အခန်း (၁၉၂၃-၁၉၂၆)
Vol. 102 Ch. 1923-1926
အခန်း (၁၉၂၃) - ဒီ ယဲ့ဖန် ဆိုတဲ့ လူငယ်က တော်တော်လေး ထူးဆန်းတယ်
~ဖော့ခ်စီးတီး၏ မြို့ပြင်ဘက်တွင်... ပန်းခြံတစ်ခုအလား အလွန်လှပသော သဘာဝ ပတ်ဝန်းကျင်ရှိသည့် တက္ကသိုလ် ဝင်းတစ်ခု အတွင်း၌။
ကျော်ကြားလှသော 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' ၏ ညွှန်ကြားရေးမှူး ရုံးခန်းအတွင်း။
သွယ်လျလှပသော ပုံရိပ်တစ်ခုသည် ပရော်ဖက်ဆာ လေးဖို့ဒ် ထံသို့ စာရွက်စာတမ်း အချို့ကို အမြန်ဆုံး ယူဆောင်လာခဲ့လေသည်။
"ဆရာ... ဒီသတင်းနဲ့ အချက်အလက်တွေကို ဆရာ တစ်ချက်လောက် ကြည့်သင့်တယ် ထင်လို့ပါ..."
ပရော်ဖက်ဆာ လေးဖို့ဒ် သည် ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားပုံရသော ရွှေဓားမြှောင်လေး တစ်လက်ကို ကိုင်တွယ် ကြည့်ရှုနေလေသည်။ သူ၏ မျက်ဝန်းများတွင် အားကျ လေးစားမှုများ ပြည့်နှက်နေ၏။ "ဒီ 'တူတန်ခမွန် ရွှေဓားမြှောင်'
ကို မမ်မီ ရုပ်အလောင်းရဲ့ ခေါင်းတလားထဲမှာ ရှာတွေ့ခဲ့တာလေ... သူ့ရဲ့ လက်ရာက တကယ့်ကို သေသပ်လွန်းတယ်... နဂါးနိုင်ငံက ထွက်ပေါ်ခဲ့တဲ့ 'ယွီဘုရင် ကောကျန့်ရဲ့ ဓား' တို့၊ 'ချင်ဘုရင်ရဲ့ ဓား' တို့နဲ့တောင် ယှဉ်လို့ ရနိုင်တယ်ကွ.."
"တကယ့်ကို လက်ရာမြောက်လှပါတယ်... တစ်လက်လုံးကို အာကာသက ကျလာတဲ့ ဥက္ကာခဲတွေနဲ့ လုပ်ထားတာလေ..."
"လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၅၀၀) က ရှေးဟောင်း အီဂျစ်လူမျိုးတွေဟာ... ဒီလို ဓားမျိုးကို ဘယ်လိုများ ဖန်တီးခဲ့ကြပါလိမ့်..."
"ဆရာ..."
သွယ်လျလှပသော အမျိုးသမီးသည် ဆရာဖြစ်သူ၏ ဝါသနာပါလွန်းမှုကို နားမလည်နိုင်ဘဲ ထပ်မံ သတိပေးလိုက်ရပြန်သည်။
"ဒီတစ်ခါ သတင်းတွေက... ယဲ့ဖန် နဲ့ ပတ်သက်နေလို့ပါ..."
"ယဲ့ဖန် ဟုတ်လား..." ထိုအခါမှ ပရော်ဖက်ဆာ လေးဖို့ဒ် ၏ အကြည့်များသည် ရွှေဓားမြှောင်ပေါ်မှ ခေတ္တ ခွာသွားတော့၏။ သူ၏ လူသားနှင့် မတူသော မျက်ဝန်းများဖြင့် ထိုအမျိုးသမီးကို ကြည့်ကာ…
"သူ့ကို ဆက်ပြီး အာရုံမစိုက်နဲ့လို့ ငါ မှာထားတယ် မဟုတ်လား..."
ထို အေးစက်လှသော စကားတစ်ခွန်းကြောင့် အမျိုးသမီးမှာ ကပျာကယာပင် ခေါင်းငုံ့လိုက်ရပြီး ထိတ်လန့်သွားရှာသည်။ "ဆရာ... အထင်မလွဲပါနဲ့... ကျွန်မ သူ့ကို အာရုံစိုက်နေတာ မဟုတ်ပါဘူး..."
"အဲ့ဒီလူက အခု တို့ အင်ပါယာရဲ့ အင်တာနက်ပေါ်မှာ ဟိုးဟိုးကျော်သွားတဲ့ ကိစ္စတစ်ခုကို လုပ်လိုက်လို့ပါ..."
"ကျွန်မ အဲ့ဒီကိစ္စကို နည်းနည်းလောက် လိုက်ကြည့်မိရာကနေ... တကယ့်ကို အံ့ဩစရာ ကောင်းတာတွေကို သိလိုက်ရလို့ပါ ဆရာ..."
"ဟင်..."
ပရော်ဖက်ဆာ လေးဖို့ဒ် သည် လက်ထဲမှ ရွှေဓားမြှောင်ကို ကျောက်စိမ်း သေတ္တာကလေးထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက်၊ ထိုအမျိုးသမီးကို တည်ကြည်စွာ ကြည့်လိုက်လေသည်။
"ဆရာ... ဒီ အချက်အလက်တွေကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး..." အမျိုးသမီးသည် လက်နှစ်ဖက်ဖြင့် အချက်အလက် နှစ်စုကို ကမ်းပေးလိုက်၏။
တစ်ခုမှာ... ယဲ့ဖန် နှင့် ဖိလစ် တို့ 'ပန်းနှင့် ဝိုင်နီ စားသောက်ဆိုင်' ၏ ဒုတိယထပ်တွင် ရွှယ်လီကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပုံနှင့်၊ ဘတ်ကင်ဟမ် မြို့စားကြီး အမျက်ထွက်ကာ အာလ် ဝီလျံ ကိုယ်တိုင် လာရောက် တောင်းပန်ခဲ့ရပုံ အကျဉ်းချုပ် ဖြစ်လေသည်။
အခြားတစ်ခုမှာ... ရွှယ်လီ အထွေထွေ မန်နေဂျာ အဖြစ် တာဝန်ယူထားသော 'မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ အုပ်စု' ၏ ရှယ်ယာများကို စုံစမ်းထားသည့် အစီရင်ခံစာ ဖြစ်ပြီး၊ ထိုအထဲတွင် ယဲ့ဖန် ပစ္စည်းလွှဲပြောင်းယူစဉ်က ရိုက်ကူးထားသော ဓာတ်ပုံများလည်း ပါဝင်နေ၏။
"ဒီလူငယ်က... 'မေရို့ထျန်းချန်' အလှအပဆိုင်ရာ အုပ်စုရဲ့ သူဌေးအသစ် ဖြစ်နေတာပေါ့လေ..." စာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် ပရော်ဖက်ဆာ လေးဖို့ဒ် သည် အရေးအကြီးဆုံး အချက်အလက်ကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်မိတော့သည်။
"ဟုတ်ကဲ့ပါ ဆရာ..." အမျိုးသမီးက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်၏။ "အဲ့ဒါကြောင့်ပဲ ကျွန်မ ဒါကို သိလိုက်ရချင်းမှာ အကုန်လုံးကို စုစည်းပြီး ဆရာ့ဆီကို လာခဲ့တာပါ..."
"မေရို့ထျန်းချန် အလှအပဆိုင်ရာ အုပ်စုကလည်း... တို့ လေးဖို့ဒ် အင်စတီကျု ရဲ့ ဖိတ်ကြားခံရတဲ့ စာရင်းထဲမှာ ပါနေတယ်လေ..."
"ဒါဆိုရင်တော့... တို့တွေ မနက်ဖြန် လေးဖို့ဒ် အင်စတီကျုမှာ ရှိနေလို့ မဖြစ်တော့ဘူး..." ပရော်ဖက်ဆာ လေးဖို့ဒ် ၏ မျက်ဝန်းအိမ်ထဲတွင် တောက်ပသော အလင်းတန်းများ ဝင်းလက်သွား၏။ "အရင်တုန်းက 'ကလပ် ခုနစ်ပွင့်' (7 of Clubs) ရဲ့ အစီအစဉ်မှာ အမှားအယွင်း ဖြစ်ခဲ့တာဟာ... ဒီ ယဲ့ဖန် ကြောင့်ပဲ ဖြစ်ရမယ်..."
"ခိုင်လုံတဲ့ သက်သေ မရှိသေးပေမယ့်... သဲလွန်စတွေ အားလုံးကို ကြည့်ရင်တော့... ဒီ ယဲ့ဖန် ဆိုတဲ့ လူငယ်က တော်တော်လေး ထူးဆန်းနေတယ်..."
"ပြီးတော့... သူ့ရဲ့ ကိုယ်ခံပညာ အဆင့်အတန်းကလည်း အရမ်းကို မြင့်မားနေတယ်... သူသာ ငါတို့နဲ့ နီးနီးကပ်ကပ် ရှိနေမယ် ဆိုရင်... တစ်ခုခုကို ရိပ်မိသွားနိုင်တယ်လေ..."
ထိုအမျိုးသမီးကမူ ငြင်းဆိုရန် ဆန္ဒမရှိပေ။ သူမသည် ရိုသေစွာပင် ခေါင်းငုံ့လျက် မေးလိုက်လေသည်။ "ဒါဆို... ဆရာ ဘယ်လိုများ စီစဉ်ထားပါသလဲ..."
"မြန်မာနိုင်ငံက အင်အားကြီး မိသားစု တစ်ခုက... သူတို့ရဲ့ သားသမီးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ တို့ဆီကို ဖိတ်စာ ပို့ထားတာ ရှိတယ် မဟုတ်လား..." ပရော်ဖက်ဆာ လေးဖို့ဒ် သည် တွန့်ဆုတ်မနေတော့ပေ။
"သူတို့ရဲ့ ဖိတ်ကြားချက်ကို ငါ လက်ခံလိုက်ပြီလို့ အကြောင်းကြားလိုက်... ငါတို့ ဒီညပဲ ထွက်ခွာမယ်... စည်းကမ်းချက်တွေကတော့ အရင်အတိုင်းပဲ... ပြီးတော့ ငါ့ကို စိတ်လှုပ်ရှားစေနိုင်မယ့် ရှေးဟောင်း ပစ္စည်းတစ်ခုကိုလည်း လက်ဆောင်အဖြစ် တောင်းလိုက်ဦး..."
"လေးဖို့ဒ် အင်စတီကျု ဘက်ကိုတော့... ပရော်ဖက်ဆာ ဒတ်ချ်တို ကိုပဲ လူအချို့နဲ့အတူ ဧည့်သည်တွေကို ဧည့်ခံခိုင်းလိုက်ပါတော့..."
"နားလည်ပါပြီ..." ထိုအမျိုးသမီးသည် နောက်ထပ် ဘာမှ မမေးမြန်းတော့ဘဲ၊ ချက်ချင်းပင် အမိန့်များကို ဆောင်ရွက်ရန် ထွက်ခွာသွားတော့၏။
သိပ်မကြာမီမှာပင်... သူတို့နှစ်ဦးသည် လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျုမှ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ထွက်ခွာကာ မြန်မာနိုင်ငံသို့ ဦးတည် ပျံသန်းသွားကြလေတော့သတည်း။
အခန်း (၁၉၂၄) - လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု
~ပရော်ဖက်ဆာ လေးဖို့ဒ်သည် သူ၏ လှပသော လက်ထောက်ဖြစ်သူ တပည့်မလေးနှင့်အတူ လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျုမှလည်းကောင်း၊ ပို၍ တိတိကျကျ ပြောရလျှင် နေမဝင်အင်ပါယာ အတွင်းမှလည်းကောင်း ထွက်ခွာသွားပြီးနောက်...
'ပန်းနှင့် ဝိုင်နီ စားသောက်ဆိုင်' ၌...
ယဲ့ဖန်သည်လည်း အစ္စဘယ်လ်လာ၊ ရွှယ်လီ တို့နှင့်အတူ ထမင်းစားခြင်းကို အဆုံးသတ်လိုက်တော့၏။ သူတို့ သုံးဦး အတိုချုံး ဆွေးနွေးပြီးနောက်၊ ယဲ့ဖန်နှင့် ရွှယ်လီတို့သည် နောက်တစ်နေ့အတွက် တွေ့ဆုံမည့် အချိန်နှင့် နေရာကို ချိန်းဆိုကာ လမ်းခွဲခဲ့ကြတော့၏။
အစ္စဘယ်လ်လာနှင့် ရွှယ်လီတို့ကို နှုတ်ဆက်ပြီးနောက်၊ အန်းကျူပရင့်စ်၏ သီးသန့်တိုက်ခန်းဆီသို့ အပြန်လမ်းတွင် ယဲ့ဖန်၏ ဦးနှောက်မှာ အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေလေသည်။
ထမင်းစားပွဲတွင် ရွှယ်လီနှင့် ဖိလစ်တို့ကြောင့် ဖြစ်ပွားခဲ့သော မမျှော်လင့်ထားသည့် အဖြစ်အပျက်များအပြင်၊ သူသည် အစ္စဘယ်လ်လာထံမှ နေမဝင်အင်ပါယာ၏ သက်ရှိသိပ္ပံ သုတေသန အင်စတီကျုများအကြောင်း အများကြီး သိရှိခဲ့ရလေ၏။
ဥပမာအားဖြင့်... လေးဖို့ဒ် သက်ရှိသိပ္ပံ သုတေသန အင်စတီကျု၊ အသိဉာဏ်အလင်း သက်ရှိသိပ္ပံ သုတေသန အင်စတီကျု နှင့် ဖော့ခ်စီးတီး အလင်းရောင် သက်ရှိသိပ္ပံ သုတေသန အင်စတီကျု နှင့် အလင်းရောင် သက်ရှိသုတေသန အင်စတီကျု တို့မှာ ဖော့ခ်စီးတီးတွင် ထိပ်တန်း အဆင့်ရှိသည့် နေရာများ ဖြစ်ကြပေသည်။
ယခင်က ယဲ့ဖန်သည် ထိုအဖွဲ့အစည်းများ၏ အခြေအနေကို 'မေရို့ထျန်းချန်' အလှအပဆိုင်ယာ အုပ်စုမှတဆင့် အနည်းငယ်သာ သိရှိခဲ့ခြင်း ဖြစ်သော်လည်း...
အခုမူ အစ္စဘယ်လ်လာ၏ ပြောပြချက်အရ အင်ပါယာ၏ ထောက်လှမ်းရေး စနစ်အတွင်း၌ ကိုယ်စားပြု သက်ရှိသိပ္ပံ သုတေသန အင်စတီကျု ကြီး လေးခုသာ ရှိကြောင်း သူ သိလိုက်ရ၏။
၎င်းတို့မှာ လေးဖို့ဒ် အင်စတီကျု၊ အောက်စဖို့ဒ် တက္ကသိုလ် သက်ရှိသိပ္ပံ အင်စတီကျု၊ ကိန်းဘရစ်ချ် တက္ကသိုလ် သက်ရှိသိပ္ပံ အင်စတီကျု နှင့် နေမဝင်အင်ပါယာ တော်ဝင် သက်ရှိသုတေသန အင်စတီကျု တို့ပင် ဖြစ်ချေသည်။
ထိုအထဲတွင် လေးဖို့ဒ် အင်စတီကျု သည် တစ်ခုတည်းသော သီးသန့် စီးပွားရေးလုပ်ငန်း အသွင်ဆောင်သည့် အဖွဲ့အစည်း ဖြစ်သော်လည်း၊ ၎င်း၏ သုတေသန အဆင့်အတန်းနှင့် ရလဒ်များမှာ အခြား အင်စတီကျုများထက် ပိုမို သာလွန်နေလေသည်။
အခြားသော တက္ကသိုလ်ပိုင် အင်စတီကျုများနှင့် တော်ဝင် အင်စတီကျုများမှာမူ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြပြီး၊ သူတို့၏ သုတေသန ရလဒ် အများစုကို ပြင်ပလောကသို့ ထုတ်ဖော်ပြသလေ့ မရှိကြပေ။
ထို့ကြောင့် အခြားတစ်ဖက်မှ ကြည့်လျှင်... လေးဖို့ဒ် အင်စတီကျု သည် နေမဝင်အင်ပါယာ၏ သက်ရှိသိပ္ပံ နယ်ပယ်တွင် စီးပွားဖြစ် အသုံးချနိုင်သည့် အမြင့်ဆုံး အဆင့်ကို ကိုယ်စားပြုနေခြင်း ဖြစ်၏။
အစ္စဘယ်လ်လာ၏ မိတ်ဆက်ပေးချက်အရ လေးဖို့ဒ် အင်စတီကျု သည် လက်ရှိတွင် အဓိက အပိုင်းကြီး လေးခုကို သုတေသနပြုကာ အကောင်အထည် ဖော်နေလေသည်။
ပထမတစ်ခုမှာ မွေးကင်းစ ကလေးငယ်များ၏ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု ဖြစ်သည်။
ကလေးငယ် တစ်ဦးကို မမွေးဖွားမီကတည်းကပင် မျိုးရိုးဗီဇများကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ခြင်း ဖြစ်ချေ၏။
ဤအပိုင်းတွင် အောင်မြင်မှုနှုန်းမှာ အခုအချိန်အထိ အလွန် မမြင့်မားသေးသော်လည်း၊ အတွင်းသတင်းများအရ အောင်မြင်ခဲ့သည့် ဖြစ်ရပ်အချို့ ရှိနေသည်ဟု ဆို၏။ ဥပမာအားဖြင့်... ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ ပါရမီရှင် မြေးဖြစ်သူ 'ဒီဗွန်ရှိုင်းယားဟွတ်ခ်' သည် ထို မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု၏ အောင်မြင်သော ရလဒ်တစ်ခု ဖြစ်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေလေသည်။
ဒုတိယတစ်ခုမှာ အလှအပဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်သည်။ လူသား၏ ခန္ဓာကိုယ်ကို မျိုးရိုးဗီဇ အဆင့်မှနေ၍ ပြုပြင်ပြောင်းလဲပေးခြင်းအားဖြင့်၊ အသားအရေနှင့် ရုပ်ရည်ကို အမြဲတမ်း အကောင်းဆုံး အခြေအနေတွင် ရှိနေစေရန် သို့မဟုတ် ပိုမို လှပလာစေရန် ကူညီပေးခြင်း ဖြစ်၏။
လေးဖို့ဒ် အင်စတီကျု သည် ဤနယ်ပယ်တွင် အလွန် ရင့်ကျက် တည်ငြိမ်နေပြီ ဖြစ်ချေသည်။ ဥပမာအားဖြင့်... 'မေရို့ထျန်းချန်' အလှအပဆိုင်ရာ အုပ်စု၏ နည်းပညာ အများစုမှာ သူတို့ဆီမှ ခွင့်ပြုချက် ရယူထားခြင်း ဖြစ်သည်။
တတိယတစ်ခုမှာ မြို့စားမျိုးနွယ် အချို့၏ အသက်ကို ဆွဲဆန့်ပေးခြင်း ဖြစ်၏။
ဤအပိုင်းကို ယခင်က ယဲ့ဖန်နှင့် တွေ့ဆုံခဲ့ဖူးသည့် ပရော်ဖက်ဆာ ဒတ်ချ်တို က ဦးဆောင်နေခြင်း ဖြစ်ချေသည်။
လူတစ်ဦးချင်းစီ၏ အိုမင်းရင့်ရော်မှုကို ဖြစ်စေသည့် အခြေခံ မျိုးရိုးဗီဇများကို ရှာဖွေကာ၊ ၎င်းတို့ကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် လူသားများ ပိုမို အသက်ရှည် ကျန်းမာလာစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်၏။
ဤနယ်ပယ်တွင်လည်း လေးဖို့ဒ် အင်စတီကျု မှာ အောင်မြင်မှုများစွာ ရရှိထားလေသည်။ နေမဝင်အင်ပါယာနှင့် အိမ်နီးချင်း နိုင်ငံများမှ ချမ်းသာကြွယ်ဝသော အဘိုးအိုများသည် သူတို့၏ ရေရှည် ဖောက်သည်များ ဖြစ်ကြပြီး၊ မျိုးရိုးဗီဇ ခွဲစိတ်မှုများ ပြုလုပ်ရန် ဤနေရာသို့ အချိန်မှန် လာရောက်လေ့ ရှိကြပေသည်။
နောက်ဆုံးနှင့် စတုတ္ထမြောက် အပိုင်းမှာမူ ယဲ့ဖန် အစိတ်ဝင်စားဆုံးသော 'မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု' သို့မဟုတ် သက်ရှိသိပ္ပံ၏ နည်းပညာအရ 'မျိုးရိုးဗီဇ စစ်သည်တော်' များ ဖန်တီးခြင်း ဖြစ်ချေသည်။
မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုများမှတဆင့် သာမန်လူများကို ထူးခြားသော သွက်လက်မှု၊ ပေါက်ကွဲအား၊ ခံနိုင်ရည်နှင့် ပြန်လည် နာလန်ထူနိုင်စွမ်းများ ရှိလာစေကာ၊ စစ်မှန်သော စူပါ စစ်သည်တော်များ ဖြစ်လာစေရန် ဖန်တီးခြင်း ဖြစ်၏။
...
'လေးဖို့ဒ် အင်စတီကျု ကို သွားရောက်ပြီးရင်တော့... လန်ရှင်းယွဲ့ နဲ့ နယူးစတန် တို့ ပါဝင်နေတဲ့ လျှို့ဝှက်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာတွေ့နိုင်လိမ့်မယ်လို့ ထင်တယ်... သူတို့ရဲ့ မျိုးရိုးဗီဇ စစ်သည်တော် သုတေသန ရလဒ်တွေကို အထူး ဂရုစိုက်ပြီး ကြည့်ရမယ်...'
အစ္စဘယ်လ်လာ ပြောပြခဲ့သည့် အချက်အလက်များကို ယဲ့ဖန် ပြန်လည် စဉ်းစားကြည့်ရင်း၊ သူ၏ မျက်ဝန်းအိမ်များမှာ လှုပ်ရှားသွားရလေတော့သတည်း။
---
အခန်း (၁၉၂၅) - အန်းကျူပရင့်စ်၏ ဆုလာဘ်
~ယဲ့ဖန် အန်းကျူပရင့်စ်၏ သီးသန့်တိုက်ခန်းသို့ ပြန်ရောက်သောအခါ၊ သူမသည် အလုပ်မှ ပြန်ရောက်နှင့်နေပြီ ဖြစ်ချေ၏။
သို့သော်လည်း သူမသည် ယခုအခါတွင် အားလပ်နေပုံရပြီး၊ ဧည့်ခန်းအတွင်း၌ နဂါးနိုင်ငံ၏ ဘာသာစကားကို လေ့လာနေလေသည်။
ဒါတင် မကသေးဘဲ... သူမသည် နဂါးနိုင်ငံ၏ လက်ရေးလှ ပညာရပ်ကိုပါ သီးသန့် အချိန်ပေးကာ လေ့ကျင့်နေသည်ကို တွေ့လိုက်ရ၏။
စားပွဲပေါ်တွင်လည်း သူမ လေ့ကျင့်ထားသော စာလုံးများဖြင့် ပြည့်နှက်နေသည့် စက္ကူအချို့ ရှိနေလေသည်။
တံခါးဝမှ အသံကို ကြားသဖြင့် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါမှသာ၊ သူမသည် စာဖတ်ခြင်းကို ရပ်တန့်လိုက်ပြီး ယဲ့ဖန်ထံသို့ ပြေးလာတော့သည်။ "ပြန်လာပြီလား မောင်..."
သူမသည် ယဲ့ဖန်၏ အနားသို့ ရောက်သည်နှင့် အလိုလိုပင် ခါးကို ဖက်လိုက်ပြီး၊ ခြေဖျားလေး ထောက်ကာ ယဲ့ဖန်ကို အနမ်းတစ်ပွင့် ပေးလိုက်လေသည်။
"စားသောက်ဆိုင်ကနေ ထွက်လာပြီးနောက်မှာ... အင်တာနက်ပေါ်က သတင်းတွေကိုရော မောင် သတိထားမိရဲ့လား..."
"ဘာသတင်းတွေလဲ..." ယဲ့ဖန်သည် ဖိလစ်နှင့် အာလ် ဝီလျံ တို့၏ ကိစ္စကို အလွန်အမင်း စိတ်မဝင်စားလှပေ။ သူ၏ အာရုံများမှာ လေးဖို့ဒ် အင်စတီကျု ပေါ်၌သာ ရှိနေသဖြင့် ပြင်ပလောကမှ သတင်းများကို သူ မသိရှိသေးပေ။
"ဖိလစ်တို့ မြေးအဘိုး ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို သတင်းမီဒီယာ တချို့က ဖော်ပြလိုက်ကြတယ်လေ... အဲ့ဒါကြောင့် အခု အင်တာနက် တစ်ခွင်မှာ အကြီးအကျယ် ဆွေးနွေးနေကြတာပေါ့... ပြီးတော့ ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ အတွင်းသိလူတွေကလည်း သူတို့ရဲ့ တခြား ဆိုးသွမ်းမှုတွေကိုပါ ထပ်ပြီး ဖော်ထုတ်နေကြတယ်..." အန်းကျူပရင့်စ်သည် ယဲ့ဖန်ကို ဖက်ထားဆဲဖြစ်ပြီး၊ သူမ၏ မျက်ဝန်းများမှာ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေ၏။
"နောက်ပိုင်းကျတော့ ပြဿနာက ပိုပြီး ကြီးထွားလာတယ်လေ... တို့ရဲ့ အဘိုး အန်းကျူ မြို့စားကြီး က ဖော့ခ်စီးတီး အာဏာပိုင်တွေကို ဖိအားပေးလိုက်ရုံတင် မကဘူး... ဘတ်ကင်ဟမ် မြို့စားကြီး ကိုယ်တိုင်လည်း ရှေ့ထွက်လာပြီး အာလ် ဝီလျံ နဲ့ ဖိလစ် တို့ကို ပြင်းပြင်းထန်ထန် အရေးယူရမယ်လို့ ဗြောင်ကျကျ ပြောလိုက်ပြီလေ..."
"တို့မိသားစုနဲ့ ဘတ်ကင်ဟမ် မြို့စားကြီးတင် မကပါဘူး... အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း၊ မီလီ နဲ့ ကျန်တဲ့လူတွေ အကုန်လုံးလည်း ဖော့ခ်စီးတီး ရဲစခန်းအထိ လူကိုယ်တိုင် သွားပြီး ဖိအားပေးခဲ့ကြတယ်... အာလ် ဝီလျံ နဲ့ ဖိလစ် တို့ ပြန်ပြီး ပေးဆပ်ရတဲ့အထိ သူတို့တွေက တစ်လျှောက်လုံး စောင့်ကြည့်သွားမယ်လို့ လူသိရှင်ကြား ကြွေးကြော်ထားကြတာလေ..."
"ဖော့ခ်စီးတီးက တခြား မြို့စားမျိုးနွယ်တွေ အများကြီးလည်း သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်လာကြပြီ... သူတို့အားလုံးက အာလ် ဝီလျံ တို့ မြေးအဘိုးကို ရှုတ်ချနေကြပြီး၊ ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုနေကြတယ်..."
"လူတိုင်းက ထင်နေကြတာက... သူတို့ မိသားစုဟာ တို့ အင်ပါယာရဲ့ မြို့စားမျိုးနွယ် တစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်တယ်လို့ပေါ့..."
"မောင့်ရဲ့ မရည်ရွယ်ဘဲ လုပ်လိုက်တဲ့ လုပ်ရပ်လေး တစ်ခုက... အခုတော့ အာလ် မိသားစု တစ်ခုလုံးကို ပြိုလဲသွားစေတော့မှာပဲ... ပြီးတော့ မောင်က နောက်ထပ် ထိခိုက်နစ်နာရမယ့် လူပေါင်းများစွာကိုပါ ကယ်တင်လိုက်သလို ဖြစ်သွားတာပေါ့... မောင်က တို့ရဲ့ သူရဲကောင်းကြီးပဲ - "
ထိုသို့ ပြောဆိုနေစဉ်မှာပင်... အန်းကျူပရင့်စ်သည် ယဲ့ဖန်ကို တောင့်တနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်လေသည်။
ယဲ့ဖန်သည် ထိုအခါမှ သူမ ဘာကြောင့် အိမ်ဝတ်ရုံ တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး၊ အတွင်းတွင်လည်း ဘာမှ ဝတ်မထားသည်ကို သတိထားမိလိုက်တော့၏။
ထို့ပြင် သူမ၏ ဆံပင်များပေါ်တွင် ခေါင်းလျှော်ရည် ရနံ့များ သင်းပျံ့နေသလို၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရေချိုးဆပ်ပြာနှင့် lotion ရနံ့များက မွှေးကြိုင်နေလေသည်။
"မင်းက တို့ ပြန်လာမှာကို ကြိုပြီး ရေချိုး စောင့်နေတာပေါ့လေ... ပြီးတော့ တို့ ပြန်လာတာနဲ့ ချက်ချင်းပဲ ဆုလာဘ် ပေးဖို့ ပြင်ထားတာလား..."
"ဒါပေါ့..."
အန်းကျူပရင့်စ်သည် အနောက်တိုင်း အမျိုးသမီးများ၏ ပွင့်လင်းရိုးသားမှုအတိုင်း... ယဲ့ဖန်အပေါ် ထားရှိသည့် သူမ၏ ဆန္ဒနှင့် အချစ်ကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိပေ။
"တို့ရဲ့ အချစ်က ဒီလောက် ကောင်းတဲ့ ကိစ္စတွေ လုပ်ထားတာပဲ... တို့ဘက်က ဆုပြန်ပေးရမှာပေါ့..."
ပြောပြောဆိုဆိုနှင့်ပင် သူမသည် ယဲ့ဖန်ကို ဖက်တွယ်လိုက်ပြီး ဆိုဖာဆီသို့ တွန်းပို့ရန် ပြင်လိုက်လေသည်။
"နေဦးလေ ၊ အန်းကျူ..."
ယဲ့ဖန်က မတတ်သာသည့်ဟန်ဖြင့် ဟန့်တားလိုက်၏။
"မင်းရဲ့ စိတ်အားထက်သန်မှုကို ကိုယ် နားလည်ပါတယ်... ဒါပေမဲ့ ကိုယ်လည်း တစ်နေ့လုံး အပြင်မှာ သွားလာနေခဲ့တာလေ..."
"ပထမဆုံး ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ သူငယ်ချင်းကို အားကုန်သုံးပြီး ကုသပေးခဲ့ရတယ်... ပြီးတော့ ဖိလစ် က ကိုယ့်ရဲ့ လက်အောက်ငယ်သားကို နှောင့်ယှက်နေတဲ့ ကိစ္စကိုပါ ဖြေရှင်းခဲ့ရသေးတယ် မဟုတ်လား..."
"မောင်... အဲ့ဒါက မောင် အရင် အနားယူချင်တယ်လို့ ပြောတာလား..." အန်းကျူပရင့်စ် လှုပ်ရှားမှုများကို ရပ်တန့်လိုက်လေသည်။
"ဒါပေါ့... မဟုတ်ပါဘူး..."
ယဲ့ဖန်က ပြုံးလျက် ပြန်လည် တုံ့ပြန်လိုက်၏။ "ကိုယ် ဆိုလိုတာက..."
"ကိုယ် အရင်ဆုံး ရေချိုးပြီး ခန္ဓာကိုယ်ပေါ်က အနံ့အသက်တွေနဲ့ အညစ်အကြေးတွေကို အရင် ဆေးကြောပါရစေဦး..."
"ဖော့ခ်စီးတီးနဲ့ ကိုယ့်ရဲ့ လှပတဲ့ ဝန်းဒါးဝူးမန်းက... ကိုယ့်ကို ရေချိုးပေးဖို့များ စိတ်ပါမလားလို့ သိချင်မိတာပါ..."
"မောင်ကတော့လေ... အရမ်း ဆိုးတာပဲ..."
အန်းကျူပရင့်စ်သည် ယဲ့ဖန်ကို အသာအယာပင် တွန်းထုတ်လိုက်မိတော့၏။
ထို့နောက်တွင်တော့ သူမသည် ယဲ့ဖန်၏ နောက်မှနေ၍ ရေချိုးခန်းထဲသို့ လိုက်ပါသွားလေတော့သတည်း။
...
နောက်တစ်နေ့ နံနက်ခင်းတွင်... အန်းကျူပရင့်စ် တစ်ယောက် အားအင်များ ကုန်ခမ်းကာ ပျော့ခွေ အိပ်မောကျနေစဉ်မှာပင်... ယဲ့ဖန်သည် အတိုချုံး ပြင်ဆင်လိုက်ပြီး၊ သူမအတွက် စာတိုလေး တစ်စောင် ချန်ထားခဲ့ကာ ထွက်ခွာလာခဲ့လေသည်။
သူ မနက်စာ စားပြီးနောက် စာလေးကို အောက်ထပ်တွင် ထားခဲ့ပြီး သိပ်မကြာမီမှာပင်... ရွှယ်လီ၏ ကားကြီး ရောက်ရှိလာခဲ့လေတော့သည်။
---
အခန်း (၁၉၂၆) - လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု ကို စူးစမ်းခြင်း
~"သူဌေး..."
"မင်္ဂလာ နံနက်ခင်းပါ သူဌေး..."
"မင်္ဂလာပါ သူဌေး..."
ကားကြီး ဆိုက်ရောက်လာသည်နှင့် တစ်ပြိုင်နက်... ပုံရိပ် သုံးခုသည် ကားပေါ်မှ ချက်ချင်းပင် ဆင်းသက်လာကြလေသည်။
ထိုသူများမှာ ယခင်က ယဲ့ဖန်ကို ကြိုဆိုခဲ့ကြသည့် ရွှယ်လီ၊ ညွှန်ကြားရေးမှူး 'အိုက်ရှီ'နှင့် ဒုတိယ ဥက္ကဋ္ဌ 'လုခ်' တို့ပင် ဖြစ်ချေသည်။
"အားလုံးပဲ မင်္ဂလာပါဗျာ..."
ယဲ့ဖန်သည် ရင်းနှီးနေသော ထို သုံးဦးကို မြင်သောအခါ ပြုံးလျက်ပင် နှုတ်ဆက်လိုက်လေသည်။
ယဲ့ဖန်သည် သူတို့နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ရွှယ်လီ၏ ကားပေါ်သို့ တက်လိုက်၏။
"လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု ရဲ့ ရလဒ် ပြပွဲက (၁၀) နာရီခွဲလောက်မှာ စမှာပါ... ကျွန်မတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်..." ထိုအချိန်တွင် ရွှယ်လီက ယဲ့ဖန်အား အခြေအနေများကို စတင် ရှင်းပြလေသည်။
"အင်စတီကျု က ပေးထားတဲ့ အချက်အလက်တွေအရ ဆိုရင်တော့... ဒီတစ်ခေါက် ပြပွဲကလည်း အရင်အတိုင်းပဲ အပိုင်းကြီး လေးခု ခွဲထားပါတယ်... ဒါတွေကတော့ မွေးကင်းစ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု ပြပွဲ၊ အလှအပနဲ့ အသားအရေ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု ပြပွဲ၊ အသက်ရှည်ခြင်း မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု ပြပွဲ နဲ့ မျိုးရိုးဗီဇ စစ်သည်တော် ပြုပြင်ပြောင်းလဲမှု ပြပွဲ တို့ပဲ ဖြစ်ပါတယ်..."
"သူဌေး... ဘယ်အပိုင်းကို အစိတ်ဝင်စားဆုံးလဲဟင်... လေးဖို့ဒ် အင်စတီကျု ကို ရောက်တာနဲ့ တို့တွေ အဲ့ဒီ အပိုင်းကို အရင်ဆုံး အာရုံစိုက်ပြီး ကြည့်ကြတာပေါ့..."
"သူတို့ အင်စတီကျု ရဲ့ ပြပွဲ ဧရိယာက အရမ်းကြီးလို့လား..."
ယဲ့ဖန် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
"ဘယ်အပိုင်းကို အရင်သွားရမလဲဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုလို့လား..."
"ခြုံငုံကြည့်ရင်တော့ မကြီးပါဘူး... တခြား အကြီးစား ပွဲလမ်းသဘင်တွေနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ပါဘူးလေ... ဒါပေမဲ့ ဒီလို သက်ရှိသိပ္ပံ သုတေသန ရလဒ် ပြပွဲတွေက တော်တော်လေး ထူးခြားတယ် သူဌေးရဲ့..." ဟု ရွှယ်လီက တည်ကြည်စွာ ရှင်းပြလေသည်။
"အကြောင်းကတော့... ဒီ ပြပွဲတွေရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးလှတဲ့ သိပ္ပံနည်းကျ အခြေခံ သဘောတရားတွေ ရှိနေလို့ပါ... အဲ့ဒီ ရှုပ်ထွေးတဲ့ အချက်တွေကို ပြင်ပက ငှားထားတဲ့ အဖွဲ့တွေက နားမလည်ကြဘူးလေ... ဒါကြောင့် လေးဖို့ဒ် အင်စတီကျု က ပြပွဲ လုပ်တဲ့အခါမှာ... သူတို့ရဲ့ ကျွမ်းကျင် ပညာရှင်တွေ ကိုယ်တိုင်က ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ရှင်းပြပေးပြီး၊ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားပေးလေ့ ရှိတယ်လေ..."
"ဒါကြောင့် ကျွန်မတို့တွေ ပြပွဲ ဧရိယာ တစ်ခုကို သွားတိုင်း... ပညာရှင်တွေရဲ့ ရှင်းပြချက်တွေနဲ့ ဧည့်သည်တွေရဲ့ မေးမြန်းချက်တွေကို သေသေချာချာ နားထောင်သင့်တယ်လေ..."
"အဲ့ဒီအတွက်ကြောင့်လည်း
ကျွန်မတို့တွေက ဧရိယာ တစ်ခုမှာ အချိန် အကြာကြီး ပေးရမှာ ဖြစ်သလို၊ သူတို့ရဲ့ အစီအစဉ်အတိုင်း လိုက်နိုင်ဖို့လည်း လိုပါတယ်... ရှင်းပြချက် အသစ် တစ်ခုစီ မစခင်မှာ သွားရောက် ကြည့်ရှုထားတာ အကောင်းဆုံးပါပဲ..."
ယဲ့ဖန်သည် သူမ ဘာကြောင့် ဤမေးခွန်းကို မေးရသလဲ ဆိုသည်ကို ထိုအခါမှ သဘောပေါက်သွား
တော့သည်။
လေးဖို့ဒ် အင်စတီကျု ၏ ပြပွဲ ပြုလုပ်ပုံကို နားလည်သွားပြီးနောက် သူက ပြောလိုက်၏။
"မျိုးရိုးဗီဇ စစ်သည်တော်..."
"ကိုယ်တို့တွေ.. မျိုးရိုးဗီဇ စစ်သည်တော် ပြပွဲ ဧရိယာကို အရင်ဆုံး သွားကြည့်ကြရအောင်..."
"အဲ့ဒီ အပိုင်း ပြီးသွားမှပဲ... အလှအပဆိုင်ရာ မျိုးရိုးဗီဇ ပြုပြင်မှုတွေနဲ့ မွေးကင်းစ ကလေးငယ်တွေရဲ့ မျိုးရိုးဗီဇ ပြုပြင်မှုတွေကို ဆက်ပြီး ကြည့်ကြတာပေါ့..."
"နားလည်ပါပြီ သူဌေး..."
ရွှယ်လီက ချက်ချင်းပင် သဘောတူလိုက်လေသည်။
"ကျွန်မ အိုက်ရှီ နဲ့ လုခ် တို့ကို အသိပေးပြီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်..."
ထို့နောက် သူမသည် ကားမောင်းနေရင်းမှပင် ဖုန်းကို ထုတ်ယူကာ ယဲ့ဖန်၏ ညွှန်ကြားချက်များကို အဖွဲ့လိုက် စကားပြောခန်း (Group Chat) ထဲသို့ ပေးပို့လိုက်လေ၏။
ရွှယ်လီ ညွှန်ကြားပြီး သိပ်မကြာမီမှာပင်... သူတို့ စီးလာသော ကားမှာ သမိုင်းဝင် အဆောက်အဦးများ ရှိပြီး၊ သာယာလှပသော ပတ်ဝန်းကျင်ရှိသည့် တက္ကသိုလ် ဝင်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
ထို့နောက် လမ်းညွှန် ဆိုင်းဘုတ်များအတိုင်း လိုက်ပါ မောင်းနှင်လာခဲ့ရာ... မကြာမီမှာပင် အလွန် ထူးခြားဆန်းပြားပြီး ခေတ်မီလှသော အဆောက်အဦးကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြလေတော့သည်။
ယဲ့ဖန်သည် ရွှယ်လီ၊ အိုက်ရှီ၊ လုခ် တို့နှင့်အတူ ကားပါကင်မှနေ၍ အဆောက်အဦး၏ အဝင်ဝသို့ လျှောက်လှမ်းသွားစဉ်မှာပင်... ဤနေရာ၏ လုံခြုံရေး စံနှုန်းမှာ အစိုးရ အဆင့်မြင့် ဌာနများထက်ပင် ပိုမို မြင့်မားနေကြောင်း သတိထားမိလိုက်၏။
ပထမဆုံးသော ကာကွယ်ရေး အလွှာမှာ... အဝင်ဝတွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် ထိပ်တန်း ကြေးစား စစ်သားများ ဖြစ်ကြပြီး၊ နေရာအနှံ့တွင်လည်း အပူရှိန်သုံး စောင့်ကြည့် ကင်မရာ ကွန်ရက်များကို တင်းကျပ်စွာ တပ်ဆင်ထားလေသည်။
ထို ကြေးစား စစ်သားများနှင့် ကင်မရာ ကွန်ရက်များကို ဖြတ်ကျော်ပြီးနောက်တွင်လည်း... ပေါက်ကွဲမှုဒဏ် ခံနိုင်ပြီး၊ ဇီဝဆိုင်ရာ စစ်ဆေးမှုများဖြင့်သာ ဖွင့်နိုင်သည့် လျှို့ဝှက် နံပါတ်ခံ တံခါးကြီး သုံးထပ် ရှိနေသေး၏။
နောက်ဆုံးတွင် ထို တံခါးကြီးများကို ဖြတ်ကျော်ကာ အင်စတီကျု၏ ခန်းမဆောင်သို့ ရောက်ရှိသွားချိန်၌... လျှို့ဝှက်ထားသော ကာကွယ်ရေး အင်အားများစွာ ရှိနေဆဲ ဖြစ်ကြောင်း ယဲ့ဖန် ခံစားလိုက်ရလေသည်။
ထို အင်အားများကို အပေါ်ယံ ကြည့်ရုံဖြင့် မမြင်နိုင်သော်လည်း၊ ယဲ့ဖန်၏ စူးရှလှသော အာရုံငါးပါးဖြင့်မူ... သူတို့ ခန်းမထဲသို့ ဝင်ရောက်လာသည့် တခဏ၌ပင် အနည်းဆုံး လူအချို့က မတူညီသော လမ်းကြောင်းများမှနေ၍ သူတို့ကို စောင့်ကြည့်နေကြကြောင်း ရိပ်မိလိုက်ခြင်း ဖြစ်ချေ၏။
ထို့ပြင် ထို လမ်းကြောင်းများမှာ အပေါ်ယံ ကြည့်လျှင်တော့ သာမန် အခြေအနေများအတိုင်းပင် ထင်မှတ်ရလေ၏။