← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

220

အခန်း ၂၂၀ ။ အဇဋာဧကရာဇ်ရွေးချယ်ခြင်း

နတ်ဆိုးဘုံက အခုအမတဘုံနဲ့ ပေါင်းစပ်သွားပြီမို့ အမတဘုံမှာ သွေးပျက်ကုန်ကြတယ်။ နတ်ဆိုးတွေက အမြဲတမ်း အမတဘုံတည်ရှိမှုရဲ့ ပြဿနာတွေဖြစ်ခဲ့တာ။ သူတို့က မဟာရန်ဘက်တွေလို့ပြောနိုင်တယ်။

အဲနေ့ တုန်ခါမှုပြီးသွားတာနဲ့ အနီးဝန်းကျင်က အမတတွေက ဘာဖြစ်တာလဲ လာစူးစမ်းကြတယ်။ ဖြစ်နိုင်တာက ငမည်းလေးက သူ့နတ်ဆိုးတွေကို စည်းကမ်းတင်းကြပ်ထားလို့ထင် နတ်ဆိုးဘုံကနေ လှုပ်ရှားမှု မရှိဘူး။ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်နတ်ဆိုးမှ လာမစူးစမ်းကြ။ အဲဒါကြောင့် ဘာတိုက်ခိုက်မှုမှ မဖြစ်ပွားသေးတာပဲ။

ဒါပေမဲ့ ဘာဖြစ်နေလဲသိသွားတဲ့ အမ‌တတွေ‌ကတော့ တုန်လှုပ်နေပြီ။ ဒါက နတ်ဆိုးဘုံတံခါး ပေါ်လာရုံ မဟုတ်တော့ဘူး။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး သူတို့တံခါးဝဆီ ပြောင်းရွှေ့လာတာပဲ။

နတ်‌ဆိုးတွေက အမြဲကြမ်းကြုတ်ရက်စက်တာ။ နတ်ဆိုးဘုံထဲ ပိုပြီးတောင် ကြမ်းကြုတ်ရက်စက်တဲ့ ကောင်းကင်မိစ္ဆာဆယ်ယောက်ရှိတယ်။ ကောင်းကင်မိစ္ဆာတွေက အဇဋာဧကရာဇ်တွေနဲ့ အဆင့်တူတူပဲ။ အခု အမတဘုံက အဇဋာဧကရာဇ်၂ယောက် လျော့နေပြီး နတ်ဆိုးဘုံမှာက သူတို့အားလုံးထက် သန်မာတဲ့ နတ်ဆိုးဘုရင်ရှိတယ်။ တကယ်လို့ တိုက်ပွဲသာတကယ်ဖြစ်ပွားရင် အမတဘုံတစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေတော့မှာပဲ။

ရုတ်တရက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပတ်လည်က အမတတွေအားလုံး အဝေးကို ရွှေ့သွားခဲ့ကြတယ်။ တိုက်အသီးသီးက အမတတွေ သွေးပျက်နေပြီး နတ်ဆိုးတွေနဲ့ အမတတွေကြားက တိုက်ပွဲကြီးရဲ့အစကို ကြိုတင်မျှော်မှန်းနေကြတယ်။ ကောင်းကင်အလွန်မှကောင်းကင်များက အဇဋာဧကရာဇ်တွေပဲ အတော်လေးတည်ငြိမ်နေတာ။

နတ်ဆိုးဘုရင်နဲ့ ပတ်သက်ပြီး ဘာရေးကြီးခွင်ကျယ်လုပ်ရမှာလဲ - ငါတို့မှာ ကြီးမြတ်တဲ့နတ်ဒေဝါ ရှိနေတာပဲ

(づ̄3 ̄)づ╭~

အဇဋာဧကရာဇ်တွေ သတင်းရရချင်း သူတို့တွေးမိတာက ရှန်းရင်ကိုပဲ။

ဒါကြောင့် သူတို့ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ အားထုတ်နေကြတဲ့ မုန်လာဥဖြူတွေ ဝူတိဂိုဏ်းမှာ စုဝေးကြတော့တယ်။

တောင်ခြေမှာ မုန်လာဥဖြူတစ်တန်း... ခဏ သူတို့က အဇဋာဧကရာဇ်တွေပဲ။ ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။

သေစမ်း၊ ဒီကပ်ပါးရပ်ပါးတစ်သိုက်ကတော့ - သူတို့ မတော်ကြသေးဘူးလား။ သူတို့ အရင်တစ်ခေါက် ဒီမှာနေတုန်းက စရိတ်တွေတောင် မပေးကြသေးဘူး သူတို့အပြင် - အခု ပိုင်ထီပါ ဒီကိုရောက်နေပြီ။ ဒါကြောင့်... ကူယွဲ့ သူ့အပေါ် သူတို့အကြွေးထဲ နောက်ထပ် စုတ်ချက်တစ်ခု ထပ်ပေါင်းလိုက်တယ်။

ရှန်းရင်လည်း မုန်လာဥတွေကို စိတ်ထဲမထားနိုင်ဘူး။ သူမက ငမည်းလေးကို သူမဆီလာခဲ့‌ဖို့ ခေါ်လိုက်တယ်။ သူတို့ကိစ္စ သူတို့ဘာသာ ထားခဲ့တော့မယ် - ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထဲက ဘယ်သူမှ သူမတစ်ခုခုစားဖို့အတွက် စိတ်ထဲထည့်ပြီး မယူလာပေးဘူးလေ။

သူမ နတ်ဆိုးဖြစ်တဲ့လန်ဟွားက သူတို့ ခြောက်လှန့်ဖို့ရှိ နေလို့လား ဒါမှမဟုတ် နတ်ဆိုးဘုရင်ရဲ့ ကြောက်မက်စရာ ပြောဆိုပြုမူပုံက သူတို့ခေါင်းထဲ အတော်လေး စွဲထင်ကျန်ရစ်ခဲ့လို့လားတော့ မပြောနိုင်ဘူး။ နှစ်ဖက်လုံးက အခင်အမင်မပျက် အင်မတန်ချောမွေ့စွာပဲ ညှိနှိုင်းခဲ့ကြတယ်။ အဇဋာဧကရာဇ်တွေက နတ်ဆိုးဘုရင်ကို ရွံရှာမှုမပြသလို ပြဿနာရှာဖို့တောင် မကြိုးစားဘူး။

လူတိုင်း ဒါက ဘုံနှစ်ခုရဲ့နဂိုအခြေအနေတွေနဲ့ အရမ်းကိုကွဲပြားတယ်ဆိုတာ အတော်လေး နားလည်ကြတယ်။ ကောင်းကင်ထောက်တိုင်က ကြားမှာ ထိန်းထားပေးတဲ့အချိန်တုန်းကတော့ ဘုံနှစ်ခုက မထပ်ခဲ့ကြဘူး။ အဲဒါကြောင့် သူတို့အမှီအခိုကင်းမဲ့တဲ့ဘဝတွေနဲ့ ဆက်နေထိုင်နိုင်ခဲ့တဲ့ပုံစံပဲ။ အခု အမတဘုံနဲ့ နတ်ဆိုးဘုံက အတူတူ ပေါင်းစပ်သွားပြီဆိုတော့ သူတို့ ကိစ္စရပ်တွေကို သီးခြားစီ ဆက်ကိုင်တွယ်လို့မရတော့ဘူး။ တကယ်လို့ တစ်ဘုံဘုံသာ ပျက်စီးသွားခဲ့ရင် တခြားတစ်ခုလည်း သက်ရောက်မှု ရှိလိမ့်မယ်။

အမတဘုံကအခု နတ်ဆိုးဘုံနဲ့ နယ်ပယ်တူနေပြီ။ အဲဒါက ရှောင်လွှဲမရတဲ့အချက်ဖြစ်ပြီး သူတို့ ပြောင်းလဲနိုင်တာ ဘာမှမရှိဘူး။ သူတို့လုပ်လို့ရတာက... လက်ခံရင်ဆိုင်လိုက်ရုံပဲ

ဘုံနှစ်ခုက ပေါင်းစပ်သွားပေမဲ့ သူတို့မှာ နယ်နိမိတ်တွေတော့ရှိသေးတယ်။ သူတို့ တစ်ယောက်လမ်းကနေ တစ်ယောက် သတိကြီးကြီးနဲ့ခပ်ခွာခွာနေသရွေ့ ပြဿနာ ကြီးကြီးမားမား ရှိမှာမဟုတ်ဘူး။ ဘုံနှစ်ခုကြားမှာ သေချာပေါက် ပဋိပက္ခတချို့တော့ရှိမှာပဲ။ အဲဒါကြောင့် သူတို့ စည်းမျဉ်းစည်းကမ်းတချို့တော့ ချမှတ်ရမှာ။

အဇဋာဧကရာဇ်တွေက နတ်ဆိုးဘုရင်နဲ့ ရက်ပိုင်း ကြာအောင် ဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံးတော့ နှစ်ဘုံကြားက ဘယ်ဆက်ဆံရေးကိုမဆို အုပ်ထိန်းမဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေကို သတ်မှတ်နိုင်ခဲ့တယ်။ ယေဘုယျအကြံကတော့ ဘုံတွေကြားက သီးသန့်နေမှုကို ဆက်ထိန်းသိမ်းဖို့ - အပြန်အလှန်ဆက်ဆံရေးကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းစေမယ်။ တစ်နည်းပြောရရင်တော့ သူတို့ဘုံဘက်ခြမ်းမှာနေသရွေ့ လုပ်ချင်တာဘာမဆိုလုပ်နိုင်တယ်။

နှစ်ဖက်စလုံး ထင်မြင်ချက်မရှိ။ သူတို့ပိုအသေးစိတ်ကျတဲ့အချက်တွေကို ဆွေးနွေးပြီး တွေ့ဆုံမှုကို ရပ်နားလိုက်ကြတယ်။ နတ်ဆိုးဘုရင်က ရှန်းရင်ကို အသိပေးပြီးတဲ့နောက် သူ့ဘုံဘက်အခြမ်းဆီ မြန်မြန် ပြန်ပြေးသွားလေရဲ့။ အဇဋာဧကရာဇ်ရှစ်ပါး - အရှက်လုံးဝမရှိသူတွေ - ကတော့ ဝူတိဂိုဏ်းမှာ ဆက်နေရစ်တယ်။

"ဘာ" ရှန်းရင် တန့်သွားတယ်။

"ပေါ်ပင်လယ်နဲ့ ယီရွှေ့... ဘာ"

"ကြီးမြတ်တဲ့နတ်ဒေဝါ..." ချူရွှမ်က စိတ်လှုပ်ရှားစွာနဲ့ ရယ်ပြီး ရှေ့တက်လာတယ်။

"ကျီချန်က နတ်ဆိုးလေ၊ ရှင်းဟန်ကလည်း သေပြီ၊ အခု ပေါ်ပင်လယ်နဲ့ယီရွှေ့ နှစ်နေရာလုံးမှာ သူတို့ကို အုပ်ချုပ်မဲ့ ဧကရာဇ်တွေမရှိကြဘူး၊ ကျုပ်တို့ တစ်ယောက်ယောက်ကို တွန်းတင်ပေးရမယ်လေ"

"အဲတော့..."

"ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ ကျင့်ကြံဆင့်နဲ့ဆို နယ်နိမိတ်နှစ်ခုလုံးကို အုပ်ချုပ်ဖို့ အကောင်းဆုံးလူဆိုတာ အသိသာကြီးပဲ၊ ပြီးတော့ ပေါ်ပင်လယ်နဲ့ ယီရွှေ့က ဆက်စပ်နေတာ၊ ဖြစ်ချင်တော့..."

"ဖြစ်ချင်တော့ သူတို့က နတ်ဆိုးဘုံနဲ့လည်း ဆက်စပ်နေတယ်ပေါ့" ရှန်းရင်က သူ့စကားကို အဆုံးသတ်လိုက်တယ်။

ချူရွှမ် ။ ။ "..."

အဇဋာဧကရာဇျ ။ ။ "..."

သူ အဲလောက်တောင် ပွင့်လင်းမှဖြစ်မှာလား။ သူတို့ အခုဘယ်လိုမျိုး စကားဆက်ပြောရတော့မှာလဲ။

(+_+)~

"ဂိုဏ်းချုပ်ရှန်း..." နောက်ဆုံးတော့ ချန်ကောက အရင် စကားစပြောလာတယ်။

"ကျုပ်တို့ နတ်ဆိုးတွေကို ခြောက်လှန့်ဖို့အတွက် ခင်ဗျားကို ပို့ဖို့ တကယ်ပဲ စဉ်းစားမိခဲ့ပါတယ်၊ ဒါပေမဲ့ ပေါ်ပင်လယ်နဲ့ယီရွှေ့က ဧကရာဇ်မရှိဘဲ တကယ်ဆက်သွားလို့ မဖြစ်ပါဘူး၊ မဟုတ်ရင် အဲမှာ ပြဿနာ စတက်ပါလိမ့်မယ်၊ အဲဒီနယ်နိမိတ်တွေက နတ်ဆိုးဘုံနဲ့လည်း နီးတာမို့ နတ်ဆိုးတွေက သူတို့ကို ကျူးကျော်ဖို့ မကြိုးစားဘူးလို့ တရားသေကြီး မှတ်ယူထားလို့မရဘူးလေ"

"အမှန်ပါပဲ၊ ကြီးမြတ်တဲ့နတ်သမီး" ချူရွှမ်က အသည်းအသန် ခေါင်းညိတ်တယ်။

"ဒီနေ့အထိ အမတဘုံမှာ အဇဋာဧကရာဇ်ဖြစ်တဲ့ အမတအသစ် မရှိပါဘူး၊ ကျုပ်တို့မှာ တခြားဖြေရှင်းနည်း မရှိတော့တာကြောင့် - "

"ငါမသွားဘူး" ရှန်းရင် သူမကုလားထိုင်ပေါ် ထိုင်ချလိုက်တယ်။ ကမ်းလှမ်းချက်ကို ငြင်းတယ် အရာရှိဖြစ်ရတာ အလုပ်ရှုပ်လွန်းတယ်ဟ။ ဂိုဏ်းချုပ်အနေနဲ့တောင် မုန်လာဥဖြူတွေကို နေ့တိုင်း ရေလောင်းဖို့ ကူယွဲ့ဖိအားပေးတာ ခံနေရပြီ။ အဇဋာဧကရာဇ်ဖြစ်လာဖို့သာ သဘောတူလိုက်ရင် သူ ထမင်းစားဖို့တောင် အချိန်ရှိပါဦးမလား။ မဖြစ်ဘူး။

"အာ" ချူရွှမ်က သူမကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ..."

"ထားလိုက်တော့ - သူက မင်းတို့နဲ့ သွားမှာမဟုတ်ဘူး" ကူယွဲ့ သမ်းဝေနေတဲ့ အစားသရဲကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ အဇဋာဧကရာဇ်ဆိုတာဘာလဲ။ အဆုံးကျ သူမတာဝန်တွေအားလုံးကို သူ့ဆီပဲ ပုတ်ထုတ်မှာ။

"ဝူတိဂိုဏ်းက ဒီတပည့်တွေအားလုံး ပြည့်စုံနေပါပြီ၊ တကယ်လို့ တစ်ယောက်ယောက်ကို တကယ်ပဲ ရှာမတွေ့ရင် ကျုပ် ထောက်ခံချက်ပေးရင်ရော"

"ဘယ်သူများလဲ"

"သေချာပေါက် ရွှင်ရှူးပေါ့" သူ အတုံ့အဆိုင်းမရှိ နောက်တစ်ကြိမ် ရောင်းစားလိုက်တယ်။

"လွန်ခဲ့တဲ့တ‌စ်လောကတင် သူ အမတဧကရာဇ် ဖြစ်လာတယ်မဟုတ်လား၊ သူက ဓားကျင့်ကြံသူလည်း ဖြစ်တယ်လေ - အဇဋာဧကရာဇ်ဖြစ်ဖို့ လုံလုံလောက်လောက် အရည်အချင်းရှိမှာပါ မဟုတ်လား"

သူတို့အားလုံးက တစ်ခဏစဉ်းစားနေကြတယ်။ အဲဒါအမှန်ပဲ။ အမတဧကရာဇ်တွေက အဇဋာဧကရာဇ်တွေထက် ကျင့်ကြံဆင့်တစ်ဆင့်နိမ့်တယ်ဆိုပေမဲ့ ဓားကျင့်ကြံသူ‌တွေက သာမန်အမတတွေထက် ပိုသန်မာတယ်ဆိုတာတကယ်ပဲ။ သူ့ကိုသာ အဇဋာဧကရာဇ်ခန့်အပ်လိုက်ရင် လူအုပ်ကြီးကို ကိုင်တွယ်နိုင်မှာ အမှန်ပဲ။

"ဒါပေမဲ့ တကယ်လို့ ရွှင်ရှူး အဇဋာဧကရာဇ်ဖြစ်လာနိုင်ရင်တောင် နယ်ပယ်တစ်ခုပဲ အုပ်ချုပ်နိုင်မှာလေ"

ပိုင်ထီက ပြောလာတယ်။ ရွှင်ရှူးက အမတဧကရာဇ်အဆင့်ပဲရှိသေးတာ။ တိုက်ကြီးတစ်ခုကို အုပ်ချုပ်နိုင်ပေမဲ့ ပေါ်ပင်လယ်ရောယီရွှေ့ကိုပါ အုပ်ချုပ်ခွင့်ပေးလိုက်ရင် လူထုက မပျော်မရွှင်ဖြစ်လိမ့်မယ်။

"တခြားတိုက်ကြီးကျ ဘယ်လိုလုပ်ကြမလဲ"

"ကျုပ်ကိုဘာလို့ကြည့်နေကျတာလဲ" ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။ သူ အဇဋာဧကရာဇ်တစ်ပါး ကူညီရှာပြီးပြီပဲ။ ဘာလို့ သူတို့တခြား‌တစ်ယောက် မစဉ်းစားနိုင်ရတာတုံး။

ဧကရာဇ်တွေ တိတ်ကုန်တယ်။ သူတို့ အကြံဉာဏ်တချို့ပေးမလို့ရှိသေး အပြင်မှာ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ စွမ်းအင်လှိုင်းတွေက ခန်းမတစ်လုံး ပြည့်သွားပြီး ကြည့်ရတာ တစ်ခုခု ဖွဲ့စည်းတော့မဲ့ပုံပဲ။

"ဒါက..."

သူတို့အားလုံး ခန်းမထဲကနေ ထိတ်လန့်တကြားထွက်လာကြပြီး အပြင်မှာ အတော်လေး မှောင်မည်းနေတာ သိလိုက်ရတယ်။

ကောင်းကင်တစ်ခွင်လုံး မှောင်မည်းနေပြီး ပတ်ဝန်းကျင်ကမသေမျိုးချီတွေက အနောက်ဆောင်ဆီ တလိမ့်လိမ့် တက်သွားတယ်။ ဖိအားက အဇဋာဧကရာဇ်တွေကိုပါ မသက်မသာဖြစ်စေလေရဲ့။

မသေမျိုးချီရဲ့ အလွှာတွေအလယ်မှာ၊ ယိချင်းက အဆာသွတ်မုန့်ပန်းကန် ကိုင်ထားတယ်။ တခြားလက်တစ်ဖက်ကတော့ ဒလိမ့်တုံးကိုင်ထားလေရဲ့။ သူ့မျက်နှာကအေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့။

"ယိချင်း၊ ဒါ မင်းရဲ့ ဝဋ်ကြွေးချေခြင်းပဲ" ကူယွဲ့က ဘာဖြစ်နေလဲ ချက်ချင်းနားလည်သွားတယ်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ယိချင်းက အုံ့မှိုင်းနေတဲ့ကောင်းကင်ကိုမော့ကြည့်ပြီး မှင်တက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း သူက အမတတွေရှေ့ပေါ်လာပြီး ရှန်းရင်ကို ပန်းကန်ပြားကမ်းပေးလိုက်တယ်။

"ဆရာ့ရဲ့ ဂန္ဓမာပန်းမုန့်တွေ"

"‌အိုး ကျေးဇူးပဲ" ရှန်းရင်က ပန်းကန်ပြားကို ယူလိုက်တယ်။

သူက ကူယွဲ့ဘက် လှည့်လိုက်တယ်။

"ဖေဖေနျို..."

"ငါသိတယ်" သူက ကူယွဲ့ကို ရှန်းရင်အတွက် ဟင်းချက်ပေးဖို့ပြောတော့မှာ။ သူ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းရတိုင်း တူညီတဲ့ညွှန်ကြား‌ချက်တွေပဲ ပေးတယ်။ နားပူနားဆာနိုင်လိုက်တာ ကူယွဲ့ သူ့ကို လက်ယမ်းပြလိုက်တယ်။

"မြန်မြန်၊ ဝဋ်ကြွေးချေမှုက စတော့မယ်" သူ အဝေးကိုမရွှေ့ရင် ဂိုဏ်းပါသက်ရောက်ခံရမှာ။

ယိချင်း ခေါင်းညိတ်ပြပြီး သူ့ဓားပျံပေါ်တက်ကာ အဝေးဆီပျံသန်းသွားတယ်။ သူ့လက်ထဲက မုန့်ဒလှိမ့်တုံးကို ချဖို့ပါ မေ့သွားသေး။

ငါးမိနစ် မကြာခင်မှာပဲ ယိချင်းရှိတဲ့နေရာမှာ မျက်စိကျိန်းစရာ မိုးကြိုးတွေပစ်တော့တယ်။ မြေကြီးက တုန်ယင်လာတယ်။

"ဧကရာဇ်ငယ်ယိချင်းက နောက်တစ်ကြိမ် တက်လှမ်းတော့မယ် ငါတို့ဂုဏ်ပြုသင့်တယ်"

ဧကရာဇ်တွေရဲ့ မျက်လုံးတွေက တောက်ပကုန်ပြီး အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်ကုန်ကြတယ်။

"ဧကရာဇ်ငယ်ယိချင်းကလည်း ဓားကျင့်ကြံသူမလား"

"..."

ကူယွဲ့ နှုတ်ခမ်းစေ့သွားတယ်။ သေစမ်း၊ သူတို့တွေ ဒီတာဝန်ဝတ္ထရားတွေကနေကို ထွက်ပြေးလို့မရဘူးပဲ။ သူသာ စောနကကြိုသိခဲ့ရင် ရွှင်ရှူးကို မထောက်ခံခဲ့ပါဘူး။

"ဧကရာဇ်ငယ်ကူယွဲ့၊ ကြည့်ရတာ ပေါ်ပင်လယ်ရဲ့ အနာဂတ်အဇဋာဧကရာဇ်က..."

ကူယွဲ့အမူအရာ မှောင်မည်းသွားတယ်။ သူ့ဝတ်ရုံထဲက ‌ကျောက်စိမ်းပုလွေကို ချက်ချင်းထုတ်ပြီး အင်မတန်လေးနက်စွာ ပြောတော့တယ်။

"ဧကရာဇ်တို့၊ မင်းတို့ကြည့်ရတာ ရွေးချယ်မှုလုပ်ပြီးပုံပဲ၊ ကျုပ်တို့ တခြားကိစ္စတွေ ပြောကြရအောင်၊ လွန်ခဲ့တဲ့နှစ်ကြိမ် ဒီမှာနေသွားတုန်းက ကျုပ်ရဲ့ဝူတိဂိုဏ်းပေါ် အကြွေးတင်နေတဲ့ နေထိုင်စားသောက်စရိတ်၊ ဝန်ဆောင်မှုကျသင့်ငွေနဲ့ တခြားအသုံးစရိတ်တွေလိုမျိုးပေါ့"

သူ့ကျောက်စိမ်းပုလွေကို ခါလိုက်တော့ ချက်ချင်း ကျောက်စိမ်းပေသီးတွက်ခုံအဖြစ် ပြောင်းသွားလေတယ်။

ငါ-ိုးတွေ၊ မင်းတို့တွေ ငါ့ကို ဒီလောက်တောင် ပြဿနာအများကြီး‌ပေးနေတာ၊ မင်းတို့

ပြန်ပေးဆပ်ရအောင် ငါမလုပ်ရင် ငါ့မျိုးရိုးနာမည်က နျိုမဟုတ်တော့ဘူး။

…

221

အခန်း ၂၂၁ ။ အဇဋာဧကရာဇ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း

ဒီတစ်ခေါက် ယိချင်းရဲ့ ဝဋ်ကြွေးချေမှုက ရုတ်တရက်ရောက်လာခဲ့တာ။ သူ့ဘာသာတောင် သတိမထားမိလိုက်ဘူး။ ဒီနှစ်ပိုင်းမှာ ကိစ္စတွေအများကြီး ဖြစ်ပွားခဲ့တယ် - ကောင်းကင်သန့်စင်နာရီကို ခွဲခဲ့မိတယ်၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ် တိုက်ခိုက်ခဲ့ပြီး ဂိုဏ်းတွေကြားက တိုက်ပွဲထဲမှာလည်း ဝင်ပါခဲ့တယ်။ တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့လို့ ကူယွဲ့တောင် သူ့ဘာသာ အမတဧကရာဇ်ဖြစ်လာဖို့ နီးစပ်လာပြီဆိုတာ ခံစားနိုင်တယ်။ ဒါကြောင့် cheat ဖြစ်တဲ့ ယိချင်း တက်လှမ်းဖို့ကြုံရတာ အံ့ဩစရာတော့ မဟုတ်သင့်ဘူး။

ဘာကြောင့်မှန်းမသိ ယိချင်းရဲ့ ဝဋ်ကြွေးချေခြင်းက အတော်လေးကို ကြာညောင်းနေခဲ့တယ်။ မိုးကြိုးတွေဆက်တိုက် ပစ်ပြီး တစ်ချက်ချင်းစီက ကမ္ဘာမြေကြီးကိုအက်ကွဲစေတော့မတတ်ပဲ။

ဝဋ်ကြွေးချေခြင်းက ပုံမှန်ဆို လေးငါးရက်ထက် ပိုမကြာပေမဲ့ ဒီတစ်ခေါက်ကတော့ လဝက်နီးပါး ကြာခဲ့တယ်။ ကူယွဲ့က ကောင်းကင်ယံက လျှပ်စီးလက်နေ‌တာတွေကို လှမ်းကြည့်ပြီး ရင်ထဲ မသိုးမသန့် ခံစားလိုက်ရတယ်။ မိုးကြိုးဝဋ်ကြွေးချေခြင်းအပြီးမှာ မျက်စိကျိန်းစရာ အလင်းတန်း၃၆ချက် လိုက်တယ်။ သူတို့က ရဲရဲတောက်အနီရောင်ဖြစ်ရမှာဆိုပေမဲ့ ဘာလို့ ခရမ်းရောင် သွေဖည်မီးလျှံမိုးကြိုးတွေ ဖြစ်နေလဲ နားမလည်နိုင်ဘူး။ သူတို့က ကောင်းကင်ယံတစ်ခုလုံးကို ထိန်လင်းစေတာ ခရမ်းရောင် ဖြစ်တဲ့အထိပဲ။ စုစုပေါင်း ၆ရက်၆ည ကြာသွားခဲ့တယ်။

ကူယွဲ့ ထိတ်လန့်သွားပြီး cheat ကို တိတ်တ်တ်လေးကြည့်နေမိတယ်။ ဒီဝဋ်ကြွေးချေမှုပြင်းအားအရ ယိချင်းက ခိုင်ခိုင်မာမာ ရပ်နေပြီး သူ့ကိုဘာပဲပစ်လာပစ်လာ ဒဏ်ရာမရတာ ထူးဆန်းဖို့ကောင်းတယ်။

တစ်လအကြာ။

ကောင်းကင်က ကြည်လင်ပြီး တိမ်တွေက ကင်းစင်သွားပြီ။ ယိချင်း ပြန်ရောက်လာတယ်။ သူ့ဓမ္မဝတ်ရုံမှာ အပေါက်တွေ၊ မီးကျွမ်းရာတွေရှိနေပြီး ဆံပင်က ပုံမှန်ထက်ရှုပ်ပွနေတယ်။ သူ့ကြည့်ရတာ ရှုပ်ပွနေပေမဲ့ ပုံမှန်ထက် အများကြီးပိုပျော်နေသလိုပဲ။ သူ့ကိုယ်ကို ဝိုင်းထားတဲ့ မသေမျိုးချီကလည်း အဆပေါင်းများစွာ ပိုပေါကြွယ်လာခဲ့တယ်။ ကူယွဲ့ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ဖိအားက သူ့အပေါ် ဖိနှိပ်နေသလိုမျိုး ခံစားလိုက်ရတယ်။

ခဏ။

အဇဋာဧကရာဇ်တစ်ယောက်ရဲ့ဖိအားလား။

ကူယွဲ့ ။ ။ "..." မေ-ိုး

"ရှန်းရင်"

"ဟမ်"

"ငါ မင်းနဲ့အခုပဲ ဘဝအကြောင်း စကားပြောကြမယ်၊ ခုချက်ချင်း ဒီအချိန်ပဲ"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

________

ယိချင်းက အောင်အောင်မြင်မြင် အဇဋာဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီး ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ် ဖြစ်လာခဲ့တယ်။ ဝူတိဂိုဏ်းရဲ့ စီမံခန့်ခွဲရေးနှင့်လူသားအရင်းအမြစ် ဒါရိုက်တာအနေနဲ့ ကူယွဲ့ တာဝန်ဝတ္တရားတွေအားလုံးကို တွန်းထုတ်နေတာ ရပ်လိုက်တော့တယ်။ ချက်ချင်းပဲ ကောင်းကင်အလွန်မှကောင်းကင်များဆီ တစ်ဂိုဏ်းလုံး ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားအဇဋာဧကရာဇ်တွေ အရင်က နားကြားလွဲတာလားလို့တောင် ထင်မိသွားစေခဲ့တယ်။

ကူယွဲ့က သူတို့အခြေအနေကို မျက်ဆန်လှန်လိုက်ပြီး ပေသီးတွက်ခုံကို ဆက်တွက်နေတယ်။ အဓိပ္ပာယ်မရှိလိုက်တာ - ဝူတိဂိုဏ်းရဲ့ ခန်းဆောင်တွေက အရင်တိုက်ပွဲကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားပြီ။ သူတို့ ရွေးစရာ မရှိတော့ဘဲ နေဖို့တခြားနေရာ ရှာရတော့တယ်။ အနောက်ဥယျာဉ်ထဲ တစ်ခုတည်းသော တန်ဖိုးရှိတဲ့ဆေးပင်တွေအများစုကလည်း လန်ဟွား ဖန်တီးခဲ့ရတဲ့ နတ်ဆိုးအင်းကွက်ကြောင့် သေကုန်ကြပြီ။

အဲဒါကြောင့် တပည့်တွေက သူတို့ပိုင်ဆိုင်မှုတွေအားလုံးကို ချက်ချင်းထုပ်ပိုးရတော့တာပေါ့။ သူတို့ အနောက်ဆောင်က အမတသွေးကြောကို ထုပ်ပိုးဖို့ပဲကျန်တော့တယ်။ ဝူတိဂိုဏ်းက ထုပ်ပိုးပြီး ပြောင်းရွှေ့တဲ့နေရာမှာ အရမ်းကို လျင်မြန်တဲ့ပုံပဲ။ သူတို့ရှိသမျှအားလုံးကို ထုပ်ပိုးပြီး နေရပ်အပြင်ထွက်ဖို့ နာရီဝက်ပဲ ကြာလိုက်တယ်။

အဆင်ပြေဖို့အတွက် ကူယွဲ့က လန်ဟွားကို ပေါ်ပင်လယ်ဆီ တန်းရောက်စေမဲ့ ခရီးသွားအစီအရင်တစ်ခု စီရင်ခွင့်ပြုလိုက်တယ်။ သူ အဲဒါကို လန်ဟွားရဲ့ နေထိုင်စားသောက်စရိတ်အနေနဲ့ သတ်မှတ်မှာ။

W( ̄_ ̄)W

မျက်စိတစ်မှိတ်အတွင်း တပည့်တွေအားလုံး ပေါ်ပင်လယ်ရဲ့ ကောင်းကင်နန်းတော်တံခါး‌ဝ ရှေ့ရောက်လာခဲ့တယ်။

အဇဋာဧကရာဇ်ကို ကြိုရမယ်လို့ စောနကမှ သတင်းလက်ခံရရှိတဲ့ အမတအ‌စောင့် ။ ။ "..."

"နှုတ်ဆက်... ဂါဝရပြုပါတယ် အဇဋာဧကရာဇ်" တံခါးစောင့်က ‌စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက် နောက်ဆုံးတော့ တုံ့ပြန်ပြီး လက်သီးဆုပ်ကာ ယိချင်းကိုဂါဝရပြုလိုက်တယ်။

"အင်း" အဇဋာဧကရာဇ်ဆိုတဲ့ ယိချင်းက ခေါင်းညိတ်လိုက်တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဟင်းချက်ဖို့ပဲ တာဝန်ရှိတာ။

တခြားတစ်ဖက်မှာတော့ ကူယွဲ့က ဟိုဟိုဒီဒီကြည့်ပြီးမျက်မှောင်ကြုတ်လိုက်တယ်။

"တခြားအမတအစောင့်တွေ ဘယ်မှာလဲ၊ ဒီကောင်းကင်နန်းတော်ထဲ ဘာလို့ မင်းတစ်ယောက်ပဲ ရှိနေရတာလဲ"

ယိချင်း ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းခဲ့တဲ့ လအတွင်း ကူယွဲ့ ပေါ်ပင်လယ်ထဲက ကောင်းကင်နန်းတော်မှာ ရှိတဲ့ အစောင့်တွေအကြောင်း လေ့လာမှုတချို့လုပ်ခဲ့တယ်။ သူ့လေ့လာချက်အရ နေ့တိုင်း ကောင်းကင်နန်းတော်ရဲ့ တံခါးတွေကို စောင့်ကြပ်နေတဲ့ စိတ်တန်ခိုးအမတ အနည်းဆုံး ခြောက်ယောက်ရှိသင့်တယ်။

ဧကရာဇ်တွေက သူတို့ သဘောတူညီချက် ရုပ်သိမ်းသွားမှာစိုးလို့ ယိချင်းက ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်အနေနဲ့ တာဝန်ယူမှာဖြစ်ကြောင်း ကြေညာပြီးပြီ။ လွန်ခဲ့တဲ့၁နာရီက ကူယွဲ့လည်း သူတို့လာတော့မယ်ဆိုတဲ့အကြောင်း စီမံရေးအမတအရာရှိကို အသိပေးထားတယ်။ တကယ်လို့ သူတို့စောရင်တောင် အစောင့်တစ်ယောက်ပဲ ကောင်းကင်တံခါးကို စောင့်ကြပ်နေတာတော့ မဖြစ်နိုင်ဘူး။

"အယ်..." တံခါးအစောင့်က ဖြူဖပ်ဖြူရော်ဖြစ်လာတယ်။ ထူးဆန်းတဲ့ခံစားချက်တစ်မျိုး မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့‌တယ်။ သူ့အသက်အတွက်သူ ဆင်ခြေမစဉ်းစားနိုင်တော့ဘူး။

ကူယွဲ့က အမူအရာပျက်ယွင်းပြီး သူ့ဧကရာဇ်ငယ်ဖိအားကို တိုးမြှင့်လိုက်တယ်။

"ကောင်းကင်နန်းတော်ကို စောင့်ကြပ်နေသင့်တဲ့ အမတအစောင့်တွေ ဘယ်မှာလဲ"

တံခါးအစောင့်က ပိုပြီးတောင် ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေလာပြီး စကားစပြောဖို့ လုပ်ပေမဲ့ ဖော်ရွေတဲ့အသံတစ်သံက သူ့နောက်ကနေ ထွက်လာတယ်။

"ပေါင်ဟွေ့ အဇဋာဧကရာဇ်အသစ်ကို ကြိုဆိုဖို့ ပျက်ကွက်မိပါတယ်၊ အဇဋာဧကရာဇ်ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

လူတစ်ယောက်က ရုတ်တရက်ပျံသန်းလာပြီး ကောင်းကင်တံခါးရှေ့ဆင်းသက်လာတယ်။ သူက အဆင့်မြင့်အမတဖြစ်ပြီး အမတအစောင့်ဝတ်စုံကို ဝတ်ထားကာ စပ်ဖြီးဖြီး။ သူက တောင်းပန်နေပေမဲ့ အားနာတဲ့လေသံ လုံးဝမပေါ်၊ သူက ယိချင်းကို မဆိုစလောက် ဂါဝရပြုပြီး ပိုပြီးတောင် စပ်ဖြီးဖြီး လုပ်လာတယ်။

"အဇဋာဧကရာဇ်က အနည်းဆုံး တစ်လကျော်ကြာမှ ရောက်လာမယ်ထင်နေတာ၊ ဒီကို ဒီလောက်အစောကြီး ရောက်လာမယ်မထင်ခဲ့ဘူး၊ ပေါင်ဟွေ့ လုံးဝမပြင်ဆင်ထားမိတာ တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

သူက အတင်းအကျပ် နွေးထွေးအောင် လုပ်နေတဲ့ပုံစံနဲ့ ရှေ့တက်လာပြီး ထပ်တလဲလဲ တောင်းပန်နေတယ်။ ဧည့်ခံသူအဖြစ် ပြုမူပြီး သူကပြောလာတယ်။

"အစေခံက အခု အဇဋာဧကရာဇ်ကို ကောင်းကင်နန်းတော်ဝန်းကျင် ခေါ်ဆောင်ပေးသွားပါ့မယ်"

အခု ကူယွဲ့အပြင် ယိချင်းပါ မျက်မှောင်ကြုတ်မိနေပြီ။ ဘာကြောင့်မှန်းမသိ ဒီအခြေအနေက ဘာလွဲနေလဲဆိုတာ သူတို့ထောက်မပြနိုင်ဘူးဖြစ်နေတယ်။

"မင်းက ကောင်းကင်နန်းတော်ရဲ့ စီမံရေးအမတအစောင့်လား"

"ဟုတ်ပါတယ်" အဲလူကတောက်ပစွာ ပြုံးတယ်။

"တခြားသူတွေရော ဘယ်မှာလဲ"

"အယ်..." ပေါင်ဟွေ့က ဘယ်ကစရမှန်းမသိလို့ နာကျင်နေတဲ့ အမူအရာနဲ့။ တစ်ခဏအကြာ သူက သက်ပြင်းချတယ်။

"ဟိုက် အသင်တို့မသိလို့ပါ၊ အခု နတ်ဆိုးဘုံပေါ်လာပြီး အနားအရမ်းကပ်လာတယ်လေ၊ ကျွန်တော်တို့က အဇဋာဧကရာဇ်ကျီချန်ကို ဆုံးရှုံးလိုက်ခါစ၊ အမတအစောင့်တွေအားလုံး သွေးပျက်ကုန်ကြတာ၊ သူတို့က သာမန်နေ့တွေဆို အမတနန်းတော်ထဲ မနေရဲကြတော့ဘူး၊ အဇဋာဧကရာဇ်အသစ်ကလည်း အစောကြီး ရောက်လာတယ်လေ၊ ကျွန်တော် ကျန်တဲ့လူတွေကို စုစည်းဖို့... အချိန်မရှိတော့တာပါ"

"အဲလိုလား" ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ နောက်တော့ သူ့အမူအရာက အေးစက်သွားတယ်။ ဒီအကြောင်းရင်းက အရမ်းကို... သင့်တော်လွန်းနေသလိုပဲ

ပေါင်ဟွေ့အပြုံးက ရွံ့တွံ့တွံ့ဖြစ်သွားပေမဲ့ ကူယွဲ့နဲ့ အကြည့်ချင်းမဆုံအောင် ရှောင်လေတယ်။ သူက သူတို့ရှေ့လျှောက်သွားပြီး ပြောတယ်။

"အဇဋာဧကရာဇ်အသစ်၊ ကျေးဇူးပြုပြီး ဒီလမ်းကြွပါ"

ကူယွဲ့ဆက်ပြီး ဖိမနေတော့ဘူး။ သူ ယိချင်းကို ခေါင်းညိတ်ပြပြီး ကျန်တဲ့အုပ်စုကို ကောင်းကင်နန်းတော်ထဲ ‌ဦး‌ဆောင်လာခဲ့တယ်။

သူတို့တွေ တစ်မိနစ်တောင်မပျံရသေး ပေါင်ဟွေ့က ရုတ်တရက်ရပ်ပြီး သူတို့ရှေ့က တိမ်တိုက်တွေထဲ ရပ်တည်နေတဲ့ အထင်ကြီးစရာ နန်းဆောင်တစ်ခုကို ညွှန်ပြတယ်။

"အဇဋာဧကရာဇ်အသစ်၊ ဒါက နန်းတော်ရဲ့ ပင်မအဆောင်ပါ၊ အဇဋာဧကရာဇ်ကျီချန်က သူ့အစည်းအဝေးတွေကို အမြဲအဲမှာကျင်းပတာပါ"

သူက စကားပြောပြီးတာနဲ့ သူတို့ထဲက တစ်ယောက်ယောက်တုံ့ပြန်မှာကို မစောင့်ဘဲ အနောက်က နောက်ခန်းမတစ်ဆောင်ဆီ ပျံသန်းသွားလေတယ်။ ကြည့်ရတာ သူတို့ကို နန်းဆောင်ခန်းမထဲခေါ်သွားဖို့ လုံးဝ ရည်ရွယ်ချက်မရှိတဲ့ပုံပဲ။ ဒါက သူ သူတို့ကို တခြားနန်းဆောင်တွေဆီ လိုက်ပြတော့လည်း အဲလိုပဲဆက်ဖြစ်နေတယ်။

"အဇဋာဧကရာဇ် ဒါက ဇီကွမ်းနန်းဆောင်ပါ၊ ပေါ်ပင်လယ်ရဲ့ ဧကရာဇ်အသီး‌သီးက ဒီကိုလာစုဝေးကြပါတယ်၊ ဒီနေ့ ဧကရာဇ်တွေက မလာနိုင်တာ နှမျောစရာပါပဲ၊ ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့ အဇဋာဧကရာဇ်"

"အဇဋာဧကရာဇ်၊ ဒါက ယွီရှန်းရုံးတော်ပါ၊ ဒါက ကျွန်တော်တို့ အမတဆေးပင်တွေ စိုက်တဲ့နေရာပါ၊ ဒီရုံးတော်ကို စောင့်ရှောက်တဲ့ အမတအစောင့်တွေက ဒီနေ့ ဒီနေရာမှာမရှိတာမို့ ကျွန်တော်တို့ လောလောဆယ် ဝင်သွားလို့မရပါဘူး၊ အဇဋာဧကရာဇ် အနာဂတ်မှာ အားတဲ့အချိန်ကျ ဒီကိုထပ်လာလို့ရပါတယ်"

"အဇဋာဧကရာဇ် ဒါက..."

ပေါင်ဟွေ့က သူတို့အုပ်စုကို နေရာ‌တစ်ဝိုက် အပြည့်လိုက်ပြပြီး တစ်ခန်းစီကို အကျဉ်းချုပ် မိတ်ဆက်ပေမဲ့ တစ်နေချင်းစီကို ဝင်ခွင့်မပြုတဲ့ အကြောင်းရင်းလည်းရှိနေတယ်။ ငတုံးတောင် အမတအစောင့်က ယိချင်းကို အဇဋာဧကရာဇ်အသစ်အဖြစ် လက်ခံရတာ မကျေမနပ်ဖြစ်နေမှန်း ပြောနိုင်တယ်။ ဒါပေမဲ့ သူက မျက်နှာမှာတစ်ချိန်လုံး အပြုံးတုဆင်မြန်းထားတာက မသိရင် သူတို့အပေါ် ထောက်ထားနေတဲ့အတိုင်း။ ဒါက ကူယွဲ့တို့တွေကို အတော်လေးစိတ်ရှုပ်စေတယ်။

ယွီဟုန်နဲ့ တခြားတပည့်တွေ အကြိမ်တချို့မှာ အမတအစောင့်နဲ့ ရန်ဖြစ်လုနီးပါးဖြစ်ခဲ့ပေမဲ့ ကူယွဲ့ တားလိုက်တယ်။ အဲဒါက သူတို့နောက်ဆုံးဖြစ်တဲ့ အတွင်းဘက်အကျဆုံးခန်းဆောင်ဆီ မရောက်ခင်ထိပဲ။

"ဒါက ရတနာရှာဖွေမျှော်စင်ပါ၊ ဒါက ပေါ်ပင်လယ်ရဲ့ ရတနာသိုက်ဖြစ်ပါတယ် - ပေါ်ပင်လယ်နန်းတော်ရဲ့ အရေးကြီးဆုံးနေရာပေါ့၊ အမတသွေးကြောတွေအားလုံးကို ဒီမှာသိမ်းဆည်းထားပါတယ်၊ အဇဋာဧကရာဇ်ကျီချန်က မျှော်စင်အပြင်မှာ ကိုယ်တိုင်အင်းကွက်ချခဲ့တာမို့ အဇဋာဧကရာဇ်အသစ်ရဲ့ လုံခြုံရေးအတွက် အခု ရတနာသိုက်ထဲ မဝင်တာကောင်းပါတယ်"

သူ အုပ်စုကို ခေါ်သွားတော့ဖို့ရှိသေး တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ကူယွဲ့က ရုတ်တရက် လက်ဆန့်ထုတ်ပြီး သူ့ကို တားလေတယ်။

"အမတရောင်းရင်း၊ ခင်ဗျားမှားနေပြီ" ကူယွဲ့ ပြုံးလိုက်တယ်။

"ဒါက အရေးကြီးတဲ့နေရာပဲ - အဇဋာဧကရာဇ်က နောက်ဆုတ်နေပြီး မဝင်ဘဲ နေလို့မရဘူးလေ၊ ဟုတ်တယ်မလား" ကူယွဲ့တစ်ဖက်လှည့်ပြီး ခေါ်လိုက်တယ်။

"ယိချင်း"

နောက်အခိုက်အတန့်မှာတင် အလင်းတန်းဖြူလုံးကြီးက ယိချင်းလက်ဖဝါးထဲ ပေါ်လာတယ်။ သူ ဒါကို လုပ်ဖို့စောင့်နေတာကြာလှပြီ။ အမတဓားတစ်ချောင်း သူ့လက်ထဲပေါ်လာခဲ့တယ်။

"ခဏ" ပေါင်ဟွေ့အမူအရာက ပြောင်းလဲသွားတယ်။ သူက သူတို့ကို တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။

ယိချင်း လက်ကိုမြှောက်လိုက်တော့ ဓားချီတွေက အရှိန်ပြင်းပြင်းနဲ့ထွက်သွားပြီး ခန်းမဆောင်ကို ဝိုင်းထားတဲ့ အင်းကွက်ကိုတိုက်ခိုက်လိုက်တယ်။ ပေါက်ကွဲသံကျယ်ကြီးပေါ်လာပြီး အင်းကွက်က အပိုင်းပိုင်း ပျက်စီးသွားလေရဲ့။ အမတနန်းစင်ဆီ တံခါးတွေ ပွင့်သွားခဲ့တယ်။

"အသင်... အသင်..." ပေါင်ဟွေ့ သူ့မျက်လုံးတောင် သူ မယုံနိုင်။ တစ်ချိန်လုံး ပူးပေါင်းလွန်းခဲ့တာမို့ သူတို့ အင်းကွက်ကို တုံ့ဆိုင်းမှုမရှိ ဖျက်ဆီးပစ်လိမ့်မယ်လို့ သူမစဉ်းစားမိခဲ့ဘူး။

"အမတအစောင့်" ကူယွဲ့က ‌အမတအစောင့်ပြုံးနေခဲ့တုန်းကထက်တောင် အားရပါးရပြုံးတော့တယ်။ စကားတစ်လုံးချင်းစီကို သူက ဂရုတစိုက်ဖိရွတ်လိုက်တယ်။

"ဒီတစ်ချိန်လုံး အမတအစောင့်တွေက အလုပ်များရင်များ မဟုတ်ရင် အလုပ်ဖြုတ်ခံရတယ်လို့ မင်းပြောနေတာ၊ စီမံရေးအမတအစောင့်အနေနဲ့ တခြားအမတအစောင့်တွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်၊ တခြားတစ်ယောက်ကို တာဝန်ပေးသင့်တယ်ထင်တာပဲ"

"..."

"ယွီဟုန် ဒီအမတအစောင့်ကို ကောင်းကင်အလွန်မှကောင်းကင်များကနေ ထုတ်လိုက်"

"ဟုတ်ကဲ့"

ဟမ့် သူ နှစ်ဘဝတောင် နေလာတာ။ ကူယွဲ့က သူ့အာဏာကို ထုတ်သုံးဖို့လိုတယ်လို့ ခံစား‌ရအောင် လုပ်တဲ့သူနဲ့ တွေ့ခဲ့ရတာ အတော်ကိုကြာညောင်းခဲ့ပြီ။ အရမ်းကိုကောင်းတယ် ပေါ်ပင်လယ်က ဒီအမတအစောင့်က သူ့ကိုယ်ထဲက စီအီးအိုစိတ်ကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့တာပဲ။

…

222

အခန်း ၂၂၂ ။ ဘယ်သူက ဆရာကြီး

"အဇဋာဧကရာဇ်" ပေါင်ဟွေ့က အထိတ်တလန့် ထပြောတယ်။ သူက ယိချင်းကို မယုံကြည်နိုင်ဟန် ကြည့်ပြီး ရှေ့တက်လာတယ်။

"အစေခံက ဒီနန်းတော်မှာ စီမံရေးအမတအစောင့်အဖြစ် အလုပ်လုပ်ခဲ့တာ နှစ်သောင်းချီကြာနေပါပြီ"

ကူယွဲ့က ခြောက်ကပ်ကပ်ရယ်ပြီး ထေ့ငေါ့ပြောလိုက်တယ်။

"နှစ်သောင်းချီ စီမံရေးအမတအစောင့်တစ်ယောက်က နန်းတော်ထဲက အမတတွေကိုတောင် မကိုင်တွယ်နိုင်ဘူးပေါ့၊ အမတရောင်းရင်း မင်းက တကယ်ကို ကျွမ်းကျင်လိုက်တာ ကြည့်ရတာ ကျီချန်နတ်ဆိုးဖြစ်လာတာ အကြောင်းရင်း မရှိတဲ့ပုံပဲ"

"ခင်ဗျား-" ပေါင်ဟွေ့က အခုဒေါသထွက်ပြီ။ သူ အဇဋာဧကရာဇ်ရဲ့ ကောင်းကင်နန်းတော်အတွက် ဒီနှစ်တွေမှာ အများကြီးလုပ်ပေးခဲ့တာ။ သူက အဆင့်မြင့်အမတ - တိုင်းပြည်ဧကရာဇ်တွေတောင် သူ့ကိုတွေ့ရင် တလေးတစား ရှိရတယ်။ ဒါက သူဘာပြန်ပြောရမလဲမသိတဲ့အထိ ပထမဆုံးအကြိမ် လှောင်ပြောင်ခံရတာပဲ။ သူ့စိတ်က ဂယက်ထနေတယ်။ သူ့မျက်စိထဲ တစ်စုံတစ်ရာ ဖြတ်ပြေးသွားပြီး ပေါင်ဟွေ့ အသက်ပြင်းပြင်းရှူကာ လှောင်ပြောင်လိုက်တယ်။

"ဒီဧကရာဇ်ငယ်က တကယ့်ကို ရယ်ဖို့ကောင်းတာပဲ၊ ခင်ဗျားမှာ ကျုပ်ကို ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ၊ ကျုပ်က ဒီကောင်းကင်နန်းတော်ရဲ့ အမတအစောင့်ပဲ၊ အဇဋာဧကရာဇ်ပဲ ကျုပ်ကို ဝေဖန်ခွင့်ရှိတာ၊ ခင်ဗျားက ဘာအဆင့်အတန်းမို့လဲ၊ မသိတဲ့လူတွေဆို ခင်ဗျားကမှ အဇဋာဧကရာဇ်အသစ်လို့ ထင်နေလောက်တယ်" သူက လေသံကို ပြင်ပြီး ယိချင်းကို လှမ်းကြည့်တယ်။

"အဇဋာဧကရာဇ် အသင်က စကားတစ်လုံးမှဝင်မပြောဘူး၊ ဒီလူက ကျွန်တော့်ကို နန်းတော်ကနေ နှင်ထုတ်ဖို့ ကြိုးစားနေပြီ၊ ဒီမှာ တစ်ခုခုလွဲနေတယ်လို့မထင်ဘူးလား"

ကူယွဲ့က အဇဋာဧကရာဇ်ကို ပုန်ကန်ဖို့ ကြိုးစားနေတာလို့ သူ သဲလွန်စပြနေတာ။ သူတို့ နန်းတော်ထဲ ဝင်တဲ့အချိန်တည်းက အဲဒါတကယ့်ကိစ္စပဲ။ ဘယ်အဇဋာဧကရာဇ်မှ သူ့နောက်လိုက်တစ်ယောက်က သူ့ခေါင်းပေါ်တက်တာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဝူတိဂိုဏ်းက လွဲလို့...။

"ဟင့်အင်း" ယိချင်းပြန်ဖြေလိုက်တယ်။ ဘာမှားလို့လဲ။

တပည့်တွေလည်း လိုက်ခေါင်းညိတ်ကြပြီး ပေါင်ဟွေ့မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်ကုန်တယ်။

ပထမတပည့် ။ ။ "အကြီးအကဲကူယွဲ့က ဂိုဏ်းထဲက ကိစ္စတွေကို အမြဲစီမံတဲ့သူလေ၊ ဘာပြဿနာရှိလို့လဲ"

ဒုတိယတပည့် ။ ။ "အမှန်ပဲ၊ ဂိုဏ်းချုပ်ပြောတယ်၊ ငါတို့ အကြီးအကဲကူယွဲ့နောက် လိုက်ရင် ထမင်းဝလိမ့်မယ်တဲ့၊ အကြီးအကဲယိချင်းက အမြဲ ဟင်းချက်ပြီး အလုပ်ရှုပ်နေတော့ - တခြားကိစ္စအားလုံးကို အကြီးအကဲကူယွဲ့က ကိုင်တွယ်ပေးတာ"

တတိယတပည့် ။ ။ "အာ၊ ဂိုဏ်းမှာ အကြီးအကဲယိချင်း ရှိတယ်လား၊ ငါမသိလိုက်ဘူး"

စတုတ္ထတပည့် ။ ။ "ဟမ်၊ အဇဋာဧကရာဇ်က အကြီးအကဲကူယွဲ့မဟုတ်ဘူးလား၊ သူလို့ တစ်ချိန်လုံး ထင်နေတာ"

ပဉ္စမတပည့် ။ ။ "အဓိပ္ပာယ်မရှိတာ၊ ဂိုဏ်းချုပ်က အဇဋာဧကရာဇ်ဆိုတာ အသိသာကြီး"

ကူယွဲ့ ။ ။ "..."

ပေါင်ဟွေ့ ။ ။ "..."

(+_+)~

ဒီလူတွေ ဘာဖြစ်နေတာလဲ။ ဒါ အဇဋာဧကရာဇ်ရာထူးနော်။ ဘာလို့ ဧကရာဇ်ငယ်တစ်ယောက်က အဇဋာဧကရာဇ်ရဲ့ အလုပ်လုပ်တာကို ဘာမှမဖြစ်သလိုပြုမူနေတာလဲ။ အဇဋာဧကရာဇ်ကိုယ်တိုင်တောင် စိတ်အနှောင့်အယှက် မဖြစ်တဲ့ပုံ။ တခြားတစ်ယောက် သူ့ရာထူးကို ခိုးယူသွားမှာကို ခွင့်ပြုတော့မှာလား။

w(゚Д゚)w

"ယွီဟုန်၊ စစ်ယွီ၊ သူ့ကိုအပြင်လိုက်ပို့လိုက်တော့"

ကူယွဲ့က နားထင်ကို လက်နှစ်ချောင်းနဲ့ဖိပြီး ပြဿနာအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ယွီဟုန်နဲ့စစ်ယွီကို လက်ယမ်းပြလိုက်တယ်။

"ဟုတ်" နှစ်ယောက်သားက တုံ့ဆိုင်းမှုမရှိ။ စစ်ယွီရှေ့တက်ပြီး အမတကို ကောက်ဆွဲကာ ကောင်းကင်နန်းတော်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။

ပေါင်ဟွေ့က တုံ့ပြန်ချိန်တောင်မရလိုက်ဘဲ တံခါးအပြင်ဆီ မောင်းထုတ်ခံလိုက်ရလေရဲ့။

"မင်း... မင်းတို့အားလုံး..." ပြန်တောင် လှည့်မကြည့်ဘဲ လှည့်ထွက်ပျံသန်းသွားတဲ့ အမျိုးသမီးနှစ်ယောက်ကို သူစိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ တစ်ခဏနေတော့ သူထရပ်ပြီး ဝတ်ရုံကို ဖုန်ခါကာ လှည့်ထွက်လာခဲ့တယ်။

ဟမ့် သူတို့တွေ သူပြန်လာဖို့ တောင်းပန်နေရမယ်။

ကူယွဲ့ တပည့်အုပ်ကြီးကို နောက်တစ်ကြိမ်ဝေ့ဝဲကြည့်လိုက်တယ်။ သူ အမူအရာပြလိုက်တယ်။

"ဒီနေရာကို မိတ်ဆက်ပေးတာ သေချာနားထောင်ခဲ့ကြလား၊ ငါတို့အရင်ကအတိုင်း တာဝန်ခွဲကြမယ် - မင်းတို့နေသင့်တဲ့နေရာဆီ သွားကြ၊ ပြဿနာတစ်ခုခုရှိရင် ဖြေရှင်းဖို့ ယွီဟုန်ကိုရှာ၊ လူခွဲကြတော့"

"ဟုတ်" တပည့်တွေက ပြန်ဖြေပြီး သူတို့စတည်းချမဲ့နေရာဆီ တစ်ယောက်ပြီးတစ်ယောက် ရွှေ့သွားကြတော့တယ်။

ယိချင်းက ချက်ချင်း သူ့အိုးခွက်ပန်းကန်တွေကို ဆွဲထုတ်တယ်။

"ဆရာ၊ ကျွန်တော်အားလုံးစစ်ကြည့်ပြီးပြီ၊ ကောင်းကင်ကျယ်ခန်းမဆောင်က တကယ်ကောင်းတယ်၊ အလင်းရောင်ကောင်းကောင်းရသလို အနောက်တောင်ဘက် မျက်နှာမူထားတာ၊ အရမ်းလည်းကျယ်တော့ မီးဖိုချောင်အဖြစ် သင့်တော်တယ်၊ ကျွန်တော် နည်းနည်းလေးမွမ်းမံဖို့ပဲလိုတာ"

"တော်တယ်" ရှန်းရင် ခွင့်ပြုဟန် ခေါင်းညိတ်လိုက်တယ်။

"သွားရင်းနဲ့ သူဌေးလန်ကိုပါ ရှာပြီး မီးဖိုပြား လုပ်လိုက်ပါဦး၊ သူက အဲကိစ္စတွေဆို အရမ်းကျွမ်းတယ်"

"ဒါဆို မင်းခဏစောင့်ရမယ်" လန်ဟွားက ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူကအိုးကြီးတစ်လုံးကို သယ်ထားပြီး မုန်လာဥဖြူက အထဲမှာ ဒုဓလီပန်းတစ်ပွင့် အညွှန့်တက်အောင် ကြိုးစားနေလေတယ်။

"ငါ ညီနောင်မုန်လာဥဖြူကို အမတဆေးပင်ဥယျာဉ်ထဲ အရင်စိုက်ပေးဖို့ ကတိပေးထားတယ်"

"စားဖိုမှူး ဒါဆိုလည်း အအေးစာတချို့ အရင်လုပ်လိုက်" မီးဖိုပြား မလိုတာတွေပေါ့။

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"

ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်းငတုံးတွေ

ခဏ ကောင်းကင်ကျယ်ခန်းဆောင်လား။

အဲဒါ ကောင်းကင်နန်းတော်ထဲ ဝင်ဝင်ချင်း ပထမဆုံးအမတခန်းမဆောင် မဟုတ်ဘူးလား။ သူတို့တွေ ပထမဆုံးအမတအဆောင်ကို မီးဖိုချောင်အဖြစ် ပြောင်းတော့မှာပဲ။

"ဒီကိုပြန်လာခဲ့ကြစမ်း မင်းတို့နှစ်ယောက်"

O(≧口≦)O

————————

ပေါ်ပင်လယ် ကောင်းကင်နန်းတော်တစ်ခုလုံးမှာ နန်းဆောင်ပေါင်းတစ်ရာကျော်နဲ့ အမတနန်းတော်ငယ် မရေမတွက်နိုင်အောင် ရှိတယ်။ အတိတ်တုန်းက အဆောက်အဦတွေအထဲမှာ နေတဲ့သူ အမတအရာရှိထောင်ကျော် ရှိခဲ့တယ်။ ပေါင်ဟွေ့ဘာစဉ်းစား‌လဲဆိုတာ ကူယွဲ့နားလည်တယ်။ အရင်တုန်းက ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်တွေက အမြဲ ပေါ်ပင်လယ်ကပဲ။ ယိချင်းကတော့ ဖုန်းချန့်က။ သူ ရုတ်တရက် အဇဋာဧကရာဇ်ဖြစ်လာခဲ့တာက ပေါင်ဟွေ့မျက်လုံးထဲမှာတော့ တော်‌လှန်ရေး စတင်တာနဲ့ဆင်တယ်။

ကောင်းကင်နန်းတော်တစ်ခုလုံးရဲ့ စီမံရေးအမတအစောင့်အနေနဲ့ ပေါင်ဟွေ့က အဇဋာဧကရာဇ်ပြီးရင် သေချာပေါက် ဒုတိယ အမိန့်ပေးနိုင်သူပေါ့။ ဝူတိဂိုဏ်းကို သူစိန်ခေါ်ရဲတာက ကောင်းကင်နန်းတော်တစ်ခုလုံးရဲ့ အမတတွေကို ထိန်းချုပ်ထားနိုင်လို့ပဲ။

သူတို့တွေ ဒီကိုခုမှစရောက်တာဖြစ်ပြီး ဒီလိုနန်းတော်ကြီးကို ထိန်းချုပ်ဖို့ဆိုတာ မလွဲမသွေ ခက်ခဲမှာပဲ။ အထူးသဖြင့် ပေါင်ဟွေ့က သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ရင်ပေါ့။ ပေါင်ဟွေ့ပဲ လူအုပ်ကြီးကို လှုပ်နိုင်စွမ်းရှိတာ - အဲဒါကြောင့် သူက သူတို့ သူ့ကိုပြန်လာခေါ်မယ်လို့ အရမ်းသေချာနေခဲ့တာပဲ။ ပေါင်ဟွေ့ စောနတုန်းက အုပ်စုကို နန်းတော်တစ်ဝိုက် ခေါ်သွားချိန် တခြားအမတအစောင့်တွေအားလုံး ရှိမနေတာ သေချာအောင် လုပ်ခဲ့တယ်။ သူက သူတို့အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက် မျိုးစုံပေးတယ်။

သူ ဒါတွေအားလုံးကို လုပ်ခဲ့တာက ယိချင်း အဇဋာဧကရာဇ်အဖြစ် တက်လှမ်းမှာကို ကန့်ကွက်ဖို့ မဟုတ်ဘဲ သူ့နှလုံးသားထဲကျန်ရစ်တဲ့ ဒေါသနဲ့ မကျေမချမ်းမှုကို ဖွင့်ထုတ်ဖို့ပဲ။ ဒါ သူ ယိချင်းကို "အဇဋာဧကရာဇ်အသစ်" ဆိုပြီး ထပ်တလဲလဲ ခေါ်ဝေါ်ပေမဲ့ ယိချင်းကို နာမည်နဲ့အသိအမှတ်ပြုဖို့တောင် ငြင်းဆန်တည်းက သိသာနေပြီ။

သူမပျော်မရွှင်ဖြစ်တာ နားလည်နိုင်ပေမဲ့ သူတို့ သူ့ကိုသေချာပေါက် အလျှော့ပေးဖို့ ဆိုလိုတယ်လို့တော့ ကူယွဲ့ မယုံကြည်ဘူး သူက မင်းသမီးမှ မဟုတ်တာ ဘာလို့ သူ ဝုန်းဒိုင်းကြဲတာကို အလျှော့ပေးရမှာလဲ။

ကူယွဲ့ရဲ့ တွေးတောပုံက ရိုးရှင်းတယ်။ တကယ်လို့ သူက အခက်တွေ့အောင် လုပ်ချင်ရင် အနာဂတ်မှာ ပြန်လာဖို့ကို မေ့လိုက်လို့ရတယ် ဝူတိဂိုဏ်းက ငါတို့... မဟုတ်ဘူး ဝူတိကောင်းကင်နန်းတော်က အရမ်းကို အလုပ်များတယ်။ ဝုန်းဒိုင်းကြဲတာလေးတွေကို ဖြေရှင်းဖို့ အချိန်မရှိဘူး။

တခြားအဇဋာဧကရာဇ်တွေက ထောက်ခံသူ နည်းပါး‌နိုင်ပေမဲ့ ဝူတိဂိုဏ်းကတော့ မဟုတ်ဘူး။

လူအုပ်ကြီးက တခြားခေါ်ကြားမှုကို မတုံ့ပြန်ဘူးလား။ ဒါဆို သူတို့ကို မခေါ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဝူတိဂိုဏ်းက နန်းတော်နောက်လိုက်တာဖြစ်ပြီး အထဲကလူတွေနောက် လိုက်တာမှမဟုတ်ပဲ။

အဲတော့ အဆောက်အဦတွေကို သော့ခတ်ထားပြီး သူတို့ဝင်မရတော့ရော ဘာဖြစ်လဲ။ သူတို့ အဆောက်အဦထဲ ချိုးဖောက်ဝင်လို့ရတာပဲ။ ခန္ဓာကျင့်ကြံသူတွေက ဘယ်လိုပဲဖြစ်ဖြစ် အင်အားအပြည့်ပဲဟာ။

အဲတော့ အမတအစောင့်တွေက အဆောက်အဦထိန်းချုပ်မှုကို မလွှဲပေးချင်တော့ရော ဘာဖြစ်လဲ။ အထုထောင်းခံရရုံပေါ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို အနိုင်မှမယူနိုင်တာ

အဲတော့ အမတအစောင့်တွေက အုပ်စုဖွဲ့ဆန္ဒပြတော့ရော ဘာဖြစ်လဲ။ သူတို့ကို အလုပ်ဖြုတ်လို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့မှ မရင်းနှီးတာ - သူတို့ကို ဆက်ကျွေးမွေးထားရင် အမတကျောက်တုံး ဖြုန်းတီးသလိုပဲဖြစ်မှာ။ ဒီမှာ ဘယ်သူက တကယ့်ဆရာကြီးလဲဆိုတာ တစ်ယောက်ယောက် သူတို့ကို အသိပေးဖို့လိုတယ်လေ။

အဲတော့ နန်းတော်အပြင်ဘက်က စီးပွားရေးပတ်ဝန်းကျင်နဲ့ ရင်းနှီးပြီး တခြားတိုက်ကြီးတွေနဲ့ အဆက်အသွယ်ရှိတဲ့ အမတအစောင့်တွေ ဆုံးရှုံးသွားတော့ရော ဘာဖြစ်လဲ။ ဟဲဟဲ သူတို့မလုပ်ရဲပါဘူး

ဆေးလုံးကနေ အဆောင်အထိ၊ အင်းကွက်ကနေ လက်နက်အထိ၊ ဝူတိဂိုဏ်းမှာ ဒီပစ္စည်းတွေကို စီမံကိုင်တွယ်နိုင်တဲ့သူ မချို့တဲ့ဘူး။ တကယ်တော့ ဒီပစ္စည်းတွေကို သူတို့ဘာသာ ထုတ်လုပ်နိုင်စွမ်းတောင် ရှိတယ်။ ဝူတိဂိုဏ်းမှာ ဒီပစ္စည်းတွေအတွက် တာဝန်ယူခဲ့သူက ကောင်းကင်နန်းတော်မှာ ဒီပစ္စည်းတွေအတွက် ဆက်ပြီးတာဝန်ယူမှာပဲ။ တစ်ခုတည်းသော ကွာခြားချက်က ထုတ်လုပ်ရေးပမာဏက ပိုပြီးကြီးမားလာရုံလောက်ပဲ။

ဒါကြောင့် ကူယွဲ့က သူတို့အခြေအနေနဲ့ ပတ်သက်ပြီး အရမ်းကြီး စိုးရိမ်မနေဘူး။ လဝက်အတွင်း သူ့လက်အောက်ကတပည့်တွေက ကောင်းကင်နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပြီ။ မယုံကြည်နိုင်လောက်အောင် တိုတောင်းတဲ့အချိန်အတွင်း နန်းတော်ထဲကကိစ္စတွေကို ကိုင်တွယ်ဖို့ အဆင်ပြေတဲ့ လုပ်ရိုးလုပ်စဉ်ကို သတ်မှတ်ပြီးပြီ။ သူတို့ဘက်က ရေစီးအတိုင်း ပျော်ပျော်ကြီးလိုက်တဲ့ အမတအစောင့်လေးတချို့ကိုပါ မစို့မပို့ ဝေယျာဝေစ္စနည်းနည်းပါးပါးမှာ ကူညီပေးခိုင်းနိုင်ခဲ့တယ်။

နန်းတော်က သူတို့အလုပ်ကနေ ယုံကြည်ချက်ရှိရှိ ခွင့်ယူပြီး ပေါင်ဟွေ့ဆီက သတင်းကို စောင့်နေတဲ့ အဆင့်မြင့်အမတအစောင့်တွေကတော့ တစ်ယောက်ပြီး တစ်ယောက် အလုပ်ဖြုတ်ခံလိုက်ရတယ်။ တစ်လအကြာမှာတော့... အစောင့်တွေက ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ သူတို့က နန်းတော်က အခြေအနေကို စုံစမ်းဖို့ လူတွေလွှတ်လိုက်ပြီး အထဲကို ဝင်လို့မရတော့ဘူးဆိုတာ... သိလိုက်ရတယ်။

တံခါးတွေကို ကြည့်ခဲ့တဲ့ အမတအစောင့်တွေလည်း သူတို့တောင် မသိတဲ့လူတွေနဲ့ အစားထိုးခံလိုက်ရတယ်။ သူတို့ အဆောက်အအုံတွေကနေ နှင်ထုတ်ခံရပြီး ရန်ဖြစ်မလိုတောင် ဖြစ်ကြသေးတယ်။

သူတို့က နန်းတော်တံခါးဝကို မချိတင်ကဲ ကြည့်နေကြတယ်။ အပေါ်မှာ ရေးထားတာက

"ဝူတိကောင်းကင်နန်းတော်" သူတို့ဘာဖတ်နေရလဲဆိုတာနားလည်ဖို့ တစ်ခဏကြာသွားသေးတယ်။ နောက်ဆုံးမှာတော့ အခြေအနေကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူးဆိုတာကို လက်သင့်ခံလိုက်ရတော့တယ်။ ဒီအဇဋာဧကရာဇ်အသစ်က သူတို့တွေးထားတာနဲ့ ကွဲပြားတယ်။ သူက လူတွေဆီက‌ ခြိမ်းခြောက်မှုကိုမကြောက်တဲ့ တကယ့်အဇဋာဧကရာဇ်အသစ်လိုပဲ။

သူတို့တွေက ကြောက်မက်ဖွယ်သတင်းအပိုင်းအစကိုပါ ကြားလိုက်ရသေးတယ်။ ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ယိချင်းက ငါးရက်အတွင်း ကောင်းကင်နန်းတော်မှာ နန်းတက်ပွဲကျင်းပတော့မှာတဲ့။ အစောင့်တွေက ဒါကို အရင်ဆုံး သိရမှာဆိုပေမဲ့ သူတို့ ခုမှဒါကို သိခဲ့ရတယ်။

"ဦးစီးမှူးပေါင်၊ ဒါ... ဒါမကောင်းဘူးနော်" အစောင့်တွေ သွေးပျက်စ ပြုလာတယ်။ သူတို့ ဒီလိုအခမ်းအနားကြီးကိုတောင် မသိခဲ့ရဘူး - ကြည့်ရတာ သူတို့ကို ကောင်းကင်နန်းတော်ကနေ နှင်ထုတ်လိုက်တာ ကောင်းဖို့အတွက်ဖြစ်နေတဲ့ပုံပဲ။

ပေါင်ဟွေ့ရဲ့ အမူအရာ မည်းမှောင်ပြီး တိတ်ဆိတ်သွားတယ်။ နောက်တော့ သူက အံကြိတ်ပြီး ပြောလို

က်တယ်။

"သွားမယ် ပေါ်ပင်လယ်ရဲ့ ပြည်နယ်အသီးသီးဆီ သွားကြရအောင်"

All Chapters