အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
253
အခန်း ၂၅၃ ။ နတ်ရေးသည့်ဖူးစာ
ယိချင်းနဲ့ ရှန်းရင်တို့မှင်တက်သွားပြီး ပြိုင်တူမေးလိုက်မိတယ်။
"သူဘယ်မှာလဲ"
"စိတ်အေးအေးထားပါ၊ သူ အခုအဆင်ပြေတယ်" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ငါ ကောင်းကင်ဘုံကို ရောက်ရောက်ချင်းမှာတင် မြေအောက်ဘုံနဲ့ ဘေးကပ်လျက်မှာ ရောက်နေခဲ့တာ ဖြစ်နေတယ်၊ ရွှမ်ထုံ့အခန်းထဲက ပန်းမှာမြင်ခဲ့ရတဲ့ ယင်ချီကို အာရုံခံမိခဲ့တယ်လေ၊ အဲဒါနဲ့ ငါဒီထိ ရောက်လာခဲ့တာပဲ၊ လမ်းမှာ သူ့ကိုတွေ့ခဲ့တယ်"
"ဂျပုလေး အဆင်ပြေရဲ့လား" ရှန်းရင်မေးလိုက်တယ်။
"နည်းနည်းဒဏ်ရာရထားပေမဲ့ သူ့ကိုယ်က အဆင်ပြေပါတယ်" ကူယွဲ့က တစ်စုံတစ်ရာကို မှတ်မိသွားတဲ့ပုံနဲ့ မျက်နှာအရောင်ကျသွားတော့တယ်။
"သူက ဂူတစ်ခုထဲ ပိတ်ခံထားရတာ၊ အဲအချိန်က ငါ့ဘာသာ သူ့ကို ဘေးကင်းကင်းကယ်ဖို့ ယုံကြည်ချက်မရှိခဲ့ဘူး၊ ဒါကြောင့် ရှန်းရင်ကို သူ့ဘာသာသွားရှာဖို့ ပြောခဲ့တယ်၊ ငါကတော့ သူ့နေရာ အစားထိုးဝင်ပြီး ထွက်ပြေးဖို့ အခွင့်အရေးကို စောင့်မယ်ပေါ့၊ သူမ လွတ်မြောက်ဖို့ အချိန်ဆွဲချင်ခဲ့တာ၊ ဒါပေမဲ့ ငါဘာမှမစီစဉ်နိုင်ခင် ဒီကို ပို့ခံရပြီး မိန်းမရာချီရှိပြီးသား နှာဘူးတစ်ယောက်ကို လက်ထပ်ရမယ်လို့ ပြောခံရမယ် မထင်မိခဲ့ဘူး"
သုံးယောက်သားက တစ်စုံတစ်ယောက်သော ဇာမဏီကို လှည့်ကြည့်လိုက်တယ်။
နှာဘူးဖုန့်စန်း ။ ။ "..."
"ကျန်းအာ" ဖုန့်စန်းက ချက်ချင်း သူ့ဘေးကလုံကျန်းဘက် လှည့်လိုက်တယ်။
"ကိုယ်ပြောတာနားထောင်ပါ၊ ကိုယ် ဒီအကြောင်းမသိပါဘူး"
လုံကျန်းက ချက်ချင်း အကြည့်လွှဲလိုက်တယ်။
"ဒါ ကျွန်မနဲ့ဘာမှမဆိုင်ဘူး"
"ကျန်းအာ..." ဖုန့်စန်းက မျက်ရည်ဝဲစပြုလာတယ်။
"ကိုယ့်ကို ဒီတစ်ကြိမ်ယုံပေးပါ၊ အမှန်ပြောနေတာ ကိုယ်မင်းကို အနောက်ဆောင်ဆီ ခေါ်သွားရင်ရော - ဘယ်လိုပြန်လာရမလဲ မင်းသိမှာပဲ"
"ကျွန်မ မသိချင်ဘူး"
"ကိုယ်ရှင်းပြတာကို နားထောင်ပေးပါ"
"ဟင့်အင်း"
"ကျေးဇူးပြုပြီး နားထောင်ပေးပါ"
"ဟင့်အင်း"
"မင်းပြောတော့ ကိုယ်-"
"တော်ကြတော့" ယိချင်း နှုတ်ခမ်းသပ်လိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ အမတဓားရာချီက ကောင်းကင်ထဲပေါ်လာပြီး သူတို့နှစ်ယောက်ကိုချိန်ထားတော့တယ်။ ဒါ အခန်း၂ဆက်တောင် ပြီးသွားပြီကို သူတို့က ရန်ဖြစ်နေကြသေးတယ်။
"ဆက်ပြီးရန်ဖြစ်နေကြရင် ကျွန်တော် သောင်းကျန်းတော့မှာနော်"
ဖုန့်စန်း ။ ။ "..."
လုံကျန်း ။ ။ "..."
အာ... ခုလည်း သောင်းကျန်းနေပြီကို။
"သွေးတွေ ဒီတစ်နေရာလုံးမှာ ရွှဲနစ်တော့မယ်" ယိချင်းက ဖုန့်စန်းဘက် လှည့်လိုက်တယ်။
"ဖေဖေနျို့ကို လွှတ်လိုက်တဲ့သူကို သိမှာပေါ့"
ဖုန့်စန်းက တန့်သွားတယ်။ သူက တစ်ခဏစဉ်းစားနေပြီး ပြောလိုက်တယ်။
"သူက ကောင်းကင်မြေအောက်ဘုံကလာတာ၊ ငါ မြေအောက်ဘုံက တစ္တေအမတတစ်ယောက်ပဲ သိတယ်"
"သူကဘယ်သူလဲ"
"တစ္တေအမတကျူမင်" ဖုန့်စန်းက တစ်ခုခုကို စဉ်းစားနေဟန် မျက်မှောင်ကြုတ်နေကာ နောက်တော့ ထပ်ပြောလိုက်တယ်။
"ဟင့်အင်း... တကယ်လို့ သူသာဆိုရင်တော့ အန္တရာယ်ပေးဖို့အတွက် ဒီကိုပို့ဖို့ ကြိုးစားတာ မဟုတ်လောက်ဘူး"
ကူယွဲ့ ကြောင်အမ်းသွားတယ်။
"ဆိုလိုတဲ့အဓိပ္ပာယ်က"
"ငါနဲ့အတူ အနောက်ဆောင်ကို လိုက်ခဲ့ရင် သိလိမ့်မယ်"
ဖုန့်စန်းက သူ့နောက်ကိုအမူအရာပြလိုက်တယ်။
သူတို့တွေ အဓိပ္ပာယ်ပါပါ အချင်းချင်း အကြည့်ဖလှယ်မိပြီးတော့ အနောက်ဆောင်ဆီ ဖုန့်စန်းနောက် လိုက်ခဲ့တယ်။ သူတို့ တံခါးကိုဖြတ်ဖြတ်ချင်း ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားတယ်။ ခမ်းနားတဲ့ခန်းမက ချက်ချင်း တောအုပ်နက်ကြီးအဖြစ် ပြောင်းသွားတာ။
သူတို့ပတ်လည်ကနေ ဇာမဏီ အော်သံတွေကြားနေရတယ်။ ဇာမဏီတွေက ရောင်စုံ။ သူတို့ တစ်ခုခုကို စောင့်ကြပ်နေသလိုမျိုး လေးထောင့်ပုံစံ စုဝိုင်းနေကြတယ်။ ဇာမဏီတွေဘေးမှာတော့ ထူးထူးဆန်းဆန်းဝတ်စုံတွေ ဝတ်ထားတဲ့ မိန်းကလေးတချို့ ရပ်နေတယ်။ ငှက်တွေပတ်လည်မှာ အင်းကွက်တစ်ခုချထားပြီး အင်းကွက်အလယ်တည့်တည့်မှာတော့ မိန်းကလေးတွေလောက် အရပ်ရှည်တဲ့ ဥတစ်လုံး။ သူ့ပုံစံအရ ဥက ဇာမဏီတစ်ကောင်ရဲ့ဟာဆိုတာ သေချာတယ်။
"ဒါက..." လုံကျန်း မှင်တက်သွားတယ်။
"ဒါဇာမဏီရဲ့ ဥဖောက်တောအုပ်ပဲ"
"ယာယီပါပဲ" ဖုန့်စန်း ပြန်ဖြေလိုက်တယ်။
တစ်လျှောက်လုံး နဂါးတွေနဲ့ ဇာမဏီတွေက မျိုးပွားဖို့ အခက်တွေ့ခဲ့ကြတယ်။ ဥတစ်လုံးစီတိုင်းက နှစ်ထောင်ချီဥဝပ်တဲ့ လုပ်ငန်းစဉ်ကို ဖြတ်သန်းရတာ။ အဲဒါကြောင့် မျိုးနွယ်နှစ်စုလုံးက သားဖောက်တဲ့လုပ်ငန်းစဉ်ကို တန်ဖိုးထားကြတယ်။ သူတို့က ဥတစ်လုံးကို ရတာနဲ့ ဥဝပ်ဖို့ အစွမ်းကုန်အာရုံစိုက်ကြတယ်။ တသီးတသန့်နေတဲ့ နဂါးတွေတောင် ဥတစ်လုံး ရှိပြီဆိုတာသိတာနဲ့ စုဝေးကြပြီး ဥကိုဝပ်ပေးကြတယ်။ အဲဒါကြောင့် မျိုးနွယ်တစ်ခုစီတိုင်းက သူတို့ရဲ့ဥဝပ်တဲ့နေရာကို တခြားမျိုးနွယ်မသိအောင် ပုံမှန်ဆို ဖုံးကွယ်ထားကြတယ်။
"သူတို့တွေက ငါ့ဇနီးတွေလေ" ဖုန့်စန်းက စိတ်ဆိုးမာန်ဆိုးရှင်းပြလာတယ်။
"ဒါဆို..." ရှန်းရင် တန့်သွားတယ်။ "အဲဥတွေက ရှင့်ဟာလား"
"ဖွီ..." ဖုန့်စန်း သွေးအန်လုနီးပါးဖြစ်သွားတယ်။
"တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ငါ့ကိုထိခိုက်အောင်မလုပ်ပါနဲ့၊ ဒါက ငါ့ဇာမဏီမျိုးနွယ်ရဲ့ သားဥဝပ်နေရာပါ၊ ငါက သူတို့ကို ဒီနေရာခေါ်လာဖို့ပဲ တာဝန်ရှိတာ"
"အိုး..." သူမက သူ ဥတွေမျိုးစပ်တဲ့ နေရာမှာ တော်တယ်လို့ တွေးမိသွားတာ။
ဥတွေမျိုးစပ်ရာမှာ တော်တယ်လို့ တွေးမိတဲ့ ယိချင်း ။ ။ "..."
အတွေးတူသော ကူယွဲ့ ။ ။ "..."
ကံကောင်းလို့ သူတို့ပါးစပ်ပေါက်ကို ဆက်ပိတ်နေခဲ့မိတာပဲ။
"လွန်ခဲ့တဲ့နှစ်သောင်းချီက ဇာမဏီမျိုးနွယ်က ဥဝပ်တဲ့လုပ်ငန်းစဉ်မှာ ပြဿနာကြုံခဲ့ရတယ်၊ အဲအချိန် သူတို့ဥတွေကို ဝပ်ဖို့အတွက် ဘေးကင်းလောက်တဲ့နေရာ ရှာမတွေ့ခဲ့ကြဘူး၊ အဲဒါကြောင့် သူတို့က ငါ့ဆီ အကူအညီ လာတောင်းခဲ့ကြတယ်လေ၊ ငါက သူတို့ဥတွေကိုယာယီဝပ်လို့ရအောင် ဒီဆန်းကြယ်ဘုံကို ဖန်တီးပေးခဲ့တယ်၊ ငါ ဇာမဏီတွေပိုပိုများလာမယ် မထင်မိခဲ့ဘူး"
ဇာမဏီတွေအားလုံးထဲ သူကကျင့်ကြံဆင့်အမြင့်ဆုံး။ သူတို့အားလုံးကမျိုးနွယ်တူဆိုတော့ ငြင်းလို့ကောင်းမယ် မထင်ခဲ့ဘူးလေ။ သားဖောက်တောအုပ် အဆင်သင့်ဖြစ်ပြီးတာတောင် ဇာမဏီတွေက သူ့ဆီ ရံဖန်ရံခါ အကူအညီလာတောင်းကြသေးတယ်။
"ဥဝပ်ဖို့က အချိန်လိုတယ်လေ၊ အဲဒါကြောင့် တခြားသွားစရာနေရာမရှိတဲ့ တခြားမျိုးနွယ်တွေကို လက်ခံပြီး သူတို့ကို ဂရုစိုက်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာပဲ"
သေချာကြည့်လိုက်တော့ မိန်းမတွေအပြင် အင်းကွက်ထဲမှာ တခြားယောက်ျားတွေလည်း ရှိနေတာသိလိုက်ရတယ်။ တခြားမျိုးနွယ်က လူတချို့တောင် ရှိသေး။
"ဒါဆို ဖုန်းချီနန်းတော်က မိန်းကလေးတွေက ရှင့်ကို ဘာလို့ သူတို့ယောက်ျားလို့ ခေါ်တာလဲ"
ဖုန့်စန်းက တန့်သွားပြီး အနေရခက်တဲ့အကြည့် မျက်နှာပြင်ပေါ် ဖြတ်ပြေးသွားတယ်။
"အာ... အာ အဲဒါ လုံကျန်း မင်းက... အစေခံတွေ အများကြီး လက်ခံခဲ့တယ်ဆိုပြီး ကြားလို့လေ၊ ကိုယ်ထင်ခဲ့တာက မင်း... အဲဒါကြောင့် ကိုယ့်ကို သူတို့အဲလိုခေါ်ဖို့ ခွင့်ပြုခဲ့တာပါ"
"အော်..." သုံးယောက်သား တအံ့တဩရေရွတ်လိုက်တယ်။
သူက သဝန်တိုနေခဲ့တာလား။
ဒီမှာ သူမဥတွေကို ဝပ်ဖို့ ယောက်ျားအစေခံတစ်သိုက် ရှာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတို့ဥတွေကို ဝပ်ဖို့ မိန်းမတစ်သိုက်ရှာတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ အဆင့်တစ်ခုမှာတော့ သူတို့က တကယ့်ကို နတ်ဖက်တဲ့ဖူးစာပဲ။
လုံကျန်းက မတုံ့ပြန်ပေမဲ့ သူမဒေါသကတော့ အနည်းငယ်ပြေလျော့သွားတာ သိသာတယ်။
"ဒီဆန်းကြယ်ဘုံထဲကလူတွေက သူတို့ဥတွေ မပေါက်မချင်း အပြင်မထွက်ဖို့ဆုံးဖြတ်ထားကြတာ၊ အဲဒါကြောင့် ဒီလူတွေအားလုံးက ဘယ်မှ သွားစရာနေရာမရှိသူတွေနဲ့ အန္တရာယ်တွေကနေ ထွက်ပြေးဖို့ နေရာတစ်နေရာ ရှာနေကြသူတွေပဲ၊ ဒါကြောင့် ကျူမင်က မင်းသူငယ်ချင်းကို ဒီပို့ချင်ခဲ့တာဆိုရင် ဖြစ်နိုင်တာက သူက သူမကို တစ်ခုခုဆီကနေ ကာကွယ်ချင်ခဲ့တာနေမယ်၊ သူမကို အန္တရာယ်ပြုချင်သူက တခြားတစ်ယောက်ယောက် ဖြစ်လောက်တယ်"
သုံးယောက်သား တိတ်သွားတယ်။
"ဖေဖေနျို၊ အခု ဂျပုလေးဘယ်မှာလဲ" ရှန်းရင်မေးလိုက်တယ်။
ကူယွဲ့က တန့်သွားပြီး ဆက်သွယ်ရေးအဆောင်ကို အမြန်ထုတ်လိုက်တယ်။ သူ မသေမျိုးချီနည်းနည်းကို ကူးပြောင်းလိုက်ပေမဲ့ တုံ့ပြန်မှုမရှိ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ငါ့ကိုစောင့်နေဖို့ သူ့ကိုအနားကတောအုပ်ကြီးတစ်ခုဆီ ပို့ခဲ့တာကို"
"သွားကြည့်ရအောင်" ရှန်းရင်က တံခါးအပြင်ကို ချက်ချင်း ပျောက်သွားတယ်။
တခြားသူတွေ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်ပြီး သူမနောက်လိုက်ခဲ့ကြတယ်။
ကူယွဲ့က သူမကို ပြန်ဆွဲထားလိုက်ရတယ်။
"ရှန်းရင် ဒီဘက်ဟ" မင်း အရပ်မျက်နှာတွေ မသိရင် ရှေ့ကဇွတ်ပြေးမနေနဲ့ဟ။
ကူယွဲ့ ဝူချီတောင်နဲ့မိုင်ရာချီလောက်ပဲကွာတဲ့ တောအုပ်ကြီးထဲမှာ ဂျပုလေးနဲ့ တွေ့ဖို့စီစဉ်ခဲ့တာ။ အဲကတောအုပ်ကြီးက အတော်လေးကို ထူထဲပြီး ပတ်ပတ်လည်မှာ ရှုပ်ထွေးတဲ့ အရှိန်အဝါတွေ ပြည့်နေတယ်။ ဒါကြောင့် သူမကို ခြေရာခံဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။
ဒါပေမဲ့...။
"ချီး" ကူယွဲ့ အခုပျက်စီးနေပြီဖြစ်တဲ့ တောအုပ်ကို ကြည့်လိုက်တယ်။ လောင်ကျွမ်းနေတဲ့မြေပြင်ပေါ် ယင်ချီအကြွင်းအကျန်တွေရှိနေဆဲ။ သူသွားတာ တစ်နေရာတောင် မပြည့်သေးဘူးလေ။
"ငါ အခြေအနေကို ပိုနားလည်အောင် ကျူမင်ကို မေးသင့်တယ်" ဖုန့်စန်းက စိတ်ပူနေတဲ့လူတွေကိုကြည့်ပြီး ချက်ချင်း မှန်တစ်ချပ်ထုတ်လိုက်တယ်။
တစ်အောင့်နေတော့ ဝတ်ရုံနက်နဲ့ သက်လတ်ပိုင်းလူတစ်ယောက် မှန်ထဲပေါ်လာတယ်။ သူ့ပတ်လည်မှာတော့ ထူထဲများပြားတဲ့ သေမင်းချီတွေ။ ဒါပေမဲ့ သူ့မျက်နှာက ကြင်နာပုံရပြီး နှုတ်ခမ်းက မဆိုစလောက်အပြုံးအဖြစ် ကော့တက်သွားတယ်။
"ဖုန့်စန်းလား၊ မင်း ဘယ်လိုလုပ် မိတ်ဆွေဟောင်းကိုဆက်သွယ်ဖို့ အဲလောက်အားနေတာလဲ၊ ငါမင်းကို ပို့လိုက်တဲ့ လက်ဆောင်ကြီးရပြီးပြီလား"
"အစ်ကိုကျူ၊ အဲကလေးမကို ငါ့ဆီ ဘာလို့ပို့လိုက်တာလဲ ပြောပြပေးလို့ရမလား၊ ဘာတွေဖြစ်ခဲ့တာလဲ"
"သူ တစ်ခုခု ဖြစ်ပြန်ပြီလား"
ကျူမင်က အထိတ်တလန့်ရေရွတ်တယ်။
"ဖြစ်ပြန်ပြီတဲ့လား" ဖုန့်စန်းလည်း လိုက်ရေရွတ်မိလိုက်တော့တယ်။
…
254
အခန်း ၂၅၄ ။ ဂူထဲမှမြွေကိုမြှားထုတ်
ကျူမင်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တယ်။
"အဲနေ့က ငါ ကောင်းကင်မြေအောက်ဘုံမှာ ထူးခြားတဲ့အရှိန်အဝါရှိနေတာကို မထင်မှတ်ထားဘဲ အာရုံခံမိခဲ့တယ်၊ ငါ အဲနောက်လိုက်တော့ အမတချီဆိုတာ နားလည်လိုက်ရတယ်၊ အဲဒါ ငါအဲကလေးမကို မြင်ခဲ့တဲ့အချိန်ပဲ၊ အဲအချိန် သူက သွေးဝိညာဉ်အင်းကွက်ထဲ ပိတ်မိနေခဲ့တာ၊ ငါ သူ့ကိုအဲထဲကနေ ကယ်ထုတ်ခဲ့တာပဲ"
"သွေးဝိညာဉ်အင်းကွက်" ဖုန့်စန်းက အံ့ဩတကြီး ရေရွတ်ကာ မျက်လုံးပြူးသွားတယ်။
"ဆိုလိုတာက တစ်ယောက်ယောက်က သူမဝိညာဉ်ကို ခိုးဖို့ကြိုးစားခဲ့တာပေါ့"
"အမှန်ပဲ" ကျူမင် ခေါင်းညိတ်ပြီး သူ့အမူအရာက မည်းမှောင်နေတယ်။
"သွေးအင်းကွက်ကို စီရင်နိုင်သူက အတော်လေးကျင့်ကြံဆင့်မြင့်တဲ့ တစ္ဆေအမတပဲဖြစ်ရမယ်၊ ဒီလူက သူမအမတဝိညာဉ်အပေါ် မျက်စိကျနေတာပဲဖြစ်ရမယ်၊ တခြားကောင်းကင်မျိုးနွယ်ဝိညာဉ်တွေထက် အားနည်းတာကိုး၊ အဲဒါကြောင့် သူ့အပိုင်လုပ်ဖို့ သူမဝိညာဉ်ကို စုပ်ထုတ်ဖို့ကြိုးစားပြီး သူမရဲ့အားနည်းတဲ့ ခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့ အင်းကွက်ချခဲ့တာပဲ၊ သူ ကောင်းကင်မြေအောက်ဘုံမှာနေရင် အင်းကွက်ချတဲ့သူက အလွယ်တကူမလွှတ်ပေးမှာစိုးရိမ်တယ်လေ၊ အဲဒါကြောင့် သူ သတိတောင်မရသေးခင် မင်းဆီကိုပို့လိုက်တာပဲ၊ မင်းရဲ့ဝူချီတောင်တန်းအစွမ်းကို သုံးပြီး သူမကို ကာကွယ်ပေးနိုင်မယ်ထင်ခဲ့တာ"
ကူယွဲ့ ။ ။ "..." အဲတော့ သူကအကြောင်းမရှိ အစားထိုးသတို့သမီး လုပ်မိခဲ့တာလား။
"အစ်ကိုကျူ၊ သူ့ကို ဘယ်သူပြန်ပေးဆွဲခဲ့တာလဲ သိလား"
"ငါလည်းမသေချာဘူး" ကျူမင် ခေါင်းယမ်းလိုက်တယ်။
"ငါ သူ့ကိုရှာတွေ့ချိန် အနားမှာ အင်းကွက်ပဲရှိတာ"
ပြောရရင်တော့ ဒီလူ့ကို ဘယ်မှာရှာရမလဲဆိုတာ သူတို့မသိဘူးပေါ့။ ဖုန့်စန်းက ကျူမင်ကိုကျေးဇူးတင်ပြီး မှန်ကိုသိမ်းလိုက်တယ်။
"ဆရာ" ယိချင်းက ရှန်းရင်ဘက်လှည့်လိုက်တယ်။
ဂျပုလေးရဲ့ကျင့်ကြံဆင့်အရ ကောင်းကင်မြေအောက်ဘုံပဲဖြစ်ဖြစ် ကောင်းကင်ဘုံပဲဖြစ်ဖြစ် သူမအတွက် နေရစ်ဖို့အန္တရာယ်များလိမ့်မယ်။
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
"လာ ကောင်းကင် မြေအောက်ဘုံဆီ သွားကြစို့"
"ဟုတ်ကဲ့ဆရာ"
မိဘတစ်တွဲက စကားထပြောလေတယ်။
"မြေအောက်လောကက အန္တရာယ်များလွန်းတယ်၊ ယိချင်း ငါတို့-"
"မလိုဘူး" ယိချင်း လှည့်လာပြီး သူတို့ကို စူးစူးစိုက်စိုက်ကြည့်ကာ လုံကျန်းကို ဦးတည်လိုက်တယ်။
"လိုက်လာဖို့မကြိုးစားခင် စိတ်ညစ်စရာ ပြဿနာကို ဖြေရှင်းကြဦး" ဆရာက သူ့အတွက် လုံလောက်နေပြီ။
"အိုး..." နှစ်ယောက်သား စိတ်ပျက်လက်ပျက် တီးတိုးရေရွတ်လိုက်တယ်။
သူတို့ဝမ်းနည်းသွားတယ် - ဆရာက သူ့အမေအရင်းဖြစ်လာသလိုမျိုး ခံစားနေရတယ်။
——————
မြေအောက်လောကက သုံးလောကထဲက ကြွေလွင့်သွားတဲ့ဝိညာဉ်တွေ နေထိုင်စရာနေရာရှာဖို့ သွားကြတဲ့နေရာပဲ။ နေရာတိုင်းမှာ မသေမျိုးချီတွေပြည့်နေတဲ့ကောင်းကင်ဘုံနဲ့ လုံးဝပြောင်းပြန်။ လောကနှစ်ခု တွေ့ကြတဲ့ နေရာမှာ ကောင်းကင်တွေနဲ့မြေကြီးကို မျဉ်းကြောင်းလေး တစ်ကြောင်းတည်းက ပိုင်းထားသလိုပဲ။ ကောင်းကင်လောကမှာ မြက်ခင်းစိမ်းတွေ၊ စမ်းရေတွေနဲ့ မသေမျိုးချီတွေ ဖြစ်သင့်တဲ့နေရာမှာ ကောင်းကင်မြေအောက်လောကမှာတော့ ပိန်းပိတ်တဲ့ အမှောင်ထုနဲ့ သေမင်းချီပဲရှိတယ်။
သုံးယောက်သား မြေအောက်ဘုံဆီ ရောက်လာခဲ့ကြတယ်။
"အခုရောဘာလဲ" ကူယွဲ့ သူတို့ပတ်လည်က လေလွင့်ဝိညာဉ်တွေကို ကြည့်လိုက်တယ်။
ယိချင်း အာရုံခံ ဂါထာတစ်ခု ဖန်တီးဖို့ကြိုးစားပေမဲ့ ခဏနေတော့ အလျှော့ပေးလိုက်ရတယ်။
"မရဘူး၊ ဒီမှာသေမင်းချီတွေ အများကြီးပဲ၊ အဲတောအုပ်နက်ထဲမှာရှိခဲ့တဲ့ အငွေ့အသက်က မြေအောက်ဘုံထဲမှာ လုံးဝပျောက်သွားပြီ"
"သေစမ်း" ကူယွဲ့ ပင့်သက်ရှိုက်ပြီး ဆဲလိုက်မိတယ်။
"မြေအောက်ဘုံက ကြီးတာကို - ငါတို့ဘယ်လို ဂျပုလေးကို ရှာမလဲ"
"ငါတို့ဆီ သူလာအောင်လုပ်ရင်ရော" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။
နှစ်ယောက်သား ကြောင်သွားပြီး သူမကိုလှည့်ကြည့်တယ်။
"မင်းဘာဆိုလိုတာလဲ"
"ဂျပုလေးကိုဖမ်းသွားတဲ့လူက သူမဝိညာဉ် နောက်လိုက်နေတာမဟုတ်လား"
"အမှန်ပဲ" ယိချင်း ခေါင်းညိတ်လိုက်တယ်။
"အဲသွေးဝိညာဉ်အင်းကွက်က ဝိညာဉ်တွေကို ဝါးမျိုဖို့အတွက် ရည်ရွယ်ထားတာ"
"ငါတို့ဒီမှာလည်း အမတဝိညာဉ်တွေရှိတယ်လေ" အရမ်းများလို့တော့ မညည်းလောက်ဘူးမလား။
ယိချင်းက တစ်အောင့်စဉ်းစားပြီး နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ ဒါကြောင့် သူ ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။
"ဘာလို့ ငါ့ကိုကြည့်နေတာလဲ" ကူယွဲ့ ပေါက်ကွဲပြီး သူ့ကိုဒေါသတကြီး ကြည့်လိုက်တယ်။ မြွေကို ဂူထဲက မျှားခေါ်ထုတ်ဖို့ကြိုးစားတဲ့ အကြံအစည်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့...။
"ဘာလို့ ထပ်ပြီးတော့ငါပဲလဲ"
ရှန်းရင် ။ ။ "ငါသွားရင်တောင် လူတွေက ငါ့ကိုမမြင်ဘူးလေ"
ယိချင်း ။ ။ "ကျွန်တော့်မှာ အမတကိုယ်ခန္ဓာ မရှိတော့ဘူးလေ"
"ပြီးတော့ ဖေဖေနျို နင်အဝတ်လဲရသေးဘူးမလား၊ ကွက်တိပဲ ဒါဆို - နင်အဝတ်လဲဖို့မလိုတော့ဘူး၊ တစ်ဖက်လူက မိန်းကလေးတွေကို ကြိုက်တာဖြစ်နိုင်တယ်မလား"
"ဆရာပြောတာမှန်တယ်"
"..." မေ-ိုး
သူ သူတို့အတွေးအခေါ်ကို နားလည်ပေမဲ့ ဘာလို့ ဒီငတုံးနှစ်ကောင်ကို သေတဲ့အထိ ရိုက်သတ်ချင်နေမိတာလဲ။
သူ အသက်ပြင်းပြင်းရှူပြီး ဒေါသတကြီးအတွေးအချို့ကို ဖိနှိပ်ထားလိုက်တယ်။ သူ တစ်ခဏစဉ်းစားပြီး ပြောလိုက်တယ်။
"ကောင်းပြီလေ၊ ငါ သူ့ကို မျှားထုတ်ဖို့ ဝိညာဉ်စုဝေးအင်းကွက်တစ်ခု ချလိုက်မယ်၊ ဒါပေမဲ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မြေအောက်ဘုံနော်၊ ငါ အမွှေးတိုင်တစ်ချောင်းထွန်းစာလောက်ပဲ တောင့်ခံနိုင်လောက်မှာ၊ မင်းတို့ သေချာပုန်းနေတာကောင်းမယ်၊ တကယ်လို့ သူထွက်ပြေးနိုင်သွားရင် မင်းတို့ ငါ့ဆီက မုန့်ဖိုးရဖို့ကို စဉ်းတောင်မစဉ်းစားနဲ့တော့"
"ဟုတ်ကဲ့ ဖေဖေနျို ကိစ္စမရှိပါဘူး ဖေဖေနျို" နှစ်ယောက်သားက နာနာခံခံ ပြန်ဖြေလေတယ်။
သူတို့ စကားပြောပြီးပြီးချင်း နောက်ကို မီတာ အနည်းငယ်ဆုတ်လိုက်တယ်။ ယိချင်းက အရှိန်အဝါဖုံးအုပ် အဆောင်နှစ်ခုကို ထုတ်ပြီး သူ့ရင်ဘတ်ပေါ်သူ ကပ်လိုက်တယ်။
ဟုတ်တယ်၊ ဆရာက ဒါတွေကိုလိုမှာမဟုတ်ဘူး။
"..."
ကူယွဲ့ ဘာလို့ သူတို့ကို ရိုက်ချင်တဲ့ဆန္ဒက ခုပိုပြင်းထန်လာတာလဲ။
စိတ်ငြိမ်စမ်း စိတ်ငြိမ်စမ်း ဝူတိဂိုဏ်းမှာ ဓားကျင့်စဥ်ကို လေ့ကျင့်နေတဲ့ တစ်ဦးတည်းသော တပည့်အတွက် သူတို့နှစ်ယောက်ကို သည်းခံဖို့လိုတယ်။
ကူယွဲ့က သူနဲ့နှစ်ယောက်ကြားက အကာအဝေးကို ပိုကျယ်အောင် ခပ်ကျယ်ကျယ် ခြေတစ်လှမ်း တိုးလိုက်တယ်။ သူ့လက်နှစ်ဖက်လုံးနဲ့ ဝိညာဉ်စုဝေးအင်းကွက်တစ်ခုကို စီရင်တော့ ခြေထောက်အောက် ပေါ်လာတယ်။ အင်းကွက်က ခပ်မှိန်မှိန်တောက်ပနေလေရဲ့။ အင်းကွက်ထဲက ယင်ချီနဲ့သေမျိုးချီက ရုတ်တရက် ပျောက်သွားတယ်။ အင်းကွက်က မြေအောက်ဘုံရဲ့ ပိန်းပိတ်နေတဲ့အမှောင်ထုထဲ အတော်လေးကို သိသာနေတာ။
ကူယွဲ့ အင်းကွက်ထဲ ဝင်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့မသေမျိုးချီကို လည်ပတ်စေနေသလိုမျိုး ပြုမူလိုက်တယ်။ ရုတ်တရက် သူ့ပတ်လည်က လေလွင့်ဝိညာဉ်တွေက နောက်ဆုတ်ပြီး ကြောက်ဖို့ကောင်းတဲ့တစ်စုံတစ်ရာကို မြင်လိုက်သလိုမျိုး ထွက်ပြေးကုန်တယ်။
သူ အဲမှာ ဆယ်မိနစ်အပြည့် ထိုင်နေမိတာ။ သူ့ပတ်လည်မှာ လေလွင့်ဝိညာဉ်တွေ နည်းသထက် နည်းလာတယ်ဆိုတဲ့အချက်ကလွဲ သိသာမြင်သာတဲ့ ကွာခြားချက်မရှိဘူး။ သူ့ပတ်လည်က အရာအားလုံးဟာ ကြက်သီးထစရာကောင်းအောင် တိတ်ဆိတ်နေတယ်။
သူတို့အစီအစဉ် အလုပ်မဖြစ်တာလား။
ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖက်လူက သူတို့လှည့်ကွက်ကို သိသွားတာဖြစ်နိုင်လား။ ဒါမှမဟုတ် သူတို့ ကောင်းကင်မြေအောက်ဘုံဆီ ခြေချတည်းက သူတို့ဒီရောက်နေပြီဆိုတာ သူက သိပြီးသားလား။
ကူယွဲ့ မသေမျိုးချီကို ပြန်ရုပ်သိမ်းဖို့စဉ်းစားမိလိုက်တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မြေအောက်ဘုံလေ။ ယင်ချီကနေ သူ့ကိုယ်သူ ယာယီကာဆီးထားနိုင်ပေမဲ့ အကြာကြီးဆက်ထိန်းမထားနိုင်ဘူး။
သူ အတွေးထဲ နစ်မျောနေပြီး အင်းကွက်ကို ပြန်ရုပ်သိမ်းမို့ရှိသေး သူ့ပတ်လည်က လေလွင့်ဝိညာဉ်တွေနဲ့ကွဲပြားတဲ့ ကြက်သီးထစရာ ယင်အရှိန်အဝါကိုခံစားမိလိုက်တယ်။ အဲအရှိန်အဝါက သူ့ဆီကို တန်းတန်းမတ်မတ်ဦးတည်လာတာ။
လာနေပြီ။
သူ့ရင်ထဲ ထိတ်သွားတယ်။ သူ ချက်ချင်း သူ့ကိုယ်ကိုကာဖို့ ချီသုံးပြီး နံရံတစ်ချပ်ဆင့်ခေါ်လိုက်တယ်။ သူ တိုက်မိသံကျယ်ကြီး ကြားလိုက်ရပြီး ချီမည်းလုံးကြီးတစ်လုံးက နံရံကိုဝင်တိုက်တယ်။ နံရံက ကူယွဲ့ကိုကာထားတဲ့အင်းကွက်နဲ့အတူ အပိုင်းပိုင်းပျက်စီးသွားခဲ့တယ်။
ကူယွဲ့ ချက်ချင်း အက်ကွဲစတွေကြောင့် ထိခိုက်မှာကို ရှောင်ဖို့ ပေအနည်းငယ်ဆုတ်လိုက်တယ်။
"ဘယ်သူလဲ"
"ဟီးဟီးဟီး..." ကြက်သီးထစရာရယ်သံ ထွက်လာတယ်။
ချီမည်းလုံးက ပျောက်သွားပြီး နေရာမှာ လူတစ်ယောက်အစားဝင်လာတယ်။ အမည်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမက အတော်လေးကို ဖြူဖျော့နေပြီး မျက်လုံးတွေက ရဲနေတယ်။ မျက်ရည်တွေအစား သွေးတွေက ပါးပြင်ပေါ်စီးကျနေလေရဲ့။ သွေးတွေက သူမမျက်နှာပေါ်ကနေ မြေပြင်ပေါ် တစက်စက် စီးကျနေတော့တာပဲ။ သူမက ကူယွဲ့ကို ရူးနှမ်းနေတဲ့အကြည့်နဲ့ ကြည့်လာတယ်။
"အမတဝိညာဉ်၊ ငါ့အမတဝိညာဉ်၊ ငါ့ဟာ... ငါ့ဟာ"
ယင်ချီတွေ အများကြီး သူမကိုယ်ကနေ လျှံထွက်လာတယ်။ သူတို့နှစ်ယောက်ခေါင်းပေါ် အင်းကွက်ကြီးတစ်ခု ပေါ်လာပြီး ရဲရဲတောက်နီနေတယ်။
"သွေးဝိညာဉ်အင်းကွက်" ကူယွဲ့အထိတ်တလန့်ရေရွတ်လိုက်တယ်။ သူလှည့်ကာ အာခေါင်ခြစ် အော်လိုက်တယ်။
"ရှန်းရင်"
နောက်အခိုက်အတန့်မှာတော့ ဓားမိုးရွာတော့တယ်။ ဓားတွေအားလုံးက တစ္ဆေအမတဆီဦးတည်နေပြီး သူမဆီ ထိုးစိုက်လာတယ်။ သူတို့က ထူထဲတဲ့ယင်ချီကိုဖြတ်သန်းပြီး အမျိုးသမီးကိုပါဖြတ်သွားကာ ခန္ဓာကိုယ်မှာအပေါက်ပေါက်တွေ ဖြစ်စေခဲ့တယ်။ သူမ ခေါင်းတောင် နှစ်ခြမ်းကွဲသွားလေရဲ့။
ဒါတောင် သူ့ပုံစံက ဘာနာကျင်မှုမှမခံစားရတဲ့ပုံ။ သူမက တစ်ဖက်လှည့်ပြီး ယိချင်းကို သွေးတွေစီးနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တယ်။ သူမကိုယ်ပေါ်က အပေါက်တွေက ပြန်ပြည့်စပြုလာလို့ ဘယ်တုန်းကမှ အပိုင်းပိုင်းခုတ်မခံခဲ့ရသလိုပဲ။
"အမတဝိညာဉ်၊ ငါ့အမတဝိညာဉ်..." သူမ စကားပြောပြီးချိန် ရှန်းရင်ဆီ တစ်ရှိန်ထိုးပြေးလာတယ်။ ကြောက်ခမန်းလိလိယင်ချီပမာဏက မြေပြင်ဆီ တစ်ရှိန်ထိုးဦးတည်တော့တယ်။
ကူယွဲ့ထခုန်ကာ အော်လိုက်တယ်။
"ရှန်းရင် သတိထား သူ့မှာ ကိုယ်ထည်မရှိဘူး၊ မင်း-"
ဘန်း
သူ စကားမဆုံးခင် တစ္ဆေအမတ ပါးရိုက်ခံရပြီး ရှန်းရင်လက်ဖဝါးနဲ့ ဖိချတာ ခံလိုက်ရတော့တယ်။ ရှန်းရင်က သူ့ဘက်မျက်နှာလှည့်လာတယ်။
"ဖေဖေနျို နင်ဘာပြောလိုက်တာလဲ"
"... ဘာ- ဘာမှမဟုတ်ဘူး" ငါ-ိုး
"အမတဝိညာဉ်၊ အမတဝိညာဉ်..." တစ္ဆေအမတက ရှန်းရင် မြေကြီးပေါ်ဖိကပ်ထားတာ ခံနေရပေမဲ့ ကူယွဲ့နဲ့ယိချင်းကို ဆက်စိုက်ကြည့်နေတယ်။
ကူယွဲ့ ရှေ့ကို အမြန်တက်လာခဲ့တယ်။
"မင်း စောနက အမတဘုံကနေ ဖမ်းလာတဲ့တခြားသူရော ဘယ်မှာလဲ"
တစ္တေအမတက သူ့ကိုကြားပုံမပေါ်ဘဲ ရှန်းရင်လထဲကနေသာ ရုန်းထွက်ဖို့ဆက်ကြိုးစားကာ ကူယွဲ့ကို တိုက်ခိုက်
ဖို့ လုပ်နေတယ်။ သူမကြည့်ရတာ စောနကထက်တောင် ရူးနေတဲ့ပုံ။
ဒီမိန်းမက... ဘာဖြစ်နေတာလဲ။
…
255
အခန်း ၂၅၅ ။ မူလဝိညာဉ်ဆုံးရှုံး
ကူယွဲ့ တစ်စုံတစ်ရာကို မှတ်မိသွားဟန် မျက်မှောင်ကြုတ်လိုက်တယ်။ သူအမြန် သူ့ဘေးကလူဘက် လှည့်လိုက်တယ်။
"ယိချင်း၊ သူမဝိညာဉ်ကိုစစ်ကြည့်စမ်း"
ယိချင်း ခေါင်းညိတ်ပြီး ဒူးထောက်ကာ သူ့ကောင်းကင်စွမ်းအင်တချို့ကို အသက်သွင်းပြီး အမျိုးသမီးရဲ့ နဖူးအလယ်ဆီ ကူးပြောင်းလိုက်တယ်။ တစ်အောင့်ကြာတော့ သူ မျက်လုံးပြူးသွားခဲ့တယ်။
"သူ့... သူ့မှာ မူလဝိညာဉ်မရှိဘူး"
တကယ်ပဲ
ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။ မူလဝိညာဉ်ဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့ အရေးကြီးဆုံးအပိုင်းပဲ။ မူလဝိညာဉ် မရှိတဲ့လူတစ်ယောက်ဟာ အသိစိတ်မရှိဘူး။ သူ့ရဲ့ ကာယအင်အားကိုပဲ အသုံးချရမှာ။ လေလွင့်ဝိညာဉ်နဲ့ မခြားနားဘူး။ ဒါပေမဲ့ သူမက ဘာလို့ သူတို့ကို တိုက်ခိုက်တာလဲ။ ပြီးတော့ သူမက အမတဝိညာဉ်တွေကို ပစ်မှတ်ထားနေတာသိသာတယ်။
"မင်းတို့အားလုံးဒီမှာကိုး၊ မင်းတို့ကို ခြေရာခံရတာ လွယ်သားပဲ"
ကူယွဲ့ စဉ်းစားနေတုန်း ရင်းနှီးနေတဲ့အသံတစ်သံကြားလိုက်ရတယ်။ အမျိုးသမီးလောက် အရပ်ရှည်ပြီး ဝတ်ရုံအနက်ဝတ်ထားတဲ့လူတစ်ယောက် သူတို့ရှေ့ဆင်းသက်လာတယ်။
"ခင်ဗျားက တစ္ဆေအမတကျူမင်ပဲ" ကူယွဲ့ ဖုန့်စန်းမှန်ထဲကလူကို မှတ်မိသွားခဲ့တယ်။
"မင်း ကျုပ်ကို မှတ်မိတယ်လား" သူက သံသယနဲ့ခေါင်းညိတ်လိုက်တယ်။ သူလည်း အမျိုးသမီးလို သွေးယိုနေတဲ့ မျက်လုံးတွေရှိပေမဲ့ ရူးနေတဲ့ပုံတော့မပေါ်။ အဲအစား သူက အတော်လေးတည်ငြိမ်တယ်။ သူက လက်သီးတွေဆုပ်ကာ ဂါဝရပြုလာတယ်။
"ကျုပ်က ကျူမင်ပါ၊ နှုတ်ခွန်းဆက်ပါတယ် တာအိုရောင်းရင်းတို့၊ ကျုပ်မိတ်ဆွေဟောင်း ဖုန့်စန်းက မင်းတို့ လူတစ်ယောက်ကို ရှာဖို့ ကောင်းကင်မြေအောက်ဘုံဆီ ဝင်လာတယ်လို့ပြောတယ်လေ၊ သူက ကျုပ်ကို အကူအညီကမ်းလှမ်းဖို့ ပြောတယ်"
ဆိုတော့ အဲစိတ်ရှုပ်စရာစုံတွဲက သူ့ကိုဒီပို့လိုက်တာပေါ့။ ကူယွဲ့ စိတ်အေးပြီး သက်ပြင်းချလိုက်တယ်။
"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"
"အရိုအသေပေးစရာမလိုပါဘူး၊ ဖုန့်စန်းက ကျုပ်မိတ်ဆွေဟောင်းလေ၊ ကျုပ်သူ့ကို... ဖုန်းညာန်"
သူမှင်တက်သွားပြီး မြေကြီးပေါ်ဖိချခံထားရတဲ့ တစ္ဆေအမတကို မျက်လုံးပြူးကြည့်လိုက်တယ်။
"တာအိုရောင်းရင်းကျူ သူ့ကိုသိတာလား"
ကူယွဲ့က မေးလိုက်တယ်။
"ဖုန်းညာန်၊ တကယ်မင်းပဲ" ကျူမင်က စိုးရိမ်တကြီး ရှေ့ကိုပြေးတက်လာပြီး ရူးနေတဲ့အမျိုးသမီးကို သေချာကြည့်တော့တယ်။ သူက သူတို့ကိုမော့ကြည့်ပြီး မေးလေတယ်။
"ဒီမှာ... ဘာတွေဖြစ်သွားတာလဲ"
"ကျုပ်တို့ မိတ်ဆွေကို ဖမ်းသွားခဲ့တဲ့ တစ္ဆေအမတကို မျှားထုတ်ဖို့ ကြိုးစားနေရုံပါ" ကူယွဲ့က ဖြစ်ပျက်သွားသမျှကို ရှင်းပြလိုက်တယ်။
"သူဖြစ်နေတယ်လေ"
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ကျူမင့်မျက်နှာက ထိတ်လန့်မှုအပြည့်။
"ဖုန်းညာန်က အသိစိတ်ပျောက်သွားပေမဲ့ အမြဲတမ်း..." သူက စကားပြောနေရင်း အသံတိတ်သွားပြီး ကူယွဲ့ကိုခေါင်းစခြေဆုံး ကြည့်တယ်။
"မင်းက အမတ ဖြစ်နေသေးတာလား"
ကူယွဲ့ သူ့တခြားအဖော်နှစ်ယောက်ကို အဓိပ္ပာယ်ပါပါလှမ်းကြည့်လိုက်တယ်။
"ကျုပ်က အမတဖြစ်ဆဲပါ"
"သိပြီ" ကျူမင့်အမူအရာက ပျော့ပြောင်းသွားတယ်။ တစ်စုံတစ်ရာကို နားလည်သွားဟန် သူကပြောလာတယ်။
"အံ့ဩစရာ မရှိတော့ဘူး... အံ့ဩစရာမရှိတော့ဘူး မင်းတို့ရဲ့အဲဒီသူငယ်ချင်းကို အဲဂူမှာကြုံခဲ့တာ၊ အဲတော့ ဖုန်းညာန်..."
"တာအိုရောင်းရင်းကျူ ခင်ဗျားဘာဆိုလိုတာလဲ"
ကူယွဲ့ မေးလိုက်တယ်။
ကျူမင့်အမူအရာ မည်းမှောင်သွားတယ်။ တစ်အောင့်နေတော့ သူကသက်ပြင်းချပြီး ဂါဝရပြုလာတယ်။
"ဖုန်းညာန်က ကျုပ်ရဲ့ဆရာတူညီမပါ၊ သူက အသိစိတ်ပျောက်ပြီး အပြစ်တွေအများကြီး ကျူးလွန်ခဲ့မိတယ်၊ ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးပါ"
သူက ရှေ့တက်ပြီး ဒူးထောက်ကာ အမျိုးသမီးနဖူးကို ထိလိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ စောနလေးကတင် အကြမ်းပတမ်းရုန်းကန်နေတဲ့အမျိုးသမီးက ပျော့ပြောင်းကာ ငြိမ်ကျသွားတယ်။ သူမက ဘာစကားလုံးမှ မဆိုတော့ဘူး။
"သူ အသက်ရှင်နေတုန်းက အမတဖြစ်ဖို့ တက်လှမ်းခဲ့တယ်၊ သေပြီးတဲ့နောက် သူက တစ္ဆေအမတ ဖြစ်လာခဲ့တယ်၊ အဲဒါကြောင့် အမတဝိညာဉ်တွေနဲ့ပတ်သတ်ရင် ထူးထူးခြားခြား သိလွယ်နေတာ၊ သူက မင်းတို့ကို တိုက်ခိုက်ဖို့ကြိုးစားတာက သူ့မူလဝိညာဉ်နဲ့ဆင်တဲ့ အမတဝိညာဉ်ကိုအာရုံခံမိလို့ပဲ၊ သူ့အပိုင်အဖြစ် အထင်မှားပြီး လုဖို့ကြိုးစားခဲ့တာပေါ့"
ကူယွဲ့ မြေကြီးပေါ်က အမျိုးသမီးကို ကြည့်လိုက်တယ်။
ကျူမင်က သူမရဲ့ကောင်းကင်စိတ်အာရုံကို ကာလိုက်တာနဲ့ ငြိမ်ကျသွားတာ မဆန်းတော့ဘူး။
"ခင်ဗျားဆိုလိုတာ သူက ကျုပ်သူငယ်ချင်းကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့သူ မဟုတ်ဘူးပေါ့"
"အင်း... ကျုပ်လည်းမသေချာဘူး" ကျူမင်က မျက်လွှာချပြီး မြေကြီးပေါ်က ယင်ချီအကြွင်းအကျန်ကို လေ့လာလိုက်တယ်။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ယင်ချီတချို့ကို အမျိုးသမီးလက်ဖဝါးထဲ ကူးပြောင်းလိုက်တယ်။
"ကျုပ် မင်းတို့ သူငယ်ချင်းကို နောက်ဆုံးတွေ့ခဲ့တုန်းက သွေးဝိညာဉ်အင်းကွက်ထဲက ယင်ချီအကြွင်းအကျန်က တကယ်ပဲ ဖုန်းညာန်ရဲ့ဟာနဲ့ဆင်တယ်၊ သွေးဝိညာဉ်အင်းကွက်က ဘာလို့ မအောင်မြင်တာလဲတော့ ကျုပ်မသေချာဘူး၊ ဖုန်းညာန်က သူ့မူလဝိညာဉ်ကို ဆုံးရှုံးခဲ့ရလို့ အသိစိတ်ပျောက်သွားခဲ့တာ - တကယ်လို့ မင်းတို့သူငယ်ချင်းသာ သူနဲ့တကယ်ရှိခဲ့ရင် သူက မင်းတို့မိတ်ဆွေဝိညာဉ်ကို လုယူဖို့ သွေးဝိညာဉ်အင်းကွက်ကို ချက်ချင်းသုံးခဲ့မှာပဲ၊ သူက မင်းတို့မိတ်ဆွေကို ကောင်းကင်မြေအောက်ဘုံထိ ခေါ်လာခဲ့မှာမဟုတ်သလို သေချာပေါက် မင်းတို့ထောင်ချောက်ထဲလည်း ကျမှာမဟုတ်ဘူး"
ကူယွဲ့တိတ်သွားတယ်။ တကယ်ပဲ ဒီတစ္တေအမတဖုန်းညာန်က ရူးနေတဲ့အမျိုးသမီး။ သူမက သွေးဝိညာဉ်အင်းကွက်ကို မစီရင်ခင် ကောင်းကင်မြေအောက်ဘုံဆီ ပြန်လာဖို့ဆိုတဲ့ ကျိုးကြောင်းဆီလျော်တဲ့အရာကို ဘာလို့လုပ်မှာလဲ။ ဒါပေမဲ့ တကယ်လို့ ဂျပုလေးကိုဖမ်းသူက သူမ မဟုတ်ရင် ဘယ်သူလဲ။
"ဒါပေမဲ့ ရွှမ်ထုံပျောက်သွားတဲ့နေရာမှာ ယင်ချီတွေကျန်ခဲ့တယ်"
ကျူမင်က တစ်အောင့်စဉ်းစားပြီး ပြောလာတယ်။
"အဲလိုဆိုရင် မင်းတို့ တစ်ချက်ကြည့်လို့ရအောင် ဖုန်းညာန်နေအိမ်ဆီ ကျုပ်ခေါ်သွားပေးရင်ရော၊ မင်းတို့သဲလွန်စရှာတွေ့ရင် တွေ့နိုင်တာပဲ၊ ပြီးတော့ သွေးဝိညာဉ်အင်းကွက်က လူတစ်ယောက်ဝိညာဉ်ကို အပြည့်အဝ မဖယ်နိုင်ခင်နှစ်ရက်လိုတယ်၊ သူသာ မင်းတို့မိတ်ဆွေကို ဖမ်းတဲ့သူ တကယ်ဟုတ်တယ်ဆိုရင် မင်းတို့မိတ်ဆွေက ခု ဂူထဲမှာပဲရှိနေဦးမှာ"
သူက သူမဆံပင်ကိုသူမ ကစားနေတဲ့ မြေပြင်ပေါ်က အမျိုးသမီးကို လှမ်းကြည့်လိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းညာန်က ကျုပ်ဆရာတူညီမလေး၊ သူ့ကိုတစ်ယောက်တည်း ဒီလိုမျိုး မထားခဲ့နိုင်ဘူး"
သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ ခုလုပ်နိုင်တဲ့ တခြားအရာလည်း ရှိမှမရှိတာ။
"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"
သူတို့ရွေးစရာမရှိတော့ဘဲ ဓားတွေကိုစီးကာ ကျူမင် ခေါ်ဆောင်လာတဲ့ဘက်ဆီ ခရီးထွက်ခဲ့ကြတော့တယ်။ ကျူမင်က ဖုန်းညာန်ကို သေချာချီပြီး သူတို့နောက်က တိမ်တစ်ခုပေါ်ကနေ စီးကာ လမ်းတစ်လျှောက် အရပ်မျက်နှာတွေကို လှမ်းအော်ပြောပြတယ်။
"နင်တို့ဆက်ဆံရေးက အတော်လေးရင်းနှီးတာပဲ" ကျူမင်က ဖုန်းညာန်ကိုယ်အလေးချိန်ကို ထောက်ပေးနေတုန်း အမျိုးသမီးတစ်ယောက်အသံထွက်လာတယ်။
သူ မော့ကြည့်လိုက်တော့ ဖုန့်စန်း စောင့်ရှောက်ပေးဖို့ ထပ်တလဲလဲမှာလိုက်တဲ့ ကောင်လေးကို မြင်လိုက်ရတယ်။ သူက သိရသရွေ့တော့ ဖုန့်စန်းရဲ့ သားရင်းတဲ့။ သူ ကောင်လေးနောက်ကို ကြည့်လိုက်တော့ အဖြူရောင်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက် ဓားပေါ် တင်ပျဉ်ခွေ ထိုင်နေတာ မြင်လိုက်ရတယ်။ သူမက လက်သီးတစ်ဖက်ပေါ် မေးတင်ထားပြီး သူ့ကိုစပ်စပ်စုစု ကြည့်နေလေရဲ့။
ကျူမင်က ကြောင်အမ်းသွားတယ်။ အာ... ဒီအမျိုးသမီးက အရင်ကဒီမှာလား။ ကူယွဲ့ရော ယိချင်းပါ အံ့ဩပုံမပြတာမြင်တော့ ကျူမင်ပြုံးလိုက်တယ်။
"ဖုန်းညာန် အသက်ရှင်နေတုန်းက... ကျုပ်တို့ အတူကြီးပြင်းလာခဲ့တာလေ၊ ကျင့်ကြံသူတွေအနေနဲ့လည်း ဂိုဏ်းတူခဲ့တယ်၊ အဲဒါကြောင့် တခြားဘယ်သူ့ထက်မဆိုရင်းနှီးတာ"
ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"သူ အဲလိုမျိုး ဘယ်လိုလုပ်ဖြစ်သွားတာလဲ"
"အာ... ကျုပ်မသေချာဘူး" ကျူမင်က တစ်စုံတစ်ရာကို တွေးမိဟန် မျက်မှောင်ကြုတ်ပြီးတဲ့နောက် မျက်နှာသေဖြစ်သွားတယ်။
"တစ္ဆေအမတတွေအားလုံးက သူတို့အသက်ရှင်ချိန် အလွန်အကျွံဒေါသနဲ့ နာကျည်းမှုကြောင့် သူတို့ပုံစံဖြစ်လာကြတာ၊ ကျုပ်တို့တွေအားလုံး သာမန်လူတွေ မခံစားနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ နာကျင်မှုတွေကို ဖြတ်ကျော်ခဲ့ရပြီး ကိုယ့်ဝိညာဉ်ကိုကိုယ် ဖယ်ရှားပြီးမှ တစ္တေအမတဖြစ်လာနိုင်တာ၊ ကျုပ် တစ္ဆေအမတဖြစ်လာချိန် သူမက အဲလိုမျိုးဖြစ်နေပြီ၊ ကြည့်ရတာ သူမက ကျုပ်တို့ တခြားသူတွေထက် နာကျင်မှုကို ပိုပြီးခံစားခဲ့ရတာဖြစ်နိုင်တယ်"
"အော် ဒါဆိုသူ..." ရှန်းရင် ထပ်မေးချင်ပေမဲ့ တစ်စုံတရာက သူမအကြည့်ကိုဖမ်းစားသွားပြီး ထခုန်ကာ သူမရှေ့ကလူကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။
"ဖေဖေနျို"
ကူယွဲ့က သက်သောင့်သက်သာနေနေတာ။ ရှနိးရင် သူ့ကိုဆုပ်ကိုင်လာချိန် သူ ဓားပေါ်ကနေ ပြုတ်ကျတော့မလို့။
"ဘာလို့ငါ့ကိုရုတ်တရက် ပြန်ဆွဲထားရတာလဲ"
သူ အချိန်မီလေး ဟန်ချက်ပြန်ထိန်းလိုက်တယ်။
ရှန်းရင်က အရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။
"အရှေ့မှာမြစ်လေ" သူမမြင်ဘူးလား။ သူ အဲထဲပြုတ်ကျတော့မလို့။
"ဘာမြစ်လဲ" ကူယွဲ့ ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ ဇဝေဇဝါဖြစ်နေတယ်။ ပိန်းပိတ်အောင် မှောင်မည်းနေတာကလွဲရင် ဘာမှမရှိဘူး။
ဟမ်။
ရှန်းရင်က သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ တုံ့ပြန်လာသူက ယိချင်း။ သူက သူ့နတ်ဘုရားစွမ်းအင်နဲ့ ဓားတစ်ချောင်းဖန်တီးကာ သူတို့ဓားရှေ့ကနေ ပျံသန်းသွားစေလိုက်တယ်။ သုံးပေတောင်မပြည့် သွားပြီးနောက်မှာတင် ဓားက အက်ဆစ်ဓာတ်မြင့်မားတဲ့ တစ်စုံတစ်ရာထဲ ပြုတ်ကျသွားတဲ့ပုံ။ သူတို့မျက်စိရှေ့မှာတင် ချက်ချင်း အရည်ပျော်ပြီး နှစ်စက္ကန့်အတွင်း ပျောက်သွားတယ်။
"ဟိုလီရှစ်" ကူယွဲ့နောက်ဆုတ်လိုက်တယ်။ မြစ်က ကောင်းကင်စွမ်းအင်ကိုတောင်
ဝါးမျိုနိုင်တာ။ ရှန်းရင်ကြောင့်သာ မဟုတ်ရင် သူခုဆို သေနေလောက်ပြီ။