ကောင်းခြင်းဆိုးခြင်း ခန်းမ
Vol. 30 Ch. 325
ကောင်းခြင်းဆိုးခြင်း ခန်းမ ၏ တိုးတက်မှုမှာ ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်တွင် အမြန်ဆုံးဖြစ်ပြီး အံ့ဖွယ်တစ်ခုဟုပင် ဆိုနိုင်သည်။
လုချန်းကျီ ကြောင့် ထန်ထျန်းက လီဟုန် ကို ကောင်းခြင်းဆိုးခြင်း ခန်းမ၏ အချက်အလက်များကို ကြိုတင်စုံစမ်းခိုင်းထားခဲ့ဖူးသည်။
လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်က ကောင်းခြင်းဆိုးခြင်း ခန်းမကို တရားဝင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူတို့သည် ဥခွံထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့သာ ဖြစ်ပြီး မည်သူကမျှ ဤအင်အားစုအသစ်ကို အလေးမထားခဲ့ကြပေ။
သို့သော် မည်သူမှ မထင်မှတ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကောင်းခြင်းဆိုးခြင်း ခန်းမသည် လူအများ နားမလည်နိုင်သော အရှိန်အဟုန်ဖြင့် အရူးအမူး ကြီးထွားလာခဲ့ခြင်းပင်။
နောက်ဆုံးတွင် အင်အားစုများ ယှဉ်ပြိုင်ပွဲတစ်ခု၌ သူတို့က အလယ်အလတ်အဆင့်ရှိသော ဝါရင့်အင်အားစုတစ်ခုကို ပြင်းထန်သော အနေအထားဖြင့် အနိုင်ယူလိုက်ပြီးနောက်တွင်မှ လူအများ၏ အာရုံစိုက်မှုကို တရားဝင် ရရှိခဲ့သည်။
ထိုအင်အားစုကို ထန်ထျန်းလည်း သိသည်၊ သူနှင့် အဖုအထစ်အချို့ရှိခဲ့သော တိုက်ပွဲသူတော်စင်မျှော်စင် ပင် ဖြစ်သည်။
ထိုအချိန်မှစ၍ ကောင်းခြင်းဆိုးခြင်း ခန်းမ၏ တိုးတက်မှုမှာ တားဆီး၍ မရတော့ပေ။
ကောင်းကင်ကို လက်ဝါးဖြင့် အုပ်နိုင်သော လူတစ်ယောက်က နောက်ကွယ်မှ ထောက်ပံ့နေသကဲ့သို့ပင် မဟာမိတ်ဖွဲ့ခြင်း၊ အဖွဲ့ဝင်အသစ်များ စုဆောင်းခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများမှာ အလွန်ပင် ချောမွေ့နေခဲ့သည်။
ယခုအချိန်တွင်မူ ကောင်းခြင်းဆိုးခြင်း ခန်းမ၌ ခန်းမခွဲပေါင်း ၁၈ ခု ရှိနေပြီဖြစ်ပြီး ၎င်းတို့မှာ ကောင်းခြင်း ခန်းမ ကိုးခု နှင့် ဆိုးခြင်း ခန်းမ ကိုးခု တို့ ဖြစ်ကြသည်။
ဆိုးခြင်း ခန်းမကိုးခုမှာ တိုက်ခိုက်ရေးကို အဓိကထားပြီး အဖွဲ့ဝင်အားလုံးမှာ အလွန်ကြမ်းတမ်းပြီး အစွမ်းထက်သော စစ်သည်တော်များ ဖြစ်ကြသည်။
ကောင်းခြင်း ခန်းမကိုးခုမှာမူ ပြင်ပဆက်ဆံရေး၊ စီးပွားရေး စသည့် အထွေထွေကိစ္စများကို တာဝန်ယူရသည်။
အရင်တုန်းက ချီယွမ် ပြောခဲ့သည်မှာ လုချန်းကျီသည်လည်း ကောင်းခြင်းဆိုးခြင်း ခန်းမ၏ ခန်းမသခင် တစ်ယောက်ဖြစ်သည်ဟု ဆိုသည်။
သို့သော် လီဟုန် စုံစမ်းပြီးနောက်တွင်မူ ထိုအမည်ကို ရှာမတွေ့ခဲ့ပေ။
ထန်ထျန်း စိတ်မချသဖြင့် ခန်းမသခင် တစ်ဦးချင်းစီ၏ ပုံတူပန်းချီများကိုပါ ရှာဖွေကြည့်ခဲ့သော်လည်း တကယ်ကို မရှိခဲ့ပေ။
နောက်ပိုင်းတွင် မိုရှောင်းရှောင်း ကို မေးကြည့်မှသာ လုချန်းကျီက ကောင်းခြင်း ငါးခုမြောက် ခန်းမ လက်အောက်ရှိ ခန်းမခွဲငယ်တစ်ခုမှ ခန်းမသခင်လေးသာ ဖြစ်ပြီး အရင်က ကုန်သွယ်ရေးကို အဓိက တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိလိုက်ရသည်။
သူက ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိကာ ဉာဏ်ကောင်းသောကြောင့် ချင်းယွဲ့ဂိုဏ်း သို့ စေလွှတ်ခြင်း ခံခဲ့ရသည်။
နောက်ပိုင်းတွင် ချီယွမ် ရူးသွပ်သွားပြီးနောက် သူသည်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းခြင်း ငါးခုမြောက် ခန်းမသို့လည်း ပြန်မလာခဲ့ပေ။ သူ ဘယ်ကို ရောက်သွားသလဲဆိုသည်ကို မည်သူမှ မသိကြချေ။
"ပုန်းနေတာပေါ့။ "
"သူက အစကတည်းက ဇာတ်ပို့လေး တစ်ယောက်ပဲဟာ။"
" တကယ်လို့သာ ပြန်လာရင် ကျွန်မ လည်း သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး၊ ကျွန်မ ကို အဲဒီလိုမျိုး နောက်ကျောက ဓားနဲ့ထိုးရဲတယ်လေ"
မိုရှောင်းရှောင်းက ပြောခဲ့သည်။
မိုရှောင်းရှောင်း၏ စကားကို ထန်ထျန်း ယုံပါသည်။
သို့သော် လုချန်းကျီက တကယ်ပဲ အရေးမပါသော "ဇာတ်ပို့လေး" ဖြစ်မည်ဟု သူ မထင်ပေ။
ထိုကောင်၏ အန္တရာယ်ရှိမှု အဆင့်မှာ ထန်ထျန်း၏ စိတ်ထဲတွင် အမြဲတမ်း မြင့်မားနေဆဲပင်။
သို့သော် သူက ဆက်လက်၍ စုံစမ်းခြင်း မပြုတော့ပေ။
လုချန်းကျီနှင့် နောက်ဆုံးအကြိမ် စကားပြောပြီးနောက်တွင် သူက ထိုကောင်နှင့် အကြောင်းမရှိဘဲ ထပ်မပတ်သက်ရန် ဆုံးဖြတ်ထားခဲ့သည်။
ကောင်းခြင်းဆိုးခြင်း ခန်းမနှင့်ပင် သူက ပတ်သက်ချင်စိတ် မရှိပေ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရှောင်လွှဲဖို့ တကယ်ကို ခက်ခဲသွားပုံရသည်။
ပုံရိပ်ယောင်ကမ္ဘာ အကြောင်းကို အသေးစိတ် သိချင်ပါက ထျန်းဖူနန်းတော်ရှိ သူတို့၏ အဓိကတာဝန်ခံ ပိုင်နိုယီ ကို ကျော်သွား၍ မရနိုင်ပေ။
"မင်း ပိုင်နိုယီ ကို သိတာလား"
စွေ့ရှစ်ရင်က အံ့ဩသလို မေးလိုက်သည်။
ထန်ထျန်းက ခေါင်းခါကာ "သိတယ်လို့တော့ မဟုတ်ပါဘူး"
" တစ်ခါပဲ ဆုံဖူးတာပါ။ "
"သူက ကောင်းခြင်း ကိုးခုမြောက် ခန်းမရဲ့ ခန်းမသခင် မဟုတ်လား၊ ဘယ်လိုလုပ်ပြီး ပုံရိပ်ယောင်ကမ္ဘာရဲ့ တာဝန်ခံ ဖြစ်နေရတာလဲ"
စွေ့ရှစ်ရင်က ရယ်ရင်း "မင်းက ကောင်းခြင်းဆိုးခြင်း ခန်းမအကြောင်း သိပ်မသိသေးဘူးပဲ။ "
"သူတို့က ဒီလောက် အချိန်တိုအတွင်းမှာ ထျန်းဖူနန်းတော်ရဲ့ ထိပ်တန်းအင်အားစု တစ်ခုဖြစ်လာရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ အရာအားလုံးကို လက်ခံတာ ကြောင့်ပဲ။ "
"ကောင်းခြင်းဆိုးခြင်း ခန်းမမှာ လူပေါင်းစုံရှိတယ်၊ သူတို့က ထျန်းဖူရဲ့ စည်းမျဉ်းကို မချိုးဖောက်သရွေ့ ဘာကန့်သတ်ချက်မှ မထားဘူး။"
" ဒါကြောင့် သူတို့ရဲ့ နယ်ပယ်ကလည်း အရမ်းကျယ်ပြန့်တယ်။"
" ကောင်းခြင်း ကိုးခုမြောက် ခန်းမက ကောင်းခြင်း ငါးခုမြောက် ခန်းမလိုပဲ ပြင်ပစီးပွားရေးကို အဓိက လုပ်တာ။"
" ပိုင်နိုယီက ဒီဘက်မှာ တော်တော်လေး ကျွမ်းကျင်တဲ့အပြင် ပုံရိပ်ယောင်ကမ္ဘာရဲ့ ထျန်းဖူတာဝန်ခံလည်း ဖြစ်နေတော့ ကောင်းခြင်း ကိုးခုမြောက် ခန်းမရဲ့ ခန်းမသခင်အဖြစ် ရွေးချယ်ခံရတာပေါ့။ "
"မဟုတ်ရင် သူ့လို အင်မော်တယ်ဘုရင် တစ်ယောက်က ဘယ်လိုလုပ် ထိပ်တန်းအင်အားစုရဲ့ အဆင့်မြင့် စီမံသူ ဖြစ်လာနိုင်မှာလဲ"
ထန်ထျန်း တိတ်ဆိတ်သွားသည်။
ထိုအချက်ကို သူလည်း သတိထားမိသည်၊ ကောင်းခြင်းဆိုးခြင်း ခန်းမ၏ ကျန်ရှိသော ခန်းမသခင် ၁၇ ဦးစလုံးမှာ နာမည်ကြီး အင်မော်တယ် အရှင် အဆင့် အစွမ်းထက်သူများ ဖြစ်ကြသည်။
ပိုင်နိုယီ တစ်ယောက်သာ အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့် ဖြစ်နေခြင်းပင်။
တကယ်တော့ သူက ပုံရိပ်ယောင်ကမ္ဘာ တာဝန်ခံ ဖြစ်နေ၍သာ ခန်းမသခင် ဖြစ်လာခြင်း ဖြစ်ပေသည်။
"သခင်လေးထန်... ပုံရိပ်ယောင်ကမ္ဘာနဲ့ ပတ်သက်ချင်လို့လား"
စွေ့ရှစ်ရင်က မေးလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
"ကျွန်တော့်မှာလည်း ကိုယ်ပိုင် စီးပွားရေးအချို့ ရှိတော့ ဒီလမ်းကြောင်းသစ်ကို စမ်းကြည့်ချင်လို့ပါ"
ဤအချက်မှာ ဖုံးကွယ်ထားစရာ မလိုပေ၊ ထျန်းရှထုန် ကုန်သည်အသင်းက မကြာမီ ထျန်းဖူနန်းတော်သို့ ရောက်လာမည်ဖြစ်ရာ ထိုအချိန်ကျလျှင် လူတိုင်း သိသွားကြမည်သာ ဖြစ်သည်။
"ဒီလို ခြောက်ကပ်နေတဲ့ အခြေအနေကို မြင်နေရတာတောင် စမ်းကြည့်ချင်သေးတာလား"
စွေ့ရှစ်ရင်က ပြုံးလျက် မေးသည်။
ထန်ထျန်းက ပခုံးတွန့်ပြကာ "လမ်းကြောင်း ပိုများလေ ဖြစ်နိုင်ခြေ ပိုများလေပါပဲ။"
" ပုံရိပ်ယောင်ကမ္ဘာရဲ့ ပုံစံက အနာဂတ်မှာ တိုးတက်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်"
စွေ့ရှစ်ရင်က ခေါင်းညိတ်ကာ "ဟုတ်ပါတယ်။ "
" ဧည့်သည်တွေ များလာရင်တော့ ဒီနေရာက သေချာပေါက် ပိုကောင်းလာမှာပါ။"
" တကယ်လို့ သခင်လေးထန်မှာ အဲဒီစိတ်ကူး ရှိတယ်ဆိုရင် ကျွန်တော် မိတ်ဆက်ပေးနိုင်ပါတယ်"
ထန်ထျန်းက ခေတ္တစဉ်းစားပြီး သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
"အခုလောလောဆယ်တော့ မလောသေးပါဘူး။ "
"နောက်မှ အခွင့်အရေးရရင်ပေါ့"
ကုန်သည်အသင်းက တရားဝင် မရောက်သေးသဖြင့် ယခုအချိန်တွင် ပိုင်နိုယီကို သွားရှာပါက အကြောင်းပြချက် မခိုင်လုံဘဲ တစ်ဖက်လူမှ သူ့ကို တခြားရည်ရွယ်ချက် ရှိသည်ဟု ရိပ်မိသွားနိုင်သည်။
ထို့အပြင် ကောင်းခြင်းဆိုးခြင်း ခန်းမနှင့် မပတ်သက်မီ သူက ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ထားရန် လိုအပ်သည်။
"ကောင်းပြီလေ။"
" ဒါဆို ဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို ပြောလိုက်ပေါ့။ "
"အဲဒီအချိန်ကျရင် ကျွန်တော် မိတ်ဆက်ပေးမယ်"
စွေ့ရှစ်ရင်က ပြောသည်။
ထန်ထျန်း ခေါင်းညိတ် သဘောတူလိုက်သည်။
ထို့နောက် သူတို့က အခြားကိစ္စများကို ဆက်ပြောကြပြီး ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်လာခဲ့ကြသည်။
ချန်တာအိုခန်းမသို့ ပြန်ရောက်သောအခါ ညနက်နေပြီ ဖြစ်သည်။
ထန်ထျန်းက ဆက်မနေတော့ဘဲ နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်သည်။
သို့သော် မပြန်မီ သူက စွေ့ရှစ်ရင်ထံမှ ပုံရိပ်ယောင်ကမ္ဘာသို့ ဝင်ရောက်နိုင်သော သော့ချက် ဖြစ်သည့် ကျောက်စိမ်း အစီအရင်ပြား ကို တောင်းယူခဲ့သည်။
အစီအရင်ပြားပေါ်ရှိ အစီအရင်များမှာ အလွန်ရှုပ်ထွေးသဖြင့် သူက လေ့လာရန် အချိန်လိုအပ်သည်။
စွေ့ရှစ်ရင်က လိုလိုလားလားပင် ပေးခဲ့သော်လည်း ပုံရိပ်ယောင်ကမ္ဘာ ဝင်ပေါက်မှာ အကန့်အသတ်ရှိကြောင်း ထန်ထျန်းကို ပြောပြခဲ့သည်။
ဤအစီအရင်ပြားမှာ ထိုမျှော်စင် အပေါ်ဆုံးထပ်တွင်သာ ပုံမှန် အသုံးပြုနိုင်ပြီး ထိုနေရာနှင့် ဝေးသွားပါက ဝင်၍ပင် မရနိုင်တော့ပေ။
"ပျင်းစရာကောင်းတဲ့ ဟင်းလင်းပြင် အစီအရင် တွေပဲ။"
" အကယ်၍ စိတ်ကြိုက် သုံးခွင့်ပြုလိုက်ရင် ပုံရိပ်ယောင်ကမ္ဘာရဲ့ တည်ငြိမ်မှုကို ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်ရမယ်"
စွေ့ရှစ်ရင်က ပြောသည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
သူက အစီအရင်၏ တည်ဆောက်ပုံကို လေ့လာချင်ရုံသာ ဖြစ်သဖြင့် အသုံးပြု၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိစ္စမရှိပေ။
ထို့နောက် စွေ့ရှစ်ရင်ကိုယ်တိုင် လိုက်လံပို့ဆောင်မှုဖြင့် ထန်ထျန်းက ချန်တာအိုခန်းမမှ ထွက်လာခဲ့သည်။
ချင်းရွှီခြံဝင်း သို့ ပြန်ရောက်ရောက်ချင်း ထန်ထျန်းက ထူးဆန်းသော ဥနေရာလွတ် ထဲသို့ ချက်ချင်း ဝင်လိုက်သည်။
လက်နက်အပျက်ပုံကြီးမှာ ကြောင်လေး၏ ရှေ့တွင် တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ ပုံနေသည်။
"သေစမ်း.. "
"အစ်ကိုကြီး... အစ်ကိုကြီး အပြင်ထွက်ပြီး ဓားပြသွားတိုက်လာတာလား"
ကြောင်လေး၏ မျက်လုံးနှစ်လုံးမှာ အရောင်တောက်နေသည်။
သူက အစားမချေးများ ပေ။ အခုအချိန်တွင် သူ၏အတွက် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်အပျက်များက အာနိသင် သိပ်မရှိတော့သော်လည်း "ခြင်က သေးပေမဲ့ အသားပဲ" မဟုတ်လား။
သူကိုယ်တိုင်ဆိုလျှင် ဤမျှများပြားသော အစားအစာများကို မည်သို့မှ ရအောင် လုပ်နိုင်မည် မဟုတ်ပေ။
"အစ်ကိုကြီးက ကျွန်တော့်ရဲ့ မိဘမတူတဲ့ ညီအစ်ကို အရင်းခေါက်ခေါက်ကြီးပါပဲ"
ကြောင်လေးက ထန်ထျန်း၏ ပခုံးပေါ်သို့ ခုန်တက်ကာ သူ၏ မျက်နှာကို ပွတ်သပ်တော့သည်။
ထန်ထျန်းက ရွံရှာသော မျက်နှာဖြင့် သူ့ကို ဖယ်ထုတ်လိုက်ကာ "ဒါတွေကို အရင်ပဲ သည်းခံ ထားပြီး စားလိုက်ဦး။"
" နောက်ကျရင် ငါ မင်းအတွက် ဒီထက်ကောင်းတဲ့ အရာတွေ ပိုရှာပေးမယ်"
အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်အပျက်များတွင် နိယာမစွမ်းအား များများစားစား မပါဝင်မှန်း သူလည်း သိသည်။
သို့သော် ဤသည်မှာ ပထမဆုံးအကြိမ်သာ ဖြစ်ပြီး နောင်တွင် ချန်တာအိုခန်းမနှင့် ပတ်သက်ရမည့် ရက်များစွာ ကျန်ပါသေးသည်။
"သည်းခံစရာ မလိုဘူး၊ လုံးဝ မလိုဘူး"
"အခုလေးတင် အစာထုတ်ကြီး စားထားလို့ အစာမကြေဖြစ်နေတာ။"
" ဒါတွေက အစာကြေဖို့ ကွက်တိပဲ~"
ကြောင်လေးက လက်နက်အပျက်ပုံကြီးထဲသို့ တိုးဝင်သွားကာ ပျော်ရွှင်ချမ်းမြေ့နေသော မျက်နှာပေးမျိုး ဖြစ်နေသည်။
ထန်ထျန်း ခေါင်းခါယမ်းလိုက်ကာ သူ့ကို စိတ်ကြိုက်လွှတ်ထားလိုက်ပြီး ပြန်ထွက်လာခဲ့သည်။
မနက်ဖြန်ကျရင်တော့...
အကြွေး သွားဆပ်ရဦးမယ်။