ကောင်းမင်ရဲ့ လျှို့ဝှက်ချက်
Vol. 45 Ch. 669
သုတေသနတစ်ခုလုံး၏ အဓိကအချိုးအကွေ့သည် ကောင်းမင်ကိုယ်တိုင် မဟုတ်ဘဲ သူ့မိဘများသာ ဖြစ်နေခြင်းဖြစ်သည်။
ရွှမ်ဝမ် ရှာဖွေတွေ့ရှိခဲ့သည်မှာ ကောင်းမင်ကို အိမ်ပြန်ပို့ပေးပြီးတိုင်း သူ့မိဘများသည် သူ့ကို လိုက်ရှာရန် အကြိမ်ကြိမ်အခါခါ ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။
သို့သော် ရွှမ်ဝမ့်ကို အထိတ်လန့်စေဆုံး အချက်သည် သူမ လက်တွေ့ကမ္ဘာ၏ရှင်းလုသို့ ပြန်သွားပြီးနောက်တွင် ဖြစ်သည်။သူမ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးကြည့်သောအခါ ကောင်းမင်သည် အမှန်တကယ်ပင် မိဘမဲ့တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်ကတည်းက သူနှင့်အနီးစပ်ဆုံးကိုပြရလျှင် ရည်စားဖြစ်သူ လျိုယီသာရှိပြီး မိဘများနှင့် ပတ်သက်သော မည်သည့်အချက်အလက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ပြဿနာမှာ ဟန်ဟိုင်း၏ မိုးသည်းသည်းမဲမဲရွာသော ထိုညက ဖြစ်သည်။ ရွှမ်ဝမ်သည် ကောင်းမင်အား သူ့တိုက်ခန်းသို့ ပြန်ပို့ပေးပြီးနောက် သူ့မိဘများဖြစ်ကြောင်း ပြောဆိုနေသူ ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့ အမှန်တကယ်ပင် တံခါးဝသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပိုထူးဆန်းသည်မှာ ကောင်းမင်ကိုယ်တိုင်ကလည်း ထိုသူတို့မှာ သူ့မိဘများဖြစ်ကြောင်း ယုံကြည်နေခြင်းပင်။
ထိုအချိန်တွင် ရွှမ်ဝမ်၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်သံသယတစ်ခု ပေါ်လာခဲ့သည်။ မိဘမဲ့များ၏ ကိုယ်ရေးအချက်အလက်များသည် အတုပြုလုပ်ရန် အလွယ်ကူဆုံး ဖြစ်သည်။ ကောင်းမင်က ရှင်းလုက လာတဲ့သူမဟုတ်ဘဲ ဟန်ဟိုင်းမှာ အမြဲနေထိုင်ခဲ့သူများ ဖြစ်နေမလား။
ဆာလောင်တစ္ဆေပွဲတော်ညက ဘတ်စ်ကားပေါ်တွင် ကလေးများစွာသည် ကောင်းမင်၏ ကယ်တင်ခြင်းကို ခံခဲ့ရကြောင်း မှတ်မိနေကြသည်။ ကျောင်းတွင်လည်း ကောင်းမင်၏ ဝန်ထမ်းမှတ်တမ်းများ ရှိနေသည်။ သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်သောအခါ လူတိုင်း၏ သူ့အပေါ် ဖော်ပြချက်များသည် ဝေဝါးပြီး ယေဘုယျဆန်လှသည်။ ဘယ်သူမှ သူ့ကို ရင်းရင်းနှီးနှီး မသိကြပေ။ ဤသည်မှာ ကောင်းမင်၏ သီးသန့်သော စရိုက်ကြောင့်ဟု ရှင်းပြနိုင်သော်လည်း ရွှမ်ဝမ်ကမူ အခြားဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားခဲ့သည်။မပြောသင့်သူတစ်ဦးဦးက သက်ရှိလူသားများ၏ အသိအမြင်ကို ပြောင်းလဲပစ်ခဲ့ခြင်းမျိုး ဖြစ်နိုင်သည်။
တိုက်ရိုက်သက်သေ မရှိသဖြင့် သူမသည် ကောင်းမင်၏နောက်ခံကို ဖော်ထုတ်နိုင်ရန် သူမ၏စုံစမ်းစစ်ဆေးမှုကို ဟန်ဟိုင်းမြို့တွင်းသို့ အာရုံပြောင်းခဲ့ရသည်။ သို့သော်လည်း သူမရှာတွေ့သမျှ သဲလွန်စအားလုံး၌ ကောင်းမင်သည် ဟန်ဟိုင်းတွင် အကျဉ်းကျနေသော သရဲတစ်ကောင် မဟုတ်ဘဲ သာမန်လူတစ်ယောက်သာ ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။
အရာအားလုံးသည် စေ့စပ်သေချာလွန်းပြီး အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလွန်းနေသည်။ ရွှမ်ဝမ်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုက နောက်ကွယ်မှ အရာရာကို ကြိုးကိုင်စီစဉ်နေသကဲ့သို့ ခံစားခဲ့ရသည်။ သူမသည် ပိုသတိထား၍ ကောင်းမင်မိဘများ ရောက်ရှိလာတတ်သည့် လမ်းကြောင်း၏ ဆန့်ကျင်ဘက်သို့ စူးစမ်းရှာဖွေခဲ့ရာ နောက်ဆုံးတွင် တုန်လှုပ်ဖွယ်အမှန်တရားတစ်ခုကို တွေ့ရှိခဲ့သည်။
ကောင်းမင် ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာချိန်တိုင်း သို့မဟုတ် ဥမင်လိုဏ်ခေါင်းထဲ၌ ကောင်းမင် ပြန်လည်နိုးထလာသည့် အချိန်တိုင်းတွင် သူ့မိဘများဟု အခိုင်အမာပြောဆိုသူ အမျိုးသားနှင့် အမျိုးသမီးတို့သည် ဟန်ဟိုင်းမြို့စွန်အဆောက်အဦးတစ်ခုမှ အမြဲထွက်ပေါ်လာတတ်ကြသည်။ ထိုအဆောက်အဦးမှာ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေပြီး အချိန်အက်ကွဲကြောင်းတစ်ခုထဲ ပိတ်မိနေသည့်အလားပင်။
ရွှမ်ဝမ်သည် ထိုအဆောက်အဦး မည်သို့ ပေါ်လာသည်ကို မသိခဲ့ပေ။ ဟနေသော တံခါးကြားမှ သူမ ချောင်းကြည့်လိုက်သည့်အခါ အတွင်းပိုင်းသည် အလွန်ပင် သာယာလှပပြီး သာမန် အိမ်ကလေးတစ်လုံးအတိုင်း ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားခဲ့သည်။
ထိုအဆောက်အဦးသို့ ကောင်းမင်၏ မိဘများ အပြင်ထွက်ချိန်မှသာ ချဉ်းကပ်နိုင်သည်။ ရွှမ်ဝမ်က ထိုနေရာကို ‘ကောင်းမင်၏ အိမ်’ ဟု အမည်ပေးထားခဲ့သည်။ ကောင်းမင်ထံတွင် ဖြစ်ပျက်ခဲ့သမျှ ထူးဆန်းသော ဖြစ်ရပ်အားလုံးနှင့် ကောင်းမင်နှင့်ပတ်သက်သော အဖြေအားလုံးသည် ထိုအဆောက်အဦး သို့မဟုတ် ထိုအိမ်ကလေးထဲတွင် ရှိနေနိုင်ချေများသည်။
စမ်းသပ်ချက်မှတ်တမ်းမှာ ထိုနေရာတွင်ပင် အဆုံးသတ်သွားသည်။ ရွှမ်ဝမ်သည် သူမ နောက်ဆုံးမြင်ခဲ့ရသည့် အရာကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ မှတ်တမ်းသည်လည်း ကောင်းမင် ဖတ်ရှုပြီးနောက် အလိုအလျောက် ပျက်စီးသွားလေသည်။
သော့ကို ပြန်လည်သိမ်းဆည်းပြီးနောက် ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်းအတွင်း ရှာဖွေလိုက်သည်။နောက်ဆုံးတွင် သူ၏ မွေးနေ့လူသေဓာတ်ပုံကို ရှာတွေ့လိုက်သည်။ ဓာတ်ပုံနောက်ကျောတွင် ရှင်းလင်းစွာ ရေးသားထားသည်မှာ - “ချစ်လှစွာသော ငါတို့သားလေး ... သားဟာ အသက် ၁၈ နှစ်ပြည့်ပြီး လူကြီးတစ်ယောက်ဖြစ်လာပြီ၊ ဒီနေ့ကစပြီး သားဟာ မိဘအသစ်ပဲ၊ ငါတို့ရဲ့ အိမ်တံခါးကို ဖွင့်နိုင်မယ့် သော့က သားလက်ထဲမှာ ရှိနေလိမ့်မယ်” ။
“ဓာတ်ပုံနောက်က ပြောတဲ့သော့က ရွှမ်ဝမ် ငါ့ကိုပေးတဲ့ သော့ပဲလား၊ သူက အရင်ကတည်းက သော့ကို ယူထားခဲ့တာလား”
ကောင်းမင်သည် သူ့နားထင်ကို နှိပ်နယ်လိုက်သည်။ ယခုတွင် အဓိကကျသော မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။ သူသည် သော့ကို ပိုင်ဆိုင်ထားပြီး အိမ်ရှိသည်ကို သိနေသော်လည်း ၎င်း၏ တည်နေရာအတိအကျကို မသိပေ။
“ငါ အရမ်းအရေးကြီးတဲ့ တစ်ခုခုကို မေ့နေသလိုပဲ... ငါ လက်တွေ့ကမ္ဘာက ရှင်းလုကို ပြန်ပြီး ရွှမ်ဝမ်ကို ရှာရမယ်”
ကောင်းမင်သည်လည်း သူဘာဖြစ်ပျက်ခဲ့သည်ကို နားလည်ချင်ပေသည်။သို့သော် ထိုအရာထက် ပိုအရေးကြီးသည်က ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်ရန်၊ လူတိုင်းကို မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိအောင် လုပ်ဆောင်ပေးရန်နှင့် အကျဉ်းချကျွန်ပြုခံနေရမှုတို့ကို အဆုံးသတ်ရန် ဖြစ်သည်။
သူလက်ဝေ့ယမ်းလိုက်သည်။ မျက်နှာမဲ့နောက်လိုက်များက စခန်းရှိ စက်ကိရိယာများနှင့် ကိရိယာအားလုံးကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ရွှေ့ပြောင်းလိုက်ကြသည်။ နံရံမှ အင်္ဂတေများနှင့် ကြမ်းပြင်အုတ်ချပ်များကိုပင် မကျန်အောင် အကုန်ခွာထုတ်သွားကြသည်။
“ငါ မင်းကို ကျေးဇူးကြွေးတစ်ခု တင်သွားပြီ”
ကောင်းမင်က အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်သည်။ အဖွဲ့ခေါင်းဆောင်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်သည်။
စခန်းမှ ထွက်ခွာလာပြီးနောက် အဖွဲ့ခေါင်းဆောင်သည် ကောင်းမင်ကို ဟန်ဟိုင်း မြို့တော်အရှေ့ပိုင်းသို့ ကားမောင်းပို့ပေးရင်း ဤကာလအတွင်း ဟန်ဟိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အသေးစိတ် ပြောပြနေသည်။
“ဘေးကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ရတော့ ဟန်ဟိုင်းမြို့သားတွေက မယုံနိုင်လောက်တဲ့ ရှင်သန်လိုစိတ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းကို ပြခဲ့ကြတယ် ၊ မြို့အနှံ့အပြားမှာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မယ့် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ထောင်နဲ့ချီ ပေါ်လာကြတယ်၊ သူတို့က သရဲတွေနဲ့ အရိပ်တွေရဲ့ စွမ်းအားကို မယုံနိုင်စရာနည်းလမ်းမျိုးစုံနဲ့ အသုံးချပြီး အသက်ရှင်ဖို့အတွက် တစ်ယောက်ထက်တစ်ယောက် ပိုရက်စက်တတ်လာကြတယ်”
အဖွဲ့ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောပြသည်။
“ဟန်ဟိုင်းနဲ့ ယှဉ်ရင် ရှင်းလုဆိုတာ ဖန်လုံအိမ်ထဲက ပန်းကလေးလိုပဲ၊ ကယ်တင်ရှင်တွေရဲ့ အလွန်အမင်း ကာကွယ်ခံထားရတာပေါ့”
“ဒါက ယှဉ်လို့မရတာ သိသာပါတယ်၊ ဟန်ဟိုင်းဆိုတာက မတူညီတဲ့ သွေးမြို့တော်တွေက မိစ္ဆာဝိညာဉ်တွေကို အကျဉ်းချထားတဲ့ လှောင်အိမ်တစ်ခုပဲလေ၊ ဒီမှာရှိတဲ့ လူမိုက်တွေနဲ့ အရူးတွေရဲ့ အချိုးအစားက အရမ်းမြင့်တာကိုး”
“ဒါတော့ အမှန်ပဲ”
ကောင်းမင်၏ ကိုယ်ပိုင်ဒရိုင်ဘာအဖြစ် ဆောင်ရွက်ပေးနေသော အဖွဲ့ခေါင်းဆောင်သည် နောက်ဆုံးတွင် သူ့အား မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန အဆောက်အဦးဆီသို့ ခေါ်ဆောင်လာခဲ့သည်။
တစ်ချိန်က စီတုအန်းအလုပ်လုပ်ခဲ့သည့် ခန့်ညားထည်ဝါလှသော မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန အဆောက်အဦးသည် ယခုအခါ ကျောင်းသားကောင်စီလက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။၎င်းသည် မြို့တော်အရှေ့ပိုင်း၏ အကြီးမားဆုံး ကယ်ဆယ်ရေးစင်တာ ဖြစ်လာခဲ့သည်။
မူလပင်မဂိတ်တံခါးက ဖျက်ဆီးခံထားရသည်။ ဤသည်မှာ ကောင်းယန်က သူ၏ ကျောင်းသားကောင်စီတွင် မည်သည့်ကန့်သတ်ချက်မှ မရှိဘဲ မည်သူမဆို ပါဝင်နိုင်ကြောင်း လူတိုင်းကို ပြောနေသည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။
ကားရပ်ပြီး ကောင်းမင် ဆင်းလိုက်သည်နှင့် ကျောင်းသားကောင်စီတံဆိပ်ဝတ်ဆင်ထားသော လူနှစ်ဦး ချဉ်းကပ်လာကြသည်။ တစ်ဦးသည် အသက် လေးဆယ်ဝန်းကျင်ဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီဖြစ်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ကျောင်းသားကောင်စီအဖွဲ့ဝင်များ ဖြစ်ကြောင်း မရှက်မကြောက် မိတ်ဆက်လာကြသည်။
“ငါ မင်းတို့ရဲ့ ဥက္ကဋ္ဌ ကောင်းယန်ကို ရှာနေတာ”
အတိတ်နှင့် အနာဂတ် ပုံရိပ်များက သူ့မျက်ဝန်းထဲတွင် ထင်ဟပ်လာ၏။ ကောင်းမင် အဆောက်အဦးကို ဝေ့ကြည့်ကာ တစ်စုံတစ်ယောက် အရှိန်အဝါကို ဖမ်းယူလိုက်ပြီး အတွင်းသို့ လှမ်းဝင်သွားသည်။
အလုပ်ရှုပ်နေသော ကျောင်းသားကောင်စီအဖွဲ့ဝင်အားလုံး ရပ်တန့်သွားပြီး ကောင်းမင်ကို စိုက်ကြည့်လိုက်ကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ခန်းမထဲရှိ သူတို့၏ အလုပ်များကို ပြန်လည်စတင်ကြတော့သည်။
“ကျောင်းသားကောင်စီတစ်ခုလုံးက ကြီးမားတဲ့ အဆင့်မြင့်စစ်လက်နက်တစ်ခုလိုပဲ၊ အဖွဲ့ဝင် တစ်ယောက်ချင်းစီက အဲ့ဒီစက်ယန္တရားထဲက စက်သွားတွေပဲ၊ ဥက္ကဋ္ဌရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ရဲ့ စုပေါင်းစိတ်ဆန္ဒက အင်အားကြီးတဲ့ စုပေါင်းသိစိတ်ပင်လယ်ကြီးတစ်ခုကို ဖန်တီးထားကြတာ”
အဖွဲ့ခေါင်းဆောင်က တိုးတိုးလေး ပြောပြသည်။
“သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ မြို့သားတွေကတော့ ခြောက်ခြားဂိမ်းကစားသမား ဖြစ်လာဖို့ပဲ ဦးစားပေးလိမ့်မယ်၊ ဒါပေမယ့် သာမန်လူတွေကတော့ ကျောင်းသားကောင်စီ ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးဌာနလက်အောက်က ကုမ္ပဏီကြီးတွေမှာပဲ ဝင်ကြတာ များတယ်”
မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန အဆောက်အဦးသည် အထပ်ပေါင်း နှစ်ဆယ်ကျော် မြင့်သည်။ အရင်က စီတုအန်းသည် သူ့ရုံးခန်းကို အပေါ်ဆုံးထပ်တွင် ထားရှိပြီး အပေါ်စီးမှ ကြည့်ရှုရသည်ကို နှစ်သက်ခဲ့သည်။သို့သော်လည်း ကောင်းယန်၏ ပုံစံမှာ လုံးဝ ကွဲပြားသည်။ ကောင်းမင် ခံစားမိသည့် ထူးခြားသော အရှိန်အဝါမှာ ဒုတိယထပ်ဘယ်ဘက်ခြမ်းရှိ အလွန်သာမန်ဆန်သော အခန်းတစ်ခုအတွင်း၌ ရှိနေခဲ့သည်။
သူနှင့် အဖွဲ့ခေါင်းဆောင်တို့ ထိုနေရာသို့ မရောက်မီ တံခါးက အတွင်းမှ ပွင့်လာခဲ့သည်။
“မင်းက ငါ့ထက်တောင် အိပ်မက်သရဲ အရင်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ဟန်သဲ့အကယ်ဒမီ၏ ကျောင်းသားကောင်စီဥက္ကဋ္ဌသည် တံခါးဝတွင် ပေါ်ထွက်လာလေသည်။ သူသည် ဟောင်းနွမ်းနေသော ကျောင်းယူနီဖောင်းနှင့် ကျောင်းသားကောင်စီတံဆိပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လွန်ခဲ့သော လအနည်းငယ်ကအတိုင်း ပြောင်းလဲခြင်း မရှိပေ။
“မင်း သေသွားပြီ မဟုတ်လား”
ကောင်းမင်၏ ပွင့်လင်းလွန်းသော စရိုက်သည် ပုံမှန်အတိုင်း ခန့်မှန်းရခက်နေဆဲပင်။
“ဟီးဟီး”
ကျောင်းသားကောင်စီဥက္ကဋ္ဌက ဒေါသထွက်ဟန် မပြပေ။
“ပြီးခဲ့တဲ့တစ်ခေါက်က အတိတ်နဲ့အနာဂတ်နတ်ဘုရားရဲ့ လူနေရပ်ကွက်မှာ သူတို့ ကိုယ်တိုင်အတွက် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်ကို ငါယူလိုက်တယ်လေ၊ အခု ငါ့ရဲ့ သရုပ်မှန်က ပြန်တည်ဆောက်နေတုန်းမို့လို့ မင်းကို ကြိုဆိုဖို့ ဒီ ‘ဝတ်စုံဟောင်း’ လေးကိုပဲ သုံးနိုင်တော့တာ၊ မင်း စိတ်မရှိဘူးလို့ မျှော်လင့်တယ်ကွာ”