ဝမ်ချီ
Vol. 45 Ch. 675
ဝမ်ကျားသည် သူ့ဦးလေးဖြစ်သူမှာ အလွန်ဟန်ဆောင်ကောင်းသူဟု အမြဲခံစားခဲ့ရသည်။ သူသည် ဝမ်မိသားစု၏ နေ့စဉ်ဝတ်ဆင်ထားသော မျက်နှာဖုံးကို ဆွဲခွာ ဦးလေးဖြစ်သူ၏ စရိုက်အမှန်ကို ကောင်းမင်ရှေ့တွင် ပြသရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အနီးဆုံးအခန်းသို့ လျှောက်သွားပြီး တံခါးဖွင့်ရန် လက်လှမ်းလိုက်သည်။ ထိုစဉ် အဝေးမှ စူးရှသော အလင်းတန်းတစ်ခုက သူ့အပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။
“မလှုပ်နဲ့”
နက်မှောင်နေသော သေနတ်ပြောင်းဝက ဝမ်ကျားကို ချိန်ရွယ်ထားသည်။ စကားပြောလိုက်သူ၏ မျက်နှာအမူအရာသည် အေးစက်နေပြီး မည်သည့်ကာကွယ်ရေးဝတ်စုံမျှ ဝတ်ဆင်ထားခြင်းမရှိပေ။ သူ၏ ကိုယ်အပေါ်ပိုင်းမှာ ဗလာဖြစ်နေပြီး ဖြူဖျော့သော အရေပြားပေါ်တွင် တက်တူးမျိုးစုံ ရေးထိုးထားသည်။ သူ့မျက်တွင်းများက ချိုင့်ဝင်နေကာ မျက်လုံးအိမ်ထဲတွင် သွေးကြောများဖြင့် နီမြန်းနေလေသည်။သူသည် အချိန်အတော်ကြာ အိပ်စက်ထားခြင်း မရှိပုံရသည်။
“အို... ဒါက ငါ့ရဲ့ စာတော်ပြီး လူရည်ချွန်လေးဖြစ်တဲ့ ဒုတိယအစ်ကို မဟုတ်လား၊ မင်းအဖေက မင်းကို အမြဲတမ်းဂုဏ်ယူပြီး ငယ်ငယ်လေးကတည်းက ကြွားဝါနေခဲ့တာလေ... အခုတော့ ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ”
ဝမ်ကျား၏ စကားများမှာ အလွန်ရိုင်းစိုင်းနေသည်။ သူသည် အတိတ်ကတည်းက မကျေနပ်ချက်များစွာကို စုဆောင်းထားခဲ့ပုံရသည်။
“ထွက်သွားစမ်း၊ ဒါ မင်းလာရမယ့်နေရာ မဟုတ်ဘူး”
ထိုလူငယ်က ဝမ်ကျားကို မျက်နှာသာမပေးဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူသည် ဝမ်ကျားကို လုံးဝ မကြောက်ရွံ့ပေ။ အပြင်ပန်းကြည့်လျှင် သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း သေနတ်ကိုင်ထားသော လက်မှာမူ အလွန်တည်ငြိမ်နေ၏။
“ဝမ်ချီ... မင်းသာ မင်းအစ်ကိုရဲ့ တစ်ဝက်လောက် တော်ရင် အခုလို စက်ရုံထဲမှာ ပိတ်လှောင်ခံထားရမှာ မဟုတ်ဘူးနော်”
ဝမ်ကျားက သေနတ်ပြောင်းကို မမြင်သလို ဟန်ဆောင်ကာ ထိုလူငယ်ကို လျစ်လျူရှုလိုက်သည်။ သူက ကောင်းမင်ဘက် လှည့်၍ မိတ်ဆက်ပေးလိုက်သည်။
“ငါ့ဦးလေးမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်၊ သားအကြီးကတော့ မြောက်ပိုင်းဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာနခွဲရဲ့ ကပ္ပတိန်ပေါ့၊ သူက ငါ့ဦးလေးရဲ့ ဟန်ဆောင်မှုကို အပြည့်အဝ အမွေဆက်ခံထားပြီး အိမ်မှာဆို အမြဲတမ်းအမွေဆက်ခံသူ ပုံစံဖမ်းနေတာလေ၊ သားအငယ်ကတော့ အခု မင်းမြင်နေရတဲ့တစ်ယောက်ပဲ၊ အရင်ကတော့ ပါရမီရှင်လို့ အခေါ်ခံရတာပေါ့၊ တကယ်တော့ အဲ့ဒါတွေက သူ့အမေက လုပ်ကြံဖန်တီးပေးထားတဲ့ နာမည်တွေပါကွာ၊ ကပ်ဘေးကြီး ဖြစ်ပြီးတဲ့နောက် သူက အရည်အချင်းမရှိတဲ့ သာမန်လူထက်တောင် နိမ့်ကျသွားခဲ့တယ်လေ”
“ဝမ်ကျား”
သေနတ်ပြောင်းက ပိုမိုမြင့်တက်လာပြီး လူငယ်၏ လက်ချောင်းက မောင်းတံကို ဖိလိုက်သည်။
“ငါ မပစ်ရဲဘူးလို့ ထင်နေတာလား”
“စကားနည်းနည်းနဲ့တင် ဒေါသထွက်သွားတာပဲ၊ တကယ့် ငတုံး”
ဝမ်ကျားက ပြုံးဖြဲဖြဲလုပ်ရင်း ရင်ဘတ်ကို မတ်လိုက်သည်။
“ငါကြားတာတော့ ဦးလေးက ကွေ့ယွမ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာက မင်းလို အသုံးမကျတဲ့ကောင်က အဲ့ဒီသရဲဆီမှာ ဆုတောင်းခဲ့လို့ဆိုပဲ၊ မင်း ဘာဆုတောင်းခဲ့တာလဲဆိုတာ ငါတကယ်သိချင်မိတယ်၊ မင်းမှာ အစားအသောက်၊ အဝတ်အစား ဘာမှမလိုဘဲ ပြည့်စုံနေတာပဲကို... ဒါမှမဟုတ် မင်းရဲ့ဆုတောင်းက ဦးလေးရဲ့ တခြားသားသမီးတွေ သေဆုံးသွားဖို့လား၊ ဒါမှ မင်းက ဦးလေးရဲ့ နေရာကို ဆက်ခံနိုင်မှာ မဟုတ်လား”
“ပါးစပ်ပိတ်ထားစမ်း”
ဝမ်ချီ၏ မျက်လုံးများသည် ရဲရဲနီလာနေသော်လည်း သတိလွတ်မသွားပေ။သူက ဘေးတွင်ရှိနေသော ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်ကို မြင်ဖူးသလိုပဲ... ငါတို့မိသားစု စက်ရုံကို ဘာကိစ္စနဲ့ လာတာလဲ”
“သူ ဒီလိုမေးနေပြီဆိုရင် လူသတ်ချင်စိတ် ပေါက်နေပြီပဲ၊ မင်းတို့သာ သာမန်လူတွေဆိုရင် ဒီည ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ဝမ်ကျားသည် သူ့ဝမ်းကွဲအစ်ကို၏ အကျင့်ကို ကောင်းကောင်းသိသည်။ သူပြောသမျှ စကားတိုင်းက ဝမ်ချီ၏အနာကို ဓားနှင့်ထိုးနေသကဲ့သို့ပင်။
ဖြူဖျော့သော သူ့အရေပြားပေါ်မှ တက်တူးများ စတင်လှုပ်ရှားလာတော့သည်။ ဝမ်ချီ့ခန္ဓာကိုယ်တွင် ထူးဆန်းသည့် အသွင်ပြောင်းလဲမှု ဖြစ်တော့မည့်အချိန်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ပြေးထွက်လာခဲ့သည်။ ထိုအဖွဲ့ကို အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက ဦးဆောင်လာခြင်းဖြစ်သည်။
“'ရေသေဖိုရမ်' တည်ထောင်သူ ရောက်လာတာကို မသိလိုက်လို့ ခရီးဦးကြို မပြုနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော် စားစရာ သောက်စရာတွေ အကုန်ပြင်ဆင်ထားပြီးပါပြီ၊ ဧည့်ခန်းကို သွားပြီး အေးအေးဆေးဆေး စကားပြောကြမလားခင်ဗျာ”
ထိုလူကို ကြည့်ရသည်မှာ သန်မာပုံရသော်လည်း စကားပြောပုံမှာမူ အနည်းငယ် ပျော့ပျောင်းလွန်းနေသည်။ သူ၏ မျက်နှာသွင်ပြင်က အလွန်ထူးဆန်းပြီး ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ထားပုံရသည်။ ထိုလူ ပေါ်လာသည်နှင့် ဝမ်ချီက ဒေါသထွက်နေခြင်းမှ တည်ငြိမ်သွားပြီး တက်တူးများ၏ အသွင်ပြောင်းမှုမှာလည်း ရပ်တန့်သွားသည်။
ဝမ်ကျားက နှမြောတသဖြစ်သွားပြီး ကောင်းမင်ကို မိတ်ဆက်ပေးလိုက်သည်။
“ဦးဆောင်လာတဲ့သူက စက်ရုံမန်နေဂျာရှောင်ချူပဲ ၊ ကပ်ဘေးကြီး မတိုင်ခင်က ဦးလေးရဲ့ အိမ်တော်ထိန်းပေါ့၊ သူက ဦးလေးကို ကယ်ရင်း ဒဏ်ရာတွေ အများကြီးရခဲ့လို့ မျက်နှာပျက်စီးသွားသလို ကလေးလည်း မရနိုင်တော့ဘူးလေ... အောက်ပိုင်းမရှိတဲ့ ကုန်းကုန်းအိုကြီးဖြစ်သွားတာပေါ့၊ ဒီလူက အရမ်းယုတ်မာကောက်ကျစ်တတ်တာနော်၊ စက်ရုံထဲက ကလေးတွေကို သူပဲ ပြန်ပေးဆွဲလာတာလေ၊ ဒါပေမဲ့ သူက ဦးလေးမိသားစုအပေါ်မှာတော့ ခွေးတစ်ကောင်လို အရမ်းသစ္စာရှိလို့ ဝမ်ချီတို့ မောင်နှမတွေက သူ့ကို အရမ်းလေးစားကြတယ်”
ဝမ်ကျား၏ ရိုင်းစိုင်းသော မိတ်ဆက်မှုကို ကြားသော်လည်း ရှောင်ချူမှာ စိတ်မဆိုးသည့်အပြင် အပြုံးလေးဖြင့် ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ပြနေလေသည်။
ထိုကဲ့သို့သော လူမျိုးများသည် အတွေ့အကြုံများလွန်းသဖြင့် စကားလုံးများဖြင့် တုန်လှုပ်စေရန် မလွယ်ကူသလို သူတို့၏ စိတ်ရင်းကိုလည်း ခန့်မှန်းရန် ခက်ခဲလှသည်။
“စားသောက်တာကိုတော့ ကျော်လိုက်ပါ၊ ငါက တစ်ယောက်ယောက်ကိုယ်စား ကွေ့ယွမ်နဲ့ တွေ့ချင်လို့ လာခဲ့တာ”
ကောင်းမင်သည်လည်း ဤအိပ်မက်သရဲအသစ်ကို ပိုမိုစိတ်ဝင်စားနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်းပါ့မယ်၊ ဒါပေမဲ့ သူ ပေါ်လာမလား၊ မပေါ်ဘူးလားဆိုတာကတော့ ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး”
ရှောင်ချူက အပေါ်ယံတွင် နာခံပုံရသော်လည်း အမှန်တကယ်တွင် အလေးမထားဘဲ ဝတ်ကျေတန်းကျေလုပ်နေခြင်းသာ ဖြစ်သည်။ သူ့နောက်မှ ဝန်ထမ်းအချို့တွင် ကင်မရာအသေးစားလေးများ ရှိနေပြီး အခြေအနေအားလုံးကို မှတ်တမ်းတင်နေပုံရသည်။
“အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့၊ ငါတို့ ရောက်နေတာ ကြာနေပြီ”
ဝမ်ကျားသည် ကောင်းမင်နှင့်အတူ ရပ်၍ ပိုမိုတင်းမာသော လေသံဖြင့် ပြောလိုက်သည်။
“ဒီဘက်ကို ကြွပါခင်ဗျာ”
စက်ရုံမန်နေဂျာက ကောင်းမင်အား စက်ရုံအလယ်ရှိ အမြင့်ဆုံး အဆောက်အဦးဆီသို့ ခေါ်ဆောင်သွားသည်။ အဆောက်အဦးအတွင်းသည် မှောင်မည်းနေသော်လည်း သီချင်းဆိုသံများနှင့် ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်နေပြီး အမှောင်ထဲတွင် တစ်စုံတစ်ခုသော အခမ်းအနား ကျင်းပနေသကဲ့သို့ ဖြစ်သည်င်။
“မင်း ပြင်ဆင်ပြီးပြီလား”
တံခါးပွင့်သွားသောအခါ လေထုထဲတွင် ချိုအီသော ရနံ့များ ပျံ့လွင့်လာသည်။ ကြမ်းပြင်ပေါ်တွင် သကြားလုံးခွံများနှင့် ကစားစရာများ ပြန့်ကျဲနေလေသည်။များစွာသော ကလေးများသည် အိပ်မက်ယောင်နေသကဲ့သို့ မမြင်ရသော အရာတစ်ခုနှင့် စကားပြောနေကြသည်။
ထိုကလေးများ၏ မျက်လုံးများသည် လုံးဝနီးပါးဖြူဖျော့နေကြပြီး ပါးစပ်မှလည်း ထူးဆန်းသော ဆုတောင်းသံများကို ခပ်တိုးတိုး ရွတ်ဆိုနေကြသည်။
“ကျွန်တော်တို့ ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ပါဘူး၊ ဒါတွေက ကလေးတွေရဲ့ ဆန္ဒအလျောက်ပါပဲ”
စက်ရုံမန်နေဂျာက ခေါင်းငုံ့၍ အလွန်နှိမ့်ချစွာ ပြောလိုက်သည်။
“ဒီဆုတောင်းအိမ်ကို တစ်ခါရောက်ဖူးပြီးရင် ဘယ်သူမှ ငြင်းဆန်လို့ မရတော့ဘူး”
“အဲ့သလိုလား”
ကောင်းမင်သည် စက်ရုံမန်နေဂျာ၏ စကားများကို လုံးဝမယုံကြည်ပေ။
“ဆုတောင်းအိမ်ထဲမှာ ကိတ်မုန့်မျိုးစုံ ရှိပါတယ်၊ ညသန်းခေါင်ရောက်ရင် အဲ့ဒီကလေးတွေကို စောင့်ကြည့်လို့ရပါတယ် ၊ ဆုတောင်းပြီးလို့ ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲလာရင် ဆုတောင်းက နီးကပ်လာပြီလို့ ဆိုလိုတာပဲ”
စက်ရုံမန်နေဂျာသည်မှာ ထိုအိပ်မက်သရဲကို 'တစ္ဆေဆုတောင်း' ဟု မခေါ်ရဲဘဲ ၎င်းတို့ဘာသာ သတ်မှတ်ထားသော အခေါ်အဝေါ်ဖြင့် ခေါ်ဆိုနေခြင်းဖြစ်သည်။
တံခါးပိတ်သွား၏။ သို့သော်လည်း စက်ရုံမန်နေဂျာနှင့် ဝန်ထမ်းများသည် ထွက်မသွားသေးဘဲ အခန်းထဲတွင် စက်ကိရိယာမျိုးစုံကို တပ်ဆင်နေကြသည်။ ကောင်းမင်အတွက်လည်း ထိုင်ခုံနှင့် လက်ဖက်ရည်၊ မုန့်များကို ပြင်ဆင်ပေးထားသည်။
“သူက ညသန်းခေါင်မှာ ဆုတောင်းမှ ပေါ်လာတတ်တာ၊ ဒီမှာပဲ ခဏစောင့်ကြတာပေါ့”
စက်ရုံမန်နေဂျာနှင့် ဝန်ထမ်းများသည် ဆုတောင်းအိမ်ထဲရှိ ကလေးများ၏ မျက်နှာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
“ညသန်းခေါင်ယံမှတဲ့လား”
ကောင်းမင်သည် အချိန်များစွာ ဖြုန်းတီးမိလိုက်ပြီဟု ခံစားနေရသည်။ သူသည် အခန်းအလယ်သို့ လျှောက်သွားလိုက်ပြီး အိပ်မက်ယောင်နေသော ကလေးများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီကလေးတွေက ဟန်ဟိုင်းရဲ့ မျှော်လင့်ချက်တွေပဲ... မင်းက ဟန်ဟိုင်းသွေးမြို့တော်ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်ဆီက ဆုတောင်းကို လက်ခံခဲ့ပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဒီလိုပဲ ဆက်ဆံတာလား”
ကောင်းမင်၏ စကားများကို ကြားသောအခါ ဝမ်ချီက တစ်ခုခုပြောရန် ပြင်လိုက်သည်။ စက်ရုံမန်နေဂျာက သူ့လက်မောင်းကို အတင်းဆွဲကာ တားဆီးလိုက်သည်။
၎င်းတို့ ယူဆောင်လာသော စက်ကိရိယာများ စတင်လည်ပတ်လာပြီး ကင်မရာအသီးသီးမှ ရိုက်ကူးထားသော မြင်ကွင်းများကို မြို့တော်တောင်ပိုင်းရှိ စခရင်ကြီးတစ်ခုပေါ်သို့ တိုက်ရိုက် ပို့လွှတ်လိုက်သည်။
မြို့တော်တောင်ပိုင်း စုံစမ်းစစ်ဆေးရေးဌာနခွဲတွင် အလုပ်လုပ်နေသော ဝမ်ကျား၏ ဦးလေးနှင့် သူ့လူယုံများမှာ ရုံးခန်းထဲတွင် စုဝေးနေကြသည်။ သူတို့၏ အကြည့်များက စခရင်ပေါ်ရှိ ကောင်းမင်ကို စောင့်ကြည့်နေကြသည်။
“အကြီးအကဲ... အရမ်းကြီး စိတ်ပူနေဖို့ မလိုဘူးမလား၊ ဒီခြောက်ခြားဂိမ်းကစားသမားတွေဟာ သာမန်လူတွေထက် နည်းနည်းပဲ သန်မာတာပါ၊ သူတို့က သရဲနီတွေကိုတောင် မယှဉ်နိုင်တာ... အိပ်မက်သရဲကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
“ငါ စိတ်ပူနေတာက အိပ်မက်သရဲ ထိခိုက်မှာကို မဟုတ်ဘူး၊ ငါတို့ဟာ အဲ့ဒီတစ္ဆေဆုတောင်းနဲ့ တကယ်ဆက်သွယ်လို့ မရဘူးဆိုတာကို ကောင်းမင်နဲ့ ဝမ်ကျားတို့ သိသွားမှာကို စိုးရိမ်တာ၊ အဲ့ဒီ လောဘကြီးတဲ့ အိပ်မက်သရဲက ဖမ်းဆုပ်လို့မရ၊ ခန့်မှန်းလို့မရဘဲ အချိန်မရွေး ထိန်းချုပ်မှု လွတ်သွားနိုင်တဲ့ စူပါညစ်ညမ်းမှု အရင်းအမြစ်ပဲ”
ဝမ်ကျား၏ ဦးလေးက လက်ထဲမှ စာရွက်စာတမ်းကို ပြန်ချလိုက်သည်။ သူသည် စိတ်ကူးမယဉ်နိုင်ဖွယ် ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသော်လည်း ယခုချိန်ထိ တစ္ဆေဆုတောင်း၏ စိတ်ကို မထိန်းချုပ်နိုင်သေးပေ။