← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

ကျန်ရှိနေသော ကျားတစ်ကောင်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးခင်မှာပင် ရှူး... ဟူသော အသံနှင့်အတူ ၎င်း၏ နောက်ခြေထောက်ကို တစ်စုံတစ်ခုက မှန်သွားသဖြင့် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားတော့သည်။

ထိုအခါမှသာ ကျား၏ခြေထောက်ကို ချိုးပစ်လိုက်သောအရာမှာ သာမန် ကျောက်ခဲ တစ်လုံးသာ ဖြစ်ကြောင်း လူတိုင်း သတိထားမိလိုက်ကြသည်။

“ဒါက... ဖြစ်နိုင်မလား...”

ရင်ဘတ်တွင် ကျားတက်တူးရှိသော ရှီကျန်း ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ သူသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေလိုက်၏။

ကျားအုပ်ကြီး၏ အလယ်တွင် ဝတ်ရုံနက်ဝတ်ထားသော လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဧရာမကျားကြီးများနှင့် နှိုင်းယှဉ်လျှင် ထိုသူမှာ အလွန်သေးငယ်နေပုံရ၏။ သို့သော် ကျားများသည် ထိုသူကို မြင်သည်နှင့် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး အငြိမ်မနေနိုင်ဘဲ ဟိန်းဟောက်ရင်း နောက်သို့ ဆုတ်သွားကြသည်။

ထိုသူက ငွေရောင်ပုဆိန်ကို မြှောက်လိုက်ပြီးနောက် ရှု... ရှု... ဟူသော အသံနှင့်အတူ အရိပ်

အချို့ ဖြတ်သန်းသွားရာ ကျားများမှာ ဖရဲသီး၊ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်လိုက်သကဲ့သို့ပင် နေရာ၌တင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။ ထိုသူ၏ လှုပ်ရှားမှုကို ဘေးမှကြည့်နေသူ မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

“သူဌေးကြီး... မတွေ့တာ ကြာပြီနော်”

အသံမှာ နားထဲမှ မပျောက်သေးမီမှာပင် ထိုသူမှာ လူတိုင်း၏ အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အာယီ”

သူဌေးကြီးကျားမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

...

ကျားမိသားစုစံအိမ်ရှိ အခန်းတစ်ခုအတွင်း၌ ကြမ်းပြင်ပေါ်တွင် ရွှေရောင်ကော်ဇော ခင်းထားပြီး အနီရောင်ဆေးသုတ်ထားသော တိုင်လုံးကြီးများက ခန့်ညားစွာ ရှိနေသည်။ နံရံတွင် တောင်တန်းရှုခင်းကား တစ်ချပ်ကို ချိတ်ဆွဲထားပြီး ကြေးနံ့သာတိုင်ခွက်မှ အဖြူရောင် မီးခိုးငွေ့လေးများ လွင့်ပျံ့နေ၏။ ခရမ်းရောင် စန္ဒကူးနီ စားပွဲပေါ်၌ လက်ရာမြောက်သော လက်ဖက်ရည်ခွက်ကလေးကို ကြမ်းတမ်းသော လက်တစ်ဖက်က ကျွမ်းကျင်စွာ ငှဲ့ယူလိုက်ပြီး တစ်ဖက်တွင် ထိုင်နေသော လူငယ်လေးအား ကမ်းပေးလိုက်သည်။

“အာယီ... မင်း ဘယ်လိုဖြစ်လို့ ဒီကို ပြန်လာနိုင်တာလဲ မင်းသတင်း မကြားရတာ တော်တော်တောင် ကြာပြီ”

သူဌေးကြီးကျားက မေးသည်။

“မင်း အခုထိ နေဝင်တောင်မှာပဲ နေနေတာလား”

ထောင်တွင်း ဆူပူမှု၊ အကျဉ်းသားများ ထောင်ဖောက်ထွက်မှုနှင့် နေဝင်တောင် သခင်က စစ်ဆေးရေးမှူး ချောင်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စများမှာ ဆင်းရှန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သဖြင့် သူဌေးကြီးကျားလည်း သေချာပေါက် သိရှိထားခြင်းပက်။

“နေဝင်တောင်က ကြာကြာနေလို့ရတဲ့ နေရာမဟုတ်ပါဘူး”

လုံယီက ပြုံးလျက် ခေါင်းယမ်းကာ “ကျွန်တော် မြို့ထဲက သိုင်းသင်တန်းကျောင်းတစ်ခုမှာ စောစောစီးစီး ဝင်ခဲ့ပြီး အဆင့်မြင့်ပညာတွေကို သင်ယူခဲ့ပါတယ်” ဟု ပြောလိုက်သည်။

“အို...”

သူဌေးကြီးကျားက နားထောင်ပြီးနောက် လုံယီကို အထူးအဆန်းသဖွယ် အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။

“မင်း... မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားပြီလား”

“မကြာခင်ကမှ အဆင့်တက်ခဲ့တာပါဗျာ”

လုံယီသည် တစ်ဖက်လူ ထိတ်လန့်သွားမည်စိုးသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်အမှန်ကို ဖုံးကွယ်ထားသော်လည်း သူဌေးကြီးကျားမှာမူ အတော်လေး တုန်လှုပ်နေပြီဖြစ်သည်။

သူ၏ တစ်သက်တာ ဆန္ဒမှာ ကျားမိသားစုကို ကျေးလက်သူဌေးအဆင့်မှ ကျော်လွန်စေရန်ဖြစ်သည်။ မိသားစုအတွင်းမှ သိုင်းပညာရှင်အဆင့်သို့ ချိုးဖောက်ရောက်ရှိသူ တစ်ဦး ထွက်ပေါ်လာရေးမှာ ကျားမိသားစု မျိုးဆက်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သည့် ရည်မှန်းချက်ဖြစ်သော်လည်း ယနေ့တိုင် မအောင်မြင်ခဲ့ချေ။ ယခုမူ သူကိုယ်တိုင် ငှားရမ်းခဲ့ဖူးသည့် အစောင့်တစ်ဦးက ဤအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လုံယီက သူလာရင်းရည်ရွယ်ချက်ကို ဖွင့်ဟလိုက်သည်။

“အခု သားရဲလှိုင်းတွေက အရမ်းကြမ်းနေပြီး ဆင်းရှန်းဆီကို ဘယ်အချိန်မဆို ရောက်လာနိုင်တယ်။ မြို့ထဲကို ပြောင်းတာကမှ အတော်လေး ဘေးကင်းလိမ့်မယ်။ ကျွန်တော့်မှာ မြို့ထဲဝင်ဖို့ အခွင့်အရေး အနည်းငယ် ရှိထားတယ်။ ဦးလေးတို့ သားရဲဘေးကနေ ရှောင်ဖို့ မြို့ထဲကို ပြောင်းဖို့ စဉ်းစားမလား”

သူဌေးကြီးကျားသည် နားထောင်ပြီးနောက် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

“အာယီ... မင်းရဲ့ စေတနာကို ဦးလေး လက်ခံပါတယ်။ ဒါပေမဲ့ ကျားမိသားစုရဲ့ ရာစုနှစ်ချီတဲ့ အခြေခံအုတ်မြစ်ကြီးတွေကို ဦးလေး စွန့်ခွာသွားမယ်ဆိုရင် ဒါတွေ အကုန်လုံး ပျက်စီးသွားမှာပဲ...”

သူတို့နှစ်ဦး အတော်ကြာအောင် ဆွေးနွေးခဲ့ကြသော်လည်း သူဌေးကြီးကျားမှာ စံအိမ်ကို မစွန့်နိုင်သဖြင့် လုံယီမှာ နှမြောတသစွာဖြင့်ပင် နှုတ်ဆက်ကာ ထရပ်လိုက်တော့သည်။ သို့သော်လည်း သူသည် ချွေယွမ် နှင့် ရှီကျန်း တို့အတွက် အကြံပြုထောက်ခံစာ အချို့ကို ချန်ထားပေးခဲ့သည်။ ယခင်က ချီဟုက လူအင်အားဖြင့် လုံယီကို ပိတ်ဆို့တားဆီးစဉ်က ထိုနှစ်ဦးမှာ လုံယီဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့ကြသူများပင်။

ကျားမိသားစုစံအိမ်မှ ထွက်လာပြီးနောက် လုံယီသည် စုဝေးရိပ်သာလက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့သည်။ အဘိုးအိုယန်၊ ဆိုင်ဝန်ထမ်း ဝမ်ခန်း၊ သော့ပြင်သမား လျိုစစ်နှင့် အခြားသူများသည် တစ်ချိန်က အကျဉ်းသားများကို ကယ်တင်ရန် အသက်ဘေးကို ဂရုမစိုက်ဘဲ ကူညီခဲ့ကြသူများ ဖြစ်သည်။ ယခု ဘေးဒုက္ခ ဆိုက်ရောက်လာချိန်တွင် သူတို့အား ပစ်မထားနိုင်ပေ။

ကံဆိုးစွာပင် လက်ဖက်ရည်ဆိုင် တံခါးများမှာ တင်းကျပ်စွာ ပိတ်ထားသည်။ ဆိုင်ရှေ့ လှေကားထစ်များတွင် ဖုန်များ ထူထပ်စွာ တင်နေပြီး အဘိုးအိုယန်နှင့် အခြားသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ လုံယီက အနီးအနားရှိ အိမ်နီးချင်းအချို့ကို မေးမြန်းကြည့်ရာ အဘိုးအိုယန်သည် လွန်ခဲ့သော လအနည်းငယ်ကပင် နယ်မြေအသစ် ရှာဖွေရန်အတွက် အဖွဲ့တစ်ခုနှင့်အတူ ထိုင်မြို့နယ်နိမိတ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် လုံယီ၏ ခရီးစဉ်မှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။

လုံယီသည် စိတ်ဓာတ်မကျဘဲ နောက်တစ်နေရာသို့ ဆက်သွားခဲ့သည်။

အနောက်တံတားရွာရှိ ဟောင်းနွမ်းနေသော မြေအိမ်လေးတစ်လုံး၏ တံခါးဝတွင် အမြီးမပါသော ခွေးဝါလေးတစ်ကောင်ကို ချည်ထားသည်။

“ဝေါင်း ဝေါင်း ဝေါင်း”

ခွေးဝါလေးက တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်ရုံနှင့် စိတ်လှုပ်ရှားစွာ ဟောင်တော့သည်။

“မင်းကလည်း ဘာကို ဒီလောက်ဟောင်နေတာလဲ နေ့တိုင်းဟောင်နေတာပဲ”

လူတစ်ဦးက စိတ်မရှည်စွာဖြင့် အိမ်ထဲမှ ထွက်လာသည်။

သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး အပေါ်ပိုင်း ဗလာကျင်းထားကာ လက်မောင်းနှစ်ဖက်စလုံးတွင် မြွေတက်တူးများ ရှိနေသည်။ သူဝတ်ထားသော ဘောင်းဘီမှာလည်း အပေါက်များစွာနှင့်။ သို့သော် ယခုအခါ သူသည် တောင်ဝှေးတစ်ချောင်းကို အားပြုကာ တုန်တုန်ချိချိဖြင့် လမ်းကို ခွတုတ်ခွတုတ် လျှောက်နေရရှာသည်။

မော့ကြည့်လိုက်သည့်အခါ သူသည် ရောက်လာသူကို မြင်ပြီး မှင်တက်သွားတော့၏။

“အစ်ကို... အစ်ကို တောင်ပေါ်က ဆင်းလာတာလား”

လုံယီက ရယ်မောလိုက်ပြီး “ငါ့ကို တောင်ပေါ်မှာပဲ ရှိနေတယ်လို့ ဘယ်သူပြောလဲ။ ငါက အဲဒီမှာ တစ်သက်လုံး နေမှာမှ မဟုတ်တာ။ မင်းခြေထောက်က ဘာဖြစ်တာလဲ”

“အာ... မပြောပါနဲ့တော့ အစ်ကိုရာ။ တစ်ရက်က မူးပြီး ကုန်းစောင်းပေါ်ကနေ လိမ့်ကျသွားလို့ပါ”

“အထဲကြွပါဦး လက်ဖက်ရည် သောက်ပါဦး”

တက်တူးနှင့် လူမှာ လူမိုက် ဝူဗျောင်ပင်။ သူသည် လုံယီကို အိမ်ထဲသို့ အလောတကြီး ဖိတ်ခေါ်လိုက်သည်။

အိမ်ထဲတွင်မူ အပြင်ဘက်ထက်ပင် ပိုမိုဆိုးရွားနေသည်။ ပျက်စီးနေသော ကောက်ရိုးဖိနပ်များ၊ တုတ်များ၊ ဓားမများ၊ ဆန်ပုံးများ၊ လျှော်ကြိုးများ စသည့် ပစ္စည်းများမှာ စနစ်တကျမရှိဘဲ ပုံပန်းပျက်စွာ စုပုံနေသည်။ ချွေးနံ့၊ အဝတ်အစားများမှ မှိုနံ့နှင့် စားကြွင်းစားကျန်နံ့များက နှာခေါင်းထဲသို့ တိုးဝင်လာရာ တကယ့်ကို စက်ဆုပ်ဖွယ် အခြေအနေပင်။

ဝူဗျောင်သည် ခဏမျှ ရှာဖွေကြည့်ပြီးနောက် ပန်းကန်များမှာ ဆေးကြောမထားသည်ကို တွေ့သွားရာ လုံယီကို ကြည့်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“ကျွန်တော် အရင်ဆုံး ရေချိုးလိုက်ပါဦးမယ်”

လုံယီသည် လက်ဖက်ရည်သောက်ရန် တကယ်လာခဲ့ခြင်း မဟုတ်ပေ။ သူက မျက်မှောင်ကြုတ်လျက် “မင်းအိမ်ကို သေချာရှင်းလင်းဖို့ လိုနေပြီ။ ဒါက လူနေဖို့တောင် မသင့်တော့ဘူး” ဟု ပြောလိုက်သည်။

“အစ်ကိုပြောတာ မှန်ပါတယ်”

ဝူဗျောင်က ခေါင်းကို တတွဲတွဲ ညိတ်လိုက်သည်။

“ငါ အခုလာတာက မင်း မြို့မကြီးကို လိုက်ချင်သလားလို့ မေးမလို့။ သားရဲလှိုင်းက တဖြည်းဖြည်း နီးလာပြီ။ ဒီနေရာက မကြာခင်မှာ အန္တရာယ်ရှိလာတော့မယ်”

“လိုက်ချင်တာပေါ့ အစ်ကိုရာ လိုက်ချင်တာပေါ့”

ဝူဗျောင်က အငမ်းမရ ခေါင်းညိတ်တော့သည်။

ထို့နောက်တွင်မူ ထိုလူသန်ကြီးမှာ အမှန်တကယ်ပင် ငိုကြွေးလေတော့သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုရာ... ကျွန်တော့်ကို အခုထိ သတိရပေးနေလို့ ကျေးဇူးတင်ပါတယ်”

“ဟူး... ဒီရက်ပိုင်းတွေမှာ ကျွန်တော် တကယ့်ကို ဆင်းဆင်းရဲရဲ နေခဲ့ရတာပါ...”

ဝူဗျောင် ပြန်ပြောပြမှသာ လုံယီသည် သူ၏ အဖြစ်အပျက်များကို သိလိုက်ရသည်။ သူ၏ ညီဖြစ်သူမှာ ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သဖြင့် ဝူဗျောင်က တောင်းပန်ကာ ကြားဝင်စေ့စပ်ပေးခဲ့ရသည်။ တစ်ဖက်လူနှင့် သောက်စားပြီး ကိစ္စကို ဖြေရှင်းနိုင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အပြန်

လမ်းတွင် မတ်စောက်သော ကုန်းစောင်းမှ လိမ့်ကျကာ ခြေထောက် ကျိုးသွားခဲ့ခြင်းပင်။

ကြွေးမြီးတောင်းတဲ့ အလုပ်တစ်ခုကို လက်ခံထားပေမဲ့ မတော်တဆမှုကြောင့် အလုပ်မပြီးမြောက်ခဲ့ဘဲ အလုပ်ရှင်ကိုပါ စိတ်ဆိုးအောင် လုပ်မိသွားခဲ့သည်။

သူနဲ့ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ အဖော်ကလည်း သူ့ကို ထားခဲ့ပြီး တခြားတစ်ယောက်

နောက် ပါသွားလေပြီ...

စကားတစ်ခွန်းနဲ့ အနှစ်ချုပ်ရရင်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဘဝက အဆိုးတွေနဲ့ပဲ ပတ်ချာလည်နေခဲ့တာ ဖြစ်သည်။

“မငိုပါနဲ့တော့ ကံဆိုးမှုဆိုတာ ထာဝရ မဟုတ်ပါဘူး။ အခြေအနေတွေ ပြန်ကောင်းလာမှာပါ”

လုံယီက နှစ်သိမ့်လိုက်သည်။

“ကျွန်တော့်ကို ကြည့်ပြီး ရယ်စရာဖြစ်သွားစေမိလို့ တောင်းပန်ပါတယ် အစ်ကိုရာ” လူကောင်ကြီးသလောက် ဝူဗျောင်က သူ၏ မျက်ရည်များကို သုတ်ရင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ပြောရှာသည်။

“ဒါနဲ့ ရန်အာကော ဘယ်မှာလဲ။ အိမ်မှာ မတွေ့မိလို့”

“သူက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မိန်းကလေးချန်းတို့ သားအမိနဲ့အတူ ကျန်းမြို့ဘက်ကို ပြောင်းသွားကြပြီ အစ်ကို”

ဝူဗျောင်က ရှင်းပြသည်။

လုံယီ ခေါင်းညိတ်လိုက်မိသည်။ သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။ ရန်အာသည် သဘာဝအရ လူဆိုးမဟုတ်သည့်အပြင် ကျန်းမာသန်စွမ်းသူဖြစ်ရာ အလုပ်ကြိုးစားမည်ဆိုပါက မည်

သည့်နေရာတွင်မဆို အဆင်ပြေနိုင်မည်ဖြစ်သည်။ မိန်းကလေးချန်းနှင့် ကလေးအတွက်မူ နောင်တစ်ချိန်တွင် ပြန်လည်တွေ့ဆုံနိုင်ရန်သာ သူ မျှော်လင့်နိုင်တော့သည်။

“မြို့မကြီးထဲ ရောက်ရင် ငါ့ဆီလာဖို့ မမေ့နဲ့ဦး ငါကတော့...”

မထွက်ခွာမီ လုံယီသည် သူငှားရမ်းနေထိုင်သည့် လိပ်စာကို ပြောပြခဲ့ပြီး ငွေပေါင်း ဒါဇင်အချို့ကို ပေးအပ်ခဲ့သည်။ ဝူဗျောင်မှာ ခြေထောက် မသန်စွမ်းသဖြင့် သာမန်အလုပ်ကြမ်းများ လုပ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏မိတ်ဆွေများဖြစ်သော လျိုယွမ် နှင့် လူယန် တို့ထံတွင် တစ်ခုခု စီစဉ်ပေးရန် မိတ်ဆက်ပေးလျှင် အဆင်ပြေလိမ့်မည်။

ဝူဗျောင်သည် သူ့အပေါ် အမြဲကူညီခဲ့သူ ဖြစ်သည်။ တစ်ချိန်က ရန်အာနှင့်အတူ အဘိုးအိုယန်ကို သွားရှာကာ ခေါင်းပြတ်မည့်အရေးကိုပင် ဂရုမစိုက်ဘဲ သူ့ကို ကယ်တင်ခဲ့သူလည်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို လုံယီအနေဖြင့် ဘယ်သောအခါမှ ပစ်ပယ်ထားမည်မဟုတ်ပေ။

အနောက်တံတားရွာမှ မြင်းစီးထွက်လာခဲ့ရာ လမ်းတစ်လျှောက်ရှိ မြင်ကွင်းများမှာ တဖြည်းဖြည်း ရင်းနှီးလာတော့သည်။

လေဒဏ်၊ သဲဒဏ်ကြောင့် ပွန်းပဲ့နေသော တံတားဟောင်းကြီး။

မျက်စိတစ်ဆုံး မြင်နေရသော မြက်ရိုင်းများ ဖုံးလွှမ်းနေသည့် သင်္ချိုင်းကုန်းနှင့် ဂူဗိမာန်များ။ ထို့နောက် မီးခိုးငွေ့လေးများ တစ်စတစ်စ ထွက်ပေါ်နေသော မြေအိမ်လေးများ...

အရူးလေး၊ ချန်းချန်း၊ ဒေါ်လေးကု၊ လက်သမားရွှီ၊ မမကောက်၊ မဒမ်ချန်း... စသည့် ရင်းနှီးသော မျက်နှာများစွာက သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာကြသည်။

လုံယီသည် အယ်ဟယ်ရွာနှင့် မီတာ ရာဂဏန်းအကွာရှိ ကုန်းစောင်းလေးတစ်ခုပေါ်တွင် မြင်းကို ခဏရပ်လိုက်သည်။ သာမန်သိုင်းပညာရှင်များထက် သာလွန်သော သူ၏ အမြင်အာရုံကြောင့် ရွာအတွင်း လှုပ်ရှားသွားလာနေသော ရင်းနှီးသည့် လူရိပ်များကို မြင်နေရသည်။

အားလုံးပဲ ကံကောင်းကြပါစေဗျာ။

မြို့တွင်း ဖြတ်သန်းခွင့် လက်မှတ်မှာ အကန့်အသတ်ရှိသဖြင့် လူတိုင်းကို ပေးရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့အပေါ် တင်ရှိခဲ့ဖူးသည့် အကြွေးများကိုလည်း သူ ဆပ်ခဲ့ပြီးသား ဖြစ်သည်။ ထိုအတွေးနှင့်အတူ လုံယီသည် အချိန်မဆွဲတော့ဘဲ ဟျားဟု အော်ကာ မြင်းကို နေဝင်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဒုန်းစိုင်းနှင်လိုက်တော့သည်။

All Chapters