အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
211
အခန်း ၂၁၁ ။ မုန်လာဥဖြူ အစည်းအဝေး
လန်ဟွားက အင်းကွက်ကို အတင်းအကျပ်အသက်သွင်းချိန် ကူယွဲ့နဲ့တခြားလူတွေရဲ့ ခန္ဓာကိုယ်တွေက ပိတ်မိနေတာ။ နှစ်ဖက်စလုံးက အတင်းဆွဲထားတာမို့ သူတို့ရဲ့ မူလဝိညာဉ်တွေက အနောက်ဥယျာဉ်ဆီ ပြန်ဆွဲခေါ်ခံရပြီး အမတဆေးပင်အမျိုးမျိုးထဲ ပြန့်ကျဲသွားခဲ့တာပဲ။
မုန်လာဥဖြူပဲ မူလအသွင်အတိုင်း ကျန်ရစ်တယ်။
ကူယွဲ့ကို ပိတ်လှောင်ထားတဲ့အင်းကွက်က တခြားသူတွေနဲ့လည်း ချိတ်ဆက်ထားတာမို့ သူတို့ရဲ့အရှိန်အဝါက ဆက်နွယ်နေခဲ့တယ်။ တစ်ယောက်က တခြားတစ်ယောက်ကို ဆွဲခဲ့တာမို့ လန်ဟွားက ၂ ယောက်ပဲ ပြန်ဆွဲခေါ်ဖို့လုပ်ခဲ့တာတောင် ၇ယောက်လုံးကို ပြန်ဆွဲခေါ်နိုင်ခဲ့တယ်။
"ဂိုဏ်းချုပ်ရှန်း၊ ကျုပ်တို့လူတစ်ယောက်ကို မကယ်ရသေးဘူး" ချန်ကောက စိုးရိမ်တကြီး အော်တယ်။
"ရွှမ်ထုံ ရွှမ်ထုံအဲမှာရှိနေသေးတယ်"
ကူယွဲ့ ရေကြည့်လိုက်တယ်။ တကယ်ပဲ ရွှမ်ထုံ့ကို မုန်လာဥဖြူတွေကြား ရှာမတွေ့ဘူး။
"သူက မင်းတို့အားလုံးနဲ့ အင်းကွက်တူတူ ရှိနေတာမဟုတ်ဘူးလား" လန်ဟွား မေးလိုက်တယ်။
"သူက အင်းကွက်အလယ်မှာ၊ ကျုပ်တို့လို အင်းကွက်ထဲ ပိတ်နေခဲ့တာမဟုတ်ဘူး ပြီးတော့ ရှင်းဟန်က အင်းကွက်ဖန်တီးဖို့ သူမကိုသုံးခဲ့တာ၊ အဲမှာ အခုအရမ်းအန္တရာယ်များနေပြီ"
"သူမရဲ့အရှိန်အဝါက မင်းတို့အားလုံးနဲ့ မချိတ်ဆက်နေတော့ လိုက်လာလို့မရတာ" လန်ဟွား မျက်မှောင်ကြုတ်လိုက်တယ်။
"ပြီးတော့ သူမအခြေအနေက အတော်လေးထူးခြားတယ်၊ အဲဒါက သူမခန္ဓာကိုယ် မဟုတ်ဘူး၊ ငါတို့ သူမဝိညာဉ်ဒါမှမဟုတ် မူလဝိညာဉ်နဲ့ ဆက်စပ်နေတဲ့ဟာ ရှာတွေ့ပြီး အင်းကွက်ကို နောက်တစ်ကြိမ် ပြန်အသက်သွင်းတာ မဟုတ်ရင် ဘာမှလုပ်လို့မရဘူး"
ချန်ကောရဲ့မုန်လာဥဖြူ အရောင်ဖျော့သွားတော့တယ်။
ယိချင်းနဲ့ ရှန်းရင် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူမဝိညာဉ်နဲ့ ဆက်စပ်နေတဲ့အရာ... "တစ်ခုရှိတယ်"
"ဘာလဲ"
ယိချင်းနဲ့ရှန်းရင်တို့ တစ်ပြိုင်နက် ချန်ကောမုန်လာဥဖြူကို တွင်းထဲထိုးထည့်လိုက်တယ်။
"သူဌေးလန် အင်းကွက် အသက်သွင်းတော့"
"..."
တစ်မိနစ်အကြာမှာတော့ မြေကြီးထဲ နောက်ထပ် မုန်လာဥဖြူတစ်လုံးရောက်လာခဲ့ပြီ။
——————
ငါးမိနစ်အကြာ။
လူအုပ်ကြီး(ဒါမှမဟုတ် မုန်လာဥဖြူအုပ်ကြီး) က နောက်ဆုံးတော့ သူတို့အခြေအနေကို နားလည်သွားပြီ။ သူတို့ဘယ်လိုခံစားရမလဲတောင် မသိတော့ဘူး။ သူတို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကနေ လွတ်မြောက်လာပေမဲ့ သူတို့ရဲ့မူလဝိညာဉ်တွေကပဲ လွတ်မြောက်လာပြီး ခန္ဓာကိုယ်တွေတော့ မဟုတ်ဘူး။ အဲဒါကြောင့် အင်းကွက်က ရှေးဟောင်းဆိုရင်တောင် အသက်ဝင်နေသေးတယ်ဆိုတာ သက်သေပြနေတယ်။ သူတို့မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး။ ဒါပေမဲ့ သူတို့က အဇဋာဧကရာဇ်တွေပဲလေ၊ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေကို စတင်ဆွေးနွေးကြတော့တယ်။
"ကျုပ်တို့ မူလဝိညာဉ်တွေက ပြန်ရောက်လာပေမဲ့ ခန္ဓာကိုယ်တွေက အဲအင်းကွက်ထဲ ပိတ်မိနေတုန်းပဲ၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ အမြန်သွားမှဖြစ်မယ်"
"ဒါပေမဲ့အင်းကွက်က အဲလောက်အစွမ်းကြီးတာ၊ ကျုပ်တို့ကျင့်ကြံဆင့်အားလုံးကို စုပ်ယူပစ်နိုင်တယ်၊ အဲလိုအင်းကွက်ကိုဖယ်ရှားဖို့ ယုံကြည်ချက်ရှိလား"
"ကျီချန်က ဒီလိုတွေဖြစ်လာအောင် တစ်လျှောက်လုံးစီစဉ်ခဲ့တာ၊ သူက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတည်းက ကောင်းကင်ဘုံတံခါးကို ဖွင့်တဲ့နေရာမှာ ကျွန်တော်တို့ကိုအသုံးချဖို့ စီစဉ်နေခဲ့တာပဲ"
"အင်း၊ သူက သူ့သမီးနဲ့ ရှင်းဟန်ကို အောက်ဘုံဆီ ပစ်ချခံရအောင် စီစဉ်ခဲ့သူဖြစ်လောက်တယ်၊ ကိစ္စတွေက ဘယ်လိုလုပ်တိုက်ဆိုင်နိုင်မှာလဲ၊ သူမက ပိုင်ထီ့သမီးနဲ့ တစ်ချိန်တည်းအောက်ဘုံဆီ ကျသွားခဲ့တာလေ"
"အမှန်ပဲ၊ သူက အမြီးကိုးချောင်းအမတမြေခွေးဖြစ်တဲ့ ပိုင်ကျောင်းကို မျက်စိကျနေတာ အတော်ကြာခဲ့ပြီထင်တာပဲ၊ သူက သူမကို အင်းကွက်အတွက် စတေးဖို့စီစဉ်ခဲ့တာ အတော်ကြာပြီထင်တာပဲ"
"ဒါပေမဲ့ ကျုပ်တို့ အခုဘယ်လိုလုပ်သင့်လဲ၊ တကယ်လို့ အပြေးသွားရင်တောင် ကျုပ်တို့ခန္ဓာကိုယ်တွေက ကျီချန်နဲ့ သူ့တပည့်ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"
"ကျုပ်တို့ အခုကိုယ်ခန္ဓာခွန်အားကို စိုးရိမ်ဖို့မလိုဘူး၊ ကျုပ်တို့က ဒီကို နှလုံးထောင်ချောက်အင်းကွက်နဲ့ ပို့ဆောင်ခံခဲ့ရတာ၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ဒီကန မိုင်သောင်းချီအကွာမှာရှိတာ - အဲကို အမြန်ရောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ပြီးတော့..." ကူယွဲ့ အသံဝင်သွားပြီးမှ ဘေးကလူကို လှည့်အော်တော့တယ်။
"ရှန်းရင် မင်းငါ့ခေါင်းပေါ် ရေလောင်းနေတာ သောက်ကျိုးနည်း ရပ်ပေးလို့ရမလား"
"ဟမ်" ရေကရားကိုင်ထားတဲ့ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ငါ့ကို ရေဆာတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ရေဆာတယ်လို့ပြောာတာ မုန်လာဥဖြူဟ၊ ငါက ကူယွဲ့" ကူယွဲ့ ဒေါသနဲ့တုန်ရီနေပြီ။
"ရေမလောင်းခင် မုန်လာဥဖြူကို မှန်အောင်ခွဲလို့မရဘူးလား၊ မင်းတကယ်လို့ ငါ့ခေါင်းပေါ် ရေထပ်လောင်းရင် ငါ ရေရွှဲနေတဲ့ ဟင်းသီးဟင်းရွက်ဖြစ်တော့မယ်"
"အော်" စောစောတည်းကပြောရောပေါ့။ ရှန်းရင် ခေါင်းကုတ်လိုက်တယ်။
"အာ ဘာလို့နင်တို့အားလုံးက တူနေရတာလဲ"
"ငါတို့ ဘယ်မှာတူလို့လဲဟ" အရောင်တွေ ကွဲနေတာကို။
"ပြီးတော့ ဒါတွေအားလုံးက မင်းအပြစ်မဟုတ်ဘူးလား" သူတို့တွေ သူမကြောင့်သာ မဟုတ်ရင် မုန်လာဥဖြူဖြစ်မှာ မဟုတ်ဘူး။
"ငါတို့က နင်တို့ကိုရှာဖို့ကြိုးစားနေရုံလေ၊ ဖေဖေနျို ဒီအသေးအဖွဲတွေအားလုံးကို အာရုံစိုက်နေတာ တော်ပါတော့"
"ငါ့ဖင်ကိုအသေးအဖွဲ" ဒါ အသေးအဖွဲလေးတစ်ခုတောင်မဟုတ်ဘူး - သူတို့ လူပါမဟုတ်တော့တာလေ
"..." ပြီးရော၊ ငါ့ကိုပဲ အပြစ်အားလုံးတင်။
ရှန်းရင် လက်ရုပ်ပြီး တခြားမုန်လာဥဖြူကို ရေလောင်းဖို့ လုပ်လိုက်တယ်။
"အာ... ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျွန်တော်က ငှက်လေးပါ"
ရှန်းရင် ။ ။ "..."
သူမ နောက်တစ်ယောက်ကို လောင်းလိုက်တယ်။
"ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ငါက ကြက်လေ"
နောက်တစ်ယောက်။
"ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ငါက ကျီကျယ်ပါ"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
လန်ဟွား ။ ။ "..."
မုန်လာဥဖြူအားလုံး ။ ။ "..."
မုန်လာဥဖြူ ။ ။ "မမလေး၊ တို့က မုန့်လာဥဖြူပါ တို့ပါ"
"မုန်လာဥဖြူ ပါးစပ်ပေါက်ပိတ်" ကူယွဲ့ ခေါင်းစကိုက်လာတယ်။ ဒါဘယ်ချိန်မို့ မုန်လာဥဖြူက ရေလောင်းခံရဖို့ကို ပွစိပွစိ လုပ်နေသေးတာလဲ။
"ဖွီ" မုန်လာဥဖြူက သူ့ကိုဒေါသတကြီး ကြည့်တော့တယ်။ ရှန်းရင်လက်ထဲကနေ ရေကရားကို ယူပြီး သူ့ဘာသာလောင်းလိုက်လေရဲ့။
"အာ အင်း..." ချန်ကောက လည်ချောင်းရှင်းပြီး ခေါင်းစဉ်ဆီ ပြန်တည့်ပေးလိုက်တယ်။
"ဧကရာဇ်ငယ်ကူယွဲ့ မှန်တယ်၊ ဝူတိဂိုဏ်းက ဧကရာဇ်တက်လှမ်းမှုစင်မြင့်နဲ့ ဝေးလွန်းတယ်၊ ကျုပ်တို့အဲရောက်တဲ့အချိန်ဆို ကျီချန်က သူ့အင်းကွက်ကို ပြင်ပြီးလောက်ပြီ"
အဲလိုသာဆို သူတို့ သူ့ကိုတားဖို့ကို မေ့ထားလိုက်လို့ရပြီ။ သူ ဘာဆက်လုပ်မလဲဆိုတာတောင် သူတို့မသိဘူးလေ။
"ငါတို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ အရင်သွားလို့ရတာပဲ၊ အဲမှာ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ တန်းခေါ်သွားပေမဲ့ နေရာရွှေ့ပြောင်းအစီအရင်တွေရှိတယ်လေ၊ အဲဒါက အရှိန်မြန်စေလိမ့်မယ်" ကျီကျယ်ကအကြံပြုတယ်။
"မဖြစ်ဘူး အဲဒါလည်းအချိန်ကြာလွန်းတယ်၊ ဒီကနေ ကောင်းကင်အလွန်မှကောင်းကင်များဆီရောက်ဖို့ အနည်းဆုံး၂ရက်တော့ ကြာမှာပဲ" ချန်ကော ခေါင်းယမ်းလိုက်တယ်။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ" ချူရွှမ် စိတ်ပူပန်လာပြီ။
"ငါတို့မူလဝိညာဉ်တွေ ခန္ဓာကိုယ်နဲ့ဝေးနေတာကြာလာလေ၊ နောက်ကျရင် ခန္ဓာကိုယ်ဆီပြန်ဖို့ ပိုခက်လေပဲ၊ ပြီးတော့ ကျီကျယ်ခင်းထားတဲ့ အင်းကွက်ကလည်း ငါတို့ကျင့်ကြံဆင့်တွေကို စုပ်ယူပစ်သွားနိုင်တယ်၊ ဒါဆို..."
သူ စကားတောင်ဆုံးအောင် ပြောစရာမလိုဘူး။ မုန်လာဥဖြူ(လူ) အားလုံး သူဘာပြောဖို့ကြိုးစားနေလဲ နားလည်တယ်။ သူတို့အဲချိန်ထိ စောင့်နေရင် သူတို့ကျင့်ကြံဆင့်တွေ ဘယ်လောက်တောင် ယိုယွင်းသွားမလဲဆိုတာ မသိနိုင်ဘူး။ လေထဲ တိတ်ဆိတ်မှုအတိ။
"ငါ့မှာဖြေရှင်းနည်းရှိတယ်" မုန်လာဥဖြူကို ရေလောင်းဖို့ကူညီပေးနေတဲ့လန်ဟွားက ရုတ်တရက် စကားထပြောလာတယ်။ သူက အုပ်စုကို ဝေ့ဝဲကြည့်ပြီး ထေ့ငေါ့ပြောတော့တယ်။
"ကိစ္စရှိတာက... မင်းတို့ကိုယ်မင်းတို့ ယုံကြည်မှုရှိရဲ့လားဆိုတာပဲ"
"ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှု"
ကူယွဲ့မုန်လာဥဖြူက တွင်းအပြင်ကို စိတ်လှုပ်ရှားစွာနဲ့ ခုန်ထွက်လာတယ်။ သူ ဘယ်လိုလုပ် အဲသိုင်းကို မေ့သွားခဲ့ရတာလဲ။ ရှင်းဟန်ကိုယ်တိုင်က ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို သုံးပြီး ထွက်ပြေးသွားခဲ့တာကို သူ မကြားဖူးခဲ့လို့လား။ လန်ဟွားကိုယ်တိုင်က နတ်ဆိုးလေ၊ သူ သူတို့ကို အဲအစီအရင် ဖန်တီးဖို့ကူညီနိုင်မှာ အသေအချာပဲ။
"အမှန်ပဲ" လန်ဟွားက ခေါင်းညိတ်လိုက်တယ်။ သူ မုန်လာဥဖြူတွေကို နောက်တစ်ကြိမ် ကြည့်ပြီး အသံကိုနည်းနည်းမြှင့်လိုက်တယ်။
"ဒီအင်းကွက်က မင်းတို့အားလုံးကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ တန်းခေါ်သွားပေးနိုင်တယ်၊ အဲဆီ မင်းတို့အားလုံးကို ခေါ်သွားပေးဖို့ သုံးပြီး ငါ့နေထိုင်စားသောက်စရိတ်ရှာလို့ရတယ်၊ ဒါပေမဲ့ ငါ တခြားဘယ်သူ့ကိုမှ မခေါ်သွားဘူး"
"ဘာလို့လဲ"
"ဟမ့်" လန်ဟွားက နှာမှုတ်လိုက်တယ်။
"ဒီအဇဋာဧကရာဇ်တစ်သိုက်က ငါ့ကိုအုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တာလေ၊ တစ်ယောက်ချင်းစီက ငါ့အသက်ကို လိုချင်ခဲ့ကြတာ၊ ဘာလို့ ငါ သူတို့ကိုကူညီရမှာလဲ၊ ပြီးတော့... ဒါက ငါ့နတ်ဆိုးမျိုးနွယ်ပိုင်တဲ့ အင်းကွက်ပဲ၊ သူတို့ဝင်ရဲပါ့မလား"
သူက သူတို့ကိုလှောင်နေတာ အသိသာကြီး။ မုန်လာဥဖြူတွေအားလုံး နီရဲကုန်တယ်။ လန်ဟွားက အဇဋာဧကရာဇ်ဆယ်ယောက်လုံးကို လုံးဝ မုန်းတီးနေတာပဲ။ ဒီမှာရှိနေတဲ့ခုနှစ်ယောက်လုံးက သူ့ကိုတိုက်ခိုက်ဖို့ ပူးပေါင်းခဲ့ဖူးကြတယ်။ သူတို့ အရင်ကလုပ်ခဲ့တာက ဒီနေ့ သူတို့နောက်ကို ပြန်ခြောက်လှန့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
အငွေ့အသက်က အတော်လေးတင်းမာနေတယ်။ အစိမ်းရောင်မုန်လာဥဖြူလန်ယွီက မျက်ဆန်လှန်တယ်။ မင်းပဲ သောက်ကျိုးနည်း ဒီလိုဖြစ်အောင်လုပ်ခဲ့တာလေ။
"လန်..." ချန်ကောက စကားစတယ်။
ရှန်းရင်က ရုတ်တရက် လန်ဟွားကို တံတောင်နဲ့ တွတ်တော့တယ်။
"ကတ်သတ်မနေပါနဲ့ဟယ် - အင်းကွက်ကို ပြင်လိုက်တော့"
"ကောင်းပြီလေ"
လန်ဟွားက လက်ကိုမြှောက်ပြီး ဂါထာရွတ်လိုက်တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
မုန်လာဥဖြူအားလုံး ။ ။ "..." သူတို့ကိုမပို့ဘူးလို့ သူ ပြောခဲ့တယ်မဟုတ်လား။
လန်ဟွား ။ ။ "..." မေ-ိုး
သူ အင်းကွက်ကို အင်မတန်မြန်ဆန်စွာပဲ ပြင်လိုက်တယ်။ နှလုံးထောင်ချောက်အင်းကွက်ကနေ နတ်ဆိုးချီတချို့ လေထဲကျန်ရစ်နေဆဲပဲ။ စက္ကန့်အနည်းငယ်အတွင်း လန်ဟွားလက်ထဲက နတ်ဆိုးချီတွေ တလိပ်လိပ်တက်လာတော့တယ်။ သူ အရှေ့ကိုတွန်းထုတ်လိုက်တော့ လေထဲအရွေ့တစ်ခုဖြစ်သွားပြီး အက်ကွဲကြောင်းကြိးပေါ်လာတယ်။ အထဲမှာတော့ အဆက်မပြတ်စီးဆင်းနေတဲ့ နတ်ဆိုးချီတွေ အများကြီး။
"ပြီးပြီ" လန်ဟွားက အင်တင်တင် အသိပေးပြီး မုန်လာဥဖြူတွေအားလုံးကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။
ကူယွဲ့ ညွှန်ကြားလိုက်တယ်။
"ယွီဟုန် ဂိုဏ်းကတပည့်တွေကို စောင့်ရှောက်ထား၊ အဇဋာဧကရာဇ်ပိုင်ထီ့ဆီ စာပို့ပြီး ရှင်းဟန်က သူ့သမီးရဲ့ အရင်ကိုယ်ခန္ဓာကိုယ်ကို အင်းကွက်အတွက် စတေးချင်နေတယ်လို့ ပြောလိုက်"
"ဟုတ်"
"အဇဋာဧကရာဇ်ပြောင်ထင်၊ ကျေးဇူးပြုပြီး ခဏရင် လူတိုင်းရဲ့ မူလဝိညာဉ်တွေကို စောင့်ကြပ်ပေးပါ"
"ကောင်းပြီ၊ ကိစ္စမရှိဘူး" ပြောင်ထင် ခေါင်းညိတ်လိုက်တယ်။
"လန်ဟွား၊ ရွှမ်ထုံ့ကို စောင့်ရှောက်နော်"
"နားလည်ပြီ"
"ရှန်းရင်၊ ယိချင်း၊ သွားကြရအောင်"
ယိချင်းက သူ့ဓားပျံကိုဆွဲထုတ်ပြီး ရှန်းရင်ကို ဆွဲတင်လိုက်တယ်။ နောက်တော့ ဖေဖေနျိုကို တွင်းထဲက ကောက်ယူပြီး အက်ကွဲကြောင်းထဲ ပျံသန်းခဲ့တော့တယ်။
မုန်လာဥဖြူအားလုံး တွင်းထဲကခုန်ထွက်လာပြီး ယိချင်းနောက်လိုက်ကြတော့တယ်။ သူတို့ လန်ဟွားဘေးကဖြတ်ချိန် သူတို့ခေါင်းပေါ်က သစ်ရွက်တွေနဲ့ ဂါဝရမပြုဘဲ မနေနိုင်တော့ဘူး။
"ကျေးဇူးတင်ပါတယ်၊ အဇဋာဧကရာဇ်လန်ဟွား၊ ဖြစ်ခဲ့တာတွေကို ဘေးချိတ်ပြီး ကျုပ်တို့လိုအပ်နေချိန် အင်းကွက်ကို ဖန်တီးပေးမယ်လို့ ကျုပ်တို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ အရင်က ခင်ဗျားကို လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်"
လန်ဟွားနှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ မင်းတို့ကို မကူညီချင်ပါဘူး။ စိတ်နှလုံးကောင်းကြောင့်သာမဟုတ်ရင်...။
"မြန်မြန်၊ အင်းကွက်က အကြာကြီးခံမှာမဟုတ်ဘူး" လန်ဟွားက မြေကြီးပေါ်က မုန်လာဥတစ်သိုက်ကို စိတ်မရှည်စွာနဲ့ လောလိုက်တယ်။ ဘယ်သူက ဘယ်သူလဲဆိုတာမပြောနိုင်ပေမဲ့ နောက်ဆုံး အစိမ်းရောင်မုန်လာဥဖြူကို ကောက်ယူပြီး အင်းကွက်ထဲ ပစ်ထည့်လိုက်တော့တယ်။ နောက်တော့ သူ ရွှမ်ထုံ့ကို ကောက်ယူပြီး သူတို့နောက် လိုက်ခုန်ဝင်ခဲ့တယ်။
ပစ်ထည့်ခံလိုက်ရသော အစိမ်းရောင်မုန်လာဥဖြူ လန်ယွီ ။ ။ "..."
သူ့ကို တကယ်သတ်ခဲ့သင့်တာ။
…
212
အခန်း ၂၁၂ ။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တိုက်ပွဲ
လန်ဟွားရဲ့သိုင်းက အတော်လေးတော့ အားကိုးရတယ်။ မျက်စိတစ်မှိတ်အတွင်း အားလုံးက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ ရောက်လာခဲ့တယ်။ အဲအချိန်တုန်းက အလင်းတန်းနီကြီးက စင်တစ်ခုလုံးကို ထိန်လင်းသွားစေတယ်။ အတော်လေးမျက်စိကျိန်းစရာပဲ။ ရှင်းဟန်က အင်းကွက်အလယ်မှာ ရပ်ပြီး ထိန်းချုပ်နေတယ်။ ကျီချန်နဲ့ ဟွေ့လင်ကတော့ တစ်ယောက်တစ်ဖက်စီ ရပ်ပြီး ကာကွယ်နေလေရဲ့။
"မင်းတို့ရဲ့မူလဝိညာဉ်တွေ ထွက်ပြေးနိုင်တာကို ပြန်လာအုံးမယ် မထင်ခဲ့ဘူး" ရှင်းဟန်က သူတို့ကို လှောင်ပြောင်တယ်။ သူ အဇဋာဧကရာဇ်တွေရဲ့ မူလဝိညာဉ်တွေကို သတိထားမိတာအသိသာကြီး။ ရှင်းဟန်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်ပြီး ရှန်းရင်ကို တွေ့သွားတော့ တန့်သွားခဲ့တယ်။ နောက်တော့ မျက်လုံးပြူးသွားလေရဲ့။
"မင်းပဲ" သူ့ မျက်နှာပြင်ထက် သွေးပျက်မှုတွေ ဖြတ်ပြေးသွားတယ်။ တစ်စုံတစ်ရာကို သတိရသွားသလိုမျိုး သူက ပြန်တည်ငြိမ်အောင် နေလိုက်တယ်။
"အင်းကွက်က အသက်ဝင်သွားပြီ၊ မင်းတို့ အခုတားဖို့ ဘာမှလုပ်လို့မရတော့ဘူး"
"ပြောင်အာ၊ ဒီမှာနေ၊ ငါသူတို့ကို သွားကယ်မယ်" ယိချင်းက ရှင်းဟန်ရဲ့ အဓိပ္ပာယ်မရှိစကားတွေကို နားထောင်ပြီး အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။ သူက အမတဓားကို ဆွဲထုတ်ပြီး ရှေ့ကိုပြေးတက်ထိုးတော့တယ်။
လန်ဟွားက တစ်ချိန်တည်း ပျံထွက်လာပြီး အင်းကွက်ထဲ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေတဲ့ ခန္ဓာကိုယ်တွေဆီ ဦးတည်ခဲ့တယ်။
ရုတ်တရက် ရွှေရောင်အလင်းတန်းက အင်းကွက်အပြင်ဘက်မှာ လင်းထိန်သွားခဲ့တယ်။ နှစ်ယောက်သား ထိတောင်မထိနိုင်ခင် ပြန်ကန်ထွက်သွားခဲ့တယ်။
ယိချင်းက နည်းနည်းတော့ တော်သေးတယ် - ခြေလှမ်းနည်းနည်းလောက်ပဲ နောက်ပြန်ဆုတ်လိုက်ရတာ။ တစ်ဖက်မှာတော့ လန်ဟွားရဲ့ဝတ်ရုံလက်တွေက မီးစွဲသွားတယ်။ သူ့ကို မီးမလောင်အောင် မီးတောက်ဖြူကြီးတွေနဲ့ဖုံးလွှမ်းနေတဲ့ ဓမ္မဝတ်ရုံကို ချွတ်လိုက်ရတယ်။ စောနက သူ့ကိုယ်ကို ဝိုင်းထားတဲ့ နတ်ဆိုးချီတွေ လွင့်ပျောက်သွားပြီ။
လန်ဟွားက ကြောင်အမ်းသွားတယ်။ အဲအင်းကွက်က... နတ်ဆိုးချီတွေကို သန့်စင်တာပဲ
"တစ်နေ့မှာ အဇဋာဧကရာဇ်တွေအားလုံး နတ်ဆိုးတွေနဲ့ ပူးပေါင်းမယ်မထင်ခဲ့ဘူး" ရှင်းဟန်က အေးတိအေးစက် လေ့လာပြီး လန်ဟွားကို တစ်ချက်လှမ်းကြည့်တယ်။ သူ့ကြည့်ရတာ သိသိသာသာ ကျေနပ်နေတဲ့ပုံ။
"ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကောင်းကင်နွယ်ဝင်တွေ ဖန်တီးထားတာဖြစ်နေတာ နှမျောစရာပဲ၊ နတ်ဆိုးတစ်ကောင်က ကောင်းကင်မျိုးနွယ်တွေ လုပ်ထားတဲ့အရာနဲ့ ထိတွေ့ဖို့ကြိုးစားတယ်ပေါ့ - ဟာသပဲ"
တကယ်လို့ မသေမျိုးချီနဲ့ နတ်ဆိုးချီတွေသာ ဆန့်ကျင်ဘက်ဆို ကောင်းကင်အစွမ်းကတော့ နတ်ဆိုးချီတွေအတွက် အဆိပ်လို့သတ်မှတ်ရမယ်။ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်က တကယ်တော့ ကောင်းကင်နွယ်ဝင်တွေ လုပ်ခဲ့တာပေါ့။
"အဇဋာဧကရာဇ်လန်ဟွား၊ ကျေးဇူးပြုပြီး စိတ်ငြိမ်အောင်ထားပါ" ချူရွှမ်က သူ့ကိုစိုးရိမ်တကြီး သတိပေးလိုက်တယ်ာ
လန်ဟွား အမူအရာပျက်ယွင်းသွားတယ်။ သူ့ကိုယ်ထဲရှိတဲ့ လက်ကျန်နတ်ဆိုးချီလေးနဲ့ နောက်ပြန်ဆုတ်ရတော့တယ်။
"ကျုပ်လုပ်လိုက်မယ်" ယိချင်းက လန်ဟွားကိုနောက်ဆုတ်ဖို့ အမူအရာပြလိုက်တယ်။ သူက သူ့မသေမျိုးချီကို လည်ပတ်အောင်လုပ်ပြီး ဓားချီတွေ အရှိန်နဲ့ ပြေးတက်သွားခဲ့တယ်။ နောက်တစ်စက္ကန့်နေတော့ ရွှေမဟာဓားကြီးတစ်ချောင်း ပေါ်လာပြီး အလင်းတန်းကြီးတည့်တည့် ဦးတည်တော့တယ်။
"ဟမ့် အသုံးမဝင်ဘူး" ရှင်းဟန်က နည်းနည်းလေးတောင် စိုးရိမ်ပုံမပေါ်။
"မင်းတို့ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ဖောက်ထွင်းလို့မရဘူး"
တိုက်မိသံအကျယ်ကြီး ထွက်လာတယ်။ ယိချင်းက သူ့မှာရှိသမျှအားကို သုံးပြီး ဓားဆန္ဒအပေါ် အာရုံစိုက်ကာ အလင်းတန်းနီကြီးကို ဖြတ်တောက်ပစ်ချင်ခဲ့တာပဲ။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က နည်းနည်းပဲ တုန်ယင်သွားပေမဲ့ ဓားက လုံးဝ ထိခိုက်အောင်မလုပ်နိုင်ခဲ့။ အထဲက ကိုယ်ခန္ဓာတွေဆီ ရောက်ဖို့ တကယ်ပဲနည်းလမ်းမရှိဘူး။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တစ်ခုလုံးက ဒီအနီရောင်အကာအရံကြီးနဲ့ လွှမ်းခြုံထားတာ။ ဖောက်ထွက်ဖို့ နည်းမရှိဘူး။
"မင်းတို့ ဒီနေရာလာပြီး ကိုယ့်သေတွင်း ကိုယ်တူးမှတော့ မင်းတို့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့"
ရှင်းဟန်အမူအရာက ခက်ထန်သွားတယ်။ သူက လက်နှစ်ဖက်လုံးနဲ့ ချိပ်တစ်ခု ဖန်တီးလိုက်တယ်။
"ဝိညာဥ်ခြယ်လှယ်သိုင်း" ချန်ကောက ရှင်းဟန်ရဲ့ လက်လှုပ်ရှားမှုတွေကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
တခြားမုန်လာဥဖြူတွေရဲ့ အမူအရာတွေက ပျက်ယွင်းသွားပြီး အသံတိတ်ဆဲရေးလိုက်ကြတယ်။
"ခွေး*သား"
သူက သူတို့ကိုတိုက်ခိုက်ဖို့ သူတို့ကိုယ်ပိုင်ခန္ဓာကိုယ်တွေကို ခြယ်လှယ်ဖို့ကြိုးစားနေတာပဲ။
ရှင်းဟန်ရဲ့ သိုင်းက အလုပ်ဖြစ်တယ်။ နောက်အခိုက်အတန့်မှာတင် အင်းကွက်ထဲ မလှုပ်မယှက်ရှိနေခဲ့တဲ့ ခန္ဓာကိုယ်တွေက တစ်ယောက်ပြီး တစ်ယောက် ထရပ်လာတယ်။ သူတို့က မမြင်ရတဲ့ကြိုးတွေနဲ့ ထိန်းချုပ်ခံထားရတဲ့ ရုပ်သေးရုပ်တွေလို ယိချင်းဆီ ဦးတည်ပြေးလာကြတော့တယ်။
"ဧကရာဇ်ငယ်ယိ၊ ဂရုစိုက်ပါ" ပြောင်ထင်က အော်လိုက်တယ်။
ယိချင်း ရွှေးစရာမရှိတော့ဘဲ အလင်းတန်းကိုတိုက်ခိုက်နေတာ ရပ်လိုက်ရတော့တယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့လှည့်လိုက်ရပြီး တစ်ချိန်တည်းမှာတင် ကိုယ်လေးခုငါးခုကို တိုက်ခိုက်နေရတယ်။ ရှင်းဟန်က ခန္ဓာကိုယ်ကို ခြယ်လှယ်နိုင်ရုံဆိုပေမဲ့ ကူယွဲ့နဲ့ ရွှင်ရှူးကလွဲ ကျန်တဲ့ခန္ဓာကိုယ်အားလုံးက အဇဋာဧကရာဇ်တွေ။ သူတို့မူလဝိညာဉ်မရှိပဲနဲ့တောင် သူတို့တိုက်ခိုက်မှုတွေက အားပြင်းတယ်။
ပြောင်ထင်က ပိုပြီးခက်ခဲနေတယ်။ သူ မတိုက်ခိုက်နိုင်တဲ့ မုန်လာဥဖြူတွေအားလုံးကို ကာကွယ်ရပြီး ခန္ဓာကိုယ်တွေကို တိုက်ခိုက်နေရတယ်။ ခန္ဓာကိုယ်တွေက မုန်လာဥဖြူတွေဟာမို့ အရမ်းကြီး မထိခိုက်စေဖို့လည်း ဂရုစိုက်နေရသေးတယ်။
အခြေအနေက အတော်လေးပြင်းထန်နေတာပေါ့။ လူတိုင်း ခံစစ်အနေအထားကပဲ ကစားရတော့တယ်။ တကယ်လို့ သူတို့ အင်းကွက်ကို စောစောမဖောက်ထွက်နိုင်ရင် သူတို့ခန္ဓာကိုယ်ကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး။
ရှင်းဟန်က ကူကယ်ရာမဲ့နေတဲ့အုပ်စုကို ကြည့်ပြီး ခြောက်ကပ်ကပ်ရယ်လိုက်တယ်။ ကျေနပ်စွာနဲ့ သူကပြောလာတယ်။
"မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေတာပဲ - ငါအရင်က ပြောခဲ့သလိုပဲ၊ ဘယ်သူမှ ဒီအင်းကွက်ကို မဖောက်ထွက်နိုင်"
"အယ်..." သူ စကားမဆုံးခင် တစ်ယောက်ယောက်က သူ့ပခုံးကို ပုတ်ပြီး ရင်းနှီးနေတဲ့အသံတစ်သံက သူနဘေး ပေါ်လာတယ်။
"နင် ငါ့ကိုမေ့နေတဲ့ပုံပဲ"
ရှင်းဟန် ထခုန်ပြီး ခေါင်းလည့်လိုက်တယ်။ သူ သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။
"မင်း...၊ ဘယ်လိုလုပ် ဒီထဲဝင်လာတာလဲ" ဒါမဖြစ်နိုင်ဘူး ဒါက ကောင်းကင်အင်းကွက်လေ - အင်းကွက် အသက်ဝင်သွားတာတောင် သူမက ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
"ငါအထဲခုန်ဝင်လာတာလေ" သူမက မုန်လာဥဖြူတွေအားလုံးရပ်နေတဲ့ ဓမ္မအသုံးအဆောင်ကို လက်ညှိုးထိုးပြလိုက်တယ်။ သူတို့ကို ဖြတ်လျှောက်ဖို့ နေရာမရှိတော့ ခုန်ဝင်လာရတော့တာပေါ့။
"ဟင့်အင်း မဖြစ်နိုင်တာ မင်းက ဘယ်လိုလူလဲ"
ရှင်းဟန်အမူအရာက သွေးပျက်သွားပြီး အရိုင်းဆန်နေတယ်။ သူ မြင်နေရတာကို မယုံနိုင်တော့ဘူး။
"ကောင်းပြီ ကောင်းပြီ၊ နင့်အဓိပ္ပာယ်မရှိတာတွေ တော်တော့ ငါ ညစာတောင် မစားရသေးဘူး" ရှန်းရင်က သူ့ကိုလက်ယမ်းပြလိုက်တယ်။
ရှင်းဟန် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး မျက်နှာကနေ သွေးရောင်အားလုံး ဖြူဖျော့သွားခဲ့တယ်။ ပြင်းထန်တဲ့အကြောက်တရားက လူတစ်ယောက်ရဲ့ အလားအလာကို လမ်းဖွင့်ပေးနိုင်တယ်ဆိုတာ အမှန်ပဲထင်တယ်။ "ဟင့်အင်း" သူက အော်လိုက်ပြီး မသေမျိုးချီတွေကို လည်ပတ်စေကာ နောက်ဆုတ်နိုင်သမျှမြန်မြန်နောက်ဆုတ်တော့တယ်။ နောက်စက္ကန့်ပိုင်းအတွင်း သူ ဂါထာတချို့ ရွတ်လိုက်တယ်။ ရုတ်တရက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်မှာ ရေခဲမျှော်စင်တွေ၊ မီးနဂါးတွေ၊ လေပြင်းဓားမြှောင်တွေနဲ့ မိုးကြိုးတွေက ရှန်းရင်ဆီ ဦးတည်တော့တယ်။
ဒီဟာတွေထဲက ဘာမှ သူမအပေါ် သက်ရောက်မှုမရှိဘူး။ ရုတ်တရက် မျက်စိရှေ့ အရောင်မျိုးစုံ တဖြတ်ဖြတ် တောက်ပသွားလို့ သေချာမမြင်ရတော့တာကလွဲပြီးပေါ့။ သူမ ရှင်းဟန်လက်ကို ဆွဲဖို့ဆိုပြီး အလိုလို လက်လှမ်းလိုက်မိတယ်။ သူမ တစ်စုံတစ်ရာကို ဖမ်းမိသွားပြီး ဆွဲလိုက်တော့ ပြဲသံကြားလိုက်ရတယ်။
ရှန်းရင်ငုံ့ကြည့်လိုက်တော့ သူမ တိမ်ပုံစံအပွင့်တွေထိုးထားတဲ့ အဝတ်စရှည်ကြီးကို ကိုင်ထားတာ မြင်လိုက်ရတယ်။
သူမစိတ်က ဗလာကျင်းသွားတယ်။ နောက်တော့ တွေးမိလိုက်တာက ဒါက... ခါးပတ်ဖြစ်နိုင်လား။
သူမ လှည့်လိုက်တော့ သူမနဲ့သုံးလှမ်းအကွာမှာ ဘောင်းဘီဖြူတစ်ထည်က မြေကြီးပေါ် ကျနေတာ မြင်လိုက်ရတယ်။ ရှင်းဟန်က သူမနဲ့ တစ်မီတာအကွာလောက်မှာ ခြေထောက်ဗလာနဲ့ ကြောက်လန့်စွာ ရပ်နေတယ်။
ရှန်းရင် ။ ။ "..."
ကျီချန် ။ ။ "..."
ဟွေ့လင် ။ ။ "..."
အာ...။
ရှန်းရင် နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ တမင်သက်သက်လုပ်တာမဟုတ်ဘူးလို့ ပြောရင် သူတို့ သူမကိုယုံမလား။
(╯_╰)
"အယ်..." သူမ ခါးပတ်ကို ပြန်ပေးဖို့လုပ်လိုက်တယ်။ နောက်တော့ ဖေဖေနျို့လောသံကို ကြားလိုက်ရတယ်။
"ရှန်းရင်၊ မင်းအဲမှာသောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ၊ မြန်မြန် ငါတို့ ဆက်မထိန်းထားနိုင်တော့ဘူး"
အင်းကွင်အပြင်ဘက်မှာတော့ ကူယွဲ့နဲ့ မုန်လာဥဖြူတွေက ရှင်းဟန် ခြယ်လှယ်ထားတဲ့ခန္ဓာကိုယ်တွေ ချောင်ပိတ်ထားတာခံနေရတယ်။ ပြောင်ထင်နဲ့ လန်ဟွားလည်း အကုန်မတိုက်နိုင်တော့တာမို့ အကူအညီလှမ်းခေါ်ရုံပဲရှိတော့တယ်။
ရှန်းရင် တန့်သွားပြီး ခါးပတ်အစွန်းတစ်ဖက်ကို မုန်လာဥဖြူအုပ်စုဆီ ပစ်ပေးလိုက်တယ်။ ခါးပတ်က ဓမ္မဝတ်ရုံရဲ့ အစိတ်အပိုင်းမို့ ရုတ်တရက် ရှည်သွားပြီး ကြိုးအဖြစ်ပြောင်းကာ ဖေဖေနျိုတို့ကို ရစ်ပတ်လိုက်တယ်။ နောက်တော့ သူမကြိုးကိုဆွဲပြီး သူတို့အုပ်စုကို အင်းကွက်ထဲ ဆွဲသွင်းလိုက်တယ်။ သူမ လက်ကောက်ဝတ်တစ်ချက် လှည့်ပြီး ကြိုးအစွန်းကို ယိချင်းဆီ ပစ်ပေးလိုက်တယ်။
ဝိညာဉ်ခြယ်လှယ်သိုင်းနဲ့ ခြယ်လှယ်ခံနေရတဲ့ ကိုယ်ခန္ဓာအုပ်စုက မြေကြီးပေါ် ကျသွားခဲ့တယ်။ ရှန်းရင်က ခါးပတ်ကို ဘေးပစ်ထုတ်လိုက်တယ်။
"နင့်အလှည့်"
ရှန်းရင် သူ့ဘက်ကို လှည့်လာတာမြင်ချိန် ရှင်းဟန် နောက်ပြန်ဆုတ်လိုက်တယ်။ သူက ဂါထာတစ်ခုရွတ်ဖို့ ကြိုးစားပြီးတော့ ရှန်းရင်ခြေထောက်အောက်မှာ အလင်းတန်းနီကြီးက ရုတ်တရက် လင်းလာတယ်။ အင်းကွက်က သူမခြေထောက်အောက်ပုံစံပေါ်လာပြီး စောနက တခြားသူတွေကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်မှာ ပိတ်လှောင်ထားခဲ့တဲ့တစ်ခုနဲ့ အတူတူပဲ။
အဝိုင်းပုံစံက စတင်ပြောင်းလဲလာပြီး အလင်းနီက လူတစ်ယောက်ချင်းစီရဲ့ ခြေထောက်အောက် ပေါ်လာတယ်။ ကျီချန်နဲ့ ဟွေ့လင်ပါ ပါနေလေတယ်။
"ဟန်အာ မင်းဘာလုပ်တာလဲ" ဘာဖြစ်နေလဲဆိုတာ ကျီချန်နားလည်ချိန် နောက်ကျလွန်းသွားခဲ့ပြီ။ သူ မလှုပ်နိုင်တော့ဘူး။ သူ့ကျင့်ကြံဆင့်က တဖြည်းဖြည်း ကျဆင်းလာတယ်။ သူ့ဘေးကလူတွေကို သွေးပျက်စွာ ကြည့်
လိုက်တယ်။
ရှန်းရင် တန့်သွားတယ်။ ဒါ... ပုန်ကန်မှုလားဟေ။
…
213
အခန်း ၂၁၃ ။ ဧကရာဇ်စင်မြင့်ပေါ်ကစည်းချိပ်
"ဆရာ၊ ဆရာ့တပည့်က ဆရာလုပ်ချင်တဲ့အရာကို အောင်မြင်အောင် ကူညီပေးရုံပါ" ရှင်းဟန်က အေးစက်စက်အကြည့်နဲ့ ပြန်ဖြေတယ်။ သူက ကျီချန့်ကို လူသေတစ်ယောက်ကို ကြည့်သလို ကြည့်လာတယ်။
"မင်းဘာဆိုလိုတာလဲ" ကျီချန်ဖြူဖျော့သွားတယ်။
ရှင်းဟန်က တောက်ခေါက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်နဲ့။
"ဒီအင်းကွက်က လူတိုင်းရဲ့ကျင့်ကြံဆင့်ကို တစ်နေရာစီ စုဝေးဖို့ဆိုတာ ကျုပ်မသိဘူးလို့ မထင်နဲ့၊ ပြောရရင် တကယ်လို့ကောင်းကင်ဘုံတံခါးပွင့်သွားရင်တောင် တစ်ယောက်ပဲ ကောင်းကင်မျိုးနွယ်ဝင် ဖြစ်လာနိုင်မှာ၊ ဆရာက အားလုံးပြီးမြောက်သွားရင် တစ်ယောက်တည်း ကောင်းကင်ဘုံဆီ သွားနိုင်အောင် ကျုပ်ကို သတ်ဖို့စီစဉ်နေခဲ့တာပဲ"
"မင်း..." ကျီချန့်အမူအရာက သွေးပျက်သွားတယ်။ နောက်တော့ အတွေးတစ်ခု သူ့စိတ်ထဲ ဖျတ်ခနဲပေါ်လာတယ်။
"ရှင်းဟန်" ဘေးမှာရပ်နေတဲ့ ဟွေ့လင်က အသည်းအသန်အော်တယ်။
"ကျွန်မ သူ့အစီအစဉ်ကို မသိပါဘူး၊ ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံနေရတာလဲ၊ ကျွန်မ ရှင့်ကိုယုံခဲ့တာလေ"
"ရွှမ်အာ..." ပထမဆုံးအကြိမ် ရှင်းဟန်ပုံစံက နာကျင်သွားဟန်။ ဒါပေမဲ့ သူက ဟွေ့လင်ခြေထောက်အောက်က အင်းကွက်ကို ပြန်မဖြေဘူး။
"ကိုယ်မင်းကို ချစ်ပါသေးတယ်၊ ဒါပေမဲ့ မင်းက ဘာလို့သူ့သမီး ဖြစ်နေရတာလဲ၊ မင်း ကိုယ့်ကို အနာဂတ်မှာ မုန်းမဲ့အစား ဘာလို့-"
"ကျွန်မက သူ့သမီး မဟုတ်ဘူး" ဟွေ့လင်က သွေးပျက်စွာနဲ့ ကြားဖြတ်ပြောလာတယ်။ အရင်က သူမရဲ့ အပြစ်ကင်းတဲ့ပုံစံက လုံးဝပျောက်သွားပြီ။
"ကျွန်မက ပြန်ဝင်စားနေပြီလေ၊ အတိတ်ဘဝကဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ အခု မဆိုင်တော့ဘူး"
"ဒါတွေအားလုံး အရေးမပါတော့ပါဘူး၊ မစိုးရိမ်ပါနဲ့၊ ကိုယ် ကောင်းကင်မျိုးနွယ်ဖြစ်လာချိန် မင်း ပြန်အသက်ရှင်အောင်လုပ်ပေးဖို့ ကိုယ်နည်းလမ်းရှာမယ်"
"ကျွန်မ မလိုချင်ဘူး"
ရှင်းဟန်က သူမအော်သံကို လျစ်လျူရှုပြီး ပြန်လာနေတဲ့ကိုယ်ခန္ဓာအုပ်စုနဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ့သွေးပျက်မှုက အခုစိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲပြီး ကြေညာတယ်။
"အင်းကွက်ကို နောက်တစ်ကြိမ် ပြန်စတင်လို့ရအောင် ဒီအပိုဆောင်းတွေကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပါ၊ ဒီလူတွေက ဘုံတံခါးပွင့်တာနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်တွေကို ဆုံးရှုံးတော့မှာ"
သူ့လက်နှစ်ဖက်စလုံးနဲ့ အင်းကွက်ကို အသက်သွင်းပြီး အရူးလိုရယ်တော့တယ်။ သူက အောင်ပွဲခံတဲ့ အကြည့်ရှိခဲ့မှာ တကယ်လို့... ခြေထောက်ဗလာကျင်းဖြစ်မနေခဲ့ရင်ပေါ့။
-_-|||
"ဒီရှေးဟောင်းကောင်းကင်အင်းကွက်ထဲမှာ ပိတ်ခံရတဲ့ခံစားချက်က ဘယ်လိုလဲ" ရှင်းဟန်က လှောင်တယ်။
"မင်းတို့ဘယ်လောက်ပဲ အစွမ်းရှိပစေ၊ ထွက်နိုင်မှာမဟုတ်-"
သူ စကားမဆုံးခင် ရှန်းရင်က သူမခြေထောက်ကို ငုံ့ကြည့်လိုက်တယ်။ သူမ ဘာမှမခံစားရ။ နောက်တော့... သူမအပြင်ကို ခြေလှမ်းလှမ်းလိုက်တယ်။
ရှင်းဟန် ။ ။ "..."
သားအဖ ။ ။ "..."
အားလုံး ။ ။ "..."
"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှင်းဟန်ခေါင်းယမ်းပြီး ဒီထင်ယောင်ထင်မှားမှုကို ခါထုတ်ပစ်ဖို့ ကြိုးစားရှာတယ်။
"ဒါကောင်းကင်အစီအရင်ပဲ မင်းဘယ်လိုလုပ်... ဒါမဖြစ်နိုင်တာ"
"ငါကမိုက်တယ် မဟုတ်လား" ရှန်းရင်က ခေါင်းစောင်းလိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေတဲ့ပုံနဲ့ ပြောတယ်။
"စမ်းကြည့်ရအောင်" သူမက ဆောင့်ကြောင့်ထိုင်ချပြီး လက်သီးဆုပ်လိုက်တယ်။ နောက်တော့ မြေကြီးကို ထိုးချလိုက်တော့တယ်။
အက်ကွဲသံတွေ ဆက်တိုက်ထွက်လာပြီး ရှည်လျား ကျယ်ဝန်းတဲ့ အက်ကြောင်းရာကြီး ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တစ်ခုလုံး အက်ကွဲစပြုလာတယ်။ ပုံစံက ဒိုးဇက်ပြားတွေ ပြုတ်ကျလာတဲ့အတိုင်းပဲ။ အက်ကွဲကြောင်းတွေက ရှန်းရင်ကို ဗဟိုပြုလို့ နေရာအနှံ့ဆီ ပျံ့သွားတယ်။ နောက်အခိုက်အတန့်မှာတော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်မှာ ပင့်ကူမျှင်အိမ်တစ်ခုတွယ်ထားသလိုပဲ - အက်ကွဲကြောင်းတွေနဲ့ လုံးဝဖုံးနေခဲ့တယ်။
အင်းကွက်နီက ပြိုလဲသွားတယ်။ အနီရောင်အလင်းတန်းတွေ စူးခနဲဖြစ်သွားပြီး သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်မရခဲ့တဲ့လူတွေမြေကြီးပေါ် လဲကျကုန်တယ်။ ကျယ်လောင်တဲ့မြည်သံကြီးထွက်လာပြီး အလင်းတန်းနီကြီးလည်း ပျောက်သွားခဲ့တယ်။ ကျန်ခဲ့တာက လေထဲက အနီရောင် မီးပွားလေးတွေပဲ။
"သူ့အရည်အသွေးက အဲလောက်မကောင်းဘူးပဲ" ရှန်းရင် ခေါင်းခါလိုက်တယ်။
အားလုံး ။ ။ "..."
"ဟင့်အင်း" ရှင်းဟန် အလင်းတိုင်ကြီးရှိခဲ့တဲ့နေရာကို ကြည့်ပြီး ပြိုလဲတော့မဲ့ပုံစံနဲ့။
"ကောင်းကင်ထောက်တိုင်... ဘုံတံခါး"
မဖြစ်နိုင်တာ သူ့အစီအစဉ်ကို အောင်မြင်ဖို့ အရမ်းကိုနီးကပ်နေခဲ့ပြီကို - နည်းနည်းလေးသာ ဆက်သွားလိုက်ရင် သူ ကောင်းကင်မျိုးနွယ်ဖြစ်လာတော့မှာလေ။
"ဆရာ အဆင်ပြေရဲ့လား" အင်းကွက်ပျောက်သွားတာနဲ့ ယိချင်းက စင်ပေါ် အရင်ဆုံးပျံသန်းလာတယ်။ သူ ဆင်းဆင်းချင်း အက်ကွဲကြောင်းတွေကို လေ့လာပြီး ရှန်းရင်ကို သူ့ဓားပျံပေါ် ဆွဲတင်လိုက်တယ်။
"အင်း" ရှန်းရင်ပြန်ဖြေပြီး လက်ကိုဖုန်ခါလိုက်တယ်။
ပြောင်ထင်လည်း မုန်လာဥအုပ်ကြီးကို သယ်ပြီး စင်ပေါ်ပျံသန်းလာခဲ့တယ်။
"မင်း ဘာလို့ အဲလောက်တောင် ကြာနေရတာလဲ"
ကူယွဲ့က ယိချင်းဓားပေါ် သူ့ဘာသာတက်ပြီး ရှန်းရင်ကို ဒေါသတကြီး ကြည့်လိုက်တယ်။ တစ်မိနစ်နှစ်မိနစ်အတွင်း ကိစ္စတွေ ဖြေရှင်းတာကို ကျင့်သားရနေတာ မဟုတ်ဘူးလား။ ဒီတစ်ကြိမ် ငါးမိနစ်တောင် ကြာတယ်။
"မင်း ဒီကောင်းကင်အင်းကွက်ကို ဖျက်ဆီးရဲတယ်ပေါ့" ရှင်းဟန်မျက်လုံးတွေက ဒေါသနဲ့ နီရဲနေတယ်။ သူက ရှန်းရင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း စိတ်ဖောက်ပြန်နေတဲ့ပုံ။
"မင်း သေသင့် - ဖွီ..."
သူ့ခြိမ်းခြောက်မှုတောင်မပြီးသေး ရင်ဘတ်မှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ သူ သွေးအန်တော့တယ်။ ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်မှာ လက်သီးတစ်ခု ပေါက်ထွက်နေတာ မြင်လိုက်ရတယ်။ အဲလက်သီးက ကျီချန်ဟာပဲ။
"အာ" ဟွေ့လင်ပါ လက်သီးချက်ကြောင့် ကြောက်လန့်တကြား ထအော်တော့တယ်။ သူမမျက်နှာကနေ အရောင်အသွေးတွေ ကျဆင်းသွားပေမဲ့ ရှင်းဟန်ကို သွားမကူဘူး။
"မင်း..."
"လိမ္မာတဲ့တပည့်လေး၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ တကယ်ပဲကောင်းကင်ထောက်တိုင်ဆိုပေမဲ့ ကောင်းကင်ဘုံတံခါးကို ဖွင့်လို့မရဘူးဆိုတာ ပြောဖို့မေ့သွားတယ်" ကျီချန်က ရှန်းဟန်ရဲ့သွေး ပျက်နေတဲ့အမူအရာကို ကြည့်ပြီး စပ်ဖြီးဖြီးလုပ်တယ်။
"ဧကရာဇ်တက်လှမ်းမှာစင်မြင့်မှာ အင်းကွက်လုံးဝမရှိခဲ့တာမို့ပဲ - ဒါက တကယ်တော့ စည်းချိပ်တစ်ခုပဲ"
ကျီချန်က လက်သီးပြန်ရုတ်ပြီး ရှင်းဟန်ရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ ကျီချန့်ကိုယ်ကို ဝိုင်းထားတဲ့ မသေမျိုးချီက ချက်ချင်း အမည်းရောင်နတ်ဆိုးချီအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
"ခင်ဗျားက..." ရှင်းဟန် အသက်မထွက်ခင် နောက်ဆုံးစကားလုံးနှစ်လုံးပဲ။ သူက မြေကြီးပေါ်လဲကျပြီး သူ့အသက်မဲ့တဲ့မျက်နှာပေါ် ထိတ်လန့်တဲ့အကြည့်နဲ့။
"အဲဒါ... နတ်ဆိုးချီပဲ" ပြောင်ထင်က ရုတ်တရက်ပြောင်းလဲသွားတဲ့လူကိုကြည့်ပြီး အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ကျီချန်က နတ်ဆိုးတဲ့။ ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
"ခင်ဗျားက ကောင်းကင်မိစ္ဆာပဲ" လန်ဟွားမျက်လုံးပြူးသွားတယ်။ ကောင်းကင်မိစ္ဆာတွေပဲ သူတို့နတ်ဆိုးချီကို မသေမျိုးချီအဖြစ် အယောင်ဆောင်နိုင်တာ။
ကျီချန့်ကိုယ်ပတ်လည်မှာ နတ်ဆိုးချီတွေ ပေါက်ကွဲလာပြီး သူတို့အုပ်စုဆီ လှည့်ပြောတယ်။
"ငါစည်းချိပ်ကို ဖောက်လို့ရအောင် ငါ့အတွက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဖျက်ဆီးပေးလို့ မင်းတို့ကို ကျေးဇူးတင်ရမယ်"
သူက လက်ဖဝါးမြှောက်ပြီး သူ့ခြေထောက်အောက်က စင်မြင့်ပေါ် ရိုက်ချကာ လေထဲက နောက်ဆုံးလက်ကျန် အနီတန်းလင်းကြီးကို ငြှိမ်းသတ်လိုက်တယ်။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က အခုမုန့်မုန့်ညက်ညက် ကြေသွားခဲ့တယ်။ နောက်အခိုက်အတန့်မှာ နတ်ဆိုးချီပမာဏအများကြီးက လေထဲ တလိပ်လိပ်တက်လာတော့တယ်။
စက္ကန့်ပိုင်းအတွင်း ကောင်းကင်အလွန်မှကောင်းကင်များတစ်ခုလုံး နတ်ဆိုးချီတွေ ပြည့်ကုန်တယ်။ အရာအားလုံးဟာပိုပြီးမှောင်မှိုင်းလာလေရဲ့။
"ငါတို့အခုသွားရမယ်" လန်ဟွားက အော်လိုက်တယ်။ သူ သူတို့ခန္ဓာကိုယ်တွေကို ရှာတွေ့သွားပြီဖြစ်တဲ့ လူအုပ်ကြီးကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကနေ ဦးဆောင်ခေါ်ထုတ်ခဲ့တယ်။
ဒါပေမဲ့နတ်ဆိုးချီက သူတို့ထက် လှုပ်ရှားတာ မြန်ချက်ပဲ။ မုန်လာဥဖြူတွေက သူတို့ပတ်လည်က နတ်ဆိုးချီကို ဝေ့ဝဲကြည့်လိုက်တယ်။ အရမ်းကိုများလွန်းနေတာ သူတို့ တစ်နေရာတည်းမှာ ဒီလောက်များတဲ့ နတ်ဆိုးချီတွေကိုမမြင်ဖူးဘူး။ သူတို့ နတ်ဆိုးဘုံထဲရောက်နေသလိုပဲ။ ဘေးပတ်လည်က အရာအားလုံးက မှောင်မည်းနေပြီး သူတို့နားထဲ ကျီချန်ရဲ့အရူးလို ရယ်သံပါ ကြားနေရတယ်။
"ဟားဟားဟား... ငါ နှစ်သောင်းချီစောင့်ခဲ့ရတာ၊ နောက်ဆုံးတော့ စည်းကိုချိုးဖောက်နိုင်ခဲ့ပြီ" သူက အော်တယ်။
"အဲဒါဘာကြီးလဲ" တစ်ယောက်က အလန့်တကြား ထပြောတယ်။
သူတို့ နောက်လှည့်ကြည့်လိုက်တော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်နေရာမှာ နတ်ဆိုးချီတွေအများကြီး ပုံစံဖွဲ့ပြီး ကောင်းကင်ထိတောင် ရောက်နေပြီ။ ကြည့်ရတာ တစ်စုံတစ်ရာပုံစံဖွဲ့စည်းတော့မလို့ပုံပဲ။ နောက်တစ်စက္ကန့်မှာ ကောင်းကင်နဲ့ မြေကြီးကို ဆက်တော့မဲ့ပုံနဲ့ ကြီးမားတဲ့တစ်စုံတစ်ရာပေါ်လာတယ်။ ကြည့်ရတာ... အတော်လေး ရင်းနှီးနေသလိုပဲ။
ကူယွဲ့ရင်အရမ်းထိတ်ပြီး နှလုံးက လည်ပင်းထိ မြင့်တက်လာသလိုမျိုးဖြစ်သွားခဲ့ပေမဲ့ ချက်ချင်းပဲ ပြန်ကိသွားခဲ့တယ်။ သူ နှုတ်ခမ်းသပ်ပြီး ဘေးကလူကို တံတောင်နဲ့တွတ်လိုက်တယ်။
"ယိချင်း ငါမြင်ယောင်နေတာ မဟုတ်ဘူးမလား၊ အဲဒါက-"
"ဟုတ်တယ်၊ အဲဒါပဲ"
"ငါ ရုတ်တရက်ကြီး အိမ်ပြန်ပြီး ထမင်းစားချင်လာပြီ"
"..."
ကျန်တဲ့သူတွေက နတ်ဆိုးချီ အစိုင်အခဲဖြစ်သွားချိန်မှ ဘာလဲဆိုတာ နားလည်သွားကြတယ်။
"ဒါတံခါးလား"
"နတ်ဆိုးဘုံတံခါးပဲ နတ်ဆိုးဘုံတံခါးပဲ"
"ဒီတော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့် ချိပ်ပိတ်ထားတာက ဒါပေါ့..."
"သူက ကောင်းကင်မျိုးနွယ်ဖြစ်လာဖို့ ငါတို့ကို ဒီမှာ ချုပ်လှောင်ခဲ့တာ မဟုတ်ဘဲ နတ်ဆိုးဘုံတံခါးကို ဖွင့်ဖို့ပေါ့"
မုန်လာဥဖြူတွေအားလုံး ဘာဖြစ်နေလဲ နားလည်ချိန် ဖြူဖျော့ကုန်ကြတယ်။
"ဟားဟားဟား..." ကျီချန်က နောက်တစ်ကြိမ် ရယ်ပြန်တယ်။
"စည်းတံဆိပ်ပေါက်သွားပြီ၊ အခု နတ်ဆိုးဘုံက သုံးလောကနဲ့ ပေါင်းစပ်ဖို့ အချိန်ရောက်ပြီ"
ဝုန်းခနဲ အသံကျယ်ကြီးထွက်လာကာ အမည်းရောင်တံခါးချပ်ကြီး၂ခုပေါ်လာပြီး ဖြည်းဖြည်းချင်း ပွင့်လာလေတယ်။ နတ်ဆိုးချီတွေ ဒီတံခါးတွေကနေ ထပ်လွတ်လာပြီး သူတို့ပတ်လည်ကလေထဲ ပြည့်နှက်ကုန်တယ်။ ငရဲကအသံတစ်သံ ထွက်လာပြီး ကောင်းကင်အလွန်မှကောင်းကင်တစ်ခုအားလုံး ပဲ့တင်ထပ်ကုန်တယ်။
"ဘယ်သူက တံခါးကို ဆင့်ခေါ်တာလဲ"
ကျီချန် သူ့စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင်တော့။ သူက တစ်ဝက်ပွင့်နေတဲ့ တံခါးတွေရှေ့ ဒူးထောက်ချလိုက်တယ်။
"ကြိုဆိုပါတယ်၊ အရှင်မင်းကြီး"
"ဖြစ်နိုင်တာက..." ကြည့်နေသူတွေရဲ့ မျက်နှာတွေက အရောင်အားလုံးဖြူဖျော့ကုန်တယ်။ သူတို့ခန့်မှန်းချက်ကို အသံထွက်ပြီးတောင် မပြောရဲ။
တံခါးက ဆက်ပွင့်လာပြီး လူ၂ယောက် ဆန့်တဲ့ အကျယ်လောက်ဖြစ်လာတယ်။ မည်းနက်ကြီးမားတဲ့ သဏ္ဌာန်တစ်ခုက အဲနောက်ကနေ ပေါ်လာလေရဲ့။ ဘယ်သူမှ သူ့ကို မသိကြပေမဲ့ အဲသဏ္ဌာန်ဆီကနေ အရိုးစိမ့်စရာ အရှိန်အဝါ ခံစားနေရတယ်။ သူတို့ရဲ့ မူလဝိညာဉ်တွေကို တောင့်ခဲစေလို့ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့တောင် မလှုပ်နိုင်ဘူး။ တကယ်လို့ သူတို့ရဲ့ မြင့်မားတဲ့ ကျင်ါကြံဆင့်ကြောင့်သာ မဟုတ်ရင် သူတို့ အကြီးအကျယ် ဒဏ်ရာရနေလောက်ပြီ။
အဲသဏ္ဌာန်က ရှန်းရင်ဆီ အကြည့် မရောက်ခင်ထိပေါ့...။
"ဟေး ငမည်းလေး" သူမ လက်ယမ်းပြလိုက်တယ်။
အထဲက သဏ္ဌာန်က တန့်သွားပြီး နတ်ဆိုးချီက တလိမ့်လိမ့် ကြွနေတာ ရပ်သွားတယ်။
လူတိုင်း ၂စက္ကန့်အပြည့် တိတ်ဆိတ်ကုန်တယ်။
နောက်အခိုက်အတန့်မှာတော့ နောက်ထပ်ဝုန်းခနဲအသံကြီး ပေါ်လာတယ်။ တစ်ဝက်ကျော်ကျော် ပွင့်နေပြီဖြစ်တဲ့ နတ်ဆိုးတံခါးတွေဟာ နောက်တစ်ကြိမ် ချိပ်ပိတ်သွားပြန်ခဲ့လေပြီ။
ရှန်းရင် ။ ။ "..."
ကျီချန် ။ ။ "..."
ဘာဖြစ်နေလဲ နားမလည်သော မုန်လာဥဖြူတစ်သိုက် ။ ။ "..."
ဘာ... တွေဖြစ်နေတာလဲ။
Σ(°△°|||)
ဝူတိဂိုဏ်းက လူသုံးယောက်နဲ့ ချန်ကော ။ ။ အာ၊ ညစာပြန်စားဖို့အချိန်ကျပြီပဲ။