တိုက်ရအောင် ... ။
Vol. 75 Ch. 897
ထို့နောက်တွင် အမျိုးသမီးသည် စုရီကိုကိုင်ဆွဲလျက် လူသူကင်းမဲ့နေသောကြယ် အပိုင်းအစတစ်ခုပေါ် ဆင်းသက်လိုက်၏။
လှံကိုင်အမျိုးသမီးက သူမ၏ ကျင့်ကြံမှုအဆင့်ကို ရွှမ်ယုအလယ်အလတ် အဆင့်အထိ နှိမ်ချလိုက်သည်။
“ စရအောင် ... ။ ”
စကားဆုံးသည်နှင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ရိုးရှင်းသော်လည်း အလွန်ပင် ထက်မြက်ပြီး ပြင်းထန်သည်။ အာကာပြင်ပင် ပြိုကျသွား၏။
“ ဝုန်း ... ။ ”
စုရီမှ ကျင့်ကြံမှုကို အကုန်အစင် ထုတ်ဖော်လျက် ပြန်လည်ထိုးနှက်ပစ်သည်။ ကျယ်လောင်သော ပေါကကွဲသံနှင့်အတူ တောင်တန်းများအားလုံး အပိုင်းပိုင်း ပြတ်တောက်သွားတော့၏။
အမျိုးသမီးခမျာ အနည်းငယ်သာ တုန်ခါသွားပြီး စုရီမှာမူ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်ရသည်။
“ မဆိုးဘူး ... ။ ”
အမျိုးသမီး၏ မျက်ဝန်းများသည် ဝမ်းသာအားရ တောက်ပသွားသည်။ သူမ၏ လက်သီးသည် သာမန်ဧကရာဇ်များကို သတ်ဖြတ်နိုင်၏။
“ မင်းလည်း အတူတူပါပဲ။ ”
စုရီတစ်ယောက် မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်လာ၏။ တူညီသောအဆင့်တွင် ဤမျှ အားကောင်းသော ပြိုင်ဘက်ကို သူ မတွေ့ရသည်မှာ ကြာချေပြီ။
“ တိုက်ရအောင် ... ။ ”
“ ဟမ့် ... လာခဲ့။ ”
ထို့နောက်တွင် နှစ်ယောက်သား လက်သီးချက် ဆက်လက်ဖလှယ်တော့၏။ (၉) ကြိမ်မှု ဖလှယ်မှုအပြီးတွင် စုရီသည် နှုတ်ခမ်းမှ သွေးစများ စီးကျလျက် အမျိုးသမီးသည်လည်း အဝတ်အစားများ ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။
“ ဟမ့် ဒီတစ်ကြိမ် (၁၀)ကွက်မြောက်ကို မင်းခံနိုင်ရင် ငါ့ရဲ့အစွမ်းထက်ဆုံး လှံနည်းစနစ် ပြပေးမယ်။ ”
စကားဆုံးသည်နှင့် အမျိုးသမီးက ကောင်းကင်ပေါ်ပျံတက်ကာ ခြေထောက်ဖြင့် နဂါအမြီးအလား ဆက်တိုက်ကန်ချလိုက်သည်။
“ ဘောင်း ... ဘောင်း ... ။ ”
“ ဝေါ့ ... ။ ”
စုရီသည်လည်း တုန့်ဆိုင်းခြင်းမရှိ နဂါးလက်သည်းကဲ့သို့ လက်သည်းဖြင့် ပြန်လည် ကုပ်စွဲပစ်လိုက်သည်။ ပြင်းစွာသော ပေါက်ကွဲမှု ဖြစ်ပေါ်လာကာ စုရီတစ်ယောက် သွေးတစ်လုတ်အန်သွား၏။
သို့သော် စုရီသည် ထိုအခွင့်အရေးကို အသုံးချကာ အမျိုးသမီး၏ ခြေကျင်းဝတ်ထံ မိမိရရဖမ်းဆုပ်နိုင်လိုက်သည်။
“ သေချင်နေတာပဲ ... ။ ”
နှစ်ဦးသား အနီးကပ် တိုက်ပွဲအဖြစ် ပြောင်းလဲလျက် ဆက်၍တိုက်ခိုက်တော့၏။ ခဏချင်းမှာပင် စုရီ၏ပုခုံးရိုးကျိုးသွားသလို အမျိုးသမီး၏ ကျောပြင်တွင်လည်း စုရီကြောင့် ပြတ်ရှရာကြီး ရရှိသွားလေသည်။
“ ဟားဟားဟား ... ကောင်းတယ် ကောင်းတယ် အရမ်း ကောင်းတယ် ... လာခဲ့။ ”
အမျိုးသမီးက သူမခန္ဓာကိုယ်ရှိ ဒဏ်ရာများနှင့် သွေးများကို ပြန်ငုံ့ကြည့်ကာ ပြုံးရွှင်နေတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွလျက် အချိန်များ ကုန်လွန်သွား၏။
လှုပ်ရှားမှုပေါင်း ၁၀၀၊ ၂၀၀၊ ၃၀၀ ... ။ စသည်ဖြင့် မိုးချုပ်သွားသည်တိုင် နှစ်ဦးသား မရပ်တန့်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ထပ်မံတိုက်ခိုက်နေကြသည်။
အာကာပြင်တစ်ခုလုံး ပြိုကျလျက် ကြယ်အပိုင်းအစတစ်ခုလုံး ဖရိုဖရဲဖြစ်နေကာ သွေးချင်းချင်းနီနေတော့၏။ စုရီသည်ပင် ကျင့်ကြံမှု ကုန်ဆုံးလာပြီဖြစ်သည်။
အမျိုးသမီးသည်လည်း မသက်သာချေ။ သို့တိုင် ပြုံးရွှင်လျက်၊
“ ဟားဟားဟား ... မင်းမခံနိုင်တော့ဘူး .... ဒီတစ်ချက်တည်းနဲ့ မင်းကို လဲကျသွားစေရမယ်။ ”
-ဟု အော်ဟစ်ကာ လက်သီးဖြင့် ထိုးချလာသည်။
“ ဟမ့် ... မင်းပဲ အရင်လဲကျမှာ။ ”
စုရီက အံကြိတ်လျက် ခန္ဓာကိုယ်ဖြင့် တိုးဝင်သွားသည်။ လက်သီးက ညာပခုံးရိုးကျိုး သွားစေပြီး စုရီဘယ်လက်သီးက အမျိုးသမီး၏ ဝမ်းဗိုက်ကိုကျရောက်သွား၏။
“ ဝုန်း ... ။”
“ အား ... ။ ”
အမျိုးသမီးခမျာ နာကျင်စွာဖြင့် ကွေးညွှတ်သွားသော်လည်း စုရီ၏လည်ပင်းကို ချက်ချင်းကုပ်ဆွဲလိုက်၏။
စုရီသည်လည်း ခွင့်မပြုဘဲ အတင်းဝင်လုံးသည်။ အဆုံးတွင်လုံးထွေးကုန်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
မြေပြင်သည် အက်ကွဲနေပြီး တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်နေ၏။ ထိုတွင်းနက် အတွင်း လှံကိုင်အမျိုးသမီးခန္ဓာကိုယ်မှ အရိုးများ တကျွတ်ကျွတ် မြည်ဟီးနေကာ ကလီစာများပင် နေရာလွဲကုန်သကဲ့သို့ ခံစားနေရသည်။
ကြေးညိုမျက်နှာဖုံးကြောင့် သူမ၏ မျက်နှာအမူအရာကို မြင်နိုင်ခြင်းမရှိသော်လည်း ခရမ်းရောင်သန်းနေသည့် မျက်ဝန်းများတွင် ဒေါသနှင့် ရန်လိုမှုများပေါ်လာ၏။
အံကြိတ်ပြီး စုရီ၏လည်ပင်းကို ဖက်တွယ်ထားသော လက်မောင်းနှစ်ဖက်အပေါ် အားစိုက်လျက် ချုပ်ကိုင်ရန် ကြိုးစားလိုက်၏။
သို့သော် ထိုသို့ပြုလုပ်ခြင်းသည် စုရီကို သူမ၏ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်လာစေသကဲ့သို့ ဖြစ်သွားစေသည်။
ပိုဆိုးစေသည်မှာ စုရီညာလက်သည် တွဲလောင်းကျနေသော်လည်း ဘယ်လက်သည်မူ သူမရင်ဘတ်ပေါ်သို့ ဖိထားခြင်းခံနေရ၏။ သူမ အားစိုက်လေ၊ လက်မောင်းက ရင်သားအတွင်း နစ်ဝင်သွားလေဖြစ်နေတော့သည်။
“ ဟမ့် ... ။ ”
နူးညံ့အိစက်လွန်းလှနေသော လှိုင်းလုံးကြီးများ၏ထိတွေ့မှုကို အပြည့်အဝ ခံစားလိုက်ရသဖြင့် စုရီတစ်ယောက် မျက်လုံးများ ပြူးကျယ်သွား၏။
( ဒီအဖွားကြီး ဒီလောက်နုပျိုနေတာလား။)
လှံကိုင်အမျိုးသမီးသည်လည်း မျက်လုံးများပြူးလျက်ဖြင့် ရင်ဘတ်အတွင်း မွန်းကြပ်လာပြီး အသက်ရှူရခက်ခဲလာသည်။
နှစ်ဦးသားကြိုးကဲ့သို့ လုံးထွေးနေပြီး မျက်လုံးချင်းဆုံချိန်တွင် လေထုမှာ ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားတော့၏။
အမှန်စင်စစ် ဤအခြေအနေမျိုးတွင် နှစ်ဦးသားရင်ခုန်နေစရာမရှိချေ။ အစောပိုင်း တိုက်ပွဲသည် အလွန်ရက်စက်ကြမ်းကြုတ်လှပြီး စုရီတစ်ယောက် သွေးချင်းချင်းနီကာ ညာလက် ကျိုးနေခဲ့သကဲ့သို့ အမျိုးသမီးသည်လည်း ဒဏ်ရာဗရပွနှင့် ဖြစ်နေသည်။
စုရီအတွက် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော သန်မာလွန်းသည့် အမျိုးသမီးကို သူ့အောက်တွင် ဖိနှိပ်ထားရခြင်းသည် မလွယ်ကူချေ။
ရုတ်တရက် အမျိုးသမီး၏ မျက်ဝန်းတွင် ရက်စက်သော အရိပ်အယောင်များပေါ်လာပြီး လက်သည်းများဖြင့် စုရီလည်မျိုကို ညှစ်ရန် ကြိုးစားပြန်သည်။
စုရီခမျာ မဆိုင်းမတွပင် သူမရင်ဘတ်ကို လက်ဖြင့်ထောက်လျက် သူ့ခန္ဓာကိုယ်ကြီးကြွပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။
“ ဟမ့် ... ။ ”
သို့သော်အမျိုးသမီးမှ အလွတ်မပေးဘဲ ရှည်လျားလှပသော ခြေတံများဖြင့် သူ့ခါးကို ကပ်ကြေးသဖွယ်ညှပ်ကာ အားကုန် ပြန်လည် ဆွဲချလိုက်၏။
“ ဘုတ် ... ။ ”
“ အွတ် ... ။ ”
ခန္ဓာကိုယ်ကြွတက်သွားသော စုရီတစ်ယောက် အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ပြန်ပြုတ်ကျသွားလေသည်။
“ အ ... ။ ”
အမျိုးသမီးခမျာ နာကျင်စွာဖြင့် ညည်းတွားလိုက်ပြီး သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားတော့၏။
“ ဝှစ် ... ။ ”
အရှက်တရားသည် ဒေါသအဖြစ် ပြောင်းလဲလျက် စုရီမျက်ဝန်းများကိုဖောက်ရန် လက်ဖြင့် ထိုးကုတ်ခြစ်လိုက်သည်။
စုရီက ခေါင်းငုံ့ပြီး ရှောင်တိမ်း လိုက်သော်လည်း ခြေထောက်နှစ်ဖက်သည် ခါးကိုအားကုန်ညှစ်ကာ ပြန်ဆွဲထားသဖြင့် ထပ်မံပြုတ်ကျသွားရပြန်၏။
“ အား ... ။ ”
အမျိုးသမီးခမျာ နာကျင်မှုကြောင့် ထပ်မံညည်းတွားလိုက်ရပြီး နှုတ်ခမ်းလွှာများ တုန်ယင်နေတော့သည်။
“ နင် ... နင် ဒီလိုအချိန်မှာတောင် ... တကယ်ပဲ ... ။ ”
“ ဟမ့် ... အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်က ... မင်းလိုဆူဖြိုးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထိတွေ့နေချိန်မှာ ဒါကပုံမှန်မဟုတ်လား ... ဒီလိုမဖြစ်ရင်သာ ပုံမှန်မဟုတ်တာပါ ...
... ငါ့အထင်တော့ ဒီနေ့တိုက်ပွဲကို ဒီမှာရပ်လိုက်တာပိုကောင်းမယ် မဟုတ်လို့ မင်း ရှေ့ဆက်တဲ့အခါ တစ်ခုခုမှားယွင်းသွားလိမ့်မယ် ထင်တယ် ... မင်းရော ဘယ်လိုထင်လဲ။ ”
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
နောက်တစ်စက္ကန့်တွင် အမျိုးသမီးသည် စကားမဆိုဘဲ လက်နှစ်ဖက်ဖြင့် တွန်းထုတ်ပစ် လေသည်။ စုရီတစ်ယောက် လွင့်ထွက် သွားတော့၏။
တစ်ဆက်တည်းမှာပင် သူမသည်လည်း မြေကျင်းထဲမှ ထွက်လာပြီး တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကြားလာသည်။
သူမ၏ ခရမ်းရောင် မျက်ဝန်းများသည် လျှပ်စစ်ကဲ့သို့စူးရှကာ စုရီကိုရန်ငြိုးတကြီး စိုက်ကြည့်နေ၏။
ဒဏ်ရာများသည် ခဏချင်းပင် ပြန်လည် သက်သာလာပြီး များမကြာခင် အသားအရေမှာ မူလအတိုင်း ပြန်ဖြစ်သွားသည်။
သို့သော် ရောင်ဝါသည် မရပ်သေးဘဲ ဆက်လက်မြင့်တက်နေရာ ကောင်းကင်တခွင် စည်းမျဉ်းများပင် တုန်ခါလာတော့၏။
“ မင်းအရှုံးကို လက်မခံနိုင်ဘူးလား။ ”
ရုတ်တရက် စုရီ၏မေးခွန်းကြောင့် အမျိုးသမီးခမျာဆွံ့အသွား၏။ မျက်ဝန်းများတွင် သတ်ဖြတ်လိုခြင်း၊ အရှက်တရားနှင့် ဒေါသများ အထပ်ထပ် ပြောင်းလဲနေကာ အဆုံးတွင် သက်ပြင်းချလျက် ရောင်ဝါကိုပြန်သိမ်း လိုက်တော့သည်။
“ ဒီနေ့တိုက်ပွဲ မပြီးသေးဘူး ... နင့်ဒဏ်ရာတွေကို အရင်ကုပါ ... ပြီးရင် ငါတို့ ထပ်တိုက်ကြမယ်။ ”
-ဟု ပြောပြီး စုရီထံသို့ ဆေးပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။
စုရီက ဆေးပုလင်းဖွင့်ကြည့်ပြီး မော့သောက်ချလိုက်ရာ သူ့ဒဏ်ရာများသည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ သက်သာပျောက်ကင်းသွား၏။
ကျိုးနေသော ညာလက်သည်လည်း ပြန်လည်ကောင်းမွန်လာသည်။ ကျင့်ကြံခြင်းပင် အနည်းငယ် တိုးမြင့်လာပြီး ရွှမ်ယုနောက်ဆုံး အဆင့်သို့ တက်ရောက်ရန် လက်တစ်ကမ်း မျှသာ လိုပေတော့၏။
လှံကိုင်အမျိုးသမီးမှ အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပေပင်။ ကျင့်ကြံမှုလမ်း တလျှောက် အဆင့်တူအတွင်း တိုက်ခိုက်ရာတွင် သူမအတွက် ပြိုင်ဘက်မရှိခဲ့ချေ။
ယခုမူ သရေကျနေခဲ့၏။ တစ်ဖက်လူ၏ ဝင်စားခြင်းဥပဒေများသည် သူမအပေါ်အမှန်ပင် စိတ်ဝင်စားစရာကောင်းချေသည်။
“ လာ ... ဆက်ရအောင်။ ”
အတွေးများဖြင့် ငြိမ်သက်နေစဉ် ဒဏ်ရာများသက်သာလာသော စုရီတစ်ယောက် ချက်ချင်းမတ်တပ်ထရပ်ကာ စိန်ခေါ်လိုက်၏။ အမျိုးသမီးမှ မျက်ခုံးပင့်လျက် အံ့သြသွားပြီး၊
“ လူတွေက ... ငါ့ကိုတိုက်ခိုက်ရတာ ဝါသနာပါတဲ့ အရူးမလို့ခေါ်ကြတယ်၊ မင်းလည်း ငါနဲ့သိပ်မခြားပါလား ...
... အလျင်မလိုပါနဲ့ ငါဒီခေတ်ကနေ ချက်ချင်းထွက်သွားဦးမှာ မဟုတ်ဘူး ... ငါ့မှာ မင်းကိုမေးစရာရှိတယ်။ ”
“ ဘာကိစ္စလဲ ... ။ ”
“ ဝင်စားခြင်းသံသရာ အကြောင်းပဲ။ ”
“ ဟမ့် ... သိချင်လား ... ကောင်းပြီ ငါနဲ့နောက်တစ်ပွဲထပ်တိုက်ပါ ... မင်းနိုင်ရင် ငါပြောပြမယ်။ ”
လေထုမှာ ထပ်မံ၍ တင်းမာသွားပြန်၏။ စုရီတစ်ယောက် အရက်တစ်အိုးကို အားရပါးရ မော့သောက်လိုက်ပြီး၊
“ ဘယ်လိုလဲ ... မင်းဝံ့သလား။ ”
-ဟု ထပ်မံမေးမြန်းသည်။
“ ဟမ့် ... ။ ”
အမျိုးသမီး၏ မျက်ဝန်းများ တောက်ပသွားကာ စကားတစ်ခွန်းမှ မပြောဘဲ လှံကိုဆင့်ခေါ်လျက် ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း တိုက်ခိုက်တော့၏။
ထို့နောက်တွင် စုရီနှင့် လှံကိုင်အမျိုးသမီးတို့သည် ဒုတိယပွဲအတွက် ပြန်လည်စတင်လိုက်လေသည်။
***