ငါ့သခင်ရဲ့သားကောင်ကို မလုနဲ့
Vol. 40 Ch. 398
"ဟူး..."
ရှန်းယီ အလျင်စလို ထွက်ခွာလာရခြင်းမှာ အကြောင်းရင်းရှိသည်။
ဤဆေးဖော်စပ်မှုသည် နှစ်လနီးပါး ကြာမြင့်ခဲ့သော်လည်း သူစိတ်မသက်မသာဖြစ်စရာ သတင်းတစ်ခု ရရှိခဲ့၏။
ပထမအချက်မှာ ချောက်နက်ပင့်ကူဧကရာဇ် သည် မြင်းဖြူအကြောင်း နားလည်ထားမှုအပေါ် အခြေခံပြီး ၎င်းပုန်းခိုရာနေရာကို ရှာတွေ့သွားခြင်းဖြစ်သည်။
ချင်းဟွာက သွားရောက်သတ်ဖြတ်ရန် တာဝန်ယူခဲ့၏။
ပင့်ကူဧကရာဇ်သည် သူမကို မသွားရန်အစွမ်းကုန် တားမြစ်နားချခဲ့သည်။
"သခင်၊အဲဒီမြင်းဖြူ စောင့်ကြပ်နေတာ ဘယ်လိုနေရာမျိုးလဲဆိုတာ သခင် သိမှာပါ။"
ထိုအရာက ဤလောကတွင် တန်ဖိုးအကြီးဆုံး ဆေးဝါးများ သိုလှောင်ထားသည့် နန်ယန်ဂိုဏ်း၏ ဆေးဖော်စပ်ခြင်းခန်းမဆောင်ကြီးဖြစ်ပေ၏။
"ဒီတစ်ခါတော့ ကျွန်မကိုယုံလိုက်ပါ၊ သူက နတ်ဆိုးတစ်ထောင်ဂူဆီ တန်းတန်းမတ်မတ်ပြန်မသွားဘူးဆိုကတည်းက သေချာပေါက်မကောင်းကြံနေတာပဲ ဖြစ်ရမယ်"
လူတိုင်းက ၎င်းပြင်းထန်စွာဒဏ်ရာရပြီး သေလုမျောပါးဖြစ်ကာ ဖရိုဖရဲထွက်ပြေးသွားသည်ဟု ယခုအချိန်တွင် ထင်နေကြသည်။ သို့သော် ထင်သလောက်ဒဏ်ရာမပြင်းထန်ပါက ယခုလိုအခြေအနေမျိုးတွင် အရာများစွာ လုပ်ဆောင်နိုင်ပေ၏။
"ငါ နားလည်ပြီ"
ရှန်းယီက ချင်းဟွာကိုတားလိုက်ပြီး ဆင်းသက်ရန် ဆိတ်ငြိမ်သောနေရာတစ်ခုကို ရှာဖွေလိုက်သည်။
သူက စနစ်ဘောက်ကွက် ကို ဖွင့်လိုက်၏။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၂၀၀၀ နှစ်]
မူလကလုံလောက်သည်ဟု ထင်ရသော သူ့နတ်ဆိုးသက်တမ်းသည် အဆင့်တက်လှမ်းပြီးနောက်တွင် အနည်းငယ်ကျပ်တည်းနေပုံရသည်။
ပထမအချက်မှာ တာအိုနန်းတော်က နတ်ဆိုးသက်တမ်းအမြောက်အမြား လိုအပ်ပြီး၊ ဒုတိယအချက်မှာ ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းမှာလည်း အသေးစားအောင်မြင်မှုအဆင့်၌သာ ရှိသေး၏။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ် တစ်ခုကလည်း အားဖြည့်ပေးမှုကို ဆာလောင်စွာ စောင့်ဆိုင်းနေသည်ကို ထည့်ပြောစရာပင်မလိုတော့ပေ။
ရှန်းယီသည် တစ်ခါတရံတွင် သူ သိပ်ထူးဆန်းနေသလားဟု တွေးမိသည်။
ပါရမီကို ခဏဖယ်ထားလိုက်လျှင်။
မည်သည့်ကျင့်ကြံသူကများ ကျင့်စဉ်နည်းလမ်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ကျင့်ကြံပြီး တစ်ခုချင်းစီတိုင်းတွင် ပြည့်စုံအောင်မြင်ရန် ကြိုးစားကြသနည်း။
လူတိုင်း အားကျရသော နီကျွင်းပင်လျှင် ခရမ်းရောင်တိမ်တိုက်နတ်ဘုရားမိုးကြိုး ဓားသိုင်းနည်းစနစ် တစ်စုံနှင့် ၎င်းကိုအထောက်အကူပြုသော ဟင်းလင်းပြင်လျှောက်လှမ်းခြင်း တာအိုနန်းတော်ကိုသာ အားကိုးသည်။
သို့သော် နည်းလမ်းတစ်ခုခုကြောင့် အသက်ရှင်ကျန်ရစ်တိုင်း၊သူက နောက်ထပ်အရာများကို သင်ယူချင်စိတ် အလိုလိုဖြစ်ပေါ်လာ၏။
နတ်ဆိုးအနည်းငယ် ပိုသတ်ရသည်မှာ အနည်းငယ် ဒုက္ခများသော်လည်း ကိုယ်တိုင် သေရသည်ထက်တော့ ပိုကောင်းသည်။
ဤသို့တွေးပြီးနောက် ရှန်းယီသည် သူ့နတ်ဆိုးသက်တမ်းများကို အနန္တအင်ပါယာနတ်ဆိုးနန်းတော်ထဲသို့ စီးဆင်းစေလိုက်သည်။
[ပထမနှစ် - သင်သည် သင့်တာအိုဝိညာဉ်၏ ကိုယ်တွင်းအင်္ဂါငါးခုကို လှုံ့ဆော်လိုက်ပြီး မိုးမြေ၏ ဝိညာဉ်စွမ်းအင်များကို အသည်းအသန်ခေါ်ယူလိုက်သည်။ ယခင်က လီတစ်ရာမျှသာရှိသော ရေကန်တိမ်တိမ်လေးနှင့် နှိုင်းယှဉ်လျှင် ယခု သင့်အာရုံခံစားမှုထဲ၌ လီပေါင်း သုံးထောင်သုံးရာရှိသောသမုဒ္ဒရာကြီးတစ်ခုကဲ့သို့ လွတ်လပ်စွာစီးဆင်းနေသည်။ ဤမျှကြီးမားသော ကောင်းကင်စွမ်းအင်များသည် သင့်တာအိုနန်းတော်ကို လျင်မြန်စွာ ပြည့်စုံစေနေသည်။]
နတ်ဆိုးသက်တမ်းများ လျင်မြန်စွာ လျော့နည်းသွား၏။
ရှန်းယီသည် စုတ်တံကိုင်ထားသော ပန်းချီဆရာတစ်ဦးကဲ့သို့ မိုးမြေကြားတွင် သူနှင့်သာ သီးသန့်သက်ဆိုင်သောကြမ်းတမ်းခက်ထန်သည့် ပန်းချီကားချပ်တစ်ခုကို ရေးဆွဲနေသကဲ့သို့ပင်။
သူ့နတ်ဆိုးသက်တမ်း ကုန်ဆုံးသွားမှသာ ထိုနက်ရှိုင်းသောခံစားမှုမှ ပြန်ထွက်လာပြီး နှမြောတသဖြစ်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
[နှစ်ပေါင်း နှစ်သောင်းနှစ်ထောင် - သင်သည် ကျန်းသုံးရာကျော်မြင့်မားသော တာအိုနန်းတော်ကို ကြည့်လိုက်ပြီး ၎င်း၏ကြီးမားကျယ်ပြန့်မှုကို အံ့သြမှင်သက်နေမိသည်။]
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း။ အနန္တအင်ပါယာနတ်ဆိုးနန်းတော် - ကြီးမားသောအောင်မြင်မှုအဆင့်]
သူ့အဆင့်က အစောပိုင်းအဆင့်မှ ကြီးမားသောအောင်မြင်မှုအဆင့်သို့ ခုန်တက်သွားသည်ကို မြင်လိုက်ရသောအခါ ရှန်းယီအကြမ်းဖျင်း နားလည်လိုက်၏။
ဤတာအိုနန်းတော်ကျင့်စဉ်၏တိုးတက်မှုသည် ဝိညာဉ်အမြစ်များ နှင့် ဆက်စပ်နေနိုင်သည်။
အဆင့်နိမ့်ဝိညာဉ်အမြစ် ပိုင်ရှင်များအတွက် ကျန်း သုံးရာအကျယ်ရှိသော တာအိုနန်းတော်ကို မဆိုထားနှင့်၊ ကျန်း သုံးဆယ် (သို့) ငါးဆယ်ခန့်သည်ပင် သူတို့၏အကန့်အသတ် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် သူ့အတွက်မူ ယခင်ခံစားချက်များအရ ဆုံးဖြတ်ရလျှင် နတ်ဆိုးသက်တမ်းသာ လုံလောက်ပါက ကျန်းငါးရာခန့်သည် အကန့်အသတ် ဖြစ်နိုင်သည်။
"လိုပါသေးတယ်"
ရှန်းယီ ဖြည်းညှင်းစွာမတ်တတ်ရပ်လိုက်ပြီး နတ်ဆိုးဝိညာဉ်များစွာ ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
"သခင်၊ပြင်ပလူတွေ ရောက်လာနေကြတယ်။ ကျွန်မ သူတို့ကိုတားလိုက်ရမလား" ချင်းဟွာ၏ မေးခွန်းက သူ့စိတ်ထဲသို့ ရောက်လာသည်။
ရှ
န်းယီ အနည်းငယ် အံ့သြသွား၏။ သူ့အပြင် မြင်းဖြူကို လိုက်ရှာနေသူတွေ ရှိသေးသည်လော။
သူက သဘောတူကြောင်း အဖြေပေးလိုက်ပြီးနောက် ထိုနေရာမှပျောက်ကွယ်သွားရန် ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းကို အသုံးပြုလိုက်သည်။
တိတ်ဆိတ်သောတောင်တန်းတစ်ခု၏ နက်ရှိုင်းသော နေရာတွင်
လူသုံးဦးက သူတို့၏ဂါထာမန္တန်ကို ရပ်လိုက်ပြီး တောအုပ်ထဲသို့ အမြန်ဆင်းသက်လိုက်ကြ၏။
"ဒီနေရာဆိုတာ သေချာရဲ့လား"
ထုံရှင်းချွမ်း သည် သူ၏မူလ အနီရောင်ဝတ်ရုံကို လဲလှယ်လိုက်ပြီး မထင်ရှားသော အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည်။
သူသည် အစီအရင်ခင်းရန်အတွက် ဝိညာဉ်သန့်စင် ကောင်းကင်ပိုးချည်ကို အသုံးမပြုတော့ဘဲ လက်ထဲတွင် ရွှေရောင်မြှားတစ်စင်းကို ကိုင်ဆောင်ထားပေ၏။
ယွီချောင်းအန်းက သူ့အော်ရာကို ဖုံးကွယ်ရန် အစီအရင်ပြားတစ်ခုကို ကိုင်ဆောင်လျက်ဖိလိုက်လာသည်။
"သေချာတယ်"
မြောင်ချင်းဟွေ့က ဂါထာရွတ်လိုက်ရာ သူမ၏ရွှမ်စေတီငယ်လေးမှာရှေ့တွင် ဝဲပျံလာပြီး မမြင်ရသော အလင်းကန့်လန့်ကာတစ်ခုကို ဖြန့်ကျက်လိုက်သည်။
သူတို့သုံးဦးသည် ဆရာသခင်၏အမိန့်အရ နတ်ဆိုးအမိန့်ပြန်တမ်းရွှေရောင်မြှားကို ယူဆောင်ကာ စီနီယာအစ်ကိုနီ၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးရန်ရောက်ရှိလာခြင်းဖြစ်သည်။
ဤကိစ္စမျိုးကို ယခင်က ချင်းဖုန် ကိုင်တွယ်လေ့ရှိ၏။
သို့သော် ဤတစ်ခါတော့ သာမန်ကျင့်ကြံသူများဖြစ်သော သူတို့အုပ်စု၏စွမ်းဆောင်ရည်ထက် များစွာကျော်လွန်ကာ အလွန်ဒုက္ခများလှသည်။
သူတို့ဆရာသခင်သည် ယခင်ကကဲ့သို့ပင် စီနီယာအစ်ကိုနီကို အစွန်းကုန်အလိုလိုက်ချစ်ခင်နေဆဲဖြစ်ပြီး နီကျွင်း၏ဘေးကင်းလုံခြုံမှုအတွက် အခြားတပည့်များ၏ အသက်ကို စွန့်လွှတ်ရန် ဝန်မလေးပေ။
သို့သော် မြောင်ချင်းဟွေ့နှင့် အခြားသူများက မည်သည့်ညည်းညူသံမှ မပြုဘဲ ရောက်လာခဲ့ကြ၏။
ရိုးသားသော ယွီချောင်းအန်းပင်လျှင် စီနီယာအစ်ကိုနီ က အဘယ်ကြောင့် ယခုတစ်ကြိမ် တောင်အောက်သို့ စိတ်လိုက်မာန်ပါ ဆင်းလာခဲ့ရသလဲဆိုသည်ကို နားလည်သည်။
ရန်သူ့မျက်စိအောက်မှာပင် သူတို့၏ဂိုဏ်းတူညီအစ်ကိုမောင်နှမများ ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဒဏ်ရာရပြီးပြန်လာခဲ့ကြရ၏။
နောက်ဆုံးတွင် ထိုအရာက သတ်ဖြတ်လိုစိတ် ပြင်းထန်သော စီနီယာအစ်ကိုနီ ကို ဒေါသထွက်စေခဲ့သည်။
"ဒီရွှေရောင်မြှားတစ်စင်းတည်းနဲ့ အဲဒီကောင်ကို သတ်နိုင်ပါ့မလား"
ယွီချောင်းအန်းက အသက်ပြင်းပြင်း ရှူလိုက်၏။ သူက ထိပ်တန်းနတ်ဆိုးဧကရာဇ်ဆယ်ပါးကို တစ်ခါမှ မတိုက်ခိုက်ဖူးပေ။
"ပြီးတော့ မဟာဦးချိုနတ်ဆိုးဧကရာဇ်နဲ့ ခြင်္သေ့ကြီးကိုလည်း ရှာမတွေ့သေးဘူး။ စီနီယာအစ်ကိုနီရဲ့ ကျင့်ကြံခြင်းအဆင့် သတင်းကို တကယ်ပဲ ဖုံးဖိထားလို့ရပါ့မလား"
"ဘိုင်ဟုန်ဧကရာဇ်ကို အရင်သတ်ပြီးမှ တစ်ဆင့်ချင်း သွားကြတာပေါ့" ထုံရှင်းချွမ်းက နောက်ကျိနေသော လေကို မှုတ်ထုတ်လိုက်၏။
ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်နှင့် ရှန်းယီသည် တစ်ယောက်တည်းဖြစ်ကြောင်း သူ သံသယရှိနေသော်လည်း သက်သေမရှိသည့်အပြင် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေဆဲဖြစ်သည်။
ယခုလိုဖြစ်လာမည်မှန်းသာ သိခဲ့လျှင် ဆရာသခင်စကားကို နားမထောင်ခဲ့သင့်ပေ။
စီနီယာအစ်ကိုနီကို ပြင်ပလောကအကြောင်း မပြောပြဘဲထားလျှင်ရော ဘာထူးမည်နည်း။ တောင်အောက်ဆင်းရန်အချိန်တန်လျှင် မည်သူကမှ သူ့ကို တား၍ရနိုင်မည်မဟုတ်ပေ။
ယခုတော့ ရှုပ်ကုန်လေပြီ။
စီနီယာအစ်ကိုနီပင်ဖြစ်စေ ခြင်္သေ့ကြီးပင်ဖြစ်စေ ထိခိုက်နစ်နာသွားမှာကို ထုံရှင်းချွမ်းလက်မခံနိုင်ပေ။
ဤသို့တွေးလိုက်ရင်း သူ ရုတ်တရက် ခဏတာ ကြောင်သွား၏။
ထို့နောက် သူ့နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
သူ့ပင်ကိုယ်ဆုံးဖြတ်ချက်အရ စီနီယာအစ်ကိုနီ က ခြင်္သေ့ကြီးလက်ချက်နှင့် အရှုံးပေါ်သွားနိုင်ကြောင်းဟု သူ တွေးလိုက်မိခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ခဏတာ ငေးငိုင်နေမိစဉ်၊စီနီယာအစ်မ မြောင်၏ သတိပေးသံကို ရုတ်တရက် ကြားလိုက်ရ၏။
"သတိထား"
သူမ စကားမဆုံးခင်မှာပင် အားကောင်းသော အော်ရာတစ်ခု ချက်ချင်းတလဟော ထွက်ပေါ်လာပြီး စူးရှသော ရွှေရောင်အလင်းတန်းများက သူတို့သုံးဦးလုံး၏မြင်ကွင်းကို လွှမ်းမိုးသွားသည်။
သုံးဦးသား ချက်ချင်း လေးနက်သွားကြ၏။
သို့သော် သူတို့ရှေ့တွင် ပေါ်လာသော ပုံရိပ်ကို မြင်လိုက်ရသောအခါ အားလုံး ကြောင်အသွားကြသည်။
ယခုလေးတင် တိတ်ဆိတ်နေခဲ့သော တောအုပ်ကြီးထဲတွင်၊ယခုအခါ ဆယ်ကျန်းအမြင့်ရှိသော ခမ်းနားထည်ဝါသည့် ပုံရိပ်ကြီးတစ်ခု ထင်ရှားစွာ ပေါ်ပေါက်လာ၏။
တောင်ငယ်လေးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေသော နက်မှောင်သန်းနေသည့် ရွှေရောင်ခန္ဓာကိုယ်၊ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အမွှေးဝတ်ရုံက ညင်သာစွာလှုပ်ခတ်နေပြီး အလင်းရောင်များလည်ပတ်နေသော ရွှေရောင်မျက်လုံးတစ်စုံက လျစ်လျူရှုသော အကြည့်ဖြင့် ငုံ့ကြည့်နေသည်။
နဂါးနှင့်မြွေများက လက်မောင်းများပေါ်တွင် ရစ်ပတ်နေပြီး အားလုံးက အစွယ်များဟကာဖန်ဖီထားကြ၏။
စကားတစ်ခွန်းမှ မဆိုသော်လည်း သူတို့ကိုမောင်းထုတ်လိုသော ဆန္ဒကိုငြင်းဆန်မရအောင် ပြသနေသည်။
"နင်က ငါ့ကို လန့်သွားအောင် လုပ်တာပဲ"
မြောင်ချင်းဟွေ့က တုန်လှုပ်နေဆဲဖြစ်ကာ သူမ၏ ရင်ဘတ်ကို ပုတ်လိုက်၏။ "နင် ဒီမှာဘာလုပ်နေတာလဲ။ ရှုပ်မနေနဲ့၊ ငါတို့က အရေးကြီးကိစ္စနဲ့ လာတာ"
သို့သော် ယွီချောင်းအန်းက တောအုပ်အတွင်းပိုင်းကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်၏။
သူတို့ ဂရုတစိုက် ဖုံးကွယ်ထားသော အော်ရာများက ဤအတိုင်းပင် ပေါ်သွားပြီဖြစ်သည်။
အကယ်၍သာ ဤအရာက ဘိုင်ဟုန်ဧကရာဇ်ကို လန့်သွားစေခဲ့လျှင် ပြဿနာများစွာပိုမိုဖြစ်ပေါ်လာနိုင်သည်။
ထုံရှင်းချွမ်း တစ်ယောက်တည်းသာ ရွှေရောင်ကိုယ်ခန္ဓာကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။
ခဏကြာတော့ သူကအချက်ပြသည့်အနေဖြင့် လက်ထဲမှ နတ်ဆိုးအမိန့်ပြန်တမ်းရွှေရောင်မြှားကို မြှောက်ပြလိုက်သည်။
ရွှေရောင်ကိုယ်ခန္ဓာကိုယ်ပွားက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းပြသည်။
ထိုအရာကိုမြင်တော့ ထုံရှင်းချွမ်းက နားလည်ကြောင်း ခေါင်းအနည်းငယ်ညိတ်ပြပြီး တိုးတိုးလေး ပြောလိုက်၏။ "ဆုတ်မယ်"
ရှန်းယီ လုပ်မည်ကိစ္စမှာ သူတို့၏အကူအညီအားမလိုအပ်ပေ။
အသေးစိတ်ကိုမသိရသော်လည်း ဤကိစ္စ၏ နောက်ကွယ်တွင် ပိုလေးနက်သော အဓိပ္ပာယ်ရှိရမည်။
ဤအခွင့်အရေးကို သုံးပြီး နတ်ဆိုးဧကရာဇ်များ၏ ယုံကြည်မှုကို ရယူမလို့လော။ ဤအရာက အမှန်တကယ်ကို အခွင့်အရေးကောင်းတစ်ခုပင်။
"ငါတို့ ဒီတိုင်း ပြန်တော့မလို့လား"
ယွီချောင်းအန်း ကြောင်သွား၏။ "တတိယဂူပိုင်ရှင် နတ်ဆိုးဧကရာဇ် ပြင်းထန်စွာဒဏ်ရာရနေတဲ့ အခွင့်အရေးမျိုးက အမြဲရနိုင်တာ မဟုတ်ဘူးနော်"
စကားမဆုံးခင်မှာပင် မြောင်ချင်းဟွေ့က သူ့ကို ဆွဲခေါ်လိုက်သည်။
"မဟုတ်ဘူး၊ ရှန်းယီက ငါတို့ အဖေမို့လို့လား"
ယွီချောင်းအန်းက ကူကယ်ရာမဲ့စွာ ညည်းညူလိုက်၏။ တစ်ဖက်လူအား နောက်ဆုံးတွေ့ခဲ့သည့်အချိန်တွင် ထိုကောင်လေးသည် နတ်ဘုရားစိတ်ဝိညာဉ်အလယ်အလတ်အဆင့်ရှိသော ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ် နှင့် တိုက်ခိုက်နေတုန်းသာ ရှိသေး၏။
သူ တိုးတက်လာသည်ဆိုလျှင်ပင် စီနီယာအစ်ကိုနှင့်အစ်မတို့သည် ဆရာသခင်၏အမိန့်ကိုပင် လစ်လျူရှုရလောက်သည့်အဆင့်ထိတော့ မရောက်နိုင်သင့်ဘူးမဟုတ်လော။
"ပါးစပ်ပိတ်ထားစမ်းပါ၊ အရူးကောင်"
ထုံရှင်းချွမ်းက သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် အမြန်ဆွဲခေါ်ကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။
ထိုအချိန်မှာပင် တောင်တန်းကြီး၏ နက်ရှိုင်းသောနေရာကနေ အဖြူရောင်ပုံရိပ်တစ်ခု ပျံတက်လာသာ်ကို သူတို့သုံးယောက် မြင်လိုက်ရပေ၏။ ထိုပုံရိပ်နှင့်အတူ မွန်းကျပ်လောက်သော နတ်ဆိုးအော်ရာကြီးတစ်ခု လွှမ်းခြုံတိုက်ခတ်လာလေသည်။
"အာ.. ဒါက..."
မြောင်ချင်းဟွေ့က သူမ၏ရွှမ်စေတီကို အမြန် ပြန်သိမ်းလိုက်၏။
အသေအချာပင် ရွှေရောင်ခန္ဓာကိုယ်ကြီး၏မဖုံးကွယ်ထားသော အော်ရာမှာ ထိုနတ်ဆိုးကြီးကို လန့်သွားစေခဲ့၏။
သို့သော် ပျံ့လွင့်လာသည့် နတ်ဆိုးအော်ရာကို ကြည့်ရသည်မှာ တစ်ဖက်ရန်သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပုံ မပေါ်ပေ။
သူမက ရွှေရောင်ကိုယ်ခန္ဓာကိုယ်ပွားရှိရာကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိ၏။
လက်ပိုက်လျက်ရပ်နေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိသလို၊ထိတ်လန့်သည့် အရိပ်အယောင်လည်း မရှိသည်ကို သူမ မြင်လိုက်ရသည်။