← Chapters

အပိုင်း (၃၉)

Vol. 3 Ch. 39

အပိုင်း (၃၉)

Vol. 3 Ch. 39

သူ့ဆံပင်တိုတိုလေးများက သူမနားရွက်ကို ယားကျိကျိ ဖြစ်စေပြီး သူ့ခန္ဓာကိုယ်အလေးချိန်က သူမအပေါ်ကို ဖိချလိုက်သည်..။

“ရှီရှီ ဖေဖေ မင်းကို အရမ်းချစ်တယ်” သူ့အသံက ပျင်းတွဲတွဲဖြစ်နေသည်။

ကျင်းရှီက သူ့ကို စိတ်ပျက်သွားသလို ကြည့်လိုက်ပြီး “နေမကောင်းဘူးလား”

ပေါ်ရန်သည် သူမအနားသို့ ပိုကပ်လာပြီး သူမ၏ပခုံးအရိုးများကို ပွတ်သပ်ရင်း “ရှီရှီ၊ မင်းဘယ်တော့ကြီးလာမှာလဲ”

ရွှေရောင် နေဝင်ဆည်းဆာချိန်သည် သူမ၏ နူးညံ့သော မျက်နှာကို လွှမ်းခြုံထားသည်။ သူမက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။ “ကျွန်မကြီးလာတာ ရှင်နဲ့ဘာဆိုင်လို့လဲ”

ပေါ်ရန်သည် ခေါင်းကို မော့ကာ အသက်ရှုလေများက သူမနားရွက်များကို ပူပြီး စိုစွတ်သွားစေကာ “စီနီယာ မထိန်းနိုင်တော့ဘူး”

ကျင်းရှီက နားမလည်ခဲ့ပေ။ “ဘာကိုလဲ”

...

ထိုအချိန်တွင် အနောက်မှ “မြောင်မြောင်” ဟူသောအသံတစ်ခု ထွက်ပေါ်လာသည်။

နှစ်ယောက်သား နောက်ပြန်လှည့်ကြည့်ရာ ကြောင်ဖြူကြီးတစ်ကောင်က ပွဲကြည့်ပရိသတ်ထိုင်ခုံမှာ ထိုင်နေပြီး အမြီးက ခြေထောက်တစ်ဝိုက် ကွေးထားကာ သူတို့ကို ကြည့်နေသည်။

ကျင်းရှီက စိတ်လှုပ်ရှားစွာဖြင့် “စီနီယာ၊ ဖြူကြီး ဒီကို ရောက်လာပြီ!”

ပေါ်ရန်သည် ကြောင်ဖြူကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုကြောင်ဖြူတစ်ကောင်သည် သူ့ပေါင်ပေါ်သို့ သွက်သွက်လက်လက်တက်လာကာ သူ့ပေါ် တရင်းတနှီးပုံစံဖြင့် ခွေခွေလေးထိုင်နေသည်။

“ဖြူကြီး မတွေ့တာကြာပြီ!” ကျင်းရှီက ထိုကြောင်မေးစေ့ကို ပွတ်သပ်ရင်း “နင့်ရဲ့ကြောင်လေးတွေရော ဘယ်မှာလဲ”

ပေါ်ရန်က ကြောင်လေးကို လှဲချလိုက်ပြီး သူ့လက်ထဲမှ ကြောင်စာများကို ချကျွေးလိုက်သည်။ ဖြူကြီးသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ ကြောင်သည် ၎င်း၏ အမြီးကို မြှောက်လိုက်ပြီး သူ့ပေါ်မှဆင်းသွားကာ ပရိသတ်ထိုင်ခုံမှ ဖြည်းညှင်းစွာ ဆင်းသွားသည်။

ကျင်းရှီနှင့် ပေါ်ရန်တို့က ထိုကြောင်နောက် ချက်ချင်း လိုက်သွားကြသည်။

အမြီးနှစ်ချောင်းနှင့် ကြောင်သည် အားကစားကွင်းမှထွက်သွားကာ စိမ်းမြသောရေကန်ကိုဖြတ်ပြီး စာသင်ခန်းနှစ်ခုကြားရှိ ကျဉ်းမြောင်းသောလမ်းကိုဖြတ်၍ စစ်အကယ်ဒမီ လေ့ကျင့်ရေး စခန်းအနီးရှိ ကွင်းလွတ်တစ်ခုသို့ ရောက်သွားခဲ့သည်။

လယ်ကွင်း၏ အစွန်းတွင် ကွန်ကရစ်ပြားများစွာရှိ၍ ထိုအပြားများအောက်ရှိ မြက်ခင်းများမှ မြောင်ဟူသော အသံများထွက်ပေါ်လာသည်။

ကျင်းရှီက ပြေးလွှားသွားပြီး ကွန်ကရစ်ပြားများကြားက မြက်ခင်းထဲမှ အဖြူအမည်း ကြောင်လေး သုံးကောင်ကို တွေ့လိုက်သည်။ ကြောင်လေးများက လက်ဖဝါးလောက်တောင် မကြီးပေ။ တစ်ယောက်က အိပ်ရင်း ဟောက်နေပြီး ကျန်နှစ်ယောက်က အတူတူကစားနေကြသည်...

ပေါ်ရန်သည် အထဲသို့ နှိုက်ယူလိုက်ပြီး ကြောင်သုံးကောင်ကို ထုတ်ကာ ကွင်းပြင်တွင် ထားလိုက်သည်။

ကြောင်ဖြူကြီးသည် ယခုတွင် မိခင်ဖြစ်နေပြီဟု ပေါ်ရန်အား ဂုဏ်ယူစွာထုတ်ပြလိုက်သကဲ့သို့ ကြွားလုံးထုတ်ပြီး မြူးတူးသွားခဲ့သည်။

အားပေးမှုအဖြစ် ပေါ်ရန်သည် ထိုကြောင်ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

ရှန်ဖျင်ချွမ် ပြင်ဆင်ထားသော “ကြောင်လေးများအကြိုက်” အစားအစာကို ဖွင့်ပြီး ဖြူကြီးကို ပေးလိုက်သည်။ ဖြူကြီးသည် ကျေကျေနပ်နပ်ကြီး ထိုအစာအိတ်ကို ယူကာ စားသောက်ရန် ဘေးဖက်သို့ သွားလိုက်သည်။

ကြောင်လေးများက လူများကို လုံးဝမကြောက်တတ်ပေ။ ပေါ်ရန်သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ ကြောင်ကလေးများက သူ့အနက်ရောင်ဘောင်းဘီနှင့် ဆွယ်တာအင်္ကျီကို ကုတ်ခြစ်ကာ သူ့အပေါ်သို့ တက်ကြသည်။

ပေါ်ရန်သည် ကြောင်ကလေးများကို ကျင်းရှီဆီ ယူလာပေးသော်လည်း ကြောင်လေးများက သူမကို လျစ်လျူရှုကာ အားလုံးက ပေါ်ရန်အပေါ်သို့ ပြန်တက်ခဲ့ကြသည်။ ကျင်းရှီသည် ဤအရာကို မယုံနိုင်လောက်အောင် တွေ့ခဲ့သည်။ သူ့တွင် ကြောင်များ၏ ချစ်မွှေးများ ပါနေသည်။ အရင်က သူနှင့် ဆက်ဆံဖူးသော ကြောင်များတင်မကပဲ ယခုဤကြောင်လေးများက ပေါ်ရန်နှင့် ပထမဆုံးအကြိမ် တွေ့ဖူးတာတောင် ယခုလိုသူ့ကို ကပ်နေလေသည်။

“သူတို့အားလုံး ရှင့်ကို အရမ်းသဘောကျကြတယ်နော်”

ကျင်းရှီက ပေါ်ရန်နံဘေးတွင် ထိုင်ချလိုက်ပြီး မနာလိုစွာပြောလိုက်သည်။ “စီနီယာ၊ ရှင့်အရင်ဘဝက တိရစ္ဆာန်လေးတွေကို ကယ်ခဲ့တဲ့ နတ်ဘုရားဖြစ်ခဲ့လား၊ တိရစ္ဆာန်လေးတွေကို ဘယ်လိုမျိုး ဒီလောက်တောင် အလွယ်တကူ ဆွဲဆောင်နိုင်ရတာလဲ”

ပေါ်ရန်သည် ကြောင်တစ်ကောင်ချင်းစီကို ကျင်းရှီဆီသို့ တစ်ကောင်ပြီးတစ်ကောင် ယူလာခဲ့သော်လည်း ကြောင်လေးများသည် သူ့ကိုသာ သဘောကျကာ သူ့ဘေးတွင် နေနေခဲ့ကြသည်။

ကြောင်လေးများအားလုံးက ကျင်းရှီကို လျစ်လျူရှုပြီး ပေါ်ရန်ကိုသာ ဝိုင်းထားပြီး ကုတ်ခြစ်ပွတ်သပ်နေကြသည်။

ပေါ်ရန်သည် ဒူးတစ်ဖက်ကို ကွေးထားပြီး အခြားခြေထောက်တစ်ဖက်ကို မြက်ခင်းပြင်ပေါ်တွင် ဆန့်တန်းကာ ကြောင်လေးများ၏ ခေါင်းများကို ပွတ်သပ်နေသည်။

နေဝင်ဆည်းဆာချိန်သည် သူ့အပေါ် နွေးထွေးစွာ တောက်ပနေသည်။ ကျင်းရှီသည် သူ့ဘေးတွင် တိတ်တိတ်လေး ထိုင်နေလိုက်သည်။

ကျင်းရှီ၏ တိတ်ဆိတ်မှုကို မြင်လိုက်ရသဖြင့် ပေါ်ရန်က သူမကို မော့ကြည့်လိုက်သည်။ “ဘာဖြစ်နေတာလဲ”

ကျင်းရှီက ဆူပုတ်ပြီးပြောလိုက်သည်။ “ကလေးက မနာလိုဖြစ်နေတာ”

ကြောင်လေးများက သူမနှင့် မကစားချေ။

ပေါ်ရန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတက်သွားကာ သူ့မျက်လုံးများသည် မကြုံစဖူး နူးညံ့သိမ်မွေ့မှုများနှင့် ပြည့်နှက်နေသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကြောင်လေးများကို လုပ်သလိုမျိုး သူမခေါင်းလေးကို ပွတ်သပ်လိုက်သည်။

“မနာလိုမဖြစ်ပါနဲ့ စီနီယာက မင်းကို ပိုချစ်ပါတယ်”

......

ဆောင်းရာသီ အားလပ်ရက် ကုန်ဆုံးပြီး မတ်လအစောပိုင်းတွင် မြေလူးငှက်လေးများပျံသန်းနေပြီး မြက်ပင်များကြီးထွားလာသောအခါတွင် စည်ကားသော ကျောင်းတက်ရာသီသို့ ရောက်ရှိလာခဲ့သည်။

စာသင်နှစ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သော စာပေကလပ်သည် နောက်ဆုံးတွင် စာသင်နှစ်သစ်အကြိုတွင် အထွေထွေ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့သည်။

စာသင်ခန်းမှာ လူဆယ်ယောက်ထက် မပိုပဲ လူအနည်းငယ်သာရှိနေသည်။ ကျင်းရှီနှင့် ချူးကျောက်တို့သည် တစ်နည်းနည်းဖြင့် အမိဖမ်းခံရပြီး စာပေကလပ် အဖွဲ့အစည်းဌာန၏ အမှုဆောင်အဖွဲ့ဝင်များ အတင်းအကြပ်ဖြစ်လာခဲ့ရသည်။

သူမသည် ချူးကျောက်အား တိုးတိုးလေးပြောလိုက်သည်။ “ဒီကျောင်းအဆင့် ကြယ်ငါးပွင့်ရကလပ်ရဲ့ ကျဆင်းနေတဲ့ အခြေအနေက ငါတို့ မြောင်မြောင်ကလပ်နဲ့ ယှဉ်လို့ရတယ်”

ချူးကျောက်က ပြန်ဖြေလိုက်သည်။ “အနည်းဆုံးတော့ ငါတို့ မြောင်မြောင်ကလပ်က နင့်ရဲ့အစ်ကိုကြီးပေါ်ရဲ့ ရုပ်ရည်လေးရယ်၊ အစ်ကိုကျင့်ရဲ့ ချမ်းသာမှုနဲ့ နည်းပြရှုရဲ့ လုပ်အားတွေ ရှိသေးတယ်။ စာပေကလပ်ကတော့ ... အမ်...”

ချူးကျောက်က “အမ်” ဟုပြောလိုက်သည်နှင့် ကျောင်းသားတစ်ယောက်က စာသင်ခန်းထဲကို ဝင်လာပြီး မိန်းကလေးများ၏ အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

ကျန့်စစ်ရွင်း၊ အဖွဲ့အစည်းဌာန၏ ဒုဥက္ကဌ။

ကျန့်စစ်ရွင်းသည် ချစ်စရာကောင်းသော မက်မွန်ပွင့်မျက်လုံးတစ်စုံနှင့် နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသည်။ သူပြုံးလိုက်သောအခါ နွေဦးလေညင်းကဲ့သို့ပင်။

မိန်းကလေးတစ်ယောက်က ကျန့်စစ်ရွင်းကို ချစ်ကြောင်း ဝန်ခံခဲ့ဖူးပြီး “ရှင်က ကမ္ဘာပေါ်က ဧပြီလနေ့လေးပါ” ဟု ခေါ်ခဲ့သောကြောင့် လူတိုင်းက သူ့ကို အစ်ကို ၄ ဟုသီးသန့်ခေါ်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း မိန်းကလေးသည် အဆုံးတွင် အငြင်းခံခဲ့ရသော်လည်း “ရှင်က ကမ္ဘာပေါ်က ဧပြီလနေ့လေး” ဟူသော အမည်ပြောင်သည် ကျန့်စစ်ရွင်း၏ အမည်ပြောင် - စီနီယာ ဧပြီ အဖြစ်သို့ ပြောင်းလဲသွားသည်။

သူတစ်ယောက်တည်းက စာပေကလပ်တစ်ခုလုံး၏ မျက်နှာဖုံးနှင့် ပါရမီရှင်ဟု ပြောလို့ရသည်။

သူဝင်လာသည်နှင့် တပြိုင်နက် စာပေကလပ်မှ မိန်းကလေးများ ငြိမ်သက်သွားကြသည်။

“ငါ့ရဲ့ အစ်ကို ၄ ရောက်လာပြီ”

“အိုး၊ ငါ စာပေကလပ်ကို ဝင်ခဲ့တာက ငါ့ရဲ့ အစ်ကို ၄ကြောင့်ပဲ!”

ကျင်းရှီက သူ့ကို ကြည့်လိုက်သည်။ ဒီ စီနီယာကျန့်က တကယ်ကို အိုင်ဒေါတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

စာသင်ခန်းထဲသို့ဝင်ပြီးနောက် ကျန့်စစ်ရွင်းသည် ကျင်းရှီဆီသို့ တည့်တည့်လျှောက်လာပြီး သူမကို ငုံ့ကြည့်လိုက်သည်။

သူ့ခြေလှမ်းများနှင့်အတူ အခန်းတွင်းရှိ မိန်းကလေးများအားလုံး၏ မျက်လုံးများသည် ကျင်းရှီပေါ်သို့ ကျရောက်လာသည်။

ကျင်းရှီ - ?

အခြေအနေက ဘယ်လိုကြီးလဲ။

သူမဘေးနားက ကျန့်စစ်ရွင်းကို ထိတ်လန့်တကြားကြည့်ပြီးနောက် ချူးကျောက်ကို ပြန်ကြည့်လိုက်သည်။ “ဒီ စီနီယာကျန့်က ဘာလုပ်ချင်နေတာလဲ”

ချူးကျောက်သည်လည်း ထပ်တူထပ်မျှပင် ပဟေဋ္ဌိဖြစ်ခဲ့သည်- “သူက နင့်ကို သဘောကျနေတာထင်တယ်”

ကျင်းရှီ၏ မျက်နှာကြီးသည် နီရဲလာသည်။ ဘယ်လိုမှမဖြစ်နိုင်၊ အချစ်ဝတ္ထုများဟာ ဒီလို ပြဇာတ်ဆန်ဆန် မဟုတ်ပါဘူး။

သူမသည် ရှက်သွားပြီး ဆံပင်များကို ပွတ်သပ်လိုက်သည်။

ကျန့်စစ်ရွင်း၏ ပါးစပ်သည် အနည်းငယ် ကွေးသွားသည် - “အတန်းဖော်၊ မင်း ဥက္ကဌရဲ့ ထိုင်ခုံမှာ ထိုင်နေတယ်၊ ကျေးဇူးပြုပြီး ဖယ်ပေးပါ”

"..."

သူမက ချူးကျောက်ကို ပြင်းပြင်းထန်ထန် ညှစ်လိုက်ပြီး ချူးကျောက်ဖက်သို့ လှည့်လိုက်သည်။ ကျင်းရှီသည် ချူးကျောက်၏ ထိုင်ခုံဆီသို့ ရွှေ့လိုက်ပြီး ကျန့်စစ်ရွင်းက သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

အဆင်မပြေဖြစ်နေသည်။

အဖွဲ့အစည်းဌာန၏ ဒုဥက္ကဌအဖြစ် ကျန့်စစ်ရွင်းသည် ကျင်းရှီနှင့် ချူးကျောက်တို့ကို စကားအနည်းငယ်ပြောရန် ရံဖန်ရံခါ ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလေ့ရှိသည်။ ကျင်းရှီနှင့် ချူးကျောက်တို့က သူနှင့် မျက်လုံးချင်းဆုံမိတိုင်း ဓါတ်လိုက်သလို ခံစားလိုက်ရသည်။

နတ်သားနှင့်တူသော စီနီယာ၊ သူ၏ နက်မှောင်သော မျက်လုံးတစ်စုံက လှပလွန်းသည်။

ကျန့်စစ်ရွင်းသည် ရုပ်ရည်ချောမောရုံသာမက ထူးချွန်သူလည်းဖြစ်သည်။ သူသည် အမျိုးသားကောလိပ်ကျောင်းသားများ၏ ဂန္ထဝင်ကဗျာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရကာ“ချုံးချင်းတက္ကသိုလ်၏ အထူးချွန်ဆုံးနှင့် အချောဆုံး” ဟုလူသိများပြီး တီဗွီပေါ်တောင် ပေါ်လာသေးသည်။

ယခုတွင် “ချောမောပြီး ထက်မြက်သော နတ်ဘုရား” သည် ကျင်းရှီနှင့် ချူးကျောက်တို့၏ ဘေးတွင် ထိုင်နေလေသည်။ အခြားမိန်းကလေးများကဲ့သို့ပင် သူတို့နှစ်ယောက်သား စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားနေကြသည်။

“ဂုယုကဗျာတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဥက္ကဌက ပြောထားတာကို ကြားပြီးပြီထင်တယ်၊ အဲဒါကြောင့် ငါ ထပ်မပြောတော့ဘူး” ဟုကျန့်စစ်ရွင်းက ကျင်းရှီနှင့် ချူးကျောက်တို့ကို ပြောခဲ့သည်။ “နောက်လုပ်မယ့်အလုပ်ကို ငါစီစဉ်လိုက်မယ်”

“ခဏနေပါဦး ဥက္ကဌကြီး ဘာပြောသွားတာလဲ”

“ဘာဂုယုကဗျာတွေ့ဆုံပွဲလဲ”

မိန်းကလေးနှစ်ယောက်သည် နတ်ဘုရားကို ခိုးကြောင်ခိုးဝှက်ကြည့်နေပြီး အလုပ်များနေသဖြင့် စင်မြင့်ပေါ်၌ ဥက္ကဌပြောခဲ့သည့် စကားတစ်ခွန်းမှ မကြားလိုက်ရပဲ ဝိုးတဝါးများသာ ကြားနေရကြသည်။

ကျန့်စစ်ရွင်းသည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်ပြီး “ဒါဆို ငါ နောက်တစ်ခါ ထပ်ပြောပြမယ်၊ ဒီတစ်ခါတော့ သေချာ နားထောင်”

ကျင်းရှီနှင့် ချူးကျောက်တို့သည် စစ်သင်တန်းတက်နေသကဲ့သို့ အာရုံစူးစိုက်မှုအပြည့်ဖြင့် ချက်ချင်း သေချာထိုင်လိုက်သည်။

“စပါးစိုက်တဲ့မိုးရာသီမှာ စာပေကလပ်က နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ကလပ်အသင်းဝင်တွေ စုပေါင်းပြီး ပွဲကို အောင်မြင်အောင်လုပ်တဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ ကျောင်းတွင်း ဘာဂုယုကဗျာတွေ့ဆုံပွဲကို ကျင်းပမှာ ဖြစ်တယ်”

ချူးကျောက်က ပြောလိုက်သည်။ “ဒါဆို စာပေကလပ်ဟာ တစ်နှစ်ခွဲလောက် ပျောက်သွားပြီးတော့ အခုချက်ချင်းပဲ ကျွန်မတို့ကို အလုပ်လုပ်ခိုင်းဖို့ ပြန်ပေါ်လာတာပေါ့”

ကျင်းရှီက သူမကို တံတောင်ဆစ်နှင့် တွတ်လိုက်သည်။ “အဲ့လောက်ကြီး ပေါ်ပေါ်ထင်ထင် မပြောနဲ့လေ”

ကျန့်စစ်ရွင်းသည် လုံးဝ ဒေါသထွက်ပုံမပေါ်ပဲ အေးအေးဆေးဆေး ချောင်းဟန့်ပြလိုက်သည်- “နွေဦးရာသီစပြီးနောက်ပိုင်း ဒုတိယစာသင်နှစ်မှာ ငါတို့စာပေကလပ်လှုပ်ရှားမှုတွေကို လုပ်လေ့ရှိတယ်။ ကျောင်းသားသစ်တွေလည်း ပထမစာသင်နှစ်မှာတင် ကျောင်းဝင်းထဲ ရောက်လာကြပြီးတော့ လိုက်လျောညီထွေ ကောင်းကောင်း မဖြစ်ကြသေးဘူး၊ အဲဒါကြောင့် အလျင်စလို လှုပ်ရှားလုပ်ဆောင်မှုတွေက အကောင်းဆုံး အကျိုးသက်ရောက်မှုတွေ ရှိလာမှာမဟုတ်ဘူး”

ကျင်းရှီနှင့် ချူးကျောက်တို့က ပြောစကားနားထောင်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။ ဟုတ်သည်၊ မှန်သည်၊ လူချောလေးက ဘာပဲပြောပြော မှန်သည်။

ကျန့်စစ်ရွင်းသည် ကျင်းရှီနှင့် ချူးကျောက်တို့ကို နောင်တွင် အလုပ်စီစဉ်ရာတွင် အဆင်ပြေချောမွေ့စေရန် အဖွဲ့အစည်းဌာန၏ WeChat ဂရုသို့ ပေါင်းထည့်ခဲ့သည်။

လာမည့်လများတွင် ကျင်းရှီနှင့် ချူးကျောက်တို့သည် သစ်သားစားပွဲလေးများ သယ်လာပြီး ဂုယု ကဗျာတွေ့ဆုံပွဲကို ကြော်ငြာဖို့နှင့် ကျောင်းသားများကို စာရင်းသွင်းပြီး ပါဝင်ဖို့ ဆွဲဆောင်ရန် လူစည်ကားနေသော ကျောင်းရှိကော်ဖီဆိုင်၏ အဝင်ပေါက်တွင် ယာယီတဲထိုးကာ နေရာချခဲ့သည်။

ယာယီတဲထိုးပြီးသည့် ပထမဆုံးနေ့တွင် ကျင်းရှီသည် သစ်သားစားပွဲငယ်ပေါ်တွင် ချိတ်ဆွဲထားသော ပရိုမိုးရှင်းပိုစတာကို ကြည့်ပြီး လေးလေးနက်နက် တွေးတောနေမိသည်။

ဂုယုကဗျာတွေ့ဆုံပွဲအတွက် ဇာတ်ကောင်လေးယောက်ကို လျောက်ပတ်စွာ ရေးထားပေမယ့် ပတ်ပတ်လည်က ပန်းပွင့်လေးများက... အကျည်းတန်လွန်းနေသည်။

ချူးကျောက် - “ဒါတွေကို ကြည့်လိုက်ရင် ဖင်ပေါက်တွေ ကျနေတာပဲ”

ကျင်းရှီ - “အာ၊ အဲဒါတွေက ကြာပန်းပွင့်တွေမှန်း သိသာပါတယ်”

ချူးကျောက် - “ဒီပိုစတာက ရုပ်ဆိုးလွန်းလို့ စံချိန်သစ်တင်သွားပါပြီ။ အဲ့ဟာဆွဲတဲ့သူအတွက် ဦးထုပ်တွေ ချွတ်ပြီး ဂုဏ်ပြုပေးလိုက်ပါဦး”

ဘေးမှာရပ်နေသော ကျန့်စစ်ရွင်းက “အမ်...တကယ်တော့ အဲဒါတွေက ဖယောင်းပန်းတွေပဲ၊ ငါဆွဲထားတာ”

ကျင်းရှီသည် လက်ပိုက်ရင်း စဉ်းစားနေပြီး ခေါင်းညိမ့်လိုက်သည်။ “ချူးကျောက်၊ ဒီတစ်ကိုယ်တည်းဖြစ်နေတဲ့ ဖယောင်းပန်းကိုင်းက တကယ်လှတယ်နော် နင်ရောဘယ်လိုထင်လဲ”

ချူးကျောက်က စိတ်အားထက်သန်စွာ- “နင်ပြောတာမှန်တယ်၊ ဒီအံ့မခန်းအနုပညာလက်ရာတွေထဲမှာ စိတ္တဇပန်းချီနဲ့ ရောယှက်လိုက်တာဟာ ကျွမ်းကျင်မှုမရှိပဲ သတ္တိရှိရှိနဲ့ လုပ်ကြည့်လို့ရမယ့် အရာတွေမဟုတ်ဘူး။

ကျန့်စစ်ရွင်း - ...ငါ့ကို ဟာသဖြစ်အောင် လုပ်ပေးလို့ ကျေးဇူးပါ။

အတန်းခေါင်းလောင်းသံမြည်သွားပြီး ကျောင်းသားများသည် စာသင်ခန်းမှ ထွက်ကာ ကော်ဖီဆိုင်ဆီသို့ လျှောက်လာကြသည်။ သို့သော် အများစုက ပိုစတာကို တစ်ချက်ကြည့်လိုက်ပြီး ထွက်သွားသည်။

ချူးကျောက် - “ဘာလို့ ဘယ်သူမှ အသင်းမဝင်ကြတာလဲ”

ကျင်းရှီ- “ဒါက ပိုစတာနဲ့ ဘာမှမဆိုင်ပါဘူး”

ကျန့်စစ်ရွင်းက သူ့ပိုစတာကို ကြည့်လိုက်သည်။ “လူတွေ မျက်စိကို ဖမ်းစားဖို့ လိုသေးလား။ မင်းတို့မိန်းကလေးတွေမှာ အဲ့လိုအရည်အချင်းတွေ ရှိလား”

ချူးကျောက်က ကျင်းရှီကို လက်ညှိုးထိုးပြလိုက်သည်။ “သူက ရင်ဘတ်ပေါ် ကျောက်တုံးတွေတင်ပြီး ထုချေပစ်နိုင်တယ်”

ကျန့်စစ်ရွင်း - “ကောင်းပြီ၊ ဒါဆို ကျင်းရှီက လူတိုင်းအတွက် ကဗျာတစ်ပုဒ်ရွတ်နိုင်မှာပါ”

ကျင်းရှီ -...

နေဝင်ရီတရောအချိန်တွင် ပေါ်ရန်၊ ကျင့်ချီနှင့် အခြားသူများသည် လေ့ကျင့်ရေးကွင်းတွင် တီရှပ်များ ဝတ်ဆင်ကာ စစ်ပြောက်ကျား ဂျာကင်အကျီများ ကိုင်လာကြသည်။ နေရောင်အောက်မှာ လမ်းလျှောက်ရင်း သူတို့၏ ရှည်လျားသော အရိပ်များက အကြမ်းပတမ်းပုံများ ပေါက်နေသည်။

အတားအဆီးများ ဖြတ်ကျော်ခြင်းပြိုင်ပွဲတစ်ခုပြီးဆုံးသွားပြီးနောက် သူတို့၏ လက်များနှင့် အဝတ်အစားများသည် ဖုန်မှုန့်များနှင့် စွန်းထင်းနေခဲ့သည်။ သူတို့သည် အရပ်ရှည်ရှည်နှင့် ချောမောနေပြီး လမ်းမပေါ် လျှောက်သွားရာ လူအများ၏ အာရုံစူးစိုက်မှု အများအပြားကို ဖမ်းစားနိုင်ခဲ့သည်။

ကော်ဖီဆိုင်ဝင်ပေါက်ကို ဖြတ်သွားရင်း နူးညံ့ပြတ်သားသော အသံသည် ပေါ်ရန်၏ နားထဲသို့ စိမ့်ဝင်လာသည်-

“ငါမင်းကိုချစ်ရင် ငါ့ကိုယ်ငါကြွားဖို့ မင်းရဲ့အကိုင်းအခက်တွေကိုသုံးပြီး နံရံပေါ် တွယ်တက်တတ်တဲ့ စပျစ်နွယ်ပင်တွေလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး”

“အစ်ကိုပေါ် အတူတူစားရအောင်!”

“ငါဗိုက်မဆာဘူး၊ မင်းတို့ သွားစားနှင့်”

ပေါ်ရန်သည် အသံနောက်လိုက်ကာ လူအုပ်ဆီသို့ အားကြိုးမာန်တက် လျှောက်လာသည်။ ကြပ်ညက်နေသော ကျောင်းသားများကို ဖြတ်လျှောက်လိုက်ရာ စားပွဲသေးသေးလေးတွင် ကဗျာရွတ်နေသည့် ကျင်းရှီကို တွေ့လိုက်ရသည်။

သူမ၏ မျက်နှာလေးသည် နီမြန်းနေပြီး သစ်သားတုံးကြက်ရုပ်ကဲ့သို့ ထုံအနေသလို သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ရင်တုန်ပန်းတုန်ဖြင့် ဆုပ်ကိုင်ထားသည်။

“မင်းမှာ မင်းရဲ့ကြေးနီရောင်အကိုင်းအခက်၊ သံပင်စည်၊ ဓားတိုတစ်ချောင်း၊ ဓားရှည်တစ်ချောင်း ဒါမှမဟုတ် လှံတစ်ချောင်းလိုပဲ၊ ငါ့မှာက ကြီးမားပြီး နီရဲတဲ့ အပွင့်တွေ ရှိတယ်၊ ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မီးရှူးတိုင်လိုပါပဲ”

သူမအတွက် ကဗျာများကိုရွတ်ရသည်မှာ ထူးဆန်းနေသည်။

ကျင့်ချီသည် ပေါ်ရန်ဆီသို့ လျှောက်သွားပြီး သူ့ပုခုံးကို ပါးပါးလေး ပုတ်လိုက်သည်။ “ဘာတွေ အဲ့လောက် တမ်းတမ်းစွဲဖြစ်နေတာလဲ”

ပေါ်ရန်က အရမ်းလေးနက်သည့်ပုံနှင့် “ငါ့မုန်လာဥလေးက ငါ့အတွက် ကဗျာတွေရွတ်နေတယ်”

“ကိုယ့်ကိုကိုယ် အဲ့လောက်ထိလည်း အထင်ကြီးမနေပါနဲ့၊ သူက မင်းအတွက် ဘာလို့ရွတ်ပြရမှာလဲ”

“သူက ငါ့ကို ရွတ်ပြနေတာလေ”

“ကောင်းပြီ၊ ပြောချင်ရာပြောတော့ သခင်ကြီး”

ပေါ်ရန်သည် သူ့ပခုံးပေါ်တင်ထားသော စစ်ပြောက်ကျား ဂျာကင်အင်္ကျီကို လှုပ်ယမ်းကာ ပြန်ဝတ်ပြီးနောက် ကျင်းရှီ၏ တဲငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။ “မုန်လာဥလေး!”

ပတ်ဝန်းကျင်က မိန်းကလေးများအားလုံးက ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

All Chapters