← Chapters

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း ၆၇၃ - သိုင်းဝိညာဉ်နိုးကြားစေမည့် လျှို့ဝှက်ကျင့်စဉ်

“ရွှမ်ယွမ်ဂိုဏ်း တပည့် ကျင်းမင် လား...”

သွေးအကြီးအကဲသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။

“ဒါကိုတော့ ငါသေချာမသိဘူး... အရာအားလုံးကို အုပ်ချုပ်တဲ့ ထူးသခင်ကလွဲလို့ ငါတို့အားလုံးက တစ်ဦးချင်းပဲ လှုပ်ရှားကြတာလေ... ကိုယ့်တာဝန်ကိုယ်ပဲ ယူကြတာဆိုတော့ ကျင်းမင် ဆိုတဲ့လူအကြောင်း ငါမကြားဖူးဘူး...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

ကျင်းမင်မှာ ထိုမျှအထိ အရေးပါသော ပုဂ္ဂိုလ်မဟုတ်သဖြင့် တစ်ဖက်လူက လိမ်ညာနေရန် မလိုပေ။ ၎င်းအပြင် ကျင်းမင်က သွေးဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ အရေးမကြီးတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မကြာမီတွင် သူက ထိုလူကို ငရဲသို့ ပို့ဆောင်ပေးတော့မည် ဖြစ်သည်။

ထိုစဉ် သွေးအကြီးအကဲက လော့ချန်နှင့် ယင်းလီကို ကြည့်ကာ လေသံပြောင်း၍ ဆိုလိုက်သည်။

“မင်းတို့က သစ္စာဖောက်စာရင်းကို မေးနေတာက အဲဒီလူတွေကို အမြစ်ပြတ်ရှင်းပစ်ချင်လို့လား...”

ရက်စက်စွာ ရယ်မောလိုက်ပြီးနောက် သွေးအကြီးအကဲက ခေါင်းခါလျက် ဆက်ပြောသည်။

“ငါ့စကားကို နားထောင်စမ်းပါ... အလကား အပင်ပန်းမခံပါနဲ့တော့... အမှန်အတိုင်း ပြောရရင် ယွမ်လန်နယ်မြေ မြောက်ဘက်က မင်းဆက်တွေအားလုံးတင်မကဘူး... အရှေ့ကုန်းမြေကြီး တစ်ခုလုံးက အင်အားစု တော်တော်များများကို ငါတို့ သွေးဝိညာဉ်ဂိုဏ်းက ထိန်းချုပ်ထားပြီးသားပဲ... မင်းတို့ တော်တော်လေး ကျစ်လျစ်ခိုင်မာတယ်လို့ ထင်နေတဲ့ တာ့ချူမင်းဆက် မှာတောင် ငါတို့ သွေးဝိညာဉ်ဂိုဏ်းက လူတွေ ရှိနေတာပဲ...”

ဤစကားကြောင့် လော့ချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

တာ့ချူမင်းဆက် ဆိုသည်မှာ ယွမ်လန်နယ်မြေ မြောက်ဘက်ရှိ အင်အားအကြီးဆုံး မင်းဆက်ဖြစ်ပြီး ယခင်က တာ့ချူဘုရင်မ၏ နတ်ဘုရားအလား အစွမ်းများဖြင့် တာ့ချူအတွင်းရှိ သွေးဝိညာဉ်ဂိုဏ်း အင်အားစုအားလုံးကို အကုန်အစင် သုတ်သင်ပစ်ခဲ့သည်မဟုတ်ပါလော။

ထိုဒဏ္ဍာရီလာ ဘုရင်မကြီး ပျောက်ကွယ်သွားသည်မှာ မကြာသေးမီမှာပင် တာ့ချူမင်းဆက်ရှိ လူအချို့က သွေးဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းသွားကြပြီတဲ့လား။

ယင်းလီ၏ လှပသော မျက်ဝန်းများမှာလည်း လှုပ်ရှားသွားခဲ့ပြီး သူမ၏ စိတ်ထဲတွင်လည်း မတည်မငြိမ် ဖြစ်နေမှန်း သိသာလှပေသည်။

“ဟဲဟဲ...”

သွေးအကြီးအကဲက ဆက်လက်ရယ်မောလျက် ဆိုလိုက်သည်။

“တာ့ချူဘုရင်မ ဆိုတာ အတိတ်က အကြောင်းအရာ ဖြစ်သွားပါပြီ... မကြာခင်မှာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် သွေးဘုရင် က တစ်လောကလုံးကို ပြန်ပြီး အုပ်စိုးတော့မှာပဲ... အဲဒီအချိန်ကျရင် သွေးဝိညာဉ်ဂိုဏ်းက ယွမ်လန်နယ်မြေတင်မကဘူး အရှေ့ကုန်းမြေကြီး တစ်ခုလုံးကိုပါ သိမ်းပိုက်နိုင်မှာ သေချာတယ်...”

“ဒါက ဘယ်သူမှ တားဆီးလို့မရတဲ့ ကံကြမ္မာပဲ... ပါးနပ်တဲ့သူတွေက ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိကြတယ်...”

“မင်းတို့ နှစ်ယောက်တည်းနဲ့ ဒီလိုကြီးမားလှတဲ့ ကံကြမ္မာကို တားဆီးချင်တာက ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါချင်နေသလိုပဲ... စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းဆီကို သစ္စာခံလာတဲ့သူတွေ အများကြီးရှိနေတာ... ငါတို့ စကားပြောနေတဲ့ အချိန်မှာတင် ဘယ်နှစ်ယောက်တောင် ထပ်တိုးလာမလဲ မသိဘူး... မင်းတို့ကရော ဘယ်နှစ်ယောက်ကို သတ်နိုင်မှာလဲ...”

သွေးအကြီးအကဲက အကြိမ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုသူနှစ်ဦးကို ကြည့်ကာ လေသံကို လျှော့၍ ဆိုလိုက်သည်။

“အခြေအနေကို သိတဲ့သူကမှ ပါရမီရှင်ပဲ... မင်းတို့ နှစ်ယောက်ရဲ့ အစွမ်းက မဆိုးဘူးပဲ... ငါတို့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းမယ်ဆိုရင်တော့ သေချာပေါက် အရေးပေးခံရလိမ့်မယ်...”

“အဲဒီအချိန်ကျရင် ဥစ္စာပစ္စည်းတွေ၊ ဆေးလုံးတွေ၊ ရတနာလက်နက်တွေတင်မကဘူး... နတ်ဘုရားအဆင့် ကျင့်စဉ်တွေကိုတောင် လွယ်လွယ်လေး ရနိုင်မှာပဲ... နောင်တစ်ချိန် ငါတို့ သွေးဝိညာဉ်ဂိုဏ်းက အရှေ့ကုန်းမြေကြီးကို သိမ်းပိုက်ပြီးတဲ့အခါ မင်းတို့က သူရဲကောင်းတွေ ဖြစ်လာမှာလေ... ဂိုဏ်းဝင်လေးတွေအဖြစ် သူတစ်ပါးအောက်မှာ နေစရာမလိုတော့ဘူး... မင်းတို့သာ အလိုရှိမယ်ဆိုရင် တာယွဲ့မင်းဆက် တစ်ခုလုံးကို အုပ်ချုပ်ဖို့ဆိုတာ ကလေးကစားစရာပဲ...”

“အထူးသဖြင့် မင်းပဲ...”

သွေးအကြီးအကဲက လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“မင်းက အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ဒီနေ့အဆင့်အထိ ရောက်လာတာက တကယ်ကို မလွယ်ဘူး... ဒါပေမဲ့ အသုံးမကျတဲ့သိုင်းဝိညာဉ်က အသုံးမကျတာပဲလေ... မင်းရဲ့ အလားအလာက တစ်နေ့ကျရင် ကုန်ဆုံးသွားမှာပဲ... ငါတို့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းမယ်ဆိုရင် ငါတို့ဂိုဏ်းမှာ မင်းရဲ့ သိုင်းဝိညာဉ်ကို နိုးကြားစေမယ့် ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဉ် ရှိတယ်...”

သွေးအကြီးအကဲက ဆွဲဆောင်မှုရှိလှသော စကားများဖြင့် သူ မငြင်းနိုင်လောက်မည့် အခြေအနေတစ်ခုကို ချပြလိုက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသောသူတိုင်းမှာ သိုင်းဝိညာဉ်အစစ်အမှန် နိုးကြားလာစေရန်အတွက် အိပ်မက်မက်နေကြသူများ ဖြစ်ကြရာ မည်သူမျှ ဤဆွဲဆောင်မှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပေ။

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။

“သိုင်းဝိညာဉ်ကို နိုးကြားစေမယ့် လျှို့ဝှက်ကျင့်စဉ်လား... ဘာကျင့်စဉ်လဲ...”

သူ အမှန်တကယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ သူ၏ သိုင်းဝိညာဉ်မှာ မနိုးကြားသေးခင်မှာတင် ဤမျှအထိ အစွမ်းထက်နေခြင်း ဖြစ်သည်မဟုတ်ပါလော။

အကယ်၍သာ အောင်အောင်မြင်မြင် နိုးကြားလာခဲ့ပြီး သိုင်းဝိညာဉ်၏ တကယ့်မျက်နှာစာကို ဖော်ထုတ်နိုင်ခဲ့မည်ဆိုလျှင် သူ၏ အလားအလာမှာ အဆပေါင်းများစွာ၊ ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်ထောင်အထိ တိုးတက်လာမှာ သေချာလှပေသည်။

သွေးအကြီးအကဲက လေသံဖြတ်၍ ဆိုလိုက်သည်။

“ဒီကျင့်စဉ်ကို ဂိုဏ်းထဲက အထက်လူကြီးတွေပဲ သိတာလေ... ငါကတော့ မသိဘူး...”

“အော်... မင်းလည်း မသိဘူးပေါ့...”

လော့ချန် အနည်းငယ်မျှ စိတ်ပျက်သွားရသည်။

သွေးအကြီးအကဲက အလျင်အမြန် ဆိုလိုက်သည်။

“မင်း စိတ်မလောပါနဲ့... မင်းက အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ဒီအဆင့်အထိ ရောက်လာတာက မင်းရဲ့ အလားအလာကို သက်သေပြနေတာပဲ... မင်းသာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းဆီကို သစ္စာခံပြီး မင်းရဲ့ အခြေအနေကို တင်ပြလိုက်မယ်ဆိုရင်တော့ အထက်လူကြီးတွေက သေချာပေါက် စိတ်ဝင်စားကြမှာပဲ... အဲဒီအခါကျရင် မင်းကို သိုင်းဝိညာဉ်နိုးကြားစေမယ့် ကျင့်စဉ်ကို သင်ပေးလိမ့်မယ်...”

ယင်းလီက တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော်လည်း ယခုမှသာ လော့ချန်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ... သွေးဝိညာဉ်ဂိုဏ်းထဲကို ဝင်ချင်လား...”

လော့ချန်က ခေါင်းခါပြလိုက်သည်။

“ဘယ်လိုထင်ရမှာလဲ... ဒီလူက ကျွန်တော်တို့ကို စိတ်ကူးယဉ်ခိုင်းနေတာပဲလေ... ဥစ္စာပစ္စည်းတွေ၊ ရတနာတွေဆိုတာက တိမ်တိုက်တွေလို ပျောက်ကွယ်သွားမှာပဲ... သူက မဟာသန်မာသူကြီး တစ်ယောက်ဖြစ်ပေမဲ့ သွေးဝိညာဉ်ဂိုဏ်းထဲမှာတော့ လူနည်းစုပဲလေ... ဒီလောက်အထိ အခွင့်အာဏာ မရှိပါဘူး...”

“နောက်တစ်ချက်က... တကယ်ပဲ ဖြစ်လာခဲ့ရင်တောင် ဘာဖြစ်လဲ... အရင်က သွေးဝိညာဉ်ဂိုဏ်း အင်အားကြီးစဉ်တုန်းက ဂိုဏ်းဝင်တွေကလွဲရင် ကျန်တဲ့သူအားလုံးက သွေးကျွန်တွေလိုပဲ ငရဲဘုံမှာ နေခဲ့ကြရတာလေ... အပြစ်မဲ့တဲ့သူ ဘယ်နှစ်ယောက်တောင် သေခဲ့ရလဲ... သွေးဝိညာဉ်ဂိုဏ်းထဲကို ဝင်ဖို့ ရွေးချယ်တာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ...”

“သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့သူတိုင်းက... တစ်ယောက်မကျန် သေသင့်တဲ့သူတွေချည်းပဲ...”

ယင်းလီနှင့် အချိန်အတော်ကြာ ထိတွေ့ခဲ့သဖြင့် လော့ချန်သည် သူမ၏ စရိုက်ကို အနည်းငယ် သိရှိထားပေသည်။

ယင်းလီသည် မာနကြီးလှသူတစ်ဦးဖြစ်ပြီး သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တစ်ဦးတည်း ဝင်ရောက်တိုက်ခိုက်ရဲသူဖြစ်ရာ အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ပေ။ သူမက မိမိကို မေးမြန်းနေခြင်းမှာ စိတ်ရင်းမဟုတ်ဘဲ စမ်းသပ်နေခြင်းသာ ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်လည်း သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ လုပ်ရပ်များကို မြင်တွေ့ခဲ့ရသဖြင့် လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းအပေါ် ဗီဇအရပင် မနှစ်မြို့ခြင်း ရှိနေတော့သည်။

သူ၏ ဖခင်နှင့် အဖိုးတို့ နောင်တစ်ချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏ အရိပ်မည်းအောက်၌ ထိတ်လန့်တကြား နေထိုင်သွားရမှာကို သူ လုံးဝ အဖြစ်မခံနိုင်ပေ။

လော့ချန်၏ တိကျပြတ်သားလှသော အဖြေကို ကြားလိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် ရှားပါးလှသော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

သွေးအကြီးအကဲ၏ မျက်နှာမှာမူ ပျက်သွားခဲ့ရသည်။ သူသည် ယင်းလီ မေးမြန်းလိုက်သည့်အခါ မျှော်လင့်ချက် ရှိနိုင်ဦးမည်ဟု ထင်မှတ်ခဲ့သော်လည်း လော့ချန်က ဤမျှအထိ တိကျစွာ ငြင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက အလျင်အမြန် ဆိုလိုက်သည်။

“မင်းက သိုင်းဝိညာဉ်နိုးကြားစေမယ့် လျှို့ဝှက်ကျင့်စဉ်ကို တကယ်ပဲ မလိုချင်ဘူးလား... သေသေချာချာ စဉ်းစားစမ်းပါ... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားသရွေ့ မင်းက အသုံးမကျတဲ့သူ ဆိုတဲ့ နာမည်ကို ဘယ်တော့မှ ဖျောက်နိုင်မှာ မဟုတ်ဘူး... မင်း အခု အစွမ်းထက်နေရင်တောင်မှ စတုတ္ထနယ်ပယ်ကို တက်လှမ်းပြီး မဟာသန်မာသူ ဖြစ်လာတဲ့အခါ သိုင်းဝိညာဉ်ကတစ်ဆင့် မိုးမြေအရှိန်အဝါကို နှိုးဆွရမှာလေ... အသုံးမကျတဲ့သိုင်းဝိညာဉ်က မင်းရဲ့ ကျင့်ကြံမှုကို အဟန့်အတားပဲ ဖြစ်စေလိမ့်မယ်...”

“ဒါတင်မကဘူး... မင်းက စတုတ္ထနယ်ပယ်ကိုတောင် လုံးဝ တက်လှမ်းနိုင်မှာ မဟုတ်ဘူး...”

“မင်းက တစ်သက်လုံး သွေးကြောနိုးကြားမှုနယ်ပယ် မှာပဲ နေသွားမှာလား... တစ်သက်လုံး အသုံးမကျတဲ့သူ အဖြစ်နဲ့ပဲ နေသွားမှာလား...”

သွေးအကြီးအကဲသည် မကျေမနပ်ဖြင့် အော်ဟစ်နေတော့သည်။

လော့ချန် ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ ဆွဲဆောင်မှုရှိသော အခြေအနေကို ငြင်းပယ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

မိမိကိုယ်မိမိ ပြန်မေးကြည့်လျှင်ပင် အကယ်၍သာ မိမိသည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားခဲ့ပါက သိုင်းဝိညာဉ် နိုးကြားလာစေရန်အတွက် မည်သည့်အရာကိုမဆို ပေးဆပ်ရန် ဝန်လေးမှာ မဟုတ်ပေ။

လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။

“သိုင်းဝိညာဉ်နိုးကြားစေမယ့် လျှို့ဝှက်ကျင့်စဉ်ကိုတော့ ငါလိုချင်တာပေါ့... ဒါပေမဲ့ ငါဆိုတဲ့ လော့ချန်က လိုချင်တဲ့အရာကို ငါကိုယ်တိုင်ပဲ ယူတတ်တယ်...”

“ကိုယ်တိုင်ယူမယ် ဟုတ်လား... ဟားဟားဟား...”

သွေးအကြီးအကဲက မထီမဲ့မြင်ပြုသလို ရယ်မောလိုက်သည်။

“သိုင်းဝိညာဉ်နိုးကြားစေမယ့် ကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ အထက်လူကြီးတွေက ဘယ်လိုနယ်ပယ်လဲဆိုတာ မင်းသိလား... သူတို့က လက်ညှိုးတစ်ချောင်းတည်းနဲ့တင် မင်းကို အကြိမ်ပေါင်း ထောင်ချီ သတ်ပစ်နိုင်တယ်...”

“ဘုန်း...”

သွေးအကြီးအကဲ၏ စကား မဆုံးသေးမီမှာပင် သူ့ကို အေးခဲထားသော ရေခဲတိုင်ကြီးမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တစ်စစီ ကြေမွပျက်စီးသွားခဲ့ပြီး အပိုင်းပိုင်း ပြတ်တောက်ကုန်တော့သည်။ ပြူးထွက်နေသော မျက်လုံးအစုံမှာမူ မကျေမနပ်ဖြစ်မှုနှင့် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

“စကားတွေက အရမ်းများနေပြီ...”

ယင်းလီက အသာအယာ ခေါင်းခါလိုက်သည်။

လော့ချန်သည် ယင်းလီ၏ ပြတ်သားလှသော လုပ်ရပ်ကြောင့် အံ့ဩသွားရပြီး မေးမြန်းလိုက်သည်။

“စီနီယာအစ်မ ယင်းလီ... သူ့ကို ဒီအတိုင်း သတ်လိုက်တာက သိပ်ပြီး မကောင်းဘူး မဟုတ်လား...”

သူသည် မသတ်သင့်ဘူးဟု ထင်နေခြင်းမဟုတ်ဘဲ တစ်ဖက်လူကို ချန်ထားလျှင် တစ်စုံတစ်ခုအတွက် အသုံးဝင်နိုင်မည်ဟု ယူဆခြင်း ဖြစ်ပေသည်။

ယင်းလီက ခေါင်းခါပြလိုက်သည်။

“ဒီလူ သိထားတဲ့ သတင်းတွေက ဒီလောက်ပဲ ရှိမှာပါ... နောက်ပြီး သူက သူ့ရဲ့ အနှစ်သာရသွေးတွေကို သန့်စင်ပြီး ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲစေနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ထားတာလေ... စောစောက ငါ သူ့ကို အသည်းအသန် တားဆီးထားရတာ... သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်မယ်ဆိုရင် ငါတောင် ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်မှာ မဟုတ်ဘူး... သူ့ကို ချန်ထားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်...”

‘သွေးဝိညာဉ် ခန္ဓာကိုယ်ခွဲဖြတ်ခြင်း အစီအရင်ပေါ့...’

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ သူသည် ယခင်က သွေးဝိညာဉ်ဂိုဏ်း တပည့်များ ဤကျင့်စဉ်ကို သုံးစွဲသည်ကို မြင်တွေ့ခဲ့ဖူးသည်မဟုတ်ပါလော။

“ဝှစ်...”

စကားပြောနေစဉ်အတွင်း ယင်းလီက လက်ညှိုးလေးဖြင့် အသာအယာ ဆွဲယူလိုက်ရာ သွေးအကြီးအကဲ၏ သိုလှောင်လက်စွပ်မှာ သူမထံသို့ တစ်ဟုန်ထိုး ပျံသန်းလာတော့သည်။

လော့ချန်၏ အကြည့်မှာ ချက်ချင်းပင် ထိုလက်စွပ်ထံသို့ ရောက်ရှိသွားတော့သည်။

၎င်းမှာ ကြယ်သုံးပွင့်ပုံရိပ်များ လက်နက်နေသော ကြယ်သုံးပွင့်အဆင့်ရှိ သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်ပေသည်။

အခန်း ၆၇၃ ပြီးပါပြီ။။

အခန်း ၆၇၄ - ယင်းလီ၏ လက်ဆောင်နှင့် လက်ညှိုးကို ဓားအဖြစ် အသုံးချခြင်း

လော့ချန်သည် သိုလှောင်လက်စွပ်ကို ကြည့်ကာ မျက်ဝန်းများမှာ လိုချင်တက်မက်မှုဖြင့် ဝင်းလက်သွားခဲ့သည်။

ဤသိုလှောင်လက်စွပ်အတွင်း၌ သွေးအကြီးအကဲ အနှစ်သာရသွေးများကို သန့်စင်သည့် ထူးဆန်းသော ကျင့်စဉ် ရှိနေနိုင်သည်မဟုတ်ပါလော။

အကယ်၍ ဤကျင့်စဉ်ကို ရရှိခဲ့မည်ဆိုလျှင် နောင်တွင် သူသည် သိုင်းဝိညာဉ်အနှစ်သာရများကို ဝါးမျိုသည့်အခါ ယခုကဲ့သို့ စိုးရိမ်တကြီးဖြင့် တိတ်တဆိတ် လုပ်ဆောင်နေရန် မလိုတော့ဘဲ တစ်စုံတစ်ယောက်က သိရှိသွားလျှင်ပင် ဆင်ခြေပေးရန် အကြောင်းပြချက် ရှိသွားပြီ ဖြစ်သည်။

သို့သော်လည်း သိုလှောင်လက်စွပ်မှာ ယင်းလီ၏ လက်ထဲတွင် ရှိနေခြင်းဖြစ်ရာ မည်သို့လုပ်မှ ရနိုင်မည်နည်း။

လော့ချန် အသည်းအသန် စဉ်းစားနေစဉ်မှာပင်...

ယင်းလီက ရုတ်တရက် လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း လိုချင်လို့လား...”

လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ကြိုတင်စဉ်းစားထားသော ဆင်ခြေကို ဆိုလိုက်သည်။

“ကျွန်တော့်ရဲ့ လက်ရှိ သိုလှောင်လက်စွပ်က ကြယ်နှစ်ပွင့်အဆင့်ပဲ ရှိတာဆိုတော့ အထဲမှာ နေရာက အရမ်းကျဉ်းတယ်လေ... အဲဒါကြောင့် သိပ်ပြီးတော့ အဆင်မပြေဘူး ဖြစ်နေလို့ပါ...”

ဤစကားမှာ တစ်ဝက်က အမှန်ဖြစ်ပြီး တစ်ဝက်က အလိမ်အညာ ဖြစ်ပေသည်။ သူ၏ လက်ရှိ သိုလှောင်လက်စွပ်မှာ တကယ်ပင် ကြယ်နှစ်ပွင့်အဆင့်သာ ရှိပြီး အကျယ်အဝန်းမှာ နှစ်မီတာ၊ သုံးမီတာခန့်သာ ရှိပေသည်။

သို့သော်လည်း လော့ချန်သည် ပုံမှန်အားဖြင့် လော့ယောင် ပေးထားသော လင်ရှောင်ကျောက်စိမ်းပြားကိုသာ အသုံးပြုခြင်း ဖြစ်သည်။ လင်ရှောင်ကျောက်စိမ်းပြားအတွင်းရှိ နေရာလွတ်မှာ အလွန်ပင် ကျယ်ဝန်းလှရာ ကြယ်သုံးပွင့်အဆင့် သိုလှောင်လက်စွပ်တင်မက ကြယ်လေးပွင့်အဆင့်ပင်လျှင် ၎င်းကို မီမှာ မဟုတ်ပေ။

“မင်းကတော့ တကယ်ကို အားမနာတတ်တာပဲ...”

ယင်းလီက မျက်ခုံးလေးများကို ပင့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်ကာ လက်ချောင်းလေးဖြင့် အသာအယာ တောက်လိုက်ရာ သိုလှောင်လက်စွပ်မှာ လော့ချန်ထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

လော့ချန်သည် လက်စွပ်ကို ဖမ်းယူလိုက်ပြီး စိတ်ထဲတွင် မရေရာသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦး၏ သိုလှောင်လက်စွပ် ဖြစ်ရာ အတွင်း၌ ရှိနေမည့် ဥစ္စာပစ္စည်းများမှာ အလွန်ပင် ထိတ်လန့်စရာကောင်းမှာ သေချာလှပေသည်။ ယင်းလီက သူ့ကို ဤမျှအထိ လွယ်လွယ်ကူကူ ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယင်းလီသည် နှင်းမုန်တိုင်းကြားတွင် ရပ်နေခဲ့ပြီး သူမ၏ ဝတ်စုံစလေးမှာ လွင့်ပျံနေကာ ကြည့်ရသည်မှာ ကမ္ဘာဦးနတ်သမီးတစ်ပါးအလား အလွန်ပင် တင့်တယ်လှပေသည်။ သူမက ဆိုလိုက်သည်။

“ဒါက မဟာသန်မာသူတစ်ဦးရဲ့ သိုလှောင်လက်စွပ်ဆိုတော့ မင်းကို မပေးသင့်ဘူးဆိုပေမဲ့... ဒီတစ်ကြိမ် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ရှာဖွေရာမှာ မင်းက အကျိုးပြုခဲ့တာလေ... နောက်ပြီး အစောက ဆွဲဆောင်မှုတွေကို ငြင်းပယ်ပြီး မင်းရဲ့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တာရယ်၊ မင်းပြောလိုက်တဲ့ စကားတွေက ငါ့စိတ်ဓာတ်နဲ့ ကိုက်ညီနေတာရယ်ကြောင့်... ဒီနေ့ ဒီလက်စွပ်ကို မင်းကို လက်ဆောင်ပေးလိုက်မယ်...”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်မ ယင်းလီ...”

လော့ချန် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

သိုလှောင်လက်စွပ်အတွင်း၌ သူလိုချင်သော ကျင့်စဉ် မပါရှိခဲ့လျှင်ပင် မဟာသန်မာသူတစ်ဦး၏ ဥစ္စာပစ္စည်းများမှာ သူ့အတွက်တော့ အလွန်ကြီးမားသော အကျိုးအမြတ်ပင် ဖြစ်ပေသည်။

ယင်းလီက ဆက်လက်ဆိုလိုက်သည်။

“ဒီလူက မဟာသန်မာသူတစ်ဦးဆိုတော့ သူ့ဆီမှာ ရှိတဲ့ပစ္စည်းတွေက သာမန်တော့ မဟုတ်ဘူးပေါ့... ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဆေးလုံးတွေ၊ ကျင့်စဉ်တွေက များသောအားဖြင့် မိစ္ဆာဆန်တတ်ကြတယ်... မင်းအနေနဲ့ မဆင်မခြင် သုံးစွဲတာမျိုး၊ ကျင့်ကြံတာမျိုး မလုပ်တာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပြီး စိတ်ဓာတ်တွေ ဝေဝါးသွားကာ သတ်ဖြတ်ဖို့ပဲသိတဲ့ မိစ္ဆာတစ်ကောင် ဖြစ်သွားလိမ့်မယ်...”

“ဟုတ်ကဲ့ စိတ်ချပါ...”

လော့ချန်က ခေါင်းညိတ် ကတိပေးလိုက်သော်လည်း စိတ်ထဲတွင်မူ ဂရုမစိုက်ပေ။

အခြားသူများအနေနှင့် သွေးဝိညာဉ်ဂိုဏ်း၏ ဆေးလုံးများကို သုံးစွဲသည့်အခါ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ရမှာဖြစ်သော်လည်း သူ၏ ကိုယ်ထဲတွင် ရောင်စဉ်ကိုးသွယ်အကြေးခွံရတနာ ရှိနေသည်မဟုတ်ပါလော။

“မင်းအနေနဲ့ ဒီဥစ္စာပစ္စည်းတွေကို သုံးပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံး ဝယ်ဖို့ ကြိုးစားစမ်းပါ... အဲဒါမှ စတုတ္ထနယ်ပယ်ကို အမြန်ဆုံး တက်လှမ်းနိုင်မှာလေ... မိုးမြေအရှိန်အဝါကို ထိန်းချုပ်နိုင်တဲ့ မဟာသန်မာသူ ဖြစ်လာမှသာ ကျင့်ကြံခြင်းရဲ့ တံခါးဝကို တကယ်တမ်း နင်းလှမ်းနိုင်မှာဖြစ်သလို တာယွဲ့မင်းဆက် ထဲမှာလည်း အဆင့်အတန်းတစ်ခု ရလာမှာပဲ...”

ယင်းလီက ထပ်မံ၍ မှာကြားလိုက်သည်။

သွေးအကြီးအကဲ၏ စကားများမှာ ဆွဲဆောင်မှုရှိသော်လည်း အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ မဟာသန်မာသူ အဆင့်သို့ ရောက်ရှိသွားသည့်အခါ သိုင်းဝိညာဉ်ဖြင့် မိုးမြေနှင့် ဆက်သွယ်ရမှာဖြစ်ရာ ထိုအချိန်တွင် သိုင်းဝိညာဉ်၏ အရည်အသွေးမှာ အလွန်ပင် အရေးပါလှပေသည်။

ယင်းလီသည် လော့ချန်အနေနှင့် အသုံးမကျသည့်သိုင်းဝိညာဉ်ကြောင့် စတုတ္ထနယ်ပယ်ကို တက်လှမ်းရန် ခက်ခဲမှာကို စိုးရိမ်နေပေသည်။ အကယ်၍ မြေကမ္ဘာဝိညာဉ်ဆေးလုံး ရှိမည်ဆိုလျှင်တော့ အခွင့်အရေးမှာ များစွာ သာလွန်သွားမှာ ဖြစ်သည်။

မြေကမ္ဘာဝိညာဉ်ဆေးလုံးကို တွေးမိလိုက်သည့်အခါ ယင်းလီက ခဏမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

“ဒီတစ်ကြိမ် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ရှာတွေ့ခဲ့တာက ကြီးမားလှတဲ့ အကျိုးပြုအားထုတ်မှုတစ်ခုပဲ... အရာအားလုံး အေးဆေးသွားတဲ့အခါ မင်းအတွက် ဆုလာဘ်တွေ ရအောင် ငါ တောင်းဆိုပေးမယ်... သေချာပေါက် ကျင်းမင် ထက်တော့ နည်းမှာ မဟုတ်ဘူး...”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ...”

လော့ချန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် မျက်မှောင်ကြုတ်သွားခဲ့ပြီး မြို့ငယ်လေးရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“လူတွေ လာနေကြပြီ...”

မြို့ငယ်လေးရှိရာ အရပ်ဆီမှ လူ လေး၊ ငါးဦးမှာ ဤဘက်သို့ ဦးတည်လာနေကြသည်။

စောစောက ထိတ်လန့်စရာကောင်းလှသော တိုက်ပွဲကြီးမှာ မြို့ထဲရှိ လူများကို သိရှိသွားစေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲမှာ ပြင်းထန်လွန်းလှသလို ယင်းလီ ဖန်တီးထားသော နှင်းမုန်တိုင်းများက အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့် မည်သူမျှ မဆင်မခြင် တိုးမဝင်ရဲကြခြင်း ဖြစ်ပေသည်။ ယခုအခါ အရာအားလုံး ငြိမ်သက်သွားပြီဖြစ်ရာ အခြေအနေကို စုံစမ်းရန်အတွက် အချို့မှာ သတ္တိမွေး၍ လာရောက်ကြခြင်း ဖြစ်ပေသည်။

“သွားကြရအောင်... ဒီနေရာကနေ အရင် ထွက်ကြမယ်...”

ယင်းလီသည် လူအများအပြား၏ အာရုံစိုက်ခြင်းကို မခံလိုသဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲမြွေကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး သူမနှင့် လော့ချန်ကို တင်ဆောင်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

လာရောက်ကြသူများမှာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြပြီး ဤမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ကြရသည်။

“ဟိုလူက လော့ရှာဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့် ယင်းလီ မဟုတ်လား...”

“ယင်းလီရဲ့ ဘေးနားက ကောင်လေးက ဘယ်သူလဲ... ကြည့်ရတာ အရမ်းငယ်သေးတယ်...”

“ဒီကောင်လေးကတော့ တကယ်ကို ကံကောင်းတာပဲ... ယင်းလီက လော့ရှာဂိုဏ်းရဲ့ နာမည်ကြီး မိန်းမလှလေးဖြစ်သလို ထိပ်သီးတိုက်ရိုက်တပည့်လည်း ဖြစ်တာလေ... လူငယ်ပါရမီရှင် ဘယ်နှစ်ယောက်တောင် သူမနဲ့ စကားတစ်ခွင်လောက် ပြောရဖို့ အိပ်မက်မက်နေကြရလဲ... ဒီကောင်ကတော့ သူမနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် ရှိနေနိုင်တာပဲ...”

“မနာလို ဖြစ်မနေပါနဲ့... မိန်းမလှလေးတွေက ဘေးအန္တရာယ်ပဲလေ... ဒီလို ပါရမီရှင်မလေးနဲ့ အတူရှိနေဖို့ဆိုတာ အစွမ်းမရှိရင်တော့ ကိုယ့်အတွက် ဘေးပဲ ခေါ်လာမှာပဲ... ဂိုဏ်းကြီးသုံးဂိုဏ်းက ယင်းလီကို သဘောကျနေတဲ့ ပါရမီရှင်တွေက နည်းတာ မဟုတ်ဘူးလေ...”

“ဟဲဟဲ... ဒါကတော့ ဟုတ်တာပေါ့...”

ထိုသူများ စကားပြောနေရင်း တောင်ကုန်းအနီးသို့ ရောက်ရှိလာကြသည်။

မြေပြင်ပေါ်ရှိ တိုက်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှု အရာများကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ အသက်ရှူမှားသွားကြရသည်။

ဤ မိုင် ဆယ်ဂဏန်းခန့် ပတ်လည်အတွင်း၌ တောင်ကုန်းများမှာ ပြိုလဲနေခဲ့ပြီး မြစ်များမှာလည်း ပြတ်တောက်ကုန်ကာ မြေပြင်တစ်ခုလုံးမှာ ဖြူဖွေးလျက် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသဖြင့် မူလပုံစံကို လုံးဝ ရှာမတွေ့နိုင်တော့ပေ။

ကောင်းကင်ယံ၌...

ရေခဲမြွေကြီးမှာ ကိုယ်ဟန်ကို လွန့်လူးလျက် ပျံသန်းနေခဲ့ပြီး ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နှင်းမှုန်လေးများမှာ ဝဲလည်နေတော့သည်။

“စီနီယာအစ်မ ယင်းလီ... သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ရှာတွေ့ပြီဆိုတော့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ...”

လော့ချန်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

ယင်းလီက ခဏမျှ စဉ်းစားလိုက်ကာ ဆိုလိုက်သည်။

“ဒီကိစ္စကို လောလောဆယ် အပြင်မှာ လျှောက်မပြောနဲ့ဦး... မဟုတ်ရင် ရန်သူက သတိထားမိသွားမှာဖြစ်သလို ယခင်ကလိုပဲ အကုန်လုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်... ငါ အရင်ဆုံး မဟာအကြီးအကဲ ယွမ်လန်ကို အကြောင်းကြားလိုက်မယ်... တိုင်ပင်ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့...”

လော့ချန်ကို ကြည့်ကာ ယင်းလီက ဆက်ပြောသည်။

“ဒီကိစ္စမှာ မင်း လောလောဆယ် ဝင်မပါတာ အကောင်းဆုံးပဲ... အထူးသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းထဲကို သွေးဝိညာဉ်ဂိုဏ်းဝင်တွေ စိမ့်ဝင်နေတဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့... မင်းရဲ့ အစွမ်းက အားနည်းသေးတာဆိုတော့ ဒီကိစ္စရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး... အပြင်ကို ပြောမိရင် ကိုယ့်သေတွင်းကိုယ် တူးသလိုပဲ ဖြစ်လိမ့်မယ်...”

“ဒါ့အပြင် ဘယ်နှစ်ယောက်တောင် သစ္စာဖောက်သွားသလဲဆိုတာ အခုထိ သေချာမသိသေးဘူး... အဲဒီလူတွေကို အမြစ်ပြတ်ရှင်းပစ်ဖို့ဆိုတာ သေသေချာချာ စီစဉ်မှရမှာ...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ယင်းလီက ဤသို့မပြောလျှင်ပင် သူက ဝင်ပါရန် အစီအစဉ် မရှိပေ။

လျှပ်ယွမ်ဂိုဏ်းရဲ့ အမာခံအကြီးအကဲတောင် သစ္စာဖောက်သွားပြီဆိုမှတော့ သွေးဝိညာဉ်ဂိုဏ်းက မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ရှိနေသနည်းဆိုသည်ကို သိနိုင်ပေသည်။

အကယ်၍ ဤကိစ္စမှာ သူနှင့် ပတ်သက်နေမှန်း တစ်စုံတစ်ယောက်က သိရှိသွားပါက ထိုသစ္စာဖောက်များမှာ သူ့ကို သေချာပေါက် သတ်ဖြတ်ရန် ကြိုးစားကြမည်ဖြစ်သလို သွေးဝိညာဉ်ဂိုဏ်းဝင်များကလည်း သူ့ကို လွှတ်ထားမှာ မဟုတ်ဘဲ အဆုံးမရှိသော လိုက်လံသတ်ဖြတ်မှုများကို သူ ကြုံတွေ့ရမည် ဖြစ်ပေသည်။

သူ၏ အစွမ်းမှာ တိုးတက်လာခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများကို မကြောက်သော်လည်း သူ့ကို လိုက်သတ်မည့်သူမှာ မဟာသန်မာသူကြီးများ မဟုတ်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း။

လော့ချန်၏ မျက်နှာမှာ ဖြူဖျော့နေသည်ကို မြင်ရသည့်အခါ ယင်းလီက ဆိုလိုက်သည်။

“မင်းရဲ့ ဒဏ်ရာက မသေးဘူးပဲ... ငါတို့ အရင်ဆုံး အနားယူဖို့ နေရာတစ်ခု ရှာကြတာပေါ့...”

လော့ချန်က မငြင်းဆန်တော့ပေ။ သန်မာသော သက်လတ်ပိုင်းလူနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှာ သာမန်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်ပင် အန္တရာယ်ကြီးမားလှပေသည်။ ထိပ်တိုက်ရင်ဆိုင်မှုတိုင်းတွင် သူသည် သေမင်းတံခါးဝသို့ ရောက်ရှိသွားသကဲ့သို့ ရှိနေခဲ့ခြင်း ဖြစ်သည်။ အပြင်ပန်းတွင် ဒဏ်ရာမရှိဟု ထင်ရသော်လည်း အတွင်းဒဏ်ရာမှာမူ မနည်းလှပေ။

ဤသည်မှာလည်း သူသည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံထားသဖြင့် ခန္ဓာကိုယ် သန်မာနေခြင်းကြောင့်သာဖြစ်ပြီး မဟုတ်လျှင်မူ ဒဏ်ရာမှာ ဤထက် ပိုမိုပြင်းထန်မည်မှာ သေချာလှပေသည်။

“ဝှစ်...”

ရေခဲမြွေကြီးမှာ အရှိန်ကို မြှင့်တင်လိုက်ပြီး ကောင်းကင်ယံ၌ တစ်ပတ်ပတ်လိုက်ကာ တောင်နှင့်ရေ ရှိရာ အရပ်ဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားတော့သည်။

တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တသွင်သွင် စီးဆင်းနေသော မြစ်ဘေးတွင် လော့ချန်သည် တရားထိုင်ရာမှ နိုးထလာခဲ့ပြီး မတ်တတ်ရပ်လျက် မြစ်ပြင်ကို ကြည့်ကာ ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွလိုက်သည်။

“ဖြတ်စမ်း...”

သူသည် ဓားကို ဆွဲမထုတ်ဘဲ လက်ညှိုးဖြင့် မြစ်ပြင်ကို ညွှန်လိုက်ရာ ထက်မြက်လှသော ဓားချီတစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်သွားတော့သည်။

“ရှူး...”

ဓားချီမှာ သာမန်ဟု ထင်ရသော်လည်း မီတာထောင်ချီ ကျယ်ဝန်းလှသော မြစ်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ပြတ်တောက်သွားသော မြစ်ရေများမှာ ဓားဆန္ဒ၏ အကျိုးသက်ရောက်မှုကြောင့် အပေါ်သို့ လွင့်တက်သွားခဲ့ပြီး ဝေဝေဝါးဝါးရှိလှသော ရေစီးကြောင်း ဓားကြီးတစ်စင်းအဖြစ် စုစည်းသွားကာ နေရောင်အောက်တွင် ရောင်စဉ်ခုနစ်သွယ် လင်းလက်နေခဲ့ပြီး အလွန်ပင် ထက်မြက်လှသလို တောက်ပနေတော့သည်။

အခန်း ၆၇၄ ပြီးပါပြီ။။

အခန်း ၆၇၅ - နီးလာပြီ... ဝဋ်ဆိုတာ လည်တတ်တယ်

ရေစီးကြောင်း ဓားကြီးမှာ စက္ကန့်အနည်းငယ်ခန့် တောင့်ခံနိုင်ပြီးနောက် ၎င်းအတွင်းရှိ ဓားဆန္ဒမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

“ဝေါ...”

ဓားဆန္ဒ ပျောက်ကွယ်သွားသည့် တစ်ခဏအတွင်း ရေစီးကြောင်း ဓားကြီးမှာလည်း တစ်စစီ ကြေမွသွားခဲ့ပြီး ဧရာမ မြစ်ရေများမှာ အောက်သို့ ပြင်းထန်စွာ ကျဆင်းလာကာ မြစ်ပြင်ပေါ်တွင် မီတာ ဆယ်ဂဏန်းခန့် မြင့်မားလှသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေတော့သည်။

ဘေးနား၌ ကျင့်ကြံနေသော ယင်းလီသည် မျက်လုံးဖွင့်လိုက်စဉ် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားရသည်။

“ဓားဆန္ဒကို တကယ့်အဆင့်အထိ နားမလည်သေးတာတောင်မှ ဓားဆန္ဒကို ဒြပ်ထည်တစ်ခုအဖြစ် ဖန်တီးနိုင်နေပြီလား...”

ယင်းလီ၏ စိတ်ထဲတွင် မြစ်ရေလှိုင်းများအလား အကြီးအကျယ် တုန်လှုပ်သွားရသည်။

သူမသည် ဓားသမားတစ်ဦး မဟုတ်သော်လည်း ဓားဆန္ဒအကြောင်းကို မသိသည်တော့ မဟုတ်ပေ။ ဓားဆန္ဒအဆင့် ဓားသမားများ ကြောက်စရာကောင်းရခြင်းမှာ သူတို့၏ ဓားဆန္ဒသည် ဒြပ်မဲ့မှ ဒြပ်ရှိအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပုံသဏ္ဌာန်မရှိသော အရာဝတ္ထုများဖြင့်ပင် လူကို ဒဏ်ရာရစေနိုင်ခြင်းကြောင့် ဖြစ်ပေသည်။

ဥပမာအားဖြင့် သူတို့သည် လေထု သို့မဟုတ် မြက်ပင်တစ်ပင်ကို ဓားဆန္ဒ ထည့်သွင်းပေးလိုက်ရုံဖြင့် ထိုမထင်မရှား အရာဝတ္ထုများမှာ ထူးခြားလှသော ဖျက်ဆီးအားများကို ပိုင်ဆိုင်သွားစေနိုင်သလို အကြည့်တစ်ချက်တည်းနှင့်ပင် လူတစ်ယောက်၏ အသက်ကို နုတ်ယူနိုင်စွမ်း ရှိပေသည်။

လော့ချန် ယခုလုပ်ဆောင်လိုက်ခြင်းမှာ ဓားဆန္ဒကို ရေစီးကြောင်းအတွင်း ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး ရေစီးကြောင်းကို ထက်မြက်လှသော ဓားအစွမ်းများ ပေါ်ထွက်လာစေခြင်း ဖြစ်ပေသည်။

ကျင့်ကြံဆင့် မလုံလောက်သေးသဖြင့် ရေစီးကြောင်း ဓားကြီးမှာ အသက်တရှိုက် အချိန်မျှသာ တည်မြဲနိုင်ခဲ့သော်လည်း ဤသည်မှာ တကယ့်ကို ထိတ်လန့်စရာကောင်းလှပေသည်။

ယင်းလီအနေနှင့် အခြားသော ဓားဆန္ဒအစပျိုးအဆင့် ဓားသမားတစ်ဦးဦးက ဤကဲ့သို့ ဓားဆန္ဒကို ဒြပ်ထည်ဖော်နိုင်သည်ကို တစ်ခါမှ မကြားဖူးပေ။ ဓားဆန္ဒသည် ဒြပ်ရှိအဆင့်သို့ မရောက်သေးမီမှာ ဓားသမားနှင့် ကင်းကွာသွားသည်နှင့်တစ်ပြိုင်နက် အမြစ်မရှိသော မှော်ပင်အလား ချက်ချင်းပင် ပျောက်ကွယ်သွားရမှာ ဖြစ်ရာ ၎င်းကို ဒြပ်ထည်ဖော်နိုင်ရန် ခက်ခဲမှုမှာ မည်မျှအထိ ရှိမည်နည်းဆိုသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

“သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် သန်မာလို့လား မသိဘူး...”

ယင်းလီက မိမိဘာသာ ခန့်မှန်းလိုက်သည်။

ဓားဆန္ဒသည် ဓားသမား၏ စိတ်ဝိညာဉ်နှင့် တိုက်ရိုက်ပတ်သက်နေခြင်းဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအင် သန်မာလေ ဓားဆန္ဒစွမ်းအား ပိုမိုကြီးမားလေ ဖြစ်သည်။

လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ်သာ ရှိသေးသော်လည်း စိတ်ဝိညာဉ်စွမ်းအင် သန်မာမှုမှာမူ လူသားအမြုတေ အဆင့်ရှိသူများနှင့် တူညီနေခြင်းမှာကိုက ကြီးမားလှသော အံ့ဖွယ်တစ်ခု ဖြစ်နေချေပြီ။ ထို့ကြောင့် သူ၏ ဓားဆန္ဒ ထူးခြားနေခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။ ဤအချက်ကို တွေးမိလိုက်သည့်အခါ ယင်းလီသည် လော့ချန် ဓားဆန္ဒအဆင့်သို့ ရောက်ရှိမည့် အချိန်ကို မသိမသာ မျှော်လင့်မိသွားရသည်။

လော့ချန်၏ စိတ်ဝိညာဉ်စွမ်းအင် သန်မာမှုနှင့်အတူ ပြင်းထန်လှသော သတ်ဖြတ်ခြင်း ဓားဆန္ဒတို့ ပေါင်းစပ်လိုက်သည့်အခါ သူသည် တကယ့်ဓားဆန္ဒကို နားလည်သွားလျှင် မည်မျှအထိ စွမ်းအားကြီးမားလာမည်နည်းဆိုသည်ကို သူမ မြင်တွေ့ချင်နေမိသည်။

စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီးနောက် ယင်းလီသည် လော့ချန်ထံသို့ လျှောက်လှမ်းလာကာ ဆိုလိုက်သည်။

“ကြည့်ရတာ မင်း တကယ့်ဓားဆန္ဒကို နားလည်ဖို့က အရမ်းမဝေးတော့ဘူးပဲ...”

လော့ချန်က အသာအယာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“နီးလာပြီလို့ ပြောလို့ရပါတယ်... ဒါပေမဲ့ တကယ်တမ်း အတားအဆီးကို ချိုးဖျက်ဖို့အတွက်ကတော့ အခွင့်အရေးနဲ့ ကံတရား လိုဦးမှာပါ...”

သန်မာသော သက်လတ်ပိုင်းလူနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှ လော့ချန်၏ ရရှိမှုမှာ အလွန်ပင် ကြီးမားလှပေသည်။ အထူးသဖြင့် ဓားဆန္ဒမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး တကယ့်ဓားဆန္ဒ တည်ရှိမှုကို သူ အာရုံခံနိုင်လုနီးပါး ဖြစ်နေချေပြီ။ ဓားဆန္ဒဆိုသည်မှာ ပါးလွှာလှသော မျက်နှာဖုံးစွပ်ထားသည့် မိန်းမလှလေးတစ်ဦးအလား ဖြစ်နေပြီး ဤမျက်နှာဖုံးကို ဖယ်ရှားလိုက်ရုံဖြင့် သူမ၏ တကယ့်မျက်နှာကို မြင်တွေ့နိုင်မှာ ဖြစ်သည်။

သို့သော်လည်း လော့ချန်က ထိုမျက်နှာဖုံးကို လှမ်းဖမ်းလိုက်သည့်အခါတိုင်းမှာမူ ဘာမှမရှိသကဲ့သို့ ဖြစ်နေခဲ့ပြီး အရာအားလုံးမှာ အတုအယောင်များအလား၊ ရေထဲမှ လမင်းကို ဖမ်းဆုပ်နေရသကဲ့သို့ ရှိနေတော့သည်။

သို့သော်လည်း လော့ချန်မှာမူ စိတ်မလောပေ။

ရေထဲမှ လမင်းဆိုသည်မှာ အတုအယောင်ဖြစ်သော်လည်း တကယ့်လမင်းသာ မရှိလျှင် ရေထဲတွင် ပုံရိပ်ပေါ်လာစရာ အကြောင်းမရှိပေ။

ဤကာလအတွင်း သူသည် အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဖြစ်ရာ အချိန်ယူ၍ တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ အချိန်တန်သည့်အခါ ဓားဆန္ဒမှာ အလိုလိုပင် ထိုလျှို့ဝှက်ချက်များကို ဖော်ပြလာမှာ ဖြစ်ပေသည်။

လော့ချန်၏ တည်ငြိမ်လှသော အပြုံးကို ကြည့်ကာ ယင်းလီ၏ မျက်ဝန်းများမှာ လှုပ်ရှားနေတော့သည်။

ဓားဆန္ဒအဆင့် ဓားသမားတစ်ဦး ဖြစ်လာရန် ကြိုးစားမှုအောက်တွင် လူအများအပြားမှာ စိတ်မရှည် ဖြစ်တတ်ကြသည်မှာ နှစ်ရှည်လများ နာမည်ကြီးခဲ့သော လူဟောင်းကြီးများပင် အပါအဝင် ဖြစ်ပေသည်။

သို့သော်လည်း ဓားဆန္ဒဆိုသည်မှာ ဒြပ်မဲ့လှသော အရာဖြစ်သဖြင့် အတင်းအကျပ် ရယူ၍ မရနိုင်ပေ။ စိတ်လောလေ နားလည်ရန် ခက်ခဲလေဖြစ်ကာ အချို့မှာမူ ဖြတ်လမ်းကို လိုက်ရင်း စိတ်ဓာတ်များ ဝေဝါးကာ မိစ္ဆာလမ်းသို့ပင် ရောက်ရှိသွားတတ်ကြသည်။

လော့ချန်၏ ကိုယ်ပေါ်တွင်မူ စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်မျှပင် သူမ မတွေ့ရပေ။

ထိုတည်ငြိမ်မှုများအောက်တွင်မူ အလွန်အမင်း ပြင်းထန်လှသော ယုံကြည်ချက်များ ကိန်းအောင်းနေသဖြင့် တကယ့်ဓားဆန္ဒကို နားလည်ရန်မှာ သူ့အတွက်တော့ လက်တစ်ကမ်းအကွာတွင် ရှိနေသကဲ့သို့ပင်။ ဤသည်မှာ ယင်းလီကို အံ့ဩစေသလို တစ်ချိန်တည်းမှာပင် ချီးကျူးမိသွားစေသည်။

ပါရမီကို မဆိုထားနှင့် ဤကဲ့သို့သော တည်ငြိမ်လှသော စိတ်ဓာတ်မျိုးမှာ သူမ မြင်တွေ့ဖူးသမျှ ပါရမီရှင်များထဲတွင် ထိပ်ဆုံးမှ တစ်ဦးတည်းသောသူ ဖြစ်ပေသည်။

“မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား...”

ယင်းလီက မေးမြန်းလိုက်သည်။

“အင်း... ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းသွားပါပြီ...”

လော့ချန်၏ ဒဏ်ရာမှာ မသေးလှပေ။ သန်မာသော သက်လတ်ပိုင်းလူနှင့် တိုက်ပွဲကြီးအပြီးတွင် သူ၏ သွေးစွမ်းအင် ဆုံးရှုံးမှုမှာ အလွန်ပင် များပြားခဲ့သည်။

သို့သော်လည်း သူ၏ကိုယ်ထဲတွင် သွေးအနှစ်သာရရတနာလုံး ကဲ့သို့သော သွေးစွမ်းအင်ကို အားဖြည့်ပေးနိုင်သည့် ရတနာ ရှိနေသလို သူ၏ ခန္ဓာကိုယ်မှာလည်း သန်မာလှသဖြင့် သွေးစွမ်းအင်များမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း ဖြစ်သည်။ နောက်ထပ် တစ်ရက်၊ နှစ်ရက်ခန့် ကြာလျှင် သူသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပေသည်။

ယင်းလီသည် လော့ချန်၏ ပြန်လည်ကောင်းမွန်သည့် အရှိန်ကို အနည်းငယ် အံ့ဩသွားသော်လည်း အသေးစိတ်ကိုမူ လိုက်မမေးတော့ပေ။

ဤရက်ပိုင်းအတွင်း လော့ချန်က သူမကို အံ့ဩစရာများစွာ ပေးခဲ့ပြီး ဖြစ်သည်။

“ငါ လော့ရှာဂိုဏ်း ကို ပြန်ပြီး မဟာအကြီးအကဲနဲ့ သွေးဝိညာဉ်ဂိုဏ်း ကိစ္စကို တိုင်ပင်ရမယ်... မင်းကရော ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ...”

လော့ချန်က ခဏမျှ စဉ်းစားလိုက်ပြီး ဆိုလိုက်သည်။

“ကျွန်တော် ယွမ်ချွမ်မြို့ ကို တစ်ချက်သွားမလို့ပါ...”

“ယွမ်ချွမ်မြို့လား... ယွမ်ထျန်ယန် နဲ့ ချိန်းထားတဲ့ တိုက်ပွဲကို သွားမလို့လား...”

ယင်းလီ၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ ယွမ်ထျန်ယန်နှင့် လော့ချန်တို့ ယွမ်ချွမ်မြို့တွင် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရန် ချိန်းဆိုထားသည့် ကိစ္စကို သူမ သတိရလိုက်သည်။ ထိုသူနှစ်ဦးမှာ ဆယ်ငါးရက်အကြာတွင် တိုက်ခိုက်ရန် ချိန်းဆိုထားခြင်းဖြစ်ရာ ယခုအခါ ဆယ်ရက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

“သူက တိုက်ချင်နေမှတော့ ကျွန်တော်ကလည်း အဖော်ပြုပေးရမှာပေါ့... မဟုတ်ရင်တော့ လူတွေက ကျွန်တော် သူ့ကို ကြောက်နေတယ်လို့ ထင်ကုန်ကြလိမ့်မယ်...”

ယနေ့တွင် လော့ချန်သည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းတွင် ပထမဟု သတ်မှတ်ခံထားရသော ယွမ်ထျန်ယန်ကို လုံးဝ မျက်စိထဲ မထည့်တော့ပေ။ ဘာပဲဖြစ်ဖြစ် ဤနေရာမှာ ယွမ်ချွမ်မြို့နှင့် မဝေးလှသဖြင့် လမ်းလည်း သင့်လှကာ တစ်ခေါက်သွားရုံနှင့် ကိစ္စမရှိပေ။

ယွမ်ထျန်ယန်ကို အရင်ရှင်းပြီးမှ ဂိုဏ်းကိုပြန်ပြီး ကျင်းမင်ကို စာရင်းရှင်းရပေမည်။

ယင်းလီက ရုတ်တရက် ဆိုလိုက်သည်။

“ဒီတိုက်ပွဲကို မင်း သွားသင့်တယ်... ပြီးတော့ တကယ့်ကို လှလှပပ အနိုင်ယူပြရမယ်...”

“ဘာလို့လဲ...”

လော့ချန်မှာ အတော်ပင် အံ့ဩသွားရသည်။ သူသိသလောက်တော့ ယင်းလီမှာ တိုက်ခိုက်ခြင်းကို ဝါသနာပါသူ မဟုတ်ပေ။

ယင်းလီက အဖြေမပေးဘဲ ပြန်လည်မေးမြန်းလိုက်သည်။

“လွန်ခဲ့တဲ့ ကာလက မင်းက မဟာအကြီးအကဲရဲ့ တိုက်ရိုက်တပည့် ဖြစ်လာခဲ့တယ်လို့ ငါကြားတယ်... မင်းတို့ ရွှမ်ယွမ်ဂိုဏ်း က မဟာအကြီးအကဲ မင်ကျုံးရဲ့ တပည့်ပေါ့...”

“ဟုတ်ပါတယ်...”

ယင်းလီက အသာအယာ ပြုံးလိုက်သည်။ သူမ၏ အပြုံးမှာ နွေဦးဦးတွင် အရည်ပျော်ကျလာသော နှင်းများအလား ကြည့်ရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာကောင်းလှပေသည်။ သူမက ဆိုလိုက်သည်။

“ယွမ်ထျန်ယန် ကလည်း လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲရဲ့ တိုက်ရိုက်တပည့်ပဲ... လျှပ်ယွမ်ဂိုဏ်းက လူသားအမြုတေ လျှပ်စီးလူသားရဲ့ တပည့်ပေါ့... လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးအနက် ပထမဖြစ်တဲ့ ရှုတောက်ယန်က သူနဲ့ တစ်ဆရာတည်း ဆင်းသက်လာတဲ့ စီနီယာအစ်ကိုပဲ... အဲဒီ ရှုတောက်ယန်က ဘယ်သူလဲဆိုတာ မင်းသိလား...”

ယင်းလီက စကားကို ရပ်လိုက်သည်။ လော့ချန်က မသိကြောင်း ပြလိုက်သည့်အခါမှ သူမက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းရဲ့ ဆရာ မင်ကျုံးမှာ တိုက်ရိုက်တပည့်တစ်ယောက် ရှိခဲ့ဖူးတယ်... အဲဒီလူက ပါရမီ အလွန်ထူးချွန်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ တပည့်တွေထဲမှာ အထူးခြားဆုံး ပါရမီရှင် တစ်ယောက်ပေါ့... ဒါပေမဲ့ သူက လျှပ်ယွမ်ဂိုဏ်း တပည့်တစ်ယောက်နဲ့ အသေအလဲ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ရတယ်... သူ့ကို သတ်ခဲ့တဲ့လူကတော့ အဲ့ဒီ ရှုတောက်ယန် ပဲ...”

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ သူ ဤကိစ္စကို ကြားဖူးသည်။ ဤကိစ္စကြောင့်ပင် ဆရာဖြစ်သူ မဟာအကြီးအကဲ မင်ကျုံးမှာ အမြဲတမ်း တရားကျင့်ကြံနေခဲ့ပြီး တပည့်လည်း ထပ်မံ မမွေးခဲ့ခြင်း ဖြစ်သည်။

“ဟဲဟဲ... ဝဋ်ဆိုတာ လည်တတ်တယ်... တကယ်ကို တိုက်ဆိုင်တာပဲ...”

လော့ချန်က အေးစက်စွာ ရယ်မောလိုက်သည်။

“ဒါက တိုက်ဆိုင်တာထက်စာရင် ပိုပြီးတော့ နက်နဲပါတယ်...”

ယင်းလီက အသာအယာ ခေါင်းခါပြလိုက်ပြီး ဆိုလိုက်သည်။

“မင်းတို့ ရွှမ်ယွမ်ဂိုဏ်းနဲ့ လျှပ်ယွမ်ဂိုဏ်း ကြားက ရန်ငြိုးတွေကို မင်း ကောင်းကောင်းသိထားသင့်တယ်... ဒီနှစ်တွေအတွင်းမှာ မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက ပေါ်ထွက်လာတဲ့ ပါရမီရှင် အမြောက်အမြားက ရုတ်တရက် အသက်ဆုံးရှုံးကုန်ကြရတာတွေ ရှိတယ်... အဲဒီထဲက အများစုက လျှပ်ယွမ်ဂိုဏ်းနဲ့ ပတ်သက်နေတာပဲ...”

လော့ချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“စီနီယာအစ်မ ပြောချင်တာက... ကျွန်တော့်ရဲ့ အဲဒီ စီနီယာအစ်ကိုက လျှပ်ယွမ်ဂိုဏ်းရဲ့ အကွက်ဆင်မှုကို ခံခဲ့ရလို့ သေသွားတာလား...”

“အကုန်လုံးတော့ မဟုတ်ပါဘူး... မင်းရဲ့ အဲဒီ စီနီယာအစ်ကိုကလည်း အဲဒီတုန်းက မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တာလေ... ကျင့်ကြံဆင့်က ရှုတောက်ယန်ထက် နယ်ပယ်တစ်ခုလောက် နိမ့်ပါးနေတာကို ရှုတောက်ယန်ရဲ့ စကားအနည်းငယ်နဲ့တင် အသေအလဲ တိုက်ခိုက်ဖို့ သဘောတူခဲ့ပြီး နောက်ဆုံးတော့ သေဆုံးသွားခဲ့ရတာပေါ့...”

“ဒါပေမဲ့ ဒီကိစ္စရဲ့ အနောက်ကွယ်မှာ လျှပ်ယွမ်ဂိုဏ်းရဲ့ အထက်လူကြီးတွေ ပါနေမှာတော့ သေချာတယ်... မင်းတို့ ဂိုဏ်းနှစ်ဂိုဏ်းက တစ်ဖက်ဂိုဏ်းက မကြီးထွားသေးတဲ့ ပါရမီရှင်အသစ်တွေကို အမြစ်ဖြတ်ပစ်ကြတာက အသစ်အဆန်းတော့ မဟုတ်တော့ပါဘူး... ဒါပေမဲ့ ဒီလိုကိစ္စမျိုးက လူမြင်မကောင်းဘူးဆိုတော့ သေသေသပ်သပ်ပဲ လုပ်လေ့ရှိကြသလို အထူးခြားဆုံး ပါရမီရှင်တွေကိုပဲ ရည်ရွယ်လေ့ရှိကြတာပေါ့...”

စကားပြောရင်း ယင်းလီက လော့ချန်ကို ရုတ်တရက် ကြည့်ကာ ဆိုလိုက်သည်။

“မင်းသာ အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာ မဟုတ်ဘူးဆိုရင်... ဂိုဏ်းကြီးသုံးဂိုဏ်း ပြိုင်ပွဲမှာ မင်းပြခဲ့တဲ့ အစွမ်းတွေအရ မင်းက လျှပ်ယွမ်ဂိုဏ်းရဲ့ သတ်ရမယ့် စာရင်းထဲမှာ ပါနေလောက်ပြီ... ဒီလောက်အထိ အဆင်ပြေနေမှာ မဟုတ်ဘူး...”

အခန်း ၆၇၅ ပြီးပါပြီ။

All Chapters