← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇) နေနှင့်လ မိစ္ဆာခန္ဓာကိုယ်၊ ဆင်ပြောင်ကြီး ဟုန်ရှန့်။ (၂)

ပျက်စီးသွားသော တစ်ရှူးများမှာ ပြန်လည်ဖွဲ့စည်းရန် ကြိုးစားနေသဖြင့် ဒဏ်ရာရှိ အသားဆိုင်များမှာ တုန်ခါလှုပ်ရှားနေသော်လည်း ဤကဲ့သို့ မသေမျိုးခန္ဓာကိုယ်ရှိသော မိစ္ဆာနတ်ဆိုးကို သတ်ဖြတ်ရန်အတွက် အသက်ရှူရန် အခွင့်အရေး တစ်စက္ကန့်မျှပင် မပေးသင့်ကြောင်း စူးချန်ခုန်း သိပါ၏။

“ဝူး”

ပုံရိပ်ယောင် မျောက်ဝံကြီး၏ စိတ်အာရုံမှာ ရှေ့သို့ တိုးဝင်သွားပြီး အညိုရောင်အမွေးများရှိသော ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကျူံးယွဲ့ကို မြေပြင်ပေါ်သို့ ဖိထားလိုက်သည်။ ၎င်း၏ သန်မာသော လက်သည်းများဖြင့် ပုခုံးကို ဖိထားပြီး ကြီးမားသော ပါးစပ်ဖြင့် ကျူံးယွဲ့၏ လည်ပင်းနှင့် အသစ်ပြန်လည် ဖြစ်ပေါ်လာသော ဦးခေါင်းကို ကိုက်ခဲဖျက်ဆီးတော့သည်။

“ဒုတ်”

ကျူံးယွဲ့သည် ထိုကျားကြီးကို တွန်းထုတ်ရန် ကြိုးစားသော်လည်း စူးချန်ခုန်းမှာ သူ၏ဓားကို လွှဲယမ်းပြီးဖြစ်ရာ ကျူံးယွဲ့၏ ညာဘက်လက်ကောက်ဝတ်မှာ ပြတ်တောက်သွားလေ၏။ စူးချန်ခုန်းက ထိုပြတ်သွားသော လက်ကို ဖမ်းယူကာ အဝေးသို့ ပြင်းထန်စွာ လွှင့်ပစ်လိုက်ရာ ပေတစ်ရာခန့်အကွာမှ မြေပြင်ပေါ်သို့ ကျသွားသည်။

ကျူံးယွဲ့၏ ပြတ်တောက်သွားသော လက်မှာ မမြင်ရသော အားတစ်ခုဖြင့် ပြန်လည် ဆွဲယူခံနေရပြီး ခန္ဓာကိုယ်ထံ ပြန်လာရန် ကြိုးစားနေသော်လည်း ထိုအရှိန်မှာ အလွန်နှေးကွေးလှသည်။

မိစ္ဆာနတ်ဆိုး၏ ပျက်စီးသွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဝေးကွာသွားလေလေ ပြန်လည်ခေါ်ယူရန် ခက်ခဲလေလေဖြစ်ပြီး အသားဆိုင်များ ပြန်လည်ဖွဲ့စည်းရန်အတွက် မိစ္ဆာစွမ်းအင်မှာ ဆယ်ဆခန့် ပိုမိုကုန်ဆုံးသွားသည်။

စူးချန်ခုန်းသည် ယခင်က မိစ္ဆာနတ်ဆိုးများနှင့် မိစ္ဆာစစ်သည်များကို အကြိမ်ကြိမ် ရင်ဆိုင်ဖူးသဖြင့် မသေမျိုးခန္ဓာကိုယ်များကို မည်သို့ ထိန်းချုပ်ရမည်ဟူသော အတွေ့အကြုံများ ရှိနေခြင်းဖြစ်သည်။

“တောက်”

ကျူံးယွဲ့၏ ဦးခေါင်းမှာ ပြန်လည်ဖြစ်ပေါ်လာရုံရှိသေးသော်လည်း ကျားအသွင်ပြောင်းထားသော စိတ်အာရုံကြီးမှာ သူ၏လည်ပင်းကို ကိုက်ခဲကာ ဦးခေါင်းကို နောက်တစ်ကြိမ် ရက်စက်စွာ ဆွဲဖြုတ်ပစ်လိုက်ပြန်သည်။

စူးချန်ခုန်းသည် ကျူံးယွဲ့၏ ခြေလက်များကို အဆက်မပြတ် ခုတ်ဖြတ်ကာ အဝေးသို့ လွှင့်ပစ်နေသဖြင့် ကျုံးယွဲ့မှာ ပြန်လည်ခုခံရန် နည်းလမ်းရှာမရဘဲ ရုန်းကန်နေရသည်။

“မဟုတ်ဘူး... မကောင်းတော့ဘူး... ငါ့ရဲ့ မိစ္ဆာစွမ်းအင်တွေ ကုန်တော့မယ်”

ကျူံးယွဲ့၏ နှလုံးသားအတွင်း ထိတ်လန့်မှုများ စတင်ဝင်ရောက်လာသည်။ သူနှင့် ပေါင်းစပ်ထားသော နတ်ဆိုးအမြုတေမှာ အဆင့်နိမ့် မိစ္ဆာနတ်ဆိုးထံမှသာ ဖြစ်သည်။ ယခင်က နတ်ဘုရားမျိုးစေ့၏ စွမ်းအားကြောင့် တစ်ကြိမ် ပျက်စီးဖူးရာ မိစ္ဆာစွမ်းအင် အမြောက်အမြား ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ ယခုအခါ စူးချန်ခုန်း၏ တိုက်ခိုက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် ပျက်စီးနေပြီး မိစ္ဆာစွမ်းအင်မှာ ရေစီးသကဲ့သို့ ကုန်ခမ်းနေသည်။ ဤအတိုင်းသာ ဆက်သွားပါက သူ သေချာပေါက် သေဆုံးရမည်သာ။

မသေမျိုးခန္ဓာကိုယ်များကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိသော စူးချန်ခုန်းသည် သူ့ကို အသက်ရှူရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးပေ။

“သတ်ပစ်”

စူးချန်ခုန်းသည်လည်း အလွန်အမင်း ဒေါသထွက်နေ၏။ မူလချီစွမ်းအင်ကို ရရှိရန် လက်တစ်ကမ်းသာ လိုတော့သည့်အချိန်တွင် ကျုံးယွဲ့က ကြားဖြတ်ဝင်ရောက်လာပြီး သူ့ကို အစာအဖြစ် သတ်မှတ်ကာ ရန်ပြုခဲ့သဖြင့် စူးချန်ခုန်းအနေဖြင့် သူ့ကို သုတ်သင်ရန်မှတစ်ပါး အခြားမရှိတော့ပေ။

“တော်ပါ...”

ကျူံးယွဲ့၏ ဦးခေါင်းမှာ ပြန်လည် ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်နှင့် ကပ်ရန် ကြိုးစားချိန်တွင် ကျားအသွင် စိတ်အာရုံကြီးက သူ၏ဦးခေါင်းကို လက်သည်းဖြင့် ဖိထားပြီး လည်ပင်းကို ကိုက်ဖြတ်ပစ်လိုက်သဖြင့် သူသည် စကားတစ်ခွန်းပင် ဆုံးအောင် မပြောနိုင်ခဲ့။

စူးချန်ခုန်းသည် ကျူံးယွဲ့၏ အသက်ဓာတ်များ လျင်မြန်စွာ ကုန်ခမ်းသွားသည်ကို ခံစားနေရပြီး သေဆုံးရန် နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်သည်။

“ဟင်”

သို့သော် ရုတ်တရက် စူးချန်ခုန်း၏ နှလုံးသားအတွင်း ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခု တိုးဝင်လာသည်။

မလှမ်းမကမ်းတွင် ရေခဲနဂါးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရမည့် ဖုန်းရိယွဲ့မှာ မည်သည့်အချိန်က ရောက်လာသည်မသိဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ စူးချန်ခုန်း၏ နောက်ကျောဘက်တွင် ပေါ်လာသည်။

အတိအကျ ပြောရလျှင် ၎င်းမှာ ဒုတိယမြောက် ‘ဖုန်းရိယွဲ့’ ပင် ဖြစ်သည်။

“အသုံးမကျတဲ့ကောင်” ဖုန်းရိယွဲ့နှင့် ဟုန်ရှန့်တို့သည် နတ်ဘုရားမျိုးစေ့၏ စွမ်းအားကို လျှော့ချရန် အတူတကွ ကြိုးစားနေကြခြင်းဖြစ်သည်။ သို့သော် ကျုံးယွဲ့၏ အသက်ဓာတ် အားနည်းလာသည်ကို ခံစားမိသဖြင့် ဖုန်းရိယွဲ့ နောက်သို့ လှည့်ကြည့်လိုက်ရာ ကျုံးယွဲ့မှာ လူသားလူငယ်တစ်ဦး၏ လက်အောက်တွင် ခုခံနိုင်စွမ်းမရှိဘဲ အနှိပ်စက်ခံနေရသည်ကို တွေ့လိုက်ရသည်။ ဤအချက်က သူ့ကို ဒေါသထွက်စေပြီး ခပ်တိုးတိုး ကျိန်ဆဲမိစေသည်။

ရေခဲနဂါးကို တိုက်ခိုက်ပြီး နတ်ဘုရားမျိုးစေ့ကို လုယူရန် ကူညီမည့်အစား ကျုံးယွဲ့မှာ သိုင်းပညာရှင်ငယ်လေးတစ်ဦးနှင့် ရန်ဖြစ်နေပြီး သေလုမျောပါး အရိုက်ခံနေရခြင်းမှာ အသက်ခြွေဂိုဏ်းအတွက် အရှက်ရစရာပင်။

သို့သော် ကျုံးယွဲ့မှာ သူ၏လက်အောက်ငယ်သား ဖြစ်နေသဖြင့် ဖုန်းရိယွဲ့အနေဖြင့် သူ အသတ်ခံနေရသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ပေ။ ဖုန်းရိယွဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး နှစ်ခု ကွဲထွက်သွားကာ မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ပုံရိပ်တစ်ခုမှာ အေးစက်လှသော လရောင်ကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်နေပြီး အခြားပုံရိပ်တစ်ခုမှာမူ အရာအားလုံးကို ပြာဖြစ်စေနိုင်သော တောက်လောင်သည့် အနီရောင် အပူလှိုင်းများ ထွက်ပေါ်နေ၏။

“ဒါ ဖုန်းရိယွဲ့ရဲ့ မိစ္ဆာအတတ် ‘နေနဲ့လ ခန္ဓာကိုယ်’ ပဲ”

ဟုန်ရှန့်သည် ဤအခြင်းအရာကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

ဖုန်းရိယွဲ့သည် အသက်ခြွေဂိုဏ်းအတွင်း အဆင့်မြင့်သော နေရာတွင် ရှိသည်။ သူသည် အလယ်အလတ်အဆင့် မိစ္ဆာနတ်ဆိုး၏ အမြုတေနှင့် ပေါင်းစပ်ထားသူဖြစ်ပြီး ကြီးမားသော ခွန်အားနှင့် အလားအလာရှိသူ ဖြစ်သည်။

သူ၏ ‘နေနှင့်လ ခန္ဓာကိုယ်’ ဟူသော မိစ္ဆာအတတ်မှာလည်း အလွန်ထူးခြားလှသည်။ သူ၏ခန္ဓာကိုယ်ကို နေနှင့်လ ဟူသော မိစ္ဆာခန္ဓာကိုယ် နှစ်ခုအဖြစ် ခွဲထုတ်နိုင်ပြီး သူ၏ခွန်အားကို လျော့ကျမသွားစေသည့်အပြင် မိစ္ဆာစွမ်းအားများကို အပြည့်အဝ အသုံးပြုနိုင်သည်။

မိစ္ဆာခန္ဓာကိုယ် တစ်ခုချင်းစီတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြပြီး တစ်ခုမှာ ယင် ဖြစ်၍ တစ်ခုမှာ ယန် ဖြစ်သည်။ တစ်ခုမှာ တိုက်စစ်အတွက်ဖြစ်ပြီး တစ်ခုမှာ ခံစစ်အတွက် ဖြစ်သည်။

ဟုန်ရှန့်သည် ဖုန်းရိယွဲ့၏ ဤအတတ်အကြောင်း ကြားဖူးသော်လည်း ယခုမှသာ ကိုယ်တိုင် မြင်တွေ့ဖူးခြင်းဖြစ်သည်။

မိစ္ဆာအတတ်များကို သာမန်ကိုယ်ခံပညာရပ်များထက် အဆင့်များစွာမြင့်မားသော ‘နတ်ဘုရားစွမ်းရည်’ များ၏ အားပျော့သော ပုံစံများအဖြစ် သတ်မှတ်နိုင်သည်။

ဖုန်းရိယွဲ့၏ လသဏ္ဍာန် ယင်မိစ္ဆာခန္ဓာကိုယ်မှာ ရေခဲနဂါး၏ တိုက်ခိုက်မှုကို ဆက်လက်ရင်ဆိုင်နေသည်။ နဂါးကြီးက နှင်းခဲများကို မှုတ်ထုတ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လရောင်ဟပ်မှုအောက်တွင် ထိုနှင်းခဲများမှာ လမ်းကြောင်းလွဲသွားပြီး သူ့ကို မထိမှန်ဘဲ အလိုအလျောက် ရှောင်ကွင်းသွားသည်။

ဆန့်ကျင်ဘက်အားဖြင့် အနီရောင်တောက်တောက် နေမိစ္ဆာခန္ဓာကိုယ်မှာမူ တောက်လောင်နေသော မိစ္ဆာမီးလျှံများဖြင့် ဖုံးလွှမ်းထားပြီး မြေပြင်ပေါ်ရှိ ရေခဲများကို အရည်ပျော်စေလျက် စူးချန်ခုန်းထံသို့ တိုးဝင်လာသည်။

“သေစမ်း”

နေမိစ္ဆာခန္ဓာကိုယ်၏ လည်ချောင်းအတွင်းမှ ပြင်းထန်သော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူ၏ ညာလက်သီးကို တောက်လောင်နေသော မီးလုံးကြီးကဲ့သို့ စူးချန်ခုန်းထံသို့ ရိုက်ချလိုက်သည်။ ထိုမှထွက်ပေါ်လာသော အပူလှိုင်းမှာ အသားများကို ပြာဖြစ်စေနိုင်လောက်အောင် ပြင်းထန်လှ၏။

နောက်ကျောဘက်မှ သေစေနိုင်သော ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် စူးချန်ခုန်းမှာ မဆိုင်းမတွဘဲ လှည့်ထွက်လိုက်သည်။ ပုံရိပ်ယောင်ကျားအသွင်မှာ ကောင်းကင်သို့ ပျံတက်သွားသော ကြိုးကြာဖြူကြီးအဖြစ် ပြောင်းလဲသွားပြီး စူးချန်ခုန်း၏ ပုခုံးကို ဆွဲကာ အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

“ဝုန်း”

ဖုန်းရိယွဲ့၏ နေမိစ္ဆာပုံရိပ်၏ လက်သီးချက်မှာ စူးချန်ခုန်း၏ ပုံရိပ်ယောင်ကိုသာ ထိမှန်သွားပြီး လက်သီးပေါ်ရှိ မိစ္ဆာမီးလျှံများမှာ ပေါက်ကွဲထွက်သွားသည်။ ထိုမှထွက်ပေါ်လာသော အပူလှိုင်းများမှာ မီးလုံးကြီးကဲ့သို့ ရှေ့သို့ တိုးဝင်သွားပြီး ပေပေါင်းများစွာအထိ မီးလမ်းကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အခန်း (၄၅၈) နေနှင့်လ မိစ္ဆာခန္ဓာကိုယ်၊ ဆင်ပြောင်ကြီး ဟုန်ရှန့်။ (၃)

“အဲ့ဒါ ဖုန်းရိယွဲ့လား။ ဒါက ဘယ်လိုမိစ္ဆာအတတ်မျိုးလဲ။ ငါအရင်က မြင်ဖူးခဲ့တဲ့ တခြားမိစ္ဆာနတ်ဆိုးတွေ ဒါမှမဟုတ် မိစ္ဆာလူသားတွေထက် အများကြီး ပိုသာလွန်တာ သိသာတယ်။”

စူးချန်ခုန်းသည် ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့် မျက်ခုံးများ လှုပ်သွားပြီး စိတ်ထဲတွင် ထိတ်လန့်သွားရသည်။

အကယ်၍ ထိုလက်သီးချက်သာ တည့်တည့်ထိမှန်သွားပါက သူသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်မှာ အသေချာပင်။

ယခင်ကပင် စူးချန်ခုန်းသည် ဝတ်စုံနက်နှင့် လူသုံးဦးအနက် ခြိမ်းခြောက်မှုအကြီးမားဆုံးမှာ ဤဖုန်းရိယွဲ့ဖြစ်ကြောင်း ခံစားမိခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ သူသည် ထူးခြားသော အလားအလာရှိသည့် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ အသက်ခြွေဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေကို ရရှိကာ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သဖြင့် အရင်ကထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာခဲ့သည်။

ယခုအချိန်တွင် ကျုံးယွဲ့သည် စူးချန်ခုန်း၏ တိုက်ခိုက်မှုကြောင့် သေလုနီးပါး ဒဏ်ရာရနေချိန် ဖြစ်သည်။ ဖုန်းရိယွဲ့သည် နေနှင့်လ ခန္ဓာကိုယ် မိစ္ဆာအတတ်ကို တိုက်ရိုက်အသုံးပြုကာ နှစ်ခုခွဲလိုက်သည်။ လမိစ္ဆာခန္ဓာကိုယ်မှာ ရေခဲနဂါးကို ဆက်လက်တိုက်ခိုက်ပြီး ၎င်း၏အင်အားကို လျှော့ချနေစဉ် နေမိစ္ဆာခန္ဓာကိုယ်မှာမူ စူးချန်ခုန်းနှင့် ကျုံးယွဲ့တို့၏ တိုက်ပွဲအတွင်းသို့ ကြားဖြတ်ဝင်ရောက်ကာ စူးချန်ခုန်းကို အပြတ်ရှင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ။ မူလနယ်ပယ်ကို မရောက်သေးဘဲ သဘာဝရဲ့ ဝိညာဉ်စွမ်းအင်တွေကို အသုံးချနိုင်တယ်ပေါ့။”

နေမိစ္ဆာခန္ဓာကိုယ်မှ အက်ရှရှ အသံကြီး ထွက်ပေါ်လာပြီး အနည်းငယ် အံ့အားသင့်သွားပုံရသည်။

“သေလိုက်တော့။”

သို့သော် နောက်တစ်စက္ကန့်တွင် နေမိစ္ဆာခန္ဓာကိုယ်က လှုပ်ရှားလိုက်ရာ သူ၏အရှိန်နှင့် ခွန်အားမှာ သာမန်မူလနယ်ပယ် သိုင်းပညာရှင်များ စိတ်ကူးပင်မယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေသည်။ သူသည် မီးလျှံများကို ချန်ရစ်ကာ နောက်သို့ ဆုတ်ခွာနေသော စူးချန်ခုန်းကို အမီလိုက်ပြီး ဧရာမလက်ဝါးကြီးဖြင့် စူးချန်ခုန်း၏ လည်ပင်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ရာ ပြင်းထန်သော အပူလှိုင်းများ ထွက်ပေါ်လာသည်။

နေမိစ္ဆာခန္ဓာကိုယ်ကို ပတ်ထားသော မိစ္ဆာမီးလျှံများပင် တိုက်ရိုက်ထိတွေ့သူတိုင်းကို ပြာဖြစ်သွားစေနိုင်သည်။

စူးချန်ခုန်းသည် သူ၏စိတ်ဝိညာဉ်ကို စုစည်းလိုက်ရာ ကြိုးကြာဖြူ ပုံရိပ်မှာ စူးချန်ခုန်း၏ ရှေ့တွင် ရပ်နေသော အမွေးနက် ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားပြီး နေမိစ္ဆာခန္ဓာကိုယ်၏ အရှိန်ကို ဟန့်တားလိုက်သည်။

ဝုန်း

နေမိစ္ဆာခန္ဓာကိုယ်၏ လက်ဝါးကြီးမှာ ဝက်ဝံကြီး၏ ပုံရိပ်ယောင်ကို ရိုက်ချလိုက်ရာ မီးလျှံများ ပေါက်ကွဲထွက်သွားသည်။ သဘာဝစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ထိုဝက်ဝံကြီးမှာ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသဖြင့် ၎င်း၏ပုံသဏ္ဍာန်မှာ ပျက်ယွင်းသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

“ခုတ်ပစ်”

ထိုအချိန်တွင် စူးချန်ခုန်းကိုယ်တိုင်မှာ မြေပြင်ကို နင်းကာ နေမိစ္ဆာခန္ဓာကိုယ်၏ ဘေးတွင် ပေါ်လာသည်။ သူ၏ သံဖြတ်ဓားပေါ်ရှိ ဓားစွမ်းအင်များမှာ စုစည်းသွားပြီး ဓား၏စွမ်းအားက အရှိန်၊ ခွန်အားနှင့် နည်းစနစ်တို့ကို ပေါင်းစပ်ကာ အရာအားလုံးကို ပိုင်းဖြတ်နိုင်သော ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားလျက် နေမိစ္ဆာခန္ဓာကိုယ်၏ လည်ပင်းကို ခုတ်ချလိုက်သည်။

“ရွှီး”

ဓားချက်မှာ နေမိစ္ဆာခန္ဓာကိုယ်၏ လည်ပင်းကို တည့်တည့်ထိမှန်သွားသော်လည်း စူးချန်ခုန်းမှာ ထိတ်လန့်သွားရသည်။ ဓားသွားမှာ လက်မဝက်ခန့်သာ နက်ဝင်သွားသောကြောင့် ဖြစ်သည်။ နေမိစ္ဆာခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ မာကျောပြီး မီးကဲ့သို့ ပူလောင်နေကာ စူးချန်ခုန်း လက်ရှိ ကိုင်တွယ်နိုင်သော အဆင့်ထက် လုံးဝကျော်လွန်နေသည်။

ဓားချက်မှာ နေမိစ္ဆာခန္ဓာကိုယ်၏ လည်ပင်းကို မဖြတ်တောက်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် မိစ္ဆာမီးလျှံများမှာ ပိုမိုတောက်လောင်လာကာ ဓားသွားမှတစ်ဆင့် စူးချန်ခုန်း၏ အသားများကို ပြာဖြစ်စေရန် တိုးဝင်လာသည်။

သတိရှိသော စူးချန်ခုန်းသည် ဓားကို ပြန်ရုပ်သိမ်းကာ နောက်သို့ ဆုတ်လိုက်သည်။ သူ၏ ဧရာမဝေလငါးချီစွမ်းအားကို အသုံးပြု၍ တိုးဝင်လာသော မိစ္ဆာမီးလျှံများကို ပိတ်ဆို့လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဓားကို ခါလိုက်ရာ ပျံ့နှံ့နေသော မိစ္ဆာမီးတောက်များ လွင့်စင်သွားသည်။

“ဓားစွမ်းအားလား မဆိုးပါဘူး။ ဒါပေမဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်ချင်ရင်တော့ မင်းအနေနဲ့ ဓားဝိညာဉ်ကို စုစည်းနိုင်ဖို့ လိုလိမ့်မယ်။” နေမိစ္ဆာခန္ဓာကိုယ်က အက်ရှရှအသံဖြင့် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။ သူ၏လည်ပင်းပေါ်ရှိ လက်မဝက်ခန့် နက်သော ဒဏ်ရာမှာ အသက်ရှူရုံမျှဖြင့် ပြန်လည်ပျောက်ကင်းသွားပြီး မီးလျှံများ ဖုံးလွှမ်းနေသော မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ရှေ့တွင်ရှိသော ဤလူသားသိုင်းပညာမှာ အလွန်ပင် ထူးဆန်းလှသည်။ မူလနယ်ပယ်အဆင့်သို့ မရောက်သေးဘဲ ကျုံးယွဲ့ကို ထိပ်တိုက်ရင်ဆိုင် အနိုင်ယူနိုင်သည့်အပြင် ဓားစွမ်းအားကိုပင် တတ်မြောက်ထားရာ ဓားအတတ်တွင် အလွန်ထူးချွန်သော ပါရမီရှင်ပင် ဖြစ်သည်။

သို့သော် မူလနယ်ပယ်သို့ ရောက်ရှိပြီး အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော ဖုန်းရိယွဲ့အတွက်မူ ဤအချက်မှာ မလုံလောက်သေးပေ။ သူ၏ နေမိစ္ဆာခန္ဓာကိုယ် တစ်ခုတည်းဖြင့်ပင် ရန်သူကို မြေမြှုပ်စရာ နေရာမရှိအောင် လုပ်ရန် လုံလောက်သည်။

“အခုပဲ လှုပ်ရှားကြတော့”

ထိုအချိန်တွင် ပိုင်ယွင်ဟယ်က အမိန့်ပေးလိုက်ရာ သူသည် ဖုန်းရိယွဲ့ကို တိုက်ခိုက်မည့်အစား မူလနယ်ပယ်ပညာရှင် သုံးဦးကို ဦးဆောင်ကာ အဝေးရှိ ရေခဲနဂါးထံသို့ ပြေးဝင်သွားကြသည်။ ဟုန်ရှန့်နှင့် လမိစ္ဆာခန္ဓာကိုယ်တို့မှာလည်း ထိုနဂါးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ရေခဲနဂါး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး ပြန်လည်ပျောက်ကင်းရန် ခဲယဉ်းနေသည်မှာ နတ်ဘုရားမျိုးစေ့၏ ယခင်ပိုင်ရှင်၏ စွမ်းအားနှင့် စိတ်ဝိညာဉ်များ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ပြနေသည်။ ရေခဲနဂါးကို အနိုင်ယူပြီး အတွင်းရှိ နတ်ဘုရားမျိုးစေ့ကို ရယူရန် အချိန်အများကြီး မလိုတော့ပေ။

အရှေ့တိမ်တိုက်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်အဖြစ် ပိုင်ယွင်ဟယ်သည် ပါရမီထူးချွန်ရုံသာမက နတ်ဘုရားမျိုးစေ့ကိုလည်း အလွန်အမင်း အရယူလိုသည်။ ၎င်းကို အသုံးပြု၍ နောင်တွင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို သူ မျှော်လင့်နေခြင်းဖြစ်သည်။

မည်သို့ပင် ပေးဆပ်ရပါစေ သူသည် နတ်ဘုရားမျိုးစေ့ကို အရယူမည် ဖြစ်သည်။ ဤအရာမှာ သူ၏ ဘဝတွင် တစ်ကြိမ်သာရမည့် အခွင့်အရေး ဖြစ်နိုင်သည်။

လမိစ္ဆာခန္ဓာကိုယ်၊ ဟုန်ရှန့်နှင့် အရှေ့တိမ်တိုက်ဂိုဏ်းမှ မူလနယ်ပယ် သိုင်းပညာရှင် လေးဦးစလုံးမှာ ရေခဲနဂါးကို ဝိုင်းရံတိုက်ခိုက်ကြသည်။ ပေတစ်ရာခန့်ရှည်သော ရေခဲနဂါးကြီးမှာ ဟိန်းဟောက်ရင်း လူးလိမ့်နေပြီး လှပခမ်းနားသော အဆောက်အဦးများကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေသော်လည်း ၎င်း၏အင်အားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေသည်မှာ သိသာလှသည်။

“အသုံးမကျတဲ့ကောင်…မင်း အဲဒီမှာ ဘယ်လောက်ကြာကြာ လဲနေဦးမှာလဲ။ ချီသွေးနယ်ပယ် သိုင်းပညာရှင် တစ်ယောက်ကိုတောင် မင်း မကိုင်တွယ်နိုင်ဘူးလား။”

မီးတောက်နေသော မျက်ခုံးများနှင့်အတူ နေမိစ္ဆာခန္ဓာကိုယ်က ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။

မလှမ်းမကမ်းတွင် အသားဆိုင်ကြီးတစ်ခုကဲ့သို့ ထွားကျိုင်းသော ကျုံးယွဲ့မှာ မြေပြင်ပေါ်မှ ပြန်လည် ထလာသည်။ နေမိစ္ဆာခန္ဓာကိုယ်၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် ကျုံးယွဲ့အနေဖြင့် သူ၏မိစ္ဆာခန္ဓာကိုယ်ကို ပြန်လည်ကုသရန်နှင့် မြေပြင်ပေါ်မှ ထရန် အချိန်ရသွားခြင်းဖြစ်သည်

နေမိစ္ဆာခန္ဓာကိုယ်၏ ကြိမ်းမောင်းမှုကို ရင်ဆိုင်ရသောအခါ ကျုံးယွဲ့၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီမြန်းသွားသည်။ သူက ထစ်ထစ်အအဖြင့် “ခု..ခုနက… ကျွန်တော် နတ်ဘုရားမျိုးစေ့ရဲ့ စွမ်းအားကြောင့် ဒဏ်ရာရသွားလို့ပါ။ အဲဒါကြောင့် သူ အခွင့်အရေး ရသွားတာပါ။” ဟု ပြောလိုက်သည်။

ကျုံးယွဲ့သည် သူ၏ရှုံးနိမ့်မှုကို ဆင်ခြေပေးရန် ကြိုးစားသော်လည်း သူအမှန်တကယ် ရှုံးနိမ့်ခဲ့သည်ကို သူသိသည်။ အကယ်၍ နေမိစ္ဆာခန္ဓာကိုယ်သာ ကြားဝင်မကူညီပါက သူသည် ဤလူသားလူငယ်လေး၏ လက်ထဲတွင် အသက်ပျောက်သွားမည်မှာ သေချာပါသည်။

“တော်တော့ မင်းလှုပ်ရှားဖို့ မလိုဘူး။ ဘေးကနေပဲ ကြည့်နေပြီး သူထွက်မပြေးနိုင်အောင် လုပ်ထား။ ဒီလူသားသိုင်းပညာရှင်က ငါ့လက်ထဲမှာ သေသင့်တယ်။”

နေမိစ္ဆာခန္ဓာကိုယ်က စိတ်မရှည်စွာ ပြောလိုက်ပြီး စူးချန်ခုန်း ထွက်မပြေးနိုင်အောင် စောင့်ကြည့်ရန် ကျုံးယွဲ့ကို ညွှန်ကြားလိုက်သည်။ အကယ်၍ စူးချန်ခုန်းသာ ထွက်ပြေးပါက သူ၏ မိစ္ဆာခန္ဓာကိုယ် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အဝေးကြီး ခွဲခွာ၍ မရနိုင်ပေ။ သို့သော် သူ၏ စွမ်းဆောင်ရည်အရ စူးချန်ခုန်းမှာ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

“ဟုတ်ကဲ့” ကျုံးယွဲ့က ဟိန်းသံကြီးဖြင့် ပြန်ဖြေလိုက်ပြီး စူးချန်ခုန်းကို သားကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။ သူသည် စိတ်ထဲမှ လှောင်ပြုံးပြုံးမိသည်။ ဤလူသားလေးမှာ သူထင်ထားသည်ထက် ပိုမိုအစွမ်းထက်သည်မှာ မှန်သော်လည်း အကျိုးမရှိပေ။ အဆုံးသတ်မှာတော့ သူ့အတွက် သေခြင်းတရားသာ ရှိလိမ့်မည်။

“ကျုံးယွဲ့တစ်ယောက်တည်းနဲ့တင် ငါ့မှာ ရှိသမျှ အကုန်ထုတ်သုံးလိုက်ရတာ။ အခု အဲဒီထက် ပိုကြောက်စရာကောင်းတဲ့ မိစ္ဆာလူသားက ပေါ်လာပြန်ပြီလား။”

စူးချန်ခုန်း၏ နှလုံးသားအတွင်း ထိန်းမနိုင်သိမ်းမရသော ထိတ်လန့်မှုများ မြင့်တက်လာသည်။ သူသည် ကျုံးယွဲ့ကို အနိုင်ယူရန်အတွက် သူ၏နည်းလမ်းအားလုံးကို သုံးစွဲခဲ့ပြီးဖြစ်သည်။

ဤဖုန်းရိယွဲ့မှာ ကျုံးယွဲ့ထက် အဆင့်များစွာ ပိုမိုမြင့်သည်မှာ သိသာပါသည်။

“ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ ရှိသမျှ အစွမ်းကုန်သုံးပြီး တိုက်ရဦးမှာပဲ။” စူးချန်ခုန်း၏ မျက်လုံးများအတွင်း ပြတ်သားသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ၏ လက်ထဲတွင် ဝှက်ဖဲတစ်ခု ရှိနေသေးသည်။ ၎င်းမှာ သဘာဝဝိညာဉ်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ အတုအယောင် မူလနယ်ပယ်သို့ ခေတ္တတက်လှမ်းပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ခြင်း ဖြစ်သည်။

သို့သော် ဤနည်းလမ်းဖြင့်ပင် သူလက်ရှိ ကိုင်တွယ်နိုင်စွမ်းမရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ဖုန်းရိယွဲ့ကို အနိုင်ယူနိုင်ဖို့ မသေချာပေ။

စူးချန်ခုန်းမှာ သူ၏နောက်တွင် ကျုံးယွဲ့ရှိနေပြီး ရှေ့တွင် ပို၍ကြောက်စရာကောင်းသော ဖုန်းရိယွဲ့ရှိနေသဖြင့် အမှန်တကယ်ကို အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

သို့သော် ရုတ်တရက် ကျုံးယွဲ့သည် နေမိစ္ဆာခန္ဓာကိုယ်၏ နောက်ဘက်ရှိ အရာတစ်ခုကို ကြည့်ကာ ထိတ်လန့်သွားသည်။ နေမိစ္ဆာခန္ဓာကိုယ်၏ နောက်ကွယ်တွင် ပေနှစ်ဆယ်ခန့် မြင့်သော ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ နေမိစ္ဆာခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများကို ဂရုမစိုက်ဘဲ ကြီးမားသော လက်တစ်ဖက်ဖြင့် နေမိစ္ဆာခန္ဓာကိုယ်၏ နောက်စိကို ဖမ်းဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ဘယ်ဘက်ပုခုံးကို ကိုင်လိုက်သည်။ ထို့နောက် အားကုန်သုံး၍ နေမိစ္ဆာခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

ဝုန်း

နေမိစ္ဆာခန္ဓာကိုယ်မှာ ပြင်းထန်သော အားတစ်ခုကြောင့် မြေပြင်ပေါ်သို့ ရိုက်ချခြင်း ခံလိုက်ရပြီး မြေပြင်မှာ အက်ကွဲသွားလေ၏။

မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားသော နေမိစ္ဆာခန္ဓာကိုယ်၏ မျက်လုံးများမှာ သွေးနီရောင် ဒေါသများဖြင့် တောက်လောင်လာပြီး သူ၏လည်ချောင်းအတွင်းမှ မယုံကြည်နိုင်မှုနှင့် ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ “ဟုန်ရှန့် မင်းရူးသွားပြီလား။”

နေမိစ္ဆာခန္ဓာကိုယ်၏ နောက်တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်သူမှာ အခြားသူမဟုတ်ဘဲ ဟုန်ရှန့်ပင် ဖြစ်သည်။

“အခုချက်ချင်း ထွက်ပြေးတော့”

ဟုန်ရှန့်သည် နေမိစ္ဆာခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ဖိထားရင်း စူးချန်ခုန်းကို ကြည့်ကာ အော်ပြောလိုက်သည်။

အခန်း (၄၅၉) မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာ။ အတုအယောင် မူလနယ်ပယ်။ (၁)

ဖြစ်ပျက်သွားသည့် အခြေအနေများမှာ ကျုံးယွဲ့အတွက်ဖြစ်စေ၊ နေမိစ္ဆာခန္ဓာအတွက်ဖြစ်စေ ထိတ်လန့်စရာပင်။ နေမိစ္ဆာခန္ဓာသည် မိမိနောက်မှ တစ်စုံတစ်ယောက် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို အာရုံခံမိပြီး ထိုသူမှာ ဟုန်ရှန့်ဖြစ်ကြောင်း သိထားသဖြင့် သတိမမူမိခဲ့ပေ။ အခြားတစ်ယောက်က ရေခဲချီနဂါးကို မတိုက်ခိုက်ဘဲ မိမိထံသို့ အဘယ်ကြောင့် ရောက်ရှိလာသနည်းဟု သူတွေးတောနေစဉ်မှာပင် ဟုန်ရှန့်က လက်ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

ဤလုပ်ရပ်ကြောင့် ဖုန်းရိယွဲ့သည် အံ့အားသင့်မှုနှင့်အတူ ဒေါသအလိပ်လိပ် ထွက်ပေါ်လာပြီး ဟုန်ရှန့် ရူးသွားတာ ဟုတ်မဟုတ် နားမလည်နိုင်အောင် ဖြစ်နေသည်။ လက်အောက်ငယ်သား တစ်ဦးမှ ရန်သူတစ်ဦးအဖြစ်သို့ အကြောင်းပြချက် မရှိဘဲ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။

စူးချန်ခုန်း ကိုယ်တိုင်ပင်လျှင် ဟုန်ရှန့်က သူ့ကို ကူညီလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နေမိစ္ဆာခန္ဓာကို ချုပ်နှောင်ပေးလိုက်ခြင်းက သူ့အား ထွက်ပြေးရန် အခွင့်အရေး တစ်ရပ် ရရှိစေခဲ့သည်။

“ဟုန်ရှန့်... သူက ဟုန်ကျန်းရှန့်လား”

ဟုန်ရှန့်၏ နီရဲနေသော မျက်လုံးများနှင့် အလျှင်လိုသည့် ပုံစံကို မြင်လိုက်ရချိန်တွင် စူးချန်ခုန်းသည် ဟုန်ရှန့်က မိမိ၏ အဖော်ကို အဘယ်ကြောင့် ပြန်လည် တိုက်ခိုက်ရသည်ကို နားလည်သွားတော့သည်။

ဟုန်ရှန့်က ဟုန်ကျန်းရှန့်ပင် ဖြစ်သည်။

...

အရင်က ဟုန်ကျန်းရှန့်သည် အကြောများ ပြတ်တောက်သွားခဲ့ပြီး ပြည်နယ်မြို့တော် စစ်သူကြီး ဘဝမှ မသန်စွမ်းသူ တစ်ဦးအဖြစ်သို့ ကျဆင်းသွားခြင်းကို မခံစားနိုင်သဖြင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ရန် ရွေးချယ်ခဲ့သည်။ အသွင်ပြောင်းလဲမှု အောင်မြင်ပြီးနောက် သူသည် တစ်ကျော့ပြန်လည် မွေးဖွားလာသကဲ့သို့ ပြင်းထန်သော ဒဏ်ရာများ ပျောက်ကင်းသွားသော်လည်း အများကြီး ပေးဆပ်ခဲ့ရသည်။

သူ၏ စိတ်နေစိတ်ထားမှာ တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာပြီး သွေးဆာလာခဲ့သည်။ မိမိ၏ ရင်းနှီးသော ရဲဘော်ရဲဘက်များနှင့် ညီအစ်ကိုများကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့၏ နှလုံးသားများကို ထုတ်ယူကာ အသားစိမ်းများကို စားသုံးလိုသည့် စိတ်ဆန္ဒကို ခက်ခဲစွာ ထိန်းချုပ်နေခဲ့ရသည်။

ဤအခြေအနေက ဟုန်ကျန်းရှန့်ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ နောင်တရမည့် လုပ်ရပ်များကို ကျူးလွန်မိမည်ကို စိုးရိမ်သဖြင့် သူသည် တာ့ဖုန်းပြည်နယ်မြို့တော်မှ ဝေးရာသို့ ထွက်ပြေးခဲ့ရသည်။

မိစ္ဆာစစ်သည်တော် ဖြစ်လာပြီးနောက် ဟုန်ကျန်းရှန့်သည် လူထူထပ်သော နေရာများသို့ မသွားရဲတော့ပေ။ အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဆာလောင်မှုကို မတောင့်ခံနိုင်သောအခါ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ကာ အသားစိမ်းများကို အာဟာရအဖြစ် စားသုံးခဲ့ရသည်။

ထို့ကြောင့် သူသည် တောနက်ထဲတွင် နှစ်လ၊ သုံးလခန့် ပုန်းအောင်း နေထိုင်ခဲ့သည်။

တစ်နေ့တွင် ဟုန်ကျန်းရှန့်သည် တစ်စုံတစ်ယောက်နှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့သည်။ အတိအကျ ဆိုရလျှင် လူသားစစ်စစ် မဟုတ်ဘဲ သူကဲ့သို့ပင် မိစ္ဆာလူသားတစ်ဦး ဖြစ်သည်။

ထိုမိစ္ဆာစစ်သည်တော်သည် ဟုန်ကျန်းရှန့်နှင့် တွေ့ဆုံချိန်တွင် ဟုန်ကျန်းရှန့်မှာ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသူ ဖြစ်ကြောင်း သိသွားပြီး သူတို့၏ အဖွဲ့အစည်းဖြစ်သော 'အသက်ခြွေဂိုဏ်း' သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

မိစ္ဆာစစ်သည်တော်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် နာမည်ကောင်းရှိရန် ခဲယဉ်းလှသဖြင့် ဟုန်ကျန်းရှန့်၏ စရိုက်အရ သူတို့နှင့် မပတ်သက်လိုပေ။ သူ ငြင်းပယ်ဖို့ ပြင်ခဲ့သည်။

သို့သော် ဟုန်ကျန်းရှန့်သည် ပုန်းအောင်းနေထိုင်ရခြင်းနှင့် အသားစိမ်းများ စားသုံးရသည့် ဘဝကို ငြီးငွေ့နေပြီ ဖြစ်သည်။ အကယ်၍ မိစ္ဆာစစ်သည်တော်များ၏ အဖွဲ့အစည်းသာ ဖြစ်ပါက သူတို့တွင် ဤကိစ္စနှင့် ပတ်သက်၍ သုတေသနများ ရှိနိုင်ပြီး သူ့ကို ပုံမှန်လူသားတစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲပေးနိုင်မည့် နည်းလမ်း ရှိကောင်းရှိနိုင်မည်ဟု သူတွေးမိသွားသည်။ ထို့ကြောင့် ဟုန်ကျန်းရှန့်သည် ထိုသူ၏ မိတ်ဆက်ပေးမှုဖြင့် အသက်ခြွေဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။

အသက်ခြွေဂိုဏ်း အတွင်းမှာပင် ဟုန်ကျန်းရှန့်သည် မူလချီစွမ်းအင်ကို အသုံးမပြုဘဲ မူလနယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ အလွန် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သဖြင့် အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်ပင်လျှင် သူ့ကို တွေ့ဆုံကာ ချီးမွမ်းခဲ့သည်။

ထိုအဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက် ဟုန်ကျန်းရှန့်၏ အစွမ်းမှာ ဗဟုသုတနှင့် အတွေ့အကြုံများကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူသည် သူ၏ နောက်ကြောင်းကို စိုးရိမ်သဖြင့် မိမိကိုယ်ကို 'ဟုန်ရှန့်' ဟု အမည်သစ် ပေးခဲ့သည်။

ဤအတောအတွင်း ဟုန်ကျန်းရှန့်သည် သရုပ်မှန်အသစ်ကို လက်ခံခဲ့ပြီး အသက်ရှင်နေသရွေ့ ဆက်လက် ရပ်တည်ရမည် ဖြစ်သဖြင့် အစည်းအရုံး၏ တာဝန်အချို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ယနေ့တော့ ဟုန်ကျန်းရှန့်၊ ကျုံးယွဲ့၊ ဖုန်းရိယွဲ့နှင့် အခြားသူများသည် နှင်းတောင်ကြားတောင်တန်းကို ဖြတ်သန်းစဉ် အတွင်းပိုင်း၌ လှုပ်ခတ်မှုများရှိနေသည်ကို ကြားသိရသဖြင့် ဖုန်းရိယွဲ့က အခြေအနေကို စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဟုန်ကျန်းရှန့် မမျှော်လင့်ထားသည်မှာ စူးချန်ခုန်းနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည် ဟူ၍ပင်။

စူးချန်ခုန်းသည် သူ၏ ရုပ်ရည်နှင့် အရိုးတည်ဆောက်ပုံကို ပြောင်းလဲထားသော်လည်း မိစ္ဆာစစ်သည်တော်များသည် မိစ္ဆာနတ်ဆိုးများကဲ့သို့ပင် စွမ်းအင်လှိုင်းများကို အာရုံခံနိုင်ကြသဖြင့် တစ်ချက်ကြည့်ရုံဖြင့် သူမှတ်မိသွားခဲ့သည်။

ထို့နောက် ကျုံးယွဲ့နှင့် စူးချန်ခုန်းတို့အကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စူးချန်ခုန်း ပြသခဲ့သော ဓားသိုင်းနှင့် မြားအတတ်များက ဟုန်ကျန့်ရှန့်ကို ပိုပြီးသေချာစေခဲ့သည်။ သို့သော် သူအံ့အားသင့်ရသည်မှာ စူးချန်ခုန်းသည် လွန်ခဲ့သော နှစ်နှစ်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေခြင်း ဖြစ်သည်။ မူလနယ်ပယ်သို့ မရောက်သေးသော်လည်း ကျုံးယွဲ့ကဲ့သို့ မိစ္ဆာစစ်သည်တော်ကို အနိုင်ယူနိုင်စွမ်း ရှိနေခြင်းမှာ မယုံနိုင်စရာပင်။

သို့သော်လည်း ဖုန်းရိယွဲ့ကိုယ်တိုင် ပါဝင်တိုက်ခိုက်လာပြီး 'နေနှင့်လခန္ဓာ' မိစ္ဆာအတတ်ကို အသုံးပြုကာ နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာအဖြစ် ခွဲထွက်၍ စူးချန်ခုန်းကို သတ်ဖြတ်ရန် ကြိုးပမ်းလာခဲ့သည်။

ဟုန်ကျန်းရှန့်သည် ဖုန်းရိယွဲ့၏ အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော ကြောက်မက်ဖွယ် အစွမ်းကို ကောင်းစွာ သိရှိထားသည်။ ဤသည်မှာ စူးချန်ခုန်း ရင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။ နေမိစ္ဆာခန္ဓာ၏ သာမန်တိုက်ကွက်ပင်လျှင် အလွန် ကြောက်စရာကောင်းလှသဖြင့် စူးချန်ခုန်းသည် အစွမ်းကုန် အာရုံစိုက်နေရသည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ဖုန်မှုန့်အဖြစ် ကြိတ်ခြေခံရမည် ဖြစ်သော်လည်း သူ၏ တိုက်ကွက်များမှာ နေမိစ္ဆာခန္ဓာကို ထိခိုက်မှု အနည်းငယ်မျှသာ ပေးနိုင်သည်။

ထို့အပြင် ကျုံးယွဲ့က ဘေးမှ ချောင်းမြောင်းနေသဖြင့် အခြေအနေမှာ အလွန် ဆိုးရွားနေသည်။

ဟုန်ကျန်းရှန့်၏ စိတ်ထဲတွင် လွန်ဆွဲနေခဲ့သည်။ သူသာ ပါဝင် မပတ်သက်ပါက စူးချန်ခုန်း အသက်ရှင်ရန် အခွင့်အရေး မရှိသလောက်ပင်။ သူ ကူညီလျှင်ပင် စူးချန်ခုန်းကို ကယ်တင်နိုင်မည်ဟု အာမမခံနိုင်သည့်အပြင် မိမိ၏ အသက်ကိုပါ ရင်းရနိုင်သည်။

“ငါ ဟုန်ကျန်းရှန့်က ဘယ်အချိန်ကစပြီး အသက်ကို ဒီလောက် နှမြောနေမိတာလဲ” ဟူသော အတွေးနှင့်အတူ ဝေခွဲမရဖြစ်နေမှုများမှာ ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အရင်အချိန်တုန်းက ဖေယန်၏ ကိစ္စကြောင့် ဟုန်ကျန်းရှန့်သည် အန္တရာယ်များသော နေရာသို့ တစ်ကိုယ်တော် သွားရောက်ခဲ့စဉ်ကလည်း စူးချန်ခုန်းသည် သူ့ကို လာရောက် ကူညီခဲ့ဖူးသည်။ ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းကို အလွန် ကျေးဇူးတင်ပြီး ညီအစ်ကိုအရင်းကဲ့သို့ သဘောထားခဲ့သည်။

မိမိ၏ ညီအစ်ကို အခက်အခဲ ဖြစ်နေချိန်တွင် ဘေးထိုင်ကြည့်နေမည်ဆိုပါက သူက ဟုန်ကျန်းရှန့် မဟုတ်တော့ပေ။

သူ၏ ခန္ဓာကိုယ်မှာ လူသား မဟုတ်တော့ဘဲ စိတ်နေစိတ်ထားမှာလည်း တဖြည်းဖြည်း အေးစက် ရက်စက်လာသော်လည်း ဟုန်ကျန်းရှန့်၏ ရင်ထဲ၌ မစွန့်လွှတ်နိုင်သော ယုံကြည်ချက် တစ်ခု ရှိနေဆဲ ဖြစ်သည်။ ဤအရာကိုပါ သူဆုံးရှုံးလိုက်ရပါက သူသည် မိမိကိုယ်ကို လုံးဝ ပျောက်ဆုံးသွားမည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် ဟုန်ကျန်းရှန့် တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ ရေခဲသလင်းချီနဂါးကို တိုက်ခိုက်မည့်အစား နေမိစ္ဆာခန္ဓာကို ချုပ်နှောင်ရန် ကြိုးစားလိုက်ပြီး စူးချန်ခုန်း ထွက်ပြေးရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်။

အတွေးများမှာ လျှပ်တစ်ပြက်အတွင်း ဖြတ်ပြေးသွားသော်လည်း ရှေ့မှ မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ နေမိစ္ဆာခန္ဓာမှာ ဟုန်ကျန်းရှန့်၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားရပြီး ဦးစွာ အံ့အားသင့်သွားသော်လည်း ထို့နောက်တွင် ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters