← Chapters

အပိုင်း (၄၂)

Vol. 4 Ch. 42

အပိုင်း (၄၂)

Vol. 4 Ch. 42

နည်းပြဆရာက ဝီစီကို မှုတ်ကာ တန်းဖြုတ်ရန် အချက်ပြလိုက်ပြီးနောက် ပေါ်ရန်သည် လှည့်ထွက်သွားကာ ဝူတုံလမ်း အဆုံးဆီသို့ လျှောက်သွားလိုက်သည်။ ကျင့်ချီနှင့် ရှုချောင်းယန်တို့သည် သူ့ကို အလျင်အမြန် လိုက်ဖမ်းကြသည်။

ပေါ်ရန်သည် လမ်းဘေးသို့ ရောက်သောအခါ အသိစိတ်မဲ့ကာ လမ်းဘေးရှိ အမှိုက်ပုံးကို ရုတ်တရက် ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။

ကျယ်လောင်သော “ဂျိမ်း” ဟူသော အသံနှင့်အတူ သတ္တုအမှိုက်ပုံးသည် လုံးလုံးလျားလျား လေထဲသို့ မြှောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖြတ်သွားသော မိန်းကလေးတစ်ယောက်သည် ရှိုက်ကြီးတငင် အော်ဟစ်ကာ လန့်သွားခဲ့သည်။

ရှုချောင်းယန်နှင့် ကျင့်ချီတို့သည် ပေါ်ရန်မှာ မဆင်မခြင် ဒေါသတကြီးဖြင့် လှမ်းကန်ကာ လမ်းသွားလမ်းလာများကို ဒဏ်ရာရစေပြီး အသက်ဆုံးရှုံးနိုင်မည်ကို စိုးရိမ်နေသဖြင့် အမြန်ပြေးကာ လိုက်ဆွဲနေခဲ့သည်။

ရက်စက်ယုတ်မာမှု အလင်းတန်းများသည် ပေါ်ရန်၏ မျက်လုံးများထဲတွင် ဖြတ်ခနဲ တွေ့လိုက်ရသည်။ လမ်းမီးတိုင်ကို အပြင်းအထန် ထိုးနှက်ရင်း လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူတို့ နှစ်ယောက်ဆွဲထားသည်ကို ခါထုတ်ပစ်လိုက်သည်။

လမ်းမီးတိုင်များ တုန်ခါသွားသလို ပြင်းထန်သော အသံများ ထပ်ထွက်လာသည်။ မီးအလင်းရောင်တစ်ဝိုက်တွင် ပိုးဖလံများစွာ ထပျံသွားကြသည်။

“ပေါ်ရန် မင်း ဘာဖြစ်နေတာလဲ!” နည်းပြဆရာက သူ့ဆီ လျှောက်လာရင်း လိမ့်ကျလာသော အမှိုက်ပုံးကို ကြည့်ရင်း အော်ဟစ်လိုက်သည်။ “အစားတွေ ကောင်းကောင်းစားထားရတော့ အားတွေအရမ်းရှိနေလား? မင်းကွင်းကို ပတ်ပြေးစမ်း၊ တစ်ညလုံး ပြေးနေလိုက်”

မှုန်ကုပ်ကုပ်နှင့် ပေါ်ရန်သည် လှည့်ထွက်သွားကာ ပြေးလမ်းပေါ်သို့ သွားပြေးနေခဲ့သည်။

...

လေ့ကျင့်ရေးပြီးဆုံးပြီးနောက် ယောကျ်ားလေးအဆောင် ၈ တွင် ကျင့်ချီသည် အခန်း ၄၀၉ နားသို့ သူ့အင်္ကျီကို ကိုင်ကာ ဖြတ်သွားခဲ့သည်။ ထိုအခန်းတံခါးသည် ပွင့်နေပြီး အထဲကို ချောင်းကြည့်နေကာ တံခါးဝမှာ ရပ်နေသည်။ “ကျောက်လေး သက်သာရဲ့လား”

ချူးကျောက်သည် အဆင့် ၄ ဝေါဟာရ စကားလုံးများကို ရွတ်ဆိုရင်း ကုတင်ပေါ်တွင် ထိုင်ကာ ခြေထောက်များကို ကုတင်အစွန်းမှ ချထားပြီး ခြေထောက်များကို ပက်တီးဖြင့် ထုတ်ထားလျက် လှုပ်ရမ်းနေသည်။ “အင်း မနာတော့ဘူး”

“မနက်ဖြန် အတန်းက ဘယ်အချိန်လဲ”

“ဆယ်ခွဲ”

“ကောင်းပြီ ငါအချိန်ရတယ် မင်းကို အတန်းထိလိုက်ပို့ပေးမယ်”

“ကျေးဇူးတင်ပါ စီနီယာ”

ကျင်းရှီသည် ကျင့်ချီကို ကျော်၍ တစ်ဖက်ရှိ အဆောင်အခန်းဆီသို့ ပြန်ကြည့်လိုက်သည်။ လူ ၃ ယောက်သာ ပြန်လာခဲ့ပြီး ထိုလူကို သူမ မတွေ့ခဲ့ရပေ။

သူမ စိတ်ရှုပ်သွားသော်လည်း စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ သူ ကြိုက်သလို လုပ်ပါစေ၊ သူမနှင့် မည်သို့မျှ မသက်ဆိုင်ပါ။

ကျင်းရှီသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သူမ၏ အစီအစဉ်ဆွဲထားသည့်စာအုပ်ကို ဆက်ကြည့်နေသည်။

ကျင့်ချီ - “ငါတို့တွေ အခုမှ ပြီးသွားတာ။ လမ်းဘေးမှာ အရုပ်ဆိုးလွန်းတဲ့ အမှိုက်ပုံးရှိနေတယ်လေ၊ အဲဒါက ဘုရင်မင်းမြတ်ပေါ်က စကားတစ်ခွန်းမှ မပြောပဲ သွားပြီး ကန်ထုတ်ပစ်လိုက်တယ်”

လင်းလောလည်း နားမလည်နိုင်ဖြစ်သွားပြီး “သူက ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ”

“ဆေးမှားသောက်မိလို့ ဖြစ်မှာပေါ့”

ကျင့်ချီသည် ကျင်းရှီ၏ နောက်ကျောကို ကြည့်လိုက်သည်။ “ငမိုက်သားက အချိန်မှားပြီး သေဖို့လုပ်နေတာ။ ငါတို့လေ့ကျင့်ပြီးသွားတာနဲ့ ချက်ချင်းဆိုသလိုပဲ နည်းပြဆရာက မိသွားပြီးတော့ ကွင်းထဲ ပတ်ပြေးခိုင်းပြီး အပြစ်ပေးတယ်လေ။ ညလယ်လောက်အထိ သူပြန်လာမှာမဟုတ်ဘူးလို့ ငါထင်တယ်”

ကျင်းရှီသည် ရုတ်တရက် ထရပ်လိုက်ပြီး တံခါးဆီသွားကာ ကျင့်ချီကို ပြောလိုက်သည်။ “နောက်ကျနေပြီ စီနီယာ။ စီနီယာလည်း ပြန်သင့်ပြီ”

ကျင့်ချီ၏ တုံ့ပြန်မှုကို မစောင့်တော့ပဲ တံခါးကို “ဘန်း” ခနဲပိတ်လိုက်သည်။

ကုတင်ပေါ်မှ ချူးကျောက်သည် သူမ၏ ခြေထောက်များကို နောက်တစ်ကြိမ် လှုပ်ရမ်းလိုက်သည်။ “သူ ငါ့ကိုတွေ့ဖို့လာခဲ့တာ။ နင် ဘာလို့ သူ့ကို မောင်းထုတ်လိုက်တာလဲ”

ကျင်းရှီသည် နှုတ်ခမ်းစူကာ ဒေါသတကြီးဖြင့် ပြန်ထိုင်လိုက်သည်။

သူ့ဟာသူ ဖြစ်ချင်ရာ ဖြစ်နေပါစေ၊ သူနဲ့ အဲဒါက တန်တယ်။

ပြေးရုံလေးပဲဖြစ်သည်။ သူသည် အကြိမ်ပေါင်းရာနဲ့ချီပြီး ဒေါက်ထိုးနိုင်သည်။ ကွင်းပတ်ပြေးခြင်းက သူ့ကို ဘယ်လိုလုပ် ပင်ပန်းအောင် လုပ်နိုင်မှာလဲ။

စိတ်ကြီးဝင်နေတဲ့ကောင်၊ သူဒီထက်ပိုပြီးခံစားသင့်တယ်။

ကျင်းရှီသည် ရေနွေးပူပူဖြင့် ရေချိုးပြီး အိပ်ရာစောစောဝင်ကာ ဘာကိုမှ မစဉ်းစားပဲ စောင်အောက်တွင် မျက်လုံးမှိတ်ကာ အတင်းအိပ်လိုက်သည်။

ခဏကြာသောအခါ အခန်းဖော်များကလည်း တစ်ယောက်ပြီး တစ်ယောက် ကိုယ်စီအိပ်ရာပေါ် တွားသွားကာ မီးများ ပိတ်လိုက်သည်။

ကျင်းရှီသည် အိပ်မပျော်နိုင်။ သူမသည် အိပ်ရာပေါ်လှဲချနေပြီး လျှောက်လမ်းရှိ ခြေသံများကို နားထောင်နေသည်။

ဘေးအဆောင်ခန်းက ဘာမှ လှုပ်ရှားမှု မရှိတော့ပေ။

သူပြန်မလာသေးဘူး။

သူပြန်မလာဘူးဆိုရင် ပြန်မလာဘူးပေါ့ နင်နဲ့ဘာဆိုင်လို့လဲ။

ကျင်းရှီသည် သူမမျက်လုံးများကို အတင်းမှိတ်လိုက်သည်။

ပြတင်းပေါက်အပြင်ဖက်တွင် ရုတ်တရက် နွေဦးကာလ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှ မိုးသည်းထန်စွာ ရွာချလာသော မိုးသံကြားလိုက်ရသည်။

အချိန်တန်ရွာတတ်သော နွေဦးမိုးသည် အရာအားလုံးကို ပြန်လည်ရှင်သန်စေခဲ့သည်။ လေနုအေးက အခန်းထဲသို့ မိုးစက်များကို သယ်ဆောင်လာသည်။

ကျင်းရှီစာ် ကုတင်ပေါ်မှ ခုန်ဆင်းပြီး အပြင်ကိုကြည့်ရန် ပြတင်းပေါက်ဆီသို့ ပြေးသွားခဲ့သည်။ လမ်းမီးတိုင်များအောက်၌ မိုးရေများသည် သပ်ရပ်သောမျဉ်းကြောင်းများလို ရွာသွန်းနေပြီး မြေပြင်ကိုထိမိသည့်အခါ ရေပေါက်လေးများ ပေါက်ထွက်သွားသည်။

လင်းလောသည် ခေါင်းပြူထွက်ပြီး မေးလိုက်သည်။ “ရှီလေး နင်ဘာလို့ မအိပ်သေးတာလဲ”

ကျင်းရှီက “မိုးရွာနေတယ်” ဟုတိုးတိုးလေး ပြောလိုက်သည်။

လင်းလောက ပျင်းရိစွာ သမ်းလိုက်သည်။ “မိုးရွာနေတာသိတယ်လေ လိမ်လိမ်မာမာနဲ့ ကောင်းကောင်းပြန်အိပ်တော့”

ကျင်းရှီသည် သူမ၏ ကုတင်ဘေးသို့ ပြေးသွားသည်။ “လောလော၊ နင့်မှာ အဆောင်မှူးရဲ့ တံခါးဝင်ခွင့်ကတ် ရှိတယ်မလား”

“အင်း၊ အဲဒါကို ဘယ်လိုသိတာလဲ”

"အစ်ကို Nike က နင့်ကို အဲ့ကတ်ရောင်းလိုက်တယ်မလား”

“နင် အဲဒီအချိန်ကတည်းက တကယ်အခွင့်ကောင်းယူခဲ့တာ၊ အခု နင်သူ့စကားဆို အရမ်းနာထောင်ပြနေတယ်” လင်းလောက ထထိုင်လိုက်ပြီး တိုးတိုးလေးပြောပြီး “ဒါကို လျှို့ဝှက်ထားပေး၊ ဒါမှမဟုတ် အဆောင်က အဒေါ်သိရင် ငါတို့ အားလုံး ကိစ္စချောသွားလိမ့်မယ်”

အဆောင်မှူးထံမှ တံခါးဝင်ခွင့်ကတ်များကို ခိုးယူကာ အဆောင်မှူး သတိမပြုမိခင် ပြန်ထားပြီး ၎င်းတို့ကို တစ်နည်းတစ်ဖုံ တူညီစွာ ကတ်များပွားအောင် ပြုလုပ်ထားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

အဆောင် ၈မှ ယောက်ျားလေး တော်တော်များများမှာ ထိုကတ်ရှိကြသည်။ အဆောင်ကို နောက်ကျမှ ပြန်ရောက်သောအခါ တိတ်တိတ်ဆိတ်ဆိတ် ခိုးဝင်၍ရသောကြောင့် အလွန်အဆင်ပြေသည်။

လင်းလော၏ အံဆွဲထဲမှ တံခါးဝင်ခွင့်ကဒ်ကိုယူကာ ထီးတစ်လက်ကို ကိုင်ထားခဲ့ပြီး လင်းလောက အလျင်အမြန်ပြောလိုက်သည်။ “သတိထား၊ အဆောင်ထဲမှာ ဟိုအဒေါ်ကြီးမတွေ့စေနဲ့!”

“ငါသိတယ်”

ကျင်းရှီသည် အောက်ထပ်သို့ အမြန်ဆင်းကာ ထောင့်စွန်းမှ အဆောင်မှူးအခန်းဆီသို့ သတိထားပြီး ချောင်းကြည့်လိုက်သည်။ ညသန်းခေါင်ကျော်နေပြီ၊ အဆောင်မှူးအခန်းက မီးများပိတ်သွားပြီ၊ အဆောင်မှူးကြီးလည်း အိပ်ပျော်သွားပြီဖြစ်သည်။

သူမသည် တံခါးဆီသို့ ခိုးဝင်ကာ တံခါးဝင်ခွင့်ကတ်ကို စက်တွင်ကတ်ဖြတ်လိုက်သည်။ “ဘီး” ဟူသော မြည်သံနှင့်အတူ သံတံခါးပွင့်လာသည်။

ဆူညံသံများ အရမ်းမထွက်အောင် ကျင်းရှီက သံတံခါးကို ညင်သာစွာ ပိတ်လိုက်သည်။

နွေဦး မိုးကြိုးမုန်တိုင်းက သဲသဲမဲမဲ မဟုတ်ပေမယ့် မိုးက သည်းထန်နေသည်။ အေးမြသောလေနှင့် ရောစပ်ထားသောမိုးရေသည် အရိုးထိ အေးစိမ့်သွားသည်။

ကျင်းရှီသည် ထီးဆောင်းကာ အမြန်လျှောက်ပြီး တတိယတပ်စု၏ ပြေးကွင်းဆီသို့ ဦးတည်သွားခဲ့သည်။

ပတ်ပတ်လည်တွင် လမ်းသွားလမ်းလာမရှိ။ သူမဖြတ်သွားသော အဆောင်ရှိ ပြတင်းပေါက်အချို့မှာ လင်းနေသေးပြီး အများစုမှာ မှောင်နေသည်။

မိုးရေစက်များသည် ထီးပေါ်မှ သပ်သပ်ရပ်ရပ်နှင့် စည်းချက်ကျကျ ရိုက်ခတ်လာသည်။

အားကစားကွင်းရှိ စွမ်းအားမြင့် မီးလုံးများ ပိတ်ထားခဲ့သည်။ မှိန်မှိန်လေးသာ လင်းနေသော လမ်းဘေးမီးတိုင်များအောက်တွင် သူမသည် ကွင်းပြင်ပေါ်တွင် ပြေးလွှားနေသော ယောကျ်ားလေးတစ်ဦး၏ ပုံသဏ္ဍာန်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။

အစိမ်းရောင် စစ်ဝတ်စုံဝတ်ထားသော လူရိပ်သည် ပန်းနွမ်းနယ်မှုများဖြင့် လုံးဝကို မိုးရေများနှင့် စိုရွဲနေခဲ့သည်။ စိုရွဲနေသော ဆံပင်များက နဖူးမှာ ကပ်နေသည်။ သူ့ခြေလှမ်းများက ဒယိမ်းဒယိုင် ဖြစ်နေသည်။ သူသည် ပြေးလမ်းကြောင်းပေါ်တွင် ပြေးလွှားနေဆဲဖြစ်သည်။

နည်းပြက ထွက်သွားတာ ကြာပါပြီ။ ဘယ်သူမှ သူ့ကိုကြီးကြပ်ခဲ့သည် မဟုတ်ဘူး။ တစ်ညလုံး ပြေးဖို့ အမိန့်ပေးခဲ့ခြင်းက ဆရာဒေါသတကြီးနှင့် အော်ငေါက်ရုံသာဖြစ်နေသည်။ ပေါ်ရန်မှာ ဒီလိုမျိုး ဆက်ပြေးနေစရာ မလိုပါ။ နောက်ပြီး သူဘယ်သူကို အခဲမကြေနေသလဲ မသိတော့ပါ...

ကျင်းရှီသည် သစ်ပင်တစ်ပင်၏ အနောက်တွင် ပုန်းအောင်းနေကာ ပန်းပွင့်ထီးတစ်လက်ကို ကိုင်ထားကာ သူ့ကို တိတ်တဆိတ်ကြည့်နေသည်။

ပေါ်ရန်ကို မော့ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက်၏ သွယ်လျသောအသွင်ကို တွေ့လိုက်ရသည်။ သူ တဖြည်းဖြည်း ရပ်တန့်သွားသည်။

သူတို့နှစ်ဦးသည် ကွင်းတစ်ဝက်ကနေ တစ်ယောက်ကိုတစ်ယောက် ခဏမျှ စိုက်ကြည့်နေကြသည်။

ပေါ်ရန်သည် ခေတ္တရပ်လိုက်ပြီး သူမ ရပ်နေသည့်နေရာဆီသို့ လျှောက်သွားလိုက်သည်။

ကျင်းရှီ၏ နှလုံးခုန်သံ မြန်လာသည်။ ပျာယာခတ်ပြီး ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ရာ ဝိုင်ယာကြိုးခြံစည်းရိုးကို ထိမိသွားသဖြင့် နောက်ထပ် နောက်မဆုတ်နိုင်တော့ပေ။

ပေါ်ရန်သည် သူမနှင့် သုံးလေးမီတာခန့်အကွာသို့ ပြေးလာပြီး ရပ်လိုက်သည်။

မိုးရေစက်များက မျက်ခုံးကြီးပေါ် လျှောကျသွားသည်။ မျက်လုံးများကို မဖွင့်နိုင်လောက်အောင်ပင်။ ထီးအောက်က ကောင်မလေးကို ကြည့်ရင်း သူ့မျက်ခုံးလေး အနည်းငယ် ကော့သွားသည်။

“ဒီမှာ မင်းဘာလုပ်နေတာလဲ”

“ကျွန်မလည်း ဘယ်လိုလုပ်...”

ကျင်းရှီ၏ အသံသည် အနည်းငယ် ရှတတဖြစ်သွားသည်။ သူမ လည်ချောင်းကို ရှင်းလိုက်သည်။ “ကျွန်မ လည်း ဘယ်လိုလုပ်သိမှာလဲ”

ပေါ်ရန်သည် သူ့နှုတ်ခမ်းမှ မိုးရေများကို လျှာဖြင့်သပ်လိုက်သည်။ “ပြန်သွား” ဟုအသံကို နှိမ့်ပြီးပြောလိုက်သည်။

ကျင်းရှီက ဘေးဘီကို လှည့်ကြည့်လိုက်သည်။ ကွင်းသည် မည်းမှောင်နေသည်။

သူမသည် ကြက်သီးထာကာ အေးစက်မှုကြောင့် တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်ဆုတ်သွားသည်။ သူမ၏ ဂျင်းဘောင်းဘီသည် ခြေထောက်အရာများ ပေါ်သည်အထိ ရွဲစိုနေသည်။

ပေါ်ရန်က ရှေ့ကို လှမ်းပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။ “ငါ မင်းကို ပြန်ဖို့ပြောနေတယ်လေ၊ မင်းနားမလည်ဘူးလား”

ကျင်းရှီသည် လေနှင့်မိုးတွင် လွင့်နေသောရုပ်သေးရုပ်ကဲ့သို့ ပေါ်ရန်ဆွဲရာနောက်သို့ ပါသွားပြီး သူမ၏ ထီးလည်း ပြုတ်ကျသွားသည်၊ သူမ၏ ခန္ဓာကိုယ်သည် ပေါ့ပါးလွန်းသဖြင့် သူ့ဆွဲအားကို သူမ မခံနိုင်ပေ။

“ပေါ်...”

ကျင်းရှီစကားမဆုံးခင်မှာ ပေါ်ရန်က သူမပုခုံးပေါ်ကို ဖိချလိုက်ပြီး သူ့အသံက တိမ်ဝင်သွားပြီးမှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ “မင်းကို ငါအရမ်းဂရုစိုက်တယ်လို့ ထင်နေတာလား မင်းမိုးရေစိုနေလို့ ငါစိတ်ဆင်းရဲနေမယ်ထင်လား။ မင်းကိုယ်မင်း ဘာထင်နေလဲ ငါ့ကို ခံစားရအောင်လို့ မင်းမှာဘာလုပ်ပိုင်ခွင့်တွေ ရှိနေလို့လဲ!”

ကျင်းရှီသည် ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ထိန်းမနိုင်သိမ်းမရဖြစ်ကာ မိုးစက်များနှင့်အတူ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။

တုန်တုန်ယင်ယင်နှင့် ပေါ်ရန်၏ လက်များကို အတင်းအကျပ် ခွဲထုတ်ကာ ခြေနှစ်လှမ်းဆုတ်ပြီး ငိုယိုနေသည်။ “ရှင်းနေတာပဲလေ…ရှင်မှားတယ်ဆိုတာ”

“ရှင် မှားနေတာ ရှင်းနေတာတောင် ကျွန်မကို ပြန်အော်နေသေးတယ်”

သူမ၏ မျက်လုံးများမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာကာ သူမ၏ မျက်လုံးများ နီရဲ၍ ရောင်နေပြီဖြစ်ပြီး ယခုအခါ မျက်ရည်များက သူမ၏ မျက်တောင်များကို အောက်သို့တွဲကျစေကာ သူမ၏ မျက်လုံးများကို ဖန်စကျင်ကျောက်များကဲ့သို့ ချောမွေ့တောက်ပသွားစေသည်။

“ကျွန်မအစ်ကိုတောင် ကျွန်မကို ဒီလိုမအော်ဖူးဘူး ရှင်က ဘာမိုလို့...”

သူမသည် အလွန်အမင်း စိတ်မကောင်းဖြစ်မိသည်၊ အလွန်စိတ်ပျက်မိသည်။

ပေါ်ရန်သည် သူ့နှလုံးသားကို တင်းတင်းဆုပ်ထားသလို ခံစားလိုက်ရကာ ပါးစပ်ကို အနည်းငယ်ဟကာ တစ်ခုခုပြောချင်သော်လည်း လည်ချောင်းထဲတွင် စူးခနဲခံစားလိုက်ရပြီး စကားမပြောနိုင်ပဲ သူ့နှလုံးသားနှင့် အသည်းတို့သည် တပြိုင်နက်တည်း ချည်နှောင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

“မ...မငိုနဲ့”

သူမမျက်ရည်များကို ခံနိုင်ရည်မရှိတော့ပဲ သူ့ဒေါသမီးများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အခုချိန်မှာတော့ ဝမ်းနည်းမှုမှလွဲ၍ တခြားဘာမှ မခံစားခဲ့ရတော့ပေ။

“ငါ မင်းကို နောက်ထပ်မအော်တော့ပါဘူး” စိုးရိမ်တကြီးဖြင့် သူမဆီသို့ လျှောက်လာကာ ပါးပြင်များကို ဖွဖွလေး ကိုင်ရင်း “ရှီရှီ ကျေးဇူးပြုပြီးတော့နော် ဟုတ်ပြီလား”

ကျင်းရှီသည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပြီး ပေါ်ရန်က ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမကို သူ့ရင်ခွင်ထဲသို့ ဖိသွင်းချင်သော်လည်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်မိသွားမှာကိုလည်း ကြောက်နေမိသည်။ နူးညံ့သိမ်မွေ့သော ကလေးမလေးကြောင့် သူ့ခွန်အားအပြည့်ဖြင့်တောင် သူ၏ စိတ်ပျက်အားငယ်မှုများကို ထုတ်ဖော်မပြနိုင်ပေ။

အလွန်အမင်း မွန်းကျပ်နေခဲ့သည်။

ကျင်းရှီက သူ့ကို မကျေမနပ် စိုက်ကြည့်ရင်း တုန်တုန်ယင်ယင် အသံနှင့် ပြောလိုက်သည်။ “ရှင်က ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်တယ်၊ ကျွန်မခံစားချက်တွေကို ဘယ်တော့မှ ထည့်မစဉ်းစားဘူး ကျွန်မက ဒီလိုမျိုး မဖြစ်စေချင်ဘူး၊ တခြားသူတွေ အရယ်မခံချင်ဘူး ၊ ဒါပေမယ့် ရှင် နားမထောင်ခဲ့ဘူး၊ ရှင် ဘာကိုမှ ဂရုမစိုက်ဘူး”

သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်လေးကိုကြည့်ပြီး သူမငိုသံနှင့်ပြောနေသည့် စွပ်စွဲစကားများကို နားထောင်ရင်း ပေါ်ရန်တစ်ယောက် တုန်လှုပ်သွားသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည် ..။

ခွေးကောင်။

ယခုအချိန်အထိ အနှစ်နှစ်ဆယ်လောက် နေထိုင်ခဲ့ပြီး ယောက်ျားများဟာ ကောင်းကင်ဘုံ ဒါမှမဟုတ် ကမ္ဘာမြေကြီးရှေ့မှာ မှန်မှန်ကန်ကန် နေသင့်သည်ဟု အမြဲခံစားခဲ့ရတာမို့ ဤမိန်းကလေးကို ပွင့်ပွင့်လင်းလင်း သဘောကျတာက သူ့အတွက် ရှက်စရာမဟုတ်ခဲ့ပေ။

သို့သော် ဒါက သူ့အမြင်သက်သက်သာဖြစ်သည် သူမအတွက်တော့ ထိုသို့ မဟုတ်ချေ...

မင်း သူမကို မျက်နှာပျက်စေတယ်၊ မင်းသူမအပေါ် အမှားလုပ်ခဲ့တယ်၊ မင်း သူမကိုတောင် ငိုအောင်လုပ်ခဲ့တယ်။

ပေါ်ရန်သည် သူ့ကိုယ်သူ အပြစ်ပေးချင်နေသည်။ သူက ဘယ်လိုယောကျ်ားမျိုးလဲ။

သူမတစ်ကိုယ်လုံးက မိုးရေအောက်မှာ အေးခဲနေပြီး နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။

ပေါ်ရန်က အလွန်စိတ်မကောင်းဖြစ်မိပြီး “ရှီရှီ တောင်းပန်ပါတယ်”

မိုးသည်းထန်စွာ ရွာချလိုက်ပြီး သူ့ပါးနှင့် မေးရိုးများပေါ် မိုးရေများ စီးကျလာကာ ပြင်းထန်သော အကြည့်များက ပျော့ပျောင်းသွားကာ သူ့လေသံလည်း ပျော့ပျောင်းသွားသည်- “ငါမှားသွားပြီ ဟုတ်ပြီလား”

အသနားခံလုနီးပါးဖြစ်ခဲ့သည်။

“နွားနို့ပူပူလေး မင်းအတွက် ငါ နေ့တိုင်းလုပ်ပေးတယ်...ဒါမှမဟုတ် တပိုင်ပိုင်အတွက် အဲ့ဒါတွေ ထည့်စဉ်းစားပေးပြီး ငါ့ကိုစိတ်မဆိုးနဲ့တော့နော် ဟုတ်ပြီလား”

ကျင်းရှီသည် မျက်ရည်များကို သုတ်ရန် အင်္ကျီလက်စကို အသုံးပြုကာ အငိုရပ်သွားသော်လည်း မတုံ့ပြန်ပဲ ခေါင်းငုံ့ထားလိုက်သည်။

ပေါ်ရန်၏ ခန္ဓာကိုယ်သည် ပူလောင်သော သံအပိုင်းအစတစ်ခုလိုဖြစ်ပြီး သူ၏နွေးထွေးမှုက သူ့လက်များကနေ သူမခန္ဓာကိုယ်ဆီသို့ စီးဆင်းသွားပြီး တစ်ခုတည်းသော အပူဓာတ်ဖြစ်လာသည်။

သူမ၏ အေးခဲနေသော ခန္ဓာကိုယ်ကို ခံစားရင်း ပေါ်ရန်က သိပ်မစဉ်းစားတော့ပဲ သူမကို သူ့နံဘေးသို့ ဆွဲလိုက်ပြီး ပွေ့ဖက်လိုက်သည်။

သူ့လက်များက သူမနောက်ကျောကို ပွတ်သပ်ရင်း သူမကို နွေးလာစေရန် ကြိုးစားနေသည်။

“မိန်းကလေးတွေက မိုးရွာကြီးထဲမှာ အအေးမိလို့ မရဘူးလေ” ပေါ်ရန်က သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း အနွေးဓါတ်ပေးနေသည်။ “နောက်ဆို ကလေးမွေးဖို့ ပိုခက်လာလိမ့်မယ်”

ကျင်းရှီက သူ့ကို ပြင်းပြင်းထန်ထန် တွန်းလိုက်ပေမယ့် သူမ၏ အားထုတ်မှုက အချည်းနှီးဖြစ်ပြီး အကျိုးမရှိသလောက်ပင်။

သူမက ဒေါသတကြီး ရှိုက်ရင်း “ကလေးမွေးတဲ့အကြောင်းပြောတာ ရပ်လိုက်”

သူတို့နှစ်ယောက်ကြားက ကိစ္စများ မပြီးသေးပေမယ့် ဒီကောင်ကြီးက မိုက်မဲစွာ ပေါက်ကရများ ပြောနေသည်..။

ပေါ်ရန်သည် မြေပြင်ပေါ်ရှိ ထီးကို ကောက်ကိုင်လိုက်ပြီး သူမကို အမြန်ခေါ်သွားကာ “မင်းငါ့ကို ဖက်ထားရင် ပိုနွေးလာလိမ့်မယ်”

ကျင်းရှီက သူ့ကို ဖက်ထားရန် ငြင်းနေသဖြင့် ပေါ်ရန်သည် သူမ၏ လက်ကို ကိုင်ကာ သူ့ခါးတွင် ပတ်ထားလိုက်သည်။

ကျင်းရှီက သူ့ကို ဖက်ထားဖို့ ငြင်းနေတုန်းပင်၊ ထို့ကြောင့် ပေါ်ရန်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့အား ဖက်စေသည်။ အနည်းငယ် ကြိုးစားလိုက်ပြီးနောက် သူမသည် နောက်ဆုံးတွင် စိတ်လျှော့လိုက်သည်။ သူ၏ ပူလောင်နေသော ခန္ဓာကိုယ်ကို သိုင်းဖက်ထားရင်း သူမလက်များ တုန်ရီနေသည်။

သူ့ကို ဖက်ထားရသည်မှာ အလွန်သက်သောင့်သက်သာဖြစ်စေသလို အလွန်နွေးထွေးစေသည်။

“ရှီရှီ၊ ဒါတွေအားလုံး ငါ့အပြစ်တွေပါ”

ကျင်းရှီက ဘာမှပြန်မပြောပေ။

ပေါ်ရန်က “မင်း ငါ့ကိုမုန်းရင် သတ်ပစ်လို့ရတယ်နော်” ဟုညင်သာစွာ ပြောလိုက်သည်။

All Chapters