အခန်း (၁၉၁၅-၁၉၁၈)
Vol. 102 Ch. 1915-1918
အခန်း (၁၉၁၅) - အခြေအနေက တော်တော်လေး အနေရခက်စရာပါပဲ
~ဘတ်ကင်ဟမ် မြို့စားကြီး၏ ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အာလ် ဝီလျံ တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာတော့၏။
မြို့စားကြီး၏ မိတ်ဆွေရင်း... အဘိုးအို မာတင်၏ အသက်သခင် ကျေးဇူးရှင်...။
ဤစကားလုံး နှစ်စု၏ အလေးချိန်မှာ တကယ်ပင် တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပေသည်။
ထင်ရှားသည်မှာ ဗီဒီယိုထဲက လူငယ်လေးသည် ဘတ်ကင်ဟမ် မြို့စားကြီးအတွက် အလွန် အရေးပါနေခြင်း ဖြစ်ချေ၏။
ဘတ်ကင်ဟမ် မြို့စားကြီးသည် လူအများအပေါ် အမြဲတမ်း ကြင်နာတတ်ပြီး အပေါင်းအသင်း ဆံ့သူဖြစ်ကြောင်း အာလ် ဝီလျံ ကောင်းစွာ သိထားသည်။
သို့သော် သူ၏ စိတ်ထဲတွင် 'မိတ်ဆွေရင်း' ဟု သတ်မှတ်ထားသူမှာကား လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှ၏။
ဘတ်ကင်ဟမ် မြို့စားကြီးသည် ထိုလူတိုင်းကို မိမိကိုယ်ကိုယ် တန်ဖိုးထားသကဲ့သို့ပင် အလေးအနက်ထားလေ့ ရှိသည် မဟုတ်ပါလော။
ဥပမာအားဖြင့် မြို့စားကြီး အစောက ပြောသွားသည့် အဘိုးအို မာတင်မှာ ထိုသို့သော သူမျိုးပင် ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် မာတင်၏ အသက်သခင် ကျေးဇူးရှင် ဆိုသည်မှာ ဘတ်ကင်ဟမ် မြို့စားကြီး၏ ကျေးဇူးရှင်ပင် ဖြစ်ချေသည်။
ယခုမူ ဖိလစ်နှင့် အာလ် ဝီလျံ တို့သည် ဘတ်ကင်ဟမ် မြို့စားကြီးအပေါ် အာဏာပြမိခဲ့တော့၏။ ဒါဟာ မြို့စားကြီး၏ ဦးခေါင်းပေါ်မှာ တက်ပြီး မလေးမစား ပြုမူလိုက်တာနှင့် ဘာမှ မခြားတော့ပေ။
မြို့စားကြီး၏ နောက်ဆုံးစကား နှစ်ခွန်းဖြစ်သော "ငါ့ကိုရော၊ တို့နေမဝင်အင်ပါယာရဲ့ နိုင်ငံသား အားလုံးကိုပါ... မင်း ဘယ်လိုမျိုး ရှင်းပြချက် ပေးမလဲ" ဆိုသည့် အချက်က အခြေအနေ၏ ပြင်းထန်မှုကို သက်သေပြနေလေသည်။
အာလ် ဝီလျံ သည် ချွေးစေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်၏။ အိုမင်းရင့်ရော်နေသော သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း မထိန်းနိုင်အောင်ပင် တုန်ရီနေရှာသည်။ သူ ကပျာကယာပင် ပြန်လည် လျှောက်တင်လိုက်တော့၏။
"မြို့စားကြီး... စိတ်ချနေပါခင်ဗျာ... ကျွန်တော် အခုချက်ချင်း အဲ့ဒီ လူမိုက်ကောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ်..."
"မြို့စားကြီးရဲ့ မိတ်ဆွေနဲ့ အပြစ်မရှိတဲ့ မိန်းကလေးကို အခုချက်ချင်း တောင်းပန်ခိုင်းပါ့မယ်... ဘယ်လို အခြေအနေမျိုးနဲ့ပဲ ဖြစ်ဖြစ် သူတို့ ခွင့်လွှတ်လာအောင် တောင်းပန်ခိုင်းလိုက်ပါ့မယ်ခင်ဗျာ..."
"ဒါတင် မကပါဘူး... ကျွန်တော်ကိုယ်တိုင်လည်း မြို့စားကြီးရဲ့ မိတ်ဆွေဆီကို အပြေးအလွှား လာပြီး တောင်းပန်ပါ့မယ်..."
"ဒါနဲ့တင် မလုံလောက်သေးဘူး..." ဖုန်းတစ်ဖက်မှ ဘတ်ကင်ဟမ် မြို့စားကြီး၏ အသံမှာ မကြုံစဖူး အေးစက်နေလေသည်။
"ဒါဟာ ရာဇဝတ်မှုပဲ... ဝီလျံကြီး..."
"နဂါးနိုင်ငံမှာ ဆိုရိုးတစ်ခု ရှိတယ်... 'ဧကရာဇ်မင်း ကျူးလွန်ရင်တောင် သာမန်လူတွေလိုပဲ ပြစ်ဒဏ် ခံရမယ်' တဲ့..."
"ဒါဆိုရင်တော့..."
အာလ် ဝီလျံ ၏ အသံမှာ တုန်ယင်နေတော့၏။
"ဒါဆိုရင်တော့... မြို့စားကြီးရဲ့ မိတ်ဆွေတွေဆီကနေ အစွမ်းကုန် တောင်းပန်ပြီးတဲ့နောက်... အဲ့ဒီ လူမိုက်ကောင် ဖိလစ်ကို ကျွန်တော် ကိုယ်တိုင် အပြင်းအထန် အပြစ်ပေးပါ့မယ်... ပြီးရင်တော့ သူ့ကို ရဲစခန်းဆီ ကျွန်တော် ကိုယ်တိုင် ခေါ်သွားပြီး အပ်နှံလိုက်ပါ့မယ်ခင်ဗျာ..."
"မင်း သင့်တော်သလိုပဲ ဆုံးဖြတ်ပါ... အတိုချုပ် ပြောရရင်တော့... နောက်ဆုံး ရလဒ်ကို အခုကနေစပြီး နောက်ဆုံး တစ်နာရီအတွင်း ငါ ကြားချင်တယ်..." ဘတ်ကင်ဟမ် မြို့စားကြီး ဖုန်းချလိုက်လေတော့သည်။
အာလ် ဝီလျံ သည် မြို့စားကြီး ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်လိုက်၏။
သူ၏ ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်ထားရင်း၊ အိမ်ဝတ်စုံကိုပင် လဲလှယ်ရန် အချိန်မရတော့ဘဲ၊ ဘေးနားရှိ အစေခံမလေးကို အလန့်တကြား အမိန့်ပေးလိုက်တော့သည်။
"မြန်မြန်... ကားပြင်စမ်း... ငါ့ကို ဖိလစ် ရှိတဲ့ဆီ အခုချက်ချင်း ပို့ပေး..."
အစေခံမလေးသည် ကပျာကယာပင် စီစဉ်နေစဉ်မှာပင် သူသည်လည်း အိမ်ပြင်သို့ ပြေးထွက်လာခဲ့၏။
ပြေးလွှားနေရင်းမှ ဖိလစ်၏ ဖုန်းနံပါတ်ကို ရှာဖွေကာ ချက်ချင်းပင် ခေါ်ဆိုလိုက်လေတော့သည်။
"သောက်ရူးကောင်... အခုချက်ချင်း ရပ်လိုက်စမ်း... မင်း ငါ့ကို သတ်ချင်နေတာလား... အခြေအနေ ဘယ်လိုလဲ၊ မင်းသိရဲ့လား..."
...
တစ်ချိန်တည်းမှာပင်... စားသောက်ဆိုင်၏ ဒုတိယထပ်တွင်...
မိမိ၏ အဘိုးဖြစ်သူ၏ ထောက်ခံမှုကို ရထားပြီဟု ထင်မှတ်နေသော ဖိလစ်သည် အာလ် ဝီလျံ ထံမှ နောက်ဆက်တွဲ သတင်းကိုပင် မစောင့်တော့ဘဲ လက်စပြုရန် ပြင်နေခဲ့၏။ သို့သော် မထင်မှတ်ဘဲ အဘိုးဖြစ်သူဆီမှ ဖုန်းဝင်လာပြီး ဆူပူကြိမ်းမောင်းခံလိုက်ရလေသည်။
ဖုန်းထဲမှ အဘိုးဖြစ်သူ၏ ဆဲဆိုသံများကို ကြားလိုက်ရသောအခါ သူ ကြောင်အမ်းသွားရ၏။
ယဲ့ဖန်သည် ဘတ်ကင်ဟမ် မြို့စားကြီး၏ မိတ်ဆွေရင်း ဖြစ်ကြောင်းနှင့် မြို့စားကြီး၏ စိတ်ထဲတွင် ယဲ့ဖန်၏ အဆင့်အတန်းမှာ သူနှင့်ပင် မတိမ်းမယိမ်း ရှိနေကြောင်း အဘိုးဖြစ်သူက ပြောလိုက်သည့် အခါမှသာ သူ သတိပြန်ဝင်လာတော့သည်။
သူ၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သော အပြုံးများမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားရ၏။
"မင်း... သောက်ရူး... မင်းရဲ့ လူတွေကို အခုချက်ချင်း ရပ်ခိုင်းလိုက်စမ်း... ပြီးရင် မြို့စားကြီးရဲ့ မိတ်ဆွေနဲ့ အပြစ်မရှိတဲ့ သူတွေကို အမြန်ဆုံး တောင်းပန်လိုက်..."
"ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... မင်း သူတို့ ခြေရင်းမှာ ဒူးထောက်ပြီး ဦးချရမယ် ဆိုရင်တောင်မှ ခွင့်လွှတ်မှု ရအောင် တောင်းပန်ရမယ်... သိလား..."
"ဒါမှမဟုတ်ရင်တော့... မင်း သေဖို့သာ ပြင်ထားလိုက်တော့..."
အထူးသဖြင့် ဖုန်းမချခင် အဘိုးဖြစ်သူ ပြောသွားသော နောက်ဆုံး စကားများကို ကြားလိုက်ရသောအခါ... သူ၏ အပြုံးများမှာ လုံးဝ တောင့်ခဲသွားရပြီး၊ ယဲ့ဖန်၊ ရွှယ်လီ နှင့် အစ္စဘယ်လ်လာ တို့ကို ကြည့်နေသည့် သူ၏ မျက်နှာပေးမှာ အလွန်ပင် အနေရခက်စရာ၊ သို့မဟုတ် စိတ်ဝင်စားစရာ ကောင်းနေလေတော့သတည်း။
---
အခန်း (၁၉၁၆) - မင်း မောက်မာနေတုန်းက ပုံစံကို ငါ ပိုသဘောကျတယ်
~ထိုအချိန်တွင် အစ္စဘယ်လ်လာနှင့်အတူ ဘတ်ကင်ဟမ် မြို့စားကြီးဆီ ဖုန်းဆက်နေခဲ့သော ယဲ့ဖန်သည် မူလနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ၏ စူးရှလှသော အာရုံငါးပါးကြောင့် ဖိလစ်နှင့် အာလ် ဝီလျံ တို့ အပြန်အလှန် ပြောဆိုခဲ့ကြသည်များကို သူ အကုန် ကြားသိခဲ့ရပြီး ဖြစ်၏။
ဖိလစ်၏ မျက်နှာမှာ အညစ်အကြေး စားမိထားသူပမာ ပျက်ယွင်းနေသည်ကို မြင်သောအခါ သူက ပြုံးလျက် မေးလိုက်လေသည်။
"သခင်လေး ဖိလစ်... ဘယ်လိုလဲဗျ... ခင်ဗျားရဲ့ အဘိုးက အစ္စဘယ်လ်လာနဲ့ ကျွန်တော့်ကို အပြစ်ပေးမယ်လို့ ပြောလိုက်လား..."
ယဲ့ဖန် ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖိလစ်၏ အမိန့်ကို စောင့်ဆိုင်းနေကြသော ဘေးပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်များက လှမ်းကြည့်လိုက်ကြ၏။
ထိုအခါမှ သူတို့သည်လည်း ဖိလစ်၏ မျက်နှာပေးမှာ မူမမှန်တော့ကြောင်း သတိထားမိလိုက်ကြလေသည်။
"သခင်လေး ဖိလစ်..." သူတို့ထဲတွင် သစ္စာအရှိဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သော ကိုယ်ရံတော် ခေါင်းဆောင်က ဒါကို မြင်သောအခါ တိုးတိုးလေး လှမ်းမေးလိုက်၏။
ဖိလစ်သည် သူ၏ စကားမဆုံးမီမှာပင် ဖြတ်ပြောလိုက်လေသည်။ "ဘာမှ မမေးနဲ့တော့... မင်းတို့လူတွေကို ခေါ်ပြီး ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြစမ်း..."
"သခင်လေး..." ကိုယ်ရံတော် ခေါင်းဆောင်မှာ ကြောင်အမ်းသွားရ၏။
သူသည် ဖိလစ်ကို မယုံကြည်နိုင်သလို ကြည့်နေမိတော့သည်။
သို့သော်လည်း ဖိလစ်မှာမူ အတင်းအကျပ် ပြုံးပြလိုက်ပြီးနောက်၊ သူ၏ မောက်မာလှသော ဦးခေါင်းကို ငုံ့ညွှတ်လျက် ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့ရှိရာသို့ ဖားယားသော လေသံဖြင့် လျှောက်လှမ်းလာခဲ့လေ၏။
"ကျွန်တော်... တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ..."
"လူကြီးမင်းတို့ နှစ်ယောက်က ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေတွေမှန်း ကျွန်တော် တကယ် မသိခဲ့လို့ပါ..."
"ကျွန်တော် မျက်စိမမြင်လို့ အထူးဧည့်သည်တော်တွေကို မမှတ်မိခဲ့တာပါ... အခု နေရာမှာတင် ကျွန်တော် တောင်းပန်ပါရစေ..."
ကိုယ်ရံတော် ခေါင်းဆောင်မှာ ကြောင်အမ်းနေရုံတင် မကတော့ဘဲ၊ သူ၏ ပါးစပ်မှာလည်း အံ့ဩလွန်းသဖြင့် အဟောင်းသား ပွင့်သွားရလေတော့သည်။
သူ၏ ဘေးနားမှ ဖိလစ်၏ လက်အောက်ငယ်သားများမှာလည်း ကြက်သေသေနေကြသလို၊ ယဲ့ဖန် တစ်ယောက် ဒီနေ့တော့ ဒုက္ခရောက်တော့မည်ဟု ထင်မှတ်ထားကြသော ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများမှာလည်း ဗြုန်းစားကြီး ကြွက်ကြွက်ညံသွားကြတော့၏။
"ဘာ..."
"တကယ်ကြီး ပြောင်းပြန် ဖြစ်သွားတာလား..."
"ဒါဆို ဒီ နဂါးနိုင်ငံသား လူငယ်လေးက ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေပေါ့လေ..."
"ဘုရားရေ.. မယုံနိုင်စရာပဲဗျာ..."
"ဒီတစ်ခါတော့ ဖိလစ် တစ်ယောက် အတွေ့အကြုံရှိတဲ့လူနဲ့ တိုးပြီပေါ့..."
"ဘတ်ကင်ဟမ် မြို့စားကြီး ဆိုတာက အင်ပါယာရဲ့ မြို့စားကြီးတွေထဲမှာ တစ်ယောက်တင် မကဘူးဗျ... အရေးကြီးဆုံးက သူ၏ ဩဇာအာဏာနဲ့ ဂုဏ်သတင်းက မြို့စားတွေ အကုန်လုံးထဲမှာ ထိပ်ဆုံးကလေ..."
"ခုနက ဒီလူငယ်လေးနဲ့ အစ္စဘယ်လ်လာတို့ ဘေးထွက်ပြီး ဖုန်းဆက်သွားတာ... ဘတ်ကင်ဟမ် မြို့စားကြီးဆီ ဖုန်းဆက်လိုက်တာ ဆိုရင်တော့... ဒီနေ့ ဖိလစ် တစ်ယောက်တော့ တော်တော်လေး အခက်တွေ့တော့မှာပဲ..."
"မြို့စားကြီး ဘတ်ကင်ဟမ် က မကောင်းမှုကို အရမ်း မုန်းတဲ့သူလေ... အာဏာကို အလွဲသုံးစားလုပ်ပြီး လူတွေကို နှိပ်စက်တာမျိုးဆို သူက လုံးဝ ကြည့်မရတာ..."
"ကြည့်ရတာတော့... နောက်ထပ် ပွဲကောင်းတွေ လာတော့မယ် ထင်တယ်..."
"..."
ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့၏ နောက်တွင် ရပ်နေသော ရွှယ်လီမှာမူ... မိမိကြောင့် ယဲ့ဖန် တစ်ယောက် အန္တရာယ် ကြုံရတော့မည်ဟု စိုးရိမ်နေခဲ့ရာမှ အခုတော့ ဆွံ့အသွားရရှာသည်။
သူမ၏ အရှေ့တိုင်းသား သူဌေးမှာ ချမ်းသာပြီး စွမ်းရည်ရှိရုံတင် မကဘဲ၊ ဤမျှ ကြီးမားသော အဆက်အသွယ် ကွန်ရက် ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူက ဘတ်ကင်ဟမ် မြို့စားကြီးဆီကိုတောင် တိုက်ရိုက် ဖုန်းဆက်နိုင်သည် မဟုတ်ပါလော။
ထို့အပြင် ဘတ်ကင်ဟမ် မြို့စားကြီးကလည်း ယဲ့ဖန်ကို အလွန်ပင် အလေးထားပုံ ရလေသည်။ မြို့စားကြီးက တစ်စုံတစ်ရာသော နည်းလမ်းကို သုံးပြီး အာလ် ဝီလျံ ကို ဖုန်းဆက်ခိုင်းလိုက်သဖြင့်၊ ဖိလစ် တစ်ယောက် သူ၏ မာနများကို စွန့်လွှတ်ကာ တောင်းပန်နေရခြင်း ဖြစ်ချေ၏။
ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိပေ။
သူတို့နှစ်ဦးစလုံးမှာ ဤရလဒ်ကို အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိကြချေ။
အထူးသဖြင့် ယဲ့ဖန်...။
ဖိလစ် တစ်ယောက် ခါးညွှတ်ကာ ဖားယား တောင်းပန်နေသည်ကို မြင်သောအခါ၊ သူက ပြုံးလျက်ပင် ပြောလိုက်လေသည်။
"ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေ တစ်ယောက်ဖြစ်ရုံလေးနဲ့တင်... ခင်ဗျား ဒီလောက်တောင် ကြောက်သွားတာလား သခင်လေး ဖိလစ်..."
"ခုနကတင် လူအများကြီး ရှေ့မှာ... ဒီနေ့ ဘယ်သူပဲ လာလာ ၊ ကျုပ်ကို ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်လို့ ကြွေးကြော်နေတာ မဟုတ်လား... မျက်တောင်တစ်ခတ် အတွင်းမှာတင် ဘာလို့ ဒီလို ဖြစ်သွားရတာလဲ..."
"ခင်ဗျားရဲ့ ခုနက သူပုန်ထချင်တဲ့ စိတ်တွေနဲ့ မောက်မာတဲ့ ပုံစံတွေက ဘယ်ရောက်သွားတာလဲ... အဲ့ဒီပုံစံကို ပြန်ယူလို့ မရတော့ဘူးလား..."
ဖိလစ်၏ မျက်နှာမှာ ထိုစကားကြောင့် သိသိသာသာ တောင့်ခဲသွားရသော်လည်း၊ သူသည် အတင်းအကျပ်ပင် ဖားယားသော အပြုံးကို ဆက်လက် ဆင်မြန်းထားလေသည်။
"သခင်လေးကလည်း နောက်နေပြန်ပြီ... ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေကို 'တစ်ယောက်ဖြစ်ရုံလေး' လို့ ဘယ်လိုလုပ် သုံးနှုန်းလို့ ရမှာလဲခင်ဗျာ..."
"အဲ့ဒါက ကျွန်တော်တို့ အင်ပါယာမှာတော့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာရဲ့ ပြယုဂ်ပဲ မဟုတ်လား..."
"ကျွန်တော်က သခင်လေးရှေ့မှာ ဘယ်လိုလုပ် မောက်မာရဲပါတော့မလဲ ခင်ဗျာ..."
"ခုနက ကျွန်တော် တကယ်ပဲ မျက်စိမှောက်သွားလို့ပါ... တောင်းပန်ပါတယ်... ကျွန်တော် သခင်လေးကို အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ..."
---
အခန်း (၁၉၁၇) - တောင်းပန်ရုံနဲ့ ပြီးမယ်ဆိုရင် ရဲတွေ ဘာလုပ်ဖို့ လိုတော့မှာလဲ
~"အခုတော့ ခင်ဗျား အမှားကို ခင်ဗျား သိပြီပေါ့..." ယဲ့ဖန်၏ မျက်နှာထက်မှ အပြုံးများမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။
"သိပါပြီ... သိပါပြီခင်ဗျာ..."
သို့သော် ဖိလစ်သည် ယဲ့ဖန်၏ ဆိုလိုရင်းကို လုံးဝ အထင်လွဲသွားပုံ ရသည်။
ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး သူ၏ သဘောထားမှာ အနည်းငယ် ပျော့ပြောင်းသွားပြီဟု ထင်မှတ်ကာ၊ ကပျာကယာပင် ပြုံးလျက် ပြန်လည် တောင်းပန်တော့၏။
"သခင်လေး ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ် ဆိုရင်တော့... ဘာပဲ ခိုင်းခိုင်း ကျွန်တော် အကုန် လုပ်ပေးပါ့မယ်..."
"ပြီးတော့... ဒါကို သင်ခန်းစာ တစ်ခုအနေနဲ့ မှတ်ယူပြီး ရွှယ်လီကိုလည်း နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး... သခင်လေးတို့နဲ့ သခင်လေးရဲ့ သူငယ်ချင်းတွေကို မြင်ရင်လည်း ဝေးဝေးကနေ ရှောင်ပါ့မယ်ခင်ဗျာ..."
"ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်..."
"တောင်းပန်တယ် ဟုတ်လား..." ယဲ့ဖန်သည် အပြုံးများကို ရပ်တန့်လိုက်လေသည်။ "ကျွန်တော်ကလည်း တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်..."
"ဘာလို့လဲဆိုတော့... ခင်ဗျားရဲ့ တောင်းပန်မှုကို ကျွန်တော် လက်မခံနိုင်လို့ပဲ..."
"လူကြီးမင်း..." ထိုစကားကို ကြားလိုက်ရသောအခါ ဖိလစ်သည် အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက်၊ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရလေတော့သည်။
"ဒါဆို... သခင်လေး လိုချင်တဲ့ အခြေအနေတွေကို ပြောပါဦး..."
"ကျွန်တော် သခင်လေး စိတ်ကျေနပ်အောင် အစွမ်းကုန် လုပ်ပေးပါ့မယ်ခင်ဗျာ..."
"ပြီးတော့... နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့လည်း ကျွန်တော် ကတိပေးပါတယ်..."
"အေးဂျင့် အစ္စဘယ်လ်လာ ပြောပြချက်အရဆိုရင်... ခင်ဗျား အရင်က လုပ်ခဲ့တဲ့ လုပ်ရပ်အချို့က ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာတွေ ပါနေတယ်လေ... ပြီးတော့ ခင်ဗျား အခု လုပ်လိုက်တဲ့ ကိစ္စကလည်း ဥပဒေနဲ့ မကင်းဘူး မဟုတ်လား..." ယဲ့ဖန်၏ မျက်နှာထားမှာ တည်ကြည်မြဲ တည်ကြည်နေဆဲပင်။
"ဒါကြောင့်... ခင်ဗျား အနေနဲ့ ခွင့်လွှတ်မှု တောင်းချင်တယ် ဆိုရင်တော့... တို့ နေမဝင်အင်ပါယာရဲ့ တရားသူကြီးတွေနဲ့ အရာရှိတွေကိုပဲ သွားပြီး တောင်းဆိုလိုက်ပါတော့..."
"လူကြီးမင်းခင်ဗျာ..." ဖိလစ်၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပို၍ ပို၍ တိုးပွားလာတော့သည်။ သူက အသည်းအသန်ပင် တောင်းပန် တိုးလျှိုးနေတော့၏။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါဦး..."
"ကျွန်တော့်ကို ထောင်ထဲတော့ အရောက်မခံပါနဲ့ဗျာ..."
"နောင်ကျရင် လူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်... အရင်က ကျွန်တော့်ကြောင့် ထိခိုက်ခဲ့ရတဲ့ သူတွေကိုလည်း ကျွန်တော် အတတ်နိုင်ဆုံး ပြန်ပြီး ပေးဆပ်ပါ့မယ်... ဟုတ်ပြီလားခင်ဗျာ..."
"ကျွန်တော်သာ ထောင်ထဲ ရောက်သွားရင်တော့... ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်..."
ယဲ့ဖန်ကမူ သူ့ကို လျစ်လျူရှုထားလိုက်လေသည်။
သို့သော် ဤအပြုအမူကပင် သူ၏ ပြတ်သားလှသော သဘောထားကို အပြည့်အဝ ဖော်ပြနေခြင်း ဖြစ်ချေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖိလစ်ခမျာ ငိုတော့မည့်အလား ဖြစ်သွားရရှာသည်။
သူသည် ယဲ့ဖန်ကို ကြည့်လိုက်သော်လည်း၊ သူ၏ နားချမှုမှာ အကျိုးမရှိသည်ကို မြင်သောအခါ ရွှယ်လီဘက်သို့ လှည့်ကြည့်လိုက်ပြန်၏။ "ရွှယ်လီ... ငါ့အတွက် စကားလေး တစ်ခွန်းလောက် ပြောပေးပါဦး..."
"ငါ တကယ်ပဲ မှားမှန်း သိပါပြီ..."
"ငါ မင်းကို တောင်းပန်ပါတယ်... ငါ လုပ်ခဲ့တဲ့ မိုက်မဲတဲ့ ကိစ္စတွေအတွက် အကုန်လုံးကိုလည်း တောင်းပန်ပါတယ်... ငါ မင်းကို အဆ တစ်ရာမက ပြန်ပြီး ပေးဆပ်ပါ့မယ်... ဒီ လူကြီးမင်းတွေနဲ့ မင်းရဲ့ သူဌေးကို ငါ့အတွက် စကားလေး တစ်ခွန်းလောက် ကြားဝင် ပြောပေးပါဦးနော်..."
သို့သော် ရွှယ်လီသည် ယခုအချိန်တွင် သူ့အတွက် မည်သို့များ စကားပြောပေးနိုင်တော့မည်နည်း။
သူမသည် သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကိုသာ ပြန်ကြည့်လိုက်လေသည်။ သူမသည် ယဲ့ဖန်၏ စကားကိုသာ အလေးအနက် ထားရန် ဆုံးဖြတ်လိုက်ပြီး၊ ဖိလစ်၏ စကားများကို မကြားချင်ယောင် ဆောင်ထားလိုက်တော့၏။
နောက်ဆုံးတွင် ဖိလစ်သည် အခြား နည်းလမ်း မရှိတော့သဖြင့်၊ သွားကို ကြိတ်ကာ ယဲ့ဖန်၏ ရှေ့မှောက်တွင် ဒူးထောက် ချလိုက်လေတော့သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါဦး... စိတ်နှလုံး ဖြူစင်လှတဲ့ လူကြီးမင်းခင်ဗျာ..."
ဤသို့ ထူးခြားလှသော မြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း အလိုလိုပင် ကြောင်အမ်းသွားကြတော့၏။
"ဟိုက်... ဂုဏ်သိက္ခာရှိလှတဲ့ အာလ် ရဲ့ မြေးကများ... နဂါးနိုင်ငံသား တစ်ယောက်ရဲ့ ရှေ့မှာ ဒူးထောက်နေရတယ်ပေါ့လေ..."
"နောင်ကျရင်တော့ ဒီလိုလူမျိုးတွေ ရှိလာဦးမလား မသိပေမယ့်... အနည်းဆုံးတော့ နေမဝင်အင်ပါယာ ထူထောင်ပြီးကတည်းက ဒါဟာ ပထမဆုံးအကြိမ်ပဲ မဟုတ်လား..."
"ဒီ ဖိလစ် ဆိုတဲ့ ကောင်ကတော့ အားလုံးကို ရင်းလိုက်တာပဲနော်..."
"အရင်က သူ ဘယ်လောက်တောင်မှ အရှက်မရှိတဲ့ ကိစ္စတွေ လုပ်ခဲ့လို့ အခု ထောင်ကျမှာကို ဒီလောက်အထိ ကြောက်နေရတာလဲ မသိဘူး..."
သို့သော်လည်း လူတိုင်းမှာ အံ့ဩနေကြသော်လည်း၊ ယဲ့ဖန်၏ ပြတ်သားမှုကိုမူ တကယ်ပင် လေးစားမိကြလေသည်။
"ဒီလောက်အထိ မောက်မာပြီး ဗိုလ်ကျတတ်တဲ့ လူတစ်ယောက်က... တကယ့် လူမာတစ်ယောက်နဲ့ တွေ့တော့လည်း ဒူးထောက်ရတာပဲကိုး... အနည်းဆုံးတော့ သူ ဘယ်အချိန်မှာ အညံ့ခံရမလဲ ဆိုတာ သိသားပဲ..."
"သာမန်လူဆိုရင်တော့ ဒီလို အခြေအနေမျိုးမှာ ဒီလောက်အထိ လုပ်နိုင်မှာ မဟုတ်ဘူးဗျ..."
"ဒီလူကတော့ ဒီအတတ်ကို တော်တော် ကျွမ်းပုံရတယ်..."
"ဒီ နဂါးနိုင်ငံသားကရော... ဒီလောက်ဆိုရင်တော့ စိတ်ပျော့သွားပြီး ခွင့်လွှတ်ပေးလိုက်မလား မသိဘူး..."
"ဘာပဲဖြစ်ဖြစ်... ကျွန်တော်သာ သူ့နေရာမှာ ဆိုရင်တော့... ဒီလောက်အထိ လုပ်ပြနေမှတော့ စိတ်မကောင်း ဖြစ်ပြီး ခွင့်လွှတ်ပေးမိမှာ အသေအချာပဲ..."
"ယောကျာ်း တစ်ယောက်ရဲ့ ဒူးခေါင်းမှာ ရွှေရှိတယ်လို့ ဆိုကြတာပဲလေ... အထူးသဖြင့် ဖိလစ် လို အာလ် ရဲ့ မြေးတစ်ယောက်ရဲ့ ဒူးထောက်မှု ဆိုတာက ပိုပြီးတော့ အဓိပ္ပာယ် ရှိတာပေါ့..."
"ဒီ နဂါးနိုင်ငံသားက စိတ်မပျော့သွားဘဲ... ဖိလစ်ကို ဥပဒေအရ ပြစ်ဒဏ် ခံယူအောင် ဆက်ပြီး ပြတ်ပြတ်သားသား လုပ်စေချင်တယ်... ဒါပေမဲ့ ဖိလစ်က ဒီလောက်အထိ အညံ့ခံနေတော့လည်း... လျစ်လျူရှုထားဖို့ ဆိုတာ ခက်လိမ့်မယ်ဗျ..."
လူအများအပြားသည် ယဲ့ဖန်ကို လေးစားမိကြသလို၊ တစ်ဖက်တွင်လည်း သူက စိတ်ပျော့သွားပြီး ဖိလစ်ကို လွှတ်ပေးလိုက်မည်ကို စိုးရိမ်နေကြလေသည်။
သို့သော် ထိုအခိုက်အတန့်၌... မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့တော့၏။
ယဲ့ဖန်သည် ဖိလစ်ကို ရင်မဆိုင်ဘဲ... တိတ်ဆိတ်စွာပင် ဘေးသို့ တစ်လှမ်း တိုးလိုက်လေရာ၊ ဖိလစ်၏ ဒူးထောက်မှုမှာ လွဲချော်သွားရလေတော့သည်။
ထို သိမ်မွေ့လှသော လှုပ်ရှားမှုလေး တစ်ခုကပင် သူ၏ သဘောထားကို အထင်အရှား ပြသလိုက်ခြင်း ဖြစ်ချေ၏။
ယဲ့ဖန်သည် အာလ် ဝီလျံ ၏ အချစ်ဆုံး မြေးဖြစ်သူ ဖိလစ်၏ တုန်လှုပ်ခြောက်ခြားစရာကောင်းလှသော ဒူးထောက်မှုကို အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်း မရှိပေ။ သူသည် ခွင့်မလွှတ်ရန်သာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလေတော့သတည်း။
မြင်ကွင်းတစ်ခုလုံး ရုတ်ချည်းဆိုသလို ငြိမ်သက်သွားရလေတော့၏။
အခန်း (၁၉၁၈) - တကယ့်ကို ပြတ်သားလှပေသည်
~ဖိလစ်၏ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားရလေ၏။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ သဘောထားကို အရူးတစ်ယောက်ပင် မြင်နိုင်သောကြောင့် ဖြစ်ချေသည်။
ယဲ့ဖန်သည် ဖိလစ်၏ တောင်းပန်မှုကို လက်မခံခဲ့သလို၊ သူ၏ ဒူးထောက် အညံ့ခံမှုကိုလည်း အဖတ်ပင် မလုပ်ခဲ့ပေ။
သူသည် ဖိလစ်အား ယနေ့တွင် အချုပ်ခန်းအတွင်းသို့ မဖြစ်မနေ ရောက်ရှိသွားစေရန်သာ ဆုံးဖြတ်ထားပုံ ရလေသည်။
မြေပြင်ပေါ်တွင် ဒူးထောက်လျက် မိမိ၏ ဟန်ပန်ကို မနည်း ထိန်းချုပ်ထားရှာသော ဖိလစ်သည်လည်း၊ ယခုအခါတွင်မူ ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။
သူသည် ကျောရိုးမရှိသော လူတစ်ယောက်အလား ပျော့ခွေသွားရပြီး၊ ဒူးထောက်နေသည့်တိုင် မည်သည့် အချိန်တွင် ပြိုလဲကျသွားမည်နည်းဟု ထင်မှတ်ရလောက်အောင်ပင် အားကိုးရာမဲ့နေရှာ၏။
သို့သော် ယဲ့ဖန်ကမူ သူ့ကို လျစ်လျူရှုထားဆဲပင်။
မြင်ကွင်းတစ်ခုလုံး ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်မှ လူအုပ်ကြားမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
"ဘုရားရေ... ဒီ နဂါးနိုင်ငံသား လူငယ်လေးက တကယ့်ကို တောင့်ခံနိုင်တာပဲနော်..."
"သူ့ရဲ့ စိတ်ဓာတ်က ကျောက်သားလို မာကျောတာလား၊ ဒါမှမဟုတ် သူ့ရဲ့ ဇွဲကပဲ ပြတ်သားလွန်းတာလား ဆိုတာ ပြောဖို့တောင် ခက်တယ်ဗျာ..."
"ကြည့်ရတာတော့... ဒီနေ့ ဖိလစ် တစ်ယောက် အကြီးအကျယ် ရှုံးနိမ့်တော့မှာပဲ..."
"သူ လုပ်ခဲ့သမျှတွေအတွက် ဝဋ်လည်ရမယ့် အချိန် ရောက်ပြီပေါ့လေ..."
"သူ့မျက်နှာကို ကြည့်စမ်းပါဦး... အားကိုးရာမဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ပုံစံကြီးနဲ့... ငိုတော့မယ့်အတိုင်းပဲနော်..."
"လူကြီးမင်းတို့... သူ ဘယ်လောက်တောင်မှ အချုပ်ခန်းထဲ ရောက်မှာကို ကြောက်နေရသလဲဆိုတာ ကြည့်ကြပါဦး..."
"ဒါဆိုရင်တော့... လူတွေ ပြောနေကြတဲ့ သူ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေက အမှန်တွေပဲ ဖြစ်ရမယ်..."
"တကယ်လို့သာ အဲ့ဒါ အမှန်ဆိုရင်တော့... ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေဖြစ်တဲ့ ဒီလူငယ်လေး လုပ်ရပ်ဟာ တကယ့်ကို ချီးကျူးစရာပါပဲဗျာ..."
"ဒီလို မောက်မာတဲ့ သူဌေးသား တစ်ယောက် ထောင်ထဲ ရောက်သွားမှ... အပြစ်မရှိတဲ့ အရပ်သားတွေရဲ့ သားသမီးတွေ အရှက်တကွဲ ဖြစ်ရတာတွေ လျော့နည်းသွားမှာပေါ့..."
"ဒီလိုပဲ ဖြစ်သင့်ပါတယ်... လူဆိုးတွေကို သနားနေရင် လူကောင်းတွေကို ရက်စက်ရာ ရောက်လိမ့်မယ်ဗျ..."
"..."
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင်... စားသောက်ဆိုင်၏ အောက်ထပ်လမ်းမပေါ်သို့ ရှေးဟောင်း စတိုင်လ် ဇိမ်ခံကားတစ်စီး ဆိုက်ရောက်လာပြန်လေသည်။
ထို့နောက် ကားတံခါး ပွင့်သွားသည်နှင့်... အိမ်ဝတ်စုံကိုပင် လဲလှယ်ရန် အချိန်မရဘဲ အစေခံတစ်ဦး၏ တွဲကူမှုဖြင့် ဆင်းသက်လာသော အဘိုးအို တစ်ဦးကို မြင်တွေ့လိုက်ရ၏။ စားသောက်ဆိုင် တစ်ခုလုံးမှာလည်း နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်သွားရပြန်တော့သည်။
"ဟိုက်... အဲ့ဒါ အာလ် ဝီလျံ မဟုတ်လား..."
"အာလ် ဝီလျံ ကိုယ်တိုင် ရောက်လာတာပဲဗျို့..."
လူအများအပြားမှာ သူ့ကို ကြိုဆိုရန် အပြေးအလွှား သွားကြလေ၏။
စားသောက်ဆိုင်၏ ဒုတိယထပ်တွင် ရှိနေကြသော လူများမှာလည်း ဖိလစ်နှင့် ယဲ့ဖန်တို့ထံမှ အကြည့်များကို လွှဲလိုက်ကြပြီး၊ အောက်ထပ်ဆီသို့ အလိုလို လှမ်းကြည့်မိကြတော့သည်။
သို့သော် အာလ် ဝီလျံ မှာမူ ထိုလူများကို ဂရုစိုက်နေရန် အချိန်မရှိပေ။
သူသည် လက်ကိုင်တုတ်ကို အားပြုလျက်၊ အစေခံ၏ အကူအညီဖြင့် ဒုတိယထပ်သို့ အမြန်ဆုံး တက်လာခဲ့လေသည်။ သူသည် ဘေးပတ်ဝန်းကျင်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက်၊ ဖိလစ်နှင့် ယဲ့ဖန်တို့ ရှိရာသို့ အပြေးအလွှား ရောက်ရှိလာတော့၏။
"အဘိုး..." ဖိလစ်၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာသည်။ သူက ကပျာကယာပင် ပြောလိုက်လေ၏။ "အဘိုး... ကျွန်တော့်အတွက် ဒီလူကြီးမင်းကို စကားလေး တစ်ခွန်းလောက် ကြားဝင် ပြောပေးပါဦး... ကျွန်တော့်ကို အချုပ်ခန်းထဲ မပို့ခိုင်းပါနဲ့ဦး အဘိုးရဲ့..."
သို့သော် သူ၏ စကားမဆုံးမီမှာပင်... အာလ် ဝီလျံ သည် သူ၏ လက်ကိုင်တုတ်ကို မြှောက်လိုက်ပြီး၊ မြေးဖြစ်သူ ဖိလစ်ကို အားရပါးရ ရိုက်နှက်လိုက်လေတော့သတည်း။
ထို့နောက် ဖိလစ် တစ်စုံတစ်ရာ မဟနိုင်မီမှာပင် ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့၏။
"သောက်ရူးကောင်... မင်း ဘာတွေ လုပ်ထားမိလဲဆိုတာ သိရဲ့လား..."
"ဒီလို အချိန်မျိုးမှာတောင် ငါ့ကို လာပြီး အကူအညီ တောင်းရဲသေးတယ်ပေါ့လေ..."
"မင်းကြောင့် ငါ့မှာ သေလုမတတ် ဖြစ်နေရတာကို မင်း သိရဲ့လား..."
"အဘိုး..."
ဖိလစ်မှာမူ အဘိုးဖြစ်သူ၏ ရုတ်တရက် ရိုက်နှက်မှုကြောင့် ကြောင်အမ်းသွားရရှာသည်။ သူသည် ပါးစပ်မှ သွေးစများ ကျဆင်းနေလျက် မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း စကားပင် ဆက်မထွက်နိုင်တော့ပေ။
သို့သော် အာလ် ဝီလျံ မှာမူ မြေးဖြစ်သူကို သင်ခန်းစာ ပေးပြီးနောက်၊ နောက်တစ်ကြိမ် လှည့်ပင် မကြည့်တော့ပေ။
သူသည် လက်ကိုင်တုတ်ကို အားပြုကာ ကိုယ့်ကိုယ်ကို ဟန်ချက်ညီအောင် ထိန်းလိုက်ပြီးနောက်၊ ယဲ့ဖန်နှင့် ကျန်လူများဘက်သို့ လှည့်ကာ... "ဒါ... ဘတ်ကင်ဟမ် မြို့စားကြီး ပြောတဲ့ မစ္စတာယဲ့ဖန် ပဲ ဖြစ်ရမယ် မဟုတ်လား..." ဟု မေးလိုက်လေသည်။
"တကယ်ပဲ အားနာလှပါတယ် မစ္စတာယဲ့... ကျွန်တော် မြေးကို ဆုံးမတာ အားနည်းသွားလို့၊ ဒီကောင့်ကြောင့် မစ္စတာယဲ့ တို့မှာ အနှောင့်အယှက် ဖြစ်ခဲ့ရပြီ..."
"ဒီနေရာမှာတင် ကျွန်တော် မစ္စတာယဲ့ကိုရော၊ အေးဂျင့် အစ္စဘယ်လ်လာနဲ့ မစ္စတာယဲ့ရဲ့ လက်အောက်ငယ်သား မဒမ်ရွှယ်လီ တို့ကိုပါ... အနူးအညွတ် တောင်းပန်ပါတယ်..."
"ဒါ့အပြင် စိတ်မပူပါနဲ့... ဒီကောင် ဖိလစ်ကို ကျွန်တော်ကိုယ်တိုင် ဖော့ခ်စီးတီး အာဏာပိုင်တွေဆီ ခေါ်သွားပြီး အပ်နှံလိုက်ပါ့မယ်... မစ္စတာယဲ့တို့နဲ့ အပြစ်မရှိတဲ့ လူတွေ အားလုံးအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ ရှင်းပြချက်တစ်ခု ရစေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်..."
"ကောင်းပြီလေ..."
ယဲ့ဖန်က သူ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို ကြည့်ပြီး၊ ဘတ်ကင်ဟမ် မြို့စားကြီးက နောက်ဆုံးအချိန်ကို သတ်မှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်လေသည်။
"အာလ် ဝီလျံ က ဒီလို ပြောမှတော့... ကျွန်တော်လည်း စောင့်ကြည့်ရမှာပေါ့... ဖော့ခ်စီးတီး အာဏာပိုင်တွေဆီကနေ တရားဝင် ထွက်လာမယ့် ရလဒ်ကို ကျွန်တော် စောင့်နေပါ့မယ်..."
"ဖိလစ်ကို ခေါ်သွားလိုက်ပါတော့..."
ယဲ့ဖန်သည် အပိုစကားများ ပြောမနေတော့ဘဲ၊ ဖိလစ်အား ခေါ်ဆောင်သွားရန် အာလ် ဝီလျံ ကို အမိန့်ပေးလိုက်လေတော့သတည်း။