← Chapters

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

232

အခန်း ၂၃၂ ။ အစ်မကြီး၏ ထိတ်လန့်ဖွယ်

ရှန်းရင်လက်က စာရွက်ပေါ်က စာလုံးတွေကိုဖတ်ရင်း တုန်ရီနေတယ်။ သူမ စာရွက်ကို ဘေးပစ်ထုတ်မိတာကနေ ကိုယ့်ကိုယ်ကိုယ်တားဖို့ စိတ်ဆန္ဒက တစ်စပြီးတစ်စ ပျောက်ဆုံးလာလေရဲ့။ သူမ အူကြောင်ကြောင်စိုက်ကြည့်နေမိပြီး မျက်နှာက နီလိုက်၊ ဖျော့တော့လိုက်၊ စိမ်းဖန့်ဖန့်ဖြစ်လိုက်နဲ့ နောက်တော့ ခရမ်းရောင် သမ်းသွားတယ်။ စက္ကန့်နည်းနည်းလေးတည်းနဲ့ သူမရဲ့ ကြာရှည်လှတဲ့မျက်နှာကြောသေမှုက လုံးဝပျောက်ကင်းသွားတော့တယ်။

"ရှန်းရင်" သူမ မလှုပ်မယှက်ရပ်နေလို့ ကူယွဲ့က တံတောင်နဲ့ တွတ်လိုက်တယ်။

"ဘာတွေဖြစ်နေတာလဲ၊ စာက ဘာပြောထားလို့လဲ" သူ မနေနိုင်ဘဲ စာရွက်ထဲ ဘာရေးထားလဲကြည့်ဖို့ ရှေ့တက်လိုက်တယ်။

ရှန်းရင်က လက်ကို ပြန်ရုပ်ပြီး သက်ပြင်းရှည်ကြီးချတယ်။ နောက်တော့ အမူအရာ ပြောင်းသွားပါလေရော။

သူမက ရုတ်တရက် မိစ္ဆာနတ်ဘုရားကို နွေးထွေးစွာ ပြုံးပြတော့တယ်။ မျက်တောင်တွေကို တလှုပ်လှုပ်ခတ်ပြီး အသံကချိုမြသွားတယ်။

"မိစ္ဆာနတ်ဘုရားရှင့်၊ ကျွန်မရှင့်ကို ကူညီလို့ရတဲ့ တခြားနည်းလမ်းများရှိလား၊ ဘုံနှစ်ခုပေါင်းစပ်တာ မေ့လိုက် - သုံးလောကထဲက ဘုံ၄ခု၊ ၅ခု၊ ၆ခု၊ ၇ခုပေါင်းစပ်ချင်ရင်တောင် ကူညီပေးမှာပါ စမ်းကြည့်ချင်လား"

မိစ္ဆာနတ်ဘုရား ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

"ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူစဉ်းစားလို့ရပါတယ်၊ ရှင်ဆုံးဖြတ်ပြီးတာနဲ့ ကျွန်မကို လွှဲထားလိုက်ပါ၊ ပိုက်ဆံပေးဖို့တောင်မလိုဘူး" သူမရဲ့လေသံက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားလေရဲ့။

"ရှန်းရင် မင်းရူးနေတာပဲ ဖြစ်ရမယ်" ကူယွဲ့ သူမကို မယုံကြည်နိုင်ဟန် စူးစိုက်ကြည့်လိုက်တယ်။ ဒါက လုံးဝကို အပြုအမူ ရုတ်တရက် ပြောင်းလဲမှုပဲ။

ရှန်းရင်က သူ့ကို မကြားဟန်ဆောင်ပြီး ပိုတောင်တောက်ပစွာနဲ့ပြုံးတော့တယ်။။

"လောကကြီးကို ကယ်တင်ဖို့ ရွှေ့ချင်တာပဲဖြစ်ဖြစ်၊ ဘုံတွေပေါင်းစပ်ချင်တာပဲဖြစ်ဖြစ်၊ နံရံဆောက်ချင်တာပဲဖြစ်ဖြစ် ကျွန်မက အားလုံးကျွမ်းကျင်ပါတယ်၊ ပြောသာပြောလိုက်ပါ မစိုးရိမ်နဲ့"

"ဟင့်အင်း... ဟင့်အင်း ကျေးဇူးပါ" မိစ္ဆာနတ်ဘုရား နည်းနည်းကြောက်သွားဟန်။ သူ့မျက်လုံးတွေက သူ့အပေါ် လှည့်စားနေတာလား။ သူ့ကို အရမ်းကိုတောက်ပလွန်းစွာ ပြုံးပြနေတဲ့ မိန်းမက တကယ်ပဲ ရှန်းရင်လား။

"ကောင်းပြီ၊ မစိုးရိမ်ပါနဲ့ ရှင့်ကျေနပ်မှုက ကျွန်မရဲ့ရည်မှန်းချက်ပဲ" သူမက နောက်တစ်ကြိမ် မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြန်တယ်။ သူ အနမ်းလိုချင်လားလို့ မေးမိဖို့ကနေ လက်တစ်ကမ်းပဲ လိုနေပြီ။

"ဟေးဟေးဟေး ရှန်းရင်..." ကူယွဲ့ သူ့လက်ဖမိုးနဲ့ သူမနဖူးကို စမ်းလိုက်တယ်။

"မင်းရူးနေလား"

ရှန်းရင် သူ့လက်ကိုရိုက်ထုတ်ပြီး အေးစက်စက်စိုက်ကြည့်လိုက်တယ်။

"ဖယ်ဦး" သူမက မိစ္ဆာနတ်ဘုရားဘက်လှည့်ပြီး မျက်နှာပေါ် တောက်ပတဲ့အပြုံး နောက်တစ်ကြိမ် ဆင်မြန်းပြန်တယ်။

"မိစ္ဆာနတ်ဘုရားရှင့်၊ ကျွန်မတို့ကို တခြားကိစ္စအတွက် လိုအပ်ပါသေးသလား"

"ဟ- ဟ- ဟင့်အင်း"

"ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့သွားလိုက်ပါဦးမယ်" ရှန်းရင် သူ့ကို လက်ယမ်းပြလိုက်တယ်။

"ဂရုစိုက်ပါ၊ မိစ္ဆာနတ်ဘုရားရှင့်၊ နောက်မှ တွေ့ကြ‌တာပေါ့ မိစ္ဆာနတ်ဘုရားရှင့်"

"နှုတ်ဆက်... ပါတယ်"

"ရှန်း-" ကူယွဲ့ စကားပြောဖို့ရှိသေး ရှန်းရင်က သူ့ကို ဆွဲခေါ်တော့တယ်။

သူ နောက်တစ်ကြိမ် သိလိုက်ချိန်မှာတော့ သူမက အသီးလှီးဓားကို ကောက်ယူပြီး အက်ကြောင်းကို ထိုးစိုက်နေပြီ။ သူမက တွင်းကြီးကြီးတစ်ခု ဖြတ်ထုတ်ကာ စားဖိုမှူးကို ဘယ်လက်က ကောက်ချီ ဖေဖေနျိုကို ညာဘက်က ကောက်ချီပြီး တုံ့ဆိုင်းမှုမရှိ တွင်းထဲ ခုန်ဆင်းခဲ့တော့တယ်။ တစ်စက္ကန့်အတွင်း သူတို့အားလုံး ပျောက်သွားပြီ။

မိစ္ဆာနတ်ဘုရား ။ ။ "..." ငါ အဲဒါတွေအားလုံးကို စိတ်ကူးယဉ်မိနေတာလား။

ကူယွဲ့မျက်လုံးထဲ ဝေဝါးသွားပြီး ခဏနေတော့ နတ်ဆိုးဘုံထဲ သူတို့ပြန်ရောက်နေတာမြင်လိုက်ရတယ်။ ငမည်းလေးရဲ့မျက်လုံးတွေက တောက်ပသွားပြီး သူတို့ဆီလာဖို့ လုပ်ပေမဲ့ ရှန်းရင်က ရပ်မဲ့ပုံမပြ။

သူမက အော်လေတယ်။

"အိမ်ပြန်ကြစို့" နောက်တော့ သူတို့နှစ်ယောက်ကို ကောက်ချီပြီး နတ်ဆိုးမြို့ထဲ‌ကနေ မျက်စိတစ်မှိတ်အတွင်း ပျံထွက်လာတယ်။ သူမက နတ်ဆိုးဘုံထဲကနေ ထွက်လာပြီး ပေါ်ပင်လယ်နန်းတော်ဆီ ရောက်ချိန်ထိ မရပ်။

သူတို့ အနောက်ဆောင်ဆီရောက်ချိန် တံခါးကို ကန်ဖွင့်ပြီး ကြမ်းပြင်ပေါ် ခွေးသေလို လှဲချလိုက်တယ်။ သူမက အကြာကြီး မောဟိုက်နေပြီးမှ နောက်ဆုံးတော့ စိတ်ငြိမ်သွားခဲ့တယ်။

တစ်ခဏအကြာ...။

"စားဖိုမှူး၊ ဘယ်သူမှ ငါတို့‌နောက် မလိုက်လာဘူးမလား"

"ဟင့် ဟင့် ဟင့်အင်း"

"ကောင်းတယ် ကောင်းတယ်" သူမကို ကြောက်အောင်လုပ်နေတာပဲ။

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ခဏ... ဘာတွေဖြစ်နေတာတုန်း။

ရှန်းရင်က သူမလက်ထဲ စာရွက်ကို တင်းတင်းဆုပ်ကိုင်ထားသေးတာကို ကူယွဲ့ မြင်လိုက်ရတယ်။ သူ ဆွဲလုပြီး စာကို ဖတ်လိုက်တယ်။ သပ်ရပ်လှတဲ့ အရေးအသားနဲ့ တစ်ကြောင်းတည်း ရေးသားထားလေတယ်။

ရင်လေး ။

သူတို့ကို သွားကူညီချေ ပြီးအောင်မလုပ်ရင် နင်သေပြီပဲ။

အစ်မကြီးကျင်း။

ကျင်းလား။

"မင်းအစ်မက ဒီစာရေးခဲ့တာလား"

ကူယွဲ့က စိတ်ထဲ တစ်စုံတစ်ရာ ချက်ခနဲ သဘောပေါက်သွားခဲ့တယ်။ သူ နောက်ဆုံးတော့ နားလည်သွားပြီ။ အလိုလို သူမေးမိလိုက်တယ်။

"ရှန်းရင် မင်းအစ်မကြီးက ရှန်း-"

"ဟင့်အင်း" သူစကားမဆုံးခင် ရှန်းရင်က ကြမ်းပြင်ပေါ်ကနေ ထခုန်ပြီး သူ့ပါးစပ်ကို အုပ်လိုက်တယ်။ သူမကြည့်ရတာ ငိုချတော့မဲ့ပုံ။

"ဖေဖေနျို အချစ်ရဆုံး အဖေကြီး၊ တောင်းပန်နေတာပါ - အဲနာမည်ကို မပြောပါနဲ့ ငါနှစ်နည်းနည်းလောက် ထပ်အသက်ရှင်ချင်သေးတယ်၊ တကယ်အသက်ရှင်ချင်သေးတာ"

နင့်ပါးစပ်ပုတ်ကြီးကနေ ငါတို့တည်နေရာကို မပြောမိအောင် ရပ်လိုက်ပါတော့၊ ဟုတ်ပြီလား။

Σ(°△°|||)

"ဆ... ရာ" ကူယွဲ့တင် မကဘူး၊ ယိချင်းပါ သူမ တုံ့ပြန်မှုကြောင့် ကြောင်အမ်းသွားခဲ့တယ်။

သူမက အဲလောက်တောင် ကြောက်ဖို့ကောင်းတာလား။ ရှန်းရင်က သူမအစ်မကြီးနာမည်ကို ကြားတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် မြှေမြုပ်ပစ်ချင်နေတော့ သူမအစ်မကြီးက တကယ်ပဲရှန်းရင်ကို ဘာလုပ်ခဲ့လဲဆိုတာ နှစ်ယောက်သား တကယ်သိချင်သွားတယ်။

"ငါ့ကို နောက်နေတာပဲဖြစ်ရမယ် ရှန်းရင်" ကူယွဲ့က ရှန်းရင် ဒီလိုပြုမူတာကို တစ်ခါမှမမြင်ဖူးဘူး။

"ငါ သူ့နာမည်လေးပဲ ပြောမလို့ကို၊ အဲလောက် အပိုလုပ်ရလား"

"သေချာပေါက် လုပ်ရမှာပေါ့ နင့်ကို သူကြားသွားရင် ဘယ်လိုလုပ်မလဲ" ကြောက်စရာကောင်းတယ်၊ ဟုတ်ပြီလား။

"သူ ငါ့ကို မကြားနိုင်ပါဘူးဟ"

"ဟင့်အင်း" ရှန်းရင်က အသည်းအသန် ခေါင်းယမ်းပြီး ဟိုဟိုဒီဒီကြည့်တယ်။

"ငါ့အစ်မကြီးက နားအရမ်းပါးတာ"

ကူယွဲ့နဲ့ ယိချင်း ။ ။ "..."

နားပါးရင်တောင် အပြိုင်ကမ္ဘာတစ်ခုမှာ သူတို့ပြောနေတာတွေကိုတော့ မကြားနိုင်ဘူးမလား။

"ဒီစာထဲ ဘာမှတောင်မပြောထားဘူးလေ"

ကူယွဲ့က စာကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။

"ဘာလို့အဲလောက်တောင် ကြောက်နေတာလဲ၊ သူက ဘယ်လိုပဲဖြစ်ဖြစ် မင်းအစ်မကြီးလေ၊ မင်းကို ကိုက်တော့မစားဘူးမလား"

ရှန်းရင်မျက်နှာက စိမ်းဖန့်သွားပြန်တယ်။ တစ်ခဏကြာတော့ သက်ပြင်းရှည်ကြီးချတယ်။

"အာ နင်တို့မသိပါဘူး၊ ငါ့အစ်မကြီးက ဇာတ်တူချင်းစားတဲ့သူထက်တောင် ပိုကြောက်ဖို့ကောင်းတယ်"

"..."

"ဆရာ့အစ်မက ဘယ်လိုလူမျိုးလဲ" ယိချင်း မမေးဘဲ မနေနိုင်တော့ဘူး။

ရှန်းရင် အလိုလိုတုန်ရီသွားပြီး သူမအမူအရာက နောက်တစ်ကြိမ် တွန့်ရှုံ့သွားပြန်တယ်။

"ငါ့အစ်မက..."

"ခဏ" ကူယွဲ့ နှုတ်ခမ်းသပ်ပြီး သူတို့နှစ်ယောက်ကို လေ့လာလိုက်တယ်။

"မင်းဇာတ်လမ်းကို မပြောခင် ငါတို့ အိပ်ရာအောက်ကနေ ထွက်လို့ရမလား"

ယိချင်း ။ ။ "..."

ရှန်းရင် ။ ။ "..."

သောက်ကျိုးနည်းပဲ။ မင်းဘာသာ အိပ်ရာအောက် ပုန်းလို့ရတာကို - ဘာလို့ ငါတို့နှစ်ယောက်ကိုပါ မင်းနဲ့အတူ ဆွဲခေါ်မှဖြစ်မှာလဲ။

——————

တစ်နာရီအကြာ။

"ဆရာ၊ စိတ်ငြိမ်အောင် လက်ဖက်ရည်သောက်လိုက်ပါဦး"

ယိချင်း လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးလိုက်တယ်။

ရှန်းရင် နောက်ဆုံးတော့ ပြန်တည်ငြိမ်သွားပြီ။ သူမ လက်ဖက်ရည်ကို မော့ချပြီး ‌ခွက်အလွတ်ကို ယိချင်းဆီ ပြန်ကမ်းပေးလိုက်တယ်။

"ငါနောက်တစ်ခွက်ယူ - ဟင့်အင်း၊ နောက်ထပ်သုံးခွက်"

ကူယွဲ့ က နှုတ်ခမ်းသပ်လိုက်တယ်။ သူချက်ချင်း သူမလက်ထဲကခွက်ကို လုယူလိုက်တော့တယ်။

"တော်လောက်ပြီ၊ မင်းဘာလုပ်နေတာတုံး၊ ခုစကားပြောလို့ရပြီလား၊ ပြဿနာကဘာလဲ၊ ဘာလို့ မင်းအစ်မကို အဲလောက်ကြောက်နေတာလဲ"

ရှန်းရင်လက်က တုန်ရီနေတယ်။ သူမကြည့်ရတာ ပြန်ပုန်းဖို့ဆန္ဒကို တွန်းလှန်နေရပုံပဲ။ ဟိုဟိုဒီဒီကြည့်ပြီး သူမက သက်ပြင်းချပြန်တယ်။

"နင်တို့နားမလည်ပါဘူး"

"အဲဆို ငါတို့ နားလည်အောင် လုပ်ပေးလေ" ကူယွဲ့ သိချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ ဘယ်လိုလူက ဒီcheat ရှန်းရင်ကို ဒီလောက်ထိကြောက်စေတာလဲ။

ရှန်းရင် တိတ်တဆိတ် ထိုင်ပြီး လက်ဖက်ရည် ထပ်သောက်နေတယ်။ သူမဘေးကလူနှစ်ယောက်ကို ကြည့်ပြီး နောက်ဆုံးတော့ စကားပြောဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

"ပြောရရင်တော့ - အခုငါ့အရည်အချင်းတွေအားလုံးက ငါ့အစ်မရဲ့ မိစ္ဆာဆန်တဲ့လေ့ကျင့်မှုရဲ့ ရလဒ်ပဲ"

"ဘာ" ကူယွဲ့က တန့်သွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွားကာ ထခုန်လိုက်တယ်။

"မင်းရဲ့ ကမ္ဘာ့အပြင်ဘက်အစွမ်းတွေကို မင်းအစ်မက လေ့ကျင့်ပေးထားတာလား"

"အိုး ဟင့်အင်း မဟုတ်ဘူး အဲဒါတွေက ငါကူးပြောင်းပြီးမှရလာတာ" သူမခေါင်းယမ်းလိုက်တယ်။

"အဲဒါမဟုတ်တဲ့ တခြားဟာတွေ"

ကူယွဲ့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တယ်။ သူ ပြန်ထိုင်ချပြီး မျက်ဆန်လှန်လိုက်တယ်။

"မင်းရဲ့ cheatထားတဲ့ အစွမ်းတွေအပြင် တခြားအရည်အချင်းရှိတယ်လား"

အိပ်တာ နဲ့စားတာလား။

"ဟေး... ငါ့မှာ တကယ်ရှိတာပါနော်" ရှန်းရင်က တစ်ခဏတာ အင်မတန်လေးလေးနက်နက် စဉ်းစားတော့တယ်။

"ခေါက်ချိုးသိုင်း၊ အကွာအဝေးထိန်းချုပ်မှု၊ ဝိညာဉ်ဖွံ့ဖြိုးမှု၊ တတိယဘာသာအရည်အချင်းတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဖန်တီးနိုင်စွမ်းတွေလိုမျိုး..."

သူမက သူတို့ကို ထူးဆန်းတဲ့အသံနဲ့နာမ်စာလုံးတွေ ဆက်တိုက်ရွတ်ပြတော့တယ်။

ကူယွဲ့ ။ ။ "..."

ဒါတွေအားလုံးက ဘာတွေတုံး။ သူ အရင်က ဒါတွေ တစ်ခါမှမကြားဘူးဖူး။

"မင်းဘာတွေပြောနေတာတုံး" ဒါက ကိုးကွယ်မှုဆိုင်ရာကျင့်စဉ်လေ့ကျင်မှုတစ်မျိုးမျိုးတော့ မဟုတ်ဘူးမလား။

"အဲဒါတွေက အရမ်းကိုခက်တယ်"

"ကောင်းပြီလေ၊ မင်း ဒါတွေအားလုံးကို အကြာကြီးသင်ပြီး ဘယ်လိုအောင်မြင်မှုတွေ ရခဲ့လဲ"

ရှန်းရင် မျက်မှောင်ကြုတ်ပြီး သူမလက်ချောင်းတွေနဲ့ အင်မတန်လေးနက်စွာ ရေတွက်တော့တယ်။

"ငါ အရည်အချင်းအသိအမှတ်ပြု ဆုတံဆိပ်ဆယ်ခုကျော် ရဖူးတယ်၊ သူတို့တွေကို

ထည့်တွက်လား"

"ဘာ" သောက်ကျိုးနည်း ဘာကြီး။ အဲဒီဆုတွေက စီရင်စုငယ်အုပ်ချုပ်ရေးမှူးတွေ ချီးမြှင့်တာတွေလား။

…

233

အခန်း ၂၃၃ ။ ကံမကောင်းသောကလေး

"အဲဆုကိုရဖို့ ခက်ပါတယ်နော် - သူတို့က နှစ်နှစ်မှ တစ်ကြိမ် ပေးတာ"

"ဆရာက နှိုင်းယှဉ်လို့မရအောင် ဉာဏ်ကောင်းတာပဲ" ယိချင်းက သူ့ဆရာကို အပြေး အခိုင်အမာ ပြောတော့တယ်။

"ဆရာက ဉာဏ်ရည်မြင့်မားပြီး ဘောင်အပြင်ဘက်က စဉ်းစားတယ်၊ ဆရာ ကျွန်တော်တို့ မရနိုင်တဲ့အရာတွေကို အောင်မြင်ဆွတ်ခူးနိုင်ပြီး ကျွန်တော်တို့ တွေးတောင် မတွေးနိုင်တဲ့အရာတွေကို စဉ်းစားနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး"

ငဖားဟေ့

ကူယွဲ့က စားဖိုမှူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ မင်း သူဘာပြောနေလဲ နားမလည်ဘူးလို့သာ ဝန်ခံလိုက်စမ်းပါ မင်း သူ့ကိုတစ်စက္ကန့်လောက် မဖားရတော့ သေသွားမှာမို့လို့လား။

ထပ်ပြီးစဉ်းစားကြည့်ရင် ရှန်းရင်က တကယ်တော့ အတော်လေး ဉာဏ်ကောင်းတယ်။ သေချာပေါက်၊ အဲဒါက သူမ မပျင်းရိတဲ့အချိန်ပေါ့။

"ဒါတွေက ဘာအရေးကြီးလို့တုံး၊ မင်း တခြားဘာလုပ်နိုင်လဲ"

"အာ..." ရှန်းရင်က တစ်ခဏစဉ်းစားနေပြီး ပြန်ဖြေလာတယ်။

"ငါ ပျင်းရင် နည်းပညာပိုင်းကိရိယာတွေကို ကလိနိုင်တယ်၊ အဲဒါရော ထည့်တွက်လား"

"အိုင်တီလား၊ မင်းကလေ" ကူယွဲ့ သူမကိုခေါင်းစခြေဆုံးကြည့်မိလိုက်တယ်။

"ဒါက ငါ့ကျွမ်းကျင်မှုလေ၊ မင်းလုပ်သမျှက လက်ဆော့ရုံပဲနေမှာ - အဲဒါကို အိုင်တီလို့ မစဉ်းစားဘူး" လတ်လျားလတ်လျားနေတဲ့သူက အိုင်တီအကြောင်း ဘာသိလိမ့်မှာလဲ။

"ငါတခြားအကြောင်းတွေလည်းသိတယ်လေ" ရှန်းရင်က အာမေဍိတ်သံပြုလာတယ်။

"ဘာလဲ"

"ဥပမာအနေနဲ့..." သူမက တစ်ခဏစဉ်းစားပြီး ပြန်ဖြေတယ်။

"နင့်ကုမ္ပဏီမှာ ကြယ်စုနှစ်ဂိမ်းတစ်ခု ရှိတယ်လေ၊ ဒါပေမဲ့ ပင်မစက်ပစ္စည်းကို ပြုပြင်မွမ်းမံထားတယ်ဆိုတာကို နင့်ကုမ္ပဏီက ငါးနှစ်ကြာမှသိတယ်မလား"

"မင်းဘယ်လိုသိတာလဲ" ကူယွဲ့ အံ့ဩသွားတယ်။ အဲဒါက သူတို့ကုမ္ပဏီရဲ့ ဂိမ်းထုတ်လုပ်မှုဌာနက ပင်မပရောဂျက်ပဲ။ အဲတုန်းက နာမည်အကြီးဆုံးနဲ့ အမြတ်အရဆုံး ပရောဂျက်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ထုတ်လုပ်ပြီး သိပ်မကြာခင်မှာ ဂိမ်းထဲပြုပြင်မှုတချို့ရှိခဲ့တယ်။ ပြုပြင်မှုတွေက ဂိမ်းအပေါ် အများကြီးသက်ရောက်မှုမရှိပေမဲ့ ကုမ္ပဏီက ငါးနှစ်ကြာမှ သိခဲ့ရတယ်။ ဆုံးရှုံးမှု မဖြစ်စေခဲ့သလို ပြုပြင်မှုတွေက ပင်မစက်ကို မြှင့်တင်ပေးခဲ့တာမို့ သူတို့ဒီကိစ္စကိုဖုံးခဲ့ကြတာ။ စီမံရေးရဲ့ ထိပ်ပိုင်းလူကြီးတွေပဲ ဒီကိစ္စကိုသိတယ်။

"အော်၊ အဲပြုပြင်မှုတွေကိုလုပ်ခဲ့တာ ငါလေ"

"..." ဟမ်။

Σ(°△°|||)

"ပြီးတော့လည်း နင်တို့ရဲ့ပင်မဆာဗာက ညသန်းခေါင်တိုင်း နှစ်စက္ကန့်လောက် ရပ်သွားပြီး ပြန်ပြင်လို့မရဘူးမလား"

"... ဟုတ်တယ်"

"အဲဒါ ငါ့ကွန်ပျူတာက နှေးလွန်းတော့ စာရွက်စာတမ်းတွေ ပို့ဖို့ နင့်ရဲ့ဆာဗာကွန်ရက်ကို ငှားခဲ့တာကြောင့်ပဲ"

"..." ငါ-ိုး

(⊙_⊙)

"ပြီးတော့ နင့်ကုမ္ပဏီက အီလက်ထရောနစ်အားကစားပြိုင်ပွဲ စီစဉ်ကျင်းပခဲ့တယ်လေ၊ ဗိုလ်လုပွဲမှာ ဂိမ်းက ရုတ်တရက် ပျက်သွားပြီး ပြန်စလို့မရတော့ဘူး၊ ဒါကြောင့် နှစ်ရက်နှောင့်နှေးသွားခဲ့တယ်မလား"

"ဟုတ်တယ်... အဲဒါဘာဖြစ်လဲ"

"အော် အဲနေ့က ငါ အရမ်းကြီးတဲ့ဖိုင်တစ်ခုကို ပို့ဖို့ နင့်ကွန်ရက်ကို သုံးခဲ့တာလေ"

"..." သေစမ်း

o(╯□╰)o

"ငါတို့ မကူးပြောင်းခင်က နင့်နည်းပညာဌာနက သုံးဖက်မြင်နည်းပညာကို ရှာတွေ့ပြီး သုံးဖက်မြင်အွန်လိုင်းဂိမ်းတွေ ထုတ်ဖို့ရည်ရွယ်ခဲ့တယ်မလား"

"မဟုတ်မှလွဲရော-"

"ငါက ပင်မရင်းမြစ် ပရိုဂရမ်ကို ရေးခဲ့တာပဲ၊ နင့်ကွန်ရက်ကို ငှားပြီး ဖျက်ပစ်ဖို့မေ့သွားခဲ့တာ"

"..." မေ-ိုး

"ပြီးတော့-"

"တော်တော့" မင်း ငါတို့အပေါ် ဘယ်လောက်တောင် ကလိမ်ကျခဲ့တာလဲ။ သူ အသက်ပြင်းပြင်းရှူပြီး သူမကိုလည်ပင်းထမညှစ်မိအောင် ကိုယ့်ကိုယ်ကိုယ်တားနေရတယ်။

"ငါ မင်းကို အရင်ဘဝက ဆိုးဆိုးရွားရွား တစ်ခုခု လုပ်မိခဲ့လို့လား၊ ဘာလို့ ငါ့ကို အခွင့်ကောင်းယူဖို့ အမြဲကြိုးစားနေတာတုံး"

ရှန်းရင်က တန့်သွားတယ်။ တခဏနေတော့ သူမက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလာတယ်။

"ဖြစ်နိုင်တာက... ငါအရမ်းပျင်းနေရုံမို့ပါ"

"ငါ့ဖင်ကိုပျင်း" ပျင်းတာက ငါ့ကွန်ရက်ကို လာပြီးကလိခွင့်မပေးထားဘူး၊ တကယ်လို့ မင်းအဲလောက်တတ်နိုင်ရင် ကာကွယ်ရေးဝန်ကြီးဌာနကို အလုပ်ရှုပ်အောင်သွားလုပ်ချေ ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်ပြန်ငြိမ်အောင် ထိန်းလိုက်တယ်။

"ဆိုလိုတာက မင်းရဲ့နည်းပညာအရည်အချင်းတွေကို မင်းအစ်မက သင်ပေးထားတာလို့ ပြောဖို့ပေါ့"

"အော်၊ အဲဒါထည့်မတွက်ဘူး၊ ငါ ဘာမှလုပ်စရာမရှိတဲ့အချိန် ငါ့ဘာသာ အဲစွမ်းရည်တွေကို လေ့လာခဲ့တာ" သူမက သူ့ကို တည်တည်ကြည်ကြည်ကြည့်ပြီး ဆက်ပြောလာတယ်။

"နှစ်လလောက် အချိန်ယူခဲ့တယ်"

စကြဝဠာကြီးကို လေ့လာရတာထက် အများကြီး ပိုရိုးရှင်းတယ်လေ။

သောက်ကျိုးနည်းပဲ၊ ငါ ဒီစကားဝိုင်းထဲ ဆက်မပြောနိုင်တော့ဘူး။ သူ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အဲဒီအိုင်တီဝန်ထမ်းထောင်ချီရဲ့ခံစားချက်တွေအတွက် ထည့်တွေးပေးရဲ့လား။

"ကောင်းပြီ ငါတို့နောက်မှ မင်းအစ်မအကြောင်း ပြောတာပေါ့၊ မိစ္ဆာနတ်ဘုရား ငါတို့အပေါ်တင်နေတဲ့ အကြွေးကို ဒီတိုင်း မေ့ပစ်လိုက်တော့မှာလား"

ကူယွဲ့က အကြွေးကို အဲလိုမျိုးရှင်းပေးလိုက်တာနဲ့တင် မကျေမချမ်းဖြစ်မိတယ်။

ရှန်းရင် ခေါင်းမော့ပြီး သူ့မျက်လုံးတွေကိုကြည့်လာတယ်။

"ဖေဖေနျို၊ နင် အဲအကြွေးကိုဘယ်လိုရှင်းချင်တာလား၊ ပြန်သွားချင်တာလား"

ကူယွဲ့က တန့်သွားပြီး သူ့အမူအရာကမည်းမှောင်သွားခဲ့တယ်။ သူ့မျက်လုံးထဲ ဝေခွဲမရဖြစ်မှုက အထင်းသား။

သူတို့ ဒီပြဿနာကို ကူးပြောင်းစအချိန်ကသာ ကြုံခဲ့ရင် ကူယွဲ့ တုံ့ဆိုင်းမှုမရှိပြန်သွားဖို့ရွေးခဲ့မှာ။ ဒါပေမဲ့ သူက ဒီမှာနေလာတာ နှစ်ရာချီ - ဆယ်နှစ်၊ နှစ်တစ်ရာတောင်မဟုတ်၊ နှစ်သုံး‌ရာ- ကြာခဲ့ပြီ၊ အရာအားလုံးကို ထားခဲ့ပြီး သူ့ကိုပြန်သွားခိုင်းတာက ခက်လိမ့်မယ်။ သူ့အရင်ဘဝက ကိစ္စအားလုံးကို မှတ်မိနေသေးပေမဲ့ ဒီကမ္ဘာကို သူ့ကမ္ဘာလို့ မှတ်ယူဆမိနေပြီ။ သူ့နဂိုကမ္ဘာကဘဝဆီ ပြန်နေသားကျအောင်လုပ်ဖို့ အခက်အခဲ‌ရှိလောက်တယ်။

ကူယွဲ့တိတ်သွားခဲ့တယ်။ မိစ္ဆာနတ်ဘုရားက တကယ်ပဲ မုန်းတီးဖို့ကောင်းပေမဲ့ ဒေါသဖြေဖို့ သူ့ကို ထုထောင်းတာကလွဲရင် ကူယွဲ့ တခြားဘာမှမလုပ်နိုင်ဘူး။ တကယ်လို့ မိစ္ဆာနတ်ဘုရားက သူတို့ကို အခုပြန်ပို့ဖို့ဆန္ဒရှိရင်တောင် လက်တွေ့ကျမှာမဟုတ်တော့ဘူး။

ကူယွဲ့ ရှန်းရင်ကို မော့ကြည့်ပြီးမေးလိုက်တယ်။

"မင်းရော၊ မင်း ပြန်သွားချင်လား" ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီရောက်တာမှ မကြာသေးတာ။

ယိချင်းက စိတ်လှုပ်ရှားနေတယ်။

"ဟင့်အင်း" သူမက တုံ့ဆိုင်းမှုမရှိ ထပြောတော့တယ်။ သူမအမူအရာက လုံးဝကို လေးနက်နေပြီး အသည်းအသန် ခေါင်းယမ်းတော့တာပဲ။

"ဒီမှာကောင်းတယ်၊ ငါ စားစရာနဲ့ အိပ်စရာနေရာရှိတယ်၊ ဘာမှသင်ယူဖို့မလိုသလို အဆာပြေတောင် စားနိုင်တယ်" သူမဒီနေရာမှာဆို သူပီပီသသ အစစ်အမှန်အတိုင်းနေလို့ရတယ်။

"အသုံးမဝင်တာ" ကူယွဲ့မျက်ဆန်လှန်လိုက်တယ်။ အမှန်ပဲ၊ သူ အစားသရဲတစ်ယောက်ဆီက ဘာမှမျှော်လင့်လို့မရဘူး။

ခဏနပေါဦး။

ရှန်းရင်အကြောင်းသိတာမို့... သူ ဒီနေရာကိုရွေးတာက သူ့အစ်မကိုရှောင်ပြီး အားလပ်ရက်ရှည် ဆက်ယူလို့ရဖို့အတွက်ပဲ ဖြစ်နိုင်လား။

"..."

သေစမ်း၊ ရှုံးတဲ့သူ သူတစ်ယောက်ပဲလို့ ဘာလို့ ကူယွဲ့ခံစားနေရတာပါလိမ့်။

"စားဖိုမှူး၊ ငါဗိုက်ဆာတယ်၊ ငါတို့အတွက် အဆာပြေလုပ်ပေးပါဦး"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ" ယိချင်းက စိတ်အေးသွားကာ သက်ပြင်းချပြီး မီးဖိုချောင်ဆီ ပြန်သွားတယ်။

"..." သောက်ကျိုးနည်း ငတုံး။

"ဂိုဏ်းချုပ်" ယွီဟုန်က ယိချင်းအပြေးထွက်ဖို့ ပြင်ချိန်မှာပဲ တံခါးဆီအပြေးဝင်လာတယ်။ ဖုန်းယင်နဲ့ ချီချန်းယွီကတော့ အနောက်ကနေ ကပ်လိုက်လာလေရဲ့။ အစ်မကြီးအနေနဲ့ ယွီဟုန်က အမြဲတည်တည်ငြိမ်ငြိမ် နေတယ်။ သူမ ခုလိုပျာယာခတ်နေတာရှားချက်ပဲ။

"မကောင်းတော့ဘူး ဂိုဏ်းချုပ် ရွှမ်ထုံပျောက်နေတယ်"

"ရွှမ်ထုံလား" ကူယွဲ့တန့်သွားပြီး အသံတိုးလိုက်တယ်။

"ဘာလို့ပျောက်သွားတာလဲ၊ ဘာဖြစ်ခဲ့တာတုံး၊ ဖြည်းဖြည်းပြော"

"ငါပြောလိုက်မယ်" ချီချန်းယွီက အရှေ့ကို စိုးရိမ်တကြီးတက်လာတယ်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ‌ထုံအာက အရင်တစ်ကြိမ် တိုက်ပွဲကြီးမှာ သူဉာဏ်အလင်းပွင့်ခဲ့တယ်လို့ ကျွန်မကို ပြောလာတယ်၊ သူက ဓားဆန္ဒဖွံ့ဖြိုးလာဖို့ အရိပ်အယောင်လည်းပြနေတာမို့ တံခါးပိတ်ကျင့်ကြံပြီး အဆင့်မြင့်အမတအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားတာ"

"အဆင့်မြင့်အမတ" ကူယွဲ့ အံ့ဩသွားတယ်။ သူတို့ ရွှမ်ထုံ့ကိုယ်ပေါ်က စည်းတံဆိပ်ကိုဖြည်ပေးချိန် သူမက မဟူရာအမတအထိ ချက်ချင်းမြင့်တက်သွားခဲ့တာ။ ယိချင်းနဲ့ ကူယွဲ့ကလွဲရင် ဂိုဏ်းထဲက ဘယ်သူမှ သူမကို မသင်ပေးနိုင်တော့ဘူး။ နဂိုတုန်းက ကူယွဲ့ အားရင်တော့ သူမကို အကြံတစ်ခုနှစ်ခု ပေးတတ်ပေမဲ့ ခုတလော အိမ်ပြောင်းတာတွေ၊ တွက်ချက်မှုတွေ၊ ခန့်မှန်းချက်တွေနဲ့ အရမ်းအလုပ်များနေတော့ သူမကို ဂရုမထားနိုင်ခဲ့ဘူး။ တခြားတပည့်တွေအတွက်ကတော့ သူတို့က သူတို့ဘာသာကျင့်ကြံတာနဲ့ နေသားကျနေတာ။ ကူယွဲ့ ရွှမ်ထုံ့ကို သူမဘာသာ ဓားဆန္ဒကို အဲလောက်မြန်မြန် ဖွံ့ဖြိုးလာအောင် လုပ်နိုင်စွမ်းရှိမယ်မထင်ခဲ့ဘူး။ သူမက ဓားကျင့်ကြံသူတစ်ယောက်အဖြစ် တကယ်ကို ထိုက်တန်တာပဲ

"ဟုတ်တယ်၊ အဲဒါကြောင့် ယွီဟုန်နဲ့ကျွန်မက ဒီရက်ပိုင်း သူ တံခါးပိတ်ကျင့်ကြံဖို့အတွက် အသင့်ပြင်ပေးနေတာ" ချီချန်းယွီ ယွီဟုန့်ကိုလှမ်းကြည့်ပြီး သွေးပျက်မှုကမြင့်တက်လာတယ်။

"ဒါပေမဲ့ ဒီမနက် ကျွန်မတို့ သူ့ကိုသွားရှာချိန် အခန်းထဲ ရှိမနေတာမြင်လိုက်ရတယ်၊ အိမ်အပြင်ဘက်က အင်းကွက်ပျက်စီးနေတာလည်းမရှိဘူး၊ - ဒီတိုင်းလေထဲပျောက်သွားတာ"

"သူက အခုတက်လှမ်းနေဆဲမို့ ခန္ဓာကိုယ်ထဲကမသေမျိုးချီက မတည်ငြိမ်သေးဘူး၊ သူမ အခုထွက်သွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး" ယွီဟုန်က ဆက်ပြောတယ်။

"ပြီးတော့ သူမက အနောက်ဆောင်ရဲ့ အရှေ့ဘက်ခြမ်းမှာ၊ အဲက အမြဲတိတ်ဆိတ်နေတာပဲ၊ ကျွန်မ တပည့်တွေကိုလည်း သူ့ကိုသွားမနှောင့်ယှက်ဖို့ ညွှန်ကြားထားတော့ ဘယ်သူမှ သူ့ကိုမမြင်လိုက်ကြဘူး"

"ငါလည်း စနစ်ကို စစ်ကြည့်ခိုင်းခဲ့တယ်" ဖုန်းယင်က ကြားဖြတ်ပြောလာတယ်။

"နန်းတော်တစ်ခုလုံးမှာ သူမအရှိန်အဝါကို အာရုံခံမရဘူး၊ ထွက်သွားပြီထင်တာပဲ"

ကူယွဲ့နဲ့ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။

"သူ့အခန်းဆီ တစ်ချက်သွားကြည့်ရအောင်"

သူတို့နှစ်ယောက်လုံး ဝင်ပေါက်အပြင် လျှောက်လာခဲ့ပြီး အပြင်ထွက်ရင်း ရွှံ့တုံးရှန်းရင်ကိုပါ ဆွဲခေါ်လာခဲ့တော့တယ်။

…

234

အခန်း ၂၃၄ ။ အင်းကွက်နှင့်ရှာခြင်း

ဝူတိကောင်းကင်နန်းတော်မှာ လူနှစ်ရာလေးတည်းအတွက် အမတမျှော်နန်းရာချီရှိတယ်။ အဲဒါကြောင့် ကူယွဲ့က တပည့်တွေကို သူတို့လိုချင်တဲ့ ဘယ်မျှော်နန်းမဆိုရွေးချယ်ခွင်ပေးခဲ့တာ။ တပည့်တွေကတော့ - ထူးခြားတဲ့ဓာတုဗေဒဓာတ်ပြုမှုကြောင့် - အားလုံးက ရှန်းရင်ရဲ့ အနောက်ဆောင်နဲ့နီးတဲ့ အိမ်တွေမှာပဲ နေကြတယ်။ စက္ကန့်အနည်းငယ်အတွင်း သူတို့ ရွှမ်ထုံရဲ့ မျှော်နန်းဆီ ရောက်လာခဲ့ကြတယ်။

ရွှမ်ထုံရဲ့ အမတမျှော်နန်းက မသေမျိုးချီတွေ လှိုင်လှိုင်ဝိုင်းနေတဲ့ တခြားသူတွေရဲ့ မျှော်နန်းနဲ့ ကွဲပြားတယ်။ ရွှမ်ထုံ့မျှော်နန်းရှေ့မှာ အမတဆေးပင်တစ်ခုတလေတောင် မရှိဘူး။ အဲအစား အပင်မျိုးစုံရှိနေတာ - အာလူး၊ အာလူးနီ၊ မုန်လာဥဖြူတွေနဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်နီတောင် ရှိနေသေးတယ်။

ကူယွဲ့က နှုတ်ခမ်းကို သပ်လိုက်တယ်။ ရွှမ်ထုံ ဘာလို့ ဒါတွေကို လိုအပ်လဲ သူတော့ လုံးဝကို မသိတာ။ ရှန်းရင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး သူတွေးလိုက်တယ်။ ဒါတွေအားလုံးက မင်းအပြစ်ပဲ။

တခြားသူတွေက ကူယွဲ့နဲ့ရှန်းရင်ကြားက ဒီဖလှယ်မှုကို သတိထားမိပုံမပေါ်။ အဲအစား ရွှမ်ထုံစိုက်ပျိုးနေတဲ့ အပင်တွေက တခြားအမတဆေးပင်တွေနဲ့ ကွာခြားမှုတစ်ခုခု ရှိတယ်လို့ကို မထင်တာ။ သူတို့တွေ မျှော်နန်းဘေးက လမ်းလေးကနေ အဆောက်အဦထဲ ဝင်လာခဲ့တယ်။ ယွီဟုန်က တံဆိပ်ပြားတစ်ခုကောက်ယူပြီး အမတမျှော်နန်းဘေးမှာ ခင်းကျင်းထားတဲ့ တားမြစ်အင်းကွက်ကို ဖြည်လိုက်တယ်။ နောက်တော့ သူ တံခါးကို ဖွင့်လိုက်တယ်။

အပြင်က ဥယျာဉ်နဲ့ယှဉ်ရင် အမတမျှော်နန်းက အင်မတန်အေးစက်ပြီး အထီးကျန်ဆန်တယ်။ မျှော်နန်းထဲ ပရိဘောဂလည်းမရှိ။ ရွှမ်ထုံထိုင်တာဖြစ်လောက်တဲ့ ဖျာတစ်ချပ်ပဲရှိနေတယ်။ ပြတင်းပေါက်ဘေးမှာတော့ မသေမျိုးချီတွေ ထုတ်လွှတ်နေတဲ့ ပန်းတစ်စည်းထည့်ထားတဲ့ ကျောက်စိမ်းဖြူပန်းအိုးတစ်လုံး။

ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ပြီး အဆောက်အဦထဲရှာဖွေလိုက်တယ်။ နောက်တော့ သူ ခြေရာခံချိပ်တစ်ခု ဖန်တီးလိုက်တယ်။ ဒါပေမဲ့ သူဘာမှရှာမတွေ့ ရွှမ်ထုံက တကယ်ပဲပျောက်သွားတာ၊ ဒါပေမဲ့ သူမက ဘယ်နေရာဆီ ပျောက်သွားတာဖြစ်နိုင်မလဲ။

"ရင်အာ... ဂိုဏ်းချုပ်၊ အကြီးအကဲတို့" ကြက်ကင်အစ်မက အခန်းထဲက လူတွေကို စိုးရိမ်တကြီး ဝေ့ဝဲကြည့်လာတယ်။

"ထုံအာက ငယ်သေးပေမဲ့ အမြဲစကားနားထောင်ခဲ့တာ၊ သူက ကျွန်မတို့ကိုတစ်ခါမှ အဲလိုစိုးရိမ်အောင် မလုပ်ဖူးဘူး၊ သူက တစ်ယောက်ယောက်ကို အသိမပေးဘဲ ထွက်သွားမှာ မဟုတ်ဘူး၊ တစ်ခုခု ဖြစ်သွားတာပဲနေမယ်"

ကူယွဲ့ အသည်းအသန် မျက်မှောင်ကြုတ်လိုက်တယ်။

"ယွီဟုန်၊ မင်း တပည့်တွေကို နန်းတော်တံခါးအပြင်ဘက်မှာ သူ့ကို လိုက်ရှာဖို့လွှတ်လိုက်လား၊ အဓိကက နန်းတော်ကိုဝို င်းထားတဲ့ ကျွန်းတွေမှာလေ"

"ကျွန်မတို့အဲမှာရှာပြီးပြီ" ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်မတို့ ကောင်းကင်နန်းတော်အောက်က ကျွန်းရာချီမှာ ရှာပြီးပါပြီ၊ တိုင်းပြည်ဧကရာဇ်တွေအားလုံးကို အသိပေးပြီးပြီပေမဲ့ ဘယ်သူမှ ပြန်အကြောင်းမကြားသေးပါဘူး"

သူမ ဘယ်သွားတာများဖြစ်နိုင်လဲ။ သူ သူ့ဘေးမှာရှိတဲ့ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"ဘာဖြစ်ခဲ့လဲဆိုတာ မင်းပြောနိုင်လား"

ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။ သူမအကြည့်က ပြတင်းပေါက်ဘေးက ပန်းပေါ်ရောက်သွားတယ်။

"ဘာမှမရှိသလိုပဲ"

"မင်းလည်းမပြောနိုင်ဘူးလား" ကူယွဲ့ သူ့လက်ထဲက ကျောက်စိမ်းပုလွေကို လှည့်နေမိတယ်။

"ဘာတွေများဖြစ်ခဲ့တာပါလိမ့်"

"ငါတို့ ငါးဆားနယ်ကို မေးကြမလား" ရှန်းရင်က အကြံပြုလာတယ်။

"ငါးဆားနယ်လား" ကူယွဲ့က တန့်သွားပြီးတော့ တုံ့ပြန်လိုက်တယ်။

"ချန်ကောပေါ့"

အော် ဟုတ်သား၊ ရွှမ်ထုံက ချန်ကောနဲ့ ဆက်နွယ်နေတာ။ သူမကို သူ ရှာတွေ့နိုင်လောက်တယ်။ ပြီးတော့ ချန်ကောက ဝူတိဂိုဏ်း ဒီကိုပြောင်းလာပြီးတည်းက ၂ရက်၃ရက်တိုင်း တစ်ကြိမ် လာလည်နေတာ။ သူက ရွှမ်ထုံ့ကို အမတလက်နက်တွေပို့ဖို့ အကြောင်းပြချက်ဆင်ခြေမျိုးစုံပါ ရှာသေးတယ်။ ငကန်းတောင် သူရွှမ်ထုံ့ကို ကြိုက်နေမှန်း မြင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက ဖုန့်ချန်တိုက်က လာတာပဲ - တစ်ယောက်နဲ့ တစ်ယောက် မျက်စိကျတာက လုံးဝကို ဆီလျော်တယ်။

ဒါပေမဲ့ ရွှမ်ထုံကတော့ သူ့ကိုမြင်ရတာမုန်းတယ်။ ဆယ်ခါမှာ ကိုးကြိမ်လောက်က သူ့ကိုတွေ့ဖို့ ငြင်းတယ်။ လက်ဆောင်တစ်ခုမှ လက်မခံသလို လန်ဟွားနဲ့ ရွှင်ရှူးရဲ့လက်နက်တွေကိုတောင် တမင်တကာ ငှားလိုက်သေးတယ်။ တစ်ယောက်က အရည်အချင်းရှိတဲ့ အဇဋာဧကရာဇ်ဖြစ်ပြီး နောက်တစ်ယောက်က ချန်ကောမှာရှိတာတွေထက်တောင် ပိုပြီးအရည်အသွေးသာတဲ့လက်နက်တွေ လုပ်နိုင်တဲ့ ကျွမ်းကျင်လက်နက်သန့်စင်ပညာရှင်။ ချန်ကောက ရွှမ်ထုံ အဲလက်နက်တွေကို သုံးနေတာမြင်တိုင်း သူက အရှုံးပေးပြန်နောက်ဆုတ်သွားတယ်။ ဒါပေမဲ့ နောက်၂ရက်နေရင် ပြန်ရောက်လာလိမ့်မယ်။

ကူယွဲ့ အပါအဝင် ဝူတိဂိုဏ်းတစ်ခုလုံးက သူတို့ဆက်ဆံရေးအတွက် မျှော်လင့်ထားကြတယ်။ ဒါက ဝတ္ထုနဲ့ မဆိုင်တော့တဲ့အချက်ကို ဘေးဖယ်ထား ချန်ကောက အရမ်းမသန်မာပေမဲ့လည်း အဇဋာဧကရာဇ်ပဲလေ။ သူတို့ဖြတ်သန်းခဲ့ရတာတွေအားလုံးအပြီးမှာ သူက သူတို့ယုံကြည်မှုရဖို့ ထိုက်တန်ပါတယ်။

"ယွီဟုန် မြန်မြန် ဖုန့်ချန်က ကောင်းကင်နန်းတော်ဆီ လူတွေလွှတ်ပြီး အဇဋာဧကရာဇ်ချန်ကောကို ဒီဖိတ်ခေါ်ချေ" ကူယွဲ့ ချက်ချင်း ညွှန်ကြားလိုက်တယ်။

"ငါတို့နန်းတော်ထဲက နေရာရွှေ့ပြောင်းအစီအရင်ကနေ အဲကိုသွား"

ယိချင်း နန်းတက်တဲ့နေ့က အဇဋာဧကရာဇ်တွေအားလုံးက ဝူတိဂိုဏ်းကို ဂုဏ်ပြုလက်ဆောင်တွေနဲ့ အကြွေးတွေပေးဖို့ ရောက်လာခဲ့ကြတယ်။ သူတို့တွေက တိုက်ကြီးအသီးသီး‌ဆီရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင်တွေလည်း ဖန်တီးခဲ့တာမို့ တိုက်တွေကြား ခရီးသွားရတာ အများကြီး ပိုလွယ်ကူသွားပြီ။

"ဟုတ်ကဲ့" ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။

"စားဖိုမှူး သွားသင့်တယ်" ရှန်းရင်က ယိချင်းဘက်လှည့်ပြီး ပြောလေတယ်။

"သူက ပိုမြန်တယ်"

"ဟုတ်ကဲ့ဆရာ" ယိချင်းက မကန့်ကွက်။ မျက်စိတစ်မှိတ်အတွင်း သူပျောက်သွားပြီ။

တစ်ခဏနေတော့ လက်ထဲ တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားပြီး ပြန်ပေါ်လာတယ်။ သူက ပစ်ထုတ်ပြီး ပြောလေတယ်။

"ဒီမှာပါ"

ကူယွဲ့ ။ ။ "..."

ယွီဟုန် ။ ။ "..."

ချန်ကော ။ ။ "..."

အဲဒါသောက်ကျိုးနည်း မြန်လွန်းနေတာ မဟုတ်ဘူးလား။ အဲဒါ ဖိတ်ကြားချက်ရော ဟုတ်ရဲ့လား။ ဒါပြန်ပေးဆွဲမှုပဲ။

——————

"ဘာ၊ မိန်းကလေးရွှမ်ထုံ ပျောက်နေတယ်" ချန်ကောက ထိတ်လန့်တကြားအော်ပြီး ချက်ချင်း ထရပ်တော့တယ်။

"သူ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပျောက်သွားတာလဲ"

"ငါတို့လည်းမသေချာဘူး" ကူယွဲ့ခေါင်းယမ်းလိုက်တယ်။

ချန်ကော အမူအရာပျက်ယွင်းသွားတယ်

"ဒါပေမဲ့... ကောင်းကင်နန်းတော်ထဲ ဘယ်သူကဝင်ပြီး မိန်းကလေးရွှမ်ထုံကိုပြ န်ပေးဆွဲနိုင်မှာလဲ၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဝူတိဂိုဏ်းကောင်းကင်နန်းတော်လေ"

"ငါတို့ မင်း သူ့ကိုခြေရာခံနိုင်ဖို့ နည်းလမ်းရှိလား မေးဖို့ ဖိတ်လိုက်တာ" ရွှမ်ထုံက တက်လှမ်းနေဆဲမို့ မသေမျိုးချီက မတည်မငြိမ်ဖြစ်နေတယ်။ နှောင့်ယှက်ခံရလို့ မဖြစ်ဘူး။ တကယ်ပဲ မြန်မြန် ရှာမတွေ့ဘူးဆိုရင် သူမအခြေအနေက တကယ်ပဲ အသည်းအသန်ဖြစ်သွားနိုင်တယ်။

ချန်ကောက ကူယွဲ့ကိုလှမ်းကြည့်ကာ စိုးရိမ်နေတဲ့ပုံ။ သူက သက်ပြင်းမောကြီးချတယ်။

"မင်းဘာဆိုလိုလဲ ငါသိတယ်..."

ချန်ကော မုန်လာဥဖြူဖြစ်လာပြီး ရွှမ်ထုံ့ကို ဆင့်ခေါ်ခဲ့ချိန် ရွှမ်ထုံက သူ့နတ်ဆိုးအစေ့နဲ့ စိတ်နတ်ဆိုးရဲ့ လူအသွင်ပုံစံဆိုတာ သိပြီးသွားပြီ။

"ရွှမ်ထုံရဲ့ဝိညာဉ်နဲ့ ငါ့ဝိညာဉ်က တစ်ခုတည်းဆိုပေမဲ့ သူက ပြန်လည်ဝင်စားမှုကို ခဏခဏ ဖြတ်သန်းပြီးပြီ၊ သူက တသီးတသန့်ဝိညာဉ်ဖြစ်နေပြီ၊ ပြီးတော့ သူမကိုယ်ထဲ နတ်ဆိုးချီအကုန်လုံး မရှိတော့ဘူး၊ စိတ်ဆက်သွယ်မှုနည်းနည်းလေးကလွဲလို့ ငါ သူနဲ့မချိတ်ဆက်တော့ဘူး"

ဒီစိတ်ဆက်သွယ်မှုကတောင် ချန်ကော သူမနေရာကို ရှာဖို့လောက်ထိ မခိုင်မာဘူး။

"ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ" ချီချန်းယွီ စသွေးပျက်လာတယ်။ သူမက ရွှမ်ထုံ့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးခဲ့တာလို့တောင် ပြောလို့ရတယ်။ သေချာပေါက် သူမက တခြားသူအားလုံးထက် ပိုစိုးရိမ်တာပေါ့။

"ဟုန်အာ" ရှန်းရင်က ရုတ်တရက်လှမ်းခေါ်ပြီး ယွီဟုန့်ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။

"သူဌေးလန်ကို သွားခေါ်ချေ"

"မင်းသူ့ကိုဘာလို့ခေါ်-" ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး အကြောင်းရင်းကိုနားလည်သွားတယ်။ သူမျက်လုံးပြူးတော့တယ်။

"မင်းဆိုလိုတာက သူ့မုန်လာဥဖြူအင်းကွက် - ဖွီ ငါဆိုလိုတာ နှလုံးထောင်ချောက်အင်းကွက်ပေါ့"

အမှန်ပဲ၊ နှလုံးထောင်ချောင်အင်းကွက်က အရင်တစ်ကြိမ်တုန်းက ချန်ကောက ရွှမ်ထုံ့ကို ဆွဲခေါ်လို့ရအောင် လုပ်ပေးခဲ့တယ်။ သူ ခုလည်း နောက်တစ်ကြိမ် ပြန်လုပ်နိုင်မှာပဲ။

"ယွီဟုန် မြန်မြန်"

ယွီဟုန် ဒါကိုသဘောပေါက်ပြီး မျက်လုံးတွေ တောက်ပသွားကာ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့"

နောက်တော့ သူက လန်ဟွားကိုပြေးခေါ်တော့တယ်။

ကူယွဲ့ တစ်ခဏစဉ်းစားပြီး ချန်းယွီနဲ့ ဖုန်းယင်ကိုပါ မုန်လာဥကို ခေါ်လာခိုင်းလိုက်တယ်။ နောက်တော့ သူ အမတသွေးကြောတချို့ကိုထုတ်ပြီး ရွှမ်ထုံ့ အမတမျှော်နန်းရှေ့က ဥယျာဉ်ပေါ်ထားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက တွင်းကြီးကြီးတူးတော့တယ်။

အားလုံးအဆင်သင့်ဖြစ်ချိန် လန်ဟွားနဲ့ မုန်လာဥဖြူရောက်လာတယ်။ လန်ဟွားက အတော်လေး အားကိုးရသား။ အကျဉ်းချုံးရှင်းပြမှု‌နားထောင်ပြီး ဂျပုလေးပျောက်နေတာ သိသွားတော့ အင်းကွက်ကို မြန်မြန်ပြင်ဆင်ပေးတော့တယ်။

လူတိုင်းက ဝတ်ရုံဖြူနဲ့တစ်စုံတစ်ယောက်သော အဇဋာဧကရာဇ်ကို လှည့်ကြည့်လိုက်ကြတယ်။

ချန်‌ကောတန့်သွားပြီး တစ်စုံတစ်ရာ သဘောပေါက်သွားခဲ့တယ်။ သူက သဘောတူဟန် လက်မြှောက်လိုက်တယ်။

"ငါသိပြီ ငါက ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိပါတယ်" နောက်တော့ သူက ကူယွဲ့တူးထားတဲ့ တွင်းထဲ ခုန်ဝင်လိုက်တယ်။ ချန်ကော ပျောက်နေတဲ့လူက သူသဘောကျတဲ့လူဖြစ်တယ်ဆိုတဲ့ အကြောင်းကို တွေးမိသွားတယ်။ သူ စိုးရိမ်တကြီး လှမ်းမေးလိုက်တယ်။

"မင်းတို့ ငါ့ခေါင်းပေါ် မြေကြီးဘာညာ တစ်ခုခု တင်ရမှာလား"

ကူယွဲ့ ။ ။ "..."

လန်ဟွား ။ ။ "..."

ရှန်းရင် ။ ။ "..."

အားလုံး ။ ။ "..."

သူ မုန်လာဥဖြူ ဖြစ်ခဲ့တာကနေ အစွဲဖြတ်တဲ့လက္ခဏာတွေ ခံစားနေရတာလား။ ဘာလို့ခေါင်းပေါ် မြေကြီးတင်ချင်တာတုံး။ ဒါဆိုလည်း ခေါင်းပေါ် သစ်ရွက်လေး ဘာလေး ဘာလို့မစိုက်လဲ။

All Chapters