← Chapters

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂) - ဒီရန်ကြွေးကို ငါ ကိုယ်တိုင် ဖြေရှင်းပေးမယ်

ကျုံးအန်းအန်းနှင့် သူမ၏ နောက်လိုက်များ မြို့ရိုးခြေရင်းတွင် ပေါ်လာသည်နှင့် တပြိုင်နက် လူအများ၏ အာရုံစိုက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

မည်သို့ပင်ဆိုစေ ကျုံးအန်းအန်း၏ အဖွဲ့သည် ရင်သပ်ရှုမောဖွယ် အလှပဂေးများဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါလား။ ဤမျှ များပြားသော ထိပ်တန်း အလှပဂေးများကို တစ်နေရာတည်းတွင် မြင်တွေ့ရခြင်းသည် မျက်စိပသာဒ ဖြစ်စေသော မြင်ကွင်းတစ်ခုဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျုံးအန်းအန်း ဦးဆောင်သော အမျိုးသမီး အားလုံး၏ မျက်နှာထားများသည် အေးစက်တည်တင်းနေပြီး ခေါင်းတွင် အဖြူရောင် ဝတ်ဆင်ထားကြကာ အဖွဲ့တစ်ခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင်များ လွှမ်းခြုံထားကြသည်။

လေထုအခြေအနေသည် အသက်ရှူကျပ်လောက်အောင် လေးလံဖိစီးနေသည်။ ထိုအချက်က ပတ်ဝန်းကျင်မှ လူအုပ်ကြီးကို တဖြည်းဖြည်း တိတ်ဆိတ်သွားစေသည်။

ရွှယ်အန်းသည် မြို့ရိုးပေါ်သို့ တက်လှမ်းလာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း ရုတ်တရက် ပြုံးလိုက်ပြီး လေပေါ်တွင် ခြေလှမ်းလှမ်းလျက် အေးအေးလူလူ လျှောက်သွားလိုက်သည်။

ကျုံးအန်းအန်း ခေါင်းမော့လိုက်ပြီး လေပေါ်တွင် လမ်းလျှောက်လာသည့် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ နောက်တွင်ရှိသော လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူများသည် ရောက်ရှိလာသူမှာ မျိုးနွယ်စုခေါင်းဆောင် အသစ်ပြောပြခဲ့သော ရွှယ်အန်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြသည်။ သို့သော် သူတို့ ခရီးဝေးနှင်ကာ လာရောက်ခိုလှုံရမည့် ရွှယ်အန်းဆိုသူမှာ ဤမျှ ငယ်ရွယ်ပြီး လူငယ်လေးတစ်ဦးနှင့် တူနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ဤအချက်က အကြီးအကဲများစွာ၏ စိတ်ထဲတွင် တုန်လှုပ်မှုနှင့် သံသယအနည်းငယ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ကျုံးအန်းအန်းနှင့် အခြားသူများ၏ အနီးသို့ ရောက်ရှိလာပြီဖြစ်ပြီး ဖျော့တော့စွာ ပြုံးလျက် ကျုံးအန်းအန်းကို ပြောလိုက်သည်။

"မင်း တကယ် ကတိတည်တာပဲ"

ကျုံးအန်းအန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ သူမ ထိုသို့ ပြုလုပ်လိုက်သောအခါ ထိုက်ယင်မျိုးနွယ်ဝင်များသည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် သူတို့လည်း ဒူးထောက်လိုက်ကြသည်။ ထို့နောက် ကျုံးအန်းအန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင် ကျုံးအန်းအန်း... မျိုးနွယ်စုဝင် အားလုံးနဲ့အတူ သခင်ကြီးဆီမှာ အညံ့ခံ ခိုလှုံပါတယ်"

ထို့နောက် ထိုက်ယင် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က သခင်ကြီးဆီမှာ အညံ့ခံ ခိုလှုံပါတယ်"

သူတို့၏ အသံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေသည်။ ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီ... ဒီလိုဆိုရင် အားလုံး ထကြပါ"

သို့သော် ကျုံးအန်းအန်း မတ်တတ်မရပ်ပေ။ ထိုအစား သူမသည် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မော့ကြည့်ပြီး ပြောလိုက်သည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ် အနေနဲ့ သခင်ကြီးဆီကနေ တောင်းဆိုစရာ တစ်ခုပဲ ရှိပါတယ်၊ ကျွန်မတို့အတွက် လက်စားချေပေးပါ"

"လက်စားချေမယ် ဟုတ်လား"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဟုတ်ပါတယ်"

ထို့နောက် ကျုံးအန်းအန်းသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အကျဉ်းချုံး ပြောပြလိုက်သည်။ ထိုအရာကို နားထောင်ပြီးနောက် ရွှယ်အန်းက တိတ်ဆိတ်သွားပြီး လေထုအခြေအနေသည် ရုတ်တရက် တင်းမာလာလေသည်။

ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူတိုင်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ အထူးသဖြင့် အကြီးအကဲများစွာသည် ရွှယ်အန်းကို ယုံကြည်စိတ်ချရမှု မရှိသလို ခံစားနေရသည်။ မည်သို့ပင်ဆိုစေ ဤအဖြူရောင်ဝတ် လူငယ်သည် ငယ်ရွယ်လွန်းပြီး ချောမောလွန်းနေသည် မဟုတ်ပါလား။ သူ့ထံတွင် သတ်ဖြတ်လိုသော အရှိန်အဝါ အနည်းငယ်မျှပင် မရှိဘဲ သာမန်လူငယ်လေး တစ်ယောက်နှင့်သာ တူနေသည်။

သို့သော် ကျုံးအန်းအန်းမှာမူ ရွှယ်အန်းကို မျှော်လင့်တကြီး ကြည့်နေသည်။ ခဏကြာသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး သူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ မင်းတို့ ငါ့ဆီ လာခိုလှုံမှတော့ မင်းတို့အတွက် ဒီရန်ကြွေးကို ငါ ကိုယ်တိုင် ဖြေရှင်းပေးမယ်၊ အချိန်တန်ရင် ဘယ်အထက်တန်းလွှာ မိသားစုမှ လွတ်မှာ မဟုတ်ဘူး၊ ဘယ်လိုလဲ"

ရွှယ်အန်း၏ အသံသည် အလွန် တည်ငြိမ်သော လေသံဖြစ်ပြီး သာမန် အသေးအဖွဲ ကိစ္စလေးတစ်ခုကို ပြောနေသည့်အလားထင်ရသည်။ သို့သော် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူများသည် အနည်းငယ် တုန်လှုပ်သွားကြသည်။ သူ့ရဲ့ ယုံကြည်မှုက... နည်းနည်း များလွန်းမနေဘူးလား...

သို့သော် ကျုံးအန်းအန်းသည် သက်ပြင်းချနိုင်သွားပြီး အလွန် ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ကျေးဇူးအထူးတင်ပါတယ် သခင်ကြီး"

ရွှယ်အန်းသည် ပြုံးလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ဒူးထောက်နေသော လူအားလုံးသည် နူးညံ့သော အားတစ်ခုဖြင့် တပြိုင်နက် မတ်တတ်ရပ်လျက်သား ဖြစ်သွားကြသည်။ ထို့နောက် ရွှယ်အန်း နောက်လှည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"လမ်းခရီးမှာ ပင်ပန်းလာကြပြီဆိုတော့ လာ... ငါနဲ့အတူ မြို့ထဲ ဝင်ကြတာပေါ့"

ဤသို့ လွယ်ကူသော စွမ်းအားပြသမှုသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ လူအများအပြားကို အံ့အားသင့်သွားစေသည်။ အထူးသဖြင့် အကြီးအကဲများ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ အတော်အတန် မြင့်မားကြသည်။ သို့သော် ရွှယ်အန်း၏ ရှေ့တွင် သူတို့သည် ပြန်လည်ခုခံရန် အားအင်မရှိဘဲ တိုက်ရိုက် မတ်တတ်ရပ်ပေးလိုက်ရသည်။

ဤအချိန်တွင် လူအများ၏ နှလုံးသားထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ စတင် တောက်လောင်လာခဲ့သည်။ ဒီ ရွှယ်အန်းက ငါတို့ လက်စားချေဖို့ တကယ် ကူညီပေးနိုင်လောက်တယ်...

သို့သော် လူအများစု၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေဆဲပင်။ မည်သို့ပင်ဆိုစေ ကျိန်စာသင့်မြို့တော်သည် အလွန် အားနည်းပြီး အထီးကျန်ဆန်လွန်းနေသည်။ ရွှယ်အန်း မည်မျှပင် အစွမ်းထက်ပါစေ သူသည် တစ်ယောက်တည်းသာ ရှိသည်။ တစ်ဖက်တွင်မူ စကြဝဠာ အရပ်လေးမျက်နှာရှိ အင်အားကြီး မျိုးနွယ်စုများ အားလုံး စုပေါင်းထားခြင်း ဖြစ်သည်။

ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဝင်များ ကျိန်စာသင့်မြို့တော်သို့ ရောက်ရှိချိန်တွင် ချီရွှယ်ဖုန်တို့အဖွဲ့သည် ကောင်းကင်မီးတောက် နတ်ဘုရားခန်းမသို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။ သူသည် ဖြစ်ရပ်များကို ပြန်ပြောပြသောအခါ ခန်းမဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။

"ဘာ... ထိုက်ယင် နတ်ဘုရားမျိုးနွယ်က လူတွေ အကုန်လုံး ထွက်ပြေးကုန်ပြီ ဟုတ်လား"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား မေးလိုက်သည်။

"အကုန်လုံး စုပြီးတော့ ကျိန်စာသင့်မြို့တော်ကို ထွက်ပြေးသွားကြတယ်ဆိုတော့ ထိုက်ယင်မျိုးနွယ်ရဲ့ လုပ်ရပ်က တကယ် ပြတ်သားတာပဲ"

နောက်တစ်ယောက်က အံ့သြတကြီးပြောလိုက်သည်။

"ကျွတ်... ကျွတ်... ငါ စဉ်းစားနေတာ၊ အဲ့ဒီ ကျိန်စာသင့်မြို့တော်မှာ ဘာတွေများ ဆွဲဆောင်မှု ရှိနေလို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ဘိုးဘွားပိုင် အခြေစိုက်စခန်းကိုတောင် စွန့်လွှတ်ပြီး သွားရတာလဲ ဆိုတာကိုပဲ"

တစ်စုံတစ်ယောက်က မထီမဲ့မြင် ပြုံးလိုက်သည်။

"သူတို့က ငယ်ပါသေးတယ်ကွာ၊ တချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပါဘူး"

နောက်တစ်ယောက်က တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ မြင့်မားသော စင်မြင့်ပေါ်ရှိ အဓိက ထိုင်ခုံများတွင် ထိုင်နေသော ချီစစ်ရှန်နှင့် ပိုင်တုတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် ချီစစ်ရှန်က တည်ငြိမ်စွာ မေးလိုက်သည်။

"မင်း ပြောချင်တာက မုကုချင်းလည်း သေသွားပြီပေါ့"

ချီရွှယ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... သူက ကျွန်တော်တို့ မျက်စိရှေ့မှာတင် ထိုက်ယင်ရေကန်ထဲ ခုန်ချသွားတာပါ၊ သေချာပေါက် သေသွားပါပြီ"

"ဟွန်း... သူ့အတွက် သက်သာသွားတာပေါ့"

ပိုင်တုက အေးစက်စွာ ပြောလိုက်သည်။ ဝူထုန် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ရှုန်းရှောင်က နှုတ်ခမ်းကို သပ်လိုက်သည်။

"ငါ ကြားဖူးတာတော့ အဲဒီမိန်းမက ပြိုင်ဘက်ကင်း အလှပဂေးတဲ့၊ သူ့ကိုဖမ်းပြီး စည်းစိမ်ယစ်ဖို့ စိတ်ကူးထားတာ၊ အခုတော့ နှမြောစရာ ကောင်းလိုက်တာ"

လူအများအပြား၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ဤရှုန်းရှောင်နှင့် အလိုအလျောက် ခပ်ခွာခွာ နေလိုက်ကြသည်။ ထိုအချိန်တွင် ချီရွှယ်ဖုန်းက ဆက်ပြောသည်။

"အဖေ... ဒီတစ်ခါ အလကားသွားရတော့ မဟုတ်ပါဘူး၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က အလောတကြီး ထွက်သွားတော့ ရတနာတွေ အများကြီး ကျန်ခဲ့တယ်၊ ကျွန်တော် တန်ဖိုးအရှိဆုံးတွေကို ရွေးပြီး ပြန်သယ်လာခဲ့ပါတယ်"

ထိုသို့ပြောပြီးသည်နှင့် သူသည် စာရင်းတစ်ခုကို ကမ်းပေးလိုက်သည်။ ချီစစ်ရှန်သည် စာရင်းကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျေနပ်အားရမှုများ ပေါ်လာပြီး ဝတ်ရုံလက်ဖြင့် သိမ်းယူလိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါ မုကုချင်းနဲ့ အကြိမ်အနည်းငယ် ဆုံဖူးပါတယ်၊ တကယ်တော့ သူက ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်၊ နှမြောစရာကောင်းတာက သူ လမ်းမှားရောက်သွားတာပါပဲ၊ နောက်ဆုံးတော့ သူလည်း သေသွားရှာပါပြီ၊ ပုန်ကန်သွားတဲ့ ထိုက်ယင် နတ်ဘုရားမျိုးနွယ် ကိစ္စကတော့..."

ချီစစ်ရှန်သည် ရှုန်းရှောင်နှင့် ပိုင်တုဘက်သို့ လှည့်ကြည့်လိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုထင်လဲ"

ရှုန်းရှောင်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဘာစဉ်းစားစရာ ရှိလို့လဲ၊ အခု ငါတို့အင်အားက တောင့်တင်းနေပြီပဲ၊ ကျိန်စာသင့်မြို့တော်ကို တန်းချီတက်၊ ငါ့တပည့်ကိုသတ်တဲ့ ရွှယ်အန်းဆိုတဲ့ကောင်ကို အပိုင်းပိုင်းဆွဲဖြဲ၊ ပြီးတော့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က လူတွေကို အကုန်ဖမ်းပြီး ကောင်းကောင်း နှိပ်စက်ပစ်လိုက်ရုံပေါ့"

သူ၏ စကားလုံးများတွင် ပါဝင်နေသော သတ်ဖြတ်လိုစိတ်များကြောင့် လူများစွာ မျက်နှာပျက်သွားကြသည်။

ချီစစ်ရှန်သည် ရှုန်းရှောင် ဤသို့ပြောမည်ကို မျှော်လင့်ထားသည့်အလား ပြုံးရုံသာ ပြုံးလိုက်ပြီး ပိုင်တုဘက်သို့ လှည့်ကြည့်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ပိုင်ကရော ဘယ်လိုထင်လဲ"

ပိုင်တုက ပြုံးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ချီ... ကျွန်တော်တို့က ခင်ဗျား ဖိတ်ကြားလို့ ရောက်လာကြတာပဲ၊ ခင်ဗျားတို့ ကောင်းကင်မီးတောက် မျိုးနွယ်ရဲ့ သဘောထားကိုပဲ လိုက်နာရမှာပေါ့၊ ဒါကြောင့် ခင်ဗျားပဲ ဆုံးဖြတ်ပါ၊ အိမ်ရှင်နဲ့တော့ ကျွန်တော် မပြိုင်ပါဘူးဗျာ"

ထိုစကားကို ကြားသောအခါ ချီစစ်ရှန်၏ အပြုံးက ပိုမို ကျယ်ပြန့်လာပြီး မျက်လုံးထဲတွင် ကျေနပ်အားရမှုများ ဖြတ်သန်းသွားကာ ခေါင်းညိတ်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ပိုင်က ဒီလောက် နှိမ့်ချနေမှတော့ ကျွန်တော်ပဲ ဆုံးဖြတ်လိုက်ပါ့မယ်၊ ဂိုဏ်းချုပ်ကြီးရှုန်း ပြောတာ မှန်ပါတယ်၊ အဲ့ရွှယ်အန်းက ကျွန်တော့်သားကို သတ်ခဲ့တာ၊ ကျွန်တော့်ရင်ထဲက အမုန်းတရားတွေ ပြေပျောက်ဖို့ သူ့အသားကိုစား၊ သူ့သွေးကို သောက်ချင်နေတာ ကြာလှပါပြီ"

"ပြီးတော့ ထိုက်ယင် နတ်ဘုရားမျိုးနွယ် တစ်ခုလုံး ထွက်ပြေးသွားတာက ခွင့်လွှတ်လို့ မရတဲ့ကိစ္စပဲ၊ သူတို့ကို သတ်ပစ်ရမယ်"

ထိုစကားကို ကြားသောအခါ ရှုန်းရှောင်က တခစ်ခစ် ရယ်မောလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။

"ဒါပေမဲ့..."

ချီစစ်ရှန်၏ လေသံက ပြောင်းလဲသွားသည်။

"ကျွန်တော် ထင်တာကတော့ ကျိန်စာသင့်မြို့တော်ကို ရှင်းပစ်ရမယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”

အခန်း (၁၁၃၃) - ရှုပ်ထွေးသော အခြေအနေနှင့် ဆူညံပွက်လောရိုက်မှုများ

"ဂိုဏ်းချုပ်ကြီး ရှုန်း ... မလောပါနဲ့၊ ကျွန်တော့်စကားကို အရင် နားထောင်ပါဦး၊ ဒီ ရွှယ်အန်းဆိုတဲ့လူရဲ့ နောက်ခံက မရှင်းမလင်း ဖြစ်နေပေမဲ့ သူ့အစွမ်းကတော့ တကယ်ကို လျှော့တွက်လို့ မရပါဘူး၊ ဒီတစ်ခါမှာ သူက ထျန်းကျောက် နတ်ဘုရားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်နိုင်တဲ့ အစွမ်းကို ပြသပြီး ကျွန်တော်တို့ကိုပါ သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ၊ ဒါက စိတ်ကူးယဉ် အိပ်မက်တစ်ခုလို့ ဆိုနိုင်ပေမဲ့ ကျွန်တော်တို့ သူ့ကို လျှော့မတွက်သင့်ဘူး"

"ပြီးတော့ အခု ထိုက်ယင် နတ်ဘုရားမျိုးနွယ်က သူ့ဘက်ပါသွားပြီဆိုတော့ သူ ပိုပြီး အတင့်ရဲလာမှာပဲ၊ ဒါကြောင့် ကျွန်တော် ထင်တာကတော့... လက်ရှိ အကောင်းဆုံး နည်းလမ်းက သူ့ဆေးနဲ့သူ ပြန်ကုပေးလိုက်ဖို့ပါပဲ"

"သူ့ဆေးနဲ့သူ ပြန်ကုမယ် ဟုတ်လား၊ ဘာဆေးလဲ"

ရှုန်းရှောင်က ကြောင်သွားသည်။

"ရိုးရှင်းပါတယ်၊ သူက နောက် ဆယ်ရက်နေရင် ကျွန်တော်တို့ကို ကျိန်စာသင့်မြို့တော်ကို လာပြီး အညံ့ခံခိုင်းတယ် မဟုတ်လား၊ အဲဒီတော့ ကျွန်တော်တို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း စောင့်နေလိုက်မယ်၊ ဆယ်ရက်ပြည့်လို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကလွဲပြီး တခြား ဘယ်သူမှ ရောက်မလာတဲ့အခါ အဲဒီအချိန်ကျရင် ရွှယ်အန်းက ဘယ်လို မောက်မာနိုင်ဦးမလဲဆိုတာ ကျွန်တော် ကြည့်ချင်သေးတယ်"

သူတို့ဘေးမှ ပိုင်တုက လက်ခုပ်တီးပြီး သဘောကျစွာ ပြောလိုက်သည်။

"ကောင်းတယ်... မျိုးနွယ်စုခေါင်းဆောင်ချီပြောတာ ကျွန်တော့်စိတ်ထဲက အတိုင်းပါပဲ၊ ရွှယ်အန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြော၊ မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့လို အထက်တန်းလွှာ မျိုးနွယ်စုတွေရဲ့ ရှေ့မှာတော့ သူက အမြစ်မရှိတဲ့ သစ်ပင်၊ အရင်းအမြစ်မရှိတဲ့ စမ်းချောင်းလေး တစ်ခုပါပဲ၊ တကယ်လို့ သူက မြစ်ကိုဖြတ်ကူးလာတဲ့ နဂါးကြီးဖြစ်နေရင်တောင် အခုလို အထီးကျန်ပြီး အကူအညီမဲ့နေတဲ့ အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါ ငိုကြွေးရုံကလွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး"

ရှုန်းရှောင်သည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဒေါသထွက်နေသော မျက်နှာထားမှ ရွှင်လန်းသော အပြုံးသို့ ပြောင်းလဲသွားသည်။

"ကြားရတာတော့ မဆိုးဘူးပဲ"

ချီစစ်ရှန်က ရယ်မောလိုက်သည်။

"ဒါဆိုရင် သူ့ကို ရက်အနည်းငယ်လောက် ဒီအတိုင်း ပစ်ထားလိုက်ကြတာပေါ့၊ ဆယ်ရက်ပြည့်တဲ့အခါ သူ့အခြေနေသူ သဘောပေါက်သွားမှာပါ၊ အဲဒီအချိန်ကျရင် စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းသွားပြီး ကျွန်တော်တို့ လက်ဖျားလေးတောင် လှုပ်စရာမလိုဘဲ သူ့ရဲ့ ကျိန်စာသင့်မြို့တော်ကြီး သူ့အလိုလို ပြိုကျသွားလိမ့်မယ်"

"အရမ်း ကောင်းတာပေါ့၊ အဲဒီအခါကျရင် ထျန်းကျောက်ဘုံရဲ့ ကိတ်မုန့်ကြီးကို ဘာအားမှ စိုက်ထုတ်စရာ မလိုဘဲ ဝေစုခွဲယူကြတာပေါ့"

ရှုန်းရှောင်က အားရပါးရ ရယ်မောလိုက်သည်။

ချီစစ်ရှန်နှင့် ပိုင်တုတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဂုဏ်ယူဝင့်ကြွားသော အပြုံးများကို မထိန်းနိုင် ဖြစ်နေကြသည်။

ကောင်းကင်မီးတောက် နတ်ဘုရားခန်းမ အတွင်းရှိ အခြားသော အထက်တန်းလွှာများမှာမူ ခေါင်းငုံ့ကာ ကြောက်ရွံ့ရိုသေမှုနှင့် နာခံမှုများကို ပြသနေကြသည်။

ယခုအချိန်တွင် အဓိက မျိုးနွယ်စုကြီး နှစ်ခုနှင့် ဂိုဏ်းကြီးတစ်ခုတို့သည် မဟာမိတ် ဖွဲ့လိုက်ကြပြီ ဖြစ်သည်။ ဤမျှ ကြီးမားသော အင်အားစုကြီး၏ ရှေ့မှောက်တွင် မည်သူမျှ မလေးမစား မလုပ်ရဲကြပေ။ ထို့ကြောင့်ပင် ရှုန်းရှောင်သည် ဤမျှ ရဲရဲတင်းတင်းနှင့် ယုံကြည်မှုရှိရှိ ပြောဆိုရဲခြင်း ဖြစ်သည်။

နအဆုံးတွင် စကြဝဠာ အရပ်လေးမျက်နှာမှ အထက်တန်းလွှာများ စုဝေးမှုကြီးသည် အဓိက အင်အားစုကြီး ၃ ခု ဖြစ်သော ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၊ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်နှင့် ဝူထုန် နတ်ဘုရားဂိုဏ်းတို့၏ ဦးဆောင်မှုအောက်တွင် ကြီးမားသော အင်အားစုစည်းမှုကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

အထက်တန်းလွှာ မိသားစုများအားလုံး အတင်းအကျပ် ပေါင်းစည်းခံလိုက်ရပြီး ခေါင်းဆောင်များမှာ ချီစစ်ရှန်၊ ပိုင်တုနှင့် ရှုန်းရှောင်တို့ ဖြစ်ကြသည်။

တစ်ခဏအတွင်း စကြဝဠာ အရပ်လေးမျက်နှာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ မကြာမီ ဤသတင်းသည် ထျန်ကျောက်ဘုံအတွင်းသို့ ရောက်ရှိလာပြီး အထူးသဖြင့် ကျိန်စာသင့်မြို့တော်၏ နယ်မြေများဆီသို့ ပျံ့နှံ့ရောက်ရှိလာသည်။ သတင်းကြားလိုက်ရသူတိုင်း မျက်နှာပျက်မသွားဘဲ မနေနိုင်ကြပေ။

စကြဝဠာ အရပ်လေးမျက်နှာမှ အထက်တန်းလွှာများ အားလုံး ပေါင်းစည်းလိုက်ခြင်းသည် ကျိန်စာသင့်မြို့တော်နှင့် ရွှယ်အန်းကို ရှင်းလင်းရန် ရည်ရွယ်ချက် ဖြစ်ကြောင်း ထင်ရှားနေသည်။ ဤကြီးမားသော အင်အားစုကြီးသည် ယခင်က ထျန်ကျောက် နတ်ဘုရားမျိုးနွယ်ထက်ပင် ပိုမို အစွမ်းထက်နေသည်။

ယခင်က ရွှယ်အန်းအပေါ် အကောင်းမြင်ခဲ့သူ အများအပြားသည် ယခုအခါ ပြန်လည် စဉ်းစားသုံးသပ်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ၏ အမြင်တွင် ရွှယ်အန်းသည် မည်မျှပင် အစွမ်းထက်ပါစေ၊ သူသည် တစ်ယောက်တည်းသာ ရှိသည်။ သူ ရင်ဆိုင်နေရသည်မှာ မရေမတွက်နိုင်သော အစွမ်းထက် အထက်တန်းလွှာ မိသားစုများ ဖြစ်နေသည် မဟုတ်ပါလား။

ထို့အပြင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ခိုလှုံမှုသည်လည်း လက်ဖက်ရည်ဝိုင်း စကားဝိုင်းများတွင် ဟာသတစ်ခု ဖြစ်လာခဲ့သည်။ ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် မှားယွင်းသော ခြေလှမ်းကို လှမ်းမိပြီဟု လူတိုင်းနီးပါး ထင်မြင်ကြပြီး ကျိန်စာသင့်မြို့တော်သည် ဤတစ်ကြိမ်တွင် ရှုံးနိမ့်တော့မည်ဟု ယူဆနေကြသည်။

ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သော ကျုံးအန်းအန်းကိုမူ ရင့်ကျက်မှုမရှိသူ၊ ကလေးဆန်သူဟု လူအများက သတ်မှတ်လာကြသည်။ အချို့ကဆိုလျှင် သူမသည် ထိုက်ယင်မျိုးနွယ် ခေါင်းဆောင် ရာထူးကို လိုချင်၍ ဤသို့ လုပ်ဆောင်ခြင်း ဖြစ်ပြီး မုကုချင်းကို သွယ်ဝိုက်သောနည်းဖြင့် သတ်ဖြတ်ခဲ့သူ ဖြစ်သည်ဟုပင် ယုံကြည်လာကြသည်။

ဤကဲ့သို့ ရှုပ်ထွေးသော ကောလာဟလများ ပျံ့နှံ့လာသဖြင့် အခြေအနေသည် ပိုမို ရှုပ်ထွေးလာခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ဤဖြစ်ရပ်၏ အဓိက ဇာတ်ဆောင်ဖြစ်သော ကျိန်စာသင့်မြို့တော်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ပြင်ပမှ ဝရုန်းသုန်းကား အခြေအနေများသည် သူတို့အပေါ် သက်ရောက်မှု မရှိသည့်အလား ဖြစ်နေသည်။

သို့သော် ထိုသို့ ငြိမ်သက်နေလေလေ ကျိန်စာသင့်မြို့တော်နှင့် ရွှယ်အန်းသည် ကြောက်ရွံ့နေပြီဟု လူအများက ပိုမို ယုံကြည်လာကြလေလေ ဖြစ်သည်။ ထိုအယူအဆသည် ကျိန်စာသင့်မြို့တော် အတွင်းရှိ လူများကြားတွင်ပင် ပျံ့နှံ့လာခဲ့သည်။ သို့တိုင်အောင် ရွှယ်အန်းသည် အရိပ်အယောင်အနည်းငယ်မျှ မပြပေ။ ထိုအခါ ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အကြီးအကဲ အချို့ပင်လျှင် ဂနာမငြိမ် ဖြစ်လာကြသည်။

"မျိုးနွယ်စုခေါင်းဆောင်... အပြင်မှာ ကောလာဟလတွေ အရမ်း များနေပြီ၊ ကျွန်မတို့ တစ်ခုခု ထွက်ပြီး ရှင်းပြဖို့ လိုမယ်လို့ မထင်ဘူးလား"

အကြီးအကဲတစ်ဦးက မေးလိုက်သည်။ ကျုံးအန်းအန်းသည် ခေါင်းခါလိုက်သည်။

"မလိုပါဘူး၊ လူတော်တော်များများက သူတို့ ယုံချင်တာကိုပဲ ယုံကြတာပါ၊ ရှင် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ၊ သူတို့ နားထောင်မှာ မဟုတ်ဘူး၊ သူတို့ ပြောချင်တာ ပြောပါစေ၊ အမှန်တရား ဆိုတာက ဘယ်သူ့စကားကြောင့်မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့..."

အကြီးအကဲက စကားကို ရပ်လိုက်ပြီး မြို့စားအိမ်တော်ဘက်သို့ တွန့်ဆုတ်စွာ လှမ်းကြည့်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... ကျွန်မ ဒီစကား မပြောသင့်မှန်း သိပေမဲ့ အခု လက်ရှိ အခြေအနေကို ခေါင်းဆောင်လည်း မြင်နေရတာပဲလေ၊ ကောင်းကင်မီးတောက် မျိုးနွယ်နဲ့ တခြား အထက်တန်းလွှာတွေ ပေါင်းစည်းလိုက်တော့ သူတို့ရဲ့ အရှိန်အဝါက အရမ်း ကြီးမားနေပြီ"

"ဒါပေမဲ့ ကျွန်မက ခေါင်းဆောင်နဲ့ အရှင်ရွှယ်ရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် သူက တစ်ယောက်တည်းလေ၊ ဒီလောက်များပြားတဲ့ လူတွေကို သူ ဘယ်လို ကိုင်တွယ်မလဲ၊ တကယ်လို့ တစ်ခုခု လွဲချော်သွားရင် ကျွန်မတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က..."

ကျုံးအန်းအန်းသညခ ရုတ်တရက် အေးစက်သော အသံဖြင့် ဖြတ်ပြောလိုက်သည်။

"တော်တော့... ဆက်မပြောနဲ့တော့၊ ရှင် ဘာဆိုလိုချင်လဲ ကျွန်မ နားလည်တယ်၊ ရှင် ဒီကို လာမေးတာက ဒီတစ်ခါ ကျွန်မတို့ နိုင်မှာလား၊ တကယ်လို့ ရှုံးရင် ဘာလုပ်မလဲ ဆိုတာကို သိချင်တာ မဟုတ်လား"

"မျိုးနွယ်စုခေါင်းဆောင်... ခွင့်လွှတ်ပေးပါ"

အကြီးအကဲများသည် အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

"ကျွန်မ ရှင်တို့ကို အပြစ်မတင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ရှင်တို့လည်း ထိုက်ယင် နတ်ဘုရားမျိုးနွယ် ကောင်းစားဖို့အတွက် မျှော်လင့်ကြတာပဲလေ၊ ဒါပေမဲ့ ရှင်တို့ စဉ်းစားဖူးလား... ငါတို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး ဆိုတာကို၊ ထိုက်ယင်ရေကန်ကနေ ထွက်လာကတည်းက ကျွန်မတို့ နောက်ပြန်လှည့်လို့ မရတော့ဘူး"

ထိုစကားကို ကြားသောအခါ အကြီးအကဲ အားလုံး တိတ်ဆိတ်သွားကြသည်။ ကျုံးအန်းအန်း ပြောသည်မှာ မှန်ကန်ကြောင်း သူတို့ သိရှိကြသောကြောင့် ဖြစ်သည်။ ထို့နောက် ကျုံးအန်းအန်း အေးစက်စွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ရှင်တို့ စဉ်းစားကြည့် တကယ်လို့ ကျွန်မတို့သာ မထွက်ခွာဘဲ ကောင်းကင်မီးတောက် အမိန့်စာကို နာခံလိုက်မယ်ဆိုရင် အခု ငါတို့ အခြေအနေ ဘယ်လို ဖြစ်နေမလဲ"

"အစွမ်းထက်တဲ့ သူတွေရဲ့ ကစားစရာ ဖြစ်ပြီး အရှက်တကွဲ အကျိုးနည်း အနှိပ်စက်ခံရမလား၊ ဒါမှမဟုတ် သူတို့ စိတ်တိုင်းကျ စွန့်ပစ်လို့ရတဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို ဆက်ဆံခံရမလား"

ထိုစကားများသည် အကြီးအကဲများ၏ မျက်နှာကို မဲမှောင်သွားစေသည်။

"တခြားဟာတော့ ကျွန်မ အာမ မခံရဲဘူး၊ ဒါပေမဲ့ ကျွန်မ အာမခံရဲတာ တစ်ခုက အဲဒီလိုသာဆိုရင် ကျွန်မတို့ရဲ့ အခြေအနေက အခုထက် အဆပေါင်းတစ်ထောင်လောက် ပိုဆိုးရွားနေမှာ သေချာတယ်၊ ဘာလို့လဲဆိုတော့ အခုချိန်မှာ ကျွန်မတို့ ရှုံးနိမ့်သွားရင်တောင်မှ အနည်းဆုံးတော့ ကျွန်မတို့ရဲ့ ကံကြမ္မာက ကျွန်မတို့ လက်ထဲမှာပဲ ရှိနေသေးလို့ပဲ"

ထိုသို့ပြောပြီးသည်နှင့် ကျုံးအန်းအန်း မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်မှ မြို့စားအိမ်တော်ကို လှမ်းကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"ဒါ ကျွန်မတို့ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ၊ ဒါကြောင့် လေးဘက်ထောက် တွားသွားရရင်တောင်မှ ဆက်သွားရမယ်၊ နားလည်လား"

ထိုက်ယင် အကြီးအကဲများ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"နားလည်ပါပြီ"

ထိုအချိန်တွင် ကျုံးအန်းအန်း၏ ပုံရိပ်သည် သူတို့၏ မျက်လုံးထဲ၌ အလွန် ခန့်ညားထည်ဝါနေလေသည်။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်က လက်ခုပ်တီးလိုက်ပြီး ချီးကျူးလိုက်သည်။

"ကောင်းလိုက်တဲ့ စကားပဲ၊ ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းဆိုရင် လေးဘက်ထောက် တွားသွားရရင်တောင်မှ အဆုံးထိ လျှောက်ရမှာပေါ့"

ထိုအသံနှင့်အတူ ရွှယ်အန်းသည် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး အားလုံးကို ပြုံးပြလိုက်သည်။

"သခင်ကြီးကို ဂါရဝပြုပါတယ်"

ကျုံးအန်းအန်းနှင့် ရှိနေသော အကြီးအကဲများအားလုံး လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

ရွှယ်အန်းက လက်ကာပြလိုက်သည်။

"ရပါတယ်... ဒီလောက်ကြီး ယဉ်ကျေးပြနေစရာ မလိုပါဘူး၊ ငါက ဒီနားက ဖြတ်သွားရင်း မိန်းကလေး ကျုံးရဲ့ စကားကို ကြားလိုက်လို့ မနေနိုင်ဘဲ ချီးကျူးလိုက်မိတာပါ”

အခန်း (၁၁၃၄) - ဆယ်ရက်ပြည့်မြောက်ခဲ့ပြီ၊ လေပြေလေညှင်းများလည်း တိုက်ခတ်နေပြီ

"သခင်ကြီးက ကျွန်မကို မြှောက်လွန်းပါပြီ၊ ဒါက ဘာကြီးလဲဟင်..."

ရွှယ်အန်းသည် ပြုံးလိုက်ပြီး လက်ကို မြှောက်ပြလိုက်ရာ သူ့လက်ထဲတွင် ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော ဆေးဖက်ဝင်အပင်တစ်ပင်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"ကလေးတွေက ငါးစားချင်တယ်လို့ ပူဆာနေကြတာ၊ ဒါပေမဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး လိုနေလို့လေ၊ အဲ့တာနဲ့ မြို့ပြင်က တောင်တန်းတွေဘက် သွားရှာလိုက်တာ၊ ကံကောင်းချင်တော့ ဒါကို သွားတွေ့တယ်၊ ကျွန်တော် ယူလာတဲ့ဟာတွေထက်တောင် ပိုပြီး မွှေးနေသေးတယ်"

ထိုသို့ပြောနေစဉ်တွင် ရွှယ်အန်းသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။ ထိုအချိန်တွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အကြီးအကဲများ အားလုံးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

ဒါ ဘယ်အချိန် ရှိနေပြီလဲ၊ ဆယ်ရက်ပြည့်ဖို့ ရက်ချိန်းက နီးကပ်လာနေပြီကို မစ္စတာရွှဲက ပူးပေါင်းထားတဲ့ အထက်တန်းလွှာ မိသားစုတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ မစဉ်းစားဘဲ ဟင်းဘယ်လိုချက်ရမလဲ ဆိုတာကို စဉ်းစားနေတာလား၊ ဒါက တကယ့်ကို မယုံနိုင်စရာပဲ...

သို့သော် ကျုံးအန်းအန်းက တောက်ပစွာ ပြုံးလိုက်သည်။

"သခင်ကြီးက ဟင်းတောင် ချက်တတ်သေးတာလား"

"ဟဲဟဲ... နည်းနည်းပါးပါးတော့ တတ်ပါတယ်၊ မတတ်လို့မှ မရတာ၊ ကိုယ့်သမီးက စားချင်တယ်ဆိုမှတော့ ကိုယ်တိုင် ချက်ကျွေးရတော့တာပေါ့"

ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးရင်း ပြောလိုက်သည်။

"သခင်ကြီးရဲ့ သမီးလေးတွေကို အားကျလိုက်တာရှင်၊ ကျွန်မများ အဲဒီလက်ရာကို မြည်းစမ်းခွင့် ရနိုင်မလား မသိဘူး"

ကျုံးအန်းအန်းက ပါးနပ်စွာ ပြုံးရင်း မေးလိုက်သည်။ ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။

"ရတာပေါ့... မင်း စားချင်တယ်ဆိုရင် ပန်းကန်တစ်စုံ၊ တူတစ်စုံ တိုးလိုက်ရုံပါပဲ၊ လာ... လိုက်ခဲ့"

"ဒါဆိုရင်တော့ ကျွန်မ မငြင်းတော့ဘူးနော်"

ကျုံးအန်းအန်းက ရယ်မောကာ ပြောလိုက်ပြီးနောက် ရွှယ်အန်းနောက်သို့ တကယ်ပင် လိုက်ပါသွားလေသည်။ အခန်းထဲတွင် ကျန်ရစ်ခဲ့သော အကြီးအကဲများမှာ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်နေခဲ့ကြသည်။ အချိန်အတော်ကြာမှ သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်က သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့... ကံစီမံရာပေါ့၊ တကယ်လို့ ငါတို့ ထိုက်ယင်မျိုးနွယ် ပျက်စီးဖို့ ကံပါလာရင်လည်း လက်ခံလိုက်ရုံပဲ ရှိတော့တာပေါ့"

လူအုပ်ကြီး တိတ်ဆိတ်သွားကြလေသည်။

ထိုကဲ့သို့ပင် ရွှယ်အန်းသည် နေ့ရက်တိုင်းကို စိုးရိမ်ပူပန်မှု၊ အလျင်လိုမှု အနည်းငယ်မျှ မရှိဘဲ ကျေနပ်ရောင့်ရဲစွာ ဖြတ်သန်းနေခဲ့သည်။ အချိန်များသည် လေးညှို့မှလွှတ်လိုက်သော မြှားတစ်စင်းပမာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အဆုံးတွင် ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။

ထိုနေ့ ရောက်သောအခါ ထျန်း

ကျောက်ဘုံ အရပ်ရပ်မှ လူတိုင်းနီးပါး၏ မျက်လုံးများသည် ကျိန်စာသင့်မြို့တော်ဆီသို့ ရောက်ရှိနေကြသည်။ အနီးအနားရှိ လူအများအပြားသည်လည်း ပွဲကြည့်ရန်အတွက် အပြေးအလွှား ရောက်ရှိလာကြသည်။

သူတို့သည် အနီးကပ် မကပ်ရဲကြပေ။ အဝေးတစ်နေရာမှနေ၍ ရွှယ်အန်းက လက်ရှိအခြေအနေကို မည်သို့ ကိုင်တွယ်မည်နည်း ဆိုသည်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ တစ်ခဏအတွင်း ကျိန်စာသင့်မြို့တော်၏ အပြင်ဘက် ကောင်းကင်ယံတွင် အလင်းရောင်များ လင်းလက်သွားလေသည်။ လူများသည် စုဝေးရောက်ရှိလာကြပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

"ကျွတ်... ကျွတ်... ဒီနေ့ ဆယ်ရက်မြောက်နေ့ ရောက်ပြီနော်၊ ကြည့်ရတာ တုံးအတဲ့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကလွဲရင် ဘယ်အထက်တန်းလွှာ မိသားစုမှ သူ့ကို လာကူညီမယ့်ပုံ မပေါ်ဘူး"

"ဟုတ်တယ်... ရွှယ်အန်း ကြေညာတုန်းကတော့ ဆယ်ရက်ပြည့်လို့ မလာတဲ့သူတွေကို ဖျက်ဆီးပစ်မယ်ဆို၊ အခု ဘယ်သူမှ မလာကြဘူးဆိုတော့ သူ ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါ တကယ် သိချင်စမ်းပါရဲ့"

"ဟဲဟဲ... ဘယ်လို ကိုင်တွယ်နိုင်မှာလဲ၊ အရပ်လေးမျက်နှာက အထက်တန်းလွှာတွေ အကုန်လုံး မဟာမိတ် ဖွဲ့ပြီးနေကြပြီလေ၊ ဒီလောက်ကြီးမားတဲ့ မဟာမိတ်အဖွဲ့ကြီးကို ရွှယ်အန်း တစ်ယောက်တည်းနဲ့ ဘယ်ယှဉ်နိုင်မှာလဲ၊ ငါထင်တာတော့ နောက်ဆုံးကျရင် သူ အမှားဝန်ခံလိုက်ရုံပဲ ရှိတော့မှာပါ"

"အမှားဝန်ခံရင်တောင်မှ ကောင်းကင်မီးတောက် မျိုးနွယ်နဲ့ တခြား မိသားစုတွေက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး၊ စောင့်သာကြည့်နေ... ဒီပွဲက ကြည့်ကောင်းတော့မှာ"

လူအုပ်ကြီး ဆူညံစွာ ဆွေးနွေးနေကြစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဟိုမှာ ကြည့်လိုက်စမ်း"

အားလုံး လှည့်ကြည့်လိုက်ကြသည်။ ရွှယ်အန်းသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ့နောက်တွင် ရင်သပ်ရှုမောဖွယ် အလှပဂေးတစ်ဦး လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ ထိုအလှပဂေး၏ ဘေးတွင် ချစ်စရာကောင်းသော သမီးငယ်လေး နှစ်ယောက်ကလည်း ကပ်လျက် ပါလာကြသည်။

တစ်ခဏအတွင်း သူတို့သည် ကျိန်စာသင့်မြို့တော်၏ မြို့ရိုးအထက်သို့ ရောက်ရှိသွားကြပြီး အောက်သို့ ဆင်းသက်လိုက်ကြသည်။ သူ ဘာလုပ်မလို့လဲ၊ ပြီးတော့ သူ့ဘေးနားက အလှပဂေးနဲ့ ကလေးမလေး နှစ်ယောက်က ဘယ်သူတွေလဲ၊ လူတိုင်း မျက်မှောင်ကြုတ်ကာ နားမလည်နိုင် ဖြစ်သွားကြသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် မျက်လှည့်ပြသကဲ့သို့ လေဟာနယ်ထဲမှ စားပွဲများ၊ ကုလားထိုင်များနှင့် အမျိုးမျိုးသော အစားအစာများကို ဆွဲထုတ်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း အားလုံး ပြင်ဆင်ပြီး ဖြစ်သွားသည်။ စားပွဲဝိုင်းကြီးတစ်လုံးကို မြို့ရိုးပေါ်တွင် ချထားလိုက်ပြီး အစားအသောက်များဖြင့် ပြည့်နှက်နေသည်။

သို့သော် လူတိုင်း၏ အာရုံကို အဖမ်းစားဆုံး အရာမှာ စားပွဲအလယ်တွင် တင်ထားပြီး ရေနွေးငွေ့များ တလူလူ ထွက်နေသော အိုးကြီးပင် ဖြစ်သည်။

ဒါ... ဒါ သူတို့ အစာစားကြတော့မလို့လား၊ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

အန်းယန်သည် ၎င်းတို့ အကြည့်များစွာကို ခံစားနေရသဖြင့် သူမ မျက်နှာလေး အနည်းငယ် ရဲသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"ယောက်ျား... ကျွန်မတို့တွေ ဒီမှာ တကယ်ကြီး စားကြမလို့လား"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ဒီနေရာက လေပြေလေညှင်းလေးတွေ တိုက်ခတ်နေတော့ ဟော့ပေါ့စားဖို့ အကောင်းဆုံး နေရာပဲလေ၊ မဟုတ်ဘူးလား"

ရွှယ်အန်းသည် ကလေးမလေး နှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။

"ဟုတ်တယ်... ဖေဖေကြီး ပြောတာ မှန်တယ်၊ ဒီနေရာက လေကောင်းလေသန့် ရတယ်၊ အစာစားလို့ ကောင်းမယ့်နေရာပဲ"

ရှန်းရှန်းက လူကြီးလေးတစ်ယောက်လို ဝင်ပြောလိုက်သည်။

ရှန်းရှန်းသည် ကာတွန်းကား တစ်ကား ကြည့်ပြီးကတည်းက ရွှယ်အန်းကို ခေါ်သော နာမည်ကို ဖေဖေမှ ဖေဖေကြီးဟု အဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။ ရွှယ်အန်းကလည်း ထိုအခေါ်အဝေါ်ကို အလွန် သဘောကျနေပုံ ရသည်။

နျန်နျန်သည်တော့...

ဤကောင်မလေးသည် စားပွဲပေါ်ရှိ အစားအစာများကို မျက်လုံးအရောင်လက်ကာ ကြည့်နေပြီး ရွှယ်အန်း၏ မေးခွန်းကို လုံးဝ ဂရုမစိုက်တော့ပေ။ ထို့အပြင် သူမ ကြည့်နကယ တိုးတိုးလေး ရေရွတ်နေသေးသည်။

"ကြည့်ပါဦး... ကြည့်ပါဦး၊ ဟို အဖတ်လေးတွေက အူကြမ်းဖြစ်မယ်၊ ရှလွတ်... သမီး အူကြမ်း အကြိုက်ဆုံးပဲ၊ ဝါး... ဟိုဟာက ဘာလေးလဲ၊ ဘဲသွေးတောင် ပါတယ်၊ စားလို့ အရမ်းကောင်းမှာပဲ..."

နျန်နျန်၏ သရေတများများကျကာ ပြောနေသော စကားသံကို ကြားပြီး ရွှယ်အန်းမှည ရယ်ရခက် ငိုရခက် ဖြစ်သွားသည် -

"မင်းလေးက တကယ့် အစားပုတ်လေးပါလား၊ လာ... ထိုင်၊ စားကြစို့"

မိသားစုသည် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသကဲ့သို့ စတင် စားသောက်ကြလေတော့သည်။ အနည်းငယ် စားပြီးနောက် အန်းယန်က တိုးညင်းစွာ ပြောလိုက်သည်။

"ယောက်ျား... ဒီလောက် အများကြီး တို့တွေ ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး၊ ဟွီယင်နဲ့ ရှောင်ယွီတို့ကိုပါ ခေါ်လိုက်ရအောင်လေ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အကြံကောင်းပဲ"

ထိုသို့ပြောပြီးသည်နှင့် သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး မှော်ရတနာဆောင်ထဲတွင် ဂိမ်းကစားနေသော ဟွီယင် နှင့် ရှောင်ယွီကို တိုက်ရိုက် ဆွဲထုတ်လိုက်လေသည်။ ထိုမျှမက နတ်ဘုရားအမျက် ပင်လယ်တွင် သိမ်းပိုက်ရရှိခဲ့သော နတ်ဘုရားအဆောင်လေးသည်လည်း ဘောလုံးလေးတစ်လုံးကဲ့သို့ လိုက်ပါလာခဲ့သည်။

ရှောင်ယွီသည် အငွေ့တထောင်းထောင်းထနေသော ဟော့ပေါ့အိုးကို မြင်လိုက်ရသောအခါ နျန်နျန်နှင့် တစ်ပုံစံတည်း သရေများပင် ကျလုနီးပါး ဖြစ်သွားသည်။

"ဝါး... ဟော့ပေါ့၊ မြန်မြန်... ငါးဖယ်လုံးနဲ့ ကဏန်းချောင်းလေးတွေပါ ထည့်လိုက်၊ ကျွန်မ အဲ့တာ အကြိုက်ဆုံးပဲ၊ ဘာ... ရေဘဝဲလုံးတောင်ရှိတယ်လား၊ ပိုတောင် ကောင်းသေး၊ ရေဘဝဲသားက ချောမွတ်ပြီး နူးညံ့နေတာ၊ စားလိုက်ရင် ရှယ်ပဲ"

ဟွီယင်းက အနည်းငယ် စိတ်ရှုပ်သွားပြီး ရှောင်ယွီ၏ ခေါင်းကို ခေါက်လိုက်သည်။

"ကြည့်စမ်း... နင် တော်တော် ဖြစ်နေတယ်၊ ကိုယ့်အသားကိုယ် ပြန်စားရတာ အဲဒီလောက်တောင် ကြိုက်လား"

ရှောင်ယွီက ခေါင်းကို ပွတ်ရင်း ရယ်မောကာ ပြောလိုက်သည်။

"မမဟွီကလည်း... ကျွန်မတို့ ရေဘဝဲတွေရဲ့ လက်တံတွေက ပြန်ထွက်လာတတ်တယ်ဆိုတာ မသိဘူးလား၊ ပင်လယ်ထဲမှာတုန်းက ဗိုက်အရမ်းဆာရင် ကိုယ့်လက်တံ ကိုယ်ပြန်စားနေကျ၊ တကယ်လည်း အရသာ ရှိတယ်"

"ဟွန်း... ဂန္တဝင် တက်ပန်ယာကီ ကြီးပါလား"

ဟွီယင်သည် ရယ်မောလိုက်သည်။ ထိုနာမည်ကို ကြားသည်နှင့် ရှောင်ယွီက ချက်ချင်း ဒေါသထွက်သွားသည်။

"မဟုတ်ပါဘူးလို့ ပြောနေတယ်လေ၊ တက်ပန်ယာကီ ဆိုတာ ပြည်ကြီးငါးပါဆို"

"ဘာကွာလို့လဲ၊ နှစ်ကောင်စလုံး လက်တံတွေ ပါတာပဲဟာ"

"ကွာတာပေါ့၊ ကျွန်မတို့ ရေဘဝဲတွေက..."

ထို့နောက် ရှောင်ယွီသည် ပြည်ကြီးငါးနှင့် ရေဘဝဲ ကွာခြားချက်များကို အာပေါက်မတက် စတင် ရှင်းပြလေတော့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ မည်သူမျှ သူမစကားကို သေချာ နားမထောင်ကြပေ။

စားပွဲဝိုင်းတွင် နေရာအလွတ်များ ကျန်နေသေးသည်ကို မြင်သောအခါ ရွှယ်အန်းသည် မြို့စားအိမ်တော်ဘက်သို့ လှည့်ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"အဝေးကြီးကနေ ကြည့်နေစရာ မလိုပါဘူး၊ လာပြီး ဝင်စားကြပါ"

သူ၏ စကားသံအဆုံးတွင် အဝေးမှ အရိပ်မည်းများ လှုပ်ရှားသွားကြသည်။ ထို့နောက် ချူရှောင်ယွင်နှင့် ကျုံးအန်းအန်းတို့သည် ထိုအရိပ်များကြားမှ ထွက်ပေါ်လာကြသည်။

"သခင်တို့..."

အမျိုးသမီး နှစ်ယောက်စလုံး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြလေသည်။

All Chapters