အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း ၂၅၀ ။ မိဘနှစ်ပါးလုံးပေါ်လာ
ယိချင်းက မျက်မှောင်ကြုတ်ပြီး သူ့ကိုအေးစက်စက်ကြည့်လိုက်တယ်။
"မြေအောက်ဘုံရဲ့ယင်မြစ်" ထွက်သွားစမ်း ကောင်စုတ်လေး
"ယင်မြစ်လား" ကျောင်းလုံတန့်သွားတယ်။
"ဘာလုပ်ဖို့သွားမှာလဲ၊ ဘယ်တုန်းတည်းက ဆုံးဖြတ်လိုက်တာလဲ၊ ငါ ဘာလို့ဘာမှမသိရတာလဲ"
"ကျုပ်တို့က အဲလောက်မှမရင်းနှီးတာ"
မ... ရင်းနှီးဘူးလား
ကျောင်းလုံက ရင်ထဲ စူးရှသွားတယ်။ မျက်လုံးထဲ မျက်ရည်တွေနဲ့ ရှန်းရင်ကို လှည့်ကြည့်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ..." ကျွန်တော်က ခင်ဗျားရဲ့ ချစ်စရာလေးလို့ မပြောခဲ့ဘူးလား။
"ငါတို့ဂျပုလေးကို သွားရှာမို့" ရှန်းရင်ရှင်းပြလိုက်တယ်။
"ဂျပုလေးလား" အဲဒါဘယ်သူလဲ။ ကျောင်းလုံက သူမကို စက္ကန့်အနည်းငယ် အူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတော့ ပြန်သတိရသွားခဲ့တယ်။ အဲဒါ ကြီးမြတ်တဲ့နတ်ဒေဝါ အရင်က ရှာနေခဲ့တဲ့လူသုံးယောက်ထဲက တစ်ယောက်မဟုတ်လား။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ သူဘယ်မှာလဲသိတာလား"
"အေး" ရှန်းရင် ဖြေပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဥထဲက ယင်ချီက သူတို့ ဂျပုလေးခန်းထဲက ပန်းထဲမှာ ခံစားခဲ့ရတဲ့ တစ်ခုနဲ့ဆင်တယ်။
"မြေအောက်ဘုံမှာလား" ကျောင်းလုံကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံ။ သူက ယိချင်းအငယ်လေးကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။
"ဒါပေမဲ့... ဒါပေမဲ့... လုံကျန်းက ပြန်မလာသေးဘူးလေ"
"ကျုပ် သူ့ကို သတင်းစကားပို့လိုက်မယ်"
"ဒါပေမဲ့..."
ကျောင်းလုံ တစ်ခုခုပြောဖို့ရှိသေး အစေခံမိန်းကလေးတစ်ယောက်က ယိချင်းဆီ ရုတ်တရက် ပြေးဝင်လာကာ ဂါဝရပြုလေတယ်။ သူမမျက်နှာက စိုးရိမ်နေတဲ့ပုံ။
"သခင်လေး၊ ကျွန်မမှာ သတင်းဆိုးရှိပါတယ် ရှန်းကျွင်းက သခင်လေးအတွက် လက်စားချေဖို့ ဝူချီတောင်ဆီ တစ်ယောက်တည်း မြင်းစီးပြီး ထွက်သွားပါတယ်"
"ဝူချီတောင်လား" ယိချင်း အမူအရာ မှောင်မည်းသွားတယ်။
"ရှင်းရှင်းလင်းလင်းပြော၊ ဘာတွေဖြစ်ခဲ့တာလဲ"
"ရှန်းကျွင်းက သခင်လေးရဲ့ဥထဲက ယင်ချီက ဇာမဏီမျိုးနွယ်နဲ့ တစ်ခုခုပတ်သက်နိုင်တယ်ဆိုတာ သိသွားပြီလို့ ပြောပါတယ်၊ အဲဒါကြောင့် ဒေါသအမျက်ထွက်ပြီး သူမ..." အစေခံမိန်းကလေးက စကားပြောရင်း ဟိုတစ်ခွန်းဒီတစ်ခွန်းဖြစ်နေတယ်။
"ဇာမဏီမျိုးနွယ်က အရမ်းကို ကျိုးကြောင်းမသင့်တဲ့သူတွေလို့နာမည်ကြီးပါတယ်၊ ရှန်းကျွင်း ဒီတစ်ကြိမ် အခွင့်အရေး ယူခံရနိုင်ပါတယ်"
ယိချင်း လက်သီးနှစ်ဖက်ကို တစ်ဖက်စီမှာ တင်းတင်းဆုပ်မိပြီး ဘေးကလူဘက်လှည့်လိုက်တယ်။
"ဆရာ"
"အဲဘာဆိုတဲ့ရှီတောင်တန်းဆီ သွားကြတာပေါ့"
***
ဝူချီတောင်က ဇာမဏီမျိုးနွယ်ရဲ့ ပင်မအခြေစိုက်စခန်း။ နဂါးနဲ့ ဇာမဏီမျိုးနွယ်က ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး။ တစ်ခါတလေဆို သူတို့ လမ်းပေါ်တွေ့ရင်တောင် ရန်ဖြစ်ကြတယ်။ နဂါးမျိုးနွယ်က ဇာမဏီတွေက အမြဲသူများအပေါ် အထင်သေးတဲ့ပုံစံကိုမုန်းပြီး ဇာမဏီမျိုးနွယ်ကတော့ နဂါးတွေက မျိုးစိတ်အစုံဖွဲ့စည်းထားပုံကိုသည်းမခံနိုင်ကြဘူး။ တီကောင်၊ မြွေ ဒါမှမဟုတ် ဘယ်ငါးမဆို နဂါးဖြစ်လာနိုင်တာကိုး။
အဲဒါကြောင့် မျိုးနွယ်နှစ်ခုလုံးက ကောင်းကင်မျိုးနွယ်တွေဖြစ်တာတောင် အများကြီး အဆက်အဆံမရှိဘူး။
လုံကျန်းက ဘယ်လိုပဲဖြစ်ဖြစ် ကျိုးကြောင်းမသင့်တဲ့လူတော့ မဟုတ်ဘူး။ သူမမှာ ဒေါသနဲ့ လက်စားချေဖို့ ဝူချီတောင်ဆီဦးတည်ရတဲ့ အကြောင်းပြချက်ကောင်းကောင်း သေချာပေါက်ရှိတယ်။
ဖြစ်နိုင်တာက ယိချင်းက ကောင်းကင်မျိုးနွယ်ဖြစ်လာတာမို့ထင် သူက အရင်ကထက် ဓားနဲ့ပျံတာ ပိုမြန်လာတယ်။ ပြီးတော့လုံကျန်းဆီမှာ ဇာမဏီနယ်နိမိတ်ဆီတန်းရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင် ရှိပြီးသား။ တစ်နာရီအတွင်း သူတို့ ပန်းတိုင်ဆီ ရောက်လာခဲ့တယ်။
သူတို့ ဝူချီတောင်ဆီ မရောက်ခင် လျှပ်စီးတန်းတွေမြင်ရပြီး မိုးခြိမ်းသံတွေ ကြားလိုက်ရတယ်။ သိပ်မဝေးတဲ့နေရာမှာ ကောင်းကင်ထဲ တိမ်ခိုးတိမ်မည်းတွေပြည့်လျှံနေပြီး လျှပ်စီးတန်းတွေ ရံဖန်ရံခါ လက်သွားတာကို မြင်နေရတယ်။ တိမ်မည်းကြီးတွေအောက်နားမှာတင် နေရာတိုင်းမှာ နီရဲတောက်နေတဲ့အလင်းတွေနဲ့ မီးတောက်တွေ။ လေပူတွေက သူတို့ဆီဦးတည်လာတယ်။
ယိချင်း သူတို့ပတ်လည်က အရှုပ်အထွေးတွေကနေ သီးသန့်နေဖို့ ကန့်သတ်အစီအရင် ဖန်တီးလိုက်တယ်။ နောက်တော့ သူတို့ မုန်တိုင်းတစ်ဝက် မီးတစ်ဝက် မြေပြင်ထဲ ဝင်ရောက်ခဲ့ကြတော့တယ်။
"ကျန်းအာ မင်းဘာလုပ်နေတာလဲ" မြေပြင်ပေါ်က မီးတောက်တွေကြားကနေ ယောက်ျားတစ်ယောက်အသံ ထွက်လာပြီး သူက အတော်လေးစိတ်မရှည်ဖြစ်နေတဲ့ပုံ။
"ကိုယ် မင်းကို ဘယ်ချိန်က အပြစ်ပြုမိလို့လဲ၊ ဘာလို့ မင်းကိုယ့်ကို ဒီလိုလုပ်နေတာလဲ"
"ပါးစပ်ပိတ်ထား" လုံကျန်းက မိုးကြိုးတွေကြား ရပ်နေပြီး သူ့ကြည့်ရတာ လုံးဝအမျက်ချောင်းချောင်း ထွက်နေတဲ့ပုံ။ သူမအသံကတုန်ရီနေတယ်။
"ရှင် ကျွန်မသားရဲ့ဥထဲ တစ္ဆေအမတရဲ့ယင်ချီ ထားသွားရဲတယ်လေ၊ ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ရှင်မျှော်လင့်ထားသင့်တာပေါ့"
"ယင်ချီလား" အဲလူက ဇဝေဇဝါဖြစ်သွားတဲ့ပုံ။ ခပ်ရှည်ရှည်ပိန်ပိန်ပါးပါး လူတစ်ယောက်က မီးတောက်တွေထဲ ကထွက်လာတယ်။ သူက ဝတ်ရုံပြာကိုဝတ်ထားပေမဲ့ သူ့အနီရောင်ဆံပင်ရှည်ကတော့ တကယ်ကို ဆန့်ကျင်ဘက်ပဲ။ သူ့မျက်ခုံးနှစ်ဖက်အလယ်မှာတော့ သူထွက်လာတဲ့ မီးတောက်တွေနဲ့ဆင်တဲ့ အနီစက်တစ်ခု ရှိနေတယ်။ အဲလူက လုံကျန်းကို ဇဝေဇဝါ ထိတ်လန့်မှုတွေနဲ့ ကြည့်တယ်။
"ဘာယင်ချီလဲ၊ မင်းရဲ့အဖိုးတန်နဂါးဥက ဒီတစ်ခေါက်ဘာဖြစ်လို့လဲ"
"ရှင်က မသိချင်ယောင်ဆောင်နေသေးတယ်ပေါ့လေ" လုံကျန်းက ပိုပြီးတောင် ဒေါသတကြီး အော်ဟစ်တော့တယ်။ သူမပတ်လည်က လျှပ်စီးတွေင ပိုအရှိန်ပြင်းလာပြီး အဲလူကို ဒေါသတကြီး စိုက်ကြည့်နေတယ်။
"ဖုန့်စန်း၊ ကျွန်မဒါကိုမသိဘူး မထင်နဲ့၊ ကျွန်မရဲ့နဂါးကလေးကို ကယ်ဖို့ ပြန်လည်ဝင်စားမှုစွမ်းအင်ကို အသုံးချဖို့ ပြောခဲ့တဲ့လူကို လွှတ်လိုက်တဲ့သူကရှင်ပဲ" သူမစကားပြောလေ ဒေါသထွက်လာလေပဲ။
သူမက ဖုန့်စန်းကို မျက်လုံးထဲက လေဆာတွေနဲ့ ပစ်တော့မဲ့အတိုင်း။
"ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ ကျွန်မရဲ့နဂါးဥထဲ ယင်ချီထည့်ဖို့ တစ္ဆေအမတတစ်ယောက်ကို ရှင် အယုံသွင်း အခွင့်အရေး ယူလိမ့်မယ်လို့လေ၊ ခု အဲဒါက ကျွန်မသားအသက်ဓာတ်ကို အကုန်စုပ်ယူတော့မလို့" ယိချင်းသာ သူ့ကောင်းကင်ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ခင် ကောင်းကင်လောကဆီ သူ့အမတကိုယ်ခန္ဓာနဲ့ ပြန်ရောက်မလာခဲ့ရင်... သူ့ဆရာသာ အားနဲ့ ဥကိုမခွဲခဲ့ရင်... ဖြစ်နိုင်တာက...။
လုံကျန်းစဉ်းစားလေး သူမပိုပြီးတုန်ယင်လာလေပဲ။
"ဖုန့်စန်း၊ ကျွန်မ ရှင့်ကို အရင်ကစိတ်ပျက်စေမိတာ ဝန်ခံတယ်၊ နဂါးကလေးက ကျွန်မအတွက် တခြားအရာအားလုံးထက် ပိုအရေးကြီးတာရှင်သိပါတယ်၊ ဘာကြောင့် ကျွန်မကို အဲလိုမျိုး နာကျင်အောင်လုပ်ရတာလဲ"
"ကိုယ်... ကိုယ်မလုပ်ခဲ့ဘူး" ဖုန့်စန်းက ပိုပြီးတောင် ဇဝေဇဝါဖြစ်လာတယ်။ သူ အလောတကြီး ပြောလိုက်တယ်။
"ကျန်းအာ ကိုယ်တကယ် အဲနဂါးဥကို သဘောမကျဘူး၊ ပြီးတော့ ပြန်လည်ဝင်စားမှုစွမ်းအင်အကြောင်း မင်းကို ပြောပြတဲ့လူကို လွှတ်လိုက်တာ ကိုယ်ပဲ၊ ဒါပေမဲ့ ကိုယ် ဘယ်သူ့ကိုမှ အဲထဲ ယင်ချီ မထည့်ခိုင်းခဲ့ဘူး"
"ရှင်ငြင်းချင်သေးတယ်ပေါ့လေ ရှင့်ရဲ့ယုတ်မာကောက်ကျစ်တဲ့ ဇာမဏီတွေကလွဲ ကောင်းကင်လောကထဲ ဘယ်သူက တစ္ဆေအမတတွေနဲ့ အဆက်အဆံရှိလဲ"
"ကိုယ်..." ဖုန့်စန်းက တစ်စုံတစ်ရာကို ရှင်းပြချင်ဟန် ဖြူဖျော့သွားတယ်။
လုံကျန်းက နားမထောင်ချင်တာ အသိသာကြီး။ သူမပတ်လည်က လျှပ်စီးတွေက ပိုပြင်းထန်လာပြီးကောင်းကင်ကိုခွဲကာ ဖုန့်စန်းဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။
ဖုန့်စန်း ကပ်သီးလေး အလင်းတန်းကိုရှောင်လိုက်နိုင်တယ်။ သူ ကောင်းကင်ကမိုးကြိုးကို ကာပေးမဲ့ ထောက်တိုင်တစ်တိုင် ဖန်တီးလိုက်ရတယ်။
"ကျန်းအာ ကိုယ်ပြောတာနားထောင်ပါ၊ ကိုယ် မင်းကို ဘာလို့ ထိခိုက်အောင်လုပ်ရမှာလဲ"
"ပါးစပ်ပိတ်" လုံကျန်းက သူ့ကို ပိုပြီး အားပါးတရ ရှိသမျှထုတ်သုံးတိုက်ခိုက်တော့တယ်။
အစက ဖုန့်စန်း ပစ်ချက်တွေကို ရှောင်နိုင်တယ်။ နောက်ကျ ပိုပြင်းထန်လာတော့ သူ စပြီးအခက်တွေ့လာတယ်။ သူ ထိတော့မှာကိုမြင်တော့ သု့ပတ်လည်မှာ အကာအကွယ်အင်းကွက်တစ်ခု စီရင်လိုက်ပြီး တိုက်ခိုက်မှုတွေကို စုပ်ယူကာ တချို့ကတော့ ပြန်တွန်းကန်သွားတယ်။
လုံကျန်းက ပြန်ကန်ထွက်လာတဲ့မိုးကြိုးတွေကို အချိန်မီမရှောင်လိုက်ဘူး။
"ကျန်းအာ" ဖုန့်စန်းက အထိတ်တလန့်ဖြစ်သွားတယ်။ ဒီလိုဖြစ်မယ်လို့ မထင်မိခဲ့ဘူး။ သူ အထိတ်တလန့် ပျံသန်းသွားလိုက်တယ်။
လုံကျန်းက ပြန်ဆုတ်ပြီး မိုးကြိုးထိမှန်ခံလိုက်ရတဲ့ ခန္ဓာကိုယ်အပိုင်းကို ကိုင်အုပ်ထားလိုက်တယ်။ သူမ အံကြိတ်ပြီး လည်ချောင်းဝဆီ တက်လာတဲ့ သွေးကိုပြန်မျိုချလိုက်ရတယ်။ သူမ မျက်လုံးတွေက အမုန်းတရားနဲ့တောက်လောင်နေတယ်။ ရုတ်တရက် သူမ မိုးကြိုးတွေထပ်ဆင့်ခေါ်ပြီး ဖုန့်စန်းကို အတင်းနောက်ပြန်ဆုတ်စေလိုက်တယ်။ သူမအမူအရာက မာကြောနေပြီး မဲ့ပြုံးပြုံးလိုက်တယ်။
"အဲချိန်က... ရှင့်ကိုကျွန်မချစ်မိခဲ့တာ တကယ်ကန်းနေခဲ့တာပဲ"
ဖုန့်စန်းက ဟန်ချက်ပြန်ထိန်းနိုင်ရုံရှိသေး လုံကျန်း ခုလေးတင် ပြောသွားတဲ့စကားကို နားလည်အောင် လုပ်နေရတယ်။ သူ သူမဘက် အထိတ်တလန့် မျက်လုံးပြူးကာ လှည့်ကြည့်လိုက်မိတယ်။
"ကျန်းအာ၊ မင်းခုလေးတင်... ဘာပြောလိုက်တာလဲ"
"ရှင် ကတခြားဇာမဏီတွေနဲ့ ကွာခြားမယ်ထင်ခဲ့တာ၊ ရှင်က ပိုပြီးရွံဖို့ကောင်းမယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးဘူး၊ ရှင် ကျွန်မနဂါးကလေးကို အသိအမှတ်မပြုတာ ဘာမှမဖြစ်ဘူး - ရှင်က သူ့ကို သတ်ဖို့တောင်ကြိုးစားသေးတယ်"
"ဘာ" သူ ဘာပြောနေတာလဲ။
"ဖုန့်စန်း၊ ကျွန်မလုံကျန်း ဒီနေ့ ရှင်နဲ့ပတ်သက်မှုအားလုံးကို ဖျက်ပစ်မယ်"
သူမ စကားပြောပြီးပြီးချင်း နဂါးနီတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ သူမပတ်လည်က မိုးကြိုးတွေလည်း နီရဲကုန်တယ်။ အနီရောင်လျှပ်စီးနဂါးက အောက်ကိုထိုးဆင်းလာတော့တယ်။
"ခဏ ကျန်းအာ..."
မိုးကြိုးသံတွေက သူမပတ်လည်မှာ မြည်ဟိန်းပြီး လုံကျန်းက မြေပြင်ဆီ အရှိန်မြှင့်လာတော့တယ်။ ရုတ်တရက် ကောင်းကင်တစ်ခုလုံး မိုးကြိုးနီနဲ့ ထိန်လင်းနေတယ်။
ပွဲကြည့်ပရိသတ် ရှန်းရင်နဲ့ ယိချင်း ။ ။ "..."
တစ်ခဏအကြာ...။
"စားဖိုမှူး" ရှန်းရင် ကိုယ်ကိုကိုင်းပြီး သူ့ပခုံးလေးကို နှစ်သိမ့်တဲ့အနေနဲ့ပုတ်ပေးလိုက်တယ်။
"
ကြည့်ရတာ... နင့်မှာ နောက်ထပ်အဖေရှိပုံပဲ"
ယိချင်း ။ ။ "..." ငါ-ိုး
…
251
အခန်း ၂၅၁ ။ မုန်းတီးစရာဖခင်
ဇာမဏီတစ်ကောင်အော်သံထွက်လာပြီး ဇာမဏီကြီးတစ်ကောင် မြေပေါ် ပေါ်လာတယ်။
သူ့အမွေးတွေက သက်တံရောင်စုံ။ သူက တောင်ပံခတ်လိုက်တော့ သူ့ပတ်လည်က လျှပ်စီးတွေ ပျောက်ကွယ်သွားတယ်။ နောက်တော့ သူ့အမြီးရှည်ကြီးကို နဂါးဆီလွှဲယမ်းလိုက်တယ်။ နဂါးကို ထိမှန်မဲ့အစား အမြီးက နဂါးကို သံကြိုးတစ်ချောင်းလို ရစ်ပတ်သွားခဲ့တယ်။ ကြည့်ရတာ ဇာမဏီက နဂါးဒဏ်ရာမရစေဖို့ ကြိုးစားနေတဲ့ပုံပဲ။ ဇာမဏီ အနားကိုဆွဲပြီး နဂါးကို တောင်ပံတွေနဲ့ ဖက်ထားလိုက်တယ်။
"ကျွန်မကို လွှတ်ပေးစမ်း" လုံကျန်း အော်လိုက်တယ်။ ဒါပေမဲ့ သူမ ဇာမဏီရဲ့ ဖမ်းဆုတ်ထားမှုအောက်ကနေ ရုန်းမထွက်နိုင်ဘူး။ သူမ ရွေးစရာမရှိတော့ဘဲ လွတ်မြောက်အောင် လူအသွင် ပြန်ပြောင်းလိုက်ရတော့တယ်။
ဖုန့်စန်းရဲ့ တုံ့ပြန်မှုက သူမထက်တောင်မြန်တယ်။ သူက တစ်ချိန်တည်း လူအသွင် ပြန်ပြောင်းပြီး သူမကို ဆက်ပြီး ဖက်ထားနိုင်ခဲ့တယ်။ သူက ပိုသန်မာပြီးလူကောင်ကြီးတာမို့ သူမကိုမြေကြီးပေါ်လှဲချပြီး ရုန်းမထွက်နိုင်အောင် ချုပ်ထားလိုက်တယ်။
"ကိုယ်မလွှတ်ပေးဘူး"
လုံကျန်း ဒေါသနဲ့ ပေါက်ကွဲတော့မလို ခံစားနေရပေမဲ့ လှုပ်မရဘူး။ သူမရဲ့နတ်ဘုရားစွမ်းအင်တောင် ဖုန့်စန်းရဲ့ဖိနှိပ်မှုကို ခံထားရတယ်။
"ဖုန့်စန်း ခွေးကောင်"
"ကျန်းအာ မင်းစောနက ဘာပြောလိုက်တာလဲဟင်၊ နောက်တစ်ကြိမ် ထပ်ပြောပေးလို့ရမလား"
ဖုန့်စန်းက စိတ်လှုပ်ရှားစွာနဲ့ သူ့အောက် ဖိထားတဲ့အမျိုးသမီးကို တောင်းဆိုတော့တယ်။ သူ့မျက်လုံးတွေလည်း မျက်ရည်ဝဲစ ပြုလာလေရဲ့။
"မင်း ကိုယ့်ကို သဘောကျခဲ့တယ် ပြောလိုက်တာလား၊ ကျန်းအာ မင်းကိုယ့်ကို ကြိုက်တယ်မဟုတ်လား"
"ကျွန်မဆီကနေ ဖယ်စမ်း" လုံကျန်း သူ့ကို အမုန်းတရားအပြည့်မျက်ဝန်းတွေနဲ့ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
"ကျွန်မရှင့်ကိုမုန်းတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခြောက်သောင်းတည်းက ရှင့်ငှက်မွေးတွေအားလုံးကို ဆွဲနုတ်ပစ်ချင်ခဲ့တာ"
"ကျန်းအာ..." ဖုန့်စန်းရဲ့အမူအရာက မည်းမှောင်သွားတယ်။ သူက သူမလည်တိုင်အောက် ခေါင်းတိုးဝင်တယ်။
"ဒါပေမဲ့ ကိုယ်မင်းကိုသဘောကျတယ်လေ၊ ကိုယ်ငယ်ငယ်လေးတည်းက မင်းကို သဘောကျခဲ့တာ"
"သေတောင်မယုံဘူး" လုံကျန်း သူ့ကိုနည်းနည်းလေးတောင် မယုံ။
"ရှင့်သားရင်းကိုတောင် အသိအမှတ်မပြုတာ၊ ကျွန်မကိုသဘောကျတယ်လို့ ဘယ်လိုပြောရဲတာလဲ"
"အဲနဂါးဥ... တကယ်ပဲကိုယ့်ဟာလား" ဖုန့်စန်း သူ့နားသူတောင် ယုံဖို့ခက်ခက်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်ပြီး သူမက အဲနဂါးဥကို အရမ်း မြတ်မြတ်နိုးနိုး ထိန်းသိမ်းခဲ့တာ... ပြီးတော့ သူမက သူ့အပေါ်ခံစားချက် မရှိဘူးလို့ ထင်ခဲ့တာပေါ့။ အဲဒါကြောင့် သူ ရဲဆေးတင်ပြီး သူမကိုသွားမရှာရဲခဲ့တာပဲ။ သူဘယ်တုန်းကမှ အဲဥက... သူ့ဟာလို့မထင်ခဲ့ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
"ကိုယ်ထင်ခဲ့တာက..."
"ရှင်ဘာထင်တာလဲ" လုံကျန်းအမူအရာက တင်းမာနေပြီး ခြောက်ကပ်ကပ်ရယ်တယ်။
"ရှင် ဒီနှစ်တွေအားလုံးမှာ ကျွန်မတို့သားအမိကိုထားသွားပြီး စကားတစ်ခွန်းမှမပြောဘဲ ဝူချီတောင်ဆီ ပြန်သွားတာလေ၊ ဘာလို့ အခုမှ အလုပ်ရှုပ်ခံဟန်ဆောင်နေတာလဲ"
"ဟင့်အင်း ကိုယ်မသိခဲ့ဘူး၊ တကယ်မသိခဲ့တာ တစ်ယောက်က ကိုယ့်ကိုပြောခဲ့တာက..."
"သွားစမ်းပါ" လုံကျန်း သူရှင်းပြတာ နားမထောင်ချင်တော့ဘူး။ သူမ ရှိသမျှအားနဲ့ ပြန်ရုန်းတော့တယ်။
"ရှင်ကျွန်မကို သတ်ချင်ရင်သတ်လိုက် မဟုတ်ရင် လွှတ်ပေး"
"ဟင့်အင်း ကိုယ်မင်းကိုမလွှတ်ပေးဘူး"
ဖုန့်စန်းက ပိုပြီးခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။
"ကိုယ် မင်းကိုတစ်ကြိမ်ဆုံးရှုံးပြီးပြီ၊ ကိုယ်မင်းကို နောက်တစ်ကြိမ် အလွတ်မပေးတော့ဘူး"
"ထွက်သွားစမ်းပါ ခွေးကောင်"
"ဟင့်အင်း"
"လွှတ်ပေး"
"ဟင့်အင်း..."
"ပြောပါရစေ..." ရုတ်တရက် တုံ့ဆိုင်းနေတဲ့ အမျိုးသမီးတစ်ယောက်အသံ ထွက်လာတယ်။
နှစ်ယောက်သား မော့ကြည့်လိုက်တော့ ဘာကြောင့်မှန်းမသိ လူနှစ်ယောက်က သူတို့ရှေ့ရပ်နေတယ်။ အကြီးနဲ့အငယ်။ သူတို့ဘယ်ချိန်ကရောက်လာလဲ မသိလိုက်ပေမဲ့ နှစ်ယောက်သား ရုန်းကန်နေတာကို နှုတ်ခမ်းတွေ တင်းတင်းစေ့ပြီး ကြည့်နေကြတယ်။
"အာ..." ရှန်းရင်က နှုတ်ခမ်းကိုက်လိုက်တယ်။
"ကလူကျီစယ်ချင်ရင် ကလူကျီစယ်လို့ရပေမဲ့ ဒီလိုမျိုး ခပ်ညံ့ညံ့အကဲပိုတာမျိုး မလုပ်ကြပါနဲ့လား"
ဒီလိုသာဆက်သွားနေရင် တကယ်ကို အရမ်းကြက်သီးထစရာကောင်းတော့မယ်။
လုံကျန်း ။ ။ "..."
ဖုန့်စန်း ။ ။ "..."
———————
ဖုန်းချီနန်းတော်။
ဖုန့်စန်းက သူ့ရှေ့က ကလေးကို စိုက်ကြည့်နေမိပြီး မျက်ဝန်းထဲခံစားချက်အပြည့်။ သူ့မျက်လုံးတွေ၊ နှာတံနဲ့ ပါးစပ်ပါ ဆင်လိုက်တာ။ ဖုန့်စန်း ကလေးကိုကြည့်လေ သူနဲ့ကလေးကဆင်တယ်လို့ တွေးမိလာလေပဲ။ ဒါ သူ့သားပဲ သူနဲ့ ကျန်းအာရဲ့ ကလေး သူ စိုက်ကြည့်နေမိတာ မျက်တောင်ခတ်ဖို့ပါ မေ့တယ်။ သူ ပါးစပ်ဖွင့်လိုက်ဟလိုက်လုပ်ပေမဲ့ ဘာစကားလုံးမှ ထွက်မလာ။ နောက်ဆုံးတော့ သူ ရေရွတ်လိုက်တယ်။
"ငါ့ကို ဖေဖေလို့ခေါ်ကြည့်"
ဇွက် ရှန်းရင် တစ်စုံတစ်ရာပြုတ်ကျသံကြားလိုက်ရတယ်။
ယိချင်း နှုတ်ခမ်းစေ့ပြီး သူ့အမတဓားကို ချက်ချင်း ဆွဲထုတ်လိုက်တယ်။
"ဆရာ၊ ကျွန်တော် သူ့ကို အပိုင်းပိုင်းလုပ်လို့ရလား"
ရှန်းရင် ။ ။ "..."
စိတ်အေးအေးထား စားဖိုမှူးရေ သူကဘယ်လောက်ပဲ မုန်းဖို့ကောင်းကောင်း သူက နင့်အဖေရင်းလေ။ နင် သူ့ကို စားလို့မဖြစ်ဘူး။
"ဟမ့်" လုံကျန်းက တောက်ခေါက်တယ်။ သူမက မျက်နှာသေဖြစ်နေဆဲ။
"ရှင် ခုမှ သူ့ကိုဘာအတွက် အသိအမှတ်ပြုနေတာလဲ"
ဖုန့်စန်းက ဖြူဖျော့သွားပြီး သက်ပြင်းချကာ သူမဆီလျှောက်လာတယ်။
"ကျန်းအာ ကိုယ်..."
"အဲမှာရပ်နေ" လုံကျန်းက သူ့ကိုစူးခနဲလှမ်းကြည့်လိုက်တယ်။
"ကျွန်မနားကနေဖယ်"
ဖုန့်စန်းက နဂိုနေရာကို ပြန်ဆုတ်ရတော့တယ်။
"နဂါးဥက ကိုယ့်သားဆိုတာ ကိုယ်တကယ်မသိတာ၊ မင်းက အဲတုန်းက အကြီးအကျယ် သောင်းကျန်းခဲ့တာလေ၊ ကိုယ် ဒေါသနဲ့ နဂါးအသူတစ်ရာချောက်က ထွက်ပြီး ဝူချီတောင်တန်းဆီ ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်၊ နောက်တော့ မင်းမှာ ကလေးရှိပြီကြားတော့... ကိုယ်အဲလိုတွေးမိခဲ့တာပါ"
"ရှင်က ကလေးကတခြားသူဟာလို့ တွေးတယ်ပေါ့လေ" လုံကျန်းက ထေ့ငေါ့တော့တယ်။
ဖုန့်စန်း အမှားသိတဲ့ကလေးလိုမျိုး ခေါင်းငုံ့နေတယ်။
"ဒါတွေအားလုံး ကိုယ့်အပြစ်ပါ၊ ဒီနှစ်တွေအားလုံးမှာ ကိုယ်ကိုယ်တိုင် မင်းကိုမမေးရဲခဲ့ဘူး၊ ဒါကြောင့် ကိုယ်မင်းကိုနှစ်ရာနဲ့ချီ နစ်နာစေခဲ့တယ်"
လုံကျန်းက တောက်ခေါက်ပြီး သူမလည်ချောင်းထဲတက်လာတဲ့ ဒေါသကိုဖိနှိပ်ဖို့ အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူမ မျက်စိတွေကို ပိတ်ထားလိုက်တော့တယ်။
"ကျွန်မ အတိတ်အကြောင်းမစဉ်းစားချင်တော့ဘူး၊ ဘာလို့ ကျွန်မနဂါးဥမှာ ယင်ချီရှိနေလဲပဲ ရှင့်ကို မေးချင်တာ"
"ကိုယ် တကယ်ယင်ချီ အကြောင်းမသိတာပါ" ဖုန့်စန်းက အသည်းအသန်ပြောလာတယ်။
"ကိုယ် တစ္ဆေအမတတစ်ကောင်နှစ်ကောင်တော့ တကယ်သိပေမဲ့ ယင်မြစ်မှာတုန်းကပဲ သူတို့နဲ့ ကြုံကြိုက်ခဲ့ရုံပါ"
"ယင်မြစ်မှာလား" လုံကျန်းတန့်သွားတယ်။
"ဘယ်တုန်းက ရှင် ယင်မြစ်ဆီသွားခဲ့တာလဲ"
ဖုန့်စန်းက တုံ့ဆိုင်းသွားပြီး မပြောသင့်တာကို ပြောမိသွားမှန်း နားလည်သွားတယ်။ သူ အလိုလို ရှန်းရင်ဘေးက ကလေးလေးဆီ လှည့်ကြည့်မိလိုက်တယ်။
လုံကျန်း ထခုန်မိပြီး မျက်လုံးပြူးသွားတယ်။
"ရှင်က မြေအောက်ဘုံထဲ ကျူးကျော်ပြီး နဂါးဝိညာဉ်ကို သံသရာထဲပို့ခဲ့တဲ့တစ်ယောက်လား"
သူမ အမူအရာပြောင်းသွားတယ်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ကျွန်မတောင်းဆိုခဲ့တာ-"
"ကိုယ် သူ့ကိုမပြောဖို့ တားခဲ့တာ" ဖုန့်စန်း သက်ပြင်းချလိုက်တယ်။
"ကိုယ်မင်းအကြောင်း ကောင်းကောင်းသိတယ်လေ၊ မင်းက ကိုယ်မှန်းသိရင် အကူအညီယူဖို့ သဘောမတူလောက်ဘူးလေ"
လုံကျန်း တိတ်သွားတယ်။ အဲတုန်းက သူမ သူ့ကို အရိုးထိစိမ့်နေအောင် မုန်းခဲ့တာ။ ဒီအကူအညီကို ဘယ်လိုလုပ် လက်ခံနိုင်ခဲ့မှာလဲ။
ဖုန့်စန်းက ရှေ့တက်လာပြီး သူ့ခံစားချက်တွေက မျက်ဝန်းထဲ ပြည့်လျှံလာပြန်တယ်။ သူ သက်ပြင်းချလိုက်တယ်။
"မင်း အဲဒါကို စိတ်ထဲထားစရာမလိုပါဘူး၊ ကိုယ် အဲအချိန်က ယင်မြစ်ဆီသွားတဲ့အချိန် တစ္ဆေအမတတချို့နဲ့ သိကျွမ်းခဲ့တယ်၊ နောက်တော့ ကိုယ့်ခန္ဓာကိုယ်က ယင်မြစ်ထဲက သေမင်းချီ ကူးစက်တာခံခဲ့ရတယ်၊ အဲဒါက ကိုယ့်သွေးကြောတွေထဲက ရှေးဟောင်းမီးဇာမဏီကို စနက်ပျိုးပေးပြီး ရှန်းကျွင်းအဖြစ် တက်လှမ်းစေနိုင်ခဲ့တယ်၊ ဖုံးကွယ်ထားတဲ့ ကောင်းချီးပေးမှုတစ်မျိုးလို့ ပြောရမှာပေါ့"
အဲအချိန်တုန်းက ဥထဲက နဂါးဝိညာဉ်က အားနည်းလွန်းလို့ ဘယ်ပြန်လည်ဝင်စားမှုမှော်အတတ်ကိုမှ တောင့်ခံနိုင်မှာမဟုတ်ခဲ့ဘူး။ အဲဒါကြောင့် သူတို့ မြေအောက်ဘုံထဲက ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဝိညာဉ်ကို ပို့ဆောင်ပေးဖို့လိုခဲ့တယ်။ အဲနေရာကိုရောက်ဖို့ဆို ယင်မြစ်ကိုဖြတ်သန်းရမှာ။
ဖုန့်စန်းက သက်သောင့်သက်သာအမူအရာနဲ့ ပြောနေပေမဲ့ ယင်မြစ်ထဲကရေက ကောင်းကင်လောကသားတွေရဲ့ ဝိညာဉ်တွေကို အမြဲကူးစက်နိုင်တယ်။ ဘာမှ စိတ်အေးလက်အေး ဖြစ်စရာမရှိဘူး။ ရှေးဟောင်မီးဇာမဏီ အသက်သွင်းခံရချိန် သူ နောက်ပြန်ဆုတ်လို့မရတော့တဲ့အထိ တွန်းအားပေးခံခဲ့ရတာပဲနေမှာ။
လုံကျန်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဘာခံစားနေရလဲ အတိအကျမသိတော့ဘူး။ အစကတော့ သူက သူမကို စိတ်ပျက်စေတယ်၊ သူတို့ကလေးကို အသိအမှတ်မပြုတာမို့ နဂါးအသူတစ်ရာချောက်နက်ကနေ ထွက်သွားတယ် ထင်ခဲ့တာ။ သူက နဂါးဝိညာဉ်ကို သံသရာထဲ ပို့ပေးတဲ့သူလို့ တစ်ခါမှမတွေးခဲ့ဖူးဘူး
"ယင်ချီက နဂါးဥထဲ ဘယ်လိုရောက်သွားလဲ ကိုယ် တကယ်မသိတာပါ" ဖုန့်စန်းက အသံကိုတိုးပြီး သတိတကြီး ပြောလိုက်တယ်။
"ဒါပေမဲ့ ကိုယ်မင်းကို ကတိပေးတယ်၊ ကိုယ် မင်းကိုကူညီရှာပေးမယ်၊ အဲလိုဆိုရင်ရော"
လုံကျန်းက သူ့ကိုလှမ်းကြည့်လိုက်တယ်။ သူမအမူအရာက ဇဝေဇဝါဖြစ်နေတယ်။ ဖြည်းဖြည်းချင်း ပေါ့ပါးသွားပြီး နောက်ကျ တင်းမာသွားပြန်တယ်။
"မလိုဘူး" သူမ မျက်လုံးကိုမှိတ်ကာ စိတ်ဆုံးဖြတ်ချက်အသစ်နဲ့ပြန်ဖွင့်လိုက်တယ်။
"သံသရာထဲ ကျွန်မနဂါးကလေးကို ပို့ပေးခဲ့သူက ရှင်ဆိုတဲ့အချက်ကို ထည့်တွေးပြီး ရှင် ကျွန်မအပေါ် အရင်က တင်ခဲ့တဲ့အကြွေးတွေကို မေ့ပေးမယ်၊ ဥထဲယင်ချီ ဘယ်သူထည့်သွားလဲဆိုတာ ကျွန်မဘာသာစုံစမ်းမယ်" သူမကလှည့်ပြန်ဖို့လုပ်တော့တယ်။
"ကျန်းအာ" ဖုန့်စန်း လှမ်းအော်လိုက်တယ်။ သူက သူမရှေ့ပြေးသွားပြီး နေရာမှာချုပ်ထားဖို့ ဂါထာတစ်ခု ဖန်တီးကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
"မင်း ကိုယ့်ကိုထားသွားမှာကို ခွင့်မပြုတော့ဘူး၊ ဒီနှစ်တွေအားလုံးမှာ မင်းတစ်ယောက်ပဲ ကိုယ့်နှလုံးသားထဲ ရှိခဲ့တာ"
လုံကျန်းက လှုပ်မရပေမဲ့ သူ့ကို အေးစက်စက်ကြည့်ပြီး လက်သီးဆုပ်လိုက်တယ်။
ဖုန့်စန်းက ဆက်ပြောတယ်။
"ကျန်းအာ၊ ဒီအမှားမျိုးဆက်ပြီး မလုပ်ကြရအောင်၊ ကျေးဇူးပြုပြီး ကိုယ့်ကို ဒီတစ်ကြိမ်ယူပေးပါ၊ ဟုတ်ပြီလား"
"ရှန်းကျွင်းကို တင်ပြပါတယ်" ဖုန့်စန်း စကားပြောပြီးပြီးချင်း အသံတစ်သံထွက်လာတယ်။
"၄၃၈ယောက်မြောက် သခင်မအသစ်ရောက်လာပါပြီ၊ အနောက်ဆောင် ပြင်လိုက်သင့်ပါသလား"
ဖုန့်စန်း ။ ။ "..."
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
အာ... သူ့ကတိ ပြန်ထိတာ မြန်လိုက်တာ။
╭∩╮()〈))╭∩╮
…
252
အခန်း ၂၅၂ ။ အားလုံးစုဝေး
"ဖုန့်... စန်း"
"ကျန်းအာ ကိုယ့်ကိုနားထောင်ပါ အဲလိုမျိုးမဟုတ်... အာ့ယား နာတယ် နာတယ်... ကလေးလေး"
ရုတ်တရက် ခန်းမဆောင်ထဲ ကြောက်ခမန်းလိလိ အော်ဟစ်သံတွေ ထွက်ပေါ်လာတော့တယ်။
ထောင့်တစ်နေရာမှာ တည်တည်ငြိမ်ငြိမ် လက်ဖက်ရည်သောက်နေတဲ့ ဆရာတပည့်နှစ်ယောက်...။
"ဆရာ"
"အေး"
"ကျွန်တော်တို့ သူတို့နှစ်ယောက်ကို တားသင့်လား"
"လိုတယ်မထင်ဘူး" ရှန်းရင်က မိသားစုဒရမ်မာကောင်းကောင်းမကြည့်ရတာ တော်တော်ကြာသွားပြီ။ ဒါက တစ်မူထူးခြားသစ်လွင်နေတာ။
"သူတို့တွေ အိမ်ကိုဖြိုမချသေးပါဘူး၊ အလျင်မလိုနဲ့ အလျင်မလိုနဲ့"
"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူးဆရာ"
"အာ နင် အရွက်လှီးဓားကိုသွေးပြီးပြီလား"
"နင် အရင်သွေးသင့်တယ်၊ နင်နားလည်ဖို့အတွက်ဆို သူတို့ ဒါကို မကြာခင်လိုလာနိုင်တယ်"
ဒီချစ်စရာလူနှစ်ယောက်ကို မတော်တဆ ဖျက်ဆီးမိမှာ စိုးရိမ်ရတာပဲ။
"..."
တစ်နာရီအကြာမှာတော့ နှစ်ယောက်သား နောက်ဆုံး ရန်ဖြစ်တာ ရပ်သွားကြပြီ။
ဖြစ်နိုင်တာက သူမှားတာသိလို့ထင် ဖုန့်စန်းက လိုလိုလားလားနဲ့ လုံကျန်းရဲ့ လက်ဝှေ့အိတ် လုပ်ပေးရှာတယ်။ လုံကျန်း သူ့ကို ဘာလုပ်လုပ် ပြန်တိုက်ခိုက်မဲ့ရည်ရွယ်ချက် မပြဘူး။ လုံကျန်းက ဒါကြောင့် တစ်ဖက်သတ်တိုက်ပွဲ ဆင်နွှဲနေရတာပေါ့။ ဖြစ်နိုင်တာက သူတို့အကောင်းဆုံးသိုင်းတွေကို သုံးဖို့ မေ့သွားလို့ထင်။ စားပွဲတွေထိုင်ခုံတွေ အားလုံး အပိုင်းပိုင်း ပျက်စီးကုန်တာတောင် အိမ်ကတော့ မားမားမတ်မတ် ရပ်နေတုန်းပဲ။ တစ်ခုတည်းသော ကျန်ရစ်တဲ့စားပွဲက ရှန်းရင်ထိုင်နေတဲ့ တစ်ခု၊ ဒါတောင် ယိချင်းက ကာကွယ်ပေးဖို့ အင်းကွက်တစ်ခု ချထားခဲ့လို့ပဲ။
ဖုန့်စန်းက ခုတော့ မမှတ်မိနိုင်လောက်အောင်ဖြစ်နေပြီ။ သူ့ဆွဲဆောင်မှုရှိပြီး ချောမွတ်တဲ့ မျက်နှာက ခုတော့ မမှတ်မိနိုင်လောက်အောင် ယောင်ကိုင်းနေတယ်။ သူက လုံကျန်းဘက် ခပ်ယဲ့ယဲ့ မျက်နှာချင်းဆိုင်ပြီး ရှင်းပြဖို့ကြိုးစားနေသေးတယ်။
"ကျန်းအာ မင်းထင်သလိုမဟုတ်ပါဘူး"
"ထွက်သွား" လုံကျန်း သူမဒေါသကို မထိန်းနိုင်ဘူး။ နောက်တစ်ကြိမ် သူ့ကိုထပ်ကန်လိုက်တယ်။
"ကောင်းကင်လောကကလူတိုင်း ဖုန့်စန်းရှန်းကျွင်းဆိုတဲ့ ရှင်က မြှာပွေတဲ့သူဆိုတာ သိကြတယ်၊ ရှင့်နောက်ခြံဝန်းမှာ ရှင့်အာရုံစိုက်မှုအတွက် တိုင်ခိုက်နေကြတဲ့ အမျိုးသမီးကောင်းကင်မျိုးနွယ်ဝင်တွေ အများကြီးလေ၊ တစ်ယောက်ချင်းစီက ယှဉ်မရနိုင်အောင် လှတာ" သူမ သူ့လှည့်ကွက်ထဲ ကျမိခဲ့တာ ရူးနေလို့ပဲ။
"ကျန်းအာ ကိုယ့်ကိုယုံပါ၊ ဒါက အထင်လွဲမှုပဲ၊ ကိုယ် သူတို့ကိုတစ်ခါမှမထိခဲ့ဖူးပါဘူး"
"ဟမ့်၊ ရှင်က ပွေရှုပ်တဲ့လူဆိုတာ ကျွန်မကမပြောနိုင်လို့လား"
လုံကျန်းရဲ့အကြည့်က ကြက်သီးထဖို့ကောင်းစွာနဲ့ သူမကိုဆက်လိမ်ရဲလားဆိုပြီး စိန်ခေါ်နေတဲ့ဟန်။
"အော်ဟုတ်သား၊ ရှင့်ရဲ့ အမျိုးသမီးအသစ်က ရောက်နေပြီမဟုတ်လား၊ သူ ဘာလို့မဝင်လာတာလဲ၊ ကျွန်မ ရှင်တို့လက်ထပ်ပွဲကို ဂုဏ်ပြုဖို့ အချိန်ကွက်တိရောက်နေတာကို"
ဖုန့်စန်း တစ်ခုခုပြောဖို့ကြိုးစားလိုက်ပေမဲ့ လုံကျန်းက တစ်ဖက်လှည့်ကာ ခန်းမထဲကနေ ဒေါသတကြီး ထွက်သွားတယ်။ တစ်ခဏနေတော့ သူမက လူတစ်ယောက်ကို ခန်းမထဲ ဆွဲခေါ်လာတယ်။ အဲလူက အနီရောင်သတို့သမီးဝတ်စုံဝတ်ထားတယ်။ သူမမျက်နှာက ပုဝါအုပ်ထားပြီး လုံကျန်းထက် နည်းနည်းလေး အရပ်ပိုမြင့်နေတယ်။
"ကျန်းအာ..." ဖုန့်စန်း ယောင်ကိုင်းနေတဲ့ခေါင်းကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။
"ကိုယ်ပြောတာနားထောင်ပါ"
"သူ့ကို ဒီလွှတ်လိုက်တဲ့သူကပြောတယ်၊ သူမက တကယ့်ကို အလှပိုင်ရှင်တဲ့" လုံကျန်းက ပြုံးလိုက်တယ်။
"ကျွန်မတောင် သူ့ရုပ်ရည်လှလှလေးကို မနာလိုဖြစ်မိတော့မယ်၊ ကျွန်မတစ်ချက်လေးကြည့်ရုံနဲ့ ရှင်စိတ်မကွက်ဘူးလို့ ယုံတယ်"
သူမက စကားပြောပြီးတာနဲ့ အမျိုးသမီးရဲ့ ပုဝါကို လှစ်ဟလိုက်တော့ အတော်လေးလှပတဲ့ မျက်နှာပေါ်လာလေတယ်။ သူမက အမှန်ကိုပဲ လှပသိမ်မွေ့တယ်။ သူမမျက်ခုံးတွေက အတော်လေးကိုပုံစံကျပြီး နီစွေးစွေးနှုတ်ခမ်းရှိတယ်။ သူမမျက်ဝန်းတွေကလည်း ကြီးလွန်းတာမို့ ကပြားနဲ့လည်း နည်းနည်းတူတယ်။ သူမက ဘယ်သူ့ရဲ့အကြည့်ကိုမဆို ဖမ်းစားနိုင်မှာပဲ - သူမမျက်နှာက တကယ်ကို တောက်ပနေတာ။ တကယ်တော့ သူမကိုကြည့်ရတာ... အတော်လေးရင်းနှီးနေသလိုပဲ။
ဖွီ...။
လက်ဖက်ရည် သောက်နေကျတဲ့ ဆရာတပည့်နှစ်ယောက် ခုလေးတင် သောက်နေတဲ့ လက်ဖက်ရည်ကိုထွေးထုတ်မိသွားတော့တယ်။
ဟိုလီရှစ် ဒါမဟုတ်မှလွဲရော။
"တကယ့်ကို သူမတူဘူးပဲ" လုံကျန်း သူမဘေးကလူနှစ်ယောက်ကို ကြည့်ပြီး နှလုံးသား အေးခဲသွားခဲ့တယ်။ သူမက ဖုန့်စန်းလက်ထဲ သတို့သမီးခေါင်းဆောင်းကို ချက်ချင်း ထိုးထည့်ပေးလိုက်တယ်။
"အင်း ကျွန်မဆုတောင်းပေးတယ်၊ ရှင်တို့နှစ်ယောက်လုံး... အာ... နင်..."
သူမစကားမဆုံးခင် တစ်ခုခုကို သိရှိသွားသလိုမျိုး မျက်လုံးပြူးသွားတယ်။
ဘေးမှာ တိတ်တဆိတ်ရပ်နေခဲ့တဲ့ သတို့သမီးက ရုတ်တရက် လုံကျန်းကို တစ်ဖက်ဆွဲလှည့်ပြီး သူမအမတဓားကို ဆွဲထုတ်ကာ လည်ပင်းဆီထောက်တော့တယ်။ သူတို့နှစ်ယောက်အောက် အင်းကွက်တစ်ခုပေါ်လာတယ်။
"မလှုပ်နဲ့၊ မင်းတို့မသေချင်ရင် ငါ့ကို ဒီအစုတ်ပလုတ်နေရာကနေ ထုတ်ပေးကြစမ်း"
"ကျန်းအာ" ဖုန့်စန်းက အထိတ်တလန့်ရေရွတ်ပြီး သူ့အမူအရာမည်းမှောင်သွားတော့တယ်။
"တကယ်လို့ မင်း သူ့ကိုထိခိုက်အောင်လုပ်ရဲရင် ငါမင်းကိုသတ်ပစ်မယ်"
သတို့သမီးလက်ဖဝါးကနေ ချီမည်းတစ်လုံး ထွက်လာတယ်။
"တကယ်လို့ မင်းတို့ သူ့ကိုမသေစေချင်ရင် နောက်ဆုတ်နေကြ"
"ဒါ... ယင်ချီလား၊ မင်းဘယ်သူလဲ၊ ဘာလိုချင်လို့လဲ"
ဒီလူက တစ္ဆေအမတလား။
ဖုန့်စန်း လက်ကိုရုတ်ပြီး ဓားစာခံကို စိုးရိမ်တကြီးကြည့်လိုက်တယ်။
"ကျန်းအာ မကြောက်နဲ့နော်၊ ကိုယ်မင်းကိုကယ်မယ်"
"ဘယ်သူက ရှင့်အကူအညီလိုလို့လဲ" လုံကျန်းကြည့်ရတာ လုံးဝအမျက်ထွက်နေတဲ့ပုံ။ တုံ့ဆိုင်းမှုမရှိ မလှုပ်မယှက်ထိန်းချုပ်ထားမှုနေ ဖောက်ထွက်လိုက်တယ်။ ခန္ဓာကိုယ်က မိုးကြိုးတွေနဲ့ ဖြတ်ခနဲ အရောင်လက်သွားပြီး သူမနောက်ကလူကို တိုက်ရိုက်တိုက်ခိုက်တော့တယ်။
သတို့သမီးက ဒါအတွက် အသင့်မပြင်ထားမိဘူး။ သူမ အရှိန်ကြောင့် နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး လက်ထဲက ယင်ချီက ယာယီ လွင့်ပျယ်သွားခဲ့တယ်။
နှစ်ယောက်သား မှင်တက်သွားကြတယ်။ အဲဒါ ယင်ချီမဟုတ်ဘူး။
သတို့သမီးက ချက်ချင်း တစ်ဖက်လှည့်ပြီး ပင်မခန်းဆောင်ကနေ ပြေးထွက်ဖို့ကြိုးစားတော့တယ်။
"မင်းဘယ်သွားမယ် စဉ်းစားနေတာလဲ" ဖုန့်စန်းက နှာမှုတ်တယ်။ ချက်ချင်းပဲ အင်းကွက်တစ်ခု တံခါးဝမှာလင်းလာပြီး ကာဆီးထားတော့တယ်။ သူက လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဇာမဏီအစစ် မီးတောက်ကို ဆင့်ခေါ်ကာ ရှိသမျှအားနဲ့ သတို့သမီးဆီ ပစ်လိုက်တယ်။
မီးလုံးက နီးသထက်နီးလာပြီး သတို့သမီးကို ထိမှန်ခါနီးဆဲဆဲ။ ရုတ်တရက် လူတစ်ယောက်က တံခါးဝရှေ့ ပေါ်လာတယ်။ သူမက လက်ကိုမြှောက်ပြီး မီးလုံးကိုဖမ်းလိုက်တယ်။ သူမ လက်သီးဆုပ်လိုက်တော့ မီးလုံးက "ရှူး" ခနဲအသံနဲ့ ပျောက်သွားတော့တယ်။
ဖုန့်စန်း ။ ။ "..."
ရှန်းရင်က သတို့သမီးကို လှည့်ကြည့်ကာ နှုတ်ဆက်တဲ့အနေနဲ့ လက်မြှောက်ပြလိုက်တယ်။
"ဟေး ဖေဖေနျို"
အသက်ဘေးကကပ်သီးလေး လွတ်သွားတဲ့ ကုယွဲ့က မြေကြီးမှာ တောင့်ခဲနေတဲ့ပုံမျိုးဖြစ်နေလေရဲ့။
တစ်ခဏအကြာ...။
ဟိန်းဟောက်သံကျယ်ကြီးက ခန်းမတစ်ခုလုံးကို ပြည့်သွားခဲ့တော့တယ်။
"မင်းဖင်ကိုဟေး" သူက ဓားစောင်းနဲ့ ရှန်းရင်ရဲ့ခေါင်းကို ရိုက်လိုက်တယ်။
"သောက်ကျိုးနည်း မင်းဘယ်ရောက်နေတာတုံး"
"အို့အို့အို့..." ရှန်းရင် သူမခေါင်းကို အလိုလိုပွတ်လိုက်မိတယ်။
"ငါနင့်ကိုရှာဖို့ ဒီရောက်လာခဲ့တာပဲမဟုတ်လား"
"ငါ့ဖင်ကိုရှာ ငါကန်းနေတယ်များ ထင်နေလား၊ မင်း ငါနဲ့ ကြုံကြိုက်မိသွားရုံပဲမဟုတ်လား၊ အဲလိုပဲဖြစ်ရမယ်"
"ဒီအသေးအဖွဲလေးတွေကို အာရုံစိုက်မနေစမ်းပါနဲ့"
"ဒါသောက်ကျိုးနည်း အသေးအဖွဲလေးလား၊ ငါအကင်ခံရတော့မလို့"
"ဆရာ့ကို အပြစ်မတင်ပါနဲ့" ယိချင်းက ရှန်းရင်ဘက်ကနေ ခုခံပေးဖို့ ဝင်ပြောလိုက်တယ်။ သူ သူနဲ့ကူယွဲ့ကြားက အရပ်ကွာခြားမှုကြောင့် ကူကယ်ရာမဲ့ခံစားရတော့တယ်။ သူ့အရွယ်အစားကြောင့် ကူယွဲ့ စိတ်ငြိမ်အောင် ဘာမှလုပ်လို့မရဘူး။
"ကျွန်တော်တို့သုံးယောက် လူကွဲသွားတာလေ၊ ဆရာက ကျွန်တော်တို့နှစ်ယောက်ကို ရှာတွေ့နိုင်တာနဲ့တင် အံ့အားသင့်ဖွယ် ဖြစ်နေပြီ"
ကူယွဲ့ ငုံ့ကြည့်ကာ တုံ့ဆိုင်းသွားတယ်။
"ဒီအရှုပ်ထုတ်လေးက... ဘယ်သူလဲ"
ယိချင်း ။ ။ "..."
ရှန်းရင် ။ ။ "..."
——————
တစ်နာရီအကြာ။
"တခြားနည်းနဲ့ ပြောရရင်တော့ မင်းက နဂိုက နဂါး၊ အဲဒါကြောင့် မင်း ကောင်းကင်ဘုံကို ရောက်ရောက်ချင်း မင်းမူလကိုယ်ထဲ ပြန်ဆင့်ခေါ်ခံလိုက်ရတယ်ပေါ့"
ဇာတ်လမ်းတစ်ပုဒ်လုံးကို နားထောင်ပြီးတဲ့ကူယွဲ့က ယိချင်းကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
"ဟုတ်တယ်" ယိချင်း ခေါငိးညိတ်ပြလိုက်တယ်။
ကူယွဲ့က နှုတ်ခမ်းစေ့လိုက်တယ်။ သူ နဂိုတည်းက cheat ဖြစ်နေတာမဆန်းတော့ဘူး။ သူ့ကျင့်ကြံဆင့်က မြန်မြန်ကြီး မြင့်သွားလိုက်တာများ သူ့အတွက် ဂိမ်းနဲ့တောင်တူသလောက်ပဲ။ ဒါဆို ဒီတစ်ချိန်လုံး သူက ပန်းတိုင်အဆုံးသတ်ကို ရောက်နေခဲ့ပြီးသားပေါ့။
သေစမ်း ဘဝမှာ နောက်ဖေးတံခါးကနေ ဖြတ်ခွင့်ရတဲ့ ဒီအနိုင်ရသူတွေကတော့ ကူယွဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့ကိုအမှီမလိုက်နိုင်ဘူး
"ဖေဖေနျို တကယ်တော့..." ရှန်းရင် စကားစလိုက်တယ်။
"ပါးစပ်ပိတ်" ကူယွဲ့က ချက်ချင်း အော်ပြီး ရှန်းရင်ကို ဝါးစားမတတ်ကြည့်လိုက်တယ်။ မင်းက ရူးချင်စရာ အခွင့်အရေးနဲ့ မွေးလာတာ၊ ဒါကြောင့် မင်းမှာ စကားပြောခွင့်မရှိဘူး။
"အိုး"
"လုံ... ယိချင်း" လုံကျန်း မနေနိုင်ဘဲ မေးလိုက်တယ်။
"ဒီတာအိုရောင်းရင်းက မင်းသူငယ်ချင်းဆိုတော့ စောနက အမေတို့မှာ အထင်လွဲမှုရှိခဲ့တဲ့ပုံပဲ၊ အမေ သူ့ကို ဘယ်လိုခေါ်ရမလဲ"
ယိချင်းက ပြောနေကျအတိုင်း ဖြေလိုက်မိတယ်။
"ဒါ ဖေဖေ-"
"ကျွန်တော်က ကူယွဲ့ပါ" မင်းဘိုးအေကို ဖေဖေ။
ကူယွဲ့ လက်သီးဆုပ်ကာ ဂါဝရပြုလိုက်တယ်။
"ကျွန်တော် တောင်းပန်ပါတယ်၊ စောနကအခြေအနေကို မသေချာခဲ့လို့ပါ၊ ရှန်းကျွင်းကို အပြစ်ပြုမိခဲ့ရင် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"မစိုးရိမ်ပါနဲ့" လုံကျန်း ခေါင်းယမ်းပြလိုက်တယ်။
"ခင်ဗျားဒီမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ" ယိချင်း မေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက ကူယွဲ့ရဲ့သတို့သမီးပုံစံကို သေချာကြည့်တော့တယ်။ သူက လက်ထပ်တော့မဲ့ အမျိုးသမီးနဲ့တောင် တူနေတာပဲ။ သူ့မျက်နှာကို ဘာမှမပြင်ထားတာရယ်၊ ယိချင်းနဲ့ရှန်းရင် သူ့အရှိန်အဝါကို ရင်းနှီးနေတာကြောင့်ရယ်သာ မဟုတ်ရင် သူတို့ သူ့ကို အဲလောက်မြန်မြန် မှတ်မိမှာမဟုတ်ဘူး။
ကူယွဲ့ နှုတ်ခမ်းကိုစေ့ကာ မျက်မှောင်ကြု
တ်လိုက်တယ်။ တစ်အောင့်ကြာတော့ သူက သက်ပြင်းချကာ ပြောပြလာတယ်။
"ငါ ဂျပုလေးကို ရှာတွေ့ပြီ"