← Chapters

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း (၁၁၂၆) - မျိုးနွယ်စုခေါင်းဆောင် ရာထူးလွှဲပြောင်းခြင်း

"ဒါပေမဲ့... ဒီလူငယ်က သူတို့အကုန်လုံးကို တစ်ယောက်တည်း သုတ်သင်ပစ်ခဲ့တယ်၊ သူ့ရဲ့ အစွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ တွေးကြည့်လို့ရပါတယ်"

ကျုံးအန်းအန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောသည်။

"အဲ့တာတစ်ခုတည်းဆိုရင် တော်သေးတယ်၊ အဓိကပြဿနာက အစကနေ အဆုံးထိ သူ့ရဲ့ စိတ်နေသဘောထားနဲ့ ပင်ကိုယ်စရိုက်ကို ကျွန်မ လုံးဝ နားမလည်နိုင်တာပဲ"

"သူက မောက်မာပြီး လူသတ်ရာမှာ မျက်တောင်မခတ်ဘူး ဆိုပေမဲ့ ဘာမှမဆိုင်တဲ့ သူတစ်ယောက်အတွက်နဲ့ ရှေ့ထွက်ပြီး ရင်ဆိုင်ပေးရဲတယ်၊ သူက အေးစက်ပြီး ခပ်တန်းတန်းနေတတ်တယ် ဆိုပေမဲ့ တစ်ခါတစ်လေကျတော့ လူငယ်ယောက်လို ပြုမူတတ်ပြန်တယ်"

"ကျွန်မ နောက်ပိုင်းမှာ သူ့ကို တမင် ချဉ်းကပ်ပြီး စကားစမြည်ပြောကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး၊ ကျွန်မရဲ့ မြှောက်ပင့်စကားတွေ အကုန်လုံးက သူ့ရှေ့ရောက်တော့ လေထဲပျောက်ကွယ်သွားသလိုပါပဲ၊ ပြီးတော့ သူ့အကြည့်အောက်မှာ ကျွန်မကိုယ်ကျွန်မ လူပြက်တစ်ယောက်လို ခံစားရပြီး ကျွန်မရဲ့ အကြံအစည်တွေ အကုန်လုံးကို သူက ဖောက်ထွင်းမြင်နေရသလိုပဲ"

ထိုအကြောင်းကို ပြောချထန် ကျုံးအန်းအန်း အနည်းငယ် တုန်ရီသွားသည်။ သူမ၏မျက်နှာသည် ရွှယ်အန်း၏ အကြည့်များကို ပြန်လည်အောက်မေ့မိသည့်အခါ ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းလာသည်။

မုကုချင်းသည် တိတ်ဆိတ်နေမိသည်။

ကျုံးအန်းအန်းက နောက်ထပ် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းကာ လေးနက်စွာ ပြောလိုက်သည်။

"ဆရာသခင်... ဒီတစ်ကြိမ် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်နဲ့ တခြား အင်အားကြီး မိသားစုတွေ ပေါင်းစည်းထားကြပေမဲ့ သူတို့ကြားမှာ ရှုပ်ထွေးတဲ့ အကျိုးစီးပွား ပဋိပက္ခတွေ ရှိနေပါတယ်၊ အိပ်ရာတစ်ခုတည်း အတူအိပ်ပေမယ့် အိမ်မက်ချင်း မတူကြသူတွေလိုပါပဲ... သူတို့ တကယ် စိတ်ရင်းမှန်နဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အချင်းချင်း အပြန်အလှန် နှောင့်နှေးစေကြမှာ သေချာတယ်"

"ဒါကြောင့် ရွှယ်အန်း သေချာပေါက် နိုင်လိမ့်မယ်လို့ ကျွန်မ အာရုံရနေပါတယ်၊ ပြီးတော့ ကျွန်မတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ် အနေနဲ့လည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ပြီး ကြီးပွားတိုးတက်အောင် လုပ်ရပါမယ်"

မုကုချင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။

"ကောင်းပြီ... ဒါဆို နောက်တစ်ဆင့် ဘာလုပ်ဖို့ ပြင်ဆင်သင့်လဲ"

ကျုံးအန်းအန်းက ပြန်ဖြေသည်။

"ဆရာသခင်... ကျွန်မတို့ ကောင်းကင်မီးတောက် မျိုးနွယ်နဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပါပြီ၊ ချီရွှယ်ဖုန်းက တခြားအရည်အချင်း မရှိပေမဲ့ ပြဿနာရှာတဲ့နေရာမှာတော့ တော်တယ်၊ သူပြန်ရောက်သွားရင် ကောင်းကင်မီးတောက် မျိုးနွယ်က လူတွေ သေချာပေါက် လွှတ်လိုက်မှာပဲ၊ ဒါကြောင့် ကျွန်မတို့ အခုချက်ချင်း ကျိန်စာသင့်မြို့တော်ကို ပြောင်းရွှေ့တာ အကောင်းဆုံးလို့ ထင်ပါတယ်"

မုကုချင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"မင်း ဆိုလိုတာက... ထိုက်ယင်ရေကန်ကို ယာယီ စွန့်လွှတ်လိုက်မယ်ပေါ့"

ကျုံးအန်းအန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်၊ ဒီလိုလုပ်မှသာ ကျွန်မတို့ရဲ့ အင်အားကို ထိန်းသိမ်းထားနိုင်မှာပါ"

"ဒါပေမဲ့ အဲ့တာက အရမ်း အန္တရာယ်မများလွန်းဘူးလား၊ ထိုက်ယင်ရေကန်ရဲ့ အကာအကွယ်သာ ရှိရင် ဆယ်ရက်လောက်တော့ ငါတို့ တောင့်ခံထားနိုင်မှာ..."

မုကုချင်းသည် ပြောရင်းနှင့် အသံတိုးသွားကာ အဆုံးတွင် ကျုံးအန်းအန်း၏ ဆိုလိုရင်းကို သဘောပေါက်သွားလေသည်။ ကျုံးအန်းအန်းသည် မျက်လွှာချလိုက်ကယ ပြောလိုက်သည်။

"ဆရာသခင်... ကျွန်မက အမျိုးသမီး တစ်ယောက်ဖြစ်ပေမဲ့ ခြံစည်းရိုးပေါ် ခွထိုင်နေရင် ဒုက္ခရောက်တတ်တယ်ဆိုတာ သိပါတယ်၊ တကယ်လို့ ကျွန်မတို့ ထိုက်ယင်မျိုးနွယ်က ဒီအခွင့်အရေးကို ရယူချင်တယ်ဆိုရင် ရှိသမျှ အကုန်ပုံအောမှ ရပါမယ်၊ ဒီလိုလုပ်မှသာ ရွှယ်အန်းကို ကျွန်မတို့ရဲ့ ရိုးသားမှုကို ပြသရာ ရောက်မှာပါ"

မုကုချင်းသည် သူမ၏ အချစ်ဆုံးတပည့်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ခဏကြာမှ သူမ ခေါင်းညိတ်လိုက်သည်။

"ကောင်းလိုက်တဲ့ စကားပဲ၊ အန်းအန်း... ဒီနှစ်တွေအတွင်း နင် တော်တော် ရင့်ကျက်လာခဲ့ပြီပဲ၊ ဒီလိုဆိုရင်တော့ ငါလည်း စိတ်ချလက်ချ အနားယူလို့ ရပြီ"

ကျုံးအန်းအန်းက အံ့သြသွားသည်။

"ဆရာသခင်... ဘာပြောလိုက်တာလဲ"

သူမ စကားဆုံးသည်နှင့် တပြိုင်နက် အပြင်ဘက်မှ လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အကြီးအကဲ ရွှယ်ဟွင်း... တံခါး မဖွင့်သေးဘူးလေ၊ ဘာလုပ်ချင်နေတာလဲ"

ထို့နောက် နာကျင်စွာ အော်ဟစ်သံ အနည်းငယ် ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသောအခါ ကျုံးအန်းအန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။

သို့သော် မုကုချင်းမှာမူ ပိုမို တည်ငြိမ်နေပုံရသည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် စားပွဲအောက်တွင် ဝှက်ထားသော အလွန် သိမ်မွေ့သည့် ခိုးနားထောင်သော အဆောင်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။ ကျုံးအန်းအန်းက ချက်ချင်း နားလည်သွားသည်။

"ဆရာသခင်..."

မုကုချင်း၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေသည်။

"အန်းအန်း... ပြောတာ မှန်တယ်၊ ဒီရွှယ်ဟွင်းက တကယ်ပဲ မရိုးသားဘူး၊ နှမြောစရာကောင်းတာက ငါ နင့် စကားကို စောစောကတည်းက နားမထောင်ခဲ့မိတာပဲ၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းကနေ နှင်ထုတ်လိုက်သင့်တာ"

ဆရာနှင့် တပည့်နှစ်ယောက်သည် စကားပြောနေရင်းပင် အပြင်သို့ ပြေးထွက်သွားကြသည်။

ထိုအချိန်၌ တောင်စောင့် အစီအရင်ကို စောင့်ကြပ်ရန် တာဝန်ရှိသော တပည့်အများအပြား၏ ခန္ဓာကိုယ်များသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ တောင်စောင့် အစီအရင်သည်လည်း အပေါက်ကြီးတစ်ခု ဖြစ်ပေါ်ကာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ရွှယ်ဟွင်းသည် မုကုချင်းနှင့် ကျုံးအန်းအန်း ပြေးထွက်လာသည်ကို မြင်သောအခါ မထီမဲ့မြင် ပြုံးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... တောင်းပန်ပါတယ်၊ ရှင်က ကျိန်စာသင့်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ချင်ပေမဲ့ ကျွန်မကတော့ မသေချင်သေးပါဘူး၊ နှုတ်ဆက်ပါတယ်"

ထိုသိုြပြောပြီးသည်နှင့် သူမသည် တောင်စောင့် အစီအရင်မှတစ်ဆင့် ထွက်ပြေးရန် ပြင်လိုက်သည်။ ယခုအချိန်တွင် အကြီးအကဲများ အားလုံးသည် အခြေအနေကို သိရှိသွားကြပြီး အလျင်အမြန် ပြေးလာနေကြသည်။ သို့သော် သူမကို တားဆီးရန်အတွက်မူ အချိန်နှောင်းသွားခဲ့သည်။

ထိုအချိန်တွင် မုကုချင်းသည် သူမ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ လေထဲသို့ ပျံတက်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ အရှိန်အဟုန်ဖြင့် ရွှယ်ဟွင်း၏ ရှေ့သို့ ရောက်ရှိသွားကာ စူးရှစွာ အော်ဟစ်လိုက်သည်။

"ကျေးဇူးကန်းတဲ့ သစ္စာဖောက်..."

ထိုသို့ပြောပြီးသည်နှင့် မုကုချင်းသည် လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ သို့သော် ရွှယ်ဟွင်းသည် လုံးဝ ရှောင်တိမ်းခြင်း မရှိဘဲ သူမ၏ လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

ဘန်း...

လက်ဝါးနှစ်ဖက် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ရွှယ်ဟွင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း သူမသည် ထိုလက်ဝါးရိုက်ချက်၏ အရှိန်ကို အသုံးပြု၍ ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်သို့ တိုက်ရိုက် လွင့်ပျံ ထွက်ခွာသွားလေသည်။

ထို့နောက် သူမ၏ ဝင့်ကြွားသော အသံသည် အစီအရင် အပြင်ဘက်မှ ထွက်ပေါ်လာသည်။

"မုကုချင်း... ရှင့်ရဲ့ ကျင့်စဉ်လမ်းမှားပြီး မိစ္ဆာမီး လောင်ကျွမ်းနေတာကို ကျွန်မ ရိပ်မိနေတာ ကြာပြီ၊ အဲဒီလက်ဝါးက ကျွန်မကို မသတ်နိုင်ပါဘူး၊ အခု ရှင်ပဲ ဒဏ်ရာအကြီးအကျယ် ရသွားမှာပါ... ဟားဟားဟား"

သူမ စကားမဆုံးခင်မှာပင် မုကုချင်း၏ မျက်နှာထား အေးစက်သွားပြီး နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံ ရိုက်ထုတ်လိုက်လေသည်။ ထိုအခါ အလွန်အေးစက်သော ယင်စွမ်းအင်တစ်ခုသည် တောင်စောင့် အစီအရင်ကို ဖောက်ထွင်းပြီး အပြင်ဘက်သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားလေသည်။

ရွှယ်ဟွင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နာကြည်းသော အသံဖြင့် အော်ပြောလိုက်သည်။

"မုကုချင်း၊ ရှင်က ကျွန်မကို ခိုးတိုက်ရဲတယ်ပေါ့၊ စောင့်နေလိုက်ပါ... ကောင်းကင်မီးတောက် မျိုးနွယ်က သခင်ကြီးတွေ ရောက်လာရင် ရှင်တို့တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး"

ရွှယ်ဟွင်း၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အကြီးအကဲများနှင့် တပည့်များအားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ လေထဲတွင် ရှိနေသော မုကုချင်းသည် သွေးတစ်ပွက် အန်ချလိုက်ပြီး အောက်သို့ တည့်တည့် ပြုတ်ကျလာသည်ကို တွေ့လိုက်ရလေသည်။ လူတိုင်း တုန်လှုပ်သွားကြသည်။

"ဆရာသခင်..."

ကျုံးအန်းအန်း အော်ဟစ်လိုက်ပြီး လေထဲသို့ ပျံတက်ကာ သူမ၏ ဆရာသခင်ကို ဖမ်းထိန်းလိုက်သည်။ သူတို့နှစ်ယောင် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်နှင့် အကြီးအကဲများနှင့် တပည့်များသည် သတိပြန်ဝင်လာကြပြီး စိုးရိမ်တကြီး ဝိုင်းရံလိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်"

"သခင်မ..."

ခေါ်သံများ ဆူညံသွားလေသည်။ မုကုချင်းသည် ကျုံးအန်းအန်း၏ ပခုံးကို မှီထားပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကာ သူမ၏ ဝိညာဉ်စွမ်းအားများ အလွန်အမင်း အားနည်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ သို့သော် ထိုအခြေအနေတွင်ပင် သူမသည် ဝိုင်းရံနေသော လူအုပ်ကြီးကို လက်ကာပြလိုက်ပြီး အတင်းပြုံးပြလိုက်သည်။

"ဒီဘက်ကို မလာကြနဲ့၊ ငါ ဘာမှမဖြစ်ဘူး"

လူအုပ်ကြီး ရပ်တန့်သွားသော်လည်း သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ မုကူချင်းသည် ခေါင်းလှည့်ကာ ကျုံးအန်းအန်းကို ကြည့်လိုက်ပြီး တိုးညင်းစွာ ရယ်မောလိုက်သည်။

"အန်းအန်း... ဆရာ့ကို ဟိုဘက်နားမှာ ထိုင်ခိုင်းပါဦး၊ ပြောစရာ ရှိတယ်"

ကျုံးအန်းအန်းသည် မျက်ရည်များ ဝဲနေရာမှ နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်သည်။ ကျုံးအန်းအန်းက မုကုချင်းကို ရင်ပြင်ရှိ မြင့်သော စင်မြင့်ပေါ်တွင် တွဲကူ ထိုင်ခိုင်းပေးပြီးနောက် မုကုချင်းသည် ရှိနေသော အကြီးအကဲများနှင့် တပည့်များကို ဝေ့ဝဲကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"အားလုံး... ဒူးထောက်ကြ"

သူမ၏ အမိန့်ပေးသံနှင့်အတူ မည်သူမျှ တုံ့ဆိုင်းမနေဘဲ မြေကြီးပေါ်တွင် တညီတညွတ်တည်း ဒူးထောက်လိုက်ကြလေသည်။ မုကုချင်းက တိုးညင်းစွာ ပြောလိုက်သည်။

"အခု ငါ ပြောစရာ နည်းနည်းရှိတယ်၊ ပထမအချက်... ရွှယ်ဟွင်းက ငါတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို သစ္စာဖောက်ပြီး အဆက်အသွယ် ဖြတ်တောက်သွားပြီ၊ နင်တို့ အားလုံး သူ့ကို ရန်သူအဖြစ် သတ်မှတ်ပြီး ရှင်းလင်းပစ်ရမယ်"

"ဟုတ်ကဲ့ပါ..."

လူအုပ်ကြီးက ခေါင်းညိတ် နာခံလိုက်ကြသည်။

"ဒုတိယအချက်..."

မုကုချင်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ကျုံးအန်းအန်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ငါ့ခန္ဓာကိုယ် အခြေအနေက... မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူး၊ အခုကစပြီး... ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်ရာထူးကို ကျုံးအန်းအန်းဆီ လွှဲပြောင်းပေးလိုက်ပြီ"

ဤကြေညာချက်ကြောင့် ရှိနေသူအားလုံး တုန်လှုပ်အံ့သြသွားကြလေသည်။

အခန်း (၁၁၂၇) - ဒူးထက်ဝယ် ဓားတစ်လက်၊ တောင်ထက်ဝယ် လူတစ်ယောက်

လူများစွာသည် တုန်ရီသော အသံဖြင့် အော်ဟစ်လိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်..."

"မျိုးနွယ်စုခေါင်းဆောင်..."

ကျုံးအန်းအန်း ကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး အသံတိမ်ဝင်စွာဖြင့် ခေါ်လိုက်သည်။

"ဆရာသခင်... ကျွန်မ..."

မုကုချင်းက လက်ကာပြလိုက်သည် -

"အန်းအန်း... ဘာစကားမှ ထပ်မပြောနဲ့တော့၊ ငါ့ရဲ့ ဆုံးဖြတ်ချက်က အတည်ပဲ၊ ပြင်ဆင်စရာ အကြောင်းမရှိဘူး၊ အခုကစပြီး... နင်ဟာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ"

ကျုံးအန်းအန်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော်လည်း သူမသည် ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့ပါ..."

ထို့နောက် မုကုချင်းသည် ရှိနေသူ အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး တိုးညင်းစွာ မေးလိုက်သည်။

"မင်းတို့ အားလုံး ငါ့အမိန့်ကို ကြားကြရဲ့လား"

"ကြားပါတယ်..."

လူတိုင်း တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီး အများစုမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"ဒါဆိုရင်... မျိုးနွယ်စုခေါင်းဆောင် အသစ်ကို ဂါရဝပြုကြတော့"

မုကူချင်း၏ အသံသည် တဖြည်းဖြည်း ပိုမို အားနည်းလာသည်။ လူတိုင်းသည် ကျုံးအန်းအန်းဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်..."

သူတို့၏ အသံများထဲတွင် ရိုးသားသော လေးစားမှုများ ပါဝင်နေသည်။ ကျုံးအန်းအန်း၏ လူချစ်လူခင် များမှုကြောင့်သာ မဟုတ်ဘဲ ပို၍ အရေးကြီးသည့်အချက်မှာ ရာစုနှစ်ပေါင်းများစွာ ထိုက်ယင်မျိုးနွယ်ကို ဦးဆောင်ခဲ့သော မာကူချင်းအပေါ် ထားရှိသည့် လေးစားချစ်ခင်မှုများကြောင့် ဖြစ်သည်။ ယခု သူမသည် သူမ၏ အမွေအနှစ်ကို ဆက်ခံသူထံ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။

ထိုအချက်သည် လူတိုင်း၏ စိတ်နှလုံးတွင် ဝမ်းနည်းဝမ်းသာ ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ကျုံးအန်းအန်းသည် ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး လူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။

"အားလုံး ထကြပါ..."

ဤအချိန်၌ ကျုံးအန်းအန်းသည် နတ်ဘုရားဘုံ အသီးသီးရှိ အင်အားကြီး မျိုးနွယ်စုများအကြား အသက်အငယ်ဆုံး မျိုးနွယ်စုခေါင်းဆောင်အဖြစ် တရားဝင် ဂုဏ်ပြုခံလိုက်ရလေသည်။ ထိုအချိန် မုကုချင်းက တိုးညင်းစွာ ပြောလိုက်သည်။

"အန်းအန်း... မင်းက အခု မျိုးနွယ်စုခေါင်းဆောင် ဖြစ်သွားပြီဆိုတော့ မင်း အရင်က အကြံပြုထားတဲ့အတိုင်း လူတိုင်းကို ခေါ်ပြီး ဒီနေရာကနေ ကျိန်စာသင့်မြို့တော်ကို ထွက်ခွာသွားတော့"

ထိုစကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ကျုံးအန်းအန်းသည်လည်း အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ သူမသည် မထိန်းချုပ်နိုင်သော မျက်ရည်များဖြင့် ခေါင်းခါလိုက်သည်။

"ဆရာသခင်..."

မုကုချင်းက စူးရဲစွာ ကြည့်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းက ဘယ်လိုလုပ် ငိုယိုပြီး အော်ဟစ်နေရတာလဲ"

ကျုံးအန်းအန်းသည် ရင်ထဲမှ ဝမ်းနည်းမှုများကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်သော်လည်း ဆက်လက် တောင်းပန်နေမိသည်။

"ဆရာသခင်၊ အတူတူ သွားကြရအောင်လေ... နော်..."

မုကုချင်းသည် ခေါင်းခါပြီး ရယ်မောလိုက်သည်။

"မိုက်မဲလိုက်တဲ့ကောင်မလေး... ငါ့ခန္ဓာကိုယ် အခြေအနေကို မင်း မမြင်ဘူးလား၊ ဒီ ထိုက်ယင်ရေကန်ထဲမှာ ရှိနေလို့သာ အသက်ငွေ့ငွေ့လေး ရှင်နေတာ၊ ဘယ်လိုလုပ်ပြီး ထွက်ခွာလို့ ရနိုင်မှာလဲ"

ကျုံးအန်းအန်း၏ အသံသည် ဆို့နင့်သွားသည်။ မုကုချင်း ပြောသမျှ အားလုံး အမှနဖြစ်နေကြောင်း သူမ သိရှိသောကြောင့် ဖြစ်သည်။

ယခုအခါ မုကုချင်းသည် မီးစာကုန် ဆီခမ်း၍ ငြိမ်းခါနီး ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ ဖြစ်နေပြီး လေပြေအေးလေး တစ်ချက် တိုက်ခတ်လိုက်ရုံဖြင့် အသက်ပျောက်သွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။ မုကုချင်းသည် အောက်သို့ ငုံ့ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အန်းအန်း... လူတိုင်းကို ရှင်းပြလိုက်ပါ"

ကျုံးအန်းအန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက် သူမသည် နောက်လှည့်ကာ မုကုချင်းနှင့် ဆွေးနွေးထားသည့် အကြောင်းအရာများကို အားလုံးအား ပြန်လည်ပြောပြလိုက်သည်။ ထိုအကြောင်းများ ကြားပြီးနောက် လူတိုင်းသည် တိတ်ဆိတ်စွာ ဦးညွှတ်လိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်ရဲ့ နောက်ကို လိုက်ပါမယ်လို့ တပည့်တို့ ကတိသစ္စာ ပြုပါတယ်"

ကျုံးအန်းအန်းသည် လူတိုင်း တညီတညွတ်တည်း ဦးညွှတ်သည်ကို ကြည့်ကာ မျက်ရည်များကို အနိုင်နိုင် ထိန်းချုပ်နေရသည်။ သို့သော် မုကုချင်းကမူ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... အခု သွားကြတော့"

ကျုံးအန်းအန်းသည် စိတ်ကို မနည်း ထိန်းချုပ်ထားရပြီး သူမ၏ အသံများ တုန်ရီနေသည်။

"ဆရာသခင်..."

မုကုချင်းက ခေါင်းခါလိုက်ပြန်သည်။

"ငတုံးမလေး... မင်းရဲ့ ခံစားချက်ကို ဆရာ နားလည်ပါတယ်၊ ဒါပေမဲ့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ဒီနေရာမှာ နှစ်ပေါင်းတစ်သောင်းလောက် တည်ရှိခဲ့တာ၊ အခု ကပ်ဘေးကြုံတဲ့အချိန် ငါတို့အားလုံး ထွက်သွားကြမယ်ဆိုရင်... နှစ်ထောင်ပေါင်းများစွာ ကာကွယ်ပေးခဲ့တဲ့ ထိုက်ယင်ရေကန်ကို သစ္စာဖောက်ရာ မရောက်ဘူးလား"

"ဒါကြောင့်... မင်းတို့ သွားကြပါ၊ မင်းတို့ လွတ်မြောက်ဖို့ ငါ နောက်ကနေ ကာကွယ်ပေးထားမယ်"

မုကုချင်း၏ စကားကို ကြားသောအခါ ကျုံးအန်းအန်းနှင့် အခြားသူများအားလုံး ဝမ်းနည်းပက်လက် ဖြစ်သွားကြပြီး နောက်တစ်ကြိမ် ဒူးထောက်လိုက်ကြသည်။

"ဆရာသခင်..."

"မျိုးနွယ်စုခေါင်းဆောင်..."

မုကုချင်းက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"အခု သွားကြတော့၊ မှတ်ထားပါ... ငါတို့က အမျိုးသမီးတွေ ဖြစ်ပေမဲ့ အင်အားကြီး မျိုးနွယ်စုတွေ ငါတို့ကို အထင်သေးတာ မခံရစေနဲ့၊ နားလည်လား"

"ဟုတ်ကဲ့..."

လူတိုင်း ရိုသေစွာ ဦးညွှတ်လိုက်ကြပြီးနောက် မတ်တတ်ရပ်ကာ ကျုံးအန်းအန်း ဦးဆောင်မှုဖြင့် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားကြလေသည်။

သူတို့ နောက်လှည့်မကြည့်ချင်၍ မဟုတ်ပဲ မကြည့်ရဲကြ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ဆက်ခြင်းသည် ထာဝရအတွက် ဖြစ်ကြောင်း သူတို့အားလုံး သိရှိနေကြသောကြောင့် ဖြစ်သည်။ အကယ်၍ နောက်လှည့်ကြည့်မိပါက သူတို့ တကယ် ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

မုကုချင်း၏ သဘောထားမှာ အလွန် ရှင်းလင်းသည်။ အမျိုးသမီး ဖြစ်သော်လည်း မည်သူ့ကိုမျှ အထင်သေးခွင့် မပြုနိုင်ပေ။ ထို့ကြောင့် ဤအချိန်တွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် သူတို့သည် မျက်ရည်များကို သုတ်ကာ ကျိန်စာသင့်မြို့တော်သို့ ခရီးစတင်ကြရပေမည်။ အမုန်းတရားနှင့် နောင်တများကိုမူ ရန်သူတို့၏ သွေးဖြင့်သာ ဆေးကြောရပေမည်။

သို့သော် ထိုသို့ တွေးတောနေကြသော်လည်း တောင်စောင့် အစီအရင် အပြင်ဘက်သို့ ခြေချလိုက်သည့်အချိန်၌ လူတိုင်း မထိန်းနိုင်တော့ဘဲ ငိုကြွေးလိုက်ကြကာ နောက်လှည့်၍ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်..."

မုကုချင်းသည် လူတိုင်း တောင်စောင့် အစီအရင်၏ အကာအကွယ်အလင်းရောင် နောက်ကွယ်သို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ သူမ၏ စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

သူမသည် ဝမ်းနည်းပက်လက် ငိုကြွေးသံများကို ကြားလိုက်ရသောအခါ သူမ မျက်နှာပေါ်တွင် မျက်ရည်များ မလွှဲမရှောင်သာ စီးကျလာပြီး ရေရွတ်လိုက်သည်။

"အန်းအန်း... အားလုံး၊ ဒီဘဝမှာ မင်းတို့အားလုံးနဲ့ ဆုံတွေ့ခွင့်ရတာ ငါ့အတွက် တကယ့် ပျော်ရွှင်မှုပါပဲ..."

မုကုချင်းသည် သူမ၏ နာမည်ကဲ့သို့ပင် အထီးကျန်မှုကို ကိုယ်စားပြုနေသော်လည်း ယခုအခါ၌မူ မျက်ရည်များဖြင့် ဖုံးလွှမ်းနေလေသည်။ သို့သော် မကြာမီ သူမသည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး မတ်တတ်ရပ်ရန် ကြိုးစားကာ ကျွန်း၏ အလယ်ဗဟိုရှိ ခန်းမဆောင်ကြီးထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

သူမသည် စိမ်းပြာရောင်နှင့် ရွှေရောင် ရောယှက်နေသော နံရံများကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုနေမိသည်။ ဤနေရာတွင် သူမ၏ ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အမှတ်တရများ ပြည့်နှက်နေသည်။ သို့သော် အရာအားလုံးကို မျက်မြင်ကြုံတွေ့ခဲ့ရသော ခန်းမဆောင်ကြီးမှာမူ ဘာမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

မုကုချင်းသည် ခန်းမအလယ်ရှိ စိမ့်စမ်းရေကန်သို့ လျှောက်သွားလိုက်သည်။ ထိုရေကန်သည် ဝိညာဉ်ကိုပင် ခဲသွားစေနိုင်လောက်အောင် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူမက ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည်။

"မိတ်ဆွေဟောင်းကြီးရေ... ဒီနှစ်တွေမှာ မင်းလည်း တော်တော် ပင်ပန်းခဲ့ပြီပဲ"

စိမ့်စမ်းရေကန်သည် တိတ်ဆိတ်နေပြီး အေးစက်သော အငွေ့များကိုသာ ဆက်လက် ထုတ်လွှတ်နေသည်။ မုကုချင်း၏ ခန္ဓာကိုယ်သည် ပိုမို ယိမ်းယိုင်လာသော်လည်း နံရံကို အားပြုလျက် ခန်းမဆောင်၏ ပင်မထိုင်ခုံသို့ ရောက်အောင်သွားပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခုသည် ရေကန်ထဲမှ ရုတ်တရက် ပျံတက်လာပြီး မုကုချင်း၏ ဘေးပတ်လည်တွင် အကြိမ်အနည်းငယ် လှည့်ပတ်ကာ သူမ၏ ရှေ့၌ တုန်တုန်ယင်ယင်ဖြင့် မျောလွင့်နေလေသည်။ မုကုချင်းက ပြုံးလိုက်ပြီး အေးစက်သော အလင်းရောင် ထုတ်လွှတ်နေသည့် ဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"နှစ်တွေ အများကြီး ကြာသွားတာတောင် နင် ငါ့ကို မှတ်မိနေသေးတာ ဝမ်းသာမိတယ်"

ဓားရိုးတံသည် တုန်ခါသွားပြီး မုကုချင်း၏ အထိအတွေ့ကို တုံ့ပြန်လိုက်သည့်အလား ထင်ရသည်။

"နင်လည်း ရေအောက်ထဲမှာ အထီးကျန်နေတာ ကြာပြီဆိုတော့ သွေးလတ်လတ်ဆတ်ဆတ်လေး သောက်ချင်နေပြီ မဟုတ်လား"

ဓားအလင်းတန်းသည် သဘောတူကြောင်း ခေါင်းညိတ်ပြသည့်အလား လက်ခနဲ ဖြစ်သွားသည်။ မုကုချင်း၏ အပြုံးသည် ပိုမို အေးစက်လာသည်။

"ကောင်းပြီ၊ ဒါဆို ငါနဲ့အတူ ဒီမှာစောင့်ပြီး ရန်သူတွေ အကုန်လုံးရဲ့ ခေါင်းကို ဖြတ်နိုင်မလား ကြည့်ကြတာပေါ့"

ထိုစကားပြောပြီးသည်နှင့် ဓားအလင်းတန်းသည် ပြန်လည် ရုပ်သိမ်းသွားပြီး မုကုချင်း၏ ဒူးပေါ်တွင် ငြိမ်သက်သွားလေသည်။

ဒူးပေါ်တွင် တင်ထားသော ဓားတစ်လက်၊ တောင်တန်းများကြားတွင် တစ်ကိုယ်တည်း ထိုင်နေသော လူတစ်ယောက်...

မုကူချင်းသည် အရာအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည့်အလား မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ချီရွှယ်ဖုန်းသည် နေရာရွှေ့ပြောင်းအဆောင် ဒါဇင်ကျော် အသုံးပြုပြီးနောက် သခင်ပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ နယ်မြေသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ယခုအချိန်တွင် ကောင်းကင်မီးတောက် မြို့တော်သည် လှုပ်ရှားမှုများဖြင့် စည်ကားသိုက်မြိုက်နေသည်။ အရပ်ရပ်မှ အင်အားကြီး မိသားစုများ အများစု ရောက်ရှိနေကြပြီး ကောင်းကင်မီးတောက် မျိုးနွယ်သည် ဧည့်သည်တော်ကြီးများကို ဧည့်ခံရန် နတ်ဘုရားခန်းမတွင် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီး ပြင်ဆင်ထားလေသည်။

ထင်ရှားပေါ်လွင်ဆုံးမှာ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်နှင့် ဝူထုန် နတ်ဘုရားဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများ၏ နေရာများ ဖြစ်သည်။ ထိုမိသားစုကြီးများ၏ ခေါင်းဆောင်များသည် ကောင်းကင်မီးတောက် မျိုးနွယ်စုခေါင်းဆောင် ချီစစ်ရှန် နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြပြီး သဟဇာတဖြစ်သော ဆက်ဆံရေးကို ပြသနေကြသည်။

နတ်ဘုရားခန်းမ အတွင်းတွင် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ချီရွှယ်ဖုန်း ထိတ်လန့်တကြား ပြေးဝင်လာသောအခါ ရှိနေသူများအကြား အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

"သခင်လေး ရွှယ်ဖုန်း ဘာဖြစ်လာတာလဲ"

"ဟုတ်တယ်... ဒုတိယသခင်လေးက ဘာလို့ ဒီလောက် လန့်ဖျပ်နေရတာလဲ"

လူအုပ်ကြီး မေးခွန်းထုတ်နေကြစဉ်မှာပင် ချီရွှယ်ဖုန်းသည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ဒူးထောက်ချလိုက်ကာ တုန်ရီစွာ ပြောလိုက်သည်။

"အဖေ..."

ချီစစ်ရှန်သည် သူ၏ သားငယ်ကို ထိုကဲ့သို့သော အခြေအနေဖြင့် တွေ့လိုက်ရသောအခါ မျက်ခုံးပင့်လိုက်ပြီး ဝိုင်ခွက်ကို အောက်ချကာ မေးလိုက်သည်။

"ဘာဖြစ်လာတာလဲ…”

အခန်း (၁၁၂၈) - ရွှယ်ဟွင်းဘက်ပြောင်းခြင်း

"အဖေ... ကျွန်တော်က အဖေ့ရဲ့ ကောင်းကင်မီးတောက် အမိန့်စာကို ယူပြီး ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို လာရောက်ဖို့ အမိန့်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က အမိန့်စာကို လျစ်လျူရှုရုံတင်မကဘဲ ပြောင်ပြောင်တင်းတင်း ပြန်တိုက်ခိုက်ခဲ့ပါတယ်၊ သူတို့က ကျွန်တော် ခေါ်သွားတဲ့ အစေခံတွေ အားလုံးကို သတ်ပစ်ရုံတင်မကဘူး၊ ကျွန်တော့်ကိုတောင် လက်ပါရဲတယ်၊ ကျွန်တော်ပဲ သီသီလေး လွတ်မြောက်လာခဲ့ရတာပါ"

ထိုစကားလုံးများသည် ကောင်းကင်မီးတောက် နတ်ဘုရားခန်းမ တစ်ခုလုံးကို ပွက်လောရိုက်သွားစေပြီး လူတိုင်း ထိတ်လန့်တကြား နားထောင်နေမိကြသည်။

"ဘာ... ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ကောင်းကင်မီးတောက် အမိန့်စာကို ဗြောင်ကျကျ ဆန့်ကျင်ရဲတယ် ဟုတ်လား၊ အဲ့မိန်းမတွေ ရူးများသွားပြီလား"

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ကောင်းကင်မီးတောက် မျိုးနွယ်ရဲ့ အမိန့်တွေကို အမြဲတမ်း နာခံလေ့ရှိတယ် မဟုတ်လား၊ အခုကျမှ ဘာလို့ ဒီလို လုပ်ရတာလဲ"

အရပ်လေးမျက်နှာမှ ရောက်ရှိနေကြသော အထက်တန်းလွှာ ဧည့်သည်တော်များသည် နတ်ဘုရားခန်းမ အတွင်းတွင် အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြလေသည်။ ထိုသတင်းကို ကြားပြီးနောက် ကောင်းကင်မီးတောက် မျိုးနွယ်၏ အကြီးအကဲများသည် ပို၍ပင် ဒေါသထွက်လာကြသည်။

"သူတို့က ဒုတိယသခင်လေးကိုတောင် ရိုက်ရဲတယ်ပေါ့၊ ကြည့်ရတာ ဒီကောင်မစုတ်တွေ သေချင်နေကြပြီနဲ့ တူတယ်"

"ဟုတ်တယ်၊ ဒီတစ်ခါတော့ သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးမှ ဖြစ်မယ်"

ချီစစ်ရှန်သည် ဆူညံသံများကြားတွင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ သူက ဒေါသတကြီး မေးလိုက်သည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က တကယ်ပဲ ဒီလိုလုပ်ရဲတယ်ပေါ့"

"ကျွန်တော်က ဒီလိုကိစ္စမျိုးကို နောက်ပြောင်မှာ မဟုတ်ပါဘူး၊ ပြီးတော့ ပိုဆိုးတာက သူတို့မျိုးနွယ်က ပါရမီရှင် ကျုံးအန်းအန်းဆိုတဲ့ မိန်းကလေးက ကျွန်တော်တို့ရဲ့ မဟာမိတ်အဖွဲ့ကြီး အောင်မြင်မယ်လို့ မထင်ဘူးတဲ့၊ ဒါကြောင့် ထိုက်ယင်မျိုးနွယ် အနေနဲ့ လုံးဝ ပါဝင်ဖို့ အစီအစဉ် မရှိဘူးလို့တောင် ပြောလိုက်ပါသေးတယ်၊ သူ့စကားတွေကို စမ်းစစ်ရင် ဒီမှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေကို နည်းနည်းလေးမှ အထင်မကြီးကြောင်း ပြသနေတာပါပဲ"

အကယ်၍ ချီရွှယ်ဖုန်း၏ ယခင်စကားများက ပရိသတ်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့လျှင် ဤစကားသည် ယမ်းဘီလူးကို မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားပြီး များစွာသော အထက်တန်းလွှာများကို ဒေါသထွက်သွားစေသည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က တော်တော် မောက်မာပါလား၊ ငါတို့ကို ဒီလောက် ဗြောင်ကျကျ ပြောရဲတယ်ပေါ့၊ တကယ် သေသင့်တဲ့ ကောင်မတွေပဲ"

"မိန်းမတွေကြီးပဲ ဖွဲ့ထားတဲ့ ဂိုဏ်းဆိုတော့လည်း မျှော်လင့်ထားတဲ့အတိုင်း တုံးအကြတာပါပဲ၊ ငါတို့ရဲ့ မဟာမိတ်အဖွဲ့ကြီးက မိုးနဲ့မြေကိုတောင် တုန်လှုပ်စေနိုင်လောက်အောင် အင်အားကြီးမားတာကို မအောင်မြင်နိုင်ဘူးလို့ ပြောရဲတယ်ပေါ့၊ ရယ်စရာကောင်းလိုက်တာကွာ"

ကောင်းကင်မီးတောက် နတ်ဘုရားခန်းမ အတွင်း၌ ဒေါသတကြီး အော်ဟစ်သံများ မြင့်တက်လာလေသည်။ ချီစစ်ရှန်၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

သူသည် ကောင်းကင်မီးတောက် အမိန့်စာ တစ်သိန်းကို ထုတ်ပြန်ပြီး အရပ်ရပ်မှ အင်အားကြီး မိသားစုများကို စုစည်းခဲ့ခြင်းမှာ ဤအခွင့်အရေးကို အသုံးပြု၍ သူ၏ သြဇာအာဏာကို ချဲ့ထွင်ရန်နှင့် ကောင်းကင်မီးတောက် မျိုးနွယ်၏ အင်အားကို အထွတ်အထိပ်သို့ ပို့ဆောင်ကာ မသေမျိုး အောင်မြင်မှုများကို ရယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် သူ့ကို ဗြောင်ကျကျ ဆန့်ကျင်ရဲသည်ဆိုလျှင် ဤကိစ္စကို ကောင်းစွာ မကိုင်တွယ်ပါက သူတို့ဘက်မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ အလွှာလိုက် ဖုံးလွှမ်းလာလေသည်။

ထိုအချိန်တွင် ချီရွှယ်ဖုန်းသည် ခိုးကြည့်လိုက်ရာ ဖခင်ဖြစ်သူ၏ မျက်လုံးထဲမှ ဒေါသကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားပြီး ရှေ့သို့ တွားသွားကာ ပြောလိုက်သည်။

"အဖေ... ကျွန်တော် ထင်တာကတော့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ဒီလုပ်ရပ်က တခြား မျိုးနွယ်စုတွေနဲ့ သွေးကွဲနေတာကို ပြသနေသလို ပုန်ကန်လိုတဲ့ စိတ်ဓာတ်ရှိနေတာကိုလည်း ဖော်ပြနေပါတယ်၊ ဒါကြောင့် အားလုံးရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် သူတို့ကို အမြန်ဆုံး ရှင်းလင်းပစ်ရပါမယ်"

"သခင်လေး ပြောတာ မှန်ပါတယ်၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ပစ်သင့်ပါတယ်"

"ဟုတ်တယ်၊ ဒီမိန်းမတွေက သက်တောင့်သက်သာ နေခဲ့ရတာ ကြာလွန်းတော့ ကြောက်ရွံ့ခြင်းဆိုတာ ဘာမှန်းမသိတော့ဘူး၊ ကောင်းကင်အောက်က လူအားလုံးကို သတိပေးတဲ့အနေနဲ့ သူတို့ကို စံပြအဖြစ် အပြစ်ပေးရမယ်"

ချီရွှယ်ဖုန်း၏ အကြံပြုချက်ကို ကြားပြီးနောက် ကောင်းကင်မီးတောက် နတ်ဘုရားခန်းမ တစ်ခုလုံးသည် မီးဖိုပေါ်မှ ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူသွားလေသည်။

အထက်တန်းလွှာများသည် သူ့ကို ထောက်ခံကြသည်။ ဆင်ခြေတစ်ခုစီသည် တစ်ခုထက်တစ်ခု ပိုမို မြင့်မြတ်ဟန်ဆောင်နေကြပြီး မျက်နှာထား တစ်ခုစီသည် တစ်ခုထက်တစ်ခု ပိုမို ဖြောင့်မတ်ဟန်ဆောင်နေကြသည်။ အောက်ဘက်မှ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ကာ ချီစစ်ရှန်၏ မျက်နှာပေါ်တွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာသည်။

လူများစွာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်ရန် ထွက်ပေါ်လာကြခြင်းသည် သူတို့ ပြောသကဲ့သို့ မြင့်မြတ်သော ရည်ရွယ်ချက်ကြောင့် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိသည်။ သူတို့အားလုံးသည် ဤအခွင့်အရေးကို အသုံးချ၍ အမြတ်ထုတ်လိုကြခြင်း သက်သက်သာ ဖြစ်သည်။

အထူးသဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် ကျင့်ကြံသူ အမျိုးသမီး သီးသန့် ဂိုဏ်းတစ်ခု ဖြစ်နေသဖြင့် လူများစွာသည် ပိုမို စိတ်အားထက်သန်ပြီး တပ်မက်နေကြခြင်း ဖြစ်သည်။ သို့သော် သူသည် အလျင်လိုခြင်း မရှိပေ။ နတ်ဘုရားခန်းမ အတွင်းမှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး တိတ်ဆိတ်သွားသည်အထိ လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေလိုက်သည်။ ထို့နောက်မှသာ လက်ဖက်ရည်ခွက်ကို ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံး ပြောတာ အကြောင်းပြချက် ခိုင်လုံတယ်၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ လုပ်ရပ်က ရက်စက်လွန်းလို့ ကောင်းကင်ရဲ့ အမျက်ဒေါသနဲ့ လူတွေရဲ့ အမုန်းတရားကို ခံယူထိုက်ပါတယ်၊ ဒါကြောင့် သင့်တော်တဲ့ တန်ကြေးကို ပေးဆပ်ရမှာ သဘာဝပဲ၊ ဒါပေမဲ့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က အရင်လို အင်အားမကြီးတော့ပေမဲ့ မမေ့နဲ့၊ အဲ့ဂိုဏ်းက အမြဲတမ်း တိုက်ခိုက်တာထက် ခံစစ်မှာ ပိုကောင်းတယ်ဆိုတာကိုလေ"

သူ၏ စကားသည် လူတိုင်းကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချီစစ်ရှန် ပြောသည်မှာ မှန်ကန်သောကြောင့်ဖြစ်သည်။ ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ အင်အားသည် သိသိသာသာ ကျဆင်းသွားပြီ ဖြစ်သော်လည်း သူတို့ ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်းမှာ ဂိုဏ်း၏ ယုတ္တိမရှိလောက်အောင် ကောင်းမွန်သော ခံစစ်စွမ်းရည်များကြောင့် ဖြစ်သည်။

ထိုက်ယင်ရေကန်သည် သဘာဝအလျောက် ဖြစ်ပေါ်နေသော အလွန်အေးစက်သည့် စိမ့်စမ်းမျက်လုံးဖြစ်ပြီး ကာကွယ်ရေး အစီအရင်၏ ဗဟိုချက်အဖြစ် အသုံးပြုရန် အလွန် သင့်လျော်သည်။ ထို့အပြင် မျိုးဆက်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သဖြင့် ပိုမို အားကောင်းလာခဲ့သည်။

တောင်စောင့် အစီအရင်ကို ဖွင့်လိုက်သည်နှင့် သာမန် အစွမ်းထက် ပုဂ္ဂိုလ်များသည် သက်ပြင်းချ၍ လက်လျှော့ရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ဟု ဆိုရပေမည်။ အကယ်၍ တိုက်ခိုက်ချင်လျှင်ပင် ကြီးမားသော တန်ကြေးကို ပေးဆပ်ရမည် ဖြစ်သည်။ ချီစစ်ရှန်သည် ခန်းမကို ဝေ့ဝဲကြည့်လိုက်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"အားလုံးရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကနေ တစ်ခုခု အကျိုးအမြတ် ရချင်တယ်ဆိုရင် ဘယ်လို အရေးယူဆောင်ရွက်ကြမလဲ ဆိုတာကို အရင်ဆုံး ကြိုတင် ဆွေးနွေးရပါလိမ့်မယ်"

ထိုစကားကြောင့် ယခင်က သက်ဝင်လှုပ်ရှားနေသော ကောင်းကင်မီးတောက် နတ်ဘုရားဆောင်သည် သိသိသာသာ တိတ်ဆိတ်သွားလေသည်။ လူတိုင်းသည် အခွင့်အရေးယူရန် ကြံစည်နေကြသော်လည်း ကိုယ်ပိုင်သွေးကို စတေးရမည့်ကိစ္စ ရောက်လာသောအခါ အားလုံး နှုတ်ဆိတ်သွားကြလေသည်။ ထိုအခြေအနေကို မြင်သောအခါ ချီစစ်ရှန်၏ မျက်နှာ မဲမှောင်သွားသည်။

"ဘာဖြစ်လို့လဲ... ဘယ်သူမှ အကြံမပြုချင်ကြတော့ဘူးလား"

လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဆက်လက် တိတ်ဆိတ်နေကြသည်။

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ့ရဲ့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကပဲ တစ်ဦးတည်း လှုပ်ရှားလိုက်ပါ့မယ်..."

သူ စကားမဆုံးခင်မှာပင် အစောင့်တစ်ယောက်သည် ရုတ်တရက် ပြေးဝင်လာသည်။

"မျိုးနွယ်စုခေါင်းဆောင်... အပြင်မှာ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ရောက်နေပါတယ်၊ သူက သူ့ကိုယ်သူ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ အကြီးအကဲလို့ ပြောပြီး ခေါင်းဆောင်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ ဆိုပါတယ်"

ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ အကြီးအကဲ ဟုတ်လား...

လူအုပ်ကြီးအကြား အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ချီစစ်ရှန်သည်လည်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် -

"သူ့ကို ဝင်ခွင့်ပေးလိုက်"

မကြာမီပင် အစောင့်သည် အမျိုးသမီးတစ်ဦးကို ကောင်းကင်မီးတောက် နတ်ဘုရားဆောင် အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသမီးကို မြင်လိုက်ရမှသာ အစောင့်က အဘယ်ကြောင့် ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟု ပြောရခြင်းကို လူတိုင်း နားလည်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် အမျိုးသမီး၏ အသွင်အပြင်မှာ အနည်းငယ် ရယ်စရာကောင်းနေသောကြောင့် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ဝက်ကို နှင်းခဲများ ဖုံးလွှမ်းထားပြီး အေးစက်သော အငွေ့များ ထွက်ပေါ်နေကာ ကျန်တစ်ဝက်မှာမူ သာမန်လူတစ်ယောက်နှင့် မခြားနားပေ။ လူတစ်ယောက်ကို ထက်ခြမ်းခွဲပြီး နှင်းလူတစ်ကောင်နှင့် ပြန်ဆက်ထားသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသမီးသည် လမ်းလျှောက်ရာတွင် ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး သူမ၏ ထူးဆန်းမှုတွင် ရယ်စရာ အရိပ်အယောင်များ ပါဝင်နေသည်။

လူများစွာက လက်ဖြင့်ကာ၍ ခိုးရယ်နေကြစဉ် ဝင်ရောက်လာသော အမျိုးသမီးသည် ခေါင်းမမော့ရဲဘဲ ချက်ချင်း ဒူးထောက်လိုက်ကာ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ တရားစီရင်ရေး ခန်းမဆောင် အကြီးအကဲဟောင်း ရွှယ်ဟွင်းက မီးနတ်ဘုရား မျိုးနွယ်စုခေါင်းဆောင်နဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ဂါရဝပြုပါတယ်"

တရားစီရင်ရေး ခန်းမဆောင် အကြီးအကဲဟောင်း ရွှယ်ဟွင်း...

ထိုနာမည်ကို ကြားသောအခါ ခန်းမဆောင်ထဲရှိ လူအများအပြား အံ့သြတကြီး ဖြစ်သွားကြသည်။

"ငါ ကြည့်ရတာ နည်းနည်း ရင်းနှီးနေတယ်လို့ ထင်နေတာ၊ တကယ်ပဲ ရွှယ်ဟွင်း ဖြစ်နေတာကိုး"

"ဟာ... ဒီရွှယ်ဟွင်းက တစ်ချိန်တုန်းက အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်ခံခဲ့ရတာ၊ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲ"

ချီစစ်ရှန်၏ စိတ်ထဲတွင် အတွေးများ ဝင်ရောက်လာသော်လည်း အပြင်ပန်းတွင် တည်ငြိမ်နေဆဲဖြစ်ပြီး ရိုးရှင်းစွာ ပြောလိုက်သည်။

"ဩော်... အကြီးအကဲ ရွှယ်ဟွင်း ဖြစ်နေတာကိုး၊ ဒါပေမဲ့ ကျွန်တော် သိချင်တာက ဘာကိစ္စရှိလို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ"

ရွှယ်ဟွင်းသည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး စင်မြင့်ပေါ်ရှိ ချီစစ်ရှန်နှင့် အထက်တန်းလွှာ ခေါင်းဆောင်များကို တုန်တုန်ယင်ယင်ဖြင့် ခိုးကြည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်များသည် သူမရှေ့ မလှမ်းမကမ်းတွင် ရှိနေသော ချီရွှယ်ဖုန်းထံသို့ ရောက်ရှိသွားသည်။

"သခင်လေး ရွှယ်ဖုန်း... သခင်လေး ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှာ ကြုံတွေ့ခဲ့ရသမျှ အားလုံးကို ကျွန်မ မြင်တွေ့ခဲ့ပါတယ်”

All Chapters