← Chapters

ခြေလှမ်းတိုင်းတွင် ကြာပန်းများပွင့်လာခြင်း။

Vol. 75 Ch. 899

ခြေလှမ်းတိုင်းတွင် ကြာပန်းများပွင့်လာခြင်း။

Vol. 75 Ch. 899

ကျင်းရှင်းနှင့် အစားကြူးသော စာဂျပိုးအိုကြီးတို့အတွက် ကောင်းကင်လှိုဏ်ဂူ၌ သောက်ပွဲကြီးတစ်ခုကျင်းပပေးနေ၏။

ကျင်းရှင်းတစ်ယောက် ပြန်လည် ရောက်ရှိလာသောကြောင့် ကျင်းခွိုက်၊ ဝမ်ချွယ် နှင့် အခြားသော တပည့်များအားလုံး ဝမ်းသာအားရ ဖြစ်ကုန်သည်။

စားပွဲဝိုင်းတွင် စုရီက ရွှမ်ဟွမ်မိခင်ချီ ပါရှိသော ရတနာနှစ်ပါးကို အစားကြူးသော စာဂျပိုးအိုကြီးထံပေးအပ်လျက် ကောင်းကင် လမ်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ပြောပြခဲ့သည်။

အစားကြူးစာဂျပိုးအိုကြီးခမျာ များစွာ စိတ်လှုပ်ရှားသွားပြီး ကျင်းရှင်းသည်လည်း သူ ခရီးသွားနေစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများထံ အံ့သြမဆုံး ဖြစ်နေရတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် အစားကြူးသောဂျပိုးအိုကြီးသည် နှုတ်ဆက်ကာ ထွက်ခွာသွား၏။ ဤကာလအတွင်း စုရီဘဝမှာ ပေါ့ပါးနေခဲ့သည်။

တပည့်များကို ကျင့်ကြံမှုတည်ငြိမ်စေရန် လမ်းညွှန်ပေးပြီး (၇)ရက်အကြာ၌ ပေ့ကျန်းနှင့် ယွဲ့ရင်တို့ဦးဆောင်သော သက်ရှိရုပ်ကြွင်း အိုကြီးတစ်စု ရောက်ရှိလာကြ၏။

သူတို့သည် ရှေးဟောင်းရတနာ အများအပြားယူဆောင်လာကာ စစ်ဆေးပေးရန် တောင်းဆိုလာသည်။

စုရီက ရွှမ်ဟွမ်မိခင်ချီပါရှိသော ရတနာအချို့ကိုစစ်ဆေးပေးပြီး တံဆိပ်များ ချိုးဖျက်ပေးခဲ့၏။

ထိုသက်ရှိရုပ်ကြွင်းကြီးများက ကျေးဇူးတင်သောအားဖြင့် စုစုပေါင်း ရတနာ (၁၃)ခုကို လက်ဆောင်ပေးခဲ့ကြသည်။

သူတို့ မပြန်မီတွင် စုရီသည် အရိုင်းမြေကိုးပါး၏ ထိပ်တန်းတားမြစ်နယ်မြေ ဖြစ်သော နတ်ဘုရားသင်္ချိုင်းမြေအကြောင်းကို ပြောပြလိုက်သည်။

“ အဲဒီတားမြစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးအရပ်မှာ ရွှမ်ဟွမ်ကြယ်စုရဲ့ မူလ မိခင်ချီတွေရှိနေတယ်။ ”

စုရီက ဝေမျှလိုက်သည်။ တစ်ဆက်တည်းမှာပင် ထိုသတင်းပြန့်အောင် လုပ်ဆောင်ပေးရန်လည်း မှာကြားလိုက်၏။

“ ဘာဖြစ်လို့ ဒီလိုလုပ်ချင်ရတာလဲ အဖိုးကြီးစု။ ”

ပေ့ကျန်းမှ သိချင်စိတ်ဖြစ်လာ၏။ ဤသတင်းသည် ရတနာသိုက်ကို လူတိုင်းနှင့် ဝေမျှလိုခြင်းနှင့်တူနေသည်။ စုရီက ပြုံးလျက်၊

“ တကယ်တေ့ ကြယ်ဗဟိုဒေသရဲ့ အင်အားစုတွေက ရွှမ်ဟွမ်ကြယ်စုရဲ့ မိခင်ချီကို မျက်စိကျနေတာကြာပြီ သူတို့သာ ဒီသတင်းကို ကြားခဲ့ရင် ငြိမ်နေကြမှာ မဟုတ်ဘူး။”

-ဟု ပြန်ဖြေသည်။

သို့မှသာ လူတိုင်း နားလည်သွား၏။ ရည်ရွယ်ချက်မှာ ရှင်းသည်။ တားမြစ်နယ်မြေကို အသုံးချကာ ရန်သူများကို ထောင်ချောက်ဆင် သတ်ဖြတ်ရန် ကြံစည်နေခြင်းပေပင်။

ထိုတားမြစ်နယ်မြေသည် ကမ္ဘာဘုရင် အဆင့်ရှိသော ကျွမ်းကျင်သူများကိုပင် ပြာမှုန် အဖြစ်ပြောင်းလဲနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။

ရက်သတ္တပတ် နှစ်ပတ်ကြာပြီးနောက် စုရီ၏ကျင့်ကြံမှုသည် ရွှမ်ယုအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် တပည့်များကို ခေါ်ယူကာ ကျင်းရှင်းနှင့် ဝမ်ချွယ်သည် ရွှမ်ဟဲအဆင့်သို့ တက်ရောက်ထားသဖြင့် ဗိမာန်အပေါ် စောင့်ရှောက်ပေးရန် တာဝန်ပေးခဲ့၏။

“ ကျင်းခွိုက်၊ ယွီလောင်၊ ရွှမ်နင်နဲ့ ပိုင်ရီက မရဏကမ္ဘာကိုသွားပြီး စွေ့လုံရှင်းနဲ့ ရီယုဆီကို သွားပါ ... ဒီကျောက်စိမ်းတံဆိပ်တွေကို သူတို့ကိုပေးလိုက် ။ ”

စုရီမှ စကားပြောနေစဉ် ကျောက်စိမ်းတံဆိပ်နှစ်ခုကို ထုတ်ယူပြီး ကျင်းခွိုက်ထံ ပေးအပ်လိုက်သည်။

“ ဒီတံဆိပ်ထဲက အကြောင်းအရာကို ဖတ်ပြီးတာနဲ့ သူတို့ဘာလုပ်ရမလဲဆိုတာ နားလည်သွားလိမ့်မယ်။ ”

“ ဟုတ်ကဲ့ပါ ဆရာ ... ။ ”

ကျင်းခွိုက်နှင့် အခြားသူများက ချက်ချင်းခေါင်းညိတ်ပြီး သဘောတူကြသည်။ ထို့နောက် စုရီက၊

“ ဒါကို မှတ်ထားပါ ငါမင်းတို့ကို ပြန်လာဖို့အမိန့် မပေးမချင်း ပြန်မလာကြနဲ့။ ”

-ဟု အမိန့်ပေးလိုက်သည်။

ထို့နောက် ကျင်းရှင်းနှင့် ဝမ်ချွယ်တို့ထံ လှည့်လိုက်ပြီး၊

“ မင်းတို့နှစ်ယောက်လုံးကတော့ ... ရွှမ်ဟဲအဆင့်ကိုဝင်ရောက်ပြီး မိခင်ချီတွေကို သန့်စင်ထားတာမို့ ဒီကနေ လုံးဝ မထွက်ပါနဲ့။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

နှစ်ယောက်စလုံးက တည်ငြိမ်စွာ ခေါင်းညိတ်သဘောတူကြ၏။

“ ဒီနေ့ပဲ ... ငါ မိုးပြာတိုက်ကြီးကိုဖို့ စီစဉ်ထားတယ် အစီအစဉ်အတိုင်း ဖြစ်သွားရင် တစ်လအတွင်း ငါပြန်လာမယ် ...

... အဲဒီအချိန်အတွင်းမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာနဲ့အန္တရာယ်ကြုံရရင် နတ်ဆိုးဘိုးဘေး မြေကိုသွားပြီး ကောင်းကင်နတ်ဆိုးဧကရာဇ်ကို ရှာလို့ရတယ်။ ”

ထို့နောက် သတိရသွားပြီး ထာဝရအင်မော်တယ်တံဆိပ်ကို ထုတ်ယူ ပေးလိုက်၏။

“ ဒီတံဆိပ်က ... မင်းတို့ကို ကာကွယ်ပေးနိုင်တယ် ပေါ့ပေါ့တန်တန် မသုံးနဲ့ သိမ်းထားပါ။ ”

ကျင်းရှင်းက လက်နှစ်ဖက်နှင့် အလျင်အမြန်လက်ခံလိုက်၏။ ထို့နောက် သည်းမခံနိုင်တော့ဘဲ၊

“ ဆရာ၊ အန္တရာယ်တစ်ခုခုကို ကြိုမြင်ထားလို့လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ မသေချာဘူး ... အနာဂတ်မှာ စိုးရိမ်ပူပန်မှုတွေကို ကြိုတင်ကာကွယ်ချင်ရုံပါပဲ ကြယ်ဗဟိုဒေသက မုန်တိုင်းတွေလာတဲ့အခါ ငါ့အပေါ် ဘယ်လိုအရာမျိုးနဲ့မှ ခြိမ်းခြောက်လို့ မရအောင်ပြင်ဆင်ထားရမယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ နောင်တွင်ဖြစ်လာနိုင်မည့် ဘေးအန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေခြင်း ဖြစ်၏။

အထူးသဖြင့် အပ်ချုပ်သမားကဲ့သို့သော ပရိယာယ်များလှသည့် ရန်သူနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် မည်သည့် အမှားအယွင်းမျှ မခံနိုင်ချေ။

***

မိုးပြာတိုက်ကြီး၊ ဥက္ကာပျံတွင်းနက်အတွင်းတွင် နက်ရှိုင်းသော အမှောင်ထုသည်သာ အုံ့မှိုင်းနေ၏။

ယင်းသည် အမှောင်အတိကျနေကာ ကြယ်နှင့်လရောင်ပင် မရောက်ရှိချေ။ သို့သော် နတ်အာရုံဖြင့် စစ်ဆေးကြည့်ပါက ပါးလွှာသော အလွှာတစ်ခုကို မြင်နိုင်မည်။

ထိုတွင်းနက်အောက်ခြေ နန်းဆောင်တစ်ခုအတွင်း၌ အားချန်၊ နင်စစ်ဟွာ၊ ဝမ်ရှင်းရွယ်နှင့် လူအချို့ ချင်းဝမ်ဘေးတွင် စိုးရိမ်တကြီး ဝိုင်းအုံနေကြသည်။

ချင်းဝမ်သည် ဖြူဖျော့သောမျက်နှာဖြင့် ကုတင်ပေါ် လဲလျောင်းနေကာ နာကျင်မှုများကို အံကြိတ်ခံစားနေရ၏။

လွန်ခဲ့သော နှစ်လခန့်က သူမသည် ထူးဆန်းသောဖျားနာမှုတစ်ခု စတင်ခံစားခဲ့ရပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းပေပင်။

“ ..... ။ ”

တစ်ခါတစ်ရံတွင် သူမသည် ထိတ်လန့်တကြား အော်ဟစ်နေတတ်ပြီး ရူးသွပ်နေသူကဲ့သို့ ရုန်းကန်၏။

“ ဒါဟာ အဲဒီထူးဆန်းတဲ့ သွေးလမင်းနဲ့ ပတ်သက်နေတာ သေချာပြီ။ ”

ဝမ်ရှင်းရွယ်မှ မှတ်ချက်ပေးသည်။ လွန်ခဲ့သောနှစ်လက ကောင်းကင်တွင် သွေးလ တစ်စင်း ခဏမျှ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုနေ့မှစတင်၍ ချင်းဝမ်၏ ရောဂါ စတင်ခဲ့ခြင်းဖြစ်၏။ လမင်းအသွင်အပြင်သည် နတ်ဆိုးမျက်ဝန်းကဲ့သို့ ဒေါင်လိုက် မျက်လုံး တစ်လုံးအလားပေပင်။

“ အား ... ။ ”

ရုတ်တရက် ချင်းဝမ်သည်လည်း ကြောက်လန့်တကြား အော်ဟစ်ကာ ရုန်းကန် လာပြန်၏။

“ မကောင်းတော့ဘူး။ ”

ယွမ်ဟမ်က နန်းတော်အပြင်ဘက်သို့ အလျင်အမြန်ပြေးထွက်ကာ ကောင်းကင်ထံ မော့ကြည့်ပြီး မျက်နှာပျက်ယွင်းသွားသည်။

ဥက္ကကာခဲချောက်ကြီးသည် ရွှေခေတ်ရောက်ရှိလာချိန်၌ အမှောင်တားမြစ် စွမ်းအင်များပျောက်ဆုံးကာ အဆုံးမဲ့ အမှောင် နယ်မြေကြီးဖြစ်လာခဲ့၏။

‌ရွှေခေတ်ရောက်လာပြီးနောက် မာဟာရှသည်လည်း အတွင်းအပြင် ရန်သူများ ထွက်ပေါ်လာသဖြင့် စုရီ၏ မိတ်ဆွေများကို စောင့်ရှောက်ရန် အခက်တွေ့လာသည်။

ထို့ကြောင့် ဧကရာဇ်ရှသည် ဤအရပ်တွင် အထွတ်အထိပ်ဝင်္ကပါဖြင့် ကာကွယ်ပေးထားပြီး ရွေ့ပြောင်းနေထိုင်ရန် စီစဉ်ပေးခဲ့ခြင်းပေပင်။

ဤကာလအတွင်း သူတို့မှာ ကျင့်ကြံမှုအတွက် အနှောက်အယှက်ကင်းကင်း နေထိုင်ခဲ့ရသည်။ ယခုမူ ကောင်းကင်ပေါ်ရှိ ထိုသွေးလမင်းသည် အပြောင်းအလဲများကို ယူဆောင်လာခဲ့ချေပြီ။

တိမ်မြူများကြားတွင် ထိုသွေးလသည် ထောင်လိုက်မျက်လုံးအသွင်ဖြင့် အလင်းများ ကမ္ဘာကြီးပေါ်ဖြာကျလာနေ၏။

“ ဘုန်း ... ။ ”

အဆုံးတွင် နန်းဆောင်အတွင်းရှိ ချင်းဝမ်သည်ထူးဆန်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး နင်စစ်ဟွာနှင့် အခြားသူများကို ချက်ချင်းလွင့်ထွက်သွားစေ၏။

တစ်ဆက်တည်းမှာပင် ကုတင်ပေါ် လဲလျောင်းနေရာမှ ရုတ်ချည်းမတ်တပ်ထရပ် လိုက်လေသည်။

သူမ၏ဆံပင်များ ဖရိုဖရဲ ဖြစ်လာပြီး မျက်နှာဖြူဖျော့နေသော်လည်း ပိတ်ထားသော မျက်လုံးများပွင့်လာခဲ့ပြီ ဖြစ်၏။

သို့သော် ထိုမျက်လုံးများသည် ဗလာကျင်းနေပြီး ထူးဆန်းသော အလင်းများ ယှက်သမ်းနေခဲ့သည်။

မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ နန်းတော်အပြင်ဘက်သို့ လျှောက်လှမ်းသွား တော့၏။

“ မကောင်းတော့ဘူး ... ချင်းဝမ် တစ်ခုခု ဖြစ်နေပြီ သူ့ကိုတားကြ။ ”

“ ဟမ့် ... ။ ”

“ ဝုန်း ... ။ ”

အားချန်က အော်ဟစ်လျက် တားဆီးရန် ကြိုးစားလိုက်သော်လည်း သူမသည် ချင်းဝမ်၏ အနီးသို့ ရောက်သည်နှင့် မမြင်ရသောရောင်ဝါ တစ်ခုကြောင့် နောက်သို့ လွင့်စင်သွား၏။

နင်စစ်ဟွာနှင့် ယွမ်ဟမ်သည်လည်း ထိုနည်းလည်းကောင်းပေပင်။ ချင်းဝမ်သည်သာ ဝိညာဉ်မဲ့နေသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ လေထဲလှမ်းတက်သွား၏။

လှမ်းလိုက်သည့် ခြေဖဝါးအောက်၌ ရုတ်တရက် သွေးကြာတစ်ပွင့် ပေါ်လာသည်။ ထို့နောက်တွင် ခြေလှမ်းတိုင်းသွေးကြာပန်းများ ပွင့်လာပြီး တွင်းနက်ကြီးထဲမှ လှမ်းတက် သွားတော့၏။

***

All Chapters