← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

226

အခန်း ၂၂၆ ။ ကိုယ့်ကိုခွင့်လွှတ်ပေးပါ အချစ်လေး

"ငါ့... ငါ့ကိုထူပေးပါဦး" ကျန့်ထင်က တွင်းအောက်ခြေကနေ တုန်ယင်နေတဲ့လက်ကိုမြှောက်လာတယ်။

လေးယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ငမည်းလေးက ရှေ့တက်ကာ လက်ကိုဆန့် လူကို တွင်းထဲကနေ ဆွဲထုတ်ပြီးတော့... အလွယ်လေး ချည်နှောင်လိုက်တယ်။

"မင်းတို့ ဘာလိုချင်တာလဲ" ကျန့်ထင် ဖက်ထုတ်လိုချည်ခံရပြီးတဲ့နောက် တစ်ခုခု လွဲနေတာ သတိထားမိပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။

"မင်းတို့က ဘယ်သူလဲ၊ ငါ မင်းတို့ကို သတိပေးမယ်နော်၊ ငါ့ကိုလွှတ်ရင်လွှတ် မဟုတ်ရင် အကျိုးဆက်ခံစားရလိမ့်မယ်"

"ကျန့်ထင်၊ မင်းတကယ် အသက်ရှင်နေသေးတာပဲ" ငမည်း‌လေးက သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။ အဲဒါတင်မကဘူး သူ့ကျင့်ကြံဆင့်ကလည်း သိပ်မကျသွားသေးဘူး။

"မင်း..." ကျန့်ထင်က သူ့ကိုစိုက်ကြည့်ပြီးတော့ မျက်လုံးတွေပြူးသွားတယ်။

"လိယင်း မင်း ဘာလို့ ဒီရောက်နေတာလဲ" သူ့အမူအရာက အေးစက်လာပြီး စိုးရိမ်ကြောင့်ကြမှုနဲ့ ပြောတယ်။

"ငါမင်းကို နတ်ဆိုးဘုရင် ရာထူးပေးပြီးပြီပဲ၊ ဘာလိုချင်သေးတာလဲ"

"ဖွီ" ငမည်းလေး သူ့ကိုဒေါသတကြီးကြည့်တော့တယ်။

"နတ်ဆိုးဘုရင်ရာထူးက ငါ့အရည်အချင်းနဲ့ငါ အနိုင်ရခဲ့တာ အသိသာကြီး၊ ဘယ်သူက မင်းကို ငါ့ကို ပေးစေချင်လို့လဲ"

"ဒါဆို ဘာလို့ငါ့ကိုချည်ထားတာလဲ၊ ငါက အခု ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားမှာ သီးခြားနေနေတဲ့ သာမန်နတ်ဆိုးပဲ၊ ငါက မင်းအတွက် ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး"

"စိတ်အေးအေးထား ငါတို့မင်းကို ဘာမှမလုပ်ဘူး၊ ကြီးမြတ်တဲ့နတ်သမီးက မင်းကို မေးခွန်းတချို့မေးချင်ရုံပဲ" သူက ခက်ထန်စွာပြောလိုက်တယ်။

"မင်း အမှန်တိုင်းဖြေရင်တော့ ကောင်းမယ်"

"ကြီးမြတ်တဲ့နတ်သမီးလား" ကျန့်ထင်က တစ်ခဏ မှင်တက်သွားပြီးတော့ တခြားသူတွေကို ကြည့်လိုက်တယ်။

"ဘာမေးခွန်းတွေလဲ"

"နတ်ဆိုးလောကရဲ့တံခါးကို ဖွင့်ဖို့ လူတွေလွှတ်ခဲ့တဲ့ မင်းအစီအစဉ်နဲ့ ပတ်သက်ပြီး" ကူယွဲ့က ရှေ့တက်လာကာ တင်းမာစွာ ပြောလိုက်တယ်။

ကျန့်ထင်က မျက်မှောင်ကြုတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ခေါင်းညိတ်လေတယ်။

"ရတယ်လေ၊ ငါ့မှာ ဘာမှဖုံးကွယ်စရာမှ မရှိတာ၊ မင်းတို့သိချင်တာ ဘာမဆို၊ ဒါပေမဲ့... ငါ့မှာ အခုအရေးကြီးကိစ္စ ရှိတယ်၊ မင်းတို့အားလုံး ငါ့ကို အရင်ပြန်သွားခွင့်ပေးရမယ်"

သူတို့တွေ တိတ်ကုန်ပြီး အနားက နတ်ဆိုးမြို့ကို တုံ့ဆိုင်းမှုတချို့နဲ့ လှည့်ကြည့်လိုက်တယ်။

"စိတ်အေးအေးထားစမ်းပါ" ကျန့်ထင်က မျက်ဆန်လှန်တယ်။

"သေချာပေါက် ငါထွက်မပြေးပါဘူး၊ မြို့က ရည်မှန်းချက်မရှိတဲ့ နတ်ဆိုးတွေနဲ့ ပြည့်နေတာ၊ သူတို့လည်း မင်းတို့ကို အန္တရာယ်မပြုနိုင်ဘူး"

လေးယောက်သား အချင်းချင်း ကြည့်လိုက်တယ်။ ငမည်းလေးကနောက်တော့ အနှောင်အဖွဲ့တွေကို ဖြေပေးပြီး အားလုံးမြို့ထဲတူတူမဝင်ခင် သူထွက်ပြေးမှာကိုတားဖို့ ဂါထာတစ်ခုရွတ်လိုက်တယ်။

သုံးယောက်သား မြို့ထဲဝင်လာပြီးတဲ့နောက်မှာတော့ ကျန့်ထင်က ဘာကြောင့် မြို့ထဲက နတ်ဆိုးတွေက သူတို့ကို အန္တရာယ်မပြုနိုင်ဘူးလို့ပြောလဲ နောက်ဆုံး နားလည်သွားခဲ့ပြီ။ ဘာကြောင့်လဲဆိုတော့ အားနည်းလို့ပဲ... လုံးဝကို အားနည်းလွန်းတာ။ လမ်းတစ်လျှောက်မှာ သူတို့ ပုံမှန်နတ်ဆိုးတချို့နဲ့ ကြုံခဲ့ပေမဲ့ ကောင်းကင်မိစ္ဆာ မရှိတာကို ‌မပြောနဲ့၊ သူတို့ထဲ အမြင့်ဆုံးက စတုတ္ထ ပဉ္စမအဆင့်လောက်ပဲ။ စိတ်တန်ခိုးအမတတစ်ယောက်က ဒီနတ်ဆိုးတွေအားလုံးကို သတ်နိုင်တဲ့အချိန် သူတို့ထဲ အားအနည်း‌ဆုံးက ဧကရာဇ်ငယ်ပဲ။

သူတို့အားလုံး ဒီလိုနတ်ဆိုးမြို့ကြီးထဲ အဆင့်နိမ့်နတ်ဆိုး‌အုပ်လိုက်ကြီး ရှိနေတာကို အတော်လေး အံ့ဩသွားခဲ့တယ်။ ကျန့်ထင်က အရမ်းကို အလျင်လိုနေတဲ့ပုံစံနဲ့ အင်မတန် ခပ်သွက်သွက်လျှောက်နေတယ်။

"အိုက်ယား မင်းတို့အားလုံး ပိုပြီးမြန်မြန် လမ်းလျှောက်လို့ရလား၊ ငါတို့ဒီလောက်နှေးနေရင် မှီတော့မှာ မဟုတ်ဘူး"

သူတို့တွေ အူကြောင်ကြောင်ဖြစ်ပြီး သူ့နောက်လိုက်ခဲ့တာ နန်းတော်ကြီးတစ်ခုဆီ ရောက်ခဲ့တယ်။ မြို့ထဲက အမည်းရောင် အဆောက်အဦအားလုံးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာက ဒီနန်းတော်က တကယ့်ကိုအဖြူရောင်ဖြစ်နေတာပဲ။

ကျန့်ထင်က နေရာနဲ့ အရမ်းကိုရင်းနှီးနေတဲ့ပုံပေါ်ပြီး သူတို့ကို အကျွမ်းတလည်ခေါ်သွားတာက... နောက်ဖေးပေါက်ကနေတဲ့

-_-|||

သူတို့ အမည်မသိပန်းတွေနဲ့အပြည့် ဥယျာဉ်ကို ဖြတ်သန်းပြီး ကြည်လင်နေတဲ့ရေကန်ကို တစ်ပတ်ပတ်ကာ အဆောက်အဦလေးတစ်ခုရဲ့ နောက်ဖက်ဆီ ရောက်ခဲ့တယ်။ အဆောက်အအုံက အတော်လေး ခမ်းနားပြီး အတွင်းပိုင်းမှာ အဖြူရောင်ပိုးထည်တွေ တွဲကျနေကာ အဖြူရောင်အရှိန်အဝါက နေရာတစ်လျှောက် ရံဖန်ရံခါ ဖြတ်သန်းနေတယ်။

"ပတ်ဝန်းကျင်က..." ကူယွဲ့ မှင်တက်သွားပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

"ဟုတ်တယ် မသေမျိုးချီပဲ" ယိချင်း ချက်ချင်း ခေါင်းညိတ်လိုက်တယ်။

သူတို့ မသေမျိုးချီက နတ်ဆိုးမြို့ထဲရှိနေတာကို ထိတ်လန့်ဖို့ အချိန်မရသေးခင် ကျန့်ထင်က အရှေ့ကိုမြန်မြန်လျှောက်သွားပြီး အဆောက်အအုံလေးရှေ့မှာ ရပ်လိုက်တယ်။ သူက တုံ့ဆိုင်းမှုမရှိ မြေကြီးပေါ်အမြန် ဒူးထောက်ပြီး စအော်တော့တယ်။

"အချစ်လေး ကိုယ်မှားသွားပါတယ်၊ ကိုယ်မင်းကို အာမခံသင့်ပါဘူး၊ ကိုယ် ကျင့်ကြံမှုကို ဂရုမစိုက်ဘဲ အေးအေးလူလူ လျှောက်မသွားသင့်ခဲ့ပါဘူး၊ ကိုယ် အငြင်းပွားမှုလေးတစ်ခုအပေါ် အဲနတ်ဆိုးလေးနဲ့ ရန်ဖြစ်ပြီး အနိုင်ကျင့်တာမျိုး မလုပ်သင့်ခဲ့ပါဘူး၊ ကိုယ့်တာဝန်တွေကို လျစ်လျူရှုပြီး မင်းအိမ်မှာပဲ နေဖို့ မတွေးခဲ့သင့်ပါဘူး၊ ဘေးအိမ်က နတ်ဆိုးလေး မင်းကိုကြည့်ရုံနဲ့ သတ်ချင်တာမျိုး မဖြစ်ခဲ့သင့်ပါဘူး၊ ကိုယ်တကယ်မှားသွားပါတယ်၊ ထပ်မလုပ်တော့ပါဘူးနော်၊ ကိုယ် အပြင်မှာ ၃ရက်တောင် ဒူးထောက်နေတာကို မြင်ပြီး ကိုယ့်ကိုဝင်ခွင့်ပေးလို့ရမလားဟင်"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ငမည်းလေး ။ ။ "..."

ဘာတုန်းဟ အဲတော့ သူ့မိန်းမကို တောင်းပန်ဖို့အတွက်နဲ့ အသည်းအသန် ပြန်ခဲ့တာပေ့ါ

"အချစ်လေး..."

ကျန့်ထင်က သွေးရူးသွေးတန်းနဲ့ ငယ်သံပါအောင် ငိုကြွေးပြီး တံခါးကို ‌ကုတ်ခြစ်နေပြီ။ သူ့စကားလုံးတွေက ချွဲပစ်နေချက်။

"မင်းကို မမြင်ရတာ ၃ရက်တောင်ရှိပြီမို့ အသည်းကွဲနေပြီ၊ အားလုံးက ကိုယ့်အမှားပါ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုဝင်ခွင့်ပေးပါလား၊ ကိုယ် အနာဂတ်မှာ ကလန်ကဆန် မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ ကျေးဇူးပြုပြီး ကိုယ့်ကို တွေ့ခွင့်ပေး..."

သူ စကားတောင်မဆုံးခင် မသေမျိုးချီအလင်းတန်းက အခန်းထဲကထွက်လာပြီး အောက်ကြမ်းပြင်ပေါ်က အဖြူရောင်ပိုးထည်ကို ထိန်းချုပ်ကာ ကျန့်ထင်ကို ရိုက်လေတယ်။ ရိုက်သံနဲ့အတူ သူက ခြံထဲပြန်ရိုက်ခတ်ခံလိုက်ရပြီး နှစ်ပတ်လိမ့်သွားလေရဲ့။

ထင်ရှားတဲ့လက်ဖဝါးရာကြီးက သူ့ချောမောတဲ့မျက်နှာပေါ် ပေါ်လာတယ်။ ကျန့်ထင်က ဒေါသမထွက်ဘဲ ဆုကြီး အပ်နှင်းခံရသလိုမျိုး မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ထရပ်ပြီး တံခါးဆီ ကဆုန်ပေါက်ပြေးလာကာ ပြောတော့တယ်။

"အချစ်လေး၊ မင်းနောက်ဆုံးတော့ ကိုယ့်ကို သတိထားချင်စိတ်ရှိပြီပေါ့ မင်း ကိုယ့်ကို ဂရုစိုက်သေးမှန်းသိသားပဲ၊ မင်းကိုယ့်ကို ခွင့်လွှတ်နိုင်သရွေ့ ကိုယ့်ကို ရိုက်သာရိုက်ပစ်ပါ၊ မထိန်းထားနဲ့"

သူက အဲလိုပြောပြီး သူ့မျက်နှာ နောက်တစ်ခြမ်းကို တံခါးနားပိုကပ်လိုက်တယ်။

အားလုံး ။ ။ "..." သောက်ကျိုးနည်းငကြောင်ပဲ

ချက်ချင်း အိမ်ထဲကလူက ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့် မသေမျိုးချီရှိနေလဲ သူတို့အားလုံး နားလည်သွားခဲ့တယ်။ သူတို့ခေါင်းထဲပေါ်လာတဲ့ တူညီတဲ့စကားလုံးက - ကွေ့ဟွား။

"တခြားသူရှိနေတာလား" အတော်လေး အေးစက်တဲ့အသံက အိမ်ထဲကနေ ထွက်လာတယ်။

ကျန့်ထင်က တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီး သူ့နောက် လိုက်လာတဲ့လူတွေရှိတာ ရုတ်တရက် သတိရသွားတယ်။ သူကတစ်ဖက်လှည့်ပြီး သူတို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီးမှ ပြန်ဖြေလိုက်တယ်။

"ထည့်ပြောဖို့မတန်တဲ့လူတချို့ပါပဲ၊ အချစ်လေး..."

သူက ရှင်းပြနေတုန်း တံခါးက ကျွီခနဲ ပွင့်လာတယ်။ ချက်ချင်းပဲ စောနကထက် ပြင်းထန်တဲ့ မသေမျိုးချီက သူတို့ဆီ ပြေးဝင်လာပြီး ပုဂ္ဂိုလ်တစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာတယ်။ အဖြူရောင်ဝတ်ရုံဆင်မြန်းထားပြီး မင်ရည်လိုဆံပင်နဲ့ သူမမျက်နှာမှာ အေးစက်တဲ့အမူအရာရှိပေမဲ့ ငေးငိုင်ရလောက်အောင် ချောမောကာ လူတွေကို တောင်ကြားသစ်ခွဆိုတဲ့ခံစားချက်မျိုး ပေးနေတယ်။ ရှင်းပြလို့မရတဲ့ အလေးအမြတ်ထားရတဲ့ ခံစားချက်မျိုး ဖြစ်ပြီး သူမက နတ်ဘုရားရဲ့ ပြီးပြည့်စုံတဲ့လက်ရာလိုမျိုး ဘယ်သူမှ သူမအပေါ် ဘာပြစ်ချက်မှ ရှာမရနိုင်ဘူး။

လေးယောက်လုံး မှင်တက်ကြောင်အမ်းကုန်ကြတယ်။ သူတို့ အလှရှင်တွေအများကြီး မြင်ခဲ့ဖူးပေမဲ့ သူမလောက် သဘာဝကျကျလှနေသူကိုတော့ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ မိန်းမဖြစ်တဲ့ ရှန်းရင်တောင် မှင်တက်မိနေပြီ။

"အချစ်လေး..." ကျန့်ထင်က ချက်ချင်း မျှော့လိုဖြစ်ပြီး တံခါးအတွင်းကလူကို တွယ်ကပ်တော့တယ်။ ဒါပေမဲ့ ရေခဲတမျှ စိန်းစိန်းဝါးဝါးအကြည့် ကြည့်ခံလိုက်ရတော့ နေရာမှာတင် သနားစရာအမူအရာနဲ့ ချက်ချင်း တောင့်ခဲသွားလေရဲ့။

"ငါပြောပြီးပြီ၊ ငါ့ရှေ့ထပ်ပေါ်မလာနဲ့တော့" အမျိုးသမီးက မဆိုစလောက် မျက်မှောင်ကြုတ်လိုက်တယ်။

"အချစ်လေး ကိုယ်တကယ်မှားသွားပါတယ်" ကျန့်ထင်က ငိုတော့မလိုအမူအရာနဲ့။

"ကျေးဇူးပြုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်၊ ကိုယ် အနာဂတ်မှာ မင်းပြောသမျှကို နားထောင်မယ်လို့ ကတိပေးပါတယ်၊ ကိုယ် မင်းကို မနက်ပိုင်းမှာ သေချာပေါက် မနှောင့်ယှက်တော့ပါဘူး၊ မင်းရပ်လို့ပြောရင် ကိုယ်ရပ်ပါ့မယ်၊ ကိုယ် မင်းပြောတဲ့အကြိမ်အတိုင်းလုပ်..."

သူ စကားမဆုံးခင် အမျိုးသမီးအမူအရာက လုံးဝမည်းမှောင်သွားပြီး လက်ကိုယမ်းကာ လေဂါထာတစ်ခုနဲ့ အဝေးကို ပစ်ထုတ်လိုက်လေတယ်။ ကျန့်ထင်ခမျာ မိုးကုပ်စက်ဝိုင်းပေါ်က အမည်းစက်လေးအဖြစ် ချက်ချင်းပျောက်သွားပြီး ခြံဝန်းထဲကနေ ပျောက်သွားတော့တယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ငမည်းလေး ။ ။ "..."

သူတို့... ခုလေးတင် ၁၈အထက် အကြောင်းအရာတွေ ကြားလိုက်ရတာလား။

…

227

အခန်း ၂၂၇ ။ နတ်ဆိုးတံခါးနောက်မှ အမှန်တရား

"နင်တို့အားလုံးက အမတလောကကလား" အမျိုးသမီးက သူတို့ကိုကြည့်ပြီး အံ့အားသင့်သွားတယ်။ နောက်တော့ စိတ်အနှောင့်အယှက်ဖြစ်ဟန် မျက်မှောင်ကြုတ်လေတယ်။

"ဘာလို့ နတ်ဆိုးလောကထဲ ရောက်နေကြတာလဲ"

သူတို့တွေက တစ်ခဏမှင်တက်သွားတယ်။ တစ်ချက်တည်းနဲ့ သူတို့ဘယ်သူဘယ်ဝါဆိုတာကို မြင်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူတို့အားလုံး တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ သူ ဘယ်လိုအရည်အသွေးနိမ့်တဲ့ အဆောင်တွေ သူတို့ကိုပေးထားတာတုံး။

ငမည်းလေး ။ ။ "..." ငါနဲ့မဆိုင်ဘူးလေ။ ငါလည်း သူဘယ်လိုပြောနိုင်လဲ မသိဘူးဟ။

"စိုးရိမ်စရာမလိုပါဘူး၊ ထိခိုက်စေလိုတာ မဟုတ်ဘူး" အမျိုးသမီးက သူတို့ကြောင့်ကြမှုကိုမြင်ပြီး ရှင်းပြတယ်။

"နတ်ဆိုးလောကထဲ ငါ့အပြင် တခြားအမတတွေရှိမယ်လို့မထင်မိခဲ့ဘူး"

သူမက လက်သိုင်းကွက်တချို့ ထုတ်ပြီး ဂါထာတချို့ကိုဖယ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာ သူမပတ်လည်က မသေမျိုးချီက ပိုပြီးတောင် ထူထဲလာကာ အကောင်အထည်ရှိတော့မဲ့အတိုင်းပဲ။

"အဇဋာဧကရာဇ်" ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်မိတယ်။ သူမမှာ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်ရှိလိမ့်မယ်လို့ သူ မထင်ခဲ့ဘူး။ သူမက သူတို့ရုပ်ဖျက်ထားတာကို မြင်နိုင်တာလည်း အံ့ဩစရာ မဟုတ်တော့ဘူး။

"ဖြစ်နိုင်တာကတော့ နင်တို့အားလုံး ငါ့ကို ကြားဖူးလောက်မှာပါ" သူမက သက်ပြင်းချပြီး ဖော်ရွေတဲ့အပြုံးပြုံးကာ ခပ်တိုးတိုးပြောလာတယ်။

"ငါက ကျိုးဟွား၊ ပေါ်ပင်လယ်ရဲ့အဇဋာဧကရာဇ်ပဲ"

ယိချင်း ။ ။ "..."

ရှန်းရင် ။ ။ "..."

ငမည်းလေး ။ ။ "..."

ပေါ်... ပင်လယ်

ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး စားဖိုမှူးကို ညွှန်ပြလိုက်တယ်။

"တိုက်ဆိုင်လိုက်တာ၊ သူလည်းပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ပဲ"

"..."

ပြီးတော့ ကွေ့ဟွားက ဘာဖြစ်သွားတာလဲ။ အခု သူက ဘာလို့ ကျိုးဟွားဖြစ်နေတာလဲ။ ကျန့်ထင်က စာမတတ်တဲ့သူလား။

"ဒါ..." ကျိုးဟွားက ထိတ်လန့်သွားတယ်။ သူမရှေ့တက်ပြီး ကူယွဲ့နဲ့ ယိချင်းရင်ဘတ်က အဆောင်တွေကို ဖယ်ပြီးတော့ သက်ပြင်းချလိုက်တယ်။

"ငါ အမတလောကကနေ ထွက်လာတာ နှစ်တွေအများကြီးကြာသွားခဲ့ပြီ၊ ပေါ်ပင်လယ်က အဇဋာဧကရာဇ် ပြောင်းလဲသွားပြီလို့ မထင်မိခဲ့ဘူး"

တစ်ကြိမ်တောင်မဟုတ် နှစ်ကြိမ်တောင်

"ဧကရာဇ်ကျိုးဟွား" ကူယွဲ့ ရှေ့တက်လိုက်တယ်။

"ဘယ်လိုလုပ် နတ်ဆိုးဘုံထဲ ရောက်နေတာလဲ၊ ဖြစ်နိုင်တာက... ကျန့်ထင်ရဲ့ လုပ်ရပ်လား"

"သူ့ကြောင့်ကြီးပဲတော့... မဟုတ်ပါဘူး" သူမက မျက်မှောင်ကြုတ်ပြီး အသေးစိတ်မပြောချင်ပုံပဲ။ သူမက သူတို့ကို ဘေးမှာထိုင်ခိုင်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"နင်တို့ နတ်ဆိုးလောကထဲ ဘယ်လို ဝင်လာတာလဲ၊ နတ်ဆိုးလောကကို ပိတ်လှောင်ထားတာ၊ အမတတွေ နတ်ဆိုးဘုံထဲ ဝင်မလာနိုင်သင့်ဘူးလေ"

သူတို့တွေ တိတ်ကုန်ကြပြီး ကူယွဲ့ နောက်ဆုံးတော့ ပြောလိုက်တယ်။

"အမတနဲ့နတ်ဆိုးကမ္ဘာက အခုတစ်ခုတည်းဖြစ်နေတာ... မသိဘူးလား"

"ဘာ" ကျိုးဟွား ထိတ်လန့်ပြီး ထိုင်ခုံကနေ ထခုန်မိသွားတယ်။ သူမ လက်သီးဆုပ်ပြီး အံ့ဩတကြီး ရေရွတ်တော့တယ်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ နတ်ဆိုးတွေက သေချာပေါက် မယုံရဘူးပဲ၊ အဲတုန်းက နတ်ဆိုးကမ္ဘာကနေ ကျူးကျော်မှာကို တားဆီးဖို့ပဲ၊ ငါ... ငါ ခု နတ်ဆိုးဘုရင်ကလည်း ရည်မှန်းချက်ကြီးသူ ဖြစ်မယ်မထင်ခဲ့ဘူး ငါတို့ လောကနှစ်ခုကြားက စစ်ပွဲကိုတားရမယ်"

သူမစကားပြောပြီးချိန် ငမည်းလေးက ဒူးပျော့ခွေသွားပြီး ထိုင်ခုံကနေ ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။

"ဟေးဟေးဟေး၊ အဲလိုအဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့၊ ကျုပ်က ဘယ်လိုလုပ် ရည်မှန်းချက် ကြီးရမှာလဲ၊ ဘာမှမှမလုပ်ခဲ့တာကို"

‌အကျိုးနည်းနော် ကြီးမြတ်တဲ့နတ်သမီး အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။ သူ တစ်ဖက်လှည့်ပြီး ရှန်းရင်ခြေသလုံးကို ဖက်လိုက်တယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ လောကနှစ်ခုပေါင်းတာက ကျွန်တော်နဲ့လုံးဝမဆိုင်ပါဘူး၊ ကျွန်တော့်ကို ယုံမှဖြစ်မယ်"

"ဒိုးစမ်း" သူ့နှာရည်က သူမခြေသလုံးပေါ် ကျတော့မယ်။

"နင်... နင်က နတ်ဆိုးဘုရင်ပဲ" ကျိုးဟွားက နောက်ဆုံးတော့ ငမည်းလေးကို မှတ်မိသွားပြီး လေသံက အံ့အားသင့်သွားတယ်။

"အမှန်ပဲ၊ ငါက နတ်ဆိုးဘုရင်ငမည်းလေး၊ အချစ်နဲ့ ငြိမ်းချမ်းရေး စံနမူနာ၊ ငါသဘောကျတဲ့ ဝါသနာက ငြိမ်းချမ်းရေး၊ ‌အဖော်ရွေဆုံးပဲ၊ အမတတွေနဲ့ နတ်ဆိုးတွေကြား စစ်ပွဲစရဲတဲ့ဘယ်သူမဆို ငါ့ဆီကနေ ဖြတ်သွားရလိမ့်မယ်" ကြီးမြတ်တဲ့ နတ်သမီး၊ ကျွန်တော့်ရဲ့ ဖြူစင်တဲ့ အကြည့်ကို ကြည့်ပါဦး

(✿‿✿)

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဘယ်လိုပဲဖြစ်ဖြစ် မင်းက နတ်ဆိုးဘုရင်နော်၊ တန်ဖိုးလေးဘာလေး ရှိလို့ရမလား ရှက်ဖို့ကောင်းလိုက်တာ၊ ဒီငနဲကို မသိဘူးလို့ ဟန်ဆောင်လို့ရလားဟေ။

ကျိုးဟွား ။ ။ "..." နတ်ဆိုးအသစ်က လိယင်းလို့ခေါ်တာ မဟုတ်ဘူးလား။ နတ်ဆိုးဘုရင်ပါ ပြောင်းသွားတာလား။

"အာ၊ အဲဒါ..." ကူယွဲ့ ချောင်းဟန့်ပြီး နတ်ဆိုးဘုရင်ကို ဘေးဆီကန်ထုတ်လိုက်တယ်။

"စိုးရိမ်ဖို့မလိုပါဘူး၊ အမတနဲ့နတ်ဆိုးလောကက ငြိမ်းချမ်းနေပါတယ်၊ စစ်ပွဲရှိမှာမဟုတ်ဘူး"

ရှန်းရင်ရှိနေသရွေ့ အမတနဲ့နတ်ဆိုးလောကကို ခေါက်တုံ့ခေါက်ပြန်သွားတာက နိုင်ငံခြားခရီး သွားရသလိုပဲ ဖြစ်နေမှာ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်..."

သူမက မှင်တက်နေပြီး မတုံ့ပြန်နိုင်ဘူး။ အမတတွေနဲ့ နတ်ဆိုးတွေက တိုက်ခိုက်ကြတာ အတော်ကို ကြာနေပြီဖြစ်ပြီး သေရင်တောင် အလျှော့ပေးကြမှာ မဟုတ်ဘူးလေ။ တစ်နေ့မှာ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။

"ဧကရာဇ်ကျိုးဟွား၊ ကျုပ်တို့ ဒီရောက်နေတဲ့ အကြောင်းရင်းက နတ်ဆိုးလောကနဲ့ ပတ်သက်တဲ့ တံခါးကိစ္စပါ၊ အရင်နတ်ဆိုးဘုရင်ကျန့်ထင်ကို မေးချင်တဲ့ကိစ္စတချို့ရှိလို့ပါ"

ကူယွဲ့ တခဏစဉ်းစားပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ‌အမှန်တိုင်းပြောပြလိုက်တယ်။

"နတ်ဆိုးလောကဆီတံခါးလား"

ကူယွဲ့ထင်လိုက်တာ သူမအလွယ်တကူ သဘောမတူလောက်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူမ နတ်ဆိုးလောကထဲ နေခဲ့တာက သေချာပေါက် ကျန့်ထင်ကြောင့်ဖြစ်လိမ့်မယ်။ တခဏစဉ်းစားပြီးတော့ သူထပ်ပြောလိုက်တယ်။

"‌အမတနဲ့ နတ်ဆိုးလောက တစ်ခုတည်း ပေါင်းစည်းသွားရတဲ့ အကြောင်းရင်းက ကျန့်ထင် အမတလောကမှာ ချန်ထားခဲ့တဲ့ နတ်ဆိုးလောကဆီတံခါးနဲ့ ချိတ်ဆက်နေတယ်ထင်လို့ပါ၊ ဒါကြောင့်..."

"ကောင်းပြီလေ" အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူမက အဆင်သင့်သဘောတူတယ်။ တစ်ဖက်လှည့်ကာ တံခါးကိုကြည့်ပြီး အေးစက်စက် အော်လိုက်လေတယ်။

"အထဲဝင်လာခဲ့"

"ကောင်းပါပြီဗျ၊ လာပါပြီ လာပါပြီ" ကျန့်ထင်က ချက်ချင်း အခန်းထဲဝင်လာပြီး တောက်ပစွာ ပြုံးတော့တယ်။

"အချစ်ကလေး၊ မင်းကိုယ့်ကို နောက်ဆုံးတော့ တွေ့ချင်ပြီပေါ့၊ မင်း ဂရုစိုက်သေးမှန်း ကိုယ်သိ..."

"ပါးစပ်ပေါက်ပိတ်"

"အိုး" ကျန့်ထင်က ချက်ချင်းပဲ ဝမ်းနည်းနေတဲ့ငုံးလို ဖြစ်သွားတယ်။

ကျိုးဟွားက သူ့ကိုဂရုတောင်မစိုက်ဘဲ သူတို့ကို လှည့်ကြည့်တယ်။

"နင်တို့မေးစရာရှိတာ မေးလိုက်ကြပါ" သူက အဲလိုပြောပြီးတော့ ကျန့်ထင်ကို စူးခနဲကြည့်တယ်။

"သူတို့ကို သေချာဖြေပေးလိုက်"

"ကောင်းပါပြီအချစ်၊ ကိစ္စမရှိပါဘူး အချစ်" ကျန့်ထင်က ပိုတောင်မတ်မတ်ရပ်ပြီး တတ်နိုင်သမျှ လိမ္မာ‌ပြနေတယ်။ သူက နောက်တော့ သူတို့ကိုလှည့်ကြည့်ပြီး အမူအရာက ချက်ချင်းပဲ ဗိုလ်ကျတဲ့ နတ်ဆိုးဘုရင်ပုံစံ ပြောင်းလဲသွားတယ်။ အနာအဆာကင်းမဲ့တဲ့ ပြောင်းလဲမှုပဲ။

"ဘာလဲ မြန်မြန်ပြော၊ ငါအလုပ်ရှုပ်နေတာ"

အားလုံး ။ ။ "..."

နတ်ဆိုးလောကက သေချာပေါက် စံမရှိတဲ့နေရာပဲ။

ကူယွဲ့က အမြန်ဆုံးတုံ့ပြန်ပြီး လေးနက်တဲ့လေသံနဲ့ မေးလိုက်တယ်။

"နတ်ဆိုးလောကဆီတံခါးက ခင်ဗျားဖန်တီးတာလား သိချင်တာပါ၊ ပြီးတော့ ဧကရာဇ်တက်လှမ်းမှုစင်‌မြင့်ပေါ်က တံခါးကိုဖွင့်တာက လောကနှစ်ခုကို ပေါင်းစပ်မယ်လို့ ဘယ်လိုသိတာလဲ၊ ပြီးတော့ ခင်ဗျားက ကျုပ်နဲ့ရှန်းရင်ကို ဒီလောကထဲဆွဲသွင်းခဲ့သူလား"

"ဘာဧကရာဇ်တက်လှမ်းမှုစင်မြင့်လဲ၊ ကမ္ဘာနှစ်ခုပေါင်းစပ်တာလား" ကျန့်ထင်ကြည့်ရတာ နားမလည်တဲ့ပုံ။

"နတ်ဆိုးလောကဆီတံခါးကို ဖန်တီးခဲ့သူက ငါဆိုတာအမှန်ပဲ၊ အဲတုန်းက နတ်ဆိုးလောကကို ပိတ်လှောင်ထားတော့ ကွေ့ဟွားနဲ့ငါက လောကနှစ်ခုရဲ့ ခြားနားတာ ခံခဲ့ရတယ်၊ ဒါကြောင့် စည်းချိပ်က အားပျော့နေတုန်း ပေါ်ပင်လယ်မှာ နတ်ဆိုးလောကဆီတံခါးကို ဖန်တီးဖို့ ငါ့နောက်လိုက်တွေကို ပို့ခဲ့တာပဲ"

"ပေါ်ပင်လယ်" ကူယွဲ့က မှင်တက်သွားပြီး ချက်ချင်း မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ မဖြစ်နိုင်တာ...။

"အမှန်ပဲ" ကျန့်ထင် ခေါင်းညိတ်ပြီး ဂုဏ်ယူစွာပြောတော့တယ်။

"အဲတုန်းက ကွေ့ဟွားက ပေါ်ပင်လယ်ရဲ့ဧကရာဇ်လေ၊ ဒါကြောင့် တံခါးကို သေချာပေါက် အဲမှာ တည်ဆောက်ရမှာပေါ့၊ တံခါးက တကယ်တော့ အထူးတလည် နေရာရွှေ့ပြောင်းအစီအရင်တစ်ခုပါပဲ၊ ပြီးတော့ အသုံးပြုဖို့ဆို တပ်ဆင်ဖို့လိုတယ်၊ ဒါကြောင့် နတ်ဆိုးလောကဆီတံခါးကို တည်ဆောက်ပြီးတာနဲ့ ငါအင်းကွက်ကို အသက်သွင်းပြီး သူမကိုခေါ်လာခဲ့တာ၊ ဟီးဟီးဟီး..."

"..." ဟိုလီရှစ် ထင်ထားတဲ့အတိုင်းပဲ၊ လုံးဝထင်ထားသလို ဒီရလဒ်က ဘာပါလိမ့်။

"ဒါဆို ခင်ဗျားပို့လိုက်တဲ့ နတ်ဆိုးတွေအားလုံးက နတ်ဆိုးလောကဆီတံခါးက လောကနှစ်ခုကို ချိတ်ဆက်ပေးမဲ့လမ်းကြောင်းလို့ ထင်နေရတာလဲ"

မဟုတ်ရင် ကျီချန်က တံခါးကိုဖွင့်ဖို့ သူ့အသက်ကို စွန့်စားခဲ့မှာမဟုတ်ဘူး။

"အော်၊ သူတို့အဲလိုထင်အောင် ငါလိမ်ခဲ့တာလေ" ကျန့်ထင်က ခပ်တည်တည်ပြန်ဖြေတယ်။ သူ့မှာ မဟာအကြံအစည်ကြီး ရှိတယ်လို့ သူတို့ထင်အောင် မလှည့်စားခဲ့ရင် ဘယ်သူက သူ့မိန်းမကိုကူရှာပေးဖို့ အမတလောကဆီသွားချင်မှာလဲ။

"တကယ်တော့ တံခါးက ဖွင့်တောင်ဖွင့်လို့မရဘူး"

"..." ‌သေစမ်း၊ ဒီကောင်က အရှက်မဲ့လိုက်တာဟ

အဲတော့ အမတလောကဆီ ကျူးကျော်ဖို့ အစီအစဉ်တစ်ခုလုံးက အစကတည်းက သူ့ဇနီးကို ကူရှာပေးဖို့အတွက် ရိုက်စားဖြစ်နေခဲ့တာလား။ သူတို့ရုတ်တရက် ဒီနှစ်တွေမှာ အမတလောကထဲ ကိုယ်ယောင်ဖျောက်ပြီး နတ်ဆိုးလောကဆီတံခါးကို ဖွင့်ဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေအားလုံးအတွက် ဖယောင်းတိုင် ထွန်းပေးချင်သွားတယ်။

ဒီမယားကြောက်က သေချာပေါက် ကြိုးကိုင်သူမဟုတ်ဘူး၊ သေချာပေါက်ပဲ။

"အဲတုန်းက... ငါတကယ်ပဲ နတ်ဆိုးလောကဆီတံခါးနဲ့ ဒီလောကဆီ ရွှေ့ပြောင်းခံခဲ့ရတာ" ကျိုးဟွားက ဝင်ရှင်းပြတယ်။

"တံခါးပေါ်မှာ ကိုယ်ယောင်ဖျောက်ဂါထာ ရှိပေမဲ့ တကယ်တော့ နေရာရွှေ့ပြောင်းအစီအရင်တစ်ခုပဲ၊ ပြီးတော့ ငါ့ကို ရွှေ့ပြောင်းပြီးတဲ့နောက် အသုံးဝင်မှု မရှိလောက်တော့ဘူး"

ကူယွဲ့ တိတ်သွားပြီး ပိုတောင်မျက်မှောင်ကြုတ်မိသွားတော့တယ်။ သူတို့ နတ်ဆိုးလောကဆီ တံခါးကို နှစ်ကြိမ်မြင်ဖူးတယ်။ သေချာပေါက် လောကနှစ်ခုကို ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းပဲ။ နောက်တော့ သူက လောကနှစ်ခုကိုတောင် ပေါင်းစည်းလိုက်တယ်။ ဒါပေမဲ့ ကျန့်ထင်မှာ သူတို့ကို လိမ်စရာ အကြောင်းရင်းမရှိဘူး။ တကယ်လို့ နတ်ဆိုးလောကဆီ ကနဦးတံခါးက နေရာရွှေ့ပြောင်းအစီအရင်တစ်ခုသာသာဆို တစ်ခုခုတော့ ကြားထဲမှာဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဘယ်သူက နတ်ဆိုးလောကဆီတံခါးကို ကလိနိုင်မှာလဲ။

ပြီးတော့ နတ်ဆိုးလောကဆီတံခါးက ပေါ်ပင်လယ်မှာပဲ တည်ဆောက်ထားတာ။ ဒါပေမဲ့ သူတို့ နတ်ဆိုးလောကတံခါးကို ပထမဆုံးမြင်ချိန် ဖုန့်ချန်က ဝူတိဂိုဏ်းမှာလေ။

သူတို့ ကိစ္စက ရှုပ်ထွေးသထက် ရှုပ်ထွေးလာတယ်ခံစားရပေမဲ့ သဲလွန်စတွေအားလုံးက ဒီကိုပဲ ဦးတည်နေတယ်။

တခဏတာ လူတိုင်းတိတ်ဆိတ်ကုန်တယ်။

"စားဖိုမှူး၊ နင်စာရွက်နဲ့ စုတ်တံယူလာလား" ရှန်းရင်က ရုတ်တရက်မေးလာတယ်။

"ဒါ..." ယိချင်းကြောင်အသွားပြီးမှ ခဏနေတော့ အဝတ်စဖြူနဲ့ အနက်ရောင်အရည်တစ်ပန်းကန် ထုတ်ပေးလိုက်တယ်။

"ဆရာ၊ အဝတ်စနဲ့ ပဲငံပြာရည်က အဆင်ပြေရဲ့လား" သူ ဒါတွေပဲ ယူလာခဲ့မိတာ။

"ပြေအောင် လုပ်မှာပေါ့" သူမ လှမ်းယူလိုက်ပြီး စားပွဲပေါ် နေရာချလိုက်တယ်။

"မင်းဘာလုပ်နေတာလဲ" ကူယွဲ့ သိချင်စိတ်နဲ့ မေးလိုက်ပေမဲ့ ရှန်းရင်ကမဖြေ။

ယိချင်း စုတ်တံတစ်ချောင်း ထုတ်ပြီး သူမဆီ ကမ်းပေးလိုက်တော့ အဝတ်ထည်ပေါ် တောင်ခြစ်မြောက်ခြစ်လုပ်ပြီး စုတ်တံကိုချကာ ပန်းချီကားကို ညွှန်ပြ မေးမြန်းလာတယ်။

"နင်တို့ ဒါကိုအရင်ကမြင်ဖူးလား"

လူတိုင်း ငုံ့ကြည့်လိုက်တော့ လိမ်ဖည်နေတဲ့ ဆွဲသီးတစ်ခု အဝတ်စပေါ်ဆွဲထားတာမြင်လိုက်ရတယ်။ ကြည့်ရတာ ဘယက်ခွက်နဲ့တူပုံပဲ။ ပုံစံက မြင်နေကျဆိုပေမဲ့ ကျောက်စိမ်းပေါ် ထူးဆန်းတဲ့ ပန်းပြောက်သဏ္ဌာန်ရှိနေတယ်။

ကျန့်ထင်မျက်လုံးတွေ ပြူးသွားလေရဲ့။

"ဒီပန်းပြောက်က..."

…

228

အခန်း ၂၂၈ ။ မိစ္ဆာနတ်ဘုရား၏ အမှတ်အသား

" ရဲ့ အမှတ်အသားပဲ" ကျန့်ထင်စကားမဆုံးခင် ငမည်းလေးက အံ့ဩတကြီးရေရွတ်နေပြီးပြီ။

"မိစ္ဆာနတ်ဘုရားအမှတ်အသားကဘာလဲ" ကူယွဲ့မျင်မှောင်ကြုတ်ပြီး မချင့်မရဲလေသံနဲ့ မေးလိုက်တယ်။

"မိစ္ဆာနတ်ဘုရားအမှတ်အသားဆိုတာ ကျွန်တော်တို့မျိုးနွယ်ရဲ့ စာချုပ်စည်းတံဆိပ်ပါ၊ စည်းတံဆိပ်က တစ်ယောက်ယောက် သူတို့ နတ်ဆိုးဝိညာဉ်နဲ့ ကျိန်ဆိုပြီး နတ်ဆိုးစာချုပ်ချုပ်မှ ပေါ်လာတာပါ၊ အမတတွေရဲ့ ကောင်းကင်တာအိုကျိန်ဆိုမှုလိုမျိုးပဲ စာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ မိစ္ဆာနတ်ဘုရား ချည်နှောင်တာခံလိုက်ရပြီ၊ မဟုတ်ရင် အမှတ်အသားက စာချုပ်ချုပ်သူကို ပိုပြီးကြီးမားတဲ့တန်ဖိုးပေးဆပ်ခိုင်းလိမ့်မယ်၊ ဒါပေမဲ့ နတ်ဆိုးစာချုပ်ချုပ်ဖို့ အနည်းဆုံး ကောင်းကင်မိစ္ဆာ ဖြစ်ဖို့လိုတယ်၊ မဟုတ်ရင် မိစ္ဆာနတ်ဘုရားက တုံ့ပြန်မှာမဟုတ်ဘူး"

"စာချုပ်လား" ကူယွဲ့ ဆွဲသီးပေါ်က အဆင်ပုံစံကို သေချာကြည့်လိုက်တယ်။

"ရှန်းရင် မင်းဒီအဆင်ကို ဘယ်မှာမြင်ဖူး... ခဏ ဒီဆွဲဘယက်က ဟွေ့လင်လည်ပင်းမှာ ဆွဲခဲ့တဲ့ တစ်ခုတော့ မဟုတ်ပါဘူးနော်"

"ဟုတ်တယ်" ရှန်းရင် သက်ပြင်းချလိုက်တယ်။

"ငါ-ိုး" တကယ်ကြီးပေါ့။

"မင်းထင်တာက... ဟွေ့လင်ကို အဲဆွဲဘယက်ပေးခဲ့တဲ့သူက သူနဲ့ နတ်ဆိုးစာချုပ် ချုပ်ခဲ့လို့ မင်းကို အဆွယ်အပွားနယ်ပယ်ထဲ ဆွဲသွင်းလို့ရတယ်ဆိုပြီးလား"

"စာချုပ်မဟုတ်ဘူး" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။

"လူကိုယ်တိုင်ပဲ"

"ဟမ် ဘာသဘောလဲ" သူ မတုံ့ပြန်နိုင်။

"ဘယ်လူ... မိစ္ဆာနတ်ဘုရား မိစ္ဆာနတ်ဘုရားက ဟွေ့လင်ကို ဆွဲကြိုးဘယက် ပေးခဲ့တယ်လို့ပြောနေတာလား" သူက ရုတ်ခြည်းထရပ်ပြီး ရှန်းရင်ကို မှင်တက်စွာကြည့်လိုက်တယ်။

တခြားသူတွေလည်း ထပ်တူထပ်မျှ ထိတ်လန့်နေခဲ့တယ်။

"အင်း" ရှန်းရင်က အမှုမထားသလို ခေါင်းညိတ်ပြီး ယိချင်းဘက် လှည့်လိုက်တယ်။

"နင်အသီးတွေ ယူခဲ့လား" တစ်ခုခု လိုနေတယ်လို့ သူမ ဆက်တိုက်ခံစားနေရတာ။

"ယူလာ... ပါတယ်" ယိချင်းက အလိုလို သူ့သိုလှောင်အိတ်ထဲ လှမ်းစမ်းလိုက်တယ်။

"ဒါမဖြစ်နိုင်ဘူး" ငမည်းလေးက အသည်းအသန် ခေါင်းညိတ်တော့တယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ မိစ္ဆာနတ်ဘုရားက ကျွန်တော်တို့မျိုးစုရဲ့ ရှေးအကျဆုံး ဘိုးဘေးပါ၊ နတ်ဆိုးလောကနဲ့ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကိုတောင် သူဖန်တီးခဲ့တာလေ၊ သူက ကောင်းကင်တာအို ဒါမှမဟုတ် ဖန်တီးမှုနတ်ဘုရားလိုမျိုးတောင်ပါ၊ သူက ဒဏ္ဍာရီတွေထဲပဲ ပေါ်လာဖူးတာ၊ သူတကယ်ရှိလားဆိုတာ ဘယ်သူမှမသိကြပါဘူး၊ တကယ်လို့ သူရှိရင်တောင် သူက ကျွန်တော်တို့ နတ်ဆိုးတွေကို ဒီလိုဆွဲဘယက်မပေးဘဲ အမတကျင့်ကြံသူကို ဘာလို့ပေးမှာလဲ"

ဒီလိုလုပ်စရာ အကြောင်းရင်းမှ မရှိတာ။

"ဟင့်အင်း ဖြစ်နိုင်တယ်..." ယိချင်းက ခေါင်းမော့ပြီး သူတို့ကို ကြည့်လာတယ်။

"လောကကြီးနှစ်ခုကို ပေါင်းစည်းဖို့လေ"

လူတိုင်း မှင်တက်သွားပေမဲ့ ချက်ချင်း တုံ့ပြန်လိုက်ကြတယ်။

တကယ်လို့မိစ္ဆာနတ်ဘုရားသာ တကယ်ရှိရင် သူက လောကကြီးနှစ်ခု အံဝင်ဂွင်ကျဖြစ်အောင် လုပ်နိုင်တဲ့ တကယ်ပဲအစွမ်းရှိတယ်။ သေချာပေါက် ရှန်းရင်နဲ့ သူ့ကို ဒီလောကထဲ ဝိညာဉ်ကူးပြောင်းလာအောင် လုပ်နိုင်စွမ်းရှိတာပေါ့။

ယိချင်းနဲ့ ကူယွဲ့တို့ ပိုပြီးတောင် စဉ်းစားနေလေတယ်။ အဲတုန်းက ဟွေ့လင်က ရှန်းရင်ကို အဆွယ်အပွားနယ်ပယ်ထဲ ဆွဲသွင်းဖို့ ‌ဆွဲဘယက်ကိုသုံးခဲ့တယ်။ တကယ်ဆို ဘုံကမ္ဘာတွေကို ဖြတ်သန်းတာက လွယ်ကူတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ သေမျိုးဘုံကို ဝင်တာဆိုရင်တော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ ကောင်းကင်လောကလိုမျိုး အဆင့်ပိုမြင့်တဲ့ဘုံကို ဝင်ဖို့ဆိုရင်တော့ အမတတက်လှမ်းမှု မဟုတ်ရင် အရမ်းကို ခက်ခဲမှာ။ ပြီးတော့ အဲအဆွယ်အပွားဘုံကို ဘယ်သူမှ မကြားဖူးဘူး။ မိစ္ဆာနတ်ဘုရားလောက်ပဲ အဲအစွမ်းရှိနိုင်လောက်တယ်။

ပြီးတော့ ရှန်းရင်အစွမ်းကို တစ်ခါမှ မျက်မြင်မတွေ့ဖူးသူဆို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ အမတလောကနဲ့ နတ်ဆိုးလောက တစ်ခုတည်း ပေါင်းစည်းသွားမှာကို တားဆီးနိုင်လောက်သူက ရှန်းရင်ပဲ ဖြစ်နိုင်တယ်။ သူမကို အဆွယ်အပွားနယ်ပယ်ထဲ ပိတ်လှောင်တာက တကယ့်ကို အကောင်းဆုံးအကြံပဲ။ တကယ်လို့ သူတို့ သူ့ကိုအဲနေရာမှာ မထိန်းထားနိုင်ရင်တောင် အချိန်ဆွဲလို့ရတယ်လေ။

အမှန်တကယ်က ဟွေ့လင်သုံးသွားတဲ့နည်းလမ်းက ကပျက်ကချော်နိုင်ပေမဲ့ တကယ်ပဲ သူတို့ကို အာရုံလွှဲနိုင်ခဲ့တယ်။ သူတို့ရန်သူတွေကို တိုက်ထုတ်ပြီးတာတောင် အဇဋာဧကရာဇ်တွေ သူတို့ မုန်လာဥဖြူခန္ဓာကိုယ်တွေထဲနေ သူတို့နဂိုမူလခန္ဓာကိုယ်တွေဆီ ပြန်ရောက်အောင်လုပ်ဖို့ အာရုံစိုက်ခဲ့ကာ နတ်ဆိုးလောကဘုံတံခါးကို လျစ်လျူရှုထားမိခဲ့တယ်။

"ဆိုလိုတာက... အမတလောကနဲ့ နတ်ဆိုးလောကကို ပေါင်းစည်းလိုက်သူက မိစ္ဆာနတ်ဘုရားပေါ့"

အဖြစ်အပျက်ကို ကျကျနန နားလည်သွားတဲ့ကျိုးဟွားက မျက်မှောင်ကြုတ်မိလိုက်တယ်။ သူမက ကျန့်ထင်ဘက် လှည့်မေးလိုက်တယ်။

"အဲမိစ္ဆာနတ်ဘုရားက ခုဘယ်မှာလဲ"

နတ်ဆိုးဘုရင်နှစ်ယောက်လုံး ကြောင်အမ်းကုန်တယ်။ တစ်အောင့်နေတော့ ကျန့်ထင်က မျက်နှာလိုမျက်နှာရအမူအရာနဲ့ ပြောလာတယ်။

"အချစ်ရယ် လိယင်းပြောသလိုပဲ မိစ္ဆာနတ်ဘုရားတည်ရှိမှုက ဒဏ္ဍာရီပါပဲ၊ အစစ်အမှန်လားဆိုတာ ဘယ်သူမှမသိသလို ဘယ်သူမှ မိစ္ဆာနတ်ဘုရားကို မမြင်ဖူးကြဘူး၊ သူ့ကို ရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူး"

"ဒါဆို သူ့ကို လာရှာခိုင်းလိုက်" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

"..."

လူတိုင်း ထိတ်လန့်ပြီး သူမကိုလှည့်ကြည့်ကုန်တယ်။

ဘာဆိုလိုတာလဲ။

"ကြီးမြတ်တဲ့နတ်ဒေဝါမှာ အစီအစဉ်ရှိတာလား"

ငမည်းလေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး အကျင့်အတိုင်း ဖားတော့တယ်။

"ကြီးမြတ်တဲ့နတ်သမီးဆိုတဲ့အတိုင်းပါပဲ၊ ဉာဏ်ပြေး၊ ရဲရင့်ပြီး သိစပ်မြင်နှံ့တယ်၊ ကျွန်တော်တို့ မိစ္ဆာနတ်ဘုရား ကျွန်တော်တို့ကို လာရှာအောင် ဘယ်လိုလုပ်ကြမလဲ"

ရှန်းရင် သူ့လက်ထဲက အသီးကို တဂျွတ်ဂျွတ်နဲ့ ကုန်အောင် ဝါးလိုက်ပြီးတော့ ‌ငမည်းလေးကိုလှည့်ကြည့်လိုက်တယ်။ သူမက ရုတ်တရက် သူ့ကို သွားတွေပေါ်တဲ့ထိပြုံးပြပြီး သူတစ်ခါမှမမြင်ဖူးတဲ့ ပန်းတွေပွင့်ဖူးလာတဲ့နူးညံ့တဲ့အမူအရာမျိုး ပြသလာတယ်။

ငမည်းလေး ထိန်းချုပ်မရအောင် တုန်ယင်သွားပြီး သူ့ကိုယ်ပေါ်ကအမွှေးတွေ ကြက်သီးထကုန်တယ်။

"ငမည်းလေး"

"ဟုတ်... ဟုတ် ဟုတ်"

"ဒီနေ့ ရာသီဥတု သာယာ‌တယ်နော်၊ နင်... ကျိန်ဆိုလိုက်ရင်ရော၊ မိစ္ဆာနတ်ဘုရားအမှတ်အသား လိုအပ်တဲ့ဟာမျိုးလေ"

"... ဟမ်"

∑q|゚Д゚|p

သူနားကြားလွဲနေတာလား။

————————

ခြောက်နာရီအကြာ။

"ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တကယ်ပဲ စာချုပ်ကို ဆောင်ရွက်ရမှာလား"

"အေး" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ နတ်ဆိုးဝိညာဉ်နဲ့ စာချုပ်ချုပ်ဆိုတာက လေးနက်တဲ့ကိစ္စပါ၊ ကျွန်တော် သေချာစဉ်းစားဖို့လိုတယ်၊ မနက်ဖြန်ဆီ ရွှေ့လိုက်လို့ရမလား"

"အော်"

"ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တို့ စာချုပ်အကြောင်းအရာတွေကိုပြောင်းရင်ရော၊ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဘုရင်လေ၊ စာချုပ်အကောင်အထည်ဖော်ဖို့ ကျွန်တော့်နတ်ဆိုးဝိညာဉ်ကို ပထမဆုံးသုံးတဲ့အကြိမ်က အနည်းဆုံးတော့ ကြီးမြတ်တဲ့နတ်သမီး သုံးလောကကို သိမ်းပိုက်ရမှာ ကူညီတာမျိုး ဒါမှမဟုတ် အဲလိုကြီးကျယ်တာတစ်ခုခုမှာ သုံးသင့်တာလေ"

"စိတ်မဝင်စားဘူး"

"ကြီးမြတ်တဲ့နတ်သမီး၊ နတ်ဆိုးလောကကို သိမ်းပိုက်ဖို့ အရင်ကြိုးစားကြည့်ရင်ရော၊ ကျွန်တော်တို့ နတ်ဆိုးလောကက ပျော်စရာကောင်းပါတယ်"

"‌မပျော်ဘူး"

"ကြီးမြတ်တဲ့နတ်သမီး၊ ကျန့်ထင်ကလည်း နဆ်ဆိုးဘုရင်ဖြစ်ပြီး ကျွန်တော့်ထက်တောင် သက်တမ်းကြာပါသေးတယ်၊ သူ့စာချုပ်ရဲ့ သက်ရောက်မှုက သေချာပေါက် ပိုကောင်းမှာပါ၊ ကျွန်တော်တို့ သူ့ကိုသုံးရင်ရော"

"မရင်းနှီးဘူး"

"ကြီးမြတ်တဲ့နတ်သမီး..."

"ပါးစပ်ပိတ်ပြီး လုပ်တော့"

"ကောင်းပါပြီ"

တစ်စုံတစ်ယောက်သော နတ်ဆိုးဘုရင်က နောက်တော့ လက်လျှော့လိုက်ပြီး ငိုတော့မလိုမျိုး ချဉ်စူးစူးအမူအရာနဲ့ ခေါင်းငုံ့သွားခဲ့တယ်။ သူက ခြံဝန်းအလယ်ကို ဖောင်းအစ်နေတဲ့ မျက်လုံးနီတွေနဲ့ လျှောက်သွားပြီး လက်ပုံစံတွေဖော်ရင်း အင်းကွက်တစ်ခုပစ်လိုက်တယ်။

သူ ဘယ်တုန်းကမှ နတ်ဆိုးဘုရင် မဖြစ်ချင်ခဲ့ပါဘူး

┭┮_┭┮

"ရှန်းရင်" ငမည်းလေးရဲ့အမူအရာက မကျေမချမ်းလွန်းရာကျနေလို့ထင် ကူယွဲ့ မနေနိုင်ဘဲ ဘေးကလူကို တွန်းလိုက်တော့တယ်။

"ဒီနတ်ဆိုးစာချုပ်က အဲဒီမိစ္ဆာနတ်ဘုရားဆိုတဲ့သူကို မျှားခေါ်ထုတ်နိုင်မှာသေချာလို့လား"

"ဟင့်အင်း" ရှန်းရင်က အတည်ပေါက် ခေါင်းယမ်းပြလာတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ငမည်းနဲ့ ငဖြူ ။ ။ "..."

အဲတော့... မင်းက ငမည်းလေးကို စမ်းသပ်မှုအနေနဲ့ သေတွင်းထဲတွန်းပို့နေရုံလား။

"မစိုးရိမ်ပါနဲ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး" စာချုပ် ကြီးကြီးမားမားမှ မဟုတ်တာ။ ရှန်းရင် အလိုလိုလျှောက်သွားမိပြီး ငိုကြွေးနေတဲ့ တစ်ယောက်သောနတ်ဆိုးဘုရင်ဘေး ရပ်လိုက်တယ်။

ငမည်းလေးက အင်းကွက်အစီအရင်ဖော်ပြီးပြီဖြစ်ပြီး အသက်ရှူအောင့်ရင်း နောက်ထပ်အကာအကွယ်အင်းကွက်တွေ ဖန်တီးလိုက်တယ်။

သူက နောက်တော့ အင်းကွက်အစီအရင်အလယ်မှာ ရပ်လိုက်ပြီး သူ့အတွက်သူ တစ်စုံတစ်ရာ အသည်းအသန် ပြင်ဆင်နေသလိုမျိုး ခပ်ပြင်းပြင်း အသက်ရှူလိုက်တယ်။ တစ်ခဏကြာတော့ သေတွင်းတူးနေရသလိုမျိုး ရှန်းရင်ကို ကြည့်လိုက်တယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တို့ တကယ်ပဲ နောက်ကျိန်ဆိုမှုကို ပြောင်းလို့မရဘူးလား"

ရှန်းရင်က ပြန်မဖြေဘဲ သူမလက်ထဲကအသီးကိုသာမြှောက်ကာ ခပ်ပြင်းပြင်း ကိုက်ချလိုက်တယ်။

ငမည်းလေး အင်းကွက်ထဲ ပြန်ကျုံ့သွားပြီးတော့ လက်တစ်ဖက်ကိုမြှောက်ကာ နတ်ဆိုးချီကို သူ့အသံထဲ လမ်းကြောင်းဦးတည်ပြီး အော်လိုက်တယ်။

နတ်ဆိုးလောကဘုရင် ကျုပ်လိယင်းက ကြီးမြတ်တဲ့ နတ်ဆိုးကောင်းကင်နတ်ဘုရားနဲ့ စာချုပ်ချုပ်ရန် ကျုပ်နတ်ဆိုးဝိညာဉ်ကို အသုံးပြုပါတယ်၊ စည်းမျဉ်းတွေနဲ့ ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို လိုက်နာပြီး - ယနေ့ ကျုပ် ကြီးမြတ်တဲ့နတ်သမီးရှန်းရင်ကို ဖက်ထုပ်ချိုတွေစားအောင် လုပ်ပါ့မယ်၊ ဒါကို ပျက်ကွက်ခဲ့ရင် မိစ္ဆာနတ်ဘုရားရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်။

တစ်ခဏတာ ခပ်အုပ်အုပ်မြည်ဟည်းသံက နတ်ဆိုးမြို့တစ်ခုလုံးဆီ ပျံ့သွားပြီး မလွင့်ပျောက်သွားခဲ့။

တစ်မြို့လုံး ။ ။ "..."

ငမည်းလေး ။ ။ "..."

ရှက်စရာကောင်းလိုက်တာ၊ ငိုချင်နေပြီ

〒▽〒

"စားဖိုမှူး"

"ဒီမှာပါ"

"ဒီည၊ ဆားခပ်တဲ့ဖက်ထုတ်တွေ လုပ်ချေ"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"

ငမည်းလေး ။ ။ "..."

ကူယွဲ့ ။ ။ "..."

ငမည်းလေး ။ ။ "..."

ဒါသူတို့သဘောတူထားတာနဲ့ ကွာသလားလို့လေ

All Chapters