ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တာပါ
Vol. 15 Ch. 142
နေ့ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် စစ်မိသားစုရဲ့ နေထိုင်မှုပုံစံကို ဖြည်းဖြည်းချင်း အသားကျလာပြီး မိသားစုဝင်တွေရဲ့ စိတ်နေသဘောထားတွေကို သိရှိလာကြသည်။
တတိယဘိုးဘိုးက တကယ်ပဲ ဟေးစန်းကို အခက်တွေ့အောင် မလုပ်ခဲ့ပါဘူး။ အနည်းဆုံးတော့ ဟေးစန်းကို "စာပေပညာရှင် ဝက်ဝံ" အဖြစ် ပြောင်းလဲပစ်ဖို့တော့ မရည်ရွယ်ပါဘူး။
လူကြီးက နေ့တိုင်း မနက် သတ်မှတ်ထားတဲ့ အချိန်မှာ ဟေးစန်းကို စာကြည့်တိုက် ခေါ်ပြီး ၂ နာရီတိတိ စာသင်ပေးရုံပါပဲ။ ကျန်တဲ့အချိန်တွေမှာ ဟေးစန်း ကြိုက်တာ လုပ်ခွင့်ရှိသည်။
ဒါပေမဲ့ ဟေးစန်းကိုယ်တိုင်က နည်းနည်း စွဲလမ်းသွားသလို ဖြစ်နေသည်။
နေ့တိုင်း ပညာရှိဟန် ဖမ်းပြီး "ဒီစာပေပညာရှင်ကလေ..."၊ "စာပေအမှုန်အမွှားလေးတွေကလေ..." “တာအိုဆိုတာက စာပေရှုထောင့်အမြင်နဲ့ ကြည့်မယ်ဆိုရင် တယ်နက်နဲသကိုး အိမ်းးး”ဟုဆိုပြီး ပါးစပ်က မချတမ်း ပြောနေတတ်သည်။
စာပေသင်ကြားမှုအပြင် သူတို့နှစ်ယောက် ကျင့်ကြံမှုဘက်မှာလည်း မပေါ့ဆကြပေ။
စစ်ချန်က ဘိုးဘေးနန်းတော်ကနေ ယူလာတဲ့ သလင်းကျောက် အပိုင်းအစကို ထုတ်ပေးပြီး သူတို့ကို လေ့လာစေသည်။
သလင်းကျောက် ပေါ်လာတာနဲ့ ဟေးစန်းနဲ့ ဟုန်ဖုန်းတို့ရဲ့ အမွေးတွေ ထောင်ထကုန်သည်။ ဒါက သူတို့ရဲ့ သွေးမျိုးဆက် အနက်ရှိုင်းဆုံး နေရာကနေ တုန်ခါလာတဲ့ ခံစားမှုမျိုး။
အတွင်းထဲမှာ ကျန်ရစ်နေတဲ့ မိစ္ဆာသူတော်စင် စွမ်းအား အကြွင်းအကျန်တွေက စစ်မှန်တဲ့ မိစ္ဆာမျိုးနွယ်တွေအတွက်တော့ ရိုးတွင်းခြင်ဆီနဲ့ အရွတ်တွေကို သန့်စင်ပေးတဲ့ မြင့်မြတ်ဆေးဝါး တစ်မျိုးလိုပါပဲ။
ဟေးစန်း ပထမဆုံးအကြိမ် ထိတွေ့လိုက်တော့ ဝက်ဝံတစ်ကောင်လုံး ပယင်းရောင် အလင်းစက်ဝန်းထဲ ရောက်သွားပြီး အရိုးတွေ တဂျွတ်ဂျွတ် မြည်ကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေရသည်။ ဒါပေမဲ့ နာကျင်မှု ပြီးသွားတာနဲ့ မကြုံစဖူး ကြည်လင်လန်းဆန်းမှုကို ခံစားလိုက်ရသည်။
ဟုန်ဖုန်းကတော့ ပိုတိုက်ရိုက်ကျသည်။ သလင်းကျောက်ကို ဖက်ပြီး သုံးရက်လုံးလုံး အိပ်ပျော်သွားသည်။ ပြန်နိုးလာတော့ သူ့ရဲ့ မိစ္ဆာစွမ်းအားတွေ သိသိသာသာ ခိုင်မာလာပြီး သူ့ဖင်က အမွေးမရှိတဲ့ နေရာမှာတောင် အမွေးနုလေးတွေ ပြန်ပေါက်လာပြီ။
နည်းနည်း ကျဲနေသေးပေမဲ့ အနည်းဆုံးတော့ ကွက်လပ်ကြီး မဟုတ်တော့ဘူးလေ။
တတိယဦးလေး စစ်ရွှေကလည်း ရံဖန်ရံခါ လာပြီး သူတို့ကို လေ့ကျင့်ပေးတတ်သည်။
သူ့တူလေးရဲ့ သူငယ်ချင်းတွေ ကျင့်ကြံမှု ခိုင်မာရဲ့လား ဆိုတာ စစ်ဆေးပေးတဲ့ အကြောင်းပြချက်နဲ့လက်ရည်စမ်းတယ်လို့ ခေါ်ပေမဲ့ တကယ်တမ်းကျတော့ မိစ္ဆာနှစ်ကောင် တဖက်သတ် အရိုက်ခံရတာပါပဲ။
သူက လက်သီးနဲ့ ထိုးတာကို ထိန်းထားပေမဲ့ ပါးစပ်ကတော့ လုံးဝ မညှာတာဘူး။
"ဝက်ဝံပုတ်... ဒီသိုင်းကွက်ကို ကြည့်ထား... နဂါးဂူထဲ တည့်တည့်ထိုးဖောက်ခြင်းကွ စာပေဆန်ရဲ့လား"
"ထိပ်ပြောင်ကျား... ဒီ မျောက်မုန်လာဥ ခိုးစားခြင်းသိုင်းကွက်က အဆုံးမဲ့ နက်နဲတယ်... သေချာ အရသာခံကြည့်"
မိစ္ဆာနှစ်ကောင် အကြီးအကျယ် နှိပ်စက်ခံရပေမဲ့ ရလဒ်တွေကတော့ လက်တွေ့ကျသည်။
သုံးလဆိုတဲ့ အချိန်တိုလေး အတွင်းမှာ သူတို့ရဲ့ ချီပင်လယ်ထဲက မိစ္ဆာအမြုတေတွေ ခိုင်မာကြီးထွားလာပြီး မိစ္ဆာစွမ်းအားတွေ တစ်ကိုယ်လုံး စီးဆင်းကာ စတုတ္ထအဆင့် တံခါးဝကို မြဲမြံစွာ ထိတွေ့မိနေပြီ ဖြစ်သည်... နေ့ရက်တွေက အလွန် အေးချမ်းခဲ့သည်။
အဲဒီ မနက်ခင်း မရောက်ခင် အထိပေါ့။
စစ်ချန်က ပုံမှန်အတိုင်း အမေဖြစ်သူကို ဂါရဝပြုဖို့ စင်္ကြံလမ်းအတိုင်း နောက်ဖေးခြံဝန်းဆီ လျှောက်လာသည်။
လမင်းတံခါးပေါက်ကို ကွေ့လိုက်တော့ သူ့အမေ ယဲ့ဖူ ဇရပ်ထဲမှာ ရပ်နေတာ တွေ့လိုက်ရသည်။
သူမက ကျောပေးထားပြီး လက်ထဲမှာ ရွှေရောင် အရာဝတ္ထုတစ်ခု ကိုင်ထားသည်။ ဖိတ်စာကတ်လိုလို၊ အဆောင်စာရွက်လိုလို တစ်ခုခု။
စစ်ချန် စကားပြောမလို့ လုပ်တုန်းမှာပဲ သူ့အမေရဲ့ လက်ချောင်းတွေက ညင်သာစွာ လှုပ်ရှားလိုက်တာ မြင်လိုက်ရသည်။
ရွှေရောင် အရာဝတ္ထုက သူမလက်ထဲမှာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး မနက်ခင်း လေပြေထဲ ပါသွားတော့သည်။
ယဲ့ဖူ မလှုပ်မယှက် ရပ်နေသည်။
စစ်ချန် သူ့အမေ ဒီလိုဖြစ်နေတာ တစ်ခါမှ မမြင်ဖူးပေ။
သူမက အမြဲတမ်း နူးညံ့ပြီး တည်ငြိမ်တယ်။ ဒေါသထွက်နေရင်တောင် ပြုံးနေတတ်တာ။ ဒါပေမဲ့ အခုအချိန်မှာ သူမရဲ့ မျက်နှာထားက နည်းနည်း အေးစက်နေသလိုပဲ။
"အမေ" စစ်ချန် လျှောက်သွားလိုက်သည်။
ယဲ့ဖူ သတိပြန်ဝင်လာသည်။ သူမမျက်နှာပေါ်က အေးစက်မှုတွေ ချက်ချင်း အရည်ပျော်ကျသွားပြီး နူးညံ့တဲ့ သခင်မစစ် ပြန်ဖြစ်သွားသည်။
သူမ လှည့်ကြည့်ပြီး စစ်ချန်ရဲ့ ခေါင်းကို ပုတ်လိုက်သည်။ "ချန်အာ ရောက်လာပြီလား"
"စောစောက ဟာက..." စစ်ချန် သူမရဲ့ ဗလာဖြစ်နေတဲ့ လက်ကို ကြည့်လိုက်သည်။
ယဲ့ဖူ ခဏတာ တိတ်ဆိတ်နေသည်။
သူမ သားဖြစ်သူကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ပြောစရာတွေ အများကြီး ရှိနေပေမဲ့ ဘယ်က စပြောရမှန်း မသိသလို ဖြစ်နေပြီး နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ပဲ ချလိုက်သည်။
"အတိတ်က ကိစ္စတချို့ပါ..."
သူမ ပြုံးလိုက်ပေမဲ့ နည်းနည်း အသက်မပါသလိုပဲ။ "နောင်တစ်ချိန် အခွင့်အရေး ရရင် အမေ ပြောပြပါ့မယ်"
စစ်ချန် ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ပေ။ သူ့အမေ ပြောချင်ပုံမရမှန်း သူ ရိပ်မိသည်။
ညနေကျတော့ အဖေဖြစ်သူ စစ်ခိုင် ပြန်ရောက်လာသည်။ သူ့မျက်နှာထားလည်း နည်းနည်း ရှုပ်ထွေးနေသည်။
ထမင်းစားပွဲမှာ သူ့မိဘတွေ ရံဖန်ရံခါ အကြည့်ချင်း ဖလှယ်ကြပေမဲ့ ဘယ်သူမှ နေ့လယ်က ကိစ္စကို မပြောကြပေ။
စစ်ချန်လည်း မမေးပေ။
တိတ်တဆိတ် ထမင်းစားပြီး မိဘတွေနဲ့ ခဏ စကားပြောကာ ကိုယ့်ခြံဝန်းဆီ ပြန်လာခဲ့သည်။
ကိစ္စပြီးသွားပြီလို့ သူ ထင်ခဲ့တာ။
သုံးရက်အကြာအထိပေါ့... စစ်ချန်က ခြံဝန်းထဲမှာ ဟေးစန်းနဲ့ ဟုန်ဖုန်းတို့ လက်ရည်စမ်းနေတာကို ထိုင်ကြည့်နေသည်။
ဟေးစန်းက ဝက်ဝံလက်ဝါးတွေနဲ့ လေတိုးသံတွေ ထွက်အောင် ရိုက်နှက်နေပြီး "ကြောင်အိုကြီး... ဒီသိုင်းကွက်ကို ကြည့်ထား ဒါက... စာပေပညာရှင်ရဲ့ အမျက်ဒေါသ" လို့ ရေရွတ်ဖို့ မမေ့ပေ။
"စာပေပညာရှင်က ငါ့ဖင်ပဲ" ဟုန်ဖုန်းက လက်သည်းနဲ့ ကုတ်လိုက်သည်။
သူ စိတ်ဝင်တစား ကြည့်နေတုန်း သိုလှောင်လက်စွပ်ထဲက ဆက်သွယ်ရေး အဆောင် လင်းလက်လာသည်။
အဲဒါက ကျိုးယန် အတင်း ထိုးပေးလိုက်တဲ့ အဆောင်ပဲ။ အဲဒီတုန်းက ကျိုးယန် ပြောခဲ့တာက "တာအိုမိတ်ဆွေစစ်ချန်... အဆက်အသွယ် မပြတ်စေနဲ့နော် ကိစ္စ ရှိရှိ မရှိရှိ စာပို့လို့ ရတယ်" တဲ့။
ဒါပေမဲ့ သူ့မျက်လုံးတွေက ပဲနီလေးဆီကနေ မခွာနိုင်ခဲ့ဘူး။
စစ်ချန် အဆောင်ကို အသက်သွင်းလိုက်သည်။
ကျိုးယန်အသံ ချက်ချင်း ထွက်ပေါ်လာသည်။
"တာအိုမိတ်ဆွေစစ်ချန် ချင်းရွှမ်အဆင့် ထိပ်ဆုံးနေရာ ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် နံပါတ်တစ်ကြီး"
ဟန်ဆောင် ဂုဏ်ပြုစကား ပြောပြီးတာနဲ့ သူ့အသံက ပိုကျယ်လာသည်။
"ပဲနီလေး ရှိလား။ သူ့ကို ငါ့အသံ ကြားခိုင်းလိုက်ပါဦး ကျိ... ကျိ ကျိ... ကျိ"
သူ ပြောလို့ ပြီးပြီးချင်း တစ်ဖက်ကနေ "ဖြောင်း" ဆိုတဲ့ အသံ ထွက်လာသည်။ ခေါင်းနောက်စေ့ကို ရိုက်လိုက်တဲ့ အသံလိုပဲ။
ကျိုးယန် "အား" ခနဲ အော်လိုက်သည်။ "ရှဲ့ချန်ရှင်း... မင်း ဘာလုပ်တာလဲ"
ရှဲ့ချန်ရှင်းအသံ ဖြတ်ဝင်လာသည်။ ကူကယ်ရာမဲ့တဲ့ လေသံ ပါဝင်နေသည်။ "လိုရင်းကို ပြောစမ်းပါ"
"အော်... ဟုတ်သားပဲ... လိုရင်း... လိုရင်း"
ကျိုးယန် လည်ချောင်းရှင်းလိုက်သည်။ "တာအိုမိတ်ဆွေစစ်ချန်... အလယ်ပိုင်းဒေသက မဟာယင် အင်ပါယာရဲ့ ဧကရာဇ်သစ် နန်းတက်ပွဲ ဖိတ်စာ ရပြီးပြီ မဟုတ်လား"
စစ်ချန် ကြောင်သွားသည်။ "ဖိတ်စာ"
"ဟုတ်တယ်လေ... ရွှေရောင် နောက်ခံနဲ့ အစိမ်းရောင် အကွက်တွေ ပါတဲ့ဟာ။ အင်ပါယာရဲ့ ကျောက်စိမ်းတံဆိပ်တုံး ထုထားတဲ့ဟာလေ"
ရှဲ့ချန်ရှင်း ဝင်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ဒေသအသီးသီးကို ပေးပို့ထားပြီးသား ဖြစ်မှာ။ ချင်းရွှမ်အဆင့် ထိပ်ဆုံး ဆယ်ယောက် ဝင်တဲ့သူတိုင်း ရသင့်တယ်။ မင်းက ထိပ်ဆုံးမှာ ဆိုတော့ ယုတ္တိအရ..."
သူ ခဏရပ်ပြီး သံသယပါတဲ့ လေသံနဲ့ မေးလိုက်သည်။
"မင်း... မရဘူးလား"
ဟိုတစ်နေ့က သူ့အမေ မီးရှို့ပစ်လိုက်တဲ့ ရွှေရောင် အရာဝတ္ထုစစ်ချန်ခေါင်းထဲ ချက်ချင်း ပေါ်လာသည်။
...အဲဒါများလား။
"မရဘူး" သူ ဖြေလိုက်သည်။
ဆက်သွယ်ရေး အဆောင် တစ်ဖက်ခြမ်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသည်။
"ထူးဆန်းတယ်..."
ရှဲ့ချန်ရှင်း ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ "မဖြစ်သင့်ပါဘူး..."
သူ စစ်ချန်အကြောင်း ပြန်လေ့လာကြည့်ဖူးသည်။ ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ စစ်မျိုးရိုးအကြောင်း အနည်းအကျဉ်းပဲ ပါတယ်။ တစ်ခုတည်းသော မှတ်တမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက "တတိယဦးလေး" ဆိုတဲ့ အမည်ဝှက်ကျင့်ကြံသူတစ်ယောက် ချင်းရွှမ်အဆင့် ထိပ်ဆုံး ရောက်ခဲ့ဖူးတယ် ဆိုတာပဲ။
စာသားထဲမှာ အဲဒီ စီနီယာ အကြောင်း ဝါးတားတားပဲ ပါတယ်။ ဂိုဏ်းအကြီးအကဲတွေကလည်း ဒီအကြောင်း သိပ်မပြောချင်ကြဘူး။
ရှဲ့ချန်ရှင်းအမြင်အရတော့ အဲဒါက နက်နဲတဲ့ အုတ်မြစ်ရှိတဲ့ ဖုံးကွယ်ထားသော မိသားစုတစ်ခု ဖြစ်မှာ သေချာသည်။
ဒီလို နောက်ခံမျိုး ရှိပြီး လက်ရှိ ချင်းရွှမ်အဆင့် ပထမနေရာ ရထားသူကို မဟာယင် အင်ပါယာက လျစ်လျူရှုစရာ အကြောင်းမရှိပေ။
ဒါပေမဲ့ သူ ချက်ချင်း ထပ်ပြောလိုက်သည်။
"ထားလိုက်ပါတော့... မရဘူးဆိုရင်လည်း မရဘူးပေါ့။ တကယ်တော့ ဒီစာပို့ရတာက တာအိုမိတ်ဆွေစစ်ချန်ကို မေးချင်လို့ပါ... မဟာယင် ဧကရာဇ်သစ် နန်းတက်ပွဲက နောက်ထပ် ၆ လ နေရင် ကျင်းပမှာ။ ငါတို့နဲ့အတူ အလယ်ပိုင်းဒေသကို လိုက်ခဲ့မလား"
စစ်ချန် ခဏတာ တိတ်ဆိတ်သွားသည်။
အလယ်ပိုင်းဒေသ အကြောင်း သူ သိသည်။ အရှေ့ပိုင်းဒေသနဲ့ လုံးဝ မတူဘဲ ဧကရာဇ်စနစ်နဲ့ အုပ်ချုပ်တဲ့ နေရာလို့ ပြောကြသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကတော့ ပန်းပေါင်းတစ်ရာ ပွင့်လန်းခဲ့ပေမဲ့ အခုတော့ အင်ပါယာ သုံးခုပဲ ကျန်တော့သည်။
ကျိုးယန်အသံလည်း လေးနက်လာသည်။ "မဟာယင် အင်ပါယာက ဒီရာစုနှစ်တွေအတွင်း ပိုပိုပြီး စွမ်းအားကြီးလာတယ်။ ကျန်တဲ့ အင်ပါယာ နှစ်ခုကိုတောင် အသက်ရှူမဝအောင် ဖိအားပေးနေပြီ။ ဒီဘက် အရှေ့ပိုင်းဒေသမှာ ဘယ်သူမှ အင်အားစု တစ်ခုတည်းက ကြီးစိုးတာကို မမြင်ချင်ကြဘူး"
"ပြီးတော့ ဒီဧကရာဇ်သစ်က... ကျွတ်... သူ့နည်းလမ်းတွေက သာမန် မဟုတ်ဘူး။ ငါတို့ ဂိုဏ်းတွေ အကုန်လုံး အခြေအနေ သွားကြည့်ဖို့ လူလွှတ်ရတော့မှာ"
ရှဲ့ချန်ရှင်း ဖြည့်စွက်ပြောလိုက်သည်။ "ဒီခရီးစဉ်က ဂုဏ်ပြုဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်ထားပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိကြတယ်။ မင်း ငါတို့နဲ့ လိုက်ခဲ့ရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
စစ်ချန် ချက်ချင်း မဖြေပေ။
အဲဒီနေ့က သူ့အမေရဲ့ မျက်နှာထား၊ သူ တစ်ခါမှ မမြင်ဖူးတဲ့ အေးစက်မှုတွေကို သူ ပြန်စဉ်းစားမိသည်။
သူ့အဖေရဲ့ ရှုပ်ထွေးတဲ့ မျက်နှာထားကိုလည်း ပြန်စဉ်းစားမိသည်။
ဒီမဟာယင် အင်ပါယာက သူ့မိသားစုနဲ့ တစ်နည်းနည်း ပတ်သက်နေပုံရသည်။
"တာအိုမိတ်ဆွေစစ်ချန် ဟယ်လို ဟယ်လို ကြားရလား"
ကျိုးယန် တစ်ဖက်ကနေ ခဏစောင့်ပြီး စမ်းသပ်မေးမြန်းလိုက်သည်။
"ငါ လိုက်မယ်" စစ်ချန် ပြောလိုက်သည်။
ဆက်သွယ်ရေး အဆောင် တစ်ဖက်ခြမ်းက သက်ပြင်းချသံ ကြားလိုက်ရသည်။
"ကောင်းလိုက်တာ"
ကျိုးယန်အသံ ပြန်လည် တက်ကြွလာသည်။ "ဒါဆို နောက်ထပ် သုံးလနေရင် အရှေ့ပိုင်းဒေသရဲ့ နယ်နိမိတ် ဂိတ်မှာ တွေ့ကြမလား။ အဲဒီကနေ မဟာယင် နေပြည်တော်ကို ရောက်ဖို့ နောက်ထပ် တစ်လလောက် ကြာလိမ့်မယ်"
"ကောင်းပြီ" စစ်ချန် ပြောလိုက်သည်။
"ဒါဆို သဘောတူလိုက်ပြီနော် အော်... ပြီးတော့ ပဲနီလေးကို ခေါ်လာဖို့ မမေ့နဲ့နော် ငါ ပြင်ဆင်ထားတာတွေ ရှိတယ်..."
သူ စကားမဆုံးခင်မှာပဲ ဆက်သွယ်ရေး အဆောင် မီးမှိတ်သွားသည်။ ...ညဉ့်နက်နေပြီ ဖြစ်သော်လည်း စာကြည့်ခန်း မီးလင်းနေဆဲပင်။
စစ်ခိုင် လက်ထဲက စာလိပ်ကို ချလိုက်ပြီး ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့ ယဲ့ဖူကို ကြည့်လိုက်သည်။
သူမက ပြတင်းပေါက် အပြင်ဘက်က နက်မှောင်တဲ့ ညကောင်းကင်ကြီးကို ငေးကြည့်ရင်း အတွေးနယ်ချဲ့နေသည်။
"မင်း တကယ်ပဲ သူ့ကို မပြောပြတော့ဘူးလား" စစ်ခိုင် မေးလိုက်သည်။
ယဲ့ဖူ သတိပြန်ဝင်လာပြီး အကြာကြီး တိတ်ဆိတ်နေသည်။
နောက်ဆုံးတော့ သူမ ခေါင်းခါလိုက်သည်။ "မလိုပါဘူး"
သူမ လှည့်လာပြီး ခင်ပွန်းသည်ကို ကြည့်လိုက်သည်။ ဖိတ်စာ မီးရှို့တဲ့နေ့က မျက်နှာပေါ်မှာ ရှိခဲ့တဲ့ အေးစက်မှုတွေ ပြန်ပေါ်လာသည်။
"အဲဒီနေရာက..."
"ကျွန်မအတွက်တော့...အိမ် မဟုတ်တော့တာ ကြာပြီ"