← Chapters

အခန်း (၁၆၃)

Vol. 17 Ch. 163

အခန်း (၁၆၃)

Vol. 17 Ch. 163

အခြားတစ်ဖက်တွင်မူ လုံယီသည် သူငှားရမ်းထားသော အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ရာ ခေါင်းအုံးကို တင်းကျပ်စွာ ဖက်ထားသော ထျန်းစူးရှီကို တွေ့လိုက်ရသည်။ သူမသည် စောင်ကို ခြေထောက်များဖြင့် အားကိုးတကြီး ရစ်ပတ်ထားပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ရီနေ၏။ အပြင်သို့ ပေါ်ထွက်နေသော သူမ၏ နုနယ်သည့် အသားအရေမှာလည်း ပန်းနုရောင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။

“သခင်မလေး... သခင်မလေး ဘာဖြစ်တာလဲဟင်”

အပြစ်ကင်းစင်သော အစေခံမလေး ရှောင်ချန်းသည် သူမ၏ သခင်မလေးထံ၌ မည်သို့သော အခြေအနေမျိုး ဆိုက်ရောက်နေသည်ကို မသိရှိသဖြင့် လုံယီအား စိုးရိမ်တကြီး မေးမြန်းရှာသည်။

“သူမက ရှားပါးတဲ့ အဆိပ်တစ်မျိုး မိထားတာပဲ”

လုံယီက တည်ကြည်လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“အို... ဒါဆိုရင် ဘာလို့ ဆရာဝန် သွားမခေါ်တာလဲ”

လုံယီက ဂရုမစိုက်ဘဲ ပစ်ထားသည်ဟု ထင်မှတ်ကာ ရှောင်ချန်းက အနည်းငယ် စိတ်တိုသွားမိသည်။

“မဟုတ်ဘူး... သာမန်ဆရာဝန်တွေက ဒီအဆိပ်ကို မကုနိုင်ဘူး”

လုံယီက ခေါင်းယမ်းလိုက်ပြီး “ငါတစ်ယောက်တည်းပဲ ဒီအဆိပ်ကို ကုနိုင်မယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့ မူလချီစွမ်းအင်တွေကို အများကြီး ကုန်ဆုံးစေလိမ့်မယ်” ဟု ပြောလိုက်သည်။

“ဒါပေမဲ့ သူမကို ဒီအတိုင်း သေခိုင်းထားလို့ မဖြစ်ဘူးလေ မဟုတ်ဘူးလား”

ရှောင်ချန်းက ပျာပျာသလဲ ပြောရှာသည်။

“သခင်မလေးက ရှင်အပေါ်မှာ အများကြီး ကောင်းခဲ့တာပဲဟာ...”

“ကောင်းပြီ... ငါဘာလုပ်ရမလဲဆိုတာ သိပါတယ်။ မင်း အပြင်မှာ ခဏသွားစောင့်နေပေး။ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့”

လုံယီက ညွှန်ကြားလိုက်သည်။

ဒီလို ဝေးလံသီခေါင်တဲ့နေရာမျိုးမှာ ဘယ်သူမှ ငါတို့ကို လာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။

သူ၏ စိတ်ထဲမှ ထပ်လောင်း တွေးတောနေမိသည်။

“ရှင် တကယ်ပဲ ကူညီမှာလား”

ရှောင်ချန်းမှာ ဝမ်းသာသွားပြီး “သခင်မလေး ရှင်အပေါ်မှာ ထားတဲ့ ယုံကြည်ချက်က တကယ်ကို မှန်ကန်တာပဲ” ဟု ပြောလိုက်သည်။

“ဗုဒ္ဓက မိန့်ကြားခဲ့ဖူးတယ်... ငါသာ ငရဲကို မဆင်းရင် ဘယ်သူ ဆင်းမှာလဲတဲ့”

လုံယီက သက်ပြင်းချရင်း ပြောလိုက်သည်။

သူသည် ရှောင်ချန်းကို အပြင်သို့ တွန်းထုတ်ကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ခုတင်ရှိရာသို့ ပြန်လှည့်လိုက်ချိန်တွင် မှင်တက်သွားမိသည်။ ထျန်းစူးရှီသည်လည်း သူ့ကို ပြန်လည်ကြည့်နေပြီး သူမ၏ မျက်ဝန်းများမှာ ဝေဝေဝါးဝါး ဖြစ်နေသော်လည်း အသိစိတ် အနည်းငယ် ရှိနေသေးပုံရသည်။ ထိုအသိစိတ်ကလေးထဲတွင် သူ၏ အချိန်ဆွဲနေမှုအပေါ် အပြစ်တင်လိုဟန် အနည်းငယ် ပါဝင်နေ၏။

“တောက် ဖြစ်ချင်ရာဖြစ်ကွာ”

လုံယီသည် ဟန်ဆောင်မှုများကို ဘေးဖယ်ထားလိုက်ပြီး ရှေ့သို့ တိုးဝင်လိုက်တော့သည်။ သူသည် အိမ်ထောင်မပြုလိုသော်လည်း လူပျိုကြီးဘဝဖြင့် တစ်သက်လုံး နေသွားရန်လည်း အစီအစဉ်မရှိချေ။

မကြာမီမှာပင် ဖော်ပြရန် ခက်ခဲသော အသံများမှာ အခန်းအတွင်း၌ ပြည့်နှက်သွားတော့သည်။ အပြင်ဘက်တွင်ရှိနေသော ရှောင်ချန်းသည် ထိုအသံများကို ကြားလိုက်ရသည့်အခါ အရာအားလုံးကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

“လူလိမ်... ရှင် ကျွန်မကို လိမ်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ”

ရှောင်ချန်း၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး တံတွေးတစ်ချက် ထွေးလိုက်မိတော့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုမူ မည်သူမျှ မသိရှိနိုင်တော့ချေ။

အခန်းအတွင်းမှ အသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက် ပုံမှန်စကားပြောသံများဖြင့် အစားထိုးဝင်ရောက်လာသည်။

“ဒီလိုဖြစ်ပြီးမှတော့... ငါ တခြားသူတွေကို ဘယ်လိုမျက်နှာပြရတော့မှာလဲ”

“ဒီကိစ္စကို ကောင်းကင်နဲ့မြေကြီး၊ မင်းနဲ့ငါ၊ ပြီးတော့ ရှောင်ချန်း... တို့ပဲ သိတာပါ။ သူမသာ နှုတ်လုံမယ်ဆိုရင် ဘယ်သူသိနိုင်မှာလဲ”

“ရှင်က ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေတော့မှာလား”

ထိုနူးညံ့ချိုသာသော အမျိုးသမီးအသံတွင် ကြီးမားသောဖြစ်ရပ်တစ်ခုအပြီး သိသာထင်ရှားသည့် စိတ်ကောက်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။

“အဲဒီလို မဟုတ်ပါဘူး။ ငါ့နှလုံးသားထဲမှာ အမြဲတမ်း သိမ်းဆည်းထားမှာပါ။ ထာဝရအမှတ်ရနေမှာပါ”

ကြည်လင်သော အမျိုးသားအသံက ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက်တွင်မူ အဝတ်အစားများ ပြန်လည်ဝတ်ဆင်နေသည့် တရှဲရှဲအသံများ ထွက်ပေါ်လာသည်။

လုံယီသည် အခန်းအတွင်းမှ လန်းဆန်းတက်ကြွသော အသွင်ဖြင့် ထွက်လာပြီး ထူးထူးခြားခြား သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။ ရှက်သွေးဖြာနေသော ရှောင်ချန်းကို တစ်ချက်

ကြည့်ကာ သူက ပြုံးလျက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့တော့ မင်းတို့သခင်မလေးရဲ့ အဆိပ်ကို ငါကုသပေးလိုက်ပြီ”

“လူယုတ်မာ”

ရှောင်ချန်းက မချိတင်ကဲ ဆဲဆိုလိုက်မိသည်။

“ကယ်တင်ရှင်ကို ဒီလိုပဲ ဆက်ဆံတာလား။ အင်း... ဒီခေတ်ကြီးမှာ လူတွေက တကယ့်ကို အသည်းနှလုံးမရှိကြတော့ဘူးပဲ”

လုံယီက သက်ပြင်းချကာ ညည်းတွားလိုက်သည်။

သူသည် ပေါ့ပါးသော ကိုယ်ဟန်ကျင့်စဉ်ကို အသုံးပြုကာ ထိုပြဿနာများရှိရာ နေရာမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။ သူပြန်လည် ပေါ်ထွက်လာသည့်အခါတွင်မူ ယစ်မူးရနံ့မျှော်စင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထျန်းစူးရှီက သူမ၏ ကိုယ်ရံတော် သံမဏ်သခင်မမှာ ထိုနေရာ၌ ပိတ်မိနေကြောင်း ခုတင်ပေါ်တွင် သူ့အား ပြောပြခဲ့ခြင်း ဖြစ်သည်။ လုံယီသည် အစေခံတစ်ဦးကို ဖမ်းဆီးကာ သံမဏ်သခင်မ ရှိရာနေရာကို အလွယ်တကူ မေးမြန်းပြီး သူမကို ကယ်ထုတ်ပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သံမဏ်သခင်မမှာ ပြင်ပဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။ ယစ်မူးရနံ့မျှော်စင်သည် စူးမိသားစုကို ရန်မစရဲသဖြင့် သူမအပေါ် အလွန်အကျွံ ပြုမူခြင်း မရှိခဲ့ချေ။

ကျောက်စိမ်းပညာရှိဆောင်ဝန်းကျင်ရှိ လမ်းမများပေါ်တွင်မူ ထိုအချိန်တွင် အဆောက်အဦးတစ်ခု၏ အပြင်ဘက်၌ လူအုပ်ကြီး စုဝေးနေကြပြီး တစ်နေရာကို လက်ညှိုးထိုးကာ ဝိုင်းဝန်းပြောဆိုနေကြသည်။ ထိုနေရာမှ ကမ္ဘာပျက်မတတ် စူးရှသောအော်ဟစ်သံများမှာ အရှိန်လျော့သွားသည့် အရိပ်အယောင်မရှိဘဲ ထွက်ပေါ်နေဆဲပင်။

“အား... အား... အား”

“လွှတ်ပါ... အား”

“တောက် ဒီနေ့တော့ မင်းငါ့ကို အရှုံးပေးအောင် လုပ်ပြမယ်”

ကွဲပြားခြားနားသော အမျိုးသားအသံနှစ်ခု တစ်ခုမှာ ကြမ်းတမ်းပြီး အခြားတစ်ခုမှာ စူးရှနေကာ အဝေးသို့ ပဲ့တင်ထပ်နေသည်။ ထိုအသံများက အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ ဖော်ပြနေပေတော့သည်။

ဘေးပတ်ဝန်းကျင်မှ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး အားလုံး၌ ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

ပညာရှိဦးထုပ် ဆောင်းထားသော အဘိုးအိုတစ်ဦးမှာမူ အလွန်အမင်း စိတ်ပျက်အားလျော့ကာ ဒေါသထွက်နေပုံရ၏။

“လောကနီတိတွေ ပျက်စီးကုန်ပြီ။ လူတွေမှာ အသိတရား မရှိကြတော့ဘူး”

“ယောက်ျားအချင်းချင်း ဒီလိုလုပ်တာဟာ လူ့ကျင့်ဝတ်နဲ့ လုံးဝကို ဆန့်ကျင်နေတာပဲ”

“ဒါဟာ တကယ့်ကို အရှက်သိက္ခာမဲ့တဲ့ ကိစ္စပဲ အရှက်မဲ့လိုက်တာ”

ထိုစဉ် လူအုပ်ထဲမှ တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“လူအများတို့... အထဲမှာ ဖြစ်ပျက်နေတဲ့သူ နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ သိကြရဲ့လား”

“ဘယ်သူတွေလဲဗျ”

လူအုပ်ကြီးမှာ သဘာဝကျစွာပင် စူးစမ်းချင်စိတ် ပြင်းပြသွားကြသည်။

“အပေါ်ကနေ တိုက်စစ်ဆင်နေတဲ့သူက ရှုမိသားစုရဲ့ အစေခံ ရှုရှန်ကျန်းပဲ။ ခံနေရတဲ့သူကတော့ ရှုမိသားစုရဲ့ သားကြီး ရှုဟောင်ယင်းပေါ့ဗျာ”

“ဘာ...”

အထဲတွင်ရှိနေသူ နှစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသည့်အခါ လူအုပ်ကြီးမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။ ထိုင်မြို့သား ဖြစ်နေသရွေ့ ရှုမိသားစု၏ ဂုဏ်သတင်းနှင့် အရှိန်အဝါကို မည်သူက မသိဘဲ နေမှာလဲ။

ရှုမိသားစု အကြီးအကဲဟောင်း၏ ဝိညာဉ်ဖျက်ဓားမှာ သိုင်းလောကတွင် ကျော်ကြားလှသည်။ မြို့၏ နံပါတ်တစ် မိသားစုဆိုသော ဂုဏ်သတင်းမှာ လူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူ၏ မျိုးဆက်၊ ရှုမိသားစု၏ တိုက်ရိုက်အမွေခံ သားကြီးကိုယ်တိုင်က ယခုကဲ့သို့ အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်ကို ကျူးလွန်လိမ့်မည်ဟု မည်သူက ထင်ထားမှာလဲ။

ဘေးမှ ကြည့်နေသူများမှာ မယုံနိုင်စရာ ဖြစ်နေကြသော်လည်း တစ်ဖက်တွင်မူ ထူးဆန်းစွာပင် စိတ်လှုပ်ရှားနေကြသည်။ မကြာမီမှာပင် ဤသတင်းမှာ ရှုမိသားစုထံသို့ ရောက်ရှိသွားတော့သည်။

“ဘယ်သူကများ ငါတို့ ရှုမိသားစုရဲ့ သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဝံ့တာလဲ”

ရှုမိသားစု အရှင်သခင်မှာ အကြီးအကျယ် ဒေါသထွက်သွားတော့သည်။

သူ၏ အမိန့်အရ ကျော်ကြားသော ဓားသမားများဖြစ်သည့် အရိပ်ဓားနှင့် ဧကရာဇ်ဓားတို့ ဦးဆောင်သောအဖွဲ့သည် ရှုမိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန်အတွက် ကျောက်စိမ်းပညာရှိဆောင်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့သည်။

ဒုန်း…

အသံများ ထွက်ပေါ်နေသော အခန်းတံခါးကို သူတို့ ကန်ဖွင့်လိုက်သည့်အခါ မဖွယ်မရာ မြင်ကွင်းမှာ သူတို့၏ ရှေ့မှောက်တွင် ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။

“မင်းတို့ ဘာလာလုပ်တာလဲ”

ရှုရှန်ကျန်းမှာ ကိုယ်လုံးတီးဖြင့် ရှိနေပြီး အနှောင့်အယှက် ပေးခံရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည်လည်း စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိသူ တစ်ဦးဖြစ်သဖြင့် ကျော်ကြားသော ဓားသမားနှစ်ဦးကိုပင် ကြောက်ရွံ့ခြင်း မရှိချေ။

“တစ်ယောက်ယောက်က မင်း ငါတို့ရဲ့ သားကြီးကို စော်ကားနေတယ်လို့ ပြောကြတယ်”

“အဓိပ္ပာယ်မရှိတာ ကြည့်စမ်း... ဒီလူက သားကြီးနဲ့ တူလို့လား”

ရှုရှန်ကျန်းက ခုတင်ပေါ်တွင် ကာမဂုဏ်အရှိန်ကြောင့် မျက်ဖြူလန်နေသော အမျိုးသားကို လက်ညွှန်ပြလိုက်သည်။

ထိုအမျိုးသားမှာ ညည်းတွားရင်း “ကယ်... ကယ်ကြပါဦး...” ဟု အားအင်ချိနဲ့စွာ ပြောရှာသည်။

“နေဦး... အဲဒါ သားကြီးရဲ့ အသံနဲ့ တူနေသလားလို့”

ဧကရာဇ်ဓားက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသည်နှင့် အရိပ်ဓား၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။ သူသည် ထိုအမျိုးသား၏ ဘေးသို့ အပြေးအလွှား သွားလိုက်ပြီး တစ်ဖက်လူ၏ မျက်နှာကို လက်ဖြင့် ဆွဲခွာလိုက်တော့သည်။

ရှု...

အခန်းအတွင်းရှိ လူအားလုံးမှာ ထိတ်လန့်တကြား အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။ မျက်နှာဖုံးအောက်တွင် ပေါ်လာသည်မှာ နုနယ်သော်လည်း ရင်းနှီးနေကာ ရှက်သွေးဖြာနေသည့် ရှုဟောင်ယင်း၏ မျက်နှာပင်။

ဝုန်း…

ရှုရှန်ကျန်းသည် ဘာစကားမှ ထပ်မပြောတော့ဘဲ သစ်သားပြတင်းပေါက်ကို မှောက်လျက်သား ဝင်တိုက်ကာ အပြင်ဘက်သို့ အသည်းအသန် ထွက်ပြေးလေတော့သည်။

“သစ္စာဖောက် အစေခံ သခင်လေးအပေါ် ဒီလောက်အထိ ယုတ်မာရဲသလား”

ဧကရာဇ်ဓားမှာ ဒေါသအလွန်ထွက်သွားပြီး သူ၏ ရွှေရောင်ဓားကို ဆွဲထုတ်ကာ ရှုရှန်ကျန်းနောက်သို့ လိုက်လံသတ်ဖြတ်ရန် ပြေးထွက်သွားတော့သည်။

လောကတွင် ဖုံးကွယ်၍မရသော အရာဟူသည် မရှိချေ။ မကြာမီမှာပင် ကျောက်စိမ်းပညာရှိဆောင်မှ ဖြစ်ရပ်ဆိုးမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။ အသေးစိတ် ကျကျနန ဖော်ပြထားသော ပုံစံအမျိုးမျိုးဖြင့် ကောလာဟလများမှာ ဆယ်ခုမက ထွက်ပေါ်လာသည်။

ရှုမိသားစုသည် တစ်မြို့လုံးရှိ လူအင်အားကို အသုံးပြုကာ အစေခံ ရှုရှန်ကျန်းကို လိုက်လံဖမ်းဆီးတော့သည်။ တစ်ဖက်တွင်မူ သားကြီးဖြစ်သူ ရှုဟောင်ယင်းမှာ လူရယ်စရာ ဖြစ်ရုံသာမက မိသားစု၏ အရှက်တကွဲ အကျိုးနည်း အဖြစ်ဆုံး ပုဂ္ဂိုလ် ဖြစ်သွားခဲ့သည်။

...

ထိုအချိန်တွင် သားရဲတစ်ရာတောင်တန်းအတွင်း၌

ဝုန်း...

ဝုန်း...

မြေကမ္ဘာ တစ်ခုလုံး တုန်ဟီးသွားမတတ် အသံများမှာ ဆက်တိုက် ထွက်ပေါ်နေသည်။ ကျား၊ သစ်၊ ဝံပုလွေ၊ သမင်၊ တောဝက်၊ လင်းယုန်၊ တောငန်း... စသည့် အမျိုးမျိုးသော သားရဲတိရစ္ဆာန်များနှင့် ငှက်ရဲများသည် တောင်တန်းကြီးအတွင်းမှ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြသည်။

မြင့်မားသော နေရာမှ ကြည့်မည်ဆိုလျှင် တောင်တန်း၏ အတွင်းပိုင်းမှ မှောင်မည်းနေသော အစုအဝေးကြီးမှာ ဝမ်ကျန်းခရိုင်ရှိ မြို့အသီးသီးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဝမ်ကျန်းခရိုင်အတွင်းရှိ အဓိက မြို့ကြီးငါးမြို့ဖြစ်သော ထိုင်မြို့၊ ယန်မြို့၊ ကျန်းမြို့၊ လျန်မြို့နှင့် စုမြို့တို့မှာ သားရဲတစ်ရာတောင်တန်းနှင့် ထိစပ်နေကြသည်။

ထိုအထဲတွင် ကျန်းမြို့မှာ တောင်တန်းနှင့် အထိစပ်ဆုံး ဧရိယာ ရှိနေသဖြင့် တောင်ပေါ်မှ ဆင်းလာသော သားရဲအများစုမှာ ကျန်းမြို့ဆီသို့ ဦးတည်နေကြတော့သည်။

All Chapters