← Chapters

အပ်ချုပ်သမား (၂) ... ။

Vol. 75 Ch. 893

အပ်ချုပ်သမား (၂) ... ။

Vol. 75 Ch. 893

တစ်ဆက်တည်းမှာပင် လေထုအလယ် အနက်ဝတ် အဖိုးအိုတစ်ဦး ပေါ်လာသည်။ သူ၏ ရောင်ဝါသည် ကောင်းကင်နှင့်တသားတည်း ပေါင်းစည်းနေခဲ့၏။

“ ဘိုးဘိုး ... ကယ်ပါဦး ဒီလူက မြေးကိုသတ်ဖို့ ကြိုးစားနေပါတယ်။ ”

ရိုရှမှ အော်ဟစ်တိုင်တမ်းလိုက်သည်။ အနက်ဝတ် အဖိုးအိုက ရိုရှထံလှည့်ကြည့်ကာ၊

“ မင်းလား ... မြေးလေး မကြောက်နဲ့ ... ငါဒီမှာရောက်နေပြီမို့ မင်းကိုဘယ်လိုလူကမှ အန္တရာယ် မပေးနိုင်ဘူး။ ”

-ဟု ဝင့်ကြွားစွာ နှစ်သိမ့်တော့၏။

သို့သော် ချင်းတန်လက်ထဲရှိ အပ်ချုပ်သမားက ထိုအဖိုးကြီးအပေါ် အော်ဟစ် သတိပေးလာ၏။

“ အဖိုးကြီးကျုံး မင်းသတိထားမှဖြစ်မယ်၊ မင်းရဲ့ပြိုင်ဘက်က ... ။ ”

“ ဟမ့် ... ဒီရွံ့စရာကောင်းတဲ့ ဦးပြည်းကတုံးကောင် ... သေခါနီးအဖိုးအိုကြီးက ဘယ်သူလဲ ... မင်းက ဘာကိစ္စကို ငါ့ကို သင်ပြနေရတာလဲ။ ”

အဖိုးကြီးကျုံးမှ စကားဆုံးအောင် အပြောမခံဘဲ သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ် သပ်နေသော အပ်ချုပ်သမားထံကြည့်ပြီး ဟိန်းဟောက်လိုက်တော့၏။

အပ်ချုပ်သမားခမျာ မျက်နှာ မည်းမှောင်သွားချေပြီ။ ရိုရှတစ်ယောက် ချက်ချင်း ဝင်ရောက်ရှင်းပြလိုက်ရ၏။

“ ဘိုးဘိုး ... အဲဒါအပ်ချုပ်သမားပါ။ ”

“ ဟမ့် ... အပ်ချုပ်သမားလား ... ။ ”

အဖိုးကြီးကျုံးက မှင်သပ်သွားပြီး အပ်ချုပ်သမားထံ ပြန်လည်စစ်ဆေးတော့၏။ တစ်ဖက်လူတွင် ဒဏ်ရာများ ပြည့်နှက်နေ သည်ကို နားမလည်နိုင်ခဲ့ချေ။

“ သူ ... သူက တကယ်ပဲ မင်းရဲ့ဆရာ အပ်ချုပ်သမားလား သူ့ကိုဘယ်သူက ဒီလောက် စုတ်ပြတ်နေအောင် ထုထောင်းထားတာလဲ။ ”

အဖိုးကြီးကျုံး၏ အံ့အားသင့်နေသော မေးခွန်းများက အပ်ချုပ်သမားကို မသက်မသာ ပို၍ဖြစ်လာစေ၏။ ဤအဖိုးကြီးကျုံးသည် မည်သည့်အချိန်မှစကာ ကျိုးကြောင်းဆင်ခြင် တတ်သွားမှန်း မသိနိုင်တော့ချေ။

“ အဲဒီလူပါ ... ။ ”

ရိုရှက စုရီထံသို့ လက်ညှိုးထိုးပြ၏။ အဖိုးကြီးကျုံးမှ မျက်ခုံးပင့်လျက် လှည့်ကြည့် လာလေသည်။

“ သူလား ... ။ ”

“ ဟုတ်တယ် အဘိုး ... ဒီလူက လောကသခင်ပါ။ ”

“ ဟဲ့ ... သောက်ခွေး ... မင်းဘာလို့ စောစောက မပြောတာလဲ ... နေဦးမဖြစ်နိုင်ဘူး လောကသခင်က ဒီလောက်ငယ်နေစရာလား သူ့အရိုးသက်တမ်းက ...

... အသက်(၂၀)ဝန်းကျင်ပဲ ရှိသေးတာ ... ငါခံစားမိပါတယ် ဘယ်လိုလုပ် အဲဒီဓားသမား ဖြစ်နိုင်မှာလဲ မြေးလေး မင်းအဖိုးကို လှည့်စားချင်နေတာလား။ ”

စုရီက သူ့ရှေ့မှ မြင်ကွင်းများထံ စိတ်မရှည်တော့ဘဲအေးစက်စွာ တစ်ဖက်လူထံ လှမ်းကြည့်လိုက်ပြီး၊

“ ဟမ့် ... ကျုံးမျိုးနွယ်ရဲ့ ကြွက်အိုကြီး ... ငါ့ကိုမြင်လို့မှဒူးမထောက်ရင် မင်းရဲ့အရိုးတွေကို တွေ့တိုင်း ငါချိုးပစ်မယ်လို့ပြောခဲ့တာ မင်း မေ့သွားပြီလား။”

-ဟု မေးမြန်းတော့၏။

“ မြေး ... မြန်မြန်ပြေး ... ဒီကောင်က တကယ်ပဲ အဲဒီဓားသမား ... ။ ”

အဖိုးကြီးကျုံးခမျာ ချက်ချင်းပင် ရိုရှကိုဆွဲကိုင်လျက် အဝေးသို့ပစ်ထုတ်လိုက်၏။ ထို့နောက် စုရီထံအသက်စွန့်ကာ ဟန့်တားရန် ပြင်လိုက်တော့သည်။ သို့သော် စုရီမှ သစ်နက်ဓားဖြင့် ဆီးကြိုနေချေ၏။

“ ဘောင်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲမှုကြီးနှင့်အတူ အဖိုးကြီးကျုံးတစ်ယောက် တစ်စစီလွင့်ပါးသွား တော့သည်။ ထိုမြင်ကွင်းကြောင့် အပ်ချုပ်သမား တစ်ယောက် သက်ပြင်းချလိုက်၏။

“ လာခဲ့ ... ။ ”

တစ်ဖက်တွင် ရိုရှသည် သတိဝင်လာပြီး ထွက်ပြေးတော့၏။ သို့သော် လေထုအလယ်၌ လက်ကြီးတစ်ဖက်ပေါ်လာကာ ချက်ချင်း ဖမ်းဆီးခံလိုက်ရချေပြီ။

အဘိုးကြီးကျုံးသည် တစ်ချက်တည်းဖြင့် သေဆုံးသွားကာ အဖမ်းခံလိုက်ရသဖြင့် ရိုရှမှာ ရေခဲဂူထဲသို့ ပြုတ်ကျသွားသည့်အလား အေးခဲသွားချေပြီ။

ဦးခေါင်းကို ခက်ခက်ခဲခဲလှည့်ကာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်အောင် ကြိုးစားပြီး၊

“ စီနီယာ၊ ငါသိသလောက် မင်းဟာ စုရွှမ်ကြွယ်ဝင်စားသူပဲ စုရွှမ်ကြွယ်ကတော့ မင်းဝင်စားတာပါ ... တစ်နည်းအားဖြင့် ...

... အခု စီနီယာက အတိတ်ဘဝရဲ့ အကြွင်းအကျန်တစ်ခုသာဖြစ်ပြီး စုရွှမ်ကြွယ် ခန္ဓာကိုယ်ကနေ ပြန်လည်ပေါ်လာတာပဲ မင်းရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်ကတော့ ဒီကမ္ဘာကြီးမှာ လုံးဝမရှိတော့ဘူး။ ”

... ဒါကြောင့် အခု စီနီယာ ... ငါ့ကိုသတ်လိုက်ရင် ကျုံးမျိုးနွယ်က စုရွှမ်ကြွယ် အပေါ် ဘယ်တော့မှ လွှတ်ပေးတော့မှာ မဟုတ်ဘူး ပြီးတော့ နှလုံးသားပြခန်း ...

... ဒါကြောင့် ဆန့်ကျင်ဘက်အနေနဲ့ စီနီယာသာ ငါ့အသက်ကို ချမ်းသာပေးမယ် ဒီနေ့ရဲ့ အငြိုးအတေးတွေကို မေ့ပစ်မယ်လို့ အာမခံနိုင်ပါတယ် ဒီရွှမ်ဟွမ် ကြယ်စုကိုလည်း ငါဘယ်တော့မှ ခြေမချတော့ပါဘူး။ ”

သူမ အမြင်၌ စုရီသည် အရှင်ဖမ်းသောကြောင့် သတ်ရန်ဆန္ဒများ မရှိသေးကြောင်း ယုံကြည်ထား၏။ သို့သော် စုရီက ပြုံးလိုက်သည်။

“ တကယ်ပဲ ... အဲဒီလို ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ် ဒါက ငါစောင့်မျှော်နေတဲ့ အရာပဲ။ ”

“ ဒါဆို စီနီယာ သဘောတူတယ်လား။ ”

“ မဟုတ်ဘူး ... ဒီဘဝမှာ ငါ့အတွက် ရန်သူတွေများလေ ပိုကောင်းလေပဲ။ ”

ရိုရှမှထိတ်လန့်သွားပြီးနောက် ချက်ချင်း ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားကာ မျက်နှာသိသိသာသာ ပြောင်းလဲသွားတော့၏။

“ ခရစ် ... ။ ”

ထိုစဉ်မှာပင် ရိုရှ၏လည်ပင်းသည် ဘေးသို့ကျိုးကျသွားကာ ခန္ဓာကိုယ်နှင့်ဝိညာဉ် လုံးဝကြေမွသွားတော့၏။

လူတိုင်း အံ့အားသင့်ကုန်သည်။ ထိုစဉ်တုန်းက ကြယ်ဗဟိုဒေသကြီးမှ လူများမှာ ကြောက်စရာကောင်းလွန်းသဖြင့် မည်သူမဆို စိတ်ပျက်အားငယ်ခဲ့ကြ၏။ ယခုကဲ့သို့ စုရီ၏ ဂရုမစိုက်သော အပြုအမူကြောင့် လူတိုင်း ပြန်လည် သက်သာရာရကုန်သည်။

ဤလောကကြီး၌ မည်သည့်နောက်ခံ မည်သို့သော အရပ်ဒေသကြီးမှလာသူဖြစ်စေ သန်မာသူသည်သာ ဘုရင်ဖြစ်ချေ၏။

ယနေ့တွင် စုရီသည် သူ့ရှေ့မှ မည်သည့်ကြယ်ဘီလူးများကိုမဆို သတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ပြသနေ၏။ ယင်းသည် စစ်မှန်သော အုပ်စိုးရှင်တစ်ပါး၏ စိတ်နေစိတ်ထားမျိုးပေပင်။

“ ရန်သူတွေများလေ ပိုကောင်းလေလား ... ။ ”

အပ်ချုပ်သမားက အဝေးကနေ ခပ်တိုးတိုးရေရွတ်လိုက်၏။ ကြယ်တာရာ ဗဟို ဒေသကြီးတစ်ခုလုံးကို ရန်သူအဖြစ်ယူခြင်းသည် ခွန်အားအလျင်အမြန် တိုးတက်စေသော်လည်း အန္တရာယ်အရှိဆုံးနည်းလမ်းပေပင်။

သေခြင်းနှင့် ရှင်ခြင်းကို အဆက်မပြတ်ခံစားရပေမည်။ အပ်ချုပ်သမားမှ သက်ပြင်းချလျက်၊

“ ဒီနည်းလမ်းက မင်းကို အဆုံးထိအသက်ရှင်စေမယ် ထင်နေလား။ ”

-ဟု မေးမြန်းလိုက်၏။ စုရီမှ ပြန်လှည့်ကြည့်ကာ အပ်ချုပ်သမားအနား လျှောက်လှမ်းသွားပြီး၊

“ မင်းက အပ်ချုပ်သမားမဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်လေသည်။

စုရီစကားကြောင့် ချင်းတန်ပင် အံ့အားသင့်သွား၏။ ဤရဟန်အိုကြီးသည် အပ်ချုပ်သမား မဟုတ်သော် မည်သူနည်း။

ရုတ်တရက် စုရီကလက်ဆန့်ထုတ်ပြီး အပ်ချုပ်သမားနဖူးကိုကိုင်ကာ တစ်စုံတစ်ရာ ဆွဲထုတ်လိုက်တော့သည်။

တွန့်လိန်ရုန်းကန်နေသော ဝိညာဉ်တစ်ခု ရဟန်းအိုကြီးခန္ဓာအတွင်းမှ ချက်ချင်းထွက်ပေါ် လာ၏။

ထိုဝိညာဉ်တွင် အနက်ရောင်ချည်မျှင်များ ဖုံးအုပ်ထားပြီး သူ့မျက်နှာပေါ်၌ သိသိသာသာ အံ့အားသင့်နေသည့် အသွင်ပြသနေသည်။

“ မင်း ... ဘယ်လိုသိတာလဲ။ ”

ထိုဝိညာဉ်မှ မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလာသည်။

“ အဲဒီအဖိုးကြီးက ... အတင်းအကျပ် ကိစ္စမျိုးသာမရှိရင် အခုလိုလူရှေ့ကိုဘယ်တော့မှ ထွက်လာဝံ့မှာမဟုတ်ဘူး ... တကယ်ပဲမင်းက ကိုယ်ပွားဆိုရင်တောင် ချွင်းချက်မရှိဘူး။ ”

စုရီက တွန်းဆုတ်ခြင်းမရှိ ပြန်ဖြေကာ သူ့လက်ဖဝါးထံမှ တောက်ပသော ဓားရောင်ဝါ တစ်လက်ထွက်ပေါ်လာပြီး ထိုဝိညာဉ်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်တော့သည်။

“ ငါ့ရဲ့အတော်ဆုံး တပည့်တစ်ယောက်ရဲ့ အသက်က ဒီလိုပဲပျောက်ကွယ်သွားရတာလား ဘယ်လောက် နှမြောစရာ ကောင်းလိုက်လဲ။ ”

ထိုစဉ်သက်ပြင်းချသံနှင့်အတူ အဝေးတစ်နေရာ၌ ပုံရိပ်တစ်ရိပ်ထွက်ပေါ် လာတော့သည်။

ယင်းသည် အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ရဟန်း တစ်ပါးပေပင်။

“ ကျိယွမ် ... ။ ”

ထိုရဟန်းကို မြင်ချိန်၌ ရွှမ်နင်တစ်ယောက် တုန်လှုပ်သွားတော့၏။

“ ဒီဘုန်းကြီးက အပ်ချုပ်သမားလား။ ”

လူတိုင်းမျက်လုံးပြူးကုန်သည်။ ယနေ့ မငြိမ်သက်မှုများသည် သူတို့ထင်ထားတာထက် များစွာကျော်လွန်ပြီး အန္တရာယ်များနေချေပြီ။

“ သူလည်း တကယ့်အပ်ချုပ်သမား မဟုတ်သေးဘူး အဲဒီခွေးအိုကြီးကအကြံအစည် မအောင်မြင်တဲ့အခါတိုင်း ... ဒီလိုနည်းလမ်းကို အသုံးပြုတတ်တယ် ...

... အဓိပ္ပါယ်က အရာအားလုံး သူ့မျက်စိအောက်မှာပဲ ရှိနေတယ်ဆိုတာကို သက်သေပြချင်တာပဲ ... ဒါမှ သူ့ပြိုင်ဘက်က ကြောက်လန့်သွားလိမ့်မယ် ... ။ ”

စုရီက ရှင်းပြလိုက်ပြီး ကျိယွမ်ထံသို့ လှည့်ကြည့်လိုက်သည်။ ကျိယွမ်တစ်ယောက် ပြန်လည်ငြင်းဆိုခြင်းမရှိဘဲ၊

“ တကယ်‌တော့ ... လောကကြီးမှာ မင်းကိုအကောင်းဆုံး နားလည်နိုင်တဲ့သူက မင်းရဲ့ရန်သူပဲဆိုတာ တကယ်ပါပဲ။ ”

-ဟု ရေရွတ်လိုက်၏။ ထို့နောက် ချက်ချင်းပြုံးရယ်ကာ၊

“ ဘာပဲဖြစ်ဖြစ် ... ဒီနေ့တော့ မင်းပြန်ဝင်စားနိုင်တာကို ငါသက်သေပြုနိုင်ပြီ ပေးဆပ်ရတာ ထိုက်တန်ပါတယ် ... ။ ”

-ဟု ဆိုလျက် သူ့ပုံပန်းသဏ္ဌာန်သည် တဖြည်းဖြည်းမှေးမှိန်သွားပြီး နောက်ဆုံးတွင် မှုန်ဝါးပျောက်ကွယ်သွားတော့သည်။

သူ့တပည့်ဆိုသူ၏ အသက်နှင့် သေဆုံးခြင်းကို ဂရုစိုက်ပုံမပြချေ။ ထို့ကြောင့် စုရီမှ ချက်ချင်းလက်ဝှေ့ယမ်းလိုက်သည်။

“ ဝှစ် ... ။ ”

သူ့လက်ထဲမှ သစ်နက်ဓားသည် လေဟာနယ်အတွင်းခွဲဝင်လျက် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။

***

All Chapters