← Chapters

အပိုင်း (၄၃)

Vol. 4 Ch. 43

အပိုင်း (၄၃)

Vol. 4 Ch. 43

Ruida သည် မြို့လယ်ခေါင်ရှိ ကိုယ်ပိုင် ရုံးအဆောက်အအုံကို ပိုင်ဆိုင်ထားသည့် နာမည်ကြီး ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Ruida မှ ပံ့ပိုးကူညီမှုအား သေချာစွာရရှိစေခြင်းသည် တက္ကသိုလ်ကလပ်အဆင့် အဖွဲ့အစည်းတစ်ခုအတွက် ကြီးမားသောသဘောတူညီချက်တစ်ခုဟု ယူဆနိုင်သည်။

နွေဦးနှင့် ဆောင်းဦးရာသီ စာသင်ချိန်များတွင် တက္ကသိုလ် ကလပ် အများအပြားသည် ကျောင်းသားလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ကြသော်လည်း အားလုံးက ကော်ပိုရိတ်စပွန်ဆာကို ဆွဲဆောင်နိုင်ကြသည်မဟုတ်ပါ။

Ruida ၏ ရုံးခန်းတွင် ကျန့်စစ်ရွင်းသည် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားပြီး Ruida ၏ မားကတ်တင်းအဖွဲ့နှင့် စပွန်ဆာအသေးစိတ် အချက်အလက်များကို ဆွေးနွေးကာ သူ့စားပွဲမှာ ထိုင်နေသည်။ သူသည် တည်ငြိမ်သော အမူအရာဖြင့် သူ့ကိုယ်နေဟန်ထားကို ငြိမ်သက်စွာ ထိန်းသိမ်းထားသည်။

အမှုဆောင်အဖြစ် ကျန့်စစ်ရွင်းသည် အရည်အချင်းရှိပြီး ထက်သန်သော ခေါင်းဆောင်မှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်တို့ရှိသည်။ သူသည် စပွန်ဆာစာချုပ်ကို လက်တစ်ကမ်းတည်းဖြင့် အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့သည်။

ကျင်းရှီသည် ကျန့်စစ်ရွင်း၏ နောက်တွင် ထိုင်နေသည်။ ကျင်းရှီသည် အဖြူရောင်ဇာအင်္ကျီကို ပေါ့ပါးသော လေကာအင်္ကျီနှင့် ၀တ်ထားသည်။ သူမ၏ဆံပင်များကို စုသိမ်းကာ ချည်ထားသောကြောင့် သူမသည် တက်တက်ကြွကြွဖြစ်နေသည်။

ကျန့်စစ်ရွင်းနှင့် ထိုမားကတ်တင်းအဖွဲ့တို့၏ ဆွေးနွေးမှုကို သူမ ဂရုတစိုက် နားထောင်နေခဲ့သည်။ ဖိုင်တွဲများကို အမြန်လှန်ကာ ကျန့်စစ်ရွင်းလိုအပ်သည့်အရာမှန်သမျှကို ကမ်းပေးနေသည်။

နှစ်နာရီကြာ စေ့စပ်ဆွေးနွေးပြီးနောက် စပွန်ဆာနှင့်ပက်သတ်သော အသေးစိတ်အချက်အလက်များကို အပြီးသတ်လုပ်ခဲ့ကြသည်။ Ruida ၏ ဝန်ထမ်းများသည် စာချုပ်ကို လျင်မြန်စွာ လက်မှတ်ရေးထိုးခဲ့ပြီး ရန်ပုံငွေများကို လာမည့်ရက်အနည်းငယ်အတွင်း လွှဲပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုံးခန်းထဲက လမ်းလျှောက်ထွက်လာသောအခါ နှစ်ယောက်သား သက်ပြင်းချလိုက်ကြသည်။

ကျန့်စစ်ရွင်းက သူ့နဖူးက ချွေးစီးများကို သုတ်လိုက်ပြီး “ဒါက တော်တော် စိတ်လှုပ်ရှားစရာပဲ”

သူ၏ စိတ်အေးလက်အေးနှင့် ယုံကြည်မှုရှိသော အမူအရာအား ပြန်သတိရသွားသောအခါ ကျင်းရှီသည် စိတ်ကို ဖြေလျှော့လိုက်ပြီး စိုးရိမ်စိတ်လည်း မရှိတော့ပေ။

သူ့စကားကိုကြားလိုက်ရသောအခါ သူသည် စိတ်အလွန်တုန်လှုပ်သွားခဲ့သော်လည်း တော်တော် သရုပ်ဆောင်နိုင်သည့်သူဟုပင် ထင်မိသွားသည်။

“စီနီယာကျန့်နဲ့ အလုပ်အတူတွဲလုပ်ခဲ့လို့ အများကြီး သင်ယူခဲ့ရပါတယ်” ကျင်းရှီက ရိုးရိုးသားသား အဓိပ္ပါယ်ဖော်ကျူးပြောဆိုခဲ့သည်။

ထိုအရာသည် သူမအား ပရော်ဖက်ရှင်နယ်လောကကို အစမ်းကြည့်ရှုခွင့်ပေးခဲ့ပြီး သူမသည် ကျန့်စစ်ရွင်းမှာ ကျောင်းတွင် ပေါ့ပေါ့ပါးပါး ကလပ်လှုပ်ရှားမှုများနှင့်မတူပဲ အဓိပ္ပါယ်ရှိသော အလုပ်များကို ဝီရိယရှိရှိ လုပ်ဆောင်နေသည်ဟု ခံစားမိသည်။

ထိုသို့သော စီနီယာများအောက်တွင် အလုပ်လုပ်ရခြင်းသည် အကျိုးရှိသော လေ့ကျင့်မှုတစ်ရပ်ဖြစ်မည်ဟု သူမ ခံစားမိသည်။

အချိန်မှာ နောက်ကျနေပြီဖြစ်ပြီး သူတို့နှစ်ယောက်သည် မြို့လယ်ခေါင်တွင် ရောက်နေသောကြောင့် ကျန့်စစ်ရွင်းက ယနေ့တွင် သူတို့နှစ်ယောက်၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုဖို့ အနီးနားက ဂီတ စားသောက်ဆိုင်မှာ ညစာစားဖို့ အကြံပြုခဲ့သည်။

ကျင်းရှီသည် ချက်ချင်းပဲ သဘောတူလိုက်သည်။

ဂီတစားသောက်ဆိုင်သည် ဇိမ်ကျလှပြီး ဘိုဟေမီယမ် အပြင်အဆင်ရှိသည်။ ဂစ်တာတီးသည့် အဆိုတော်တစ်ဦးသည် သာယာလှပသော ရိုးရာတေးသွားများကို စင်မြင့်ပေါ်တွင် ဖျော်ဖြေကာ ပတ်ဝန်းကျင်အလင်းရောင်နှင့် စိမ်းလန်းစိုပြေသော ရှုခင်းနှင့်အတူ အေးချမ်းသာယာသော အငွေ့အသက်ကို ဖန်တီးပေးသည်။

သူတို့နှစ်ယောက်သည် ပြတင်းပေါက်နားက ထိုင်ခုံကို ရွေးချယ်ခဲ့ကြပြီး စားပွဲထိုးတစ်ယောက်မှ မီနူးများကို ယူဆောင်လာခဲ့သည်။

အစားအသောက်အတွက် စောင့်နေတုန်းတွင် ကျင်းရှီဖုန်းမှ WeChat မက်ဆေ့ခ်ျ တစ်ခု ထွက်ပေါ်လာသည်။ ထိုမက်ဆေ့ဂျ်သည် ပေါ်ရန်ထံမှဖြစ်သည်။

ပေါ်ရန်က ဗီဒီယိုအတိုလေး တစ်ခုကိုပို့ပေးလိုက်သည်။ အဲဒီအထဲတွင် သူက Camo ဂျာကင်ကို ဝတ်ထားပြီး လေ့ကျင့်ရေးကွင်း၏ မြက်ခင်းပြင်မှာ ထိုင်နေပြီး ဒူးတစ်ဖက်ကို အနည်းငယ်ကွေးထားသည်။

ကြောင်ဖြူကြီးသည် သူ့ပေါင်ပေါ်၌ ခွေခွေလေးနေပြီး မြောင်ဟူသော အသံကလေးများ ပြုနေသည်။

ပေါ်ရန်က ကြောင်ဖြူကြီး၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်ပြီး ကင်မရာကို ဝှေ့ယမ်းကာ “ကြောင်ဖြူကြီးက ပြောတယ်၊ ကျင်းရှီက သူ့စီနီယာကို ဘာလို့ လျစ်လျူရှုထားတာလဲတဲ့”

ကြောင်ဖြူကြီး - “မြောင်”

“ကြောင်ဖြူကြီးပြောတာက မင်းရဲ့စီနီယာကို စိတ်မဆိုးပါနဲ့၊ သူမှားမှန်းသိပါတယ်တဲ့”

ကြောင်ဖြူကြီးသည် သူ့နောက်ကျောပေါ်သို့ လှိမ့်ကာ တမြောင်မြောင်အော်နေပြန်သည်။

“ကြောင်ဖြူကြီးက ပြောသေးတယ် ကျင်းရှီက ငါ့ကို လျစ်လျူရှုထားရင် ငါက သူနဲ့ မကစားပေးတော့ဘူး၊ ကြောင်ကလေးတွေလည်း ကစားမှာမဟုတ်ဘူးတဲ့”

ကြောင်ဖြူကြီး - “မြောင် မြောင် မြောင်??”

ကျင်းရှီက မပြုံးပဲမနေနိုင်ပေ။ “ရှင်က ရှင်၊ ကြောင်ဖြူကြီးက ကြောင်ဖြူကြီးလေ၊ သူက ကျွန်မနဲ့ မကစားပဲမနေဘူး” ဟုတုံ့ပြန်လိုက်သည်။

သို့သော် ထိုသို့စာရိုက်လိုက်ပြီးနောက် ကျင်းရှီက တုံ့ဆိုင်းသွားပြီး စာအားလုံးကို ပြန်ဖျက်လိုက်သည်။

သူနှင့် စကားမပြောချင်ပေ။

ပူပူနွေးနွေး ထူးထူးခြားခြား ဟင်းလျာများ ရောက်ရှိလာပါပြီ။ ထုံးစံအတိုင်း ဓာတ်ပုံအရင်ရိုက်လိုက်သည်။

ကျန့်စစ်ရွင်းသည် ကျင်းရှီ ဓါတ်ပုံမရိုက်မပြီးချင်း ဟင်းလျာပန်းကန်များအားလုံးကို စားဖို့စိတ်ရှည်စွာ စောင့်နေခဲ့သည်။ ရိုက်ပြီးမှသာ စစားလိုက်တော့သည်။

ကျန့်စစ်ရွင်းနှင့် ပို၍ပြောဆိုဆက်ဆံလေလေ သူသည် ပို၍ ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းတစ်ယောက်နှင့် တူလာလေလေဖြစ်ကြောင်း ကျင်းရှီမြင်လာရသည်။

ပေါ်ရန်သည် သူမဓာတ်ပုံရိုက်တိုင်း စိတ်မရှည်စွာဖြင့် အလျင်စလို လောနေတတ်သည်။ ထိုအရာက စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် ကလပ်အဖွဲ့ဝင် မိန်းကလေး နှစ်ယောက်သည် ပြတင်းပေါက်နားမှ လျှောက်လာကာ ကျင်းရှီကို မှတ်မိသောအခါ လက်ပြနှုတ်ဆက်လိုက်သည်။

ကျင်းရှီက အမြန်ပြန်လက်ပြလိုက်သည်။ ထိုမိန်းကလေးများက ကျန့်စစ်ရွင်းကို စိုက်ကြည့်နေပြီး တစ်ခုခု သိနေသည့်ပုံစံနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်နေကြသည်။

ကျန့်စစ်ရွင်းသည် ကျော်ကြားလှသော ကျောင်းဝင်းအတွင်းရှိ မိန်းကလေးများ၏ သည်းသည်းလှုပ်ဖြစ်နေသော်လည်း တစ်ကိုယ်တည်း သမား ဖြစ်နေဆဲဖြစ်သည်။ အရင်ကတည်းက မိန်းကလေးတစ်ယောက်နှင့် ထမင်းစားနေသည်ကို ဘယ်သူမှမမြင်ဖူးပေ။

အတင်းအဖျင်းပြောရသည်ကို နှစ်သက်သော မိန်းကလေးတစ်ယောက်သည် ကျင်းရှီနှင့် ကျန့်စစ်ရွင်းတို့၏ ညစာအတူတူ စားနေသည့်ဓာတ်ပုံကို တိတ်တဆိတ်ရိုက်ယူခဲ့ပြီး သူမ၏ အဆောင် WeChat ဂရုသို့ ပို့ခဲ့သည်။

အဆောင်ဂရုမှတစ်ဆင့် ကလပ်ဂရု၊ အမှုဆောင်ဂရု၊ သုံးပြီးသား ကုန်ပစ္စည်းများ ဖလှယ်သည့်ဂရုထိတောင် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ လူသစ် ပို့ဆောင်ရေး ဂရုအထိ ရောက်သွားလေသည်။

နာရီအနည်းငယ်အကြာတွင် ထိုစီနီယာသည် မိန်းကလေးတစ်ဦးနှင့် ချိန်းတွေ့နေသည့် ကောလဟာလမှာ တောမီးကဲ့သို့ပျံ့နှံ့သွားခဲ့သည်။

ရှန်ဖျင်ချွမ်သည် ပစ္စည်းပို့သည့်ဂရုတွင် ထိုဓာတ်ပုံကို ပထမဆုံးမြင်လိုက်ရပြီး ပေါ်ရန်ထံသို့ ချက်ချင်းပိုလိုက်သည် —

“သေစမ်း!! ညီမလေးက ချိန်းတွေ့နေတာလား??”

ပေါ်ရန်သည် အတားအဆီးနံရံပေါ်၌ မှီထိုင်ကာ ညစ်ပတ်နေသော လက်များဖြင့် ဖုန်းပေါ်ရှိ ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။

ထိုအထဲတွင် မိန်းကလေးသည် အပြာနုရောင် လေကာအင်္ကျီကို ၀တ်ဆင်ထားပြီး အောက်ခံ ဇာအင်္ကျီအဖြူကို ထုတ်ပြရန် ကော်လန်ကို ပေါ့ပေါ့ပါးပါး ဖွင့်ဟထားသည်။ နွေးထွေးသော အဝါရောင် နံရံမှ အငွေ့အသက်များက သူမ၏ နှင်းဆီရောင် ပါးပြင်များကို တောက်ပစေပြီး နှုတ်ခမ်းပေါ်ရှိ အပြုံးအရိပ်အယောင်များ ပေါ်လွင်နေစေသည်။

ပြုံးလိုက်သောအခါတွင် သူမသည် အလွန်လှပနေသည်။

“ပေါ်ရန်၊ အချိန်ဖြုန်းမနေနဲ့!” နည်းပြဆရာ၏ အော်သံသည် အောက်မှ ထွက်ပေါ်လာသည်။

ပေါ်ရန်သည် နှစ်မီတာအတားအဆီးနံရံမှ ခုန်ချခဲ့ပြီး နောက်တစ်ကြိမ် လေ့ကျင့်မှု မလုပ်ခဲ့ပေ။ အဲဒီအစား သူ အနားယူနေသော ဂေဟာကို သွားကာ ရေအနည်းငယ်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

သူ့ရင်ဘတ်ပေါ်သို့ ရေပက်ပစ်လိုက်ပြီး အင်္ကျီကို စိုသွားစေကာ အင်္ကျီအရောင်ရင့်သွားခဲ့သည်။

“ပေါ်ရန်၊ ပြန်တန်းစီစမ်း!” နည်းပြက အမိန့်ပေးလိုက်သည်။

ပေါ်ရန်က တန်းစီပြီး ပြန်ပြေးနေခဲ့သည်။ နည်းပြဆရာက “မင်းကို ဘယ်သူက ဖုန်းနဲ့ လေ့ကျင့်ခိုင်းနေလို့လဲ။ အဲဒါကို ဖယ်လိုက်စမ်း”

ဖုန်းကို မြက်ခင်းပြင်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ “ကျေနပ်ပြီလား?”

အခြားသင်တန်းသားများက ရပ်တန့်ပြီး သူ့ကို စိုက်ကြည့်နေကြသည်။

သူ၏ အပြုံးသည် အေးစက်စက် လျစ်လျူရှုသော မျက်လုံးများဆီသို့ မရောက်ပေ။

နည်းပြဆရာနှင့် စကားပြောရတာ အရမ်းစိတ်ပျက်ဖို့ကောင်းသည်။

“ပစ်ချလိုက်၊ ပြီးရင် အိပ်ထမတင် အခါလေးရာလောက်လုပ်!” မကျေနပ်သော ဆရာက ကျောနောက်ကို လက်တင်ပြီး “မင်းသေနတ်ယမ်းတန်ပေါင်းရာချီပြီး စားထားသလိုမျိုး” ဟုပြောလိုက်သည်။

နှစ်နာရီအကြာတွင် လေ့ကျင့်ရေးကွင်းသည် မှောင်စပျိုးချိန်၌ အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ညကောင်းကင်တွင် ပြန့်ကျဲနေသော ကြယ်အနည်းငယ်ဖြင့်။

ပေါ်ရန်သည် မြက်ခင်းပြင်ပေါ်တွင် အသက်ပြင်းပြင်းရှူရင်း ရင်ဘတ်က ဖောင်းကြွကြွဖြစ်နေသည်။

ကြောင်ဖြူကြီးသည် ပြေးလွှားနေပြီး ဖုန်းကို ပါးစပ်ဖြင့် ကိုက်ထားသည်။ သူ့ဗိုက်သားပေါ်ကို မတက်ခင် ဖုန်းကို သူ့ဘေးနားမှာ ချထားလိုက်ပြီး သူပေါ်တက်ထိုင်ကာ နှစ်ကြိမ်ခန့် မြောင်ဟုခေါ်နေသည်။

ကောင်းကင်ကို မော့ကြည့်လိုက်ရာ ပေါ်ရန်၏ မောပန်းနွမ်းနယ်နေသောအသံက သူ့ကိုယ်သူ စကားပြောနေသလိုပင်။

“သူ...ငါ့ကို မလိုချင်တော့ဘူးထင်တယ်”

**

ကျင်းရှီသည် ကာတွန်းပုံ ညအိပ်ဝတ်စုံနှင့် စောင်ပါးပါးလေးဝတ်ထားပြီး ထိုင်ခုံပျော့လေးပေါ်တွင် ကွေးကွေးလေးထိုင်ကာ သူမအစ်ကိုအား အရာအားလုံးကို အရူးအမူးရှင်းပြနေသည်။

“စပွန်ဆာအစည်းအဝေးပြီးလို့ ကျွန်မတို့တတွေ ထမင်းစားခဲ့တယ်၊ ဒါက အထူးတလည် ချိန်းတွေ့နေတာမဟုတ်ဘူး!”

“ဘာလို့ ကျွန်မပြောတာ နားမထောင်တာလဲ!”

“ကျွန်မ ကျိန်ရဲတယ် ဘာမှမဖြစ်ခဲ့ဘူး!” သူမက ထရိုက်တော့မည့်ပုံစံဖြစ်နေသည်။ “ကျန့်စစ်ရွင်းက တက္ကသိုလ်နယ်မြေရဲ့ အသည်းနှလုံးအကြီးကြီးကို၊ အစ်ကို့ညီမလေးကို အထင်ကြီးလွန်းနေတယ်!”

ကျင်းရှီက ရှန်ဖျင်ချွမ်ကိုတောင် အဆိုပြုချက်ကို သက်သေပြသည့်အနေနှင့် ပို့ခဲ့သေးသည်။ သူသည် သူမကို အနည်းငယ် ယုံကြည်လာသည်။

ရှန်ဖျင်ချွမ် -“မင်းရဲ့ဖရိုဖရဲကလပ်လေးက Ruidaရဲ့ စပွန်ဆာကိုတောင် ရနိုင်သေးတာလား”

ကျင်းရှီ -“တွေ့လား၊ စီနီယာကျန့်က အံ့သြစရာကောင်းပါတယ်ဆို”

ရှန်ဖျင်ချွမ်သည် သံသယရှိသလိုပုံစံဖြစ်နေသည့် အီမိုဂျီ တစ်ခုကို ပေးပို့ခဲ့သည် —

“ငါလည်း ကျန့်စစ်ရွင်းနဲ့ အလုပ်အတူတူလုပ်ဖူးတယ်။ ကျန့်စစ်ရွင်းက တော်တော် အရည်အချင်းရှိတယ်”

“ဟုတ်ပ၊ သူနဲ့သာဆိုရုင် ကဗျာကလပ်ကြီးက အောင်မြင်မှုကြီးကြီးမားမားရမယ်ဆိုတာ သေချာတယ်”

ရှန်ဖျင်ချွမ်- “ဒါဆို သူနဲ့ မင်းအစ်ကိုကြားမှာ ဘယ်သူက ပိုအရည်အချင်းရှိလဲ။ [သံသယအီမိုဂျီ ]”

ကျင်းရှီက [မိုက်မဲသော အပြုံး] အီမိုဂျီကို ပေးပို့ခဲ့သည် - “အစ်ကိုက ဘယ်သူက ပိုကောင်းလဲဆိုတာ ကြားချင်တာလား ဒါမှမဟုတ် ကျွန်မရဲ့ အရှိကိုအရှိတိုင်း ပြောတာကို ကြားချင်တာလား?”

ရှန်ဖျင်ချွမ် -“အသာအချာပဲလေ ဘယ်သူက ပိုကောင်းလဲဆိုတာကိုပေါ့”

ကျင်းရှီ - “ကျန့်စစ်ရွင်း [ မိုက်မဲသော အပြုံး]”

“ပေါ်ရန်နဲ့ ယှဉ်ရင်ကော၊ ဒီတစ်ခါတော့ မင်းရဲ့ ကိုယ်ပိုင်အတွေးအမြင်ကို သိချင်တယ်”

ကျင်းရှီက တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေး”

ရှန်ဖျင်ချွမ်- “အေးဆေးပေါ့၊ မင်းအမြင်ကို ဘယ်သူမှ ဂရုမစိုက်ဘူး”

ကျင်းရှီသည် သူမ၏ နူးညံ့သော အောက်နှုတ်ခမ်းကို လျှာသပ်လိုက်သည်။ သူမ၏ ခရစ်စတယ်ပုံဆောင်ခဲလိုမျက်လုံးများတွင် နူးညံ့သိမ်မွေ့သော အကြည့်ကို တွေ့နေရသည်-

“ကျွန်မနှလုံးသားထဲမှာ ပေါ်ရန်ကို ဘယ်သူကမှ ယှဉ်လို့ မရဘူး”

သူမကို အဆက်မပြတ် ဒေါသထွက်စေပြီး အဆုံးမဲ့ အပြစ်အနာအဆာတွေ ပေးနေပေမယ့်လည်း သူ့ကို ဘယ်သူမှ ယှဉ်လို့ မရပါ။

ရှန်ဖျင်ချွမ်က ဘယ်သူ့ကိုမှ မပြောဘူးဟု ကတိပေးခဲ့ပေမယ့် သူက ချက်ချင်း စခရင်ရှော့ရိုက်လိုက်ပြီး ပေါ်ရန်ကို တန်းပို့လိုက်သည်။

ပေါ်ရန်သည် နောက်ဆုံးတော့ အခြားသူတစ်ယောက် မဟုတ်ပေ။

ပြီးပြည့်စုံသော ခံစားချက်ကို ခံစားစေသည်။

ရှန်ဖျင်ချွမ် - “မင်းက ဒီကောင်ကို တော်တော် မြင့်မြင့်မှာ ထားထားတာပဲ ငါနဲ့ အတူတူနီးပါးလောက်ဖြစ်နေပြီ”

အချိန်အတော်ကြာပြီးနောက် ပေါ်ရန်က “မင်းကိုယ်မင်း ငါနဲ့ တန်းတူဖြစ်မယ်လို့ထင်နေလား” ဟုပြန်ဖြေလိုက်သည်။

ရှန်ဖျင်ချွမ် - ???

ငါတော့ အလုပ်ခံရတော့မယ်...

ကျင်းရှီ၏ အခန်းဖော်များသည် ပေါ်ရန်၏ စိတ်ခံစားချက်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မတည်မငြိမ်ဖြစ်နေသည်ကို သတိပြုမိသည် - တစ်မိနစ်ခန့် မှိုင်းတွေတွေဖြစ်နေပြီး ထို့နောက်တွင် သူ့ဖုန်းစခရင်ကို တိတ်တဆိတ် ပြုံးပြနေသည်။

ကြည့်ရတာ တော်တော်ကြောက်စရာကောင်းနေသည်။

ထိုနေ့ နံနက်ခင်းတွင် အဆောင်တံခါး ဖွင့်လိုက်သည်နှင့် အနက်ရောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ပေါ်ရန်သည် ခုန်ပေါက်ကာ တံခါးဘောင်ပေါ်သို့ သွက်သွက်လက်လက် ဆွဲကိုင်လိုက်ပြီး ဘားခိုနေသည်။

တံခါးထိပ်ကို ဆုပ်ကိုင်ထားရင်း သူ့လက်မောင်းကြွက်သားများက အနည်းငယ် ပေါ်ထွက်လာသည်။ သူ့အသားအရေက အလွန်လှသောကြောင့် သူ့လက်ထဲက အပြာရောင်သွေးပြန်ကြောများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

သူ၏ အနက်ရောင်တီရှပ်အောက်တွင် ဗိုက်ကြွက်သားများက သူ့ဘောင်းဘီ၏ ခါးပတ်ထဲသို့ အကြောင်းလိုက်ပေါ်ကာ နိမ့်ဆင်းသွားသည်။

ဆွဲထားသောတံခါးဘောင်မှ ဆွဲတင်လိုက်သောအခါတွင် ခပ်မှိုင်းမှိုင်းလေသံဖြင့် “မင်္ဂလာနံနက်ခင်းပါ ကျင်းရှီ!”

မနက်ခင်းမှာ သူ့ဗိုက်ကြွက်သားကို ပထမဆုံး ပြနေသည်- ကြောင်တောင်တောင်နိုင်လိုက်တာ။

ကျင်းရှီသည် တံခါးကို မပိတ်ခင် မျက်လုံးများ သိသိသာသာ လှန်ကြည့်လိုက်သည်။

အနားယူနေစဉ်အတွင်း ကျင်းရှီသည် ပေါ်ရန်ထံမှ “ကြောင်လေးတွေကို မနက်ဖြန် ပိုင်ရှင်အသစ်ရဲ့အိမ်ဆီ ခေါ်သွားတော့မယ်။ လိုက်မလား”

ကျင်းရှီသည် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွင် Weibo နှင့် WeChat အကောင့်များရှိပြီး ၎င်းတို့သည် ကြောင်များနှင့် ခွေးပေါက်လေးများအတွက် မွေးစားခြင်းဆိုင်ရာ အချက်အလက်များကို မကြာခဏ တင်လေ့ရှိပြီး Follower အများအပြားရှိသည်ကို သိနေသည်။

ကျောင်းဝင်းအတွင်းရှိ ခွေးလေခွေးလွင့် အများအပြားကို ခွေးချစ်ကြောင်ချစ်တတ်သော အိမ်များက မွေးစားကြသည်။

ကြောင်ဖြူကြီးမှမွေးဖွားလာသော ကြောင်လေးသုံးကောင်အနက် ၂ကောင်ကို မွေးစားထားပြီးဖြစ်ကာ အနက်ရောင်နှင့် အဖြူရောင်အကွက်များရှိသောကြောင်လေးသာ ကျန်ရှိနေတော့သည်။ ထိုကြောင်လေးသည်လည်း မနက်ဖြန် သူ့အိမ်သစ်သို့ သွားရတော့မည်။

သေချာတာကတော့ ကျင်းရှီခမျာ လိုက်သွားချင်နေသည်မှာ သေလုမျောပါးဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်ကြိမ်က သူမသည် အတန်းရှိသောကြောင့် ကြောင်လေးများ လိုက်ပို့ခြင်းကို လွဲချော်ခဲ့သည်။ မနက်ဖြန်သည် စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်သောကြောင့် ပြီးပြည့်စုံနေသည်။

ဟိုတစ်ခုမှလွဲ၍...

လွန်ခဲ့သည့်ရက်အနည်းငယ်က ပေါ်ရန်၏ စာများကို ပြန်မဖြေသောကြောင့် သူမ တုံ့ဆိုင်းသွားသည်။ သူမသွားလျှင် သူ့အပေါ်နှုတ်ဆိတ်နေမှုကို ချိုးဖျက်ပစ်မိသလိုဖြစ်နေပေမည်။

သူမ လိပ်ပြာမသန့်ဖြစ်နေသည်ကို သတိပြုမိပုံရပြီး ပေါ်ရန်က ထပ်မံ၍ မက်ဆေ့ချ်ပို့ခဲ့သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ- မနက်ဖြန်နေ့လည် ၃ နာရီမှာ ၁၀မိနစ်လောက် ကျောင်းဂိတ်မှာ စောင့်နေမယ်။ မင်းလာချင်ရင်လာခဲ့လေ”

ကျင်းရှီ၏ နူးညံ့သောလက်ချောင်းများက ဖုန်းစခရင်ကို ညင်သာစွာ ပွတ်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

စဉ်းစားဖို့ အချိန်ရှိပါသေးသည်။

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် စာပေကလပ်၏ အမှုဆောင်ကော်မတီသည် အရေးကြီးသော အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ လာမည့် ကဗျာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ခွင့် စာရင်းသွင်းခြင်းမှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုပွဲကိုဧပြီလဆန်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

Ruida ကုမ္ပဏီမှ စပွန်ဆာများရရှိထားသောကြောင့် စေတနာပါပါ ငွေသားဆုများသည် စာရင်းသွင်းသူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ပွဲစီစဉ်သူများကို အလုပ်ပိုများစေသည်။

ကျင်းရှီသည် ထိုင်ခုံတွင်ထိုင်ကာ ဖုန်းစခရင်ပေါ်ရှိ နာရီကို ခိုးကြောင်ခိုးဝှက်ကြည့်နေသည်။

၂:၄၅၊ ၂:၅၀...

ဥက္ကဌသည် ပြိုင်ပွဲကို စီမံခန့်ခွဲရန် တာဝန်များ အဆိုင်းချပေးခဲ့သည်။ လူအင်အားနည်းသောကြောင့် လူတိုင်းတွင် တာဝန်များစွာရှိသည်။

ကျင်းရှီသည် ဤအရေးကြီးသော အခိုက်အတန့်တွင် ခွင့်တောင်းခြင်းမှာ မမှန်ကန်ဘူးဟု ထင်နေသည်။

“အဖွဲ့အစည်းဌာနက ပွဲစီစဉ်ညှိနှိုင်းမှုနဲ့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှုတို့ကို တာဝန်ယူဆောင်ရွက်မည်ဖြစ်...”

ကျင်းရှီသည် ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် ခြေဖျားထောက်ပြီး ဖုန်းကို နောက်တချက် ခိုးကြည့်လိုက်သည်- ၂:၅၈။

သူမအနားမှာရှိသော ကျန့်စစ်ရွင်းသည် သူမ၏ ဂနာမငြိမ်မှုကို သတိပြုမိသည် - “မင်း တစ်နေရာရာကို သွားစရာရှိလို့လား”

“မရှိ... မရှိပါဘူး” ကျင်းရှီက မပွင့်တပွင့်ပြောလိုက်သည်။

အဆုံးတွင် ပေါ်ရန်ကို သူမ ထိုနေရာကို သေချာပေါက် လာမည်ဟု ကတိမပေးခဲ့ပေ။ သူသည် ၁၀ မိနစ်စောင့်မည်ဟု ပြောခဲ့သည်။ သူမ ပေါ်မလာလျှင် သူထွက်သွားလိမ့်မည်ဖြစ်သည်။

ကျန့်စစ်ရွင်း - “အဲဒါက သိပ်အရေးမကြီးရင် အဖွဲ့အစည်းဌာနက အကျဉ်းချုံးမပြီးမချင်း မင်းဒီမှာရှိနေသင့်တယ်၊ အဲဒါမှ မင်းကောင်းကောင်းသွားလို့ရမှာ”

ကျင်းရှီက ခေါင်းညိမ့်လိုက်သည်။

သူတို့၏ အကန့်အသတ်ရှိသော လူအင်အားဖြင့် အဖွဲ့အစည်းဌာနသည် ပြိုင်ပွဲတစ်ခုလုံးကို ညှိနှိုင်းဆောင်ရွက်ပေးရသည်။ ကျင်းရှီသည် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲဝင်များကို နေရာချပေးပြီး အသံလွှင့်ဌာနရှိ စီနီယာများအား အကဲဖြတ်ဒိုင်များအဖြစ် ခေါ်ယူပေးရန် တာဝန်ပေးခံခဲ့ရသည်။

လုပ်စရာ အများကြီးရှိနေသည်။

ဥက္ကဌသည် တာဝန်များကို အဆိုင်းချပြီးသည့်အခါ အချိန်မှာ ၃:၃၀ မှာ ဖြစ်နေပြီ။

ကျင်းရှီသည် အစည်းအဝေး ပြီးဆုံးသည်အထိ မစောင့်တော့ပေ။ သူမက ကျန့်စစ်ရွင်းကို အမြန်ပြောပြီး ထွက်သွားကာ လွယ်အိတ်ကို ကိုင်၍ ကျောင်းဂိတ်တံခါးဆီသို့ ပြေးသွားခဲ့သည်။

သူမသည် ခပ်ဝေးဝေးသို့ အမြန်ပြေးသွားခဲ့သည်။ သူမ ရပ်တန့်ကာ အနားယူပြီးနောက် ပြန်ပြေးခဲ့သည် - တံခါးဝသို့ ရောက်ရန် ၁၀ မိနစ်ခန့် အချိန်ယူရပြီး အသက်ရှူမဝတော့ပါ။

အလွန်ခုန်နေသော နှလုံးကို ငြိမ်အောင် ကြိုးစားရင်း ဘယ်ညာ ကြည့်လိုက်မိသည်။

ခါတိုင်းလို ကျောင်းသားများ အသွားအလာ ရှုပ်နေသည့် အချိန်မှာ ပေါ်ရန်၏ အရိပ်အယောင် မတွေ့ရပေ။

ကျင်းရှီသည် မျက်ခုံးကိုပင့်ပြီး ပေါ်ရန်တကယ်ထွက်သွားပြီလားဆိုသည်ကို သေချာအောင် ဂရုတစိုက်နှင့် မျက်လုံးစကင်န်ဖတ်ကြည့်နေသည်။ စိတ်ပျက်စရာများ ရင်ထဲမှာ ပေါ်ပေါက်လာသည်။

ဟုတ်ပါသည်၊ နောက်ကျတာက သူမအပြစ်ဖြစ်နေသည်။ သူမကို အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်းနေမည်ဟု သူမမှာ ဘာအခွင့်အရေးရှိ၍ မျှော်လင့်နေရမည်နည်း။

သူက ၁၀ မိနစ်ဟုသာ ပြောခဲ့သည်။ သူမသည် မိနစ် ၃၀ နောက်ကျပြီးမှ ရောက်လာသည်။ သူထိုနေရာမှာရှိနေမည်ကို သူမဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်မည်နည်း။

ကျင်းရှီသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့ကာ ကျောက်စရစ်ခဲတစ်လုံးကို ခြေထောက်ဖြင့် ကန်လိုက်သည်။

သူမ၏ တစ်စိတ်တစ်ပိုင်းက ထိုအရာကို အတိအကျ မျှော်လင့်နေခဲ့သည်။

အရူးတစ်ယောက်လိုပင်။

ကျောက်စရစ်ခဲသည် လှိမ့်သွားပြီး ခြေတစ်စုံနားရောက်သောအခါ ရပ်သွားခဲ့သည်-လမ်းဘေးရှိ တရုတ်ဘယ်ရီပင်တစ်ပင်နားတွင် ဖြစ်သည်။

“မိနစ် ၃၀ နောက်ကျပြီးမှ လာတယ်၊ မင်းကို ငါ ဘယ်လို အပြစ်ပေးရမလဲ” ရင်းနှီးပြီး အနည်းငယ် နက်ရှိုင်း၍ ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။ သစ်ပင်တစ်ပင်မှ သစ်ရွက်များကြွေကျနေသကဲ့သို့ပင်။

ကျင်းရှီသည် သစ်ပင်ကို ပျင်းရိငြီးငွေ့စွာ မှီနေပြီး လက်ပိုက်ထားသည့် ပေါ်ရန်ကို တွေ့လိုက်ရသည်။

နေရောင်အောက်မှာ သူ့မျက်လုံးများက ဖန်သားပြင်လို ကြည်လင်နေသည်။ နက်မှောင်နေသော မျက်လုံးနှစ်လုံးက သူမကို ငေးကြည့်ရင်း ရယ်မောချင်သလို ဖြစ်နေသည်။

“ရှင်မသွားသေးဘူးလား?”

ပေါ်ရန်သည် သူမ၏ ဆံမြိတ်များကို ဖွရန် သူမဆီလျှောက်လာခဲ့သည်။ သူ့အမူအရာက နူးညံ့သိမ်မွေ့နေသည်- “ငါလည်းသွားတော့မလို့ပဲ။ ဒါပေမယ့် စိတ်ထဲမှာ တစ်ခုခုက ဒီငတုံးမလေးက အချိန်မှားသွားတာဖြစ်မယ်၊ အဲ့တော့ ငါ နောက်ထပ် ၁၀ မိနစ်ထပ်စောင့်သင့်တယ်ဆိုပြီး ပြောနေလို့ပဲ”

ထို့ကြောင့် သူသည် နောက်ထပ် ၁၀ မိနစ်များစွာကြာအောင် စောင့်ဆိုင်းနေခဲ့သည်။

ကျင်းရှီသည် သူမ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။ “ဒါဆို... ကျွန်မတို့ အရင်လို ပြန်ခေါ်ကြမယ်နော်”

All Chapters