← Chapters

ရွှမ်ဝမ်ရဲ့ လျှို့ဝှက်ချက်

Vol. 45 Ch. 668

ရွှမ်ဝမ်ရဲ့ လျှို့ဝှက်ချက်

Vol. 45 Ch. 668

“မြင်ကွင်းကို စစ်ဆေးကြည့်ရသလောက်တော့ ရွှမ်ဝမ်က မင်းအတွက် ဒီပါဆယ်ထုပ်ကို ချန်ထားခဲ့ပြီးမှ ပျောက်ကွယ်သွားတာဖြစ်နိုင်တယ်၊ သူ့လုပ်ရပ်တွေက တားမြစ်ချက်တစ်ခုခုကို ချိုးဖောက်မိသွားပုံရတယ်”

အဖွဲ့ခေါင်းဆောင်သည် လက်တွေ့ကမ္ဘာတွင် ကောင်းမင်နှင့် ရွှမ်ဝမ်တို့ ဆုံတွေ့ခဲ့ကြောင်း မသိထားပေ။

“ငါ့ကို အဲ့ဒီစခန်းဆီ ခေါ်သွားပေးပါ”

ကောင်းမင်သည် ဖန်လီကို ထားရစ်ခဲ့ပြီး ပလာဇာရှိ အခြားကစားသမားများကိုလည်း သတင်းအချက်အလက်တချို့ ရွေးချယ်ထုတ်ပြခဲ့သည်။ သူတို့အား အချည်းနှီးသက်သက် ရောက်လာသည်မျိုး မဖြစ်စေချင်သောကြောင့်ပင်။ တကယ်တမ်းတွင် ဖန်လီသည် အတော်လေး မှားသွားသလို ခံစားနေမိသည်။ သူသည် ကောင်းမင်ထံမှ မက်ဆေ့ရရချင်း အရေးကြီးဆုံး ကစားသမားအချို့ကိုသာ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း အခြေအနေက ဤကဲ့သို့ လူအုပ်ကြီးဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဝတ်ရုံနက်တစ်စုံကို ဝတ်ဆင်ပြီးနောက် ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်တို့သည် ဈေးဝယ်စင်တာ၏ အခြားထွက်ပေါက်မှ ထွက်ခွာခဲ့ကြသည်။ သူတို့၏ ယာဉ်သည် လူနာဆောင်ကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီး တစ်နာရီအတွင်း မြို့ဟောင်းသို့ ရောက်ရှိလာကြသည်။

လီကျင်းအိမ်ရာဂိတ်တံခါးကို လှမ်းကြည့်လိုက်သည့်အခါ ကောင်းမင်မှတ်ဉာဏ်ထဲမှ အနူးညံ့ဆုံးသော နေရာလေးကို ထိခတ်မိသွားသည်။ ဤနေရာသည် ဟန်ဟိုင်းရှိ သူ့အိမ်ဖြစ်သည်။သူ သေဆုံးပြီးတိုင်း အသစ်တစ်ခု ပြန်စရသည့် စမှတ်လည်း ဖြစ်သည်။

“မင်းအိမ်က ဒီမှာဆိုတာ သိပါတယ်၊ ဒါပေမယ့် ငါတို့ ဒီနေ့သွားမှာက မင်းငှားနေတဲ့ အဆောက်အဦး မဟုတ်ဘူး”

အဖွဲ့ခေါင်းဆောင်သည် ကောင်းမင်အား လူနေရပ်ကွက်ထဲသို့ ခေါ်ဆောင်သွားပြီး ကောင်းမင်၏ အိမ်နှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိသော အဆောက်အဦးဆီသို့ ဦးဆောင်သွားသည်။ သူတို့သည် စိုထိုင်းအေးစက်နေသော လှေကားထစ်များကို ဖြတ်ကျော်၍ နောက်ဆုံးတွင် စတုတ္ထထပ်တွင် ရပ်တန့်လိုက်ကြသည်။

သာမန်ပုံစံပေါက်သော တံခါးတစ်ချပ်ကို ဦးညွှတ်ပြီးနောက် အဖွဲ့ခေါင်းဆောင်သည် အမွှေးတိုင် သုံးတိုင်ကို ထုတ်ယူကာ တံခါးဘောင်တွင် တင်လိုက်သည်။

“အရင်တုန်းက မင်း ဒါတွေကို မယုံဘူး မဟုတ်လား၊ ဒါက ရွှမ်ဝမ်အတွက် ပူဇော်တာလား”

“မဟုတ်ပါဘူး၊ ငါ ဒီအဆောက်အဦးထဲမှာ လူနဲ့ သရဲတွေကို အများကြီး သတ်ခဲ့ဖူးတယ်၊ သူတို့အတွက် ပူဇော်တာပါ”

အဖွဲ့ခေါင်းဆောင်သည် ဟောင်းနွမ်းနေသော လုံခြုံရေးတံခါးကို ဖွင့်လိုက်သည်။ အေးစက်သော လေညင်းတစ်ခုက သူ့လည်ပင်းကြားသို့ တိုးဝင်လာ၏။ အခန်း၏ ဝရန်တာတွင် ရပ်ကြည့်လျှင် ကောင်းမင် ငှားရမ်းထားသော အခန်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

“ရွှမ်ဝမ်က မင်းကို အမြဲစောင့်ကြည့်နေခဲ့တာပဲ... မဟုတ်ဘူး၊ အဲ့ဒီအစား 'လေ့လာနေခဲ့တာ' လို့ ပြောရင် ပိုမှန်လိမ့်မယ်”

ဧည့်ခန်းတွင် ရိုးရှင်းသော ပရိဘောဂများသာ ရှိနေသည်။မည်သည့် ထူးခြားမှုမှ မရှိသော်လည်း အဖွဲ့ခေါင်းဆောင် အိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ကောင်းမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အိပ်ခန်းပြတင်းပေါက်အား အုတ်ခဲများဖြင့် ပိတ်ဆို့ထားပြီး နံရံများပေါ်တွင် ကိန်းဂဏန်းများစွာ ပြည့်နှက်နေလေသည်။ အစပိုင်းတွင် ပုံစံတစ်ခုကို ခွဲခြားနိုင်သော်လည်း နောက်ပိုင်းတွင်မူ လုံးဝ ပရမ်းပတာ ဖြစ်သွားသည်။ ထိုအရာများကို မှတ်တမ်းတင်ထားသူက စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည့်အလားပင်။

“ဒီကိန်းဂဏန်းတွေက ဘာကိုဆိုလိုတာလဲ မင်းသိလား”

အဖွဲ့ခေါင်းဆောင်က ကောင်းမင်ကို ခိုးကြည့်လိုက်သည်။

“အစကတော့ ငါတို့က ဒါတွေဟာ ရက်စွဲတွေလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်မှ မဟုတ်မှန်း သိလိုက်ရတယ်၊ ကိစ္စတစ်ခုခုကို ထပ်ခါတလဲလဲ လုပ်ခဲ့တဲ့ အကြိမ်ရေလား ဒါမှမဟုတ် ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့တဲ့ အကြိမ်ရေလား”

အဖွဲ့ခေါင်းဆောင်က ယင်းကို နားမလည်သလို ကောင်းမင်ကလည်း ပြန်မဖြေခဲ့ပေ။ သူ့လက်ချောင်းများဖြင့် ထိုကိန်းဂဏန်းများကို ထိတွေ့လိုက်သည့်အခါ သူ့စိတ်ထဲတွင် အဖြေတစ်ခု ပေါ်လာခဲ့သည်။ယင်းသည် သူသေဆုံးခဲ့သည့် အကြိမ်ရေများပင် ဖြစ်သည်။ ရွှမ်ဝမ် တစ်ဦးတည်းသာ ထိုအရာကို သိရှိခဲ့သည်။ သူမသည် သူ့ထက်စောပြီး တစ်ခုခုကိုသတိပြုမိခဲ့ကာ သဲလွန်စများကို ထိန်းသိမ်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

မွေ့ရာပါးကို မလိုက်သောအခါ ၎င်းအောက်တွင် ဝှက်ထားသည့် စမ်းသပ်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက် လက်ရေးမူများစွာကို တွေ့လိုက်ရသည်။ လက်ရေးများသည် အလွန်ရှုပ်ထွေးနေပြီး လက်ဆွဲပုံကြမ်းများဖြင့် ရောထွေးနေသည်။ မှတ်တမ်းတင်သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန်မတည်ငြိမ်ဘဲ ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ခံစားခဲ့ရသည့်အလား ထင်ရှားနေသည်။

“ဒါတွေက ကောက်ကြောင်းဆွဲထားတဲ့ သင်္ကေတတွေလိုပဲ၊ လျှို့ဝှက်ကုဒ်တွေနဲ့ ရောနေတာ၊ ငါတို့ နားမလည်ဘူး”

အဖွဲ့ခေါင်းဆောင်က ခေါင်းငုံ့၍ တည်ငြိမ်စွာ ဆိုသည်။ တကယ်တော့ သူတို့ နားလည်နိုင်လျှင်ပင် နားမလည်ဘူးဟုသာ အခိုင်အမာပြောကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤရိုးရှင်းသော စာရွက်များထဲတွင် ကောင်းမင်၏လျှို့ဝှက်ချက်များ ပါဝင်နေနိုင်သောကြောင့် ဖြစ်သည်။

သူက စာရွက်တစ်ရွက်ကို ကျပန်းကောက်ယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင် “ရှုပ်ထွေးပြီး မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်က စမ်းသပ်ခံသူကို စိတ်ပိုင်းဆိုင်ရာမှီခိုမှု ပိုတိုးလာစေတယ်” ဟူသော စာသားများ ရေးသားထားသည်။ “အချစ်” ဟူသော စကားလုံးကို အနီရောင်ဖြင့် ဝိုင်းထားပြီး ဒေါင်လိုက်လိုင်းတစ်ခုဖြင့် ခြစ်ချထားသည်။ ထိုစာလုံးဘေးနားတွင် အလွန်အရုပ်ဆိုးသော ပုံရိပ်ခုနစ်ရုပ် ရှိနေသည်။ စာရွက်နောက်ကျောတွင်မူ ဆံပင်ရှည်ရှည် အမျိုးသမီးတစ်ဦး၏ ရိုးရှင်းသော ပုံကြမ်းတစ်ခုရှိပြီး ပုံတစ်ခုချင်းစီတွင် နံပါတ်တစ်ခု တပ်ထားသည်။

နံရံပေါ်ရှိ ကိန်းဂဏန်းများကို ထိတွေ့ကြည့်ရင်း ထိုပုံများက မည်သည်ကိုဆိုလိုကြောင်း ကောင်းမင် အကြမ်းဖျင်း နားလည်သွားသည်။ သူသည် တစ်ခါက အမျိုးသမီးဇာတ်ကောင်များစွာ ပါဝင်သည့် အချစ်ဂိမ်းတစ်ခုကို ဖန်တီးခဲ့ဖူးသည်။ လက်တွေ့တွင်မူ ထိုအမျိုးသမီး တစ်ဦးချင်းစီသည် လူသားအစစ်များ ဖြစ်ကြသည်။သူတို့သည် ကောင်းမင်သေဆုံးပြီး ပြန်လည်မွေးဖွားလာတိုင်း သူနှင့် သိသိသာသာပတ်သက်ခဲ့ရသော အမျိုးသမီးများ ဖြစ်ကြသည်။

အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရသည့် လမ်းခရီးတွင် ထိုအမျိုးသမီးများသည် ကောင်းမင်အပေါ် အနက်ရှိုင်းဆုံး အမှတ်တရများကို ချန်ထားခဲ့ကြသည်။ ထိုအမှတ်ရမှုသည် နူးညံ့မှု သို့မဟုတ် လှပမှုနှင့် မဆိုင်ပေ။ စိတ်ပျက်ညှိုးငယ်ရသော နာကျင်မှုများ၏ ရှေ့မှောက်တွင် ဆွဲဆောင်မှုရှိခြင်း သို့မဟုတ် ချစ်စရာကောင်းခြင်းတို့သည် လုံးလုံးလျားလျား အရေးမပါလှချေ။

အကြောင်းနှင့် အကျိုး ဆက်စပ်မှုမှာ ရှင်းလင်းပေသည်။ ကောင်းမင်၏ ဂိမ်းက လက်တွေ့ဖြစ်လာခြင်း မဟုတ်ဘဲ ထိုလူများသည် လက်တွေ့ကမ္ဘာတွင် ရှိနှင့်နေပြီးသား ဖြစ်ကြသည်။ ကောင်းမင်ကသာ မတူညီသော အနာဂတ်များတွင် သူတို့နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုအမျိုးသမီးများကြောင့်ပင် သူတို့ပေါ်လာရခြင်းဖြစ်သည်ဟု ကောင်းမင် ယုံကြည်နေသည်။ ထို့ကြောင့်ပင် သူတို့အတွင်းစိတ်မှ ခြောက်ခြားမှုကို သူကောင်းကောင်း နားလည်နေခြင်း ဖြစ်သည်။ လက်တွေ့တွင် သူတို့အားလုံး စိတ်ဝေဒနာရှင်များသာ။

သူ နောက်ထပ်စာရွက်တစ်ရွက်ကို ကောက်ယူလိုက်ရာ ဆံပင်ရှည်ရှည် အမျိုးသမီးပုံကို တွေ့ရပြန်သည်။ သူမ၏ ခန္ဓာကိုယ်အောက်တွင် ကိန်းဂဏန်းများစွာ ရှိနေပြီး ဘေးနားတွင် မတူညီသော ပုံစံများရှိသည့် အဝတ်အစားများနှင့် ၎င်းနှင့်ဆက်စပ်နေသော ဇာတ်ကောင်ဖော်ပြချက်များ ပါရှိသည်။

အကြိမ်ကြိမ် ပြင်ဆင်ပြီးနောက် “အသိဉာဏ်ထက်သူ”၊ “ချောမောလှပသူ”၊ “ချစ်စိတ် ပြင်းပြသူ” နှင့် “ဉာဏ်ရည်ပိုင်းအရ စွဲလမ်းသော်လည်း ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသွားသူ” စသည့် စကားလုံးများကို ထိုအမျိုးသမီးပုံဘေးတွင် ရေးထားသည်။ မတူညီသော ကိုယ်ကျင့်စရိုက် ဆယ်ခုကျော်ကို စာရင်းပြုစုထားပြီး နောက်ဆုံးတွင် “စိတ္တဇ လူသတ်သမား” ဟူသော ဇာတ်ကောင်အမည်ကို အတည်ပြုထားသည်။

“ဒီဆံပင်ရှည်ရှည် အမျိုးသမီးက ရွှမ်ဝမ် ဖြစ်ပုံရတယ်၊ သူက သူ့ပုံသူဆွဲတာ တော်သားပဲ”

ကောင်းမင်သည် ရွှမ်ဝမ်အား သူ့ဂိမ်းထဲမှ လွတ်မြောက်လာသည့် လူနာတစ်ယောက်ဟု အမြဲထင်ခဲ့သော်လည်း သူမက သူ့ကို ဆွဲဆောင်ရန် ဤမျှအထိ ကြိုးစားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ဒါဆို သူက အစကတည်းက အကုန်သိနေတာပေါ့၊ ဒါပေမယ့် ဘာလို့ ငါ့ကို မပြောခဲ့တာလဲ၊ သူ့အကြောင်းပြချက်က ဘာလဲ”

“ကောင်းမင်၊ ငါတို့ စခန်းထဲကို ဝင်တော့မယ်”

အဖွဲ့ခေါင်းဆောင်သည် အဝတ်လဲခန်းဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်ရာ နံရံပေါ်တွင် ပုံဆွဲထားသော တံခါးတစ်ချပ် ပေါ်လာသည်။

“ဒါကို စခန်းလို့ သတ်မှတ်လို့ရတာလား”

“မသေဆေးကုမ္ပဏီက တည်ဆောက်ထားတဲ့ စခန်းတွေအားလုံး အရိပ်ကမ္ဘာထဲမှာ ရှိနေတာ၊ အဲ့ဒါကို ဖွင့်ဖို့ အထူးနည်းလမ်းတစ်ခု လိုတယ်”

အဖွဲ့ခေါင်းဆောင်သည် သူ့လက်ကောက်ဝတ်မှ သွေးနီရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။ထို့နောက် သူ့လက်ဖဝါးကို ဆူးဖြင့်ထိုးကာ ထွက်လာသော သွေးများဖြင့် နံရံပေါ်မှ တံခါးပေါ်တွင် ပုံစံကွက်တစ်ခု ရေးဆွဲလိုက်သည်။

ခဏအကြာတွင် အခန်းတွင်း အပူချိန်က ရုတ်တရက် ကျဆင်းသွား၏။ နံရံပေါ်မှ တံခါးသည် အရိပ်များကြားတွင် အမှန်တကယ် ထွက်ပေါ်လာတော့သည်။ အဖွဲ့ခေါင်းဆောင်က ၎င်းကို အလွယ်တကူ ဆွဲဖွင့်လိုက်သည်။

ပြင်းထန်သော သွေးနံ့သည် လေထုထဲတွင် ပျံ့နှံ့နေသည်။ တံခါးနောက်ဘက်မှ အရိပ်ကမ္ဘာရှိ လီကျင်းအိမ်ရာသည် အလောင်းများစွာဖြင့် ပြည့်နှက်နေပြီး စစ်မှန်သော ခြောက်ခြားဖွယ်မြင်ကွင်းတစ်ခု ဖြစ်သည်။

“သတိထားပါ”

အဖွဲ့ခေါင်းဆောင်သည် ကောင်းမင်ကို တံခါးထဲသို့ ဦးဆောင်ခေါ်သွား၏။ ရှုပ်ထွေးသော အဆင့်မြင့်စက်ကိရိယာများစွာကို တွေ့လိုက်ရသည်။

“ရွှမ်ဝမ်လည်း မသေဆေးကုမ္ပဏီကဆိုတာ ငါသေချာတယ်၊ သူ့လုပ်ပိုင်ခွင့်က ငါ့ထက်တောင် ပိုမြင့်သေးတယ်၊ ဒီစခန်းကို သူတစ်ယောက်တည်း ထိန်းချုပ်ထားတာ”

ကောင်းမင် မျက်မှောင်ကြုတ်သွားပြီး စက်ကိရိယာများကို စိုက်ကြည့်လိုက်သည်။ သူကြုံတွေ့ခဲ့ရသည့် များပြားလှသော တိုက်ဆိုင်မှုများသည် သေချာတွက်ချက်ပြီး စီစဉ်ထားခြင်း ဖြစ်သည်။ သူသည် ထိုနာကျင်ဖွယ်ရာ သံသရာထဲမှ ရုန်းထွက်နိုင်ခဲ့ခြင်းကြောင့်သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

“ငါ မင်းကိုပေးခဲ့တဲ့ စာအိတ်က အရင်က စားပွဲပေါ်မှာရှိနေတာ၊ မင်းက အရမ်းနီးတဲ့နေရာမှာ နေခဲ့တာဆိုတော့ သူက မင်းအတွက် တမင်ချန်ထားခဲ့တာ ဖြစ်နိုင်တယ်”

အဖွဲ့ခေါင်းဆောင်က ကောင်းမင်ကို လှမ်းကြည့်လိုက်သည်။

“သူက မင်းအမှန်တရားကို ရှာတွေ့မယ့်အချိန်၊ သူ့ကို သံသယဝင်မယ့်အချိန်၊ သူ့ရဲ့ သရုပ်မှန်ပေါ်လာမယ့်အချိန်ကို စောင့်နေခဲ့တာ ဖြစ်မယ်၊ ဒါပေမယ့် ကံမကောင်းတာက မင်း သူ့အပေါ် ယုံကြည်မှုက လုံးဝအကန်းအတိုင်း ဖြစ်နေခဲ့တာပဲ”

“တကယ်လို့ သူ့ကိုတောင် ယုံကြည်လို့မရရင် ဘယ်သူ့ကို ယုံကြည်ရမလဲ ငါတကယ် မသိတော့ဘူး”

ကောင်းမင်သည် စခန်းထဲရှိ စက်ကိရိယာများကို ဖွင့်လိုက်သည်။ရွှမ်ဝမ်သည် စမ်းသပ်ချက်မှတ်တမ်းထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။

အစပိုင်းတွင် သူ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း မိနစ်အနည်းငယ် ကြာသည့်အခါ ကောင်းမင်၏ အကြည့်များ ပြောင်းလဲသွားသည်။ ရွှမ်ဝမ်သည် ကောင်းမင်ထံတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ဖြစ်ရသည့်အကြောင်းအရင်းအား တိတ်တဆိတ် သုတေသနလုပ်နေခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်ချက်မှတ်တမ်းအဆုံးတွင် သူမသည် အဖြေတစ်ခုကို ရှာတွေ့သွားခဲ့ချေသည်။

All Chapters