← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း ၂၄၁ ။ ကျောင်းလုံဖမ်းဆီးခံရမှု

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်ဒေဝါ" ကျောင်းလုံက ရှန်းရင်ဘက်လှည့်ပြောတယ်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"ကိစ္စမရှိဘူး၊ အရင်ဝင်ကြရအောင်" ရှန်းရင်က မျက်စိတစ်ဖက် မှိတ်ပြပြီး ခပ်တိုးတိုးပြောလိုက်တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ခုလည်း နင်က နဂါးဆိုတာ ဘယ်သူမှ မပြောနိုင်တာ"

"တကယ်လား... ကျွန်တော်တို့ တကယ်ဝင်လို့ရတာလား"

"စိတ်အေးအေးထားပါ၊ လွယ်လွယ်လေး" ရှန်းရင်က ယုံကြည်ချက်ရှိရှိဖြေပြီး တစ်ခဏစဉ်းစားကာ ထပ်ဖြည့်ပြောလိုက်တယ်။

"ငါရှိနေရင် နင်ဘာကြောက်စရာလိုလဲ"

ဟုတ်သားပဲ၊ ကြီးမြတ်တဲ့နတ်ဒေဝါ ရှိသေးတာပဲ။ ကျောင်းလုံ စိတ်အေးအေးထားပြီး တံခါးထဲ ‌ခြေချလိုက်တယ်။

ချက်ချင်း ရွှီးခနဲ လေတိုးတဲ့အသံလှိုင်းပေါ်လာပြီးအနားမှာ ဝိညာဉ်ဓားတွေ ဒါဇင်နဲ့ချီ ပေါ်လာတယ်။ ကျောင်းလုံရဲ့ ခြေထောက်အောက်ဘက်နားဆီ ထိုးစိုက်ပြီး သူ့ခြေထောက်ပတ်လည်မှာ ရဲရဲတောက်နေတဲ့ အနီရောင်အလင်းတွေနဲ့ ဝိုင်းထားတော့တယ်။

တစ်ချိန်တည်းမှာပဲ ဓားသန်းချီက သူ့ခေါင်းပေါ် ပေါ်လာတယ်။ ဓားတွေက သူ့ဆီ မိုးလိုမျိုး ထိုးစိုက်ဖို့လုပ်တော့တယ်။

ကျောင်းလုံ ။ ။ "..."

အားလုံး ။ ။ "..."

အဆင်ပြေမယ်လို့ သူပြောတယ် မဟုတ်ဘူးလား/

Σ(°△°|||)

ကျောင်းလုံက ဘယ်လိုပဲဖြစ်ဖြစ် နဂါးတစ်ကောင်ပဲ။ ဓားအင်းကွက်က ရုတ်ခြည်း ပေါ်လာပေမဲ့ သူ့တုံ့ပြန်မှုက အရမ်းမြန်ပြီး နဂါးအသွင်ဆီ အလိုလိုပြောင်းလဲလိုက်ကာ ရှေ့ကို အရှိန်မြှင့် ဓားမိုးကို လက်မတင်လေး ရှောင်လိုက်တယ်။ ချက်ချင်း နဂါးကြီးတစ်ကောင် သူတို့ဆန့်ကျင်ဘက်က ကြာပန်းတွေစိုက်ထားတဲ့လမ်းပေါ် ပေါ်လာတယ်။

ခုလေးတင်နှုတ်ဆက်နေကြတဲ့ နတ်တွေအကုန် တိတ်ဆိတ်ကုန်တယ်။

အကြည့်ထောင်ချီက ကျောင်းလုံပေါ်ရောက်လာတာမို့ သူ ချက်ချင်း မကောင်းတဲ့ခံစားချက် ရလေတော့တယ်။

"နဂါး နဂါးတစ်ကောင်ပဲ" ရုတ်တရက် တစ်ယောက်က အော်လိုက်တော့ လူအုပ်ကြီးက မီးမြှိုက်ခံရသလို မျက်လုံးပြူးကုန်ကြတယ်။

"ကျောင်းလုံ၊ ကျောင်းလုံပဲ"

"ရှန်းကျွင်းရှာနေတဲ့ တစ်ကောင်ဖြစ်ရမယ်"

"ဖမ်းဆီးကြ" ချက်ချင်း လူအုပ်ကြီးက အသည်းအသန် သူတို့ဓမ္မအသုံးအဆောင်တွေ ဆွဲထုတ်ကာ ဂါထာတွေ ရွတ်ကြတယ်။ လူပင်လယ်ကြီးက အမည်းစက်လေးဆီ ပြေးသွားကြပြီး လင်ထိုက်တောင်အနားကနေတောင် လူတွေအများကြီး ပျံသန်းထွက်လာတယ်။

ကျောင်းလုံ ကောင်းကင်က ဓမ္မအသုံးအဆောင်တွေကို ရိုက်ချဖို့ မိုးကြိုးကိုပဲဆင့်ခေါ်ရတော့တယ်။ သူက ရှန်းရင်ကို ကြည့်ကာမေးလိုက်တယ်။

"ဘာ... ဘာလုပ်ကြမလဲ" နဂါးကို ကယ်ပါဦး...။

"ဟမ်..." ရှန်းရင် သူမရှေ့ကလူအုပ်ကြီးကို ကြည့်ပြီး လိုရင်းတိုရှင်းပြောလိုက်တယ်။

"ပြေး"

နောက်အခိုက်အတန့်မှာ သူမက တစ်ဟုန်ထိုးပြေးသွားပြီး ကြာပန်းစင်မြင့်ပေါ် ဖုန်အလိမ့်လိုက်ကြီးပဲ ကျန်ခဲ့ရှာတယ်။ လူတွေက အများကြီးပဲ၊ ရန်ဖြစ်နေရင် ပင်ပန်းမှာပေါ့။

ကျောင်းလုံ ။ ။ "..." သူ့ကိုကာကွယ်ပေးဖို့က ဘာဖြစ်သွားပြီလဲ။

ကျောင်းလုံ သူ့အတွက်သူ ဝမ်းနည်းချိန်မရဘဲ ဘေးကလူကို အမြီးနဲ့ယမ်းထုတ်ကာ လှည့်ပြီး သူ့အသက်အတွက်သူ စတင်ပြေးတော့တယ်။

လူအုပ်ကြီး ။ ။ "..."

မြန်လိုက်တာ၊ ဒါပေမဲ့... သူက ဘာလို့ ရှန်းကျွင်းရဲ့ လင်ထိုက်တောင်ဘက်ကို ပြေးနေတာလဲ။ သူက သူ့ရန်သူ တည့်တည့်ဆီ ဝင်တိုးတာပဲ။

နှစ်ယောက်သား လင်ထိုက်တောင်ခြေရောက်တော့မဲ့အချိန် ရွှေကြာပန်းတစ်ပွင့် ကောင်းကင်ကနေ ဆင်းသက်လာပြီး သူ့ပွင့်ဖတ်တွေက ကျောင်းလုံကို ချက်ချင်းအထဲထည့်ပတ်လိုက်တယ်။ ကျောင်းလုံ သူ့ကိုယ်သူ မရပ်နိုင်ဘဲ ပန်းပွင့်ဖတ်တွေကို ခေါင်းနဲ့ဝင်တိုက်မိတော့တယ်။ သူ ချက်ချင်း ကြယ်တွေလတွေမြင်သွားပြီး သူ့အစွမ်းတွေ ချိပ်ပိတ်ခံလိုက်ရတော့တယ်။

ကြာပန်းအပြင်မှရှန်းရင် ။ ။ "..." လခွမ်းဟေ့ ဘက်မှားပြေးမိပြီ။

ကျောင်းလုံ ။ ။ "..."

ဒဏ်ရာရတဲ့သူက ဘာလို့ အမြဲသူဖြစ်နေရတာလဲ။ ဘာလို့အမြဲ သူပဲလဲလို့။

——————

လင်ထိုက်တောင်၊ ဖူဟွားနန်းတော်။

ကြောက်ခမန်းလိလိ ဖိနှိပ်မှုက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံနေတယ်။ ကျင့်ကြံဆင့်မြင့်တဲ့ ကောင်းကင်နတ်ဘုရားဆယ်ယောက်က ဘေးနှစ်ဖက်စလုံးမှာ ရပ်နေပြီး ကြာပန်းထဲ ပိတ်လှောင်ခံထားရတဲ့ ကျောင်းလုံကို ဒေါသတကြီးကြည့်နေတယ်။

"ရိုင်းပျတဲ့နဂါး မင်းက ရှန်းကျွင်းရဲ့ ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးပြီး လင်ထိုက်တောင်တန်းကို ရောက်လာ၊ ဆိုးဆိုးရွားရွား ပြုမူရဲသေးတယ်ပေါ့လေ၊ မင်းအပြစ်တွေကို ဝန်ခံလား"

"ဘာကောင်းကင်စိတ်တန်ခိုးကျောက်တုံးလဲ" ကျောင်းလုံ အူလည်လည်ဖြစ်ပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။

"ဒီကို အတင်းကျူးကျော်လာတာ ကျုပ်အမှားဆိုပေမဲ့ မလုပ်တဲ့ကိစ္စကိုတော့ လာခြောက်မချနဲ့"

"မင်းလိမ်ဖို့ ကြိုးစားသေးတယ်ပေါ့" အဲလူအမူအရာက အေးစက်သွားပြီး ဂါထာရွတ်လိုက်တယ်။ ရေကြေးမုံက နန်းတော်ထဲပေါ်လာပြီး ပုံရိပ်တစ်ခု ခပ်ရေးရေးပေါ်လာတယ်။

"ဒီနေရာကိုမှတ်မိသေးလား"

ကျောင်းလုံ အနီးကပ်ကြည့်လိုက်တော့ တောအုပ်တစ်ခုနဲ့တူတာ သိလိုက်ရတယ်။ မြက်ခင်းစိမ်းတွေက တကယ်ကို ရင်းနှီးနေတယ်။ အထူးသဖြင့် မြေကြီးပေါ်က တစစီဖြစ်နေတဲ့ကျောက်တုံးတွေ...။

ခဏနပေါဦး

အဲဒါ ကြီးမြတ်တဲ့နတ်သမီး သူ့ကို ‌စောနက ‌ဆောင့်နင်းခဲ့တဲ့ကျောက်တုံး မဟုတ်လား။ သူ ကျောက်စကျောက်နားတွေကြား သူ့ပုံရိပ်ကောက်ကြောင်းကို မြင်နိုင်သေးတယ်။ သူညှပ်နေခဲ့တဲ့ ကောင်းကင်စိတ်တန်ခိုးကျောက်တုံးက ရှန်းကျွင်းရဲ့ဟာလား။

"ကျုပ်.... ကျုပ် တကယ်ပဲအဲကိုရောက်ခဲ့တယ်" ကျောင်းလုံ ချောင်းဟန့်လိုက်တယ်။

"ဒါပေမဲ့ ကျောက်တုံးကို ကျုပ်ဖျက်ဆီးတာ မဟုတ်ဘူး"

"ဒီညှို့စားတောအုပ်ထဲက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဟုန်ယွီရှန်းကျွင်းထားထားပြီး အားဖြည့်ပေးဖို့ သူကိုယ်တိုင် အင်းကွက်အစီအရင်ချထားတာ"

အဲလူက အေးစက်စက် နှာမှုတ်ပြီး သူ့လေသံက ပိုတောင်မကျေမချမ်းဖြစ်လာတယ်။

"ငါအဲကိုသွားကြည့်တာ‌ ကျောက်တုံးတွေကြား ကျန်နေခဲ့တဲ့ အရှိန်အဝါက မင်းဟာလေ၊ တကယ်လို့ မင်းဟာ မဟုတ်ရင် ဘယ်သူ့ဟာလဲ"

"ဒါ... ဒါ..." ကျောင်းလုံ နင်နေတယ်။ ဘယ်သူလဲဆိုတာ သူ မပြောရဲဘူး‌။

o(>_

All Chapters