← Chapters

အပ်ချုပ်သမားနှင့် ကောင်းကင်ခိုးယူခြင်း ဥပဒေ။

Vol. 75 Ch. 890

အပ်ချုပ်သမားနှင့် ကောင်းကင်ခိုးယူခြင်း ဥပဒေ။

Vol. 75 Ch. 890

“ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စုရွှမ်ကြွယ်လဲ ငါ့ရဲ့ ‘အိပ်မက်ခိုးယူခြင်းမျက်လုံးတွေ’ကို ခံနိုင်ရည်ရှိနေတယ် အထင်ကြီးစရာပါပဲ။ ”

အဝေးက အပ်ချုပ်သမား၏မျက်ဝန်းများ အနည်းငယ်မှေးစင်းသွားလေသည်။ စုရီသည် သူ့အကြည့်အောက်တွင် တည်ငြိမ်နေ၏။

“ မင်းရဲ့ အတိတ်ဘဝ အမှတ်တရတွေ နိုးထလာပြီလားလို့ ငါတွေးမိပါတယ်။ ”

အရေးအကြောင်းများ ပေါ်နေသော အပ်ချုပ်သမားမျက်နှာသည် ပဟေဠိဆန်သည့် အရိပ်အမြွက်ပေါ်လာ၏။

ဤစကားအဓိပ္ပါယ်သည် ရှုပ်ထွေးပြီး သူတို့အားလုံးအပေါ် အမြင်နိုင်သောအရိပ်ကြီး ဖုံးလွှမ်းလာသည်။

ဆိုလိုသည်မှာ အပ်ချုပ်သမားဆိုသူသည် ဤမတိုင်မီတိုက်ခိုက်မှုတစ်ခု ပြုလုပ်သွားပုံရပြီး စုရွှမ်ကြွယ်၏ အတိတ်သည် တစ်စုံတစ်ရာ ထူးဆန်းနေတော့၏။

“ ရွံစရာအဖိုးကြီး မင်းသေချင်နေတာလား။ ”

စုရီက အပ်ချုပ်သမားစကားကို ပြန်မဖြေနိုင်ခင်မှာပင် ချင်းတန်မှအေးစက်စွာ လှုပ်ရှားလာတော့၏။

“ စွိ ... ။ ” 

သူမပုံရိပ်လေထဲ တောက်ပသွားပြီး အပ်ချုပ်သမားရှေ့ ပြန်ပေါ်လာကာ ညာဘက် လက်သီးကိုဆုပ်ကိုင်လျက် ဓားကဲ့သို့ ထိုးထုတ်လိုက်သည်။

“ ခရစ် ... ။ ”

ပတ်ဝန်းကျင်ကမ္ဘာကြီး ရုတ်တရက် ပြိုကွဲသွားကာ လေဟာနယ်အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ လက်သီးသည် ကောင်းကင်နှင့် မြေကြီးကိုခွဲဖြတ်နိုင်သော ဓားနှင့်တူသည်။

သို့သော် အပ်ချုပ်သမားသည် မလှုပ်မယှက်ဖြင့်ရှိနေပြီး အင်္ကျီလက်များကို စက်ဝိုင်းပုံဝှေ့ယမ်းကာ လက်ဖဝါးဖြင့် ပြန်ရိုက်လိုက်၏။

“ ဘန်း ... ။ ”

လက်ဖဝါးသည် ချင်းတန်လက်သီးကို တိုက်ရိုက်ချေမှုန်းပြီး ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားလှိုင်းများ ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားတော့၏။ တောင်နှင့်မြစ်များသည် စက္ကူတစ်စလို ပြိုကျကုန်သည်။

အကျိုးဆက်အနေဖြင့် ချင်းတန်ခမျာ ပေပေါင်းများစွာနောက်ထံပါးသို့ တွန်းပို့ခြင်း ခံလိုက်ရတော့၏။ ချက်ချင်းပင် ဟန်ချက် ထိန်းညှိလျက် ဝတ်ရုံများဖုန်ခါထုတ်လိုက်ပြီး ဒဏ်ရာကင်းစွာ ရပ်တည်နိုင်လိုက်သည်။

ထိုမြင်ကွင်းက ချက်ချင်းပင် ရပ်ကြည့်နေသူများအားလုံးကို အံ့အားသင့်သွား စေတော့၏။ အပ်ချုပ်သမား၏ စွမ်းအားသည် ကြောက်စရာပေပင်။ ထိုအရပ်တွင် ရပ်နေရုံနှင့် ပေ့ကျန်းကဲ့သို့ သက်ရှိရုပ်ကြွင်းကြီးများပင် မသက်မသာဖြစ်စေသည်။

တစ်ဖက်တွင် ချင်းတန်သည် ထိုသူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် မည်သည့်ထိခိုက်မှုမျှ မရရှိခဲ့ချေ။ ထိုစွမ်းအားသည် နက်နဲတာအို နယ်ပယ်အဆင့်သို့ ကျော်လွန်နေ၏။

အပ်ချုပ်သမား၏ မျက်နှာတွင်လည်း အံ့အားသင့်သော အရိပ်အယောင်များထွက်ပေါ် လာလေသည်။

“ စိတ်ဝင်စားစရာပဲ ... မင်းရဲ့ဆရာက သူ့အမွေအားလုံးကို လွှဲပြောင်းပေးခဲ့တယ် ထင်တယ်။ ”

ချင်းတန်သည် ကြယ်ဗဟိုဒေသမှလာပြီး အပ်ချုပ်သမားရည်ညွှန်းသော ဆရာဆိုသူသည် စုရီမဟုတ်ဘဲ အခြားတစ်ယောက်ပေပင်။

အပ်ချုပ်သမားသည် အတိတ်ဘဝ လောကသခင်ကို ရည်ညွှန်းနေမှန်း စုရီသည်သာ သိချေ၏။ ထိုအချိန်မှာပင် ချင်းတန်နှင့် သူသည် တစ်ချိန်က ဆရာနှင့်တပည့်ဖြစ်ကြောင်း စုရီသိရှိလိုက်သည်။

“ ကံမကောင်းစွာနဲ့ပဲ မင်းက မင်းရဲ့ဆရာ မဟုတ်ဘူး ... ငါ့ကိုကိုင်တွယ်ဖို့ နည်းလမ်းတွေ ပြင်ဆင်ထားရင်တောင် မလွဲမသွေ ရှုံးနိမ့်ဦးမှာပါပဲ။ ”

အပ်ချုပ်သမားက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“ ဟမ့် ... မဟာတာအိုရဲ့ပုံရိပ်တစ်ခုပဲ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီးနဲ့။ ”

ချင်းတန်က လေဟာနယ်အတွင်း လှမ်းတက်လိုက်ပြီး သူမ၏ဓားရည်ရွယ်ချက်ကို ကောင်းကင်နှင့် မြေကြီးကြား ပြည့်နှက် စေလိုက်သည်။

“ ဝှစ် ... ။ ”

ထို့နောက် ပို၍မြန်ဆန်လာပြီး နတ်ဘုရားသက်တံကဲ့သို့ အပ်ချုပ်သမားထံ ပြေးဝင်ကာ လက်သီးဖြင့်ထိုးချလိုက်သည်။

“ မင်းရဲ့ဆရာသာ ဒီလိုပြောရင် ငါနည်းနည်းတော့ဂရုစိုက်မိလိမ့်မယ် ဒါပေမယ့် မင်းအတွက်ကတော့ အရည်အချင်း မပြည့်မီဘူး။ ”

အပ်ချုပ်သမားအသံသည် ပဲ့တင်ထပ်နေပြီး အိုမင်းခန္ဓာကိုယ်မှာ ရုတ်တရက် အလင်းများစွာ တောက်ပလျက် လက်ဖဝါးဖြင့် ပြန်လည် ခုတ်ပိုင်းချလိုက်သည်။

“ ခရစ် ... ။ ”

လက်ဖဝါးသည် ဓားတစ်လက်အလား ချင်းတန်လက်သီးစွမ်းအားကို ချိုးဖျက်လိုက်၏။ ချင်းတန်မှ နှာခေါင်းရှုံ့ပြီး လက်ဖဝါးအဖြစ် ပြောင်းလဲကာ ဖိချလိုက်သည်။

မရေမတွက်နိုင်သော ဓားစွမ်းအင်များ ကောင်းကင်မြစ်အလား ကျဆင်းလာတော့၏။ ခဏလေးအတွင်းမှာပင် နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။

တိုက်ခိုက်မှုတိုင်းသည် မြန်ဆန်ပြီး ကောင်းကင်ပြိုကျသွားသည့်အလား ခံစားရကာ ကြီးမားသောအုံကြွမှု ဖြစ်ပေါ်လာစေ၏။

“ တကယ့် ကပ်ဘေးကြီးပါပဲ။ ”

ထိပ်တိုက်တွေ့မှုတိုင်းသည် နတ်ဘုရားနှစ်ပါးတိုက်ပွဲအလား ကောင်းကင်နှင့် မြေကြီးကိုအလွယ်တကူ လောင်ကျွမ်းစေကာ တောင်နှင့်မြစ်များ ကြေမွသွား၏။

အဝေးမှာရှိသော ဧကရာဇ်အဆင့်အောက် မည်သူမဆို ကြောက်ရွံ့ထိတ်လန့်ပြီး ချက်ချင်း လွတ်ရာသို့ ထပ်မံဆုတ်ခွာလိုက်ကြသည်။

ဤအဆင့်တိုက်ပွဲသည် သူတို့၏ မျှော်လင့်ချက်များ၊ စိတ်ကူးစိတ်သန်းများထက် အများကြီး ကျော်လွန်နေ၏။

ကြယ်ဗဟိုဒေသကြီးမှလာသော ဤအပ်ချုပ်သမားနှင့် ချင်းတန်သည် ဧကရာဇ် များထက် များစွာသာလွန်သည့် စွမ်းအားများ ပိုင်ဆိုင်ထားကြချေပြီ။

“ ဒါက ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ထဲက အန္တရာယ်အရှိဆုံး ဘီလူးကြီး တစ်ကောင်ရဲ့ စွမ်းအားလား ... သာမန်(avatar) တစ်ယောက်တောင် နားမလည်နိုင်အောင် ကြောက်စရာကောင်းတယ် ... ။ ”

မိစ္ဆာဘိုးဘေးယွဲ့ရင်တစ်ယောက် တုန်ရီနေသည့်အသံဖြင့် တိုးတိုးလေးညည်းတွား လိုက်တော့သည်။ အမှန်တရားသည် ခါးသီးချေ၏။

အရိုင်းမြေကိုးပါးတွင် ဧကရာဇ် နယ်ပယ်ထက် ပိုမိုမြင့်မားသောလမ်းကြောင်းကို ကြာမြင့်စွာတည်းကပင် ဖြတ်တောက်ခြင်း ခံထားခဲ့ရသည်။

သူ့ကဲ့သို့ ဧကရာဇ်နယ်ပယ်၏ ရှေးဟောင်းအမွေအနှစ်ပင် အံ့မခန်းစွမ်းသည့် ပါရမီနှင့် နက်ရှိုင်းသောအုတ်မြစ်ကို ပိုင်ဆိုင် နေသော်မှ ရပ်တန့်နေရ၏။

တစ်ဖက်တွင် ကြယ်ဗဟိုဒေသသည် ဧကရာဇ်များထက် ပိုမြင့်သောလမ်းကြောင်းကို ပိုင်ဆိုင်ထားနေဆဲဖြစ်ချေသည်။ ယင်းသည် မနာလိုဖွယ်ပေပင်။

“ ဘာတွေ စိတ်ဓာတ်ကျနေတာလဲ ... ပါရမီ၊စွမ်းရည်နဲ့အုတ်မြစ်တွေအရ ငါတို့တွေက အဲဒီကြယ်တွေပြည့်နေတဲ့ ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ ...

... လုံးဝနိမ့်ကျတာ မဟုတ်ပါဘူး ... ငါတို့မှာချို့တဲ့နေတာ မြင့်မားတဲ့နယ်ပယ်ကို သွားရာလမ်းတစ်ခုပါပဲ။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်က အံကြိတ်လျက် ပြောကြားလိုက်သည်။ တစ်နေ့ ဤကြယ်ဘီလူးကြီးများကဲ့သို့ သူမသည်လည်း သန်မာလာရပေမည်။

“ ဘာပဲဖြစ်ဖြစ် ... ဒီနေ့မှာတော့ အဲဒီကောင်းကင်လမ်းရဲ့စွမ်းအား ဘယ်လောက် အစွမ်းထက်လဲဆိုတာကို ငါတို့မြင်ခွင့်ရပြီ ...

... အချိန်တန်ရင် ဒီအတားအဆီးကို ဖြတ်ကျော်ပြီး နယ်ပယ်ဘုရင်အဆင့်ကို ငါတို့ တက်လှမ်းကြမယ်။ ”

စုရီထံမှ မြင့်မားသောလမ်းကို တက်လှမ်းနိုင်သည့် လျှို့ဝှက်ချက်ရရှိထားပြီး ဖြစ်လေရာ သဘာဝအတိုင်း စိတ်ဓာတ်မကျဘဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

“ မှန်ပါတယ် ... တကယ်တော့ ငါတို့အားလုံးမှာ ချို့တဲ့နေတာက အခွင့်အရေး တစ်ခုပါပဲ။ ”

ပေ့ကျန်းမှ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“ ဒါ့ပြင် ငါ့အမြင်အရတော့ အဲဒီအပ်ချုပ်သမားလိုပုဂ္ဂိုလ်မျိုးက ကြယ်တွေ ပြည့်နေတဲ့ဒေသမှာ ထိပ်တန်းဘီလူးကြီးပါ ...

... သူ့လိုလူမျိုးနဲ့ ... ငါတို့လို သာမန် လူတစ်ယောက်က နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျ နေစရာ မလိုပါဘူး ... ။ ”

တစ်ဖက်တွင် စုရီသည် တိုက်ပွဲထံ စိုက်ကြည့်နေဆဲဖြစ်သည်။ ဤအပ်ချုပ်သမား၏ ကိုယ်ပွားသည်ပင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်၏။

တံငါသည်ကိုယ်ပွားထက်ပင် ပို၍ဒုက္ခပေးနိုင်မည်။ လောကသခင်မှ ထိုသူကို သတိထားရန်သတိပေးခဲ့သည်မှာ အံ့သြစရာ မရှိချေ။

ဤအပ်ချုပ်သမားနှင့် ယှဉ်သော် တံငါသည်နှင့် ပန်းချီဆရာသည် ခြိမ်းခြောက်မှု အဖြစ် ယူဆနိုင်ခြင်းမရှိကြောင်း မြင်သာ၏။

အလားတူပင် ချင်းတန်ပြသနေသော အစွမ်းသတ္တိသည်လည်း သူ့မျှော်လင့်ချက်ထက် များစွာကျော်လွန်နေသည်။

သို့သော် များမကြာခင်မှာပင် စုရီတစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ချင်းတန်ခမျာ ဖိနှိပ်ခံ လာရတော့၏။

အပ်ချုပ်သမားသည် သူမ၏ လှုပ်ရှားမှုတိုင်းကိုတွက်ဆနိုင်ပြီး ကောင်းကင်မှ စောင့်ကြည့်နေသလို ခံစားရစေသည်။

ဤသည်မှာ ကောင်းကင်ခိုးယူခြင်း ဥပဒေ၏စွမ်းအားပေပင်။ အပ်ချုပ်သမားရှေ့၌ ချင်းတန်သည် လျှို့ဝှက်ချက်မရှိချေ။

“ ချွင် ... ။ ”

ရုတ်တရက် ချင်းတန်က တာအိုဓားတစ်လက်ထုတ်ယူပြီး သူမခွန်အားကို မြင့်တက်စေလိုက်၏။ အပ်ချုပ်သမားမှ ခေါင်းခါယမ်းလိုက်ကာ၊

“ အသုံးမဝင်ဘူး ... မင်းမှာရှိနေတဲ့ ဝှက်ဖဲတွေရဲ့စွမ်းအားက ငါ့ကို ခြိမ်းခြောက်မှု မပေးနိုင်ပါဘူး။ ”

စကားဆုံးသည်နှင့် တံဆိပ်တစ်ခု ဖန်တီးကာဖိချလိုက်သည်။ တန်ခိုးရှင်တစ်ပါးမှ ကောင်းကင်ကိုကိုင်ကာ ရိုက်ချလာသလိုပင်။

ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း အပ်ချုပ်သမားလက်ဝါးအတွင်း ပေါင်းစည်းသွား သလို ခံစားလာရသည်။

“ ကောင်းကင်ခိုးယူခြင်း တံဆိပ် ... ။ ”

ဤသည်မှာ အပ်ချုပ်သမား၏ အကောင်းဆုံးသော နည်းစနစ်တစ်ရပ်ဖြစ်သည့် ကောင်းကင်နှင့် မြေကြီးကြား စည်းမျဉ်းများကို ငှားယူအသုံးပြုခြင်းဖြစ်သည်။

ဤအချိန်တွင် အပ်ချုပ်သမားသည် တာအိုအားလုံး၏ဘုရင်ဖြစ်ပြီး လက်ဖဝါးသည် ကောင်းကင်၏ အလိုဆန္ဒဖြစ်၏။

“ ကလန် ... ။ ”

“ ဘောင်း ... ။ ”

ချင်းတန်ဓားသည် ရုတ်တရက် စူးရှပြီးကျယ်လောင်သော မြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။

“ ဝေါ့ ... ။ ”

ကြောက်စရာကောင်းသော ထိုသက်ရောက်မှုကြောင့် ချင်းတန်သည်လည်း ယိုင်လဲသွားပြီး ချက်ချင်းသွေးအန်လာ၏။

ဤမြင်ကွင်းသည် လူအုပ်ကြီးကို ချင်းတန်ကိုယ်စားအေးစက်မှု ခံစားလိုက်ရ၏။ နှလုံးသားများတုန်ခါကုန်သည်။ အပ်ချုပ်သမား အဖိုးကြီးသည် သန်မာလွန်းချေ၏။

ဤမျှအဝေးမှကြည့်ရုံဖြင့် သူတို့၏တာအိုနှလုံးသားများအပေါ် ပြင်းထန်စွာ ဖိအားပေးထားနိုင်သည်။ အသက်ရှူကြပ်လျက် သေစေနိုင်သော အန္တရာယ်ကို ခံစားရ၏။

“ ချင်းတန် ... ။ ”

ကျင်းခွိုက်၊ဝမ်ချွယ်နှင့် တပည့်များသည် နှလုံးသားများတင်းမာသွားပြီး မကြုံစဖူး စိုးရိမ် လာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်လွန်းသည့် ထိုအပ်ချုပ်သမားနှင့် နှိုင်းယှဉ်ပါက သူတို့သည် ချင်းတန်ဘေးတွင်သာ သဘာဝအတိုင်း ရပ်ကြပေမည်။

စုရီ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း အေးစက်သော အရိပ်အယောင်အချို့ ရစ်သိုင်းလာတော့၏။

ချင်းတန် ဒဏ်ရာရသွားခြင်းသည် နှလုံးသားကိုဓားတစ်လက်ဖြင့် ထိုးသွင်းခံရသလို သတ်ဖြတ်လိုသော ဆန္ဒတစ်ခုပေါ်လာ၏။

“ ဝုန်း ... ။ ”

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။ သို့သော်ချင်းတန်သည် တဖြည်းဖြည်း ဆုတ်ခွာ နေရပြီး ပြိုလဲတော့မည့် အနေအထားသို့ ရောက်ရှိလာတော့၏။

ရှည်လျားပြီး နက်မှောင်လွန်းသော ဆံပင်ရှည်များသည် ယခုအချိန်၌ဖရိုဖရဲဖြစ်ပြီး အနက်ရောင်ဝတ်စုံတွင် သွေးများစွန်းထင်း နေခဲ့သည်။

လှပသောမျက်နှာသည် ပို၍ဖြူဖျော့လာ၏။ သို့သော် နောက်မဆုတ်ခဲ့ချေ။ သတ်ဖြတ်လိုခြင်း ဆန္ဒများပြည့်နှက်နေပြီး အကြည့်များမှာ ဓားအလား စူးရှနေသည်။

“ ချင်းတန်၊ မင်းအခု အရှုံးပေးရင် ကြင်နာမှုအနေနဲ့ အပ်ချုပ်သမားထံကနေ မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပေးမယ်။”

မိန်းကလေးရိုရှမှ လှောင်ပြုံးပြုံးကာ အော်ဟစ်ပြောကြားလာသည်။ တစ်ဖက်တွင် ချင်းတန်သည် လျစ်လျူရှုသောအသွင်ဖြင့်၊

“ နောက်ထပ် ... စကားတစ်ခွန်း ထပ်ပြောဝံ့ရင် ငါ့အသက်စွန့်ရရင်တောင် မင်းကို ဓားနဲ့ခုတ်သတ်ပစ်မယ်။ ”

-ဟု ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်တော့သည်။

“ ဟမ့် ... သေတော့မဲ့ လူတစ်ယောက်က မောက်မာဝံ့သလား။ ”

“ ဘန်း ... ။ ”

အပ်ချုပ်သမားက သက်ပြင်းချပြီး တံဆိပ်တစ်ခုဖန်တီးကာ ထပ်မံရိုက်နှက်လိုက် တော့သည်။ ချင်းတန်မှ လက်ဓားဖြင့် ချက်ချင်း ထိုးခွဲလိုက်သော်လည်း မအောင်မြင်ခဲ့ချေ။

ကြိုးပြတ်သွားသည့် စွန်တစ်ကောင်လို လွင့်စင်သွားပြီးနောက် အနက်ရောင်ဝတ်လုံ၌ အပေါက်အပြဲများ ဖြစ်ပေါ်လာတော့သည်။

“ အဟွတ် အဟွတ် ... ။ ”

ရလာဒ်အနေဖြင့် လေထုအလယ် ချင်းတန်တစ်ယောက် သွေးချောင်းဆိုးလာ၏။ ထိုမြင်ကွင်းက စုရီကို ရုတ်ချည်း လက်သီး ဆုပ်မိသွားစေသည်။

***

All Chapters