← Chapters

မင်္ဂလာပွဲကမ်းလှမ်းခြင်း

Vol. 3 Ch. 42

မင်္ဂလာပွဲကမ်းလှမ်းခြင်း

Vol. 3 Ch. 42

အရပ်ဘက် အရာရှိများသည် စစ်သူကြီးများကို သိပ်ပြီးအထင်မကြီးကြချေ။

အမှန်တွင်တော့ အရပ်ဘက် အရာရှိတစ်ယောက်အနေဖြင့် သူသည် စစ်သူကြီးမိသားစု တစ်ခုထဲသို့ သမီးဖြစ်သူကို လက်ထပ်ပေးဖို့ရန် ဆန္ဒသိပ်မရှိလှချေ။ စစ်မြေပြင်အတွင်း မတော်တဆ တစ်ခုခုဖြစ်သွားခဲ့လျှင် သမီးဖြစ်သူက မုဆိုးမတစ်ယောက် ဖြစ်သွားနိုင်သည်။

သခင်မရှန်း၏ စိတ်သည် အစတွင်တော့ အနည်းငယ် ယိမ်းယိုင်နေသော်ငြား ချက်ချင်းဆိုသလို ခိုင်မာသွားလေတော့သည်။ "သခင်ကြီး ပြောတာမှန်တယ်။ ကျွန်မတို့မှာ သား လေးယောက်ရှိတယ်။ သမီးကတော့ ဒီတစ်ယောက်ပဲရှိတာ။ သူ့ကို အဆင့်မြင့် အိမ်တော်ကြီးထဲ လက်ထက်ဝင်ရောက် သွားတာကို မမျှော်လင့်ပါဘူး။ သူ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် အသက်ကြီးသွားတာကိုပဲ မျှော်လင့်တာ"

"ဖန်းမိသားစုက လက်ထပ်ခွင့်တောင်းလာရင် ကျွန်မတို့တွေ ဖန်းမိသားစုကို သဘောတူလိုက်ကြမယ်။ အိမ်ထောင်ရေးကိစ္စကို စောစောစီးစီး ဆုံးဖြတ်လိုက်တာ ပိုကောင်းပါတယ် !"

လူကြီးမင်းရှန်းကလည်း ခေါင်းငြိမ့်လိုက်လေသည်။

ဒီအခိုက်အတန့်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး ရင်းနှီးလှသည့် မိန်းကလေးအသံလေး တစ်ခုပေါ်ထွက်လာခဲ့၏။ "အဖေ၊ အမေ"

သမီးဖြစ်သူ ရှန်းလန် ရောက်လာခြင်းပင်။

လူကြီးမင်းရှန်းက အိပ်ရာပေါ်မှ ထလိုက်ကာ တံခါးကိုကိုယ်တိုင် သွားဖွင့်ပေးလိုက်ပြီး ကြင်နာနူးညံ့စွာဖြင့် ပြုပြလိုက်၏။ "လန်အာ တနေ့လုံး ပင်ပန်းထားပြီးပြီလေ။ ဘာဖြစ်လို့ အနားမယူသေးတာလဲ"

လူကြီးမင်းရှန်းသည် သာမန်ရုပ်ရည် ဖြစ်သော်ငြားလည်း လှပသည့် ဇနီးတစ်ယောက်ကို လက်ထပ်ထားခဲ့၏။ ရှန်းလန်သည် သူမ၏ မွေးမိခင်နှင့် ရုပ်ချင်းဆင်တူကာ ကျော့ရှင်းပြီး လှပလေသည်။ လူကြီးမင်းရှန်းက သူ့သမီးဖြစ်သူကို အင်မတန်ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းက ပြစ်တင်ကြိမ်းမောင်းခြင်း မဆိုထားနှင့် စကားကြမ်းကြမ်း တစ်ခွန်းပင် မပြောရက်ခဲ့ချေ။

ရှန်းလန်သည် အခန်းထဲသို့ ဝင်ရောက်လာပြီး သူမ၏သတ္တိများကို စုစည်းကာ ပြောလိုက်လေတော့သည်။ "အဖေ အမေ။ သမီး အဖေတို့တွေကို ပြောစရာ အရေးကြီးကိစ္စ တစ်ခုရှိတယ်"

လူကြီးမင်းရှန်းနှင့် သခင်မရှန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ထူးထူးခြားခြား ခံစားချက်လေးတစ်ခုက တပြိုင်တည်း ဝင်ရောက်လာတော့၏။

သူတို့၏ ဝမ်းတွင်းသိစိတ်ကလည်း အလွန်တိကျလေသည်။

ရှန်းလန်က အနည်းငယ် ရှက်ရွံစွာဖြင့် တိုးတိုးလေး ပြောလာခဲ့၏။ "ဒီနေ့သမီးရဲ့ဆံထိုးတင်ပွဲ အခမ်းအနားပါ။ ဒီနေ့ပြီးသွားရင် အိမ်ထောင်ရေးကိစ္စ ဆွေးနွေးပြောဆိုလို့ ရသွားပြီ။ အဖေနဲ့အမေတို့က ဖန်းမိသားစုကို သဘောကျတယ်ဆိုတာ သမီး သိပါတယ်။ ဒါပေမဲ့ သမီးရဲ့ရင်ထဲမှာ သဘောကျတဲ့သူက လုဖေးပါ"

ရှန်းလူကြီးမင်း "..."

ရှမ်းသခင်မ "..."

သူတို့စိုးရိမ်နေတဲ့အရာက တကယ်ပဲ ရောက်လာခဲ့တာပဲ။

ရှန်းလူကြီးမင်းသည် ခေါင်းကိုက်သွားကာ သူ့လက်ကို ဆန့်လိုက်ပြီး နဖူးကိုပွတ်သပ်လိုက်ပြီးမှ သက်ပြင်းချလိုက်လေတော့သည်။ "လန်အာ အဖေက ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ လုမိသားစုက အရာရာကောင်းတယ်။ လုဖေးကလည်း သတ္တိရှိပြီးတော့ တည်ငြိမ်တဲ့သူ။ ဒါပေမဲ့ သူက စစ်သူကြီးတစ်ယောက် ခေါင်းဆောင်တစ်ယောက်။ အနှေးနဲ့အမြန် စစ်မြေပြင်ကို ထွက်ရမယ့်သူ။ တကယ်လို့ သမီးက သူ့ကို လက်ထပ်ခဲ့မယ် ဆိုရင် ညတိုင်းလွတ်နေတဲ့အခန်းကိုပဲ စောင့်ကြည့်နေရလိမ့်မယ်။ နေ့တိုင်းပဲ သူ့ရဲ့လုံခြုံရေးကို စိတ်ပူနေရတော့မှာ"

"သမီးရဲ့အဖေ ပြောတာ မှန်တယ်" ရှန်းသခင်မကလည်း စကားဝင်ပြောလိုက်သည်။ "ဒုတိယသခင်လေး ဖန်းကတော့ မတူဘူး။ သူက ဒီနှစ်နွေဦးမှာ တော်ဝင်စားမေးပွဲကို ဝင်ဖြေမှာ။ နံပါတ်တစ်ပညာရှင်အဖြစ် ရွေးချယ်ခံရမှာ သေချာတယ်။ နှစ်အနည်းငယ်လောက် ဟန်လင်းကျောင်းတော်မှာ နေပြီးသွားရင် အပြင်ဘက်မှာ ရာထူးကောင်းကောင်းတစ်နေရာ ရတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြို့တော်ထဲမှာ အရာရှိတစ်ယောက် လုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ တကယ်လို့ သမီးကသာ ဖန်းအိမ်တော်နဲ့ လက်ထပ်မယ်ဆိုရင် သမီးရဲ့ဘဝက သက်သောင့်သက်သာ ရှိနေလိမ့်မှာ"

လင်နှင့်မယားက အတိုင်အဖောက် ညီညီ ပြောဆိုနေကြပြီး တသံတည်း ထွက်လာကြလေသည်။ နားဝင်ချိုလွန်းလှသည် မဟုတ်ပါလား။

ဓားလှံများနှင့် လူသတ်နေရမည့် စစ်သူကြီးတစ်ယောက်ကို အဘယ်ကြောင့် လက်ထပ်ရပါမည်နည်း။

ရှန်းလန်က ခေါင်းကိုမော့လာကာ သူမ၏ မျက်လုံးများကလည်း ကြည်လင်ပြီး ပြတ်သားလို့နေသည်။ "သမီး သိပါတယ်။ အဖေတို့အားလုံးက သမီးအတွက် စဉ်းစားပေးနေတာပါ။ ဒါပေမဲ့ သမီးက သမီးနှစ်သက်တဲ့သူကိုပဲ ပိုပြီးတော့ လက်ထပ်ချင်တယ်။ အခန်းလွတ်ထဲမှာ တစ်ယောက်တည်း နေရတာဖြစ်ဖြစ် နေ့ရောညပါ စိုးရိမ်ပူပန်နေရတာပဲဖြစ်ဖြစ် သမီး ဆန္ဒရှိပါတယ်"

ရှန်းလူကြီးမင်းမှာ ပိုလိုပင် မျက်မှောင်ကြုတ် သွားလေတော့သည်။ "လန်အာ သမီးက ဒါတွေကို နားလည်ဖို့ အရမ်းငယ်ပါသေးတယ် ..."

"သမီး အားလုံးသိပါတယ်" ရှန်းလန်က ပါးစပ်ကို ဖွင့်ဟလိုက်ကာ အဖေဖြစ်သူ၏စကားကို ဖြတ်ပြောလိုက်လေသည်။ "အဖေ့သမီးက အရေးကိစ္စတွေကို နားမလည်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ ဒီရွေးချယ်မှုက ဘာအဓိပ္ပာယ်လဲ ဆိုတာကိုလည်း သိပါတယ်"

"အဖေက သမီးကို အမြဲတမ်း ချစ်မြတ်နိုးလာခဲ့တာ။ အဖေက သမီးဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သမီးရဲ့အမြင်ကို လက်ခံပေးမယ်လို့ ယုံကြည်ပါတယ် !"

သမီးဖြစ်သူ၏ စိတ်အားထက်သန်နေသည့် မျက်နှာကို ရင်ဆိုင်ရသည်တွင် ရှန်းလူကြီးမင်းသည် တည်တည်ငြိမ်ငြိမ် နောက်ဆုတ် ပေးလိုက်တော့သည်။

ရှန်းသခင်မကြီးကတော့ ဖျောင်းဖျလေတော့၏။ "လန်အာ ဒါက သမီးထင်သလို လင်မယားဘဝနဲ့ပဲ နေရတဲ့ပုံစံလောက် ရိုးရှင်းတာ မဟုတ်ဘူး။ လင်မယား နှစ်ယောက်ဆိုတာ လူနေမှုပုံစံချင်း ဆင်တူရမယ်။ ဝါသနာတူရမယ်။ စိတ်နေ သဘောထားခြင်းလည်းတူရမယ်။ အရေးအကြီးဆုံးကတော့ ..."

ရှန်းလန်သည် အမေဖြစ်သူကို ကြည့်ကာ တိုးတိုးလေးပြောလိုက်၏။ "အမေ တစ်ခါတုန်းက အမေသမီးကို ပြောခဲ့ဖူးပါတယ်။ ဟိုတုန်းက လူတွေအများကြီးက မင်္ဂလာကိစ္စ လာပြီးတော့ အဆိုပြုကြတယ်။ အဖေရဲ့ နောက်ခံမိသားစုက သိပ်ပြီးတော့ မကောင်းလှဘူး။ သူ့ရဲ့ရုပ်ရည်ကလည်း သာမာန်ပဲ။ အဘိုးနဲ့ အဘွားတို့ကလည်း ဒီမင်္ဂလာပွဲကို လက်မခံချင်ခဲ့ကြဘူး။ အမေက ဒီမင်္ဂလာပွဲကို ဘာဖြစ်လို့ ဇွတ်တိုးပြီးတော့ ပြုလုပ်ခဲ့တာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ အမေနဲ့အဖေတို့က ကလေးဘဝကတည်းက အချင်းချင်းသိလာပြီးတော့ အချင်းချင်းလည်း မေတ္တာရှိကြလို့လေ"

"တခြားသူတွေရဲ့ အမြင်မှာတော့ အမေက နှိမ့်ချပြီးတော့ လက်ထက်ခဲ့တာ။ ဒါပေမဲ့ ဒီနှစ်တွေမှာ သူ့ရဲ့အရည်အချင်းကို ပြသခဲ့တယ်။ အမေ့အပေါ်လည်း ညင်သာသိမ်မွေ့ပြီးတော့ စဉ်းစားတွေးတောပေးခဲ့တယ်။ ဟိုတုန်းက အမေ့ကို လှောင်ပြောင်သရော်ခဲ့ကြတဲ့ သူတွေထဲက ဘယ်သူကများ အမေရဲ့လက်ရှိဘဝထက် သာလွန်နေလို့လဲ"

ရှန်းသခင်မ "..."

ရှန်းသခင်မသည် ယခုအချိန်တွင်တော့ အလွန်နောင်တ ရသွားတော့သည်။ သူမသည် ဤအတိတ် အကြောင်းအရာများကို သမီးဖြစ်သူအား မပြောပြခဲ့သင့်ချေ။

ရှန်းလန်က ဆက်ပြောလာခဲ့၏။ "အဖေနဲ့အမေ စိုးရိမ်ပူပန်နေတာက လုမိသားစုက စစ်သူကြီးမျိုးရိုး ဖြစ်နေလို့ပဲ။ လုဖေးက တိုက်ပွဲဝင်ရမှာ။ ဒါက နည်းနည်း အန္တရာယ်ရှိတယ်။ တကယ်တမ်းကျတော့ ရုံးတော်ထဲမှာ အရာရှိလုပ်ရတာကလည်း စွန့်စားရတာပဲလေ။ အများအကျိုးကို မေ့လျော့ပြီး အာဏာကို အလွဲသုံးစားလုပ်ရင် ထောင်ကျနိုင်သေးတယ်"

"လူတစ်ယောက်က နင်မှာစိုးလို့ဆိုပြီး အစားမစားဘဲ နေလို့တော့ မဖြစ်ဘူး မဟုတ်လား !"

ရှန်းလူကြီးမင်းမှာ သူ့နဖူးကို တစ်ဖန် ပွတ်သပ်လိုက်ရတော့သည်။ "ဟုတ်ပါပြီ။ အခုလောလောဆယ် ဒီအကြောင်း မပြောသေးနဲ့အုံး။ ဒီလိုအရေးကြီးတဲ့ ကိစ္စကို သမီးအဖေနဲ့အမေ သေသေချာချာလေး စဉ်းစားပေးဖို့ အချိန်လေးပေးဦး"

"ဒါ့အပြင် လုမိသားစုကလည်း မင်္ဂလာကိစ္စ လာပြီးကမ်းလှမ်းမှာ မဟုတ်သေးဘူး။ ဒီအချိန်မှာ ဒီကိစ္စတွေကို ဆွေးနွေးနေတာက အပိုပဲ"

ရှန်းလန်၏ မျက်လုံးများမှာ လင်းလက်သွားလေတော့သည်။ "အဖေ့သဘောက လုမိသားစုက လာပြီးမင်္ဂလာကိစ္စ ကမ်းလှမ်းမယ်ဆိုရင် အဖေက ခေါင်းငြိမ့်ပြီးတော့ ဒီမင်္ဂလာပွဲကို သဘောတူမယ်ပေါ့နော်"

ဒီစကားက ဘာဖြစ်လို့ နည်းနည်းမှားနေသလို ဖြစ်နေတာလဲ။

ရှန်းလူကြီးမင်းသည် သူ၏နှုတ်ခမ်းထောင့်ကို ပင့်ထားလိုက်ပြီး သူ့မျက်လုံးများကလည်း ရှန်းလန်၏ မျှော်လင့်တကြီး မျက်နှာကို ဝေ့ဝဲကာ ကြည့်လိုက်၏။ "အဖေ ဒီကိစ္စကို စဉ်းစားလိုက်ဦးမယ်"

ရှန်းလန်က ရှန်းသခင်မကို ကြည့်လိုက်လေသည်။

သမီးဖြစ်သူ၏ တောင်းပန်တိုးလျှိုးနေသည့် မျက်နှာကို ရင်ဆိုင်ရသည်တွင် ရှန်းသခင်မကြီးသည်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ သတ်ပြင်းရှည်ကြီး တစ်ချက်သာ ချမိတော့သည်။

"ဒီကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ။ သမီး အမေတို့ကို ရက်နည်းနည်းလောက်တော့ စဉ်းစားခွင့်ပေးမှဖြစ်မယ်"

ရှန်းလျန်သည် စိုးရိမ်မှုအပြည့်ဖြင့် ရောက်လာပြီး ပျော်ရွှင်မှုအပြည့်ဖြင့် ပြန်ထွက်သွားတော့၏။

နောက်တွင် ကျန်ရစ်ခဲ့ကြသည့် ရှန်းလူကြီးမင်းတို့ လင်မယားနှစ်ယောက်ကတော့ အချင်းချင်း ကြည့်လိုက်ကြကာ သက်ပြင်းချမိလေတော့သည်။

မိန်းကလေးတစ်ယောက် အရွယ်ရောက်လာပြီဆိုရင်လည်း လက်ထပ်ပေးရမှာပေါ့လေ !

"သခင်ကြီး အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ" ရှန်းသခင်မက မျက်မှောင်ကြုတ်ကာ မေးလာတော့၏။

ရှန်းသခင်ကြီးကတော့ တည်ငြိမ်သွားပြီဖြစ်ကာ "နောက်ကျနေပါပြီ။ အရင်ဆုံး အနားယူလိုက်ကြအုံး။ ဒီကိစ္စကိုတော့ အခုလောလောဆယ် ခဏဘေးချိတ်ထားလိုက်ဦးမယ်"

...

စိတ်ပူပန်မှုများ အပြည့်ဖြစ်နေသည့် လူကြီးမင်းရှန်းနှင့် သခင်မှရှန်းတို့သည် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။ နောက်တစ်နေ့ မနက်ခင်းတွင် သူတို့နှစ်ယောက်စလုံးသည် မျက်ကွင်းများ ညိုမည်းနေတော့၏။ လင်မယားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြကာ ခါးသက်စွာ ရယ်မောမိတော့သည်။

ရှန်းသခင်ကြီးသည် အားတင်းထားကာ ရုံးတော်တက်ဖို့ရန် ပြင်ဆင်တော့၏။

ခြေလှမ်း မလှမ်းရသေးခင်မှာပင် တံခါးစောင့်က အလျင်စလို လာရောက်သတင်းပို့လေသည်။ "သခင်ကြီး ရှင်းယန်ဝမ်နဲ့ ဒုတိယသခင်လေးတို့ ရောက်လာပါတယ်"

လူကြီးမင်းရှန်း "..."

ရှန်းသခင်မ "..."

ဒါကအရမ်း မြန်လွန်းမနေဘူးလား !

သမီးဖြစ်သူရဲ့ ဆံထိုးတင်ပွဲက အခုလေးတင်မှ ပြီးသွားတာလေ။ တစ်ရက်လေးတောင်မှ မစောင့်နိုင်တော့ဘူးတဲ့လား။

ရောက်လာတဲ့သူကလည်း ဧည့်သည်ဆိုတော့လည်း ငြင်းပယ်လို့ မဖြစ်ပြန်ဘူး။

လူကြီးမင်းရှန်းသည် ထရပ်ကာ အရေးကြီး ဧည့်သည်များကို နှုတ်ဆက်ရတော့သည်။ တစ်ဆက်တည်းမှာပင် ရုံးတော်သို့ လူလွတ်ကာစာပို့ပြီး ခွင့်တစ်ရက် ယူလိုက်ရလေ၏။

ပင်မတံခါးသို့ ရောက်လာသည်တွင် အိမ်ရှင်နှင့် ဧည့်သည်တို့သည် တွေ့ဆုံကြလေသည်။

အငယ်တစ်ယောက်အနေဖြင့် လုဖေးက ဦးစွာအရိုအသေ ပြုရပေမည်။ တစ်ချက် ဦးညွှတ်လိုက်သည်တွင် မြေကြီးနှင့်ပင် ထိလုမတတ် ဖြစ်သွားတော့၏။ "လုဖေး ဦးလေးနဲ့ ဒေါ်ဒေါ်တို့ကို နှုတ်ဆက်ပါတယ်"

ဒီနေ့လက်ထပ်ဖို့ ခွင့်တောင်းဖို့ လာတာဆိုတော့ လုံ့လဝီရိယရှိသင့်တယ် မဟုတ်လား။

လုလင်းသည် သူ၏ချောမောပြီး ခန့်ညားလှသည့် မျက်နှာကို ဖော်ထုတ်ဖို့ရန် တမင်တကာ မုတ်ဆိတ်မွေးများ ရိပ်ထားလေသည်။ ယနေ့တွင် အဝတ်အစား အသစ်တစ်စုံကို တမင်တကာ ဝတ်ဆင်ထားပြီး ကိုယ်နေဟန်ထားမှာလည်း မားမားမတ်မတ် ခန့်ညား ရင့်ကျက်နေတော့သည်။

လုဖေးသည်လည်း စိတ်အားထက်သန်သည့် ချောမောခန့်ညားသော လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ အရှိန်အဝါ ကြီးလွန်လှသည့် မွေးစားအဖေ၏ နောက်တွင်တော့ ချက်ချင်းဆိုသလို နို့နံ့မစင်သေးသည့် ကောင်လေးတစ်ယောက် ဖြစ်သွားလေသည်။

သူတို့ကို လာရောက်တွေ့ဆုံသည့် ရှန်းသခင်မကြီးမှာ မနေနိုင်တော့ဘဲ လုလင်းကို အကြိမ်ကြိမ်အခါခါ ကြည့်နေမိ၏။

ယောက်ျားတွေက မိန်းမလှလေးတွေကို ကြည့်ရတာ သဘောကျကြတာပဲ။

အဲဒီလိုပဲ အမျိုးသမီး တစ်ယောက်ကလည်း ချောမောခန့်ညားတဲ့ ယောက်ျား တစ်ယောက်ကို တွေ့တဲ့အခါ နှစ်ခါတော့ ပြန်လှည့်ကြည့်မှာပဲလေ။

ရှန်းလူကြီးမင်းသည် သူ၏ချစ်လှစွာသော ဇနီးသည်ကို လှမ်းကြည့်လိုက်ပြီး အသံတိတ် ရှေ့သို့တစ်လှမ်း လှမ်းလိုက်ကာ ဇနီးဖြစ်သူ၏ မြင်ကွင်းကို တမင်တကာရော မတော်တဆပါ ပိတ်ဆီးထားလိုက်ပြီး ပြုံးရင် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်တော့သည်။

"ရှင်းယန်ဝမ် ရောက်လာတာပဲ။ အိမ်တော် တစ်ခုလုံးကတော့ လင်းလက်သွားပါရဲ့ !"

လုလင်းကလည်း လက်နှစ်ဖက်ဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောကာပြောလေသည်။ "လူကြီးမင်းရှန်း ကျွန်တော် ရုတ်တရက် ရောက်လာတာကို စိတ်မဆိုးရင် ဟုတ်ပါပြီ"

ရှန်းသခင်မသည် အပြင်ဘက်သို့ အနည်းငယ် ရွှေ့လိုက်ကာ နွေးထွေးစွာ ပြုံးပြလိုက်၏။ "ရှင်းယန်ဝမ်ကလည်း အားနာတတ်ရန်ကော။ ပင်မခန်းထဲကို ဝင်ပြီးမှ စကားပြောကြပါ !"

လူကြီးမင်းရှန်းသည် ချောင်းဟန့်လိုက်ကာ တစ်ဖန် ကိုယ်ကိုရွှေ့လိုက်ပြီး သခင်မရှန်း၏ မြင်ကွင်းကို ပိတ်ဆို့ထားလေသည်။ "ရှင်းယန်ဝမ် ကျေးဇူးပြုပြီးတော့ အတွင်းကိုကြွပါ"

ရှန်းသခင်မ "..."

...

All Chapters