← Chapters

ဘဝသည် စာအုပ်တစ်အုပ် မဟုတ်ချေ။

Vol. 75 Ch. 898

ဘဝသည် စာအုပ်တစ်အုပ် မဟုတ်ချေ။

Vol. 75 Ch. 898

“ ဝုန်း ... ။ ”

နှစ်ဦးသား လုံးထွေးသတ်ပုတ်နေကြရာ ယခင်ပျက်စီးနေသော မြေပြင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာတော့သည်။

ကောင်းကင်နှင့် မြေကြီးသည် အမှောင်အတိကျသွားပြီးနောက် နေနှင့်လပင် အလင်းမပေးနိုင်တော့ချေ။

ပထမအကြိမ် အတွေ့အကြုံကြောင့် နှစ်ဦးသားအစွမ်းထက်ဆုံးသော နည်းစနစ်များ ထုတ်ဖော်လျက် ပွဲစကတည်းကပင် ချက်ချင်း ထုတ်သုံးလိုက်ကြသည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်တိုက်ပွဲသည် စတင်သည်နှင့် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွား၏။

လှံကိုင် အမျိုးသမီးသည်လည်း ဒေါသကိုအခြေခံ၍ အပြင်းထန်ဆုံး နည်းစနစ် အချို့ထုတ်သုံးလာသည်။

သူမ၏လှံချက်တိုင်းသည် ဟင်းလင်းပြင်အပေါ် ပြိုကျလာစေ၏။ စုရီ သည်လည်း သူ့လက်ချောင်းများကို ဓားကဲ့သို့ အသုံးပြုကာ ပြန်လည်တိုက်ခိုက်နေသည်။

အဝေးမှကြည့်သော် ကြယ်သားရဲကြီး နှစ်ကောင်သည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြသည်နှင့် တူလှ၏။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲသည် ပို၍ရက်စက် ကြမ်းကြုတ်လာချေပြီ။ နှစ်ဦးစလုံး ဒဏ်ရာဗရပွနှင့် သွေးချင်းချင်းနီနေသော်လည်း ဆန္ဒနှင့်ဝိညာဉ်သည် တိုက်ပွဲအတွင်း၌သာ အပြည့်အဝ နစ်မြုပ်နေကြ၏။

လှံကိုင်အမျိုးသမီး၏ လှံတာအိုသည် အလွန်သန့်စင်ပြီး ထက်မြက်ချေပြီ။ အဖျက် စွမ်းအားမှာ အံ့မခန်းပေပင်။

စုရီသည်လည်း အဆုံးသတ်ဥပဒေကို အသုံးချကာ ခက်ခဲစွာချေဖျက် တောင့်ခံနေရ၏။ ဝင်စားခြင်းဥပဒေတွင် ဤစည်းမျဉ်းသည် အခက်ခဲဆုံးနှင့် အစွမ်းအထက်ဆုံးပေပင်။

“ ဟမ့် ... ။ ”

“ ဘုန်း ... ။ ”

အဆုံးတွင် လှုပ်ရှားမှုပေါင်း မည်မျှ တိုက်ခိုက်ခဲ့သည်ကိုပင်မမှတ်မိနိုင်ဘဲ နှစ်ဦးသား မြေပြင်သို့ ပြုတ်ကျသွားကြ၏။

သူတို့၏ ကျင့်ကြံမှုများကုန်ခမ်းနေပြီ ဖြစ်သော်လည်း ဇွဲဖြင့်သာ တောင့်ခံနေကြရခြင်း ဖြစ်သည်။

“ သေလိုက်တော့ ... ။ ”

ဖုန်မှုန့်များ ထောင်းထောင်းထနေသော မြေပြင်တွင် လှံကိုင်အမျိုးသမီးသည် အံကြိတ် အားတင်းလျက် ဆယ်ပေခန့်အကွာရှိ စုရီပေါ်သို့ လျှပ်စီးအလား ခုန်အုပ်ပစ်လိုက်သည်။

စုရီတစ်ယောက် မတ်တပ်ထရပ်ရန် အချိန်မရတော့သောကြောင့် မြေပြင်တွင်ပင် ဘေးသို့လှိမ့်ကာ ရှောင်တိမ်းလိုက်ရ၏။

“ မင်းလွတ်မြောက်မယ် ထင်နေလား ...။ ”

အမျိုးသမီးက ဟိန်းဟောက်လျက် စုရီ၏ခန္ဓာကိုယ်ပေါ်သို့ ကြယ်တံခွန်ကြီးအလား ထပ်မံဝင်ရောက်လာသည်။ ထိုခဏ စုရီခမျာ အရိုးများ ကြွေမွလုနီးပါး ဖြစ်သွားရ၏။

နာကျင်မှုကြောင့် အမျိုးသမီးဦးခေါင်းကို ဖမ်းဆုပ်တွန်းထုတ်ရန်ကြိုးစားသည်။ သို့သော် အမျိုးသမီးသည် စုရီလက်များကို သံကွင်းကဲ့သို့ တင်းကြပ်စွာ ချုပ်နှောင်လာ၏။

ထို့နောက် စုရီကို အပေါ်မှနေပြီး တင်းကြပ်စွာတက်ထိုင်လျက် အသက်ပြင်းပြင်း ရှူကာ လှောင်ပြုံးဖြင့်၊

“ ဟားဟားဟား မြန်မြန် အရှုံးကိုဝန်ခံလိုက်စမ်း ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

သို့သော် စုရီသည် လက်မခံလိုသဖြင့် ခါးကော့ကာ အပေါ်သို့ ဆတ်ခနဲကန်တင်လျက် ဘေးသို့ လှမ်းချလိုက်၏။

ထိုကန်ချက်သည် အလွန်ပြင်းထန်သောကြောင့် အမျိုးသမီးသည် လွင့်ထွက်သွားလုနီးပါး ဖြစ်သွားရသည်။

သို့သော် မျက်ဝန်းများတွင် မီးတောက်မတတ် အမုန်းတရားများပေါ်လာပြီး ခြေထောက်များဖြင့် စုရီခါးကိုအားကုန်ညှပ်ကာ ရှောင်တိမ်းမရအောင် ခွထိုင်ချလိုက်၏။

“ နင် ... ဝန်ခံမှာလား၊ မခံဘူးလား။ ”

အမျိုးသမီးက အံကြိတ်လျက်မေးမြန်း၏။ ဤတိုက်ပွဲကို သူမ အမြန်အဆုံးသတ်လိုသော်မှ တစ်ဖက်လူသည် ဝန်ခံရန် ငြင်းဆိုနေသည်။

“ ဝုန်း ... ။ ”

စုရီတစ်ယောက် ဝန်ခံခြင်းမပြုဘဲ သူမကိုပြန်တွန်းချရန် ဘယ်ညာယိမ်းထိုးလျက် ကြိုးစားလိုက်တော့၏။

“ ဟမ့် ... ။ ”

ထိုလုပ်ရပ်သည် အမျိုးသမီးကို မြင်းရိုင်းတစ်ကောင်ကို စီးနင်းနေသကဲ့သို့ ထင်မှားရစေသည်။

သူမ၏ လက်၊ ခြေထောက်နှင့် တင်ပါးတို့ကိုအသုံးချကာ အတင်းအကြပ်ပင် စုရီကိုဖိနှိပ်ထားရ၏။ သို့သော် များကြာခင် တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားလာရသည်။

( ဒီကောင် ... နောက်တစ်ကြိမ် ဖြစ်လာပြန်ပြီလား။ )

မျက်နှာနီရဲလျက် ဒေါသများ ‌တောက်လောင်လာသည်။ စုရီနှင့်သူမကြားတွင် သွေးများစိုရွှဲနေသော အဝတ်အစားပါးပါးမျှသာ ခြားနားနေခဲ့၏။

ထိုအခြေအနေမျိုးဖြင့် ဤကဲ့သို့ လုံးထွေးပွတ်သပ်နေခြင်းမှာ ကျောက်ဆောင် များကိုပင် မီးပွားများ ပွင့်ထွက်စေပေမည်။ လူသားနှစ်ဦးအတွက်မူ ဆိုဖွယ်မရှိချေ။

“ နင် ... လူယုတ်မာ ... ငြိမ်ငြိမ်နေစမ်း။ ”

“ ဟမ့် ... ဘာလို့ ငြိမ်နေရမှာလဲ ... မင်းလိုအဖွားကြီးတစ်ယောက်က ဒီလောက် ဒေါသထွက်နေစရာလား လေနဲ့မိုးကို ... မင်း မဖြတ်ကျော်ဖူးဘူးလား။ ”

“ ..... ။ ”

ဤတစ်ကြိမ်တွင် အမျိုးသမီးသည် အပ်ဖြင့်အထိုးခံရသကဲ့သို့ ဆတ်ခနဲတုန်သွားပြီး ချက်ချင်းထရပ်လိုက်၏။

( ဒီကောင် တမင်လုပ်နေတာလား။ )

ထိုအတွေးက မျက်နှာနီရဲစေပြီး မီးတောင်ကြီဂတစ်လုံးလို ပေါက်ကွဲစွမ်းအားများ အပြည့်ပါသော ခြေကန်ချက်နှင့် အားကုန် ကန်ကျောက်ပစ်လိုက်သည်။ စုရီသည်လည်း ချက်ချင်းလှိမ့်ကာ ရှောင်လိုက်ရ၏။

“ ဘာမှားလို့လဲ ... ဒါသဘာဝပဲ မဟုတ်လား။ ”

“ ပါးစပ်ပိတ်ထား ... ။ ”

အမျိုးသမီးက ပို၍ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပြင်းပြလာကာ မိုးခြိမ်းသံကြီး ကဲ့သို့ အော်ဟစ်လိုက်၏။

မျက်နှာဖုံးကြောင့် သူမ၏အမူအရာကို မမြင်ရသော်လည်း မျက်ဝန်းထဲနာကျည်းမှုများ အထင်အသား မြင်နေရသည်။

သူမဘဝတွင် တိုက်ပွဲအတွင်း အမျိုးသားတစ်ဦးမှ ဤသို့အမြတ်ထုတ်ခြင်း ခံရလိမ့်မည်ဟု တစ်ကြိမ်မျှ မတွေးဖူချေ။

တစ်ဖက်တွင် အမျိုးသမီးသည် မီးတောင် တစ်လုံးကဲ့သို့ ပေါက်ကွဲလုနီးပါးဖြစ်နေကြောင်း သိရှိလိုက်သဖြင့် စနောက်နေခြင်းကို ရပ်လိုက်ပြီးနောက်၊

“ မေ့လိုက်ပါ ... ဒီတစ်ပွဲ ငါ့အရှုံးလို့ သဘောထားပေးလိုက်မယ်။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်၏။

ထိုစကားက အမျိုးသမီးကို ပို၍မကျေမနပ်ဖြစ်လာစေပြီး၊

“ ငါက မင်းထင်နေသလို အကျိုးအကြောင်းမသိတဲ့သူ အရူးတစ်ယောက် မဟုတ်ဘူး ... နိုင်ရင်နိုင်တယ်၊ ရှုံးရင်ရှုံးတယ်ပဲ ဒီလိုအရှုံးပေးတာမျိုး လက်မခံနိုင်ဘူး။ ”

-ဟု ငြင်းဆန်လိုက်၏။ စုရီခမျာ အံ့အားသင့်လျက် စကားထပ်မဆိုတော့ချေ။ မိန်းမများသည် အမှန်ပင် နားလည်ရခက်၏။ သူမတို့စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်ရန် နတ်ဘုရားပင် တက်စွမ်းနိုင်မည်မဟုတ်ချေ။

ခဏအကြာတွင် အမျိုးသမီးသည် အနည်းငယ် ပြန်လည် တည်ငြိမ်သွားပုံရကာ၊

“ ဒီတစ်ခေါက်တော့ ဒီလောက်ပဲ ... ငါမရဏကမ္ဘာကနေ ပြန်လာတဲ့အခါ မင်းနဲ့ ထပ်ပြီး အရှုံးအနိုင်ဆုံးဖြတ်ကြမယ်။ ”

“ ဟမ့် ... မင်းတကယ်ပဲ ဝင်စားခြင်းဥပဒေကို ရှာချင်နေတာလား။ ”

စုရီက မျက်ခုံးပင့်လျက် မေးမြန်းလိုက်သည်။

“ ဟုတ်တယ် ... ။ ”

အမျိုးသမီးက လှည့်မကြည့်ဘဲ ပြန်ဖြေ၏။

“ ဒါဆို မြေအောက်ကမ္ဘာသင်္ချိုင်းရဲ့ ဝင်စားခြင်းရေကန်ကိုသွားပါ။ ”

စုရီက သဘောထားကြီးစွာ လမ်းညွှန်ပေးလိုက်၏။ ယင်းသည်အမျိုးသမီးကို အံ့အားသင့်သွားစေသည်။ သူမက စုရီထံ ပြန်လှည့်ကြည့်လိုက်ကာ၊

“ ကောင်းပြီ ... နင်ငါ့ကို မေးချင်တယ်ဆိုတာ ဘာကိစ္စလဲ ... ။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

စုရီက သူ့မိတ်ဆွေများဖြစ်သော သိုင်းဧကရာဇ်နှင့် တစ္ဆေဧကရာဇ်တို့အကြောင်း မေးမြန်းလိုက်လေသည်။

အမျိုးသမီးက သူတို့ကို ဒုက္ခမပေးခဲ့ကြောင်းနှင့် သူတို့သည် ကြယ်ဗဟို ဒေသကြီးသို့ ရောက်ရှိသွားကြပြီဖြစ်ကြောင်း ဖြေကြားပေးခဲ့၏။

ထိုအခါမှသာ စုရီတစ်ယောက် စိတ်အေးသွားသည်။ များမကြာခင် အမျိုးသမီးမှ ချက်ချင်းပင် မရဏကမ္ဘာသို့ ဦးတည်ပျံသန်း သွားတော့၏။

စုရီသည်လည်း သူ့ဒဏ်ရာများကို ခဏကြာကုသနေပြီးနောက် ရွှမ်ဟွမ်ကြယ်စုသို့ ပြန်လာခဲ့တော့သည်။

အချိန်များတရွေ့ရွေ့ ကုန်လွန်နေ၏။ စုရွှမ်ကြွယ်ပြန်ဝင်စားလာသည့် သတင်းသည် ရွှမ်ဟွမ်ကြယ်စုတစ်ခုလုံး ပျံ့နှံနေပြီဖြစ်သည်။

ထို့ကြောင့် လူတိုင်းသည် ဝင်စားခြင်း ဥပဒေကိုစိတ်ဝင်စားပြီး မြေအောက်ကမ္ဘာသို့ ခရီးထွက်လိုနေကြ၏။

သို့သော် ဝင်စားခြင်းဥပဒေကို ရှာတွေ့သော်မှ မည်သူမဆို ဝင်ရောက်ဝံ့မည် မဟုတ်ချေ။

တစ်စုံတစ်ဦးသည် စုရီကဲ့သို့ သူ့ကျင့်ကြံမှုအပေါ် (၁)ကပြန်စရန်ဟူသည် လွယ်ကူမည်မဟုတ်ကြောင်း မြင်သာ၏။

ခြေလှမ်းတစ်လှမ်းတိုင်းတွင် ခက်ခဲသော အတားအဆီးများ၊ အရင်းအမြစ်များ၊ ဖိအားများ၊ အန္တရာယ်များကိုဖြစ်ကျော်ရပေမည်။ ထို့ကြောင့် အောင်မြင်ရန်ထက် သေဆုံးနိုင်ချေများ၏။

နှစ်လမျှကုန်လွန်ပြီးနောက် စုရီသည် ရွှမ်ဟွမ်မိခင်ချီပါရှိသော ရတနာများစွာအပေါ် သန့်စင်လျက် ရွှမ်ယုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေသည်။

လက်ထဲတွင် ဆက်လက်သန့်စင်ရန် ရတနာ(၄)ခုသာ ကျန်ရှိ၏။ ထိုပမာဏသည် ရွှမ်ဟဲအဆင့်တက်ရောက်ရန် မလုံလောက်ချေ။ နတ်ဘုရားသင်္ချိုင်းသို့ သွားရပေတော့မည်။

အဆိုပါတားမြစ်နယ်မြေတွင် ရွှမ်ဟွမ်ကြယ်စုကြီး၏ အရင်းအမြစ်များတည်ရာ မိခင်ချီပင်လယ်ကြီးရှိချေ၏။

“ ဆရာ ... ဒုတိယအစ်ကို ပြန်ရောက်လာပါပြီ။ ”

ရုတ်တရက် ကျင်းခွိုက်အသံက လှိုဏ်ဂူအပြင်မှ တိုးညှင်းစွာပျံ့လွှင့်လာသည်။ စုရီတစ်ယောက် မျက်ဝန်းများဖွင့်လျက် ထရပ်လိုက်တော့၏။

ကျင်းရှင်းကို ရှာဖွေရန် စိတ်ကူးများ ရှိထားသော်လည်း ယခုကဲ့ကိုယ်တိုင် ပြန်ရောက် လာခြင်းသည် များစွာ အချိန်ကုန် သက်သာသွားစေသည်။

ပင်းမိုပြီးနောက် ဤတပည့်သည် အကြီးဆုံးတပည့်ဖြစ်ပြီး စာပေပညာရှင်လည်း ဖြစ်၏။ တည်ငြိမ်သော နှလုံးသားနှင့် တရားမျှတမှု တာအိုကို လိုက်စားနေသူပေပင်။

သို့သော် ကျင့်ကြံမှုဟူသည် စာအုပ်တစ်အုပ်မဟုတ်ချေ။ လက်တွေ့ဘဝ၏ အမှန်တရားသည် ရက်စက်ကြောင်း ဤနှစ်များ အတွင်း နားလည်နိုင်စေရန် မျှော်လင့်ရချေပြီ။

***

All Chapters