အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း ၂၄၄ ။ နဂါးအသူတစ်ရာချောက်နက်မှ နဂါးနန်းတော်
"မလိုတော့ဘူး" မှန်ထဲကလူကပြန်ဖြေတယ်။
"အတိတ်ကကိစ္စတချို့နဲ့ ပတ်သက်ရုံပါ၊ သတိရသွားမိလို့ သိချင်ရုံပဲ" မှန်ထဲက ပုံရိပ်က ဖျော့တော့လာပြီး ပျောက်ကွယ်တော့မယ်။
"ခဏ" အဘိုးကြီးက တစ်စုံတရာကိုမှတ်မိသွားပုံပဲ။
"မင်း ခြေတစ်ထောင်တောင်မှာ ရှိနေသေးတာတော့ မဟုတ်ဘူးမလား"
"..." မှန်ထဲကလူက ပြန်မဖြေ။ သူက တိတ်ဆိတ်မှုနဲ့ ဒါကို အသိအမှတ်ပြုနေတာပဲ။
"အာ မင်း ဘာလို့ဒီလိုလုပ်ရတာလဲ"
အဘိုးကြီးက သက်ပြင်းချတယ်။
"အဲဒီအဆင့်မြင့်နတ်ချန်းယွဲ့က မင်းကို လိမ်ဖို့မရည်ရွယ်ခဲ့ဘူးထင်တာပဲ - သူတကယ်မသိရုံပါ၊ မင်း အဲမှာဆက်နေပြီး သူနဲ့ကိစ္စတွေ ရှင်းအောင် လုပ်တော့ရော ဘာထူးလဲ"
"တကယ်လို့ သူတကယ်မသိရင်တောင်..." အဲလူက အသံတိုးသွားပြီး ဝမ်းနည်းမှုရောစွက်လျက်ပြောလာတယ်။
"သူမ သေချာပေါက်ပေါ်လာမှာ"
"မင်း..." အဘိုးကြီး အသံက ခုတော့အေးစက်သွားပြီ။ တစ်ခဏနေတော့ သူခေါင်းယမ်းတယ်။
"ဘာပဲဖြစ်ဖြစ်ပါ၊ မင်းရှာနေတဲ့လူကိုတွေ့ပါစေ မျှော်လင့်မိတယ်"
တစ်ဖက်ကနေ တုံ့ပြန်မှုမရှိ။ ကြေးမုံက မဆိုစလောက်တုန်ရီသွားပြီး ရေအဖြစ် ပြောင်းကာ ကန်ထဲပြန်ကျသွားခဲ့တယ်။
အဘိုးကြီးက သူ့မုတ်ဆိတ်မွှေးကို ထိပြီး ထပ်သက်ပြင်းချလိုက်တယ်။
အာ၊ ဒီလူငယ်တွေကတော့။
——————
နဂါးနန်းတော်။
အထက်အမြင့်မှာထိုင်နေတဲ့ အမျိုးသမီးက သတင်းတင်ပြသူကို ထူးထူးဆန်းဆန်းကြည့်လေတယ်။
"နဂါးနက်တစ်ကောင်လား၊ အဲဒါ ကောင်းကင်မြေအောက်ဘုံဆီ တက်လှမ်းလာကာစ အသူတစ်ရာချောက်နက်ထဲက နဂါးနက်လေးပဲမလား"
"ရှန်းကျွင်းကို တင်ပြပါတယ်၊ အမှန်တကယ်ပဲ သူပါ"
"သူ အရင်က ဆန္ဒမရှိဘူးထင်နေတာ၊ ဘာလို့ သူက အခု ဒီကိုပြန်ပြေးလာတာလဲ" လုံကျန်းက မျက်မှောင်ကြုတ်ပြီး သိသိသာသာ မရွှင်မပျဖြစ်နေတယ်။
"ငါ အပြစ်ပေးမှာကို သူကကြောက်နေသေးတာများလား၊ သူ့ကိုအခက်တွေ့အောင် လုပ်မှာမဟုတ်ကြောင်းနဲ့ ငါ သူ့ခစားမှုကို မလိုအပ်တဲ့အကြောင်း ပြောလိုက်ပါ"
"ဟုတ်ကဲ့"
အစေခံမိန်းကလေးက နောက်ပြန်ဆုတ်သွားတယ်။ ဘေးမှာရပ်နေတဲ့ မိန်းကလေးက အမြန်တားလေတယ်။
"ကျေးဇူးပြုပြီး ခဏစောင့်ပါဦး"
သူမက လုံကျန်းဘက်လှည့်ကာ လက်နှစ်ဖက်အုပ်မိုးပြီး ပြောလေတယ်။
"ရှန်းကျွင်း ဒီနှစ်တွေအားလုံးမှာ ကျွန်မတို့ နည်းအများကြီးစဉ်းစားခဲ့တယ်လေ၊ အဆင့်မြင့်နဂါးတွေအများကြီး ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ အချည်းနှီးပဲ၊ ဖြစ်နိုင်တာက သခင်လေးရဲ့ဒီကိစ္စက ကျင့်ကြံဆင့်နဲ့ လုံးဝမဆိုင်တာလည်း ဖြစ်နိုင်တယ်၊ ဒီနဂါးနက်ကခုမှတက်လှမ်းလာကာစ၊ သူအောင်မြင်နိုင်လောက်တယ်၊ ကြိုးစားကြည့်လို့ အန္တရာယ်မရှိဘူးမလား'
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက တက်လှမ်းလာကာစလေ၊ ပြီးတော့ နဂါးနက်တစ်ကောင်လေ" လုံကျန်းက သိသိသာသာ တုံ့ဆိုင်းနေတယ်။
"ရှန်းကျွင်း၊ ကျွန်မတို့က စောင့်ဆိုင်းလို့ရပေမဲ့ သခင်လေးကတော့ စောင့်လို့မရပါဘူး"
သူမ အမူအရာက ဝမ်းနည်းညှိုးငယ်နေတယ်။ တစ်အောင့်နေတော့ သူမက သက်ပြင်းချတယ်။
အစေခံမိန်းကလေးဘက်လှည့်ပြီး သူမကပြောလိုက်တယ်။
"ကောင်းပြီလေ ငါတို့ တစ်ချက်စမ်းကြည့်တာပေါ့၊ သူ့ကိုနဂါးကန်ဆီ ခေါ်သွားလိုက်၊ ငါအဲကိုခဏနေလာခဲ့မယ်"
"ဟုတ်"
အစေခံမိန်းကလေးက နောက်တစ်ကြိမ်ထပ်ဆုတ်သွားခဲ့တယ်။
***
"သူမ... သူမ သဘောတူလိုက်တယ်" ကျောင်းလုံက နားကိုတောင်မယုံနိုင်။ ပထမဆုံးအကြိမ် သူ နောက်ထပ်နဂါးတစ်ကောင် နောက်ထပ် မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားခဲ့တာပဲ။ သူတို့တွေ အစကြမ်းတမ်းပြီး သူ့ကြောင့် အစတုန်းက စိတ်တိုသွားတယ်ထင်ခဲ့တာ။ သူ အစတုန်းက ကြီးမြတ်တဲ့နတ်ဒေဝါကို ကြိုးစားခွင့်ပေးဖို့ တောင်းပန်ခဲ့ချိန် တစ်ချက်စမ်းကြည့်ဖို့ပဲ ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ သူ့မှာ အောင်မြင်ဖို့ မျှော်လင့်ချက် အစစ်အမှန် မရှိခဲ့ဘူး။
သူမ တကယ်ကို သဘောတူလိုက်တယ်ဆိုတာ သူမယုံနိုင်ခဲ့ဘူး။ သူ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် အဲအမျိုးသမီးက သူ့ကို... စဉ်းစားကြည့်ရုံနဲ့တင် ဟီးဟီးဟီး။
သူ သူမကို နိမ့်ပါးတဲ့အဆင့်ကနေပဲ ခစားရမှာဆိုပေမဲ့ အနည်းဆုံးတော့နီးစပ်ဖို့ အခွင့်အရေးရှိပြီ။ ပြီးရင် သူတို့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်တည်လာပြီး အချိုးအကွေ့တစ်ခုကို ရောက်လာလိမ့်မယ်။
"ကြီးမြတ်တဲ့... ကြီး-ကြီး-ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်ဒေဝါ" သူ ရှန်းရင်ဝတ်ရုံလက်ကို ဆွဲပြီး စိတ်လှုပ်ရှားနေတယ်။
"သူသဘောတူလိုက်တယ် ကြားလိုက်လား၊ သူ သဘောတူလိုက်တယ်"
"အော်" ရှန်းရင်က ဧည့်ခန်းထဲထိုင်နေပြီး ကျောင်းလုံရဲ့ဆွဲဆောင့်မှုကြောင့် ခန္ဓာကိုယ်ကစောင့်သွားတယ်။ သူမ အသီးကို ဝါးရင်း အသီးပန်းကန်ကို ပိုတောင်တင်းတင်းဆုပ်ကိုင်လိုက်ရတော့တယ်။ သူမ ကျောင်းလုံကိုခါထုတ်ဖို့ ကြိုးစားလိုက်တယ်။
"အစားအစာကို တန်ဖိုးထားပြီး ဒီအချစ်ရေးကိစ္စ ပြဿနာတွေကနေ ဝေးဝေးထားရမယ်"
သူ မြွေနဂါးအဆင့်လေးပဲရှိတုန်းက တခြားမြွေနဂါးတွေက လက်တွဲဖော်ရှာဖို့ အရမ်းခက်မယ်ဆိုတဲ့အကြောင်းနဲ့ ရှိသမျှအားလုံး ပုံအပ်ဖို့အတွက် အသင့်ပြင်ထားဖို့ လိုတယ်ဆိုပြီး ပြောခဲ့ကြတယ်။ ကြည့်ရတာတော့ အဲလောက်မခက်ပါဘူး ဟီးဟီးဟီး သူက တကယ်ကိုထူးခြားတဲ့နဂါးပဲ။
"ကျေးဇူးပြုပြီး နဂါးရေကန်ဆီ လိုက်ခဲ့ပါ၊ ရှန်းကျွင်းက ရှင့်ကိုတွေ့ချင်နေပါတယ်"
အစေခံမိန်းကလေးက လာပြောတယ်။
"မြန်လိုက်တာ" ကျောင်းလုံ ထခုန်မိလိုက်တယ်။ သူ အမျိုးသမီးကို အဲလောက်မြန်မြန် ပြန်တွေ့ရမယ်လို့ မထင်ခဲ့ဘူး။
"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ"
သူ လှည့်ပြီး ရှန်းရင်ကို ထရပ်ဖို့ အော်ချင်ပေမဲ့ အစေခံမိန်းကလေးက ပြောလာတယ်။
"ရှန်းကျွင်းမှာ ရှင့်ကိုမေးစရာရှိတာမို့ ရှင့်ကိုပဲတွေ့ချင်ပါတယ်တဲ့"
"အော်..." ကျောင်းလုံက ရှန်းရင်ဘက် မြန်မြန်လှည့်ပြီး တုံ့ဆိုင်းစွာမေးလိုက်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ... ကျွန်တော် သွားနေတုန်း ဒီမှာနားနေရင်ရော"
"အိုး" ရှန်းရင် ပြန်ဖြေပြီး အသီးဆက်ဝါးနေတယ်။
"ကျွန်တော်မကြာခင်ပြန်လာပါ့မယ်" သူမ ဘာမှထူးထူးခြားခြားကိစ္စ မရှိတာမြင်တော့ မြွေနဂါးက ချက်ချင်း အစေခံမိန်းကလေးနောက် လိုက်သွားတော့တယ်။
ရှန်းရင် အဲလောက်စိတ်ထဲမထား။ သူမ စားစရာရှိတာ အရမ်းကိုကြာခဲ့ပြီမို့ ဗိုက်ဆာနေတာ။
အင်း... အသီးတွေက နည်းနည်းချဉ်တယ်။ ဝူတိဂိုဏ်းကလောက် မကောင်းဘူး။
သူမ... စားဖိုမှူးကို လွမ်းမိသလိုပဲ။
***
အစေခံမိန်းကလေးက ကျောင်းလုံကို အနောက်ဆောင်ဆီ ဦးဆောင်ခေါ်လာခဲ့တယ်။ သူတို့က လုံးဝကို သီးသန့်ကန့်ထားတဲ့ နယ်နိမိတ်ထဲ ဝင်လာသလိုပဲ။ အပူချိန်က မြင့်တက်လာလို့ နဂါးတွေတောင် နွေးလာဝယ်။ သူတို့ လမ်းကြားလေးတစ်ခုထဲဝင်ချိန် အစေခံမိန်းကလေးကရပ်သွားပြီး သူ့ကိုဆက်သွားဖို့ အမူအရာပြတယ်။
ကျောင်းလုံက အများကြီးမစဉ်းစား။ သူ အစေခံမိန်းကလေးကို ထူးထူးခြားခြား ကျေးဇူးတင်ပြီး လမ်းကြားလေးထဲ လျှောက်လာခဲ့တယ်။ ထူးထူးခြားခြားနွေးထွေးတဲ့ အရှိန်အဝါက လေနဲ့အတူ ပါလာပြီး သူ တစ်လှမ်းလှမ်းတိုင်း အပူချိန်တိုးလာတာကို ခံစားရတယ်။ သူ ဇဝေဇဝါဖြစ်သွားတော့တယ်။ ဘာကြောင့် သာမန်နဲ့မတူ လှပတဲ့ ရှန်းကျွင်းက အဲလိုနေရာမျိုးမှာ သူ့ကိုတွေ့ချင်ရတာလဲ။
နောက်အခိုက်အတန့်မှာ သူလမ်းကြားလေးအဆူံကိုရောက်ပြီး နေရာကျယ်ကြီးထဲ ဝင်လာခဲ့တယ်။ မီးတောင်ရဲ့ဗဟိုချက်နဲ့ တူသလိုပဲ။ သူ့ရှေ့မှာက ချော်ရည်ကန်။ မီးတွေက ပြတ်တောင်းပြတ်တောင်း မြင့်တက်လာတ။်။
လုံကျန်းက ချော်ရည်ကန်ဘေးရပ်နေတယ်။ သူမက အရင်ကထက်ပိုပြီး အထက်တန်းကျကျ ဝတ်စားထားတာကို ကျောင်းလုံ သတိပြုမိလှတယ်။ သူမရဲ့ကျော့မော့တဲ့ကိုယ်ခန္ဓာကို အသားပေးထားတဲ့ ခပ်ပါးပါးအင်္ကျီကို ဝတ်ထားတာပဲ။ ကျောင်းလုံ သူမကိုလှမ်းကြည့်ပြီး တစ်ကိုယ်လုံး နီမြန်းလာသလိုခံစားလိုက်ရတယ်။ သူ့ရင်တွေခုန်လာပြီး တစ်ယောက်ယောက်က ဂါထာတစ်ခု မန်းထားတဲ့အတိုင်းပဲ။
သိပ်... သိပ်သိပ်လှတယ်
သူ့နှာဖျားဝမှာ အပူတွေမြင့်တက်လာတယ်။ ကျောင်းလုံ သွေးစီးဆင်းမှုကို အမြန်ထိန်းချုပ်လိုက်တယ်။ အနာဂတ်ဇနီးရှေ့ အမြင်ကောင်း ကျန်ရစ်စေချင်တယ်လေ။ အဲဒါက သူ စွမ်းဆောင်ဖို့ မျှော်လင့်ထားတာဆိုပေမဲ့ အဲအမျိုးသမီးကို ပြန်မကြည့်ဘဲမနေနိုင်ဘူး။ အဲဒါကိုပြောရရင်... သူက သူမအစေခံလုပ်ဖို့ ဒီကိုရောက်နေတာလေ။ သူမကို စိုက်ကြည့်ဖို့က ပုံမှန်ပဲမလား။
"နင်ရောက်လာပြီလား" လုံကျန်းက အေးစက်တဲ့အသံနဲ့မေးကာ သူ့ကိုလှမ်းကြည့်ပြီး အရင်လို ခေါင်းညိတ်ပြတယ်။
"ဒီလာခဲ့"
"အဲလောက်မြန်မြန်လား"
"အမ်"
"အာ..." ကျောင်းလုံက တုန်ရီနေတယ်။ သူ့စိတ်ထဲက ပုံရိပ်တွေအားလုံးကို ခါထုတ်ဖို့ကြိုးစားပြီး ပြောလိုက်တယ်။
"ကျွန်တော့်ကို ရှာနေတာလားလို့... ဆိုလိုတာပါ"
ကျောင်းလုံ သူမဆီ ငေးမောစွာလျှောက်သွားရင်း နှလုံးခုန်မြန်လာတယ်။ သူ့နားထဲ တဝီဝီကလွဲ ဘာမှမကြားရတော့သလိုပဲ။
"အင်း" လုံကျန်းက မာကြောတဲ့အမူအရာနဲ့ ခေါင်းညိတ်တယ်။ သူမက သူ့ကိုခေါင်းစခြေဆုံးကြည့်ပြီး မေးလေတယ်။
"နင်တကယ်ပဲ ငါ့အစေခံ ဖြစ်ချင်တာလားလို့ အတည်ပြုချင်လို့"
"သေချာပေါက်ပေါ့" သူ ခေါင်းညိတ်ပြလိုက်တယ်။
"အဲလိုဆိုရင်..." လုံကျန်းက သူ့ကိုစေ့စေ့စပ်စပ် လေ့လာနေတဲ့ပုံ။ စိုးရိမ်တဲ့အကြည့်က သူမမျက်နှာထက် ဖြတ်ပြေးသွားတယ်။
"ငါနင့်ကို ပြောရမဲ့ကိစ္စတစ်ခုရှိတယ်၊ နင် ငါ့အစေခံအဖြစ် စတင်လိုက်တာနဲ့ ပြန်နောက်ဆုတ်လို့မရဘူး၊ နဂါးအသူတစ်ရာချောက်နက်မှာပဲ နေရပြီး အပြင်ကို တစ်လှမ်းတောင် ထွက်ခွင့်မရှိဘူး"
ကျောင်းလုံ သူမကိုစိတ်အေးအောင်လုပ်ပေးချင်စိတ်တွေ ပေါ်လာတယ်။ အလိုလို သူပြန်ဖြေမိလိုက်တယ်။
"ကောင်းပါပြီ"
"ငါနင့်ကို ထူးခြားတဲ့စွမ်းရည်တစ်မျိုး ပေးမယ်၊ နင်ငါနဲ့အတူ လေ့ကျင့်ပြီး ပေါ့လျော့လို့မရဘူး ဆန္ဒရှိလား"
"ရှိပါတယ်"
"ဒီစွမ်းရည်တစ်စုံက ထူးခြားတယ်၊ နင် တစ်ကြိမ်လေ့ကျင့်တိုင်း အနည်းဆုံး၂နာရီ လေ့ကျင့်ပြီး ကြားထဲ နားလို့မရဘူး၊ အဲဒါကိုကိုင်တွယ်နိုင်ရဲ့လား"
"ရပါတယ်"
"နင်လေ့ကျင့်နေချိန် ငါနဲ့အဝေးကြီး သွားလို့မကဘူး၊ နင့်အသွင်အစစ်ကိုလည်း ပြောင်းထားရမယ်"
"ကျွန်တော်နားထောင်ပါ့မယ်"
"ကောင်းပြီလေ..." သူမက သက်ပြင်းချပြီး သူ့ကို ခေါင်းစခြေဆုံး
စစ်ဆေးလိုက်တယ်။
"အဝတ်တွေချွတ်လိုက်"
"ကောင်းပါပြီ"
တစ်ခဏနေသော်...
"ဘာ"
Σ(°△°|||)
…
အခန်း ၂၄၅ ။ ထွက်ပြေးလာသောဥ
ကျောင်းလုံက တန့်သွားတယ်။ သူမ အဲလောက် တဲ့တိုးကျမှဖြစ်မှာလား။
"နင့်ဝတ်ရုံတွေက နဂါးအကြေးခွံနဲ့လုပ်ထားတာမှမဟုတ်တာ၊ အသုံးမဝင်မှာမို့ ဘယ်လိုပဲဖြစ်ဖြစ် ချွတ်ရမှာပဲ" လုံကျန်းက အတည်ပေါက် ပြောလာတယ်။
"အိုး..." မိန်းကလေးဘက်က အရင်အကွက်ရွှေ့နေပြီပဲ။ ကျောင်းလုံ သူ့ဘောင်းဘီတွေကလွဲ အင်္ကျီတွေ ချက်ချင်း ချွတ်လိုက်တယ်။ သူက သူ့ကောင်းကောင်းထုဆစ်ထားတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ရပ်နေလိုက်တယ်။
လုံကျန်းက သူ့ဘောင်းဘီရှည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"နင့်ဘောင်းဘီကိုပါ ချွတ်လေ"
"အယ်... ဒါသိပ်မကောင်းဘူးမလား" ကျောင်းလုံ မျက်နှာရဲတွတ်သွားခဲ့တယ်။ သူ အလိုလို သူ့ဘောင်းဘီထိပ်ကို ဆုပ်ကိုင်ထားမိလိုက်တယ်။ ဒါကိုပါချွတ်လိုက်ရင် လုံးဝ ကိုယ်လုံးတီး ဖြစ်သွားမှာပေါ့။
"ကောင်းပြီလေ၊ ဒါဆိုလည်း အဲတိုင်းပဲထားလိုက်တော့" လုံကျန်းက သူ့မလိုလားတဲ့အမူအရာကို ဆက်တွန်းအားမပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"စကြရအောင်"
သူမက သူ့ဆီလက်ဆန့်တန်းလိုက်တယ်။
ကျောင်းလုံတစ်ကိုယ်လုံး ခုရဲရဲနီနေပြီ။ သူ့ရင်ခုန်လွန်းလို့ ရင်ထဲကနေ ခုန်ထွက်မတတ်ပဲ။ သူ သူမရဲ့ နူးညံ့ပြီး ကြော့မော့တဲ့လက်ကို သူ့တုန်ရီနေတဲ့လက်နဲ့ လှမ်းထိလိုက်တယ်။
လုံကျန်းက သူမလက်ကောက်ဝတ်ကို ရုတ်တရက်လှည့်ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲဆုပ်လိုက်တယ်။ နောက်တော့ သူမက ခပ်ပြင်းပြင်း လွှဲချပစ်တော့တယ်။
အာ... အယ်။
Σ(°△°|||)
ကျောင်းလုံ သူ့နားထဲ လေတစ်ချက်တိုးဝှေ့သွားတာကို ခံစားလိုက်ရတယ်။ သူ နေရာကနေ ပျံထွက်သွားပြီး သူ့ကိုနဂါးအသွင် အတင်းပြန်ပြောင်းစေတဲ့ အားကြီးတဲ့ နဂါးဖိနှိပ်မှုကိုခံစားလိုက်ရတယ်။ နဂါးမတွေက အဲလောက်တောင် တဲ့တိုးဆန်တာလား။
သူ တုံ့ပြန်ဖို့တောင် အချိန်မရှိလိုက်။ လေပူလှိုင်းကြီးက သူ့ဆီ အရှိန်ပြင်းပြင်း တိုးဝင်လာခဲ့တယ်။ သူ အလိုလိုငုံ့ကြည့်လိုက်မိတော့ သူ့ကိုယ်သူ ချော်ရည်ကန်အပေါ် လွင့်မျောနေမှန်း သိလိုက်ရတယ်။ အဆက်မပြတ် ဗွက်ထနေပြီး သူ့ဆီ တန်းတန်းမတ်မတ်ကို ဦးတည်နေတာပဲ။
"အား" ကျောင်းလုံ ချက်ချင်း အော်မိလိုက်တယ်။ ချက်ချင်း သူ့စိတ်ထဲ သူသိထားသမျှ စွမ်းရည်အားလုံးနဲ့ မှော်အတတ်တွေ ဗလာကျင်းသွားခဲ့တယ်။
ဘာတွေဖြစ်နေတာလဲ။ သူ သေရတော့မယ်၊ သူသေရတော့မယ်၊ သူ သေရတော့မယ်...။
သူ ချော်ရည်တွင်းထဲ မကျခင်လေးမှာတင် မျက်စိကျိန်းစရာအလင်းတန်း သူ့ပေါ်ဆင်းသက်လာတယ်။ သူက ရေကန်နဲ့ ငါးလက်မအကွာလေးမှာတင် ရပ်သွားခဲ့ပြီး ဝုန်းခနဲအသံကြီးကြားလိုက်ရကာ သူ့ဘေးကအရာအားလုံး တုန်ခါနေသလိုပဲ။ နောက်တော့ ချော်ရည်ကန်ထဲကနေ တစ်စုံတစ်ရာက သူ့ဆီတက်လာတာကို သတိထားမိသွားတယ်။ အင်းကွက်အမြင့်ထိ တက်လာတဲ့ လုံးလုံးအရာကြီးက သူ့တင်ပါးအောက်လေးမှာတင် ရပ်သွားလေရဲ့။
ကျောင်းလုံ လုံးဝမတုံ့ပြန်နိုင်။ သူ့ကိုယ်ခန္ဓာသူ ထိန်းချုပ်မှုမရှိတော့ဘဲ အလုံးကို ရစ်ခွေလိုက်ရတယ်။
"နောက်ကျသွားပြီ၊ မင်း သူ့အရှိန်အဝါနဲ့ အရင် ရင်းနှီးအောင်လုပ်ကြည့်လို့ရတယ်" အောက်ကနေ လုံကျန်းက စိုးရိမ်နေတဲ့လေသံနဲ့ ပြောလာတယ်။
"မနက်ဖြန်ကျ နင့်ကို ဥဝပ်သိုင်းသင်ပေးမယ်၊ နင်ကြိုးစားပြီး ငါ့သားကို မြန်မြန်ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"..."
ဥဝပျတာလား။ ဘာကိုလဲ။
သူ ငုံ့ကြည့်လိုက်တော့ သူ့ဝမ်းဗိုက်က နှင်းလို ဖြူစွတ်နေတာကြီးပေါ် ဖိထားတာမြင်လိုက်ရတယ်။ လုံးဝန်းကာ ကြီးမားပြီး အထဲမှာ အားနည်းတဲ့နဂါးချီကို သယ်ဆောင်ထားတယ်။ အပေါ်မှာတော့ နဂါးခြေရာလက်ရာတွေ အလွှာလိုက်။ ဒါ... နဂါးဥလား။
(⊙_⊙)
သူ့စိတ်ထဲ တစ်စုံတစ်ရာ မီးတောက်သွားတယ်။ သူ့စိတ်ထဲက အရူးအမူးအတွေးတွေနဲ့ စိတ်ကူးယဉ်မှုတွေအားလုံး ပျောက်သွားခဲ့ပြီ။ သူ စပြီးနားလည်လိုက်တာက...
သူမက သူ့ကို အစေခံအဖြစ် လက်ခံခဲ့တာက... ဥတစ်လုံးကို ဝပ်ဖို့အတွက်ပဲတဲ့လား။ ပြီးတော့ အဲဒါက သူမသားတဲ့လေ။
w(゚Д゚)w
***
နှစ်နာရီအကြာ အရှေ့ခန်းမဆောင်။
"ကြီးမြတ်တဲ့နတ်ဒေဝါ..." လူတစ်ယောက်က ထိုင်ခုံမှာထိုင်နေတဲ့ရှန်းရင်ဆီ ပစ်ထိုးတော့တယ်။ သူက ငိုယိုပြီး လုံးဝကို ယူကြုံးမရဖြစ်နေဟန်။
အသီးငါးပန်းကန် စားပြီးခါစ ရှန်းရင်က အလန့်တကြားထခုန်မိတယ်။ သူမ အကျင့်အတိုင်း ခြေထောက်မြှောက်ပြီး သူ့မျက်နှာကို ကန်ထုတ်မိလိုက်တော့ မြေကြီးထဲ နစ်ဝင်သွားတယ်။
"ဘာကြီးတုန်းဟ"
"အို့အို့အို့... ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်ပါ ကျွန်တော်ပါ" မြေကြီးပေါ်ကလူက အသည်းအသန် အော်လေတယ်။
"မြွေနဂါးရှည်လား" ရှန်းရင် ခြေထောက်ကိုမြှောက်ပြီး ဖရိုဖရဲဝတ်ရုံ ဝတ်ထားကာ လောလောဆယ် မြေကြီးထဲကနေ မျက်နှာကိုမော့လိုက်တဲ့လူကို သေချာကြည့်လိုက်တယ်။ သူမ အသီးစားနေတဲ့အချိန်လေးအတွင်း သူ့ကိုယ်သူ ဒီလိုအခြေအနေရောက်အောင် ဘယ်လိုလုပ်ခဲ့တာပါလိမ့်။ သူ သူ့ဘောင်းဘီတွေကို ငုံ့ကြည့်လိုက်တယ်။ ထပ်ပြီးတော့ စုတ်ပြတ်သပ်နေပြန်ပြီ။ ဒီလိုပုံစံနဲ့ အအေးခံတာလား။
"နင်ဘာဖြစ်တာလဲ"
ကျောင်းလုံတန့်သွားပြီး ရုတ်တရက် စိတ်ထိခိုက်ကြေကွဲစရာသတင်းကို မှတ်မိသွားခဲ့တယ်။ သူက ဝမ်းနည်းမှုနှစ်ဆ တိုးသွားလေရဲ့။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ လုံကျန်း-ရှန်းကျွင်း- သူ... သူ... သူကလေ ကျွန်တော့်ကို နည်းနည်းလေးတောင် မကြိုက်ဘူး၊ ဝါးဝါးဝါး..."
"အိုး" ဘယ်သူက သူမ ကြိုက်တယ်လို့ တွေးခဲ့တာတုံး။
သူ စကားပြောလေ ပိုဝမ်းနည်းလာလေပဲ။ သူ ရှန်းရင်ကို နှစ်သိမ့်မှုအတွက်ဖက်ဖို့ ရွှေ့ချိန် မျက်ရည်တွေအကုန် စီးကျလုနီးပါး ဖြစ်နေပြီ။ သူမက သူ့ကိုထပ်ကန်ထုတ်လိုက်တယ်။
"သူကကျွန်တော့်ကို အစေခံအဖြစ် လက်ခံခဲ့တာက ကျွန်တော် သူမဥကို ဝပ်... ဝပ်... ဝပ် ပေးရုံအတွက်ပဲတဲ့"
"အိုး"
"သူက မပြီးမချင်း တစ်နေ့ကို လေးနာရီ ဥဝပ်ရမယ်လို့တောင် ပြောလိုက်သေးတယ်"
"အိုး"
"ကျွန်တော် သူ့မှာ ဥရှိနေပြီးသားလို့ မထင်မိခဲ့ဘူး၊ ကျွန်တော့်မှာ အခွင့်အရေး မရှိတော့ဘူး၊ ဝါးဝါးဝါး... ကျွန်တော် အသည်းကွဲပြီ"
"အိုး"
"ဥကို နှစ်သောင်းချီ ဝပ်လာတာတောင် မပေါက်သေးတာလို့ ကြားခဲ့တယ်၊ သိရသလောက်တော့ ဒီမှာ နှစ်သောင်းချီ သောင်တင်နိုင်တယ် - ပြီးတော့ ဒါက ကျွန်တော့်ကလေးတောင် မဟုတ်ဘူးလေ"
"အိုး"
"မဟုတ်သေးဘူး - အဲဥက ကြီးပြီးလေးတယ်၊ ထူးခြားတဲ့နဂါးအရှိန်အဝါလည်း ရှိနေတာ၊ ကျွန်တော်က အဲဥကို ဝပ်ဖူးတဲ့ တစ်ကောင်တည်းသော နဂါးတောင်မဟုတ်ဘူး"
"အာ..." သူက ဒါကိုတောင် ဂရုစိုက်တာလား။
"ကြီးမြတ်တဲ့နတ်ဒေဝါ..."
ရှန်းရင်မှာ သူ့ကို နှစ်သိမ့်ပေးစရာစကား လုံးဝမရှိတော့တာမြင်ချိန် လုံကျန်းရင်ထဲ ပိုစိတ်ထိခိုက်သွားတော့တယ်။
"ကျွန်တော် သွားတာ ဒီလောက်ကြာနေပြီကို - ကျွန်တော့်ကိုပြောစရာ တစ်ခုခုမရှိဘူးလား"
သူက လုံးဝဝမ်းနည်းမှုနဲ့ မော့ကြည့်လာတယ်။ နှစ်သိမ့်မှု၊ ဂရုစိုက်မှုနဲ့ထွေးပွေ့မှုအတွက် တောင်းဆိုမှုတွေက သူ့မျက်နှာပြင်ထက်မှာ အတိုင်းသား။
ရှန်းရင် နှုတ်ခမ်းသပ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။
"မြွေနဂါးရှည်"
"ဟုတ်" ဒါမတရားဘူး မတရားဘူး၊ မတရားဘူး။
"နင်က ဥဖြူတစ်လုံးကို ဝပ်ရမှာမလား"
"ဟုတ်တယ်" ကျောင်းလုံ ကြောင်သွားခဲ့တယ်။
"နင့်လောက်ကြီးပြီး အပေါ်မှာ ငွေရောင် ပန်းအဆင်တွေ ရှိလား"
"ဟုတ်တယ်" ကြီးမြတ်တဲ့နတ်ဒေဝါက ဘယ်လိုသိတာလဲ။
"အင်း..." ရှန်းရင် တံခါးဆီ လက်ညှိုးထိုးလိုက်တယ်။
"အဲက ဥနဲ့တူလားဟေ"
ဟမ်။
ကျောင်းလုံ လှည့်ကြည့်လိုက်တော့ ဥကြီးတစ်လုံးက သူတို့ဆီ မြန်ဆန်တဲ့အရှိန်နဲ့ လှိမ့်လာတာကို မြင်လိုက်ရတယ်။
"နဂါး... န န နဂါးဥ" ကျောင်းလုံမျက်လုံးပြူးသွားတယ်။
"ဘာလို့... အာ့ယား"
သူစကားမဆုံးခင် နဂါးဥက သူ့ရင်ဘတ်ကို အရှိန်နဲ့ဝင်တိုက်တော့တယ်။ သူ တွန်းထုတ်ခံလိုက်ရပြီး နဂါးဥက ရှန်းရင်ရှေ့တည့်တည့် ရပ်သွားလေရဲ့။
ရှန်းရင်က ဥကိုထိပ်ကနေအောက်ခြေထိ စစ်ကြည့်လိုက်တယ်။
တကယ်ကြီးတဲ့ဥပဲ
ပြဿနာက...။
"မြွေနဂါးရှည်" သူမ အခွံကို လက်ဆစ်နဲ့ ခေါက်ကြည့်ရင်း ခေါ်လိုက်တယ်။ တည်တံ့တဲ့အမူအရာနဲ့ သူမမေးလိုက်တယ်။
"ဒါစားလို့ရလား"
ဒါ အတော်လေးရင်းနှီးနေတဲ့ မြင်ကွင်းပဲ။
"..."
ကျောင်းလုံ တုံ့ပြန်ဖို့ ခဏအချိန်ယူလိုက်ရတယ်။ သူ ကုန်းရုန်းထပြီးပြောလိုက်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ နောက်နေတာပဲဖြစ်ရမယ်"
ဒါပေမဲ့ ဒီဥက ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ သူ ဟိုဟိုဒီဒီကြည့်ပေမဲ့ အနားမှာ ဘယ်သူ့အရှိန်အဝါကိုမှ အာရုံမခံမိ။
"နဂါးဥက ဥသိုလှောင်ကန်ထဲကနေ အကြာကြီး ထွက်လို့မရဘူး၊ ကျွန်တော်တို့... အာ၊ ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားဘာလုပ်နေတာလဲ၊ စားဖို့စဉ်းစားနေသေးတာလား"
ကျောင်းလုံ ဥပေါ်တက်ဖို့ကြိုးစားနေတဲ့ရှန်းရင်ကို အမြန်လှမ်းဆွဲရတော့တယ်။ သူက သူမလက်မောင်းနှစ်ဖက်ကို ပြန်ဆွဲထားလိုက်ရတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် တောင်းပန်နေတာပါ ဒါကိုစားလို့မရပါဘူး၊ မရပါဘူး"
ဥထဲ အပေါက်တစ်ပေါက် ဖောက်ကြည့်ဖို့ ရည်ရွယ်နေတဲ့ရှန်းရင်က မေးလာတယ်။
"တစ်ကိုက်လေးမှတောင်လား"
"တစ်ကိုက်လေးမှတောင်ပဲ" ဒါက တခြားတစ်ယောက်ရဲ့ သားလေ၊ သာမန်ဥတစ်လုံးတောင်မဟုတ်ဘူး။
"ခဏ ကိုက်လို့မဖြစ်ပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ"
အော်~
ရုတ်တရက် ရင်းနှီးနေတဲ့ ဒေါသသံတစ်သံကေါ်လာပြီး မြေကြီးတောင် တုန်ယင်သွားတယ်။
"ဘယ်သူလဲ ဘယ်သူ ငါ့နဂါးကလေးကို ခိုးသွားတာလဲ"
ကျောင်းလုံက ရင်တဒိတ်ဒိတ်တုန်လာတယ်... ငါတို့တော့သွား ပြီ
သိပ်မဝေးတဲ့နေရာကနေ နဂါးနီကြီးတစ်ကောင်က ကောင်းကင်ဆီ တက်လာပြီး ကောင်းကင်တစ်ခွင်လုံးကို ထိန်လင်းသွားစေတာမို့ အရာအားလုံးက ရဲရဲတောက်နီရဲကုန်တယ်။ သိပ်မကြာခင်မှာပဲ နဂါးတွေအများကြီး ကောင်းကင်ဆီ ပျံသန်းလာကြပြီး တစ်စုံတစ်ရာကိုရှာဖွေနေကြတယ်။
အဲဒါ... လုံကျန်းပဲ
ငါတို့တော့ သေပြီ၊ ငါတို့တော့သေပြီ၊ ငါတို့တော့သေပြီ...။
O(≧口≦)O
…
အခန်း ၂၄၆ ။ ပေါက်သွားသောဥ
ကျောင်းလုံက ကောင်းကင်ထဲ တိုးလာတဲ့ နဂါးအရေအတွက်ကို ကြည့်ပြီး ရင်ထဲ တင်းကြပ်သွားတယ်။ သူချက်ချင်း ခေါင်းမော့ကာ အော်လိုက်တယ်။
"ရှန်းကျွင်း၊ ဥကဒီမှာပါ"
ဒေါသထွက်နေတဲ့ နဂါးကြီးက လေထဲတုံ့ဆိုင်းသွားပြီး နန်းတော်ရှေ့ကိုလှမ်းကြည့်လိုက်တယ်။ သူမ ဘေးကဥကိုမြင်ချိန် မျက်လုံးတွေပြူးသွားပြီး မြေပေါ်က လူကို ချက်ချင်းမှတ်မိသွားတယ်။
"နင်ကိုး" သူမ ဟိန်းဟောက်ပြီး သူတို့ဆီ သူမရဲ့နဂါးဖိနှိပ်မှုက ပြေးဝင်လာတယ်။
ကျောင်းလုံ ပထမဆုံးအကြိမ် ရှန်းကျွင်းတစ်ယောက်ရဲ့ ဖိနှိပ်မှုကိုခံစားရတာပဲ။ ချက်ချင်း သူ့နှလုံးထဲကနေ သွေးတွေ ပျို့တက်လာပြီး အန်ထုတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။ သူမ အမျက်ဒေါသထွက်နေမှန်း သူသိတာမို့ အသည်းအသန် ရှင်းပြလိုက်တယ်။
"ရှန်းကျွင်း အထင်လွဲနေပါပြီ၊ ဥကိုခိုးတာ ကျွန်တော်မဟုတ်ပါဘူး"
လေထဲက နဂါးကြီးက အောက်ကိုဆင်းလာပြီး တခြားနဂါးတွေအားလုံး သူတို့ရဲ့လူအသွင်ပြောင်းကာ ခြံဝန်းထဲ ဆင်းသက်လာကြတယ်။
"ကျွန်တော်လည်း ဥက ဒီနေရာကို ဘာကြောင့်လိမ့်လာလဲမသိဘူး၊ ကျွန်တော် ခုလေးတင်ပြန်ပို့မို့ပါ"
ကျောင်းလုံ အသည်းအသန်ရှင်းပြလိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ နဂါးဥက..." အဆင်ပြေပါတယ်။
ဂျွတ်
သူ စကားမဆုံးခင် သူ့နောက်ကနေ အက်ကွဲသံတစ်သံကို ကြားလိုက်ရတယ်။
သူ ချက်ချင်း မကောင်းတဲ့ခံစားချက်ရသွားလေရဲ့။
သူ လှည့်ကြည့်လိုက်တော့ ကျောက်စိမ်းလိုဖြူစွတ်နေတဲ့ ကြက်ဥခွံက ထိပ်ကနေ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ ချက်ချင်း တောမီးလိုမျိုး နဂါးဥတစ်ခုလုံးဆီ ပျံ့သွားတယ်။ ဘေးမှာတော့ တစ်စုံတစ်ယောက်သော အစားသရဲလက်ပေါ်မှာ ကြက်ဥခွံအပိုင်းလေးရှိနေတယ်။
ကျောင်းလုံ ။ ။ "..."
ကြီးမြတ်တဲ့နတ်ဒေဝါ... ကျွန်တော့်ကို တစ်ခါလောက် ဒုက္ခရောက်အောင် မလုပ်ဘဲ မနေနိုင်ဘူးလား။
(ಥ_ಥ)
"သား" လုံကျန်းက အာခေါင်ခြစ် အော်ပြီး သူ့မျက်လုံးတွေက အက်ကွဲနေတဲ့ဥဆီမှာ။ ချက်ချင်းပဲ သူမက အမျက်ချောင်းချောင်းထွက်ပြီး အော်ဟစ်တော့တယ်။
"ငါ နင်တို့ကိုသတ်မယ်"
သူမက အဲလိုပြောပြီး နဂါးအသွင်ဆီ ပြန်ပြောင်းတယ်။ ကြည့်ရတာ သူမက ဒေါသကြောင့် ရူးသွားပြီး သူမရဲ့ မှော်ပညာတွေ၊ အစွမ်းတွေအားလုံးကို မေ့သွားတဲ့အတိုင်း သူမရှေ့က လူနှစ်ယောက်နဲ့ နန်းတော်ကိုပါ တိုက်ရိုက်ကိုက်ချဖို့လုပ်တော့တယ်။
"ခဏနေပါဦး၊ ရှန်းကျွင်း" ကျောင်းလုံ တစ်ခုခုပြောချင်သေးပေမဲ့ နောက်ကျလွန်းသွားပြီ။ နဂါးဖိနှိပ်မှုက သူ့ကို မြေကြီးဆီ ဖိကပ်သွားစေတယ်။
သူတို့ ပတ်လည်မှာ နန်းတော်က ပြိုလဲသွားလို့ ဝရုန်းသုန်းကားသံတွေထွက်လာတယ်။ ချွန်မြတဲ့ နဂါးသွားက အမိုးကိုဖောက်ပြီး ကောင်းကင်ကနေဆင်းသက်လာတာက သူတို့နှစ်ယောက်လုံးကို မျိုချတော့မဲ့အတိုင်းပဲ။
မြေကြီးပေါ်မှာတော့ ရှန်းရင်က သူမလက်ကိုဆန့်ထုတ်ပြီး သူမခေါင်းပေါ်က အရှည်ဆုံးနဂါးသွားကို ဆုပ်ကိုင်လိုက်တယ်။ နဂါးခေါင်းတစ်ခုလုံး သူ့အနေအထားအတိုင်း ရှိပေမဲ့ မလှုပ်နိုင်တော့ဘူး။ သူမ ဘယ်လောက်ပဲကြိုးစားကြိုးစား ပါးစပ်ပိတ်မရတော့ဘူး။
သူမ လက်ကို ဘေးလွှဲယမ်းလိုက်တော့ နဂါးကြီးက မြေကြီးဆီ ပစ်လှဲခံလိုက်ရပြီး လက်ကို နဂါးခေါင်းပေါ် ဘာရယ်မဟုတ် တင်လိုက်တယ်။
လုံကျန်း မှင်တက်သွားတယ်။ သူမ ရုန်းဖို့ ကြိုးစားကြည့်ပေမဲ့ သူမခေါင်းပေါ်က လက်က အတော်လေးကို လေးနေတာ သိလိုက်ရတယ်။ သူမတစ်ကိုယ်လုံး ဖိနှိပ်ခံထားရပြီး လှုပ်မရတော့ဘူး။
"စိတ်အေးအေးထား" အတက်အကျမရှိတဲ့အသံတစ်သံက ပျင်းရိတဲ့လေသံရောစွက်ပြီး သူမခေါင်းပေါ်ကနေ ထွက်လာတယ်။
လုံကျန်း သူမရှေ့က အမျိုးသမီးကို သေချာကြည့်မိပြီး တုံ့ဆိုင်းဆိုင်းဖြစ်သွားတယ်။
ဒါပေမဲ့ အမျိုးသမီးက သူမကို ကြည့်မနေဘဲ ဘေးက အက်ကွဲကြောင်းတွေနဲ့ပြည့်နေတဲ့ ဥကို လှည့်ကြည့်နေတာ သတိထားမိလိုက်တယ်။
ဖြစ်နိုင်တာက တစ်ဖက်လူရဲ့တည်ငြိမ်မှုကြောင့်ထင် သူမသားကို ဆုံးရှုံးလိုက်ရတဲ့ ဒေါသက ပျောက်သွားပြီး နဂါးဥကို လိုက်ကြည့်မိခဲ့တယ်။
ဥကအက်ကွဲနေဆဲဖြစ်ပြီး အက်ကွဲကြောင်းတွေ အများကြီးက ပင့်ကူအိမ်လိုဖြစ်နေတယ်။ နောက်ဆုံးတော့ ဥခွံလေးတွေက ကွာကျလာပြီး ရွှေရောင်အလင်း ထွက်လာတယ်။ ကျဆင်းလာတဲ့ အခွံအရေအတွက်များလာလေ ရွှေရောင်အလင်းကပိုတောက်ပလာတယ်။
အခွံလုံးဝ မကျွတ်ကျခင်ထိ ရွှေရောင်အလင်းတန်းက နေရာအနှံ့ လင်းထိန်လာပြီး ချော်ရည်ကြောင့် နီရဲနေတဲ့ကောင်းကင်တောင် ရွှေရောင်သန်းကုန်တယ်။
"ဒါ... ဒါက..." လုံကျန်း ရွှေအလင်းတန်းအလယ်ကို မယုံနိုင်စွာကြည့်နေမိတယ်။ နဂါးဥက အောင်အောင်မြင်မြင် ပေါက်သွားခဲ့ပြီ
ရွှေရောင်အလင်းတန်း အထိန်လင်းဆုံးအလယ်တည့်တည့်မှာတော့ လူအသွင်တစ်ခု ဖြစ်ပေါ်လာတယ်။ မကြာခင်မှာပဲ ရှန်းရင်ခါးလောက်အရပ်ရှည်တဲ့သူတစ်ယောက် လေထဲပေါ်လာလေရဲ့။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းက နောက်ဆုံးတော့မှိန်သွားပြီး ရှန်းရင် အလိုလို လက်ကို ဆန့်ထုတ်ကာ ကျလာတဲ့သူကို လှမ်းဖမ်းလိုက်တယ်။
သူမ ခေါင်းငုံ့လိုက်တော့ ရင်ခွင်ထဲ ၆နှစ်၇နှစ်အရွယ် ကလေးတစ်ယောက် မျက်စိမှိတ်လျက်သား လှဲနေတာ မြင်လိုက်ရတယ်။ သူ့မျက်နှာက အရမ်းကို ပိန်လှီပြီး အထဲချိုင့်ဝင်နေတာများ ဥကြီးဆီက အာဟာရဓာတ်တွေ သူ့ဆီ မရောက်တာ သိသာတယ်။
"ရော့ ရှင့်သား" ရှန်းရင်က ကလေးကို လုံကျန်းဆီ တွန်းပေးလိုက်တယ်။
လုံကျန်းတုံ့ပြန်မှုက အရမ်းမြန်တယ်။ သူမ ချက်ချင်းပဲ ကလေးကို လက်ခံလိုက်ပြီး ရင်ခွင်ထဲက ကလေးကို ဝမ်းသာစိုးရိမ်မှုတို့နဲ့ ကြည့်နေရှာတယ်။
"သား... သားလေး နောက်ဆုံးတော့ ပေါ်လာပြီပဲ" သူမ သူ့ကိုယ်ကိုခြုံပေးဖို့ ဝတ်ရုံတစ်ထည် အမြန်ဆွဲထုတ်လိုက်တယ်။ သူမ ကလေးကို သေချာကြည့်ပြီး သံသယအကြည့်တို့ မျက်နှာပေါ် ပေါ်လာခဲ့တယ်။
"သူက အသွင်ပြောင်းနိုင်နေပြီကို ဘာလို့ အဲလောက်အားနည်းနေသေးတာပါလိမ့်"
"ဖြစ်နိုင်တာက သူ မွန်းကျပ်နေတာနေမှာပေါ့" ရှန်းရင်က ပြန်ဖြေရင်း သူမခုလေးတင် ခွာထုတ်ထားတဲ့ ဥခွံကို ယမ်းပြလိုက်တယ်။
လုံကျန်း တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ်။
"ကျွန်မတောင်းပန်ပါတယ် ရှင့်ကို လုံကျန်းအထင်လွဲမိသွားပြီ"
သူမသားက အားနည်းလွန်းတော့ အခွံကနေ ဖောက်မထွက်နိုင်ဘူး။ ဒါကြောင့် အပြင်ကနေပဲ ခွဲမှရမှာ။ ဒါပေမဲ့ နဂါးမျိုးနွယ်က သူ့သန်မာတဲ့ ကိုယ်လုံးကိုယ်ထည်တွေကြောင့် နာမည်ကြီးတာ၊ ပြီးတော့ အခွံထဲ ဘယ်သူမှ ပိတ်မလှောင်ခံရဖူးဘူး။ ထူးဆန်းတာက သူ့သားက ဥထဲကနေ လူအသွင်ကို ပင်ကိုယ်သဘာဝ ပြောင်းလဲနိုင်ပေမဲ့ ဘာလို့ ဥထဲကနေ ဖောက်မထွက်နိုင်တာလဲ။ ပြီးတော့ အခု သူ့အားနည်းတဲ့ ကိုယ်လုံးကိုယ်ထည်ကို ကြည့်ရတာ သူတို့သာ ဥကို ခွဲဖို့ နည်းနည်းထပ်နောက်ကျသွားခဲ့ရင် သူတကယ်ပဲ...။
လုံကျန်းက ဆက်မစဉ်းစားရဲတော့ဘူး။ သူ သူမသားကို နတ်ဘုရားစွမ်းအင်ကူးပြောင်းပေးရင်း ရှန်းရင်ကို ကြည့်လိုက်တယ်။
"ကျွန်မသားကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ သူ့ကျေးဇူးရှင်ကို ကျွန်မ ဘယ်လိုများ ခေါ်ဆိုသင့်ပါသလဲ"
"အော် ရှန်းရင်ပါ" ရှန်းရင်က ပေါ့ပေါ့ပါးပါးပဲပြန်ဖြေပြီး သူမလက်ထဲက ဥခွံကိုဆက်ကြည့်ကာ အတွေးထဲ နစ်မျောနေတယ်။
"တာအိုရောင်းရင်းရှန်း" လုံကျန်းက သူမရင်ခွင်ထဲက ကလေးကိုကြည့်ပြီး ကျေးဇူးတင်တဲ့အကြည့်နဲ့။
"ရှင်စိတ်မကွက်ဘူးဆိုရင် ရက်နည်းနည်းလောက် နဂါးနန်းတော်မှာ ထပ်နေလို့ရမလား၊ ကျွန်မသားကိုယ်စား ရှင့်ကိုကျေးဇူးတင်ချင်လို့ပါ"
"မလိုပါဘူး" သူမက လုံကျန်းရင်ခွင်ထဲက ကလေးကိုလှမ်းကြည့်လိုက်တယ်။
"ရှာရမဲ့လူ ရှိသေးလို့"
"အော် ဘယ်သူ့ကိုများ ရှာနေတာလဲ၊ ကျွန်မတို့ နဂါးအသူတစ်ရာချောက်နက်က ကူညီပေးနိုင်လောက်ပါတယ်"
"အိုးတကယ်လား"
"တကယ်ပေါ့"
"ကျွန်မရှာနေတာက..."
"ကြီးမြတ်တဲ့နတ်ဒေဝါ..." သူတို့ စကားမဆုံးခင် ဝူဟုန်က ရုတ်တရက် ခါးခါးသီးသီး ကြားဖြတ်ပြောလာတယ်။
"ကျွန်တော်တို့ လူရှာဖို့လောနေတာမှမဟုတ်တာ၊ နှစ်ယောက်သား စကားပြောနေချိန် ကျွန်တော့်ပေါ် တက်မနင်းလို့ရမလား၊ ကျွန်တော် မြေကြီးပေါ်မှာပဲရှိသေးတယ်"
ရှန်းရင် ။ ။ "..."
လုံကျန်း ။ ။ "..."
သူ ဘယ်ချိန်က မြေကြီးပေါ် လှဲနေတာလဲ။
နှစ်ယောက်သား ခြေထောက်ကို ရွှေ့လိုက်ကြတယ်။ လုံကျန်းက သူမသားက လက်ထဲရှိနေတာကို သတိရသွားပြီး မေးလိုက်တယ်။
"တာအိုရောင်းရင်းရှန်း၊ ကျွန်မသားက ခုအားနည်းလွန်းသေးတယ်၊ ပြန်သက်သာအောင် သူ့ကို ချီသွားခွင့်ပြုပါ၊ နောက်ကျ ရှင်နဲ့အတူရှာဖို့ အသေးစိတ်ကိုဆွေးနွေးကြတာပေါ့"
"သေချာပေါက်ပေါ့" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
လုံကျန်းက သူမသားကိုပင့်ချီပြီး တစ်ဖက်လှည့်ကာ အပြင်ကအစေခံကို ညွှန်ကြားလိုက်တယ်။ သူမသားကို အနောက်နန်းဆောင်ဆီ ခေါ်သွားမလို့ရှိသေး သူမကရုတ်တရက်ရပ်လိုက်ကာ ခေါင်းငုံ့လိုက်တယ်။ အိပ်နေတဲ့သူမသားက ရုတ်ခြည်းမျက်စိဖွင့်လာပြီး ရှန်းရင်ဝတ်ရုံလက်ကို ဆွဲထားတာပဲ။
"သား ဒါက..."
ရှန်းရင် သူမဝတ်ရုံလက်ကိုဆွဲတာခံစားလိုက်ရတော့ ကြောင်အမ်းသွားတယ်။
"ဘာလဲဟ" သူမ လက်ပြန်ရုတ်ဖို့လုပ်လိုက်ပေမဲ့ ကလေးက ပိုတောင်အားထည့်ဆွဲတော့တယ်။ သူက အသံထွက်ဖို့အားကုန်ထုတ်ဖို့ကြိုးစားနေသလိုမျိုး အသည်းအသန်ပါးစပ်ဟတယ်။
တစ်အောင့်နေတော့ သူ စကားလုံးတစ်လုံး ထုတ်ပြောနိုင်ခဲ့လေတယ်။
"ဆ...ရာ"
ရှန်းရင် ။ ။ "..."
လုံကျန်း ။ ။ "..."
ကျောင်းလုံ ။ ။ "..."
ဘာတွေဖြစ်နေတာလဲ။
သူတို့သုံးယောက် မှင်တက်ကုန်ပြီး လုံကျန်းက ပြောစရာပျောက်နေတယ်။ သူမသားကရုတ်တရက် ဘာလို့ ဆရာခေါ်တာလဲနားမလည်ပေမဲ့ မကန့်ကွက်ဘဲပြုံးလိုက်တယ်။
"ကြည့်ရတာ ကျွန်မသားက ရှင့်အပေါ် ခင်မင်မှုရှိတယ်ထင်တယ်၊ လက်ဆောင်ကြီးကြီး ပြင်ရတော့မှာပဲ"
ကျောင်းလုံလည်း ဗလုံးဗထွေး ရေရွတ်လိုက်တယ်။
"ဒီငနဲလေးက အပြောချိုတဲ့သူပဲ" မွေးလာတည်းက အားကြီးသူကို ဘယ်လိုဖားရမလဲ သိတယ်။
ဒါပေမဲ့ ရှန်းရင်ကတော့ မျက်မှောင်ကြုတ်ပြီး ခပ်ပိန်ကိန်ကောင်လေးကို သေချာကြည့်ကာ ရုတ်တရက် ပြောလိုက်တယ်။
"စားဖိုမှူးလား"
ကလေးမျက်လုံးတွေထဲ ကြယ်မိုးရွာသွန်းသလိုမျိုး တောက်ပသွားတယ်။
သူက တကယ်ပဲ။
(⊙ o ⊙)
သူမ သူ့လက်လေးကနေ ကိုင်ထားလိုက်ပြီး ခေါင်းစောင်းလိုက်တယ်။
"နင် ဟင်းချက်နိုင်သေးလား"
နိုးခါစ ကလေးက အူကြောင်ကြောင် ဖြစ်သွားတယ်။ သူ့မျက်နှာလေးက ဖောင်းကားလာပြီး ဆရာလို့ အားနည်းတဲ့ခေါ်သံနဲ့ မတူတော့ဘဲ ခိုင်မာတဲ့လေသံနဲ့ ပြောလိုက်တယ်။
"ဟုတ်"
တော်လိုက်တဲ့ စားဖိုမှူး
လုံကျန်း ။ ။ "..."
ကျောင်းလုံ ။ ။ "..."
သူမ ခုလေးတင်ပြောလိုက်တာတွေကို သူတို့ ဘာလို့ တစ်လုံးမှနားမလည်ရတာပါလိမ့်။