနေလိုက်သည်။ ထိုမှသာ အရူးအမူးဖြစ်နေသောစုံတွဲက သူတို့ကို သတိမထားမိစေရန်ဖြစ်သည်။
ထိုစုံတွဲသည် အနမ်းပေးရုံနှင့် မကျေနပ်ကြတော့ချေ၊ ကောင်လေးက ကောင်မလေးကို နံရံပေါ် တွန်းလိုက်ပြီး ကောင်မလေးအနောက်ကနေ ပြင်းထန်သော “ခန္ဓာကိုယ်လှုပ်ရှားမှု” များစတင်လိုက်ပြီး ဟစ်အော်ညည်းညူသံများ ထွက်လာသည်...။
ပေါ်ရန်က ကျင်းရှီကို အနောက်ကနေ ပွေ့ထားပြီး သူမ၏ နောက်ကျောသည် သူ၏ တင်းမာနေသော ဆစ်ပတ်များကို ဖိထားကာ သူ့လက်က သူမကော်လန်ရိုးနေရာကို ဖြတ်ကိုင်ထား၍ သူမကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသည်။
အမှောင်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုသည် ထိပ်ဖျားနေရာသို့ ရောက်ရှိသွားခဲ့သည်။
ပေါ်ရန်သည် မျက်နှာနီမြန်းလာကာ နားရွက်များ ပူလောင်လာပြီး မျက်လုံးများကို ပြူးထားကာ ထိုစုံတွဲကို စိုက်ကြည့်နေသော ကောင်မလေး၏ မျက်နှာကို ငုံ့ကြည့်လိုက်ချိန် သူမက ထိုစုံတွဲကနေ အကြည့်ကို မခွာနိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပေါ်ရန် -...
သူမ မျက်လုံးများကို အုပ်ဖို့ လက်လှမ်းလိုက်သည်။
မထင်မှတ်ပဲ ကျင်းရှီသည် သူ့လက်ချောင်းများ ဟနေသည့်နေရာမှ မျက်တောင်ခတ်လျက် ဆက်ပြီးချောင်းကြည့်နေသည်။
ပေါ်ရန်သည် အနည်းငယ် ငုံ့၍ သူမနားရွက်ဘေးသို့ ငြိမ့်ညောင်းစွာ အသက်ရှူထုတ်ရင်း နွေးထွေးသော အသက်ရှုလေ “ကြည့်လို့ကောင်းတဲ့အရာလား”
“ဟမ်...”
ကျင်းရှီသည် သူ့လက်ချောင်းများ ဟနေသည့်နေရာကို လိမ္မာစွာ ပိတ်လိုက်ပြီး နောက်တစ်ကြိမ် မကြည့်တော့ပါ။
စိတ်အားထက်သန်နေသော စုံတွဲမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
ပေါ်ရန်သည် ကောင်မလေး၏ အသက်ရှုမြန်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူမ၏ လက်များက သူ့အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်၊ သူမ၏ မျက်နှာလေးသည် ပိုပူလာပြီး မထိန်းထားနိုင်သလောက်ဖြစ်လာသည်။
အပြစ်ကင်းစင်သော ကောင်မလေးသည် ဤကဲ့သို့ဖြစ်နေပြီဆိုသေကြောင့် ယောကျ်ားတို့၏ သဘောသဘာဝတို့နှင့် ပြည့်နှက်နေသော လူငယ်လေးကိုလည်း ထိုအကျိုးဆက် မသက်ရောက်ပဲ မနေပေ။
ကျင်းရှီသည် သူမ၏ ခါးအောက်ပိုင်းမှာ တစ်ခုခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက သူမကို ထိမိသွားပုံရသည်။ ပေါ်ရန်လက်သည် ကျင်းရှီလက်ကို ဖမ်းဆုပ်ရန် လျင်မြန်စွာဆင်းလာပြီး “မထိနဲ့”
“အိုး”
ပေါ်ရန်က ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။ “သွားကြရအောင်”
“ကျွန်မတို့ ဘယ်လို... သွားမှာလဲ”
သူမ၏ တုံ့ပြန်မှုကို မစောင့်ပဲ ပေါ်ရန်သည် သူမ၏လက်ကို ဆုပ်ကိုင်ကာ လျှောက်လမ်းအဆုံးဆီသို့ ခေါ်သွားခဲ့သည်။
ဤစုံတွဲ ဘယ်တော့ ပြီးမလဲဆိုတာ ကောင်းကင်ဘုံက သိထားပြီး ပေါ်ရန်က သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှု အပြည့်အစုံကို ကြည့်ရင်း ကျင်းရှီ၏ ခါးကို သူ့ဟာကြီးနှင့် ပွတ်သပ်နေသည်ကို မခံနိုင်မှာ သေချာပါသည်။
ထိုစုံတွဲသည် ဒီမှာ တခြားသူတွေ တကယ်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
ပေါ်ရန်က ကျင်းရှီအား သူတို့ကို ဖြတ်သွားရင်း ခေါ်သွားစဉ် သူတို့ကို တစ်ချက်တောင် မကြည့်ပဲ သူ့လက်က ကျင်းရှီ၏ မျက်လုံးများကို ကာပေးထားသည်။
“တောင်းပန်ပါတယ်၊ ကျွန်မတို့ကို ခွင့်လွှတ်ပါ” ကျင်းရှီက လမ်းလျှောက်လာရင်း ပျာယာခတ်နေပြီး “ကျွန်မတို့ ဘာမှ မတွေ့လိုက်ပါဘူး၊ ကျေးဇူးပြု၍ ဆက်လုပ်ပါ”
နှစ်ယောက်သား ဓာတ်ခွဲခန်းထဲကနေ မထွက်မချင်း မရပ်မနား ပြေးထွက်လာသည်။
“ဘုရားရေ” ကျင်းရှီသည် သူမ၏ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး “သူတို့ အရှက်မရှိလိုက်တာ!”
ပေါ်ရန်က မတုံ့ပြန်သည်ကိုမြင်လိုက်ရာ ကျင်းရှီက စပ်စုသည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ “စီနီယာ...”
ပေါ်ရန်သည် သစ်ပင်တစ်ပင်ဘေးတွင် သူမကို ကျောပေးပြီး ရပ်ကာ “မလာနဲ့” ဟုပြင်းပြင်းထန်ထန် ပြောနေသည်။
“ရှင် ဘာဖြစ်နေတာလဲ”
“မင်းကို မလာဖို့ ငါပြောနေတယ်လေ!”
ပေါ်ရန်သည် ရုတ်တရက် အသံကို မြှင့်ပြီးပြောလိုက်သဖြင့် ကျင်းရှီ ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားကာ ခြေလှမ်းပေါင်းများစွာ အမြန်ပြန်ဆုတ်သွားခဲ့သည်။
“ဘာလို့...ဘာလို့ အော်နေတာလဲ”
ပေါ်ရန်သည် သူ့ကျောတွင်လွယ်ထားသော ကျင်းရှီ၏ ကျောပိုးအိတ်လေးကို ချွတ်လိုက်ပြီး ရှေ့ကို ကာထားကာ လှည့်ထွက်သွားသည်။
“ဟေ့ စီနီယာ...”
“တတိယမြောက်ကစားကွင်းမှာ ငါ့ကိုစောင့်နေ”
သူမ၏ တုံ့ပြန်မှုကို မစောင့်ပဲ ပေါ်ရန်သည် လျင်မြန်စွာ ပြေးထွက်သွားကာ သူမမြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။
ကျင်းရှီသည် ထိုနေရာတွင် ရပ်နေခဲ့ပြီး လုံးဝအံ့သြသွားခဲ့သည်။ သူ့ပြဿနာက ဘာလဲ။
တတိယမြောက်ကစားကွင်းရှိ မြက်ပင်များသည် ညှိုးနွမ်းပြီး အဝါရောင်ရှိသည်။ သူမသည် ပွဲကြည့်စင်ဆီသို့ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေသည်။ ပေါ်ရန်က သူမ၏ ကျောပိုးအိတ်ကို ရုတ်တရတ် ပြန်သတိရပြီး သူမ၏ ရေသန့်ဘူးဟာ အထဲမှာ ရှိနေဆဲဖြစ်ပြီး အခုတော့ သူမအာခေါင် ခြောက်နေလောက်ပြီ။
ကျင်းရှီသည် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး ရှန်ဖျင်ချွမ်ထံ မက်ဆေ့ဂျ်တစ်စောင် ပို့လိုက်သည်။
“ချွမ်ချွမ်၊ အတော်ရှက်စရာ အဖြစ်အပျက်ကြီး တစ်ခုဖြစ်သွားတယ်။ ကျွန်မနဲ့ စီနီယာက ဓါတ်ခွဲခန်းအဆောက်အအုံထဲမှာ ဟိုဟာလုပ်နေတဲ့ စုံတွဲတစ်တွဲကို သွားတွေ့မိတယ်”
ရှန်ဖျင်ချွမ် - “ဘာကြီးလဲ”
ကျင်းရှီ - “ဟိုဟာလုပ်တာလေ!”
ရှန်ဖျင်ချွမ် - “အိုး စိတ်ပျက်စရာကြီး”
ကျင်းရှီ - “စိတ်ညစ်ဖို့ကောင်းတယ်၊ ကြောင်လေးကိုတောင် မတွေ့ခဲ့ရဘူး”
ရှန်ဖျင်ချွမ် - “ပေါ်ရန် ဘယ်မှာလဲ”
ကျင်းရှီ - “မသိဘူး၊ သူပြေးထွက်သွားပြီးတော့ ကျွန်မကိုစောင့်နေဖို့ပြောတယ်။ နာရီဝက်လောက်ရှိပြီ၊ သူအခုထိပြန်မလာသေးဘူး။ သူဘာဖြစ်နေတာလဲမသိဘူး”
ရှန်ဖျင်ချွမ် - “ဟမ်၊ ယောက်ျားတွေများ”
ကျင်းရှီ -“?”
ရှန်ဖျင်ချွမ် - “ဘာမှမဟုတ်ဘူး”
...
သူတို့စကားပြောနေကြစဉ် ပေါ်ရန်သည် သူမ၏ ကျောပိုးအိတ်သေးသေးလေးကို လွယ်ကာ ပြန်လာပြီး သူ့ပါးပြင်များ နီမြန်းကာ မျက်လုံးများမှာ ရေများရွှန်းစိုကာ ဆွဲဆောင်မှုရှိနေသည်။
ကျင်းရှီသည် ရှန်ဖျင်ချွမ် အစောပိုင်းကပြောခဲ့သော လေသံကို ပုံတူကူးပြီး “ဟမ်၊ ယောက်ျားတွေများ” ဟုပြောလိုက်သည်။
ပေါ်ရန်၏ မျက်နှာသည် နီရဲသထက် နီရဲလာသည်။ သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ သူမဘေးမှာ ထိုင်ချလိုက်ပြီး သူမ၏ သွယ်လျသောပုခုံးပေါ် ခေါင်းတင်ကာ နားနေသည်။ “ရှီရှီ ဖေဖေ အားပြတ်တော့မလိုပဲ”
သူ့အသံက ညည်းညူသံတွေတောင် ပါနေသည်။
ကျင်းရှီက အံ့သြစွာမေးလိုက်သည်။ “ရှင်ဘာသွားလုပ်တာလဲ”
ပေါ်ရန်က သူမပုခုံးကို ပွတ်ရင်း “ငါဘာသွားလုပ်မှန်းမသိတာတောင် မင်းက ဘာလို့ ဟမ်ဆိုပြီး ပြောနေတာလဲ”
“ကျွန်မ ဒီအတိုင်းပဲ လျှောက်ပြောနေတာပါ”
ပေါ်ရန်သည် သူမ၏ ပုခုံးကို မှီကာ အဝေးမှ နေဝင်ဆည်းဆာကို ငေးကြည့်ရင်း ထူးထူးခြားခြား သက်တောင့်သက်သာ ရှိလာသလို ခံစားနေရသည်။