← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း ၂၂၃ ။ နန်းတက်ပွဲ

လေးရက်အကြာ၊ နန်းတက်ပွဲမတိုင်ခင်နေ့။

"အကြီးအကဲကူယွဲ့" တပည့်တစ်ယောက်က ပင်မခန်းမဆောင်ဆီ ပျံသန်းလာပြီး လက်နှစ်ဖက်ဆုပ်ကာ ဂါဝရပြုတယ်။

"ပေါ်ပင်လယ်က တိုင်းပြည်ဧကရာဇ်၁၅ပါး ရောက်လာပါပြီ"

"သူတို့အတော်လေး စောသားပဲ" မလာဘူးတောင် ထင်နေတာ။ ကူယွဲ့ မျက်ခုံးပင့်လိုက်တယ်။

"သူတို့ နေထိုင်ဖို့ ပြင်ဆင်ပေးလိုက်ပေါ့"

"သူတို့က... တော်ဝင်နန်းတက်ပွဲကို ဂုဏ်ပြုဖို့ ရောက်လာတာမဟုတ်ပါဘူး၊ သူတို့က အရေးကြီးကိစ္စ ရှိတယ်ပြောပြီး ဧကရာဇ်ယိချင်းနဲ့ တွေ့ဖို့ရောက်နေတာပါ" တပည့်က မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းစွာပြောတယ်။

"အော်၊ ဘာပြဿနာရှိလို့တုံး"

ကူယွဲ့ လက်ထဲကနေ့စဉ်အလုပ်ဇယားကို ချလိုက်တယ်။

"သူတို့က ဘာအမြောက်စာအတွက် ရောက်နေတယ်လို့ ပြောတာပါပဲ"

"ပေါင်ဟွေ့လား"

"ဟုတ်သားပဲ သူတို့က သူ့အပေါ်ဆက်ဆံမှုမှာ မမျှတမှုတွေရှိတာမို့ ဧကရာဇ်အမိန့်ကို ပယ်ဖျက်ဖို့ တောင်းဆိုမယ်ဆိုပြီး ရောက်လာကြတာလို့ ပြောပါတယ်"

တပည့်ကိုယ်တိုင်က သူ့ရှင်းပြချက်မှာ လည်နေတယ်။

"ပေါင်ဟွေ့က အရည်အချင်းတချို့ ရှိမယ်မထင်ခဲ့ဘူး"

ကူယွဲ့ မဲ့ပြုံးပြုံးလိုက်တယ်။ သူက တိုင်းပြည်ဧကရာဇ်၁၅ယောက်ကိုတောင် အတူတူလာဖို့ စည်းရုံးနိုင်ခဲ့တယ်ပေါ့လေ၊ ဒါပေမဲ့အချည်းနှီးပဲ။

"ပြဿနာဖြေရှင်းဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးပဲ၊ စားဖိုမှူးဘယ်မှာတုံး"

"အကြီးအကဲ၊ စားဖိုမှူး... ယိချင်း... ဧကရာဇ်က အနောက်ဆောင်မှာ ဟင်းချက်နေပါတယ်" တပည့်က သူ့အခေါ်အဝေါ်ကို ခဏခဏ ပြင်လိုက်ရသေးတယ်။

"ရှန်းရင်ကို သူ့ကိုခေါ်လာဖို့ ပြောလိုက်၊ ပြီးတော့ သူ့ကို အရင်ကအတိုင်း ဖြေရှင်းခိုင်းလိုက်"

ကူယွဲ့ လက်ယမ်းပြပြီး သူ့ပေသီးနဲ့ ဆက်အလုပ်များနေတော့တယ်။ မနက်ဖြန် ယိချင်းရဲ့ ဧကရာဇ်အဖြစ် တရားဝင်တက်လှမ်းမဲ့နေ့။ တိုက်ကြီးအသီးသီးက မုန်လာဥဖြူတွေအားလုံး ဒီလာကြမှာ။ သူတို့နဲ့ ရှင်းစရာအကြွေး ရှိသေးတယ်။ သူ ဒီကြောင်သူတော်တွေအတွက် အချိန်မရှိဘူး။

"ဟုတ်ကဲ့" တပည့်က ချက်ချင်းအပြင်ထွက်သွားပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ သွားရှာတော့တယ်။

ပင်မခန်းမဆောင်အတွင်း။

တပည့်က တင်ပြဖို့ထွက်သွားတည်းက တိုင်းပြည်ဧကရာဇ်တွေ စောင့်နေတာ လေးနာရီရှိပေမဲ့ ဧကရာဇ်က အတော်ကြာတာတောင် ပေါ်မလာသေးတာမို့ သူတို့ပိုပြီးတောင် တရှူးရှူးတရှဲရှဲ ဖြစ်လာတယ်။ အစတုန်းက ပေါင်ဟွေ့ သူတို့ကိုဧကရာဇ်အသစ်က အမတတွေကို ဂရုမစိုက်ဘူး ပြောတုန်းက မယုံခဲ့ဘူး။ ဒါကြောင့် သူတို့ဒီကိုလာတဲ့ခရီးစဉ်ကလည်း ဧကရာဇ်အသစ်ရဲ့ အစီအစဉ်တွေကို စုံစမ်းဖို့ရောက်လာခဲ့တာ။ အခုတော့ သူက တကယ့်ကို ထောင်လွှားပုံပဲ။

အတိတ်တုန်းက ကျီချန်က ဘယ်လောက်ပဲ အလုပ်များပါစေ၊ သူတို့ကို အတော်လေးတော့ တန်ဖိုးထားသေးတယ်။ သူက သူတို့ကို ဘယ်တော့မှ အကြာကြီးမစောင့်ခိုင်းဘူး။ ပြီးတော့ ပိုဆိုးတာက သူတို့ကို လက်ဖက်ရည်နဲ့တောင် ဧည့်မခံ။ သူတို့ သူ့ကိုမတွေ့ခင်မှာတင် ဧကရာဇ်အသစ်ကို ပိုပြီးတောင် မကြိုက်တော့သလို ပုန်ကန်ချင်တဲ့ခံစားချက်တွေရှိနေပြီ။

သူတို့ရဲ့ကျင့်ကြံဆင့်တွေအားလုံးက အဇဋာဧကရာဇ်ထက်နိမ့်ပြီး ပေါ်ပင်လယ်ကိုမှီခိုရပေမဲ့ သူတို့တိုင်းပြည်တွေကတော့ သူတို့ကိုယ်တိုင် အုပ်ချုပ်နေဆဲပဲ။ ဧကရာဇ်အသစ်တစ်ယောက်က ကျင့်ကြံဆင့်မြင့်ရင်တောင် သူတို့ကို ကြားဝင်နှောင့်ယှက်ဖို့ အင်မတန်ခက်ခဲတယ်။ ပြီးတော့ ခုက အရေးကြီးတဲ့ကာလ။

ဒါပေမဲ့ သူတို့ ဒီတိုင်းလည်း ပြန်မသွားရဲဘူး။ နောက်ထပ်၂နာရီစောင့်ပြီးတဲ့နောက်မှာတော့ တပည့် ပြန်ရောက်လာတာကို နောက်ဆုံးတော့ မြင်လိုက်ရပြီး ဧကရာဇ်ဆီ ခေါ်သွားပေးမယ်ပြောလာတယ်။ အဲလိုပြောပြီးတော့ သူကရေးကြီးသုတ်ပျာနေဟန် ပြန်လှည့်ထွက် ပျံသန်းသွားတယ်။

တိုင်းပြည်ဧကရာဇ်တွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး လိုက်သွားရတော့တယ်။ ဒါပေမဲ့ သူတို့နားလည်လိုက်ရတာက သူတို့တွေ ပိုပြီးဝေးဝေးကို ပျံသန်းပြီး နန်းတော်တစ်ဝိုက်ကနေ ထွက်ခွာကာ ချောင်ကျတဲ့ကောင်းကင်ဒေသတစ်ခုဆီ ရောက်လာတယ်ဆိုတာပဲ။ သူတို့ တပည့်ရဲ့ အကြံကို သံသယဝင်နေတုန်း သူမကရုတ်တရက် ရပ်သွားပြီး အရှေ့ကို လက်ညှိုးထိုးပြတယ်။

"စား... ဧကရာဇ်က အထဲမှာစောင့်နေပါတယ်"

ဒီလိုပြောပြီးတဲ့နောက် သူမက အလာတုန်းက‌ထက်တောင် ပိုပြီးတက်သုတ်ရိုက် ပြန်ပျံသန်းသွားလေရဲ့။

ဧကရာဇ်တွေအကုန် ဇဝေဇဝါဖြစ်ကုန်ပြီး သူတို့ရှေ့ လေထဲကျောက်တုံးတွေ မျောလွင့်နေတာကို ကြည့်လိုက်တယ်။ သူတို့နောက်တော့ လူတစ်ယောက် အလယ်က ကျောက်တုံးကြီးမှာ ရပ်နေပြီး ဝတ်ရုံဖြူ ဝတ်ဆင်ထားကာ သူ့ဆီကနေ မသေမျိုးချီတွေ ထွက်နေတာကို မြင်လိုက်ရတယ်။ သူက သူတို့ကို အေးစက်တဲ့ အမူအရာနဲ့ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မရွှင်မပျဖြစ်နေတဲ့ပုံ။ သူ့အရှိန်အဝါကို ပြန်ထိန်းထားပေမဲ့ သူတို့ဆီလာနေတဲ့ ဖိအားကို ခံစားမိသေးတယ်။

ဧကရာဇ်တွေအားလုံး ရင်ထိတ်ကုန်တယ်။ သူတို့ အလိုလို နောက်တစ်လှမ်းပြန်ဆုတ်ရတော့တယ်။ သူတို့တွေ ဧကရာဇ်ကို သေချာပေါက်မှတ်မိတာပေါ့။ ဒါ သူတို့ ဝူတိဂိုဏ်းကို ဝိုင်းခဲ့တုန်းက သူတို့ကို ထုထောင်းသွားခဲ့တဲ့လူပဲ။

"ဧကရာဇ်ယိချင်း..."

တိုင်းပြည်‌ဧကရာဇ်တစ်ယောက်က အသက်ပြင်းပြင်းရှူပြီး ရှေ့တက်ကာ နှုတ်ဆက်ချင်ပေမဲ့ ဆန့်ကျင်ဘက်ကလူ တားဆီးတာခံလိုက်ရတယ်။

"အပိုတွေပြောမနေနဲ့" သူက လက်ထဲတစ်စုံတစ်ရာ ဆုပ်ကိုင်ထားပြီး သူတို့ဆီ လျှောက်လာတယ်။

"လုပ်လေ" ဒီလိုပြောပြီးတဲ့နောက် တစ်ခုခုလွဲနေတာ သတိထားမိသွားပြီး လက်ကို နောက်ပြန်ဆုတ်လိုက်တယ်။ တောက်ပသွားပြီး သူ့လက်ထဲက အရာက ချက်ချင်း အမတဓားအဖြစ် ပြောင်းလဲသွားကာ ဓားချီတွေ ဝန်းရံလာတယ်။

လူတိုင်း ။ ။ "..."

ဟမ် ဟမ် ဟမ် ဘာတွေဖြစ်နေတာလဲ၊ သူက ဘာလို့ သူတို့ကိုတိုက်ခိုက်ချင်ရတာတုံး။ သူတို့ တိုက်ခိုက်ဖို့ ရောက်လာတာမဟုတ်ဘူးလေ၊ ကျိုးကြောင်းသင့်ဆွေးနွေးချင်ရုံပဲ

ပြီးတော့... စောနက သူ့လက်ထဲကိုင်ထားတာ ယောက်မမဟုတ်လား သေချာပေါက်ပဲ

ဒါက သူတို့ သူအဲလိုလုပ်တာကို မြင်ဖူးတာ ဒုတိယအကြိမ်ပဲ။ တစ်ခုခုလွဲနေတယ်ဆိုတာကို သတိထားမိတာ နည်းနည်း နောက်မကျလွန်းနေဘူးလား။

-_-|||

"ခဏ" တိုင်းပြည်ဧကရာဇ်တွေအားလုံး အော်ဟစ်ကြတော့တယ်။

"ကျွန်တော်တို့က အကျိုးအကြောင်းပြောဖို့ ဒီရောက်လာတာပါ"

ယိချင်းက စိတ်မရှည်စွာ မျက်မှောင်ကြုတ်ပြီး ဓားအင်းကွက်တွေ ချက်ချင်း လေထဲမှာပေါ်လာကာ သူတို့ဆီ ဦးတည်လာတော့တယ်။ သူက မျက်နှာတည်ပြီး ပြန်ဖြေလေတယ်။

"ငါမင်းတို့နဲ့ ကျိုးကြောင်းသင့်နေတာပဲ"

ဆရာက ပြောဖူးတယ်။ အားပြင်းတဲ့လက်သီးတစ်ချက်ဆိုတာ လုံးဝအမှန်တရားတဲ့။

ဒီလို ပြောပြီးတော့ သူတို့တုံ့ပြန်မလားလည်း ဂရုမစိုက်ဘဲ သူတို့ဆီ တန်းတန်းမတ်မတ် ဦးတည်ပြေးတော့တယ်။

ဆယ့်ငါးမိနစ်အကြာ...။

အပုံလိုက်ကျသွားကြသော တိုင်းပြည်ဧကရာဇ်များ ။ ။ "..." ပေါင်ဟွေ့၊ ငါ-ိုး

ကူယွဲ့ကို ရှောင်ပြီး ဧကရာဇ်ကို တန်းတွေ့မယ်ဆိုတာ ဘာဖြစ်သွားတာလဲ။

——————

ဒုတိယနေ့၊ နန်းတက်ပွဲ။

နတ်ဆိုးလောကနဲ့ အနီးဆုံးတိုက်မို့ အမတလောကတစ်ခုလုံးရဲ့ ပေါ်ပင်လယ်ပေါ်အမြင်က စကားတစ်ခွန်းနဲ့ အကျဉ်းချုပ်နိုင်တယ် - သနားစရာကောင်းတယ်။

နတ်ဆိုးဘုံက အခု ဥပဒေလိုက်နာပြီး ပေါ်ပင်လယ်မှာ ဧကရာဇ်အသစ်ရှိနေတာတောင် အသုံးမဝင်ဘူးလို့ ခံစားနေရဆဲ။ ဧကရာဇ်အသစ်က ကြားက စတေးခံဖြစ်ဖို့ အတင်းအကြပ် ဖိအားပေးခံရတာဖြစ်နိုင်တယ်။ တစ်နေ့မှာ ဒီနေရာက လောကနှစ်ခုအတွက် စစ်မြေပြင်ဖြစ်လာမှာပဲ။

တခြားတိုက်က အမ‌တတွေတင်မကဘူး၊ ပေါ်ပင်လယ်က အမတတွေပါ ဒီလိုခံစားနေရတာ။

အံ့ဩဖို့ကောင်းစွာပဲ ဧကရာဇ်အသစ် နန်းတက်ပွဲနေ့မှာ အမတလောကရဲ့ အဇဋာဧကရာဇ်တွေအားလုံး ရှိနေပြီး ရက်ရောတဲ့လက်ဆောင်တွေ ပြင်ဆင်ထားကြတယ်။ အမတလှေက ဂုဏ်ပြုလက်ဆောင်အပြည့် ဖြစ်နေပြီး အဇဋာနန်းတော်ကိုးခုက ပြောင်သလင်းခါခံလိုက်ရတဲ့အတိုင်းပဲ။ ပြီးတော့ အဇဋာဧကရာဇ်တွေက ချစ်ကြည်မှုကိုပြဖို့ ပဏ္ဍာလက်ဆောင်တွေ ပို့ရုံတင် မဟုတ်ဘူး၊ နန်းတက်ပွဲကို အားလုံး ကိုယ်တိုင် တက်ရောက်လာကြတာ။

ဒီမြင်ကွင်းက ထုထောင်းခံထားရတဲ့ တိုင်းပြည်ဧကရာဇ်တွေကိုတောင် ဇဝေဇဝါဖြစ်သွားစေပေမဲ့ သူတို့ဒေါသပေါက်ကွဲလို့လည်းမရဘူး။ သူတို့ဧကရာဇ်အသစ်ကို တခြားအဇဋာဧကရာဇ်ကိုးယောက်က ထောက်ခံပေးထားတာ သေချာပေါက်သိပြီး ဝူတိဂိုဏ်းမှာ သူ့စွမ်း‌ဆောင်ရည်ကို မြင်ပြီးပြီ။ သူ့ဓားရေး၊ ကျင့်ကြံဆင့်... သူက အဲတုန်းက ဧကရာဇ်ငယ်အဆင့်ပဲရှိသေးတာတောင် လူတွေ အများကြီးအတွက်တော့ အံ့ဩစရာကောင်းနေပြီ။

မနေ့ကတိုက်ပွဲက သူတို့ရဲ့ကန့်ကွက်မဲ့အတွေးကို လုံးဝပျက်ယွင်းသွားစေခဲ့တယ်။ အမတလောကရဲ့ နံပါတ်၁ ဓားကျင့်ကြံသူ။ ဟင့်အင်း အမတလောကရဲ့ နံပါတ်၁ အဇဋာဧကရာဇ်လို့တောင် ကြေညာလို့ရနိုင်တယ်။

ဒါပေမဲ့ ဒါက သူတို့ကို တခြားအမတတွေလိုပဲ နတ်ဆိုးလောကရဲ့ကျူးကျော်မှုကို ယာယီထိန်းဖို့ အမြောက်စာအနေနဲ့ တခြားဧကရာဇ်တွေက တွန်းပို့လိုက်တဲ့စတေးခံပဲလို့ တွေးမိတာကနေ မတားနိုင်ဘူး။ အဲဒါကြောင့် သူတို့ဧကရာဇ်အသစ်ကို အထင်သေးခဲ့ရဲတာပဲ။

ဒါပေမဲ့ ဒီနေ့မြင်ကွင်းကနေ ကြည့်ရတာတော့...တခြားဧကရာဇ်တွေကတော့ ဒီလိုအတွေးတွေ မရှိတဲ့ပုံ ပေါ်တယ်။ ပြီးတော့ ဧကရာဇ်ယိချင်းကိုတင် မကဘူး၊ သူတို့က သူခေါ်လာတဲ့ တပည့်၂ရာကိုလည်း အရမ်းယဉ်ကျေးပြီး သည်းခံနေကြတယ်။

မြေအနေအထားနဲ့ မရင်းနှီးဘူးလား။ ဘယ်သူမှ သူတို့ကို လမ်းမပြဘူးလား။ ကိစ္စမရှိဘူး... နှစ်ရက်သုံးရက် စောင့်ခဲ့ရတာက သူတို့ရဲ့ကျင့်ကြံဆင့်အပိုင်းထဲ ပါတယ်။

သူတို့ပြင်ဆင်ပေးထားတဲ့ အမတမျှော်နန်းက သေးလွန်းနေလား။ ကိစ္စမရှိဘူး... သူတို့အားလုံး ဒီတိုင်း တိုးဝှေ့နေလို့ရတယ်၊ ကြမ်းပြင်ပေါ် အိပ်ရလည် အဆင်ပြေတယ်

သူတို့တွေ အဝေးကြီး လာခဲ့ရပြီး ရေဆာနေတယ်လား။ ကိစ္စမရှိဘူး... သူတို့မှာ ရေဝိညာဉ်ကြောအမတတွေ ရှိပြီး သူတို့ဘာသာ ဖြေရှင်းနိုင်တယ်

နန်းတော်က လူနည်းပြီး မစီမံနိုင်ဘူးလား။ ကိစ္စမရှိဘူး... သူတို့ လူအများကြီး ခေါ်လာတာမို့ သူတို့ကို ခိုင်းလို့ရတယ်။

ဒါကြောင့် လူတိုင်း အမတမျှော်နန်းတစ်ခုလုံးမှာ ပျားပန်းခတ်ပြေးလွှားနေကြသူတွေက တခြားနန်းတော်တွေက အမတအစောင့်တွေဆိုတာ ထူးဆန်းစွာနဲ့ နားလည်သွားကြတော့တယ်။ မသိရင် ဒီနေ့တော်ဝင်ထီးနန်းတက်ပွဲမှာ ပါဝင်သူက သူတို့ဧကရာဇ်ကျနေတာပဲ။ သူတောင်...။

"အာ အဲဒါမှန်တယ်... ဟေး ကြက်"

"ကြက် ဒီမှာ" ချူရွှမ်က ချက်ချင်း အနားတိုးလာတယ်။

"ဘာကိစ္စရှိလို့လဲ ဟုန်အာ"

"အနောက်နန်းတော်ရဲ့ အင်းကွက်အစီအရင်က လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်မတို့တပည့်တွေ ဖျက်ဆီးတာခံလိုက်ရပြီး အပေါက်ကြီးတစ်ခု နန်းတော်ထဲ ပေါ်လာတယ်၊ ပြင်ဖို့လိုပေမဲ့ ကျွန်မက အရမ်းအလုပ်များနေတော့..."

"ကိစ္စမရှိဘူး၊ ကိုယ့်တာဝန်ထားလိုက်" သူက အဲလိုပြောပြီး ဘေးက သစ်ပျဉ်ကို အလိုလိုသယ်မိကာ ပျံသန်းသွားလေတယ်။

နန်းတော်ထဲ ထိုင်နေသော တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

ဒါတွေက တကယ်ပဲ ကြည်ညိုခံရတဲ့ ဧကရာဇ်တွေ ဟုတ်ရဲ့လား။ ဒီတပည့်တွေက ဘာလို့ သူတို့ကို အဲလောက်လည်ပတ်စွာနဲ့ ဟိုဟိုဒီဒီခိုင်းနေတာလဲ။ ပြီးတော့ သူတို့ချီးကျူးခံလိုက်ရသလို အဲဒီစိတ်လှုပ်ရှားနေတဲ့ အမူအရာတွေကရော ဘာတုံး။

သူတို့တွေ ကျိန်းသေပေါက် မျက်လုံးမှားဖွင့်မိထားတာပဲဖြစ်ရမယ်

...

အခန်း ၂၂၄ ။ ပျော်ရွှင်စရာတက်လှမ်းမှု

နန်းတက်ပွဲတစ်ခုလုံး ပျားပန်းခတ်လှုပ်ရှားနေတယ်။ တိုင်းပြည်ဧကရာဇ်တွေ ထိုင်နေလေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ ဒီအပြင်မှာ အလုပ်ကြိုးစားနေတဲ့လူအများစုက တခြားတိုက်ကြီးတွေက အမတအစောင့်တွေ။ ပြီးတော့ အမတဧကရာဇ်တွေကို ကူညီခိုင်းဖို့ ရံဖန်ရံခါ လာဝင်ပြောသူတွေလည်း ရှိတယ်။ တဖြည်းဖြည်းနဲ့ နန်းတော်ထဲကျန်ခဲ့တာက ဘာမှလုပ်စရာမရှိတဲ့ တိုင်းပြည်ဧကရာဇ်တွေ။ အဲအချိန်အတောအတွင်း သူတို့မသက်မသာ ဖြစ်လာပြီး တစ်ခုခုလွဲနေသလိုမျိုးခံစားနေရတယ်။

သူတို့ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်မိနေပြီး နာရီအနည်းငယ် ဒီထူးဆန်းတဲ့ခံစားချက်တွေနဲ့ တိုက်ထုတ်နေရင်း နန်းတက်ပွဲက နောက်ဆုံးတော့စတင်ခဲ့ပြီ။

ဧကရာဇ်ယိချင်းက နောက်ဆုံးတော့ ဝင်လာပြီး သူ့ကို ကူညီဖို့ထွက်သွားတဲ့ အဇဋာဧကရာဇ်တွေက သူ့အနောက်ကနေ ပေါင်ဟွေ့ပြောတဲ့ ဧကရာဇ်ငယ်ကူယွဲ့နဲ့ လိုက်လာကြတယ်။ သူက အဇဋာဧကရာဇ်တွေနဲ့ အင်မတန်ရင်းနှီးပုံပေါ်ပြီး လမ်းလျှောက်နေတုန်း ပျော်ရွှင်နေတဲ့အမူအရာနဲ့ ဘေးက အဇဋာဧကရာဇ်တွေနဲ့ တစ်ခုခုဆွေးနွေးနေသေးတယ်။

အဇဋာဧကရာဇ်တွေအားလုံး ထိုင်ခုံဆီပြန်မှပဲ တိုင်းပြည်ဧကရာဇ်တွေ စိတ်အေးသက်သာရာ ရတော့တယ်။ တစ်ခဏတာ လူအုပ်ကြီးဘာပြောနေလဲဆိုတာ သူတို့ ခေါင်းမော့ ဂရုမစိုက်မိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ပြုစကားတွေပဲဟာ။ ဒါပေမဲ့ သူတို့ကို တစ်ချိန်လုံး ပြန်ဖြေတဲ့သူက ကူယွဲ့လို့ ခေါ်တဲ့ ဧကရာဇ်ငယ်ဖြစ်ပြီး ဧကရာဇ်ယိချင်းကတော့ တစ်လုံးမှဝင်မပြောဘူး။ ထူးဆန်းတာက အဇဋာဧကရာဇ်တွေအားလုံးက ဒါကိုရိုင်းတယ် မမြင်ဘဲ ပုံမှန်အတိုင်း ပြုမူနေကြတယ်။

တိုင်းပြည်ဧကရာဇ်တွေ ဘာမှမပြောနိုင်တော့ဘူး။ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို ထိပြီးတော့ ဒေါသလည်းထွက်သလို စိုးလည်းစိုးရိမ်တယ်။ ဒီဧကရာဇ်အသစ်က အတင်းအကြပ်ရော နားချတာနဲ့ပါ လှုပ်မရတာ အသိသာကြီး။ သူတို့ဘဝတွေတော့ အများကြီး ပိုကြမ်းတမ်းတော့မယ်ထင်တယ်။

အစောတုန်းက ယိချင်းက ဝူတိဂိုဏ်းမှာ တခြားတိုက်ကြီးတွေက တိုင်းပြည်ဧကရာဇ်တွေကို တိုက်ခိုက်ခဲ့တာမို့ သူ့ကိုမကျေနပ်တဲ့ တချို့တလေတော့ သေချာပေါက်ရှိမှာပဲ။ သူတို့ နန်းတက်ပွဲကို အသုံးချပြီး မီးလောင်ရာလေပင့်ကာ လက်စားချေချင်ခဲ့တာ။ ဒါပေမဲ့ အဇဋာဧကရာဇ်တွေအားလုံး ဒီရောက်လာမယ် မထင်ခဲ့ဘူး။ သူတို့ရဲ့ တက်ကြွနေတဲ့အပြုအမူတွေကလည်း ဧကရာဇ်နဲ့လုံးဝမတူဘဲ ဝူတိဂိုဏ်းရဲ့အမတအစောင့်နဲ့ ပိုတူနေတယ်။

သူတို့မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီး ဘာမှမပြောနိုင်တာ ရုတ်တရက်ကြီး အပြင်မှာ မှောင်လာတဲ့အထိပဲ။

နဂိုတုန်းက မသေမျိုးချီတွေနဲ့ ပြည့်လျှံနေတဲ့ နန်းတော်ကို ဆိုးညစ်တဲ့လေပြင်းဖြတ်တိုက်သွားတယ်။ တစ်ခဏအတွင်း ကောင်းကင်ကမှောင်မည်းလာပြီး အမည်းရောင်အရှိန်အဝါက ကောင်းကင်တံခါးကနေ လေနဲ့ပါလာကာ တိုင်းပြည်ဧကရာဇ်တွေကိုတောင် ကြက်သီးထသွားစေခဲ့တယ်။

ဒါက...။

"နတ်ဆိုးချီပဲ" တိုင်းပြည်ဧကရာဇ်တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ပျားပန်းခတ်ဆူညံနေတဲ့ နန်းတော်က ရုတ်တရက် တိတ်ဆိတ်သွားတယ်။

လူအုပ်ကြီးလှည့်ကြည့်လိုက်တော့ နတ်ဆိုးချီအုပ်လိုက်ကြီး ပျံသန်းလာပြီး တပည့်တစ်ယောက်က တင်ပြဖို့ အလျင်အမြန် ရောက်လာတယ်။

"ဂိုဏ်းချုပ်ကိုတင်ပြပါတယ်၊ နတ်ဆိုးဘုရင်နဲ့ သူ့ကောင်းကင်မိစ္ဆာဆယ်ယောက် ဒီရောက်နေပါတယ်"

နတ်ဆိုးဘုရင်

နန်းတော်ထဲက လူတွေအားလုံး အသက်ပြင်းပြင်း ရှူလိုက်ပြီး အဇဋာဧကရာဇ်၁၀ယောက်ရဲ့ အမူအရာတွေလည်း ဖြူဖျော့သွားကာ အပြင်က နတ်ဆိုးချီလှိုင်းကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေမိတယ်။ ထိုင်ပြီးပြုံးနေတဲ့ကူယွဲ့တောင် မျက်မှောင်ကြုတ်ပြီး ခဏနေတော့ လက်ယမ်းပြလိုက်တယ်။

"သူတို့ကို ဝင်ခွင့်ပြုလိုက်" သူတို့ပါ ဘာလို့ ဒီရောက်နေတာတုံး။

နတ်ဆိုးဘုရင် တကယ်ရောက်လာတာပဲ။ တိုင်းပြည်ဧကရာဇ်တွေ ပထမတော့ရင်ထိတ်သွားပြီး နောက်တော့ မျက်လုံးတွေဝင်းလက်သွားကာ လက်စားချေလိုက်ရတဲ့အတိုင်း ရင်ထဲမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြတယ်။ နတ်ဆိုးတွေက အဇဋာဧကရာဇ်နန်းတက်ပွဲအတွက် ရောက်လာတယ်။ ဒါက သူတို့အင်အားကို သရုပ်ပြတာ အသိသာကြီး။

ပေါ်ပင်လယ်က နတ်ဆိုးလောကအနီးမှာရှိနေပြီး ဒီနေ့က အမတဘုံအတွက် ကြီးကျယ်တဲ့နေ့။ အခု နတ်ဆိုးဘုရင်ကိုယ်တိုင် ရောက်လာတော့ ပဋိပက္ခတစ်ခု မဖြစ်ပွားဘူးဆိုတာ မဖြစ်နိုင်ဘူး။

ဟမ့် ဧကရာဇ်ယိချင်းက တခြားအဇဋာဧကရာဇ်တွေနဲ့ တည့်တော့ရော ဘာဖြစ်လဲ။ သူ ဘယ်လောက်ပဲ အင်အားကြီးကြီး နတ်ဆိုးလောကတစ်ခုလုံးကို တစ်ယောက်တည်းတော့ မတားနိုင်ပါဘူး။ အဲအချိန် ပေါ်ပင်လယ်ကို ကာကွယ်ရတဲ့လူတွေက သူတို့ပဲဖြစ်နေဦးမှာ။ ရန်သူက တံခါးဝရောက်နေတာတောင် သူက သူတို့ကို ဆိုးဆိုးရွားရွားဆက်ဆံပြီး သူ့ဂုဏ်သတင်း တည်ဆောက်ဖို့သူတို့ကို အသုံးချခဲ့တယ်။ သူ ဒါကိုဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့

တိုင်းပြည်ဧကရာဇ်တွေ ချက်ချင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ပြီး ဧကရာဇ်အသစ် သူ့ဘာသာ အရှက်ကွဲကာ သူတို့တွေဆုံးရှုံးထားတဲ့သိက္ခာပြန်အဖတ်ဆယ်နိုင်တော့မှာကို မျှော်လင့် စောင့်စားနေကြတယ်။ သူတို့အားလုံး နတ်ဆိုးချီထဲကထွက်လာတဲ့ ပုဂ္ဂိုလ်ဆယ့်တစ်ယောက်ကို အလိုလို လှမ်းကြည့်မိလိုက်တယ်။ သူတို့ နန်းတော်ထဲ ခပ်သုတ်သုတ် ဝင်လာတာကို မြင်လိုက်ရပြီး နောက်တော့...

နန်းတော်ထဲ သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြတယ်။

ဟမ်။

တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

အဇဋာဧကရာဇ်များ ။ ။ "..."

ဘာကြီးတုန်းဟ။

(゚Д゚≡゚Д゚)

"နတ်ဆိုးဘုရင် ကြီးမြတ်တဲ့နတ်ဒေဝါဆီ လာလည်ဖို့ သူ့ကောင်းကင်မိစ္ဆာဆယ်ယောက်ကို ခေါ်လာခဲ့ပါတယ်" နတ်ဆိုးဘုရင်က သူ့ရှေ့ကလူထံ လက်နှစ်ဖက်ထပ်မိုးကာ သုံးကြိမ် ဒူးထောက်လိုက်တယ်။ သူ့နောက်ကလိုက်လာတဲ့ ကောင်းကင်မိစ္ဆာတွေကလည်း အစီအရီ ဒူးထောက်ပြီး သူတို့အမူအရာတွေက အင်မတန် လေးစားမှုအပြည့်နဲ့။

"ဟေး ငမည်းလေး" ရှန်းရင် အသီးဝါးနေတာကနေ အချိန်ယူကာ သူ့ကို လက်ယမ်းပြနှုတ်ဆက်လိုက်တယ်။

"ထိုင်ဦး"

သူမ လှည့်ကြည့်လိုက်တော့ ထိုင်ခုံအလွတ် မရှိတော့တာမြင်လိုက်ရတယ်။

"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ရပ်ရတာ အတော်လေး ကောင်းပါတယ်၊ အတော်လေးကောင်းပါတယ်" နတ်ဆိုးဘုရင်က စပ်ဖြီးဖြီးလုပ်ပြီး ထရပ်ကာ ဘေးမှာ လိမ်လိမ်မာမာ သွားရပ်တယ်။ သူ့နောက်က ကောင်းကင်မိစ္ဆာဆယ်ယောက်ကလည်း ငုံးတွေလို လှုပ်ရှားကြပြီး သူ့နောက်မှာ အမြန်လိုက်ရပ်ကာ ခေါင်းတောင် မမော်ရဲကြ။

နန်းတော်ထဲက အငွေ့အသက်က ချက်ချင်း အနေရခက်သွားတယ်။

နတ်ဆိုးဘုရင်က မတ်တတ်ရပ်ရတဲ့ အပြစ်ဒဏ်တစ်မျိုးမျိုးကို စနက်ပျိုးလိုက်တဲ့ပုံပဲ။

ဒါကြောင့်... အဇဋာဧကရာဇ်တွေအားလုံး မတ်တတ်ရပ်လိုက်တယ်။ နတ်ဆိုးဘုရင်က မတ်တတ်ရပ်မှတော့ အမတနဲ့နတ်ဆိုးလောကကြားက ရင်းနှီးတဲ့ဆက်ဆံရေးကိုပြဖို့ သူတို့ပါရပ်ရမယ်။

နောက်တော့... တိုင်းပြည်ဧကရာဇ်တွေအားလုံး ထရပ်ကြတယ်။ အဇဋာဧကရာဇ်တွေက မတ်တတ်ရပ်နေပြီး သူတို့ကျင့်ကြံဆင့်က ပိုနိမ့်တဲ့အတွက် မတ်တတ်ရပ်ရမယ်။

နောက်တော့... ဂုဏ်ပြုတဲ့အမတတွေအားလုံး မတ်တတ်ရပ်ရတယ်။ တိုင်းပြည်ဧကရာဇ်တွေ မတ်တတ်ရပ်နေမှတော့ သူတို့ပါမတ်တတ်ရပ်ရမယ်။

တစ်ခဏအတွင်း နန်းတော်တစ်ခုလုံး မတ်တတ်ရပ်နေတဲ့လူတွေအပြည့်ဖြစ်သွားတယ်။ ထိပ်မှာ အသီးကိုက်စားနေပြီး တစ်ချက်လေးမှ မရပ်နားသွားတဲ့လူက လွဲပြီးပေါ့။ နန်းတော်တစ်ခုလုံးက တမြုံ့မြုံ့ ကိုက်ဝါးနေသံတွေနဲ့ အပ်ခိုးထပ်နေတယ်။ ဂျွတ်... ဂျွတ်... ဂျွတ်...။

သုံးမိနစ်အကြာ။

မြင်ကွင်းက သိပ်အနေရခက်လွန်းပြီး နတ်ဆိုးဘုရင်က ကြီးမြတ်တဲ့နတ်သမီးရဲ့ အပျော်ကို ဖျက်ဆီးမိမှာ ကြောက်လို့ထင် သူက ပါးစပ်ဟလာတယ်။

"ကျွန်တော် သတင်းကို လက်ခံရရှိပြီးတော့ ဒီကို ချက်ချင်းအပြေးလာခဲ့တာပါ၊ ကြီးမြတ်တဲ့နတ်သမီးကို ပျော်ရွှင်စရာတက်လှမ်းမှု ဖြစ်ပါစေ ဆုတောင်းပါတယ်" နတ်ဆိုးဘုရင်အပြုံးက ပိုတောင်တောင်ပလာပြီး လေးလေးနက်နက်အမူအရာနဲ့ သူမကို ချီးကျူးတော့တယ်။

"ကြီးမြတ်တဲ့နတ်သမီး ဒီလိုရာထူးကို လက်ခံရရှိတာ တကယ်ကို ထိုက်တန်တာပါပဲ၊ ပေါ်ပင်လယ်က ကြီးမြတ်တဲ့နတ်သမီးရဲ့ လမ်းညွှန်မှုအောက်မှာ သေချာပေါက် ပိုပြီးကြွယ်ဝလာမှာပါ၊ တကယ်လို့ အနာဂတ်မှာ နတ်ဆိုးလောကကနေ အကူအညီ လိုလာခဲ့ရင် ကျွန်တော်တို့ သေချာပေါက် ကြီးမြတ်တဲ့နတ်ဒေဝါအမိန့်တွေနားထောင်ပြီး မီးတောက်တွေကို ဖြတ်သန်း..."

"ငါပြောဦးမယ်... ငမည်းလေး" ရှန်းရင် သူ့ကိုကြားဖြတ်ပြောလိုက်တယ်။

"ငမည်းလေး ဒီမှာပါ"

"ဧကရာဇ်ဖြစ်လာတဲ့လူက ငါမဟုတ်ဘူး" သူမဘေးကလူကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲဒါ စားဖိုမှူးပဲ"

ငမည်းလေး ။ ။ "..."

အဇဋာဧကရာဇ်များ ။ ။ "..."

တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

Σ(°△°|||)

ဒါဆို သူက ဘယ်သူဧကရာဇ် ဖြစ်လာတာလည်းတောင်မသိဘဲ ဖားဖို့အပြေးလာခဲ့တာပေါ့။ နတ်ဆိုးလောကက ကိုယ်ကျင့်တရားမရှိတဲ့နေရာလား။

တိုင်းပြည်ဧကရာဇ်တွေအားလုံး ဇာတ်လမ်းက စိတ်ကူးယဉ်ပုံပြင်ဖြစ်လာတာလို့ ခံစားလိုက်ရတယ်။

ခဏနေပါဦး၊ တိုင်းပြည်ဧကရာဇ်တွေအားလုံး ကြောင်အမ်းကုန်တယ်။ ထိပ်မှာထိုင်နေသူက ဘယ်သူလဲ။ ဧကရာဇ်ယိချင်း မဟုတ်ဘူးလား။ ဘယ်ချိန်တုန်းက အဲမှာထိုင်နေတာလဲ။ ယိချင်းကရော သူ့နောက်မှာ ဘာလို့ သဘာဝကျကျအမူအရာနဲ့ ရပ်နေရတာလဲ။

နန်းတော်တစ်ခုလုံးကလူတွေကရော စီစဉ်ထားတာက လုံးဝပုံမှန်ဖြစ်နေတဲ့အတိုင်း ကန်းနေရတာလဲ။

အရေးကြီးဆုံးကတော့... ထိပ်မှာထိုင်နေသူက ယိချင်း မဟုတ်ဘဲ သူမဆိုတာ အခုမှ ဘာလို့နားလည်သွားခဲ့တာလဲ

w(゚Д゚)w

"စားဖိုမှူးဧကရာဇ်ကို ပျော်ရွှင်စရာတက်လှမ်းမှုဖြစ်ပါစေ ဆုတောင်းပါတယ်" ငမည်းလေးက လေသံပြောင်းပြီး ပြန်စတယ်။

"စားဖိုမှူးဧကရာဇ် ဒီလိုရာထူးကို လက်ခံရရှိတာ တကယ်ကို ထိုက်တန်တာပါပဲ၊ ပေါ်ပင်လယ်က စားဖိုမှူးဧကရာဇ်ရဲ့ လမ်းညွှန်မှုအောက်မှာ သေချာပေါက် ပိုပြီးကြွယ်ဝလာမှာပါ၊ တကယ်လို့ အနာဂတ်မှာ နတ်ဆိုးလောကကနေ အကူအညီလိုလာခဲ့ရင် ကျွန်တော်တို့ သေချာပေါက် စားဖိုမှူးဧကရာဇ်ရဲ့အမိန့်တွေနားထောင်ပြီး မီးတောက်တွေကိုဖြတ်သန်းကာ ကူညီပေးပါ့မယ်"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

အဇဋာဧကရာဇ်နှင့် တိုင်းပြည်ဧကရာဇ်များ ။ ။ "..."

အရှက်မရှိလိုက်တာ ဒီငနဲက နေရာမှာတင် စကားကို ပြောင်းပစ်တယ်။ သူပြောတဲ့ အဓိပ္ပာယ်က လုံးဝကိုအတူတူပဲ။ ပြီးတော့ စားဖိုမှူးဧကရာဇ်က ဘာတုံး။ သူက တစ်ဖက်လူနာမည်တောင် မသိတဲ့ပုံပဲ

နတ်ဆိုးလောကက ဒီကိုဟာသအဖြစ် လာတာမဟုတ်တာ သေချာရဲ့လား။

တိုင်းပြည်ဧကရာဇ်တွေအားလုံး သူတို့ခေါင်းထဲ တစ်စုံတရာ တလှုပ်လှုပ် ဖြစ်နေသလို ခံစားလိုက်ရတယ်။ အဲအခိုက်အတန့်မှာတင် အမတတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲဟာ ဘယ်တော့မှ ဖြစ်မလာဖို့များမှန်း သိလိုက်ရတယ်။ အနာဂတ်မှာ သူတို့ပြန်သွားပြီး ရိုးရိုးသားသားနေတာကောင်းမယ်။

သေစမ်း ပေါင်ဟွေ့ ဒါတွေအကုန် သူ့အပြစ်ပဲ။

နန်းတက်ပွဲတစ်ခုလုံး မထင်မှတ်ထားလောက်အောင် အေးအေးချမ်းချမ်းပြီးဆုံးသွားခဲ့တယ်။ သူတို့မပြန်ခင်ထိ တိုင်းပြည်ဧကရာဇ်တွေအားလုံး အူကြောင်ကြောင်ဖြစ်နေတာ။ သူတို့ လူအုပ်ကြီးရဲ့ အပြုအမူ သက်ရောက်တာခံလိုက်ရလို့လား မသေချာပေမဲ့ ယိချင်းရှေ့မှာ မရွှင်မပျဖြစ်တဲ့ အရိပ်အယောင် မပြရဲတော့ဘဲ အားလုံးအမြီးကုပ်နေကြတော့တယ်။ နဂိုက ပေါ်ပင်လယ်တစ်ခုလုံး ဧကရာဇ်ထိန်းချုပ်မှုအောက် ရှိနေခဲ့တာ။ ပေါင်ဟွေ့စကားကို နားထောင်ပြီး ပေါ်ပင်လယ်ရဲ့ အခုအခြေအနေက ပြောင်းလဲသွားမယ်လို့ ထင်ခဲ့မိတာ သူတို့ရူးနေခဲ့တာပဲဖြစ်ရမယ်။

...

အခန်း ၂၂၅ ။ ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြား

ညနက်ချိန်၊ အနောက်နန်းဆောင် မီးဖိုချောင်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အရင်က ကျွန်တော့်ကို စုံစမ်းခိုင်းထားတဲ့ ကိစ္စကို စုံစမ်းပြီးပါပြီ"

နတ်ဆိုးဘုရင်က အသံကိုနှိမ့်ကာ တည်ကြည်စွာပြောတယ်။

"မြန်လိုက်တာ" ကူယွဲ့က အံ့ဩတကြီးအမူအရာနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။

"ဘယ်လိုလဲ"

"ဧကရာဇ်ငယ်ရဲ့ခန့်မှန်းမှုက မှန်ပါတယ်၊ အရင်နတ်ဆိုးဘုရင်က အသက်ရှင်လောက်သေးတယ်"

နတ်‌ဆိုးဘုရင်က ခေါင်းညိတ်ပြီးဆက်ပြောတယ်။

"ကျွန်တော် နတ်ဆိုးလောကတစ်ခွင် ရှာကြည့်ဖို့ ကောင်းကင်မိစ္ဆာဆယ်ယောက်ကို လွှတ်လိုက်တော့ သူ့ကိုမြင်ဖူးတယ်လို့ ပြောတဲ့ နတ်ဆိုးတွေ တကယ်ကိုအများကြီးပဲ"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ အရင်က နတ်ဆိုးလောကရဲ့ ခပ်တုံးတုံး တခမ်းတနား ရှေးစာပေတွေကို မြင်ခဲ့ရတည်းက ကြိုးကိုင်သူက အရင်နတ်ဆိုးဘုရင် မဟုတ်ရင်တောင် သူနဲ့ အတော်လေးနီးစပ်မဲ့သူလို့ ခန့်မှန်းမိခဲ့တယ်။

"သူဘယ်မှာလဲ"

"မသိသေးပါဘူး" နတ်ဆိုးဘုရင်က ခေါင်းယမ်းတယ်။

"ကောလာဟလတချို့ပဲကြားဖူးတာပါ၊ ဒါပေမဲ့ နေရာတွေအားလုံးက ကွဲပြားတော့ တိကျတဲ့တည်နေရာမရှိပါဘူး၊ အမတဘုံမှာပုန်းနေခဲ့တဲ့ အဲဒီနတ်ဆိုးတွေကို စစ်ဆေးမေးမြန်းပြီးပါပြီ၊ ဒါပေမဲ့ သူတို့စကားအရတော့ လွန်ခဲ့တဲ့ နှစ်သိန်းချီတည်းက အရင်နတ်ဆိုးဘုရင်နဲ့ အဆက်အသွယ် ပြတ်သွားတာတဲ့၊ သူတို့က နတ်ဆိုးလောကရဲ့ နတ်ဆိုးဘုရင် ပြောင်းသွားတာတောင် မသိကြဘူး၊ ကျီချန်လို့ခေါ်တဲ့ ကောင်းကင်မိစ္ဆာလည်း အတူတူပါပဲ"

အင်း၊ ဒါက ခက်ခဲတာပဲ။ ကူယွဲ့မျက်ခုံးတွေ ပိုတောင်ကြုံ့သွားခဲ့တယ်။ တကယ်လို့ ငမည်းလေတောင် သူ့ကို ရှာမတွေ့ရင် တခြားသူတွေအတွက်ဆို ပိုတောင်ခဲယဉ်းမှာပဲ။

"နင် ဒါဆို ဘယ်လိုနတ်ဆိုးဘုရင် ဖြစ်လာတာလဲ"

ရှန်းရင်က ရုတ်တရက် မေးလာတယ်။

နတ်ဆိုးဘုရင် တစ်ခဏမှင်တက်သွားပြီး သူမ ဘာလို့မေးလဲနားမလည်ပေမဲ့ အမှန်တိုင်းပဲ ဖြေလိုက်တယ်။

"ကျွန်တော်က အရင်နတ်ဆိုးဘုရင်ကို အနိုင်ရခဲ့တော့ နတ်ဆိုးဘုရင်အသစ်ဖြစ်လာတာပါပဲ"

သူက ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်တယ်။ နတ်ဆိုးတွေက အမြဲ ရိုးရှင်းတဲ့စည်းမျဉ်းတစ်ခုနဲ့ပဲနေကြတာ။ ဘယ်သူပိုပြီးအားကြီးကြီး နတ်ဆိုးဘုရင်ဖြစ်မယ်။

"အဲတုန်းက ကျွန်တော် သူ့ကို အသားကုန်ထုထောင်းခဲ့တော့ သေပြီထင်နေတာ၊ ဒါပေမဲ့ မထင်မိခဲ့ဘူး သူ..."

"ဒါဆို နင်က သူ့ကို နောက်ဆုံးမြင်ခဲ့တဲ့လူဆိုတဲ့ အဓိပ္ပာယ်ပေါ့"

အာ။ နတ်ဆိုးဘုရင် ကြောင်အမ်းသွားတယ်။

ကူယွဲ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်းနားလည်သွားတယ်။ သူ ငမည်းလေးကို ဆွဲခေါ်ပြီး မေးလိုက်တယ်။

"နှစ်ယောက်သား ဘယ်မှာတိုက်ခိုက်ခဲ့ကြတာလဲ"

"နတ်ဆိုး‌လောကထဲက ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနားမှာပါ၊ အဲတုန်းက ကျွန်တော်တို့ ကျင့်ကြံဆင့်တွေက ဆင်တော့ ၇ရက်၊ ၈ရက် တိုက်ခိုက်ခဲ့ရတယ်၊ နောက်ဆုံးတော့ အားကုန်သုံးပြီး သူ့နတ်ဆိုးဝိညာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာပေါ့၊ သူက ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနား ကျသွားပြီး သေသင့်ပြီ...၊ သူအဲမှာ ပုန်းနေတာများ ဖြစ်နိုင်လား"

"ပျော်ရွှင်ဖွယ်သံစဥ်တောင်ကြားက ဘယ်မှာလဲ" သူ့ခန့်မှန်းချက်သာ မမှားရင် အရင်နတ်ဆိုးဘုရင်က အဲတုန်းက သေချင်ယောင်ဆောင်နေခဲ့တာပဲ။

"ပျော်ရွှင်ဖွယ်နတ်ဆိုးတောင်ကြားက နတ်ဆိုးလောကရဲ့ အရှေ့ပိုင်းဒေသထဲက အစွန်အဖျားနားမှာပါ"

အဲတုန်းက သူတို့ နတ်ဆိုးလောကကို ဖျက်ဆီးမိမှာကြောက်လို့ အဲမှာတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြတာပဲ။

"ငါတို့ အခု အဲကိုတစ်ချက်ကြည့်ဖို့ သွားရအောင်"

"ကောင်းပါပြီ" နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြီး နှစ်ယောက်သား ထွက်ခွာဖို့လုပ်လိုက်ကြတယ်။

"ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ" ရင်းနှီးနေတဲ့အသံတစ်သံက သူတို့နောက်ကထွက်လာတယ်။

တံခါးအပြင် ခြေတစ်လှမ်းရောက်နေပြီဖြစ်တဲ့ ကူယွဲ့က ချက်ချင်းပြန်လှည့်လာပြီး မျက်နှာအမူအရာက မည်းမှောင်နေတယ်။ သူက ထိုင်ခုံပေါ်ပျင်းတိပျင်းရွဲ လှဲနေသေးတဲ့လူကိုဆွဲခေါ်ပြီး ပြောလိုက်တယ်။

"မင်းလည်း ငါတို့နဲ့လိုက်ခဲ့"

"ဒါပေမဲ့ ဆရာက..."

"မင်းရောပဲ" သူက ကျောက်ပုစွန်အစပ် ပန်းကန်ကို ကိုင်ထားတဲ့လူကို လှည့်ပြောလိုက်တယ်။

ယိချင်း ။ ။ "..." ဒါပေမဲ့ ဆရာက သူ့အဆာပြေတောင် မစားရသေးဘူးမလား။

ရှန်းရင် ။ ။ "..." သေစမ်း၊ ငါဘာမှမပြောလိုက်သင့်မှန်း သိသားပဲ။

ငမည်းလေး ။ ။ "..." ဒီဧကရာဇ်ငယ်ကူယွဲ့က ကြီးမြတ်တဲ့နတ်သမီးထက် ပိုသန်မာပုံပေါ်တယ်၊ နောက်ထပ်မှီခိုစရာ ကျောထောက်နောက်ခံပဲ

(⊙ o ⊙)

——————

သုံးရက်အကြာ၊ နတ်ဆိုးဘုံ ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားအနီး။

ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားနာမည်က ကျဉ်းမြောင်းတဲ့လျှိုမြောင်တွေ အများကြီးရှိပြီး တစ်ခုက အဆုံးမဲ့လို့ပဲ။ တကယ်လို့ လူတစ်ယောက်က အဲလျှိုရဲ့အဆုဲးထိပျံသန်းသွားဖို့ဆို လေးနာရီခြောက်နာရီလောက် ကြာလိမ့်မယ်။ ပြီးတော့ တောင်ကြားထဲ လေပြင်းတွေရှိတယ်။ လေတိုက်တိုင်း တောင်ကြားတစ်ခုလုံးက သံစဉ်အမျိုးမျိုး ထွက်လာပြီး တောင်ကြားတစ်ခုလုံး သံစဉ်တစ်မျိုးက ပဲ့တင်ထပ်နေတာကြောင့် ပျော်ရွှယ်ဖွယ်တောင်ကြားဆိုတဲ့နာမည်ကိုရခဲ့တာပဲ။

ဒါက နတ်ဆိုးလောကရဲ့အစွန်အဖျားပဲ။ တကယ်လို့ သူတို့ အရှေ့ဘက်ခြမ်းဆီ ဆက်သွားရင် အနိစ္စမြေပြင်ဆီ ရောက်လိမ့်မယ်။ ဒီနေရာက နတ်ဆိုးချီတွေ ပေါကြွယ်ဝပြီး ဘာမှမပေါက်တဲ့နေရာဖြစ်ကာ ဒီနဲ့မိုင်ထောင်ချီအတွင်း ဘယ်သူမှမနေဘူး။ ဒီတစ်လျှောက်လုံးမှာ နတ်ဆိုးတစ်ယောက် ခြေချတယ်ဆိုတာ ရှားတယ်။ နတ်ဆိုးဘုရင်က အရင်နတ်ဆိုးဘုရင်ကျန့်ထင်ရဲ့ နတ်ဆိုးဝိညာဉ်ကို ဖျက်ဆီးပြီး သေပြီလို့မထင်ခင် အနက်ရှိုင်းဆုံးလျှိုမြှောင်ထဲ ထိုးသွင်းခဲ့တာ။

ဒါပေမဲ့ ကြည့်ရတာတော့...။

"ဒါ... မင်းပြောတဲ့ လူမနေဘူးဆိုတာလား"

ကူယွဲ့နှုတ်ခမ်းတွန့်ချိုးသွားပြီး ဝူတိနန်းတော်ထက်တောင် ကြီးတဲ့ နတ်‌ဆိုးမြို့ကို လက်ညှိုးထိုးလိုက်တယ်။

ငါ့ခြေထောက်ကို လူမနေတာ တောင်ကြားရဲ့အောက်ခြေမှာသောက်ကျိုးနည်း နတ်ဆိုးမြို့ရှိနေတာလေ ဒီပုဂ္ဂိုလ်တွေအားလုံးက အမတဖြစ်နိုင်လား။ သောက်ကျိုးနည်း ဟင့်အင်းပေါ့။

နတ်ဆိုးဘုရင်လည်း ဇဝေဇဝါဖြစ်သွားတယ်။ သူလည်း တောင်ကြားအောက်ခြေမှာ ဒီလိုနတ်ဆိုးမြို့ကြီး ရှိနေခဲ့တာမသိဘူး

"ကျွန်တော်... ကျွန်တော်လည်း ဘာဖြစ်နေမှန်းမသိဘူး" နတ်ဆိုးဘုရင် မှင်တက်နေတဲ့ အမူအရာနဲ့ သူ့ရှေ့ကနတ်ဆိုးမြို့ကို ကြည့်နေမိတယ်။ သူ့ခြေထောက်တွေ ပျော့ခွေပြီး အသည်းအသန် ရှန်းရင်ခြေထောက်ကို ဖက်တော့တယ်။

"ကြီးမြတ်တဲ့နတ်သမီး ကျွန်တော့်ကိုနားထောင်ပါ၊ တကယ်သာသိခဲ့ရင် ဒီနေရာကို ခေါ်လာခဲ့မှာ မဟုတ်ပါဘူး"

"တော်လောက်ပြီ" ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ဒီအသုံးမဝင်တဲ့သူကိုကြည့်ပြီး ချွဲပြီးတော့များ နတ်ဆိုးဘုရင် ဖြစ်လာလားပဲ။

"မြို့ထဲဝင်ကြည့်ကြရအောင်၊ ကျန့်ထင်ဆိုတဲ့လူက မြို့ထဲမှာဖြစ်နိုင်ခြေများတယ်"

"ခဏစောင့်ပါဦး" သူတို့မြို့ထဲဝင်တော့မှာကိုမြင်တော့ နတ်ဆိုးဘုရင်က ပျာပျာသလဲ အဆောင်နက်တချို့ထုတ်လာတယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒါက ကျွန်တော်ပြင်ဆင်ထားတဲ့ နတ်ဆိုးစုဝေးအဆောင်ပါ၊ ခန္ဓာကိုယ်ပေါ် ပတ်ဝန်းကျင်က နတ်ဆိုးချီတွေ စုဆောင်းနိုင်ပါတယ်၊ အဲလိုဆိုတခြားသူတွေက ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ပေါ်က မသေမျိုးချီတွေကို မြင်ရတော့မှာမဟုတ်ဘူး"

တကယ်လို့ အမတတစ်ယောက်က နတ်ဆိုးမြို့ထဲဝင်သွားရင် မီးထွန်းထားတဲ့မီးအိမ်လိုမျိုး ဘယ်နတ်ဆိုးမဆို သူတို့ကိုတစ်ချက်တည်းနဲ့မြင်နိုင်လိမ့်မယ်။ တကယ်လို့ကျန့်ထင်သာ မြို့ထဲ တကယ်ရှိနေရင် သတိပေးလိုက်သလိုဖြစ်သွားမှာ။

"ကောင်းပြီ ကျေးဇူးပါ" သုံးယောက်သား အဆောင်ကို လက်ခံပြီး ကူယွဲ့ ချက်ချင်း သူ့ကိုယ်ပေါ်ကပ်လိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ သိပ်မကြာခင် သူက နတ်ဆိုးဘုရင်လိုမျိုး ခန္ဓာကိုယ်‌မှာ အနက်ရောင်နတ်ဆိုးချီတွေ ဝိုင်းရံတာခံလိုက်ရလေတယ်။

ရှန်းရင် သိချင်စိတ်နဲ့ သူတို့နှစ်ယောက်လို လိုက်တုပပြီး သူမရင်ဘတ်ပေါ် အဆောင်ကို ရိုက်ကပ်လိုက်တယ်။ တစ်ခဏနေတော့ အမည်းရောင်ချီမျှင်တန်းတွေက တစ်စုံတစ်ရာ ဆွဲဆောင်တာ ခံလိုက်ရသလိုမျိုး သူမနားစုဝေးလာကြတယ်။ ထူးဆန်းတာက နတ်ဆိုးချီတွေက ကူယွဲ့နဲ့ ယိချင်းကိုလိုမျိုး သူမနား တင်းတင်းကြပ်ကြပ် ကပ်တာမဟုတ်ဘဲ တစ်စုံတစ်ရာကို ကြောက်နေသလိုမျိုး သူမနဲ့ တစ်မီတာအဝေးမှာရပ်သွားကြတယ်။ သူတို့က ရှေ့ဆက်တက်မလာဘဲ သူမနား တစ်မီတာပတ်လည်မှာဆက်လှုပ်ရှားနေတယ်။ သိပ်မကြာခင်ပဲ သူမကို တစ်မီတာရှည်တဲ့ ကြက်ဥနက်အဖြစ် ဝိုင်းပတ်ခံလိုက်ရတော့တယ်

"ပြီးပြီ" ရှန်းရင် ခေါင်းတညိတ်ညိတ်။

"ငါ့ခြေထောက်ကိုပြီး" ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူမ နတ်ဆိုးချီ မရှိချိန်တုန်းကထက်တောင် ပိုထင်သာနေတယ်။

"မင်းကန်းနေလား၊ ဒီပုံစံက ဘယ်နည်းနဲ့များ ပြီးတဲ့ပုံပေါ်လဲ"

"ဟိုက်ယား၊ အလုပ်ရှုပ်လိုက်တာ" ရှန်းရင် သက်ပြင်းချလိုက်တယ်။

"ငမည်းလေး ငါ့ကို နောက်တစ်ခုပေးပါလား"

"ကောင်းပါပြီ" နတ်ဆိုးဘုရင်က ချက်ချင်း သူမကိုနောက်ထပ်အဆောင်တစ်ခု ကမ်းပေးလေတယ်။

ရှန်းရင်က တုံ့ဆိုင်းမှုမရှိ သူမရင်ဘတ်ပေါ် ကပ်လိုက်တယ်။ နောက်တော့... ကြက်ဥက ပိုတောင် ကြီးလာသေးတယ်

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ငမည်းလေး ။ ။ "..."

သောက်ကျိုးနည်း။ ဘာလို့နတ်ဆိုးချီကပါ ရှန်းရင်နားမကပ်ရဲတာတုံး။ နတ်ဆိုးလောကက ဖြစ်တည်မှုတွေအားလုံး အဲလောက်တောင် ကြောက်တတ်ကြတာလား။

ကူယွဲ့ အသက်ပြင်းပြင်းရှူပြီးတဲ့နောက် ရှန်းရင်ဆီ လျှောက်လာကာ သူမရင်ဘတ်ပေါ်က အဆောင်နှစ်ခုကို ဆွဲဖြဲလိုက်တယ်။ နတ်ဆိုးချီကချက်ချင်းပဲ ပျောက်သွားတယ်။

"မင်း မလိုဘူး" သူမရဲ့တည်ရှိမှုပုံစံအရဆို ဘယ်လိုပဲဖြစ်ဖြစ် လူတွေ သတိထားမိဖို့က ခက်မှာပဲ။

"အိုး"

"ပြီးတော့လည်း ငါတို့မြို့ထဲဝင်ပြီးရင် နားဖို့နေရာရှာမယ်၊ မင်းနဲ့စားဖိုမှူးက အဲမှာနေပြီး ငါတို့ပြန်လာမှာကိုစောင့်၊ နားလည်လား"

"အိုး နင်တို့ဘာလုပ်မှာလဲ"

"တခြားဘာလုပ်ရမှာလဲ" ဒေါသက ကူယွဲ့ရင်ထဲ ရုတ်တရက် ပေါက်ကွဲတတ်လာတယ်။

"ငါတို့ အရင်နတ်ဆိုးဘုရင် ကျန့်ထင် ဘယ်နေရာမှာရှိလဲရှာဖို့လာတာမဟုတ်လား၊ သေချာပေါက် လိုက်မေးဖို့ပေါ့"

"အော် အသုံးဝင်ပါ့မလား"

"အသုံးမဝင်ရင်တောင် ကြိုးစားကြည့်ရမှာပေါ့ ကျန့်ထင်က ကောင်းကင်ကနေ မင်းပေါင်ပေါ် ဒီတိုင်းကျလာမဲ့မေတ္တာလက်ဆောင်လို့ ထင်နေ..."

ဘုန်း...။

သူ စကားတောင်မဆုံးခင် ကောင်းကင်နေ ပုဂ္ဂိုလိတစ်ဦးပြုတ်ကျလာပြီး သူတို့ရှေ့ ကျဆင်းကာ ချက်ချင်း တစ်မီတာနက်တဲ့ လူပုံစံတွင်းကြီး ဖြစ်သွားလေတယ်။ အမည်းရောင်ဝတ်ရုံနဲ့လူက တွင်းထဲလူးလှိမ့်နေပြီး လှည့်လာချိန်မှာတော့ ချောမောတဲ့မျက်နှာကို မြင်လိုက်ရတယ်။

"ကျန့်ထင်" ငမည်းလေးက အံ့ဩတကြီး ရေရွတ်တော့တယ်။

အိုး နတ်ဆိုးဘုရင်က တကယ်ပဲကောင်းကင်ကနေ ကျလာတာပဲ။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

All Chapters