အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
256
အခန်း ၂၅၆ ။ ပုန်းကွယ်နေသောဆန်းကြယ်ဘုံ
"မြေအောက်ဘုံရဲ့ ယင်မြစ်ပဲ" ကျူမင်က အထိတ်တလန့်ပြောတယ်။ မြေအောက်ဘုံရဲ့ ယင်မြစ်က ပုံစံရော၊ သဏ္ဌာန်ရော မရှိပေမဲ့ လက်ညှိုးထိုးမလွဲပဲ။ မြေအောက်ဘုံထဲက တစ္ဆေတွေ တစ္ဆေအမတတွေကိုတော့ မသက်ရောက်ပေမဲ့ တခြားဝိညာဉ်တွေဆို တစ်ခုလုံး ဝါးမျိုသွားလိမ့်မယ်။
"ကျေးဇူးပြုပြီး သတိထားပါ အားလုံး၊ ဒီယင်မြစ်က စက္ကန့်တိုင်း ပြောင်းလဲနေတာ၊ မှော်အတတ်က အာရုံမခံနိုင်ဘူး"
သူ စကားပြောပြီးပြီးချင်း ဓားပေါ်က ယိချင်းနောက်ရပ်နေတဲ့ ငပျင်းအမျိုးသမီးကို ထူးဆန်းစွာ ကြည့်လိုက်တယ်။
"ဒီတာအိုရောင်းရင်းက... ယင်မြစ်ကို မြင်နိုင်တယ်လား"
"သူ့မျက်လုံးတွေက ကျုပ်တို့နဲ့မတူဘူး" ကူယွဲ့က ကျူမင်ကို ရှင်းပြမရတဲ့အကြည့်မျိုး လှမ်းကြည့်လိုက်တယ်။ Cheat တစ်ယောက်ရဲ့ မျက်လုံးတွေ ကျင့်သားရဖို့ အချိန်ယူရတာပဲ။
"မြန်မြန်သွားကြရအောင်၊ ဒီထဲမှာ မှောင်မည်းနေတာပဲ၊ ဘာတွေပုန်းခိုနေမလဲဆိုတာ မသိဘူး"
"ကျုပ်တို့မဝေးတော့ဘူး - အရှေ့နားမှာတင်ပဲ" ကျူမင်က သူတို့အရှေ့နားကို လက်ညှိုးထိုးပြတော့ သူတို့ဆက်ပျံသန်းလာခဲ့တယ်။
ဒါပေမဲ့ ရှန်းရင်က တုံ့ဆိုင်းသွားပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ဒီနေရာမှာ အဲလောက်မှောင်လို့လား။ သူမအတွက်တော့ ရွှေရောင်တွေကြီးပဲ၊ မျက်စိတောင်ကျိန်းရတာမျိုး ဟုတ်တာပေါ့၊ လေထဲ လွင့်မျောနေတဲ့ အဲမြစ်မည်းကြီးက လွဲရင်။
——————
အုပ်စုက ကြာကြာမပျံသန်းလိုက်ရဘဲ အလယ်ခေါင်မှာ လွင့်မျောနေတဲ့ အိမ်တစ်လုံးကို မြင်လိုက်ရတယ်။ ပတ်ပတ်လည်မှာတော့ ထူထဲနေတဲ့ယင်ချီတွေ။ ဂူက လုံကျန်းနဲ့ ဝူချီတောင်တန်းပေါ်က နန်းတော်တွေထက် အများကြီးသေးတယ်။ သူက တစ်အိမ်တည်းသီးသန့်အဖြစ် ရပ်တည်နေတာ။
သူတို့ ယင်ချီက ဘာကြောင့်အဲလောက် အားကောင်းနေလဲမသိဘူး။ အနားမှာ လေလွင့်ဝိညာဉ်တချို့လည်း ရှိနေတယ်။ တိတ်ဆိတ်လွန်းလို့ အောက်ဘက်က လူတွေရဲ့ ခြေသံတွေတောင် ကြားနိုင်တယ်။
"ဒါပဲ" သူတို့အိမ်ရှေ့ ဆင်းသက်လိုက်တယ်။ ကျူမင်က ပတ်ဝန်းကျင်နဲ့ အတော်ရင်းနှီးတဲ့ပုံ။ သူက လက်ကို ယမ်းလိုက်တော့ ခန်းမတံခါးက ပွင့်သွားခဲ့တယ်။ သူက လေထဲငိုင်ကြောင်ကြောင် စိုက်ကြည့်နေဆဲ ဖုန်းညာန်ကို ဆွဲခေါ်ကာ ခန်းမထဲက ထိုင်ခုံတစ်ခုပေါ် ထိုင်စေလိုက်တယ်။
ခန်းမဆောင်က ဗလာကျင်းနေတာမို့ သူတို့ ထောင့်တစ်နေရာစီတိုင်းကို မြင်နေရတယ်။ အမွေးပွကုလားထိုင်တွေကလွဲ တခြားဘာမှကိုမရှိတာ။
"နောက်ဘက်မှာ ခြံဝန်းလေးတစ်ခု ရှိတယ်၊ မင်းတို့နှစ်ယောက် အဲမှာ တစ်ချက် သွားကြည့်ကြည့်လို့ရတယ်" ကျူမင်က အကြံပြုတယ်။
"ယိချင်း မင်းအနောက်သွားပြီး တစ်ချက်ကြည့်ကြည့်၊ ငါ ဂျပုလေးအရှိန်အဝါကို ရှာဖို့ အင်းကွက်တစ်ခု ပြင်လိုက်ဦးမယ်"
ကူယွဲ့က ညွှန်ကြားလိုက်တယ်။
ယိချင်းက ခေါင်းညိတ်ပြီး တစ်ဖက်လှည့်ကာ ခန်းမရဲ့ နောက်ဖေးတံခါးအပြင်ထွက်သွားခဲ့တယ်။ ကူယွဲ့ အလယ်ဆီ လျှောက်လာပြီး သူ့ကောင်းကင်စိတ်အာရုံကို လွှင့်လိုက်တယ်။ ချက်ချင်းပဲ ဂူတစ်ခုလုံး သူ့စိတ်အာရုံထဲ ပေါ်လာတယ်။ သူ့ မသေမျိုးချီကို အသက်သွင်းပြီး အင်းကွက်တစ်ခုဖန်တီးလိုက်တယ်။
သူတို့နဲ့ဆက်ပြီး ဘာမှမလုပ်ချင်တဲ့ဟန် ကျူမင်က အကူအညီမကမ်းလှမ်းလာဘူး။ အဲအစား သူက ဖုန်းညာန်ဘေးမှာပဲ ဆက်ထိုင်နေတယ်။
ရှန်းရင်က ဘာမှလုပ်စရာမရှိတဲ့ တစ်ဦးတည်းသောသူ။ သူမက နောက်ထိုင်ခုံတစ်လုံးပေါ် ထိုင်ချလိုက်တယ်။ ပျင်းနေတာမို့ အသီးတစ်လုံးကိုထုတ်ပြီး အကျင့်အတိုင်း ဝါးတော့တယ်။
ဒါပေမဲ့ ထုတ်တာ အားနည်းနည်းပါသွားလို့ နောက်ထပ် အသီးတစ်လုံး ထွက်ကျလာတယ်။ သူက ကြမ်းပြင်ပေါ် လိမ့်သွားလေရဲ့။ သူမ ကုန်းကောက်ဖို့လုပ်လိုက်ပေမဲ့ အသက်ရှိတဲ့အရိပ်အယောင်မရှိတဲ့ ဖြူဖပ်ဖြူရော်လက်တစ်စုံက သူမ မကောက်နိုင်ခင် ကောက်လိုက်လေတယ်။ တစ်ချိန်လုံး ထိုင်ခုံပေါ် လေထဲစိုက်ကြည့်ပြီး ထိုင်နေတဲ့ ဖုန်းညာန်က သူမလက်ထဲက အသီးကိုစိုက်ကြည့်ပြီး ရှန်းရင်ကို ကြည့်လာတယ်။ သူမက ရှန်းရင်ဆီ သစ်သီးကိုကမ်းပေးကာ စပ်ဖြီးဖြီးလုပ်တယ်။
"ဟီးဟီး..."
ရှန်းရင် ခေါင်းကိုစောင်းပြီး အသီးကိုယူလိုက်တယ်။
"ကျေးဇူးပါ"
ဖုန်းညာန်က သွေးယိုနေတဲ့မျက်ဝန်းတွေနဲ့ ရှန်းရင်လက်ထဲက သစ်သီးကိုစိုက်ကြည့်နေတယ်။
ရှန်းရင်က ကြမ်းပြင်ပေါ် သွေးတွေ တတောက်တောက် စီးကျသံကို နားထောင်ပြီး ကြက်သီးထသွားတယ်။
သူမ ပန်းသီးကိုတစ်ကိုက်ကိုက်ပြီး ဘာမှမပြောတော့ဘူး။
တစ်စက္ကန့်စဉ်းစားပြီးတော့ သူမသိုလှောင်အိတ်ထဲက အစိမ်းဆုံးအသီးကိုထုတ်ကာ ကမ်းပေးလိုက်တယ်။
"နင်စားချင်တာလား"
ဖုန်းညာန်က တုံ့ဆိုင်းနေပြီး အသီးကိုလှမ်းကြည့်ကာ သူမကိုပြန်ကြည့်လာတယ်။ သူမက အသီးကိုလှမ်းယူတယ်။ ဖုန်းညာန်က ပိုပြီးတောင် အားရပါးရပြုံးပြီး သစ်သီးတစ်ခုလုံးကို သူမပါးစပ်ထဲထိုးသွင်းလိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ ပလုံခနဲအသံထွက်လာတယ်။ သစ်သီးက သူမကိုယ်ထဲကနေ ပြုတ်ကျသွားပြီး မြေကြီးပေါ်ကျသွားတယ်။ ကိုယ်ထည်မရှိတဲ့ ဖုန်းညာန်က အူကြောင်ကြောင် ဖြစ်နေတဲ့ပုံ။
"ဟေး နင်ပြုတ်ကျသွားပြီ" ရှန်းရင် သစ်သီးကိုကောက်ယူပြီး ထပ်ပေးလိုက်တယ်။
"ဒီမှာ ငါ့မှာရှိသေးတယ်"
ဖုန်းညာန်က ထပ်ယူပြီး တစ်ခုလုံးမျိုချပြန်တယ်။ ထပ်ပြီး အသီးက ကြမ်းပြင်ပေါ်ကျသွားတာမို့ ပလုံခနဲအသံထွက်လာတယ်။
ဟီးဟီးဟီး... သူ စားလို့မရဘူးမလား
ရှန်းရင်က ဒီကစားနည်းကိုစွဲလမ်းနေတဲ့ပုံ။ သူမက အသီးကို ကောက်ပြီး ထပ်ကမ်းပေးလိုက်ပြန်တယ်။
တစ္ဆေအမတက အသီးကို ရတနာတစ်မျိုးလို သတ်မှတ်နေဆဲ။ သူမက အမြန်ယူပြီး... ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြန်တယ်
သူတို့က ဒါကိုပဲ ထပ်တလဲလဲလုပ်နေတော့တယ်။
တစ်ခုလုံးကိုကြည့်နေတဲ့ကျူမင် ။ ။ "..."
သူမ ဒါကို တမှင်တက်သက်လုပ်နေတာလား။ ဒီလိုပဲဖြစ်ရမယ် သူ သူတို့ကို ကြည့်နေသေးတယ်လေ။
"ဆရာ" ယိချင်း နောက်ဆုံးတော့ နောက်ဖေးခြံဝန်းထဲကနေ ပြန်လာပြီး သူမဆီ အသည်းအသန် ပြေးလာကာ ခေါင်းယမ်းလိုက်တယ်။
"သူ အဲမှာမရှိပါဘူး" နောက်ဖေးခြံဝန်းက အရှေ့ပိုင်းထက်တောင် သန့်ရှင်းနေတယ်။ ယိချင်းကလွဲ တခြားဘာမှမရှိဘူး။
ကျူမင်ရဲ့အမူအရာ မည်းမှောင်သွားတယ်။ သူတို့ မိန်းကလေးကိုရှာမတွေ့သရွေ့ ဖုန်းညာန်က သံသယဝင်ခံနေရဦးမှာပဲ။ တစ်အောင့်စဉ်းစားပြီးတော့ သူ အကြံပြုလာတယ်။
"မိန်းကလေးပျောက်သွားတဲ့ တောအုပ်ဆီ မင်းတို့နဲ့အတူ... ကျုပ်လိုက်ကြည့်ရင်ရော၊ ကျုပ်က တစ္ဆေအမတတွေရဲ့ အရှိန်အဝါနဲ့ရင်းနှီးတယ်၊ သဲလွန်စ ရနိုင်တယ်မလား"
အင်းကွက်ကို ပြင်နေတဲ့ ကူယွဲ့လည်းရပ်သွားတယ်။ သူ့အမူအရာက ကျူမင်လိုပဲ မည်းမှောင်နေတယ်။
"ဂျပုလေးက တကယ်ပဲဒီမှာမဟုတ်ဘူး"
"အိုး" ရှန်းရင် မျက်လုံးမှေးလိုက်ပေမဲ့ ဘယ်သူ့ကိုမှ မတုံ့ပြန်။ အဲအစား သူမက အသီးကို ကိုင်ထားပြီးတော့ ဖုန်းညာန်ကိုလေထဲ လက်လှမ်းစေလိုက်တယ်။ ရုတ်တရက် ရှန်းရင်ကပြုံးတယ်။
"ငါ နင့်ကိုမပေးတော့ဘူး၊ ငါ နင့်ကို ဒီလောက်အများကြီးပေးထားရတာ - နင်ရော ငါ့ကို ဘာလို့ တစ်ခု ပြန်မပေးလဲ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကျူမင် ။ ။ "..."
သူမအရှက်တရားက ဘယ်မှာလဲ။ သူမက ဖုန်းညာန်ကို ဒီသစ်သီးကိုပဲ ထပ်တလဲလဲပေးနေရုံလေ။ တစ္ဆေအမတတစ်ယောက်ကို ကိုယ်ခန္ဓာမရှိလို့ အနိုင်ကျင့်နေတာလား။
ဖုန်းညာန်က တန့်သွားတယ်။ ရှန်းရင် ခုလေးတင် ဘာပြောသွားလဲဆိုတာ နားမလည်မှန်း သိသာတယ်။ သူမရဲ့သွေးယိုနေတဲ့မျက်လုံးတွေက ရှန်းရင်လက်ထဲက အသီးကိုပဲ စိုက်ကြည့်နေပေမဲ့ ထပ်မလှမ်းရဲတော့ဘူး။
ကူယွဲ့နှုတ်ခမ်းသပ်လိုက်တယ်။
"ဟေး မင်း..." သူမကို သူဆုံးမဖို့ ပြင်လိုက်တယ်။
ဖုန်းညာန်က ရုတ်တရက် လေးထောင့်သင်္ကေတတစ်ခုကို ဆွဲထုတ်ပြီး သူတို့ဆီပစ်ပေးတယ်။ နောက်တော့ ရှန်းရင်လက်ထဲက အသီးကို ပြန်စိုက်ကြည့်နေလေရဲ့။
"ဆရာ" ယိချင်းက အံ့ဩတကြီး ရေရွတ်လိုက်တယ်။
ကူယွဲ့လည်း ပြန်အာရုံစိုက်ကာ သင်္ကေတကိုကြည့်လိုက်တယ်။
"အဲဒါဘာလဲ"
"တံဆိပ်ပြားလား" ကျူမင်လည်း ဇဝေဇဝါဖြစ်နေတယ်။ ဘာကြောင့် ဖုန်းညာန်က အဲလိုပစ္စည်းမျိုး ပိုင်ဆိုင်ရတာလဲ။ ပြီးတော့ တံဆိပ်ပြားထဲ နတ်ဘုရားစွမ်းအင်တချို့ရှိနေတယ်။
"အင်းကွက်အစီအရင်ထင်တာပဲ" ရှန်းရင်ဖြေပြီး နောက်ဆုံးတော့ အသီးကိုဖုန်းညာန်ဆီ ပေးလိုက်ချိန် အရမ်းကို ပျော်သွားရှာတယ်။ နောက်တော့ အသီးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့တယ်။
ရှန်းရင် ဒီတစ်ကြိမ်တော့ ကူမကောက်ပေးတော့ဘူး။ သူမ အဲအစားတံဆိပ်ပြားကိုကောက်ယူပြီး ခန်းမအလယ်ဆီ လျှောက်လာခဲ့တယ်။ နောက်တော့ ဒူးထောက်ချပြီး မြေကြီးပေါ်ဖိလိုက်တယ်။ ရုတ်တရက် ဂူတစ်ခုလုံး အလင်းနီတွေနဲ့ ထိန်လင်းသွားတယ်။ အင်းကွက်တစ်ခုက ခန်းမထဲ ပေါ်လာတယ်။
မြေကြီးက အတွင်းဘက်ကို တစ်လက်မစီ ကျွံကျသွားတယ်။ အဓိကကတော့ အလင်းတန်းနီ မျက်စိအကျိန်းရဆုံးဖြစ်နေတဲ့ အလယ်က ကြမ်းပြင်ပဲ။ တစ်ခဏနေတော့ အင်းကွက်က ပျက်ယွင်းသွားပြီး အောက်ဘက်မှာ ရှုခင်းတစ်ခုပေါ်လာတယ်။ သူတို့ ရှုခင်းထဲ သေချာရှင်းရှင်းလင်းလင်းတော့ ကြည့်လို့မရဘူး။
"အဲဒါ... ဆန်းကြယ်ဘုံဆီဝင်ပေါက်ပဲ"
ကျူမင်က အံ့ဩတကြီးရေရွတ်တယ်။
ကူယွဲ့ ထိတ်လန့်စွာနဲ့ မေးလိုက်တယ်။
"ဒီမှာ ဆန်းကြယ်ဘုံဆီဖွင့်နိုင်တဲ့ အင်းကွက်ရှိတယ်လို့ မင်းဘယ်လိုသိတာလဲ"
"ငါမြင်ရလို့လေ" ရှန်းရင်ဖြေလိုက်တယ်။ နေရာတိုင်းမှာ ရွှေရောင်တွေချည်းပဲ - မြေပြင်ပေါ်က အဲအပိုင်းပဲ မည်းနေတာ။ ပြီးတော့လည်း အဲပေါ်မှာ စတုဂံပုံရိပ်တစ်ခုရှိနေတယ်။ ဘယ်သူမဆို အဲမှာသံသယဝင်စရာတစ်ခုခု ရှိနေတာ ပြောနိုင်တယ်။
ကူယွဲ့ ။ ။ "..."
ဝင်ပေါက်နီက တဖြည်းဖြည်းကြီးလာလိုက်တာ ခန်းမတစ်ခုလုံး ပြည့်သွားတာကို ကြည့်နေရတယ်။
ကူယွဲ့က သူ့အဖော်နှစ်ယောက်ကို ခေါင်းညိတ်ပြပြီး အမူအရာပြလိုက်တယ်။
"အထဲဝင်ကြ"
သူတို့တွေ ဓားတွေပေါ်တက်ပြီး ဆန်းကြယ်ဘုံထဲ ပျံသန်းခဲ့ကြတယ်။ ကျူမင်လည်း အသီးကိုရှာနေဆဲ ဖုန်းညာန်ကိုဆွဲခေါ်ပြီး သူနဲ့အတူ ဆန်းကြယ်ဘုံထဲ ဝင်ခဲ့တော့တယ်။
အလင်းနီကြီး ဖြတ်ခနဲလင်းသွာ
းတာနဲ့အတူ အကုန်လုံး မတူညီတဲ့နေရာတစ်ခုကို ရောက်နေတာ မြင်လိုက်ရတော့တယ်။
…
257
အခန်း ၂၅၇ ။ ဝိညာဉ်ခွဲအင်းကွက်
ဒါက အတော်လေးကို သေးတဲ့ ဆန်းကြယ်ဘုံ - ပြောရရင်တော့ ဆန်းကြယ်အခန်းနဲ့ ပိုပြီးတူတယ်။ အခန်းထဲ စင်မြင့်ကျယ်ကြီးတစ်ခုပဲရှိနေပြီး စင်မြင့်ပေါ်မှာတော့ ထူးဆန်းတဲ့ရှေးဟောင်အင်းကွက်။ နဂါးမျိုးဆက် ယိချင်းတောင် မမြင်ဖူးဘူး။
သူတို့ ရောက်ရောက်ချင်း အလင်းတန်းနီကြီးပေါ်လာတယ်။ တိတ်ဆိတ်တဲ့စင်မြင့်က အရွယ်အစားမျိုးစုံ အင်းကွက်တွေနဲ့ လင်းထိန်သွားတယ်။ ကူယွဲ့ ရင်ထိတ်သွားပြီး သူ့မူလဝိညာဉ်အတွင်းပိုင်းအထိ မသက်မသာခံစားလိုက်ရတယ်။ တစ်ခုခုက သူ့ကိုယ်ထဲကနေ ဖောက်ထွက်ဖို့ကြိုးစားနေသလိုပဲ။
"ဖေဖေနျို" ရှန်းရင် မြေကြီးပေါ်ကနေ သူ့ကိုဆွဲထူလိုက်တယ်။ ယိချင်းလည်း ထူးဆန်းတာတစ်ခုခု ခံစားလိုက်ရတယ်။ သူမြေကြီးကို ထိထိချင်းပဲ လေထဲ ပြန်ပျံသန်းလိုက်တယ်။
"ဘယ်လိုခံစားနေရတာလဲ"
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့မသေမျိုးချီကို လည်ပတ်စေဖို့ကြိုးစားလိုက်တယ်။ နောက်ဆုံးတော့ အတော်လေး အားထုတ်အပြီးမှာ သူ့ကိုယ်ထဲကနေ မူလဝိညာဥ် ခုန်ထွက်မဲ့ခံစားချက်ကို ထိန်းချုပ်နိုင်ခဲ့တယ်။
"အဲအင်းကွက်က ဝိညာဉ်တွေကို ဖမ်းဆီးနိုင်တာပဲ" အမတဝိညာဉ်တွေတောင် ခြွင်းချက်မရှိ။
သူတို့အားလုံး မှင်တက်ကုန်ပြီး အနောက်ကို နည်းနည်းပြန်ဆုတ်လိုက်ကြတယ်။ စင်မြင့်ပေါ်က အင်းကွက်က အခုလုံးဝအသက်ဝင်သွားပြီ။ စင်တစ်ခုလုံး နီရဲလာတယ်။ ဘယ်နေရာကမှန်းမသိ နားကွဲမတတ်ငိုကြွေးသံတွေ ကြားလိုက်ရတယ်။ အင်းကွက်ထဲမှာတော့ တစ္ဆေလိုလိုပုံရိပ်တွေအများကြီး ရုတ်တရက်ပေါ်လာတယ်။ သူတို့ကြည့်ရတာ အင်မတန်နာကျင်နေတဲ့ပုံ။ သူတို့တွေက အင်မတန်နာကျင်တဲ့ဝေဒနာကို ခံစားနေရပုံပဲ။ သူတို့တွေက အင်းကွက်ထဲက ရုန်းကန် အော်ဟစ်နေကာ သူတို့ကို ပိတ်လှောင်ထားတဲ့ အလင်းနီကြီးကို တိုက်ခိုက်ဖို့ အကောင်းဆုံးကြိုးစားနေတယ်။ သူတို့ကြိုးစားတိုင်း သူတို့ဝိညာဉ်တွေက ပိုဖြူဖျော့လာတယ်။ ဒါပေမဲ့ သူတို့ကတော့ သတိထားမိပုံမပေါ်။ ဆက်ပြီးရုန်းနေကြလေရဲ့။
"ဒါ... ဒါတွေအားလုံးက ဘာတွေလဲ" အုပ်စုက တိတ်ဆိတ်သွားရတဲ့အထိ သိသိသာသာ ထိတ်လန့်ကုန်ကြတယ်။ သူတို့ အင်းကွက်ထဲကအရာတွေက လေလွင့်ဝိညာဉ်တွေဆိုတာ ပြောနိုင်ပေမဲ့ အဲဒီဝိညာဉ်တွေက သာမန်လေလွင့်ဝိညာဉ်တွေထက်တောင် ပိုအားနည်းတာ သိသာတယ်။ သူတို့အရိပ်တွေကတောင် ဖျော့တော့နေပြီ။
"အမတဝိညာဉ်... ငါ့အမတဝိညာဉ်" ကြောင်တောင်တောင် စိုက်ကြည့်နေတဲ့ ဖုန်းညာန်က ရုတ်တရက် ထအော်တယ်။ သူမက ကယောင်ကတမ်း ဖြစ်လာပြီး အရူးလို ပြုမူပြန်တော့တယ်။ သူမက တစ်ဖက်လှည့်ပြီး အင်းကွက်ဆီ ပျံသန်းသွားတယ်။
"ဖုန်းညာန်" ကျူမင်က အထိတ်တလန့်ရေရွတ်ပြီး သူမကို ယင်ချီနဲ့တားမြစ်လိုက်တယ်။
ဒါပေမဲ့ သူမက အဲကို အတော်လေးကို ဆိုးဆိုးရွားရွား သွားချင်နေတာ။ သူမက ကျူမင်ကို စတင်တိုက်ခိုက်တော့တယ်။
"ငါ့အမတဝိညာဉ်... ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး"
"ဘာဖြစ်တာလဲ" ကူယွဲ့ အင်းကွက်နဲ့ ရူးနှမ်းနေတဲ့ ဖုန်းညာန်ကို ငုံ့ကြည့်လိုက်တယ်။ ကျူမင်က သူမရဲ့ကောင်းကင်စိတ်အာရုံနဲ့ အသိငါးပါးကို ပိတ်လှောင်ထားပြီးတာ အသိသာကြီး။ ဘာကြောင့် သူမက ဒီလိုမျိုး ပြုမူနေသေးတာလဲ။ အင်းကွက်ကြောင့် ဖြစ်နိုင်လား။
"နင်ခံစားရလား..." ရှန်းရင်က ရုတ်တရက် စကားပြောလာပြီး အင်းကွက်ထဲက တစ္ဆေလိုလိုပုံရိပ်တွေကို လက်ညှိုးထိုးပြတယ်။
"အဲက တစ္ဆေလိုလိုဝိညာဥ်တွေအားလုံးက တစ်ပုံစံတည်းလို့လေ"
"မင်း ဘာဆိုလိုတာလဲ၊ တစ်ပုံစံတည်းဆိုတာ" ကူယွဲ့ အင်းကွက်ကို သေချာကြည့်ပြီး အဓိကအနေနဲ့ အထဲက ပုံသဏ္ဌာန်တွေကို သေသေချာချာကြည့်လိုက်တယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးကုန်တယ်။
"သောက်ချီး" သူတို့တွေက တကယ့်ကို အတိအကျတစ်ပုံစံတည်းပဲ - ခန္ဓာကိုယ်တွေရော မျက်နှာတွေရော။ ဒီအင်းကွက်က ဘယ်လိုလုပ် တစ်ပုံစံတည်းတူတဲ့ လူနှစ်ယောက်သုံးယောက်ကို ရှာနိုင်တာလဲ။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ" ယိချင်းက သိသိသာသာ ဇဝေဇဝါဖြစ်သွားတယ်။
"လူတချို့က တကယ့်ကိုဆင်ကြပေမဲ့ တစ်ပုံစံတည်းတူတဲ့ လူနှစ်ယောက်တော့မရှိဘူးလေ၊ မဟုတ်မှလွဲ..." သူက ပြောနေရင်းရပ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး တစ်ပြိုင်နက်တည်း ရေရွတ်လိုက်တယ်။
"ဝိညာဉ်ခွဲအင်းကွက်"
ဒါက လူတစ်ယောက်ရဲ့ဝိညာဉ်ကို ကွဲထွက်စေနိုင်တဲ့အင်းကွက်ပဲ။
တစ်ပုံစံတည်းတူတဲ့ အဲလူတွေအားလုံးက ဝိညာဉ်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲဖြစ်ရမယ်။
"ဆ..." ယိချင်းက ရှန်းရင်ကို လှမ်းခေါ်ဖို့ရှိသေး သူမက ခုန်ဆင်းသွားပြီ။ သူမက စင်မြင့်ရဲ့ဘေးဘက်ပေါ် အရှိန်ပြင်းပြင်း တက်နင်းလိုက်တယ်။ ဆူညံသံကျယ်ကြီး ပေါ်လာပြီး စင်မြင့်ရဲ့ထောင့်က ကွေးဝင်သွားခဲ့တယ်။
ဝိညာဉ်ခြမ်းအင်းကွက်က ချက်ချင်းနီးပါး ပိုဖြူဖျော့သွားတယ်။ အထဲက တစ္ဆေရာနဲ့ချီ အပြင်ဘက် လွင့်မျောလာကြတယ်။ ကွဲထွက်နေတဲ့ဝိညာဉ်တွေက စုပေါင်းစပြုလာလို့ ဝိညာဉ်အရေအတွက်က ထက်ဝက်လျော့သွားတယ်။ အော်ဟစ်ငိုယိုနေတာမျိုး မရှိတော့ဘူး။ ဖြစ်နိုင်တာက အကြီးအကျယ် ဒဏ်ရာရခဲ့ကြလို့ထင် တချို့ဝိညာဉ်တွေက ဘာအသိစိတ်မှ ကျန်တော့တဲ့ပုံမပေါ်။ အဲအစား သူတို့က ဦးတည်ရာမဲ့ လွင့်မျောနေကြရှာတယ်။
လေထဲပျံနေတဲ့ လူတွေ နောက်ဆုံးတော့ မြေကြီးပေါ် နောက်တစ်ကြိမ် ဆင်းသက်လာရပြီ။
"ဒီဝိညာဉ်တွေက ပျောက်ဆုံးနေတဲ့ တချို့အစိတ်အပိုင်းတွေ၊ ပြန်လည်ဝင်စားမှုစွမ်းအင်ကပဲ သူတို့ဝိညာဉ်တွေကို ပြန်ပြည့်စုံစေမှာ" ကျူမင်က သူ့နားက ဝိညာဉ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"သူတို့တွေ ဘဝတချို့တော့ ဉာဏ်ရည်ချို့တဲ့သူတွေပဲ ဖြစ်နေမှာ စိုးရိမ်မိတယ်"
"ဂျပုလေးက ဒီဝိညာဉ်တွေထဲမှာ မဟုတ်ဘူး" ယိချင်း ဝိညာဉ်တွေအားလုံးကို စစ်ဆေးပြီးတဲ့နောက် စိတ်အေးတဲ့အရိပ်အယောင်နဲ့ သက်ပြင်းချလိုက်တယ်။
"ကြည့်ရတာ ဂျပုလေးကိုဖမ်းသွားသူက တခြားတစ်နေရာရာမှာ ခန္ဓာကိုယ်ကနေ ဆွဲထုတ်ပြီးမှ သူမဝိညာဉ်ကို ခွဲထုတ်ဖို့ ဂျပုလေးဝိညာဉ်ကို ဒီနေရာဆီ ခေါ်လာဖို့ စီစဉ်ထားပုံပဲ"
တစ်ခုတည်းသောကိစ္စက အဲလူ ဘာကြောင့် မူလဝိညာဉ်တွေကို စုဆောင်းချင်ရလဲဆိုတာကို အတိအကျ အဖြေမထုတ်နိုင်တာ။
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ကျူမင်ထိန်းချုပ်တာ ခံထားရပေမဲ့ ရူးနှမ်းနေဆဲ ဖုန်းညာန်ကို လှမ်းကြည့်လိုက်တယ်။
ဒီအင်းကွက်ရှိနေတာ အချိန်အတော်ကြာပြီမှန်း သိသာတယ်။ ကြည့်ရတာတော့ ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကို ဒီအင်းကွက်ကနေပဲ ဆွဲယူသွားခဲ့တာ။ အဲဒါက သူမ ဒါကိုမြင်ပြီး ကယောင်ကတမ်း ဖြစ်လာရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဘာကြောင့် အင်းကွက်ရှိနေတဲ့ ဒီဆန်းကြယ်ဘုံကို သူမဘုံဗိမာန်ထဲမှာ ဖုံးဝှက်ထားတာလဲ။ ပြီးတော့ ဘာကြောင့် သူမမှာ အဲဒါကိုဖွင့်တဲ့ တံဆိပ်ပြားရှိနေရတာလဲ။
သူတို့ ဆန်းကြယ်ဘုံထဲ ဝင်လာချိန် ကောင်းကင်မျိုးနွယ်ယိချင်းကလွဲ ကျူမင်နဲ့ကူယွဲ့ရဲ့ မူလဝိညာဉ်တွေ အင်းကွက်ထဲ ဖမ်းခံရလုနီးပါးဖြစ်သွားခဲ့တာ။ အဲဒါက တစ္တေအမတတွေတောင် အင်းကွက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ သက်သေပြနေတယ်။ ဒီအင်းကွက်ကို ဖုန်းညာန် စီရင်ထားတာမဟုတ်ဘူး။
"အဲဒါဘာလဲ" ရှန်းရင် အင်းကွက်အလယ်ကို လက်ညှိုးထိုးကာ မေးလိုက်တယ်။
သူတို့တန့်သွားပြီး လှည့်ကြည့်လိုက်တယ်။ အင်းကွက်အလယ်မှာ အကြည်ရောင်အလုံးလေးတစ်ခု ရပ်နေတာပဲ။ ကြည့်ရတာ တစ်စုံတစ်ရာကို အထဲမှာ ပိတ်လှောင်ထားတဲ့ပုံ။
"ကြည့်ရတာ အကြွင်းအကျန်ဝိညာဥ်တွေရဲ့ အစအနပဲ" ကျူမင် သေချာမြင်ရဖို့ အနားတိုးလိုက်တယ်။ နောက်တော့ ချိပ်တစ်ခုဖန်တီးပြီး ဘောလုံးထဲက အကြွင်းအကျန်ဝိညာဉ်တွေကို အပြင်ဘက်ဆီ မျောလွင့်လာစေလိုက်တယ်။ သူတို့တွေက ပုံသဏ္ဌာန်လေးတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားတယ်။ ပုံသဏ္ဌာန်လေးက ထိုင်ချပြီး ချက်ချင်း ဒူးပွေ့ထားတယ်။ သူမကြည့်ရတာ အသက်၂နှစ်ထက် ကျော်ဦးမှာ မဟုတ်သလို နည်းနည်းရင်းနှီးနေသလိုပဲ။
"ဂျပုလေး" ရှန်းရင် ရုတ်တရက် ခေါ်လိုက်တယ်။
ကူယွဲ့နဲ့ယိချင်းတို့ရင်ဘတ်တွေ တင်းကြပ်သွားခဲ့တယ်။
"ဒါ ဂျပုလေးရဲ့အကြွင်းအကျန်ဝိညာဉ်လား၊ မင်းသေချာရဲ့လား"
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ ဒါ သူမ အရင်တစ်ခေါက် အိပ်မက်ယောင်တုန်းက မြင်ခဲ့ရတဲ့ တစ္ဆေလေးပဲ။
"အဲဒါမဟုတ်သေးဘူး" ကူယွဲ့ မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်တယ်။
"ဂျပုလေးဝိညာဉ် ခွဲထုတ်ခံထားရင်တောင် လူငယ်ပုံစံဖြစ်နေသင့်တာလေ၊ ဒီအကြွင်းအကျန်ဝိညာဉ်က ကလေးပဲ ရှိသေးတာ အသိသာကြီး၊ မဟုတ်သရွေ့..."
သူ့အသံက ပျောက်သွားပြီး ယိချင်းနဲ့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်မိတယ်။ သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ တစ်ပုံစံတည်းထပ်တူညီတဲ့အတွေးနဲ့။
"ဒီအကြွင်းအကျန်ဝိညာဉ်က သူမ ပြန်မဝင်စားခင်တည်းက သူမကိုယ်ထဲကနေ ထွက်ခွာခဲ့ပြီးသား"
ယိချင်းအမူအရာက ပျက်ယွင်းသွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့တယ်။ သူ ချက်ချင်း ဟိုကြည့်ဒီကြည့်လုပ်ပြီး တစ်ခဏနေတော့ သူ့ဘေးက အင်းကွက်ကိုလက်ညှိုးထိုးလိုက်တယ်။
"ဆရာ၊ မြန်မြန်ကြည့်ပါဦး ဒီမှာလောကဆွဲဆောင်အင်းကွက်တစ်ခု ရှိနေတယ်၊ ဂျပုလေးက ဒီအကြွင်းအကျန်ဝိညာဉ်နဲ့ ဒီကိုမျှားခေါ်ခံရတာပဲ ဖြစ်မယ်၊ အဲဒါကြောင့် ဝူတိကောင်းကင်နန်းတော်ကနေ ကောင်းကင်မြေအောက်ဘုံထိ ဆွဲခေါ်ခံရတာပဲ"
ဒါပေမဲ့ လောကဆွဲဆောင်အင်းကွက်နဲ့ ဖွင့်တဲ့ ဘုံတံခါးတွေက မတည်ငြိမ်ဘူး။ အဲဒါကြောင့် ဂျပုလေးကို ဒီဆန်းကြယ်ဘုံဆီ တိုက်ရိုက် မပို့ဆောင်နိုင်ခဲ့တာဖြစ်နိုင်တယ်။
"ငါတို့ သူ့ကိုမြန်မြန်ရှာတွေ့ဖို့လိုတယ်" ကူယွဲ့ စိုးရိမ်တကြီး ရေရွတ်ပြီး အမူအရာမည်းမှောင်နေတယ်။ ကြည့်ရတာ ဂျပုလေးကို ပြန်ပေးဆွဲတဲ့လူက ကြုံရာဝိညာဉ်ကိုပဲ လိုချင်တာမျိုး ဟုတ်ပုံမရဘူး။ သူက ဂျပုလေးဝိညာဉ်ကိုရဖို့ပဲ တကူးတက ကြံစည်ခဲ့တာ သိသာတယ်။
"မိတ်ဆွေတို့..." ကျူမင်က ရုတ်တရက်ပြောလာတယ်။
"မင်းတို့တွေရှာနေတဲ့လူရဲ့ အကြွင်းအကျန်ဝိညာဉ်ကို တွေ့ပြီလေ၊ ဒီဝိညာဉ်အပိုင်းက တခြားဟာတွေနဲ့ ဆက်စပ်နေတာ၊ ဒီဆက်နွယ်မှုကိုအသုံးချပြီး သူမရဲ့တည်နေရာကိုစစ်ဆေးဖို့ ဂမ္ဘီရပထဝီ အသုံးချရင်ရော"
သူတို့ အူကြောင်ကြောင် သူ့ကို ပြန်စိုက်ကြည့်နေမိတယ်။ ဟုတ်သားပဲ သူတို့အဲသိုင်းကိုသုံးလို့ရတာ မေ့တော့မလို့။
အကြွင်းအကျန်ဝိညာဉ်ဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့ အစိတ်အပိုင်းကြီး အတိအကျတော့မဟုတ်ဘဲ အချိန်နဲ့ ပျောက်ကွယ်သွားပေမဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေဆဲ။ အကြွင်းအကျန်ဝိညာဥက် တခြားဝိညာဉ်ပိုင်း ဘာကြုံတွေ့နေရလဲဆိုတာ အာရုံခံနိုင်တယ်။ သူတို့ ဂမ္ဘီရပထဝီကိုအသုံးချရင် ဂျပုလေးကို ရှာနိုင်မှာပဲ။
…
258
အခန်း ၂၅၈ ။ ခြေတစ်ထောင်၌ရှာခြင်း
ကူယွဲ့ အမြန် ချိပ်တစ်ခုဖန်တီးပြီး အကြွင်းအကျန်ဝိညာဉ်နဲ့ချိတ်ဆက်လိုက်တယ်။ တစ်ခဏနေတော့ ပုံရိပ်နှစ်ခု လက်ကျန်ဝိညာဉ်ပေါ် ပေါ်လာတယ်။ တစ်ခုက အကြွင်းအကျန် ဝိညာဉ်ရဲ့နေရာဖြစ်တဲ့ သူတို့လောလောဆယ်ရောက်နေတဲ့နေရာပဲ။ တခြားတစ်နေရာကတော့ မသေမျိုးချီ အင်မတန်နည်းပါးတဲ့နေရာ။ ဖန်သားနဲ့ လုပ်ထားတဲ့ပုံပေါ်တဲ့ အကြည်ရောင်တောင်ထွတ်ကြီးတွေ မျောလွင့်နေတာ အများကြီးပဲ။ တစ်ခုချင်းစီရဲ့ထိပ်ဖျားမှာ ကျောင်းဆောင်တစ်ခုလိုမျိုးရှိတဲ့ပုံ။
"ဒါ... ခြေတစ်ထောင်တောင်ပဲ" ကျူမင်က အံ့ဩတကြီးရေရွတ်လာတယ်။
"ခြေတစ်ထောင်တောင်က ဘယ်မှာလဲ"
ကူယွဲ့မေးလိုက်တယ်။
"အဲဒါ ချန်းယွဲ့ရှန်းကျွင်းနေတဲ့နေရာ - ကောင်းကင်လောကရဲ့ အရှေ့ဘက်အခြမ်းမှာ"
ကျူမင်က မျက်မှောင်ကြုတ်တယ်။
"ချန်းယွဲ့ရှန်းကျွင်းရဲ့စိတ်နေစိတ်ထားက အေးစက်ပေမဲ့ သူက ကောင်းကင်လောကမှာ လေးစားရတဲ့အနေအထားနဲ့ လူမျိုးပဲ၊ ဒီလိုရက်စက်တဲ့အင်းကွက်ကို ဖန်တီးမယ်လို့မထင်ဘူး၊ မင်းတို့ရှာနေတဲ့လူက ဘာလို့အဲမှာရှိနေတာလဲ"
"ရောက်မှပဲ သိရတော့မယ်၊ ကျေးဇူးပါ တာအိုရောင်းရင်းကျူ" ကူယွဲ့ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူ့အဖော်နှစ်ယောက်ဘက် လှည့်တယ်။
"သွားကြစို့ ငါတို့ သူ့ကိုသွားရှာရအောင်"
ယိချင်းက တုံ့ဆိုင်းမနေဘူး။ သူ ချက်ချင်း သူ့ဓားပျံကိုဆွဲထုတ်လိုက်တယ်။ ရှန်းရင်က ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ် ပါနေတဲ့ အလုံးကိုကောက်ယူပြီး စားဖိုမှူးရဲ့ဓားပေါ် တက်လိုက်တယ်။ သူတို့ ဆန်းကြယ်ဘုံထဲကနေ အတူတူ ပျံထွက်လာခဲ့ကြတော့တယ်။
——————
သုံးယောက်သား ခြေတစ်ထောင်တောင်ကို ရောက်လာချိန်မှာတော့ ဘာလို့ အဲလိုနာမည်ပေးလဲ နားလည်သွားကြတယ်။ ပတ်ပတ်လည်က နေရာတိုင်းဟာ လေထဲပျံနေကြတဲ့ ဖန်တောင်တန်းတွေ။ နေရောင်ကို ဖမ်းစားထားတဲ့ ချွန်မြတဲ့ ဓားမြှောင်တွေနဲ့တူပြီး ဖြတ်သွားဖြတ်လာ မျက်လုံးအကြည့်တွေထဲ ရောင်ပြန်ဟပ်နေတယ်။ အဲဒီဖန်သားတွေကလည်း လှုပ်နေတာ။ အားလုံးပေါင်းလိုက်ရင် ဒီနေရာက ကြီးမားတဲ့အင်းကွက်ကြီးတစ်ခုခုရဲ့ ဖုံးလွှမ်းခံထားရတာမျိုးနဲ့ တူနေတာပဲ။
ပြီးတော့ တောင်တန်းတွေက တစ်ဝက်ဖောက်ထွင်းမြင်နေရတာ။ တောင်တွေကြား လမ်းပျောက်ဖို့က တကယ်ပဲလွယ်တယ်။
ကူယွဲ့က သူ့ဘေးရှိနေတဲ့ ရှန်းရင်ကို အလိုလိုလှမ်းကြည့်မိလိုက်တယ်။ နောက်တော့ ယိချင်းဘက်လှည့်ပြီး စည်းကမ်းတင်းကြပ်စွာ ညွှန်ကြားလိုက်တယ်။
"သူ့ကိုစောင့်ကြည့်ထား ငါတို့ ဂျပုလေးအတွက်ပဲ ဒီကိုရောက်နေတာ၊ ငါတို့ လမ်းထပ်ပျောက်လို့မဖြစ်ဘူး၊ ကျူမင်စကားအရ ချန်းယွဲ့ရှန်းကျွင်းက ကျင့်ကြံဆင့်မြင့်လိမ့်မယ်၊ ငါတို့ အခု သူက မိတ်ဆွေလား ရန်သူလား မသေချာသေးသလို သူ့လက်ထဲဂျပုလေးရှိနေတာ၊ ရှာမတွေ့ခင် အလျင်မလိုကြနဲ့"
သူ စကားပြောပြီးတဲ့နောက် ထပ်ပြောလိုက်တယ်။
"မင်းမှာ အရှိန်အဝါဖုံးကွယ်အဆောင်ရှိလား"
"အင်း" ယိချင်း သူ့ဝတ်ရုံထဲက အဆောင်တချို့ ထုတ်လိုက်တယ်။
"ငါ့နှစ်ခုပေး" ကူယွဲ့ လှမ်းယူပြီး ယိချင်းကို သူကိုယ်တိုင်အတွက် နှစ်ခုယူဖို့ အမူအရာပြလိုက်တယ်။
"ဘယ်သူ့ကိုမှ အသိမပေးမိအောင် ကြိုးစားကြရအောင်၊ နားလည်ပြီလား"
"အင်း အင်း အင်း" နှစ်ယောက်သားက အသည်းအသန် ခေါင်းညိတ်တယ်။
"သွားကြစို့"
"ခဏဖေဖေနျို"
"ခုဘာကိစ်စလဲ"
"နင်သေချာရဲ့လား..." ရှန်းရင်က သူ့ကိုခေါင်းစခြေဆုံးကြည့်တယ်။ သူက အနီရောင်သတို့သမီးဝတ်စုံ ဝတ်ထားတာလေ။
"အဲဒါဝတ်ပြီး အထဲဝင်ချင်တာ သေချာရဲ့လား"
"ချီး" သူ သူတို့နှစ်ယောက်ကို ဒေါသထွက်နေလွန်းလို့ သူ့ပုံစံအမှန်ဆီ ပြန်ပြောင်းဖို့ တကယ်မေ့သွားခဲ့တာပဲ။ သူ စည်းချိပ်တစ်ခုဖန်တီးပြီး သူ့ကိုယ်သူ ဂါထာတစ်ခုသုံးကာ ယောက်ျားလေးပုံစံ ပြန်ပြောင်းလိုက်တယ်။ သူ့လက်ကိုမြှောက်ထားတာနဲ့အတူ တစ်ဖက်လှည့်ပြီး တစ်ယောက်သော အစားသရဲကို လှည့်ကြည့်လိုက်တယ်။ တစ်ခဏနေတော့ သူ့အသွင်ပြောင်းသွားတယ်။ သူ့မျက်နှာကို ရင်းနှီးပေမဲ့ ထူးဆန်းနေတာမျိုး - ရှန်းရင်မျက်နှာပဲ
နှစ်ယောက်သား ။ ။ "..."
"မင်းတို့ဘာကြည့်နေတာလဲ" ကူယွဲ့ သူတို့ကို ပြန်စိုက်ကြည့်ပေးလိုက်တယ်။
"ဘယ်အရှိန်အဝါဖုံးကွယ်အဆောင်ထက်မဆို ဒီလိုပုံစံ ပြောင်းလိုက်တာက ငါ့အတွက်ပိုကောင်းတယ်"
ယိချင်း ။ ။ "..." အဲဒါတော့အမှန်ပဲ။ သူ့မှာ ပြန်ခွန်းတုံ့ပြန်စရာ စကားမရှိဘူး။
ရှန်းရင် ။ ။ "..." ခွေး*သား
"သွားကြစို့" ကူယွဲ့ သူ့ဓားနဲ့ လွင့်မျောနေတဲ့ တောင်တွေကြား ဆက်ပျံသန်းခဲ့တယ်။ သူ့ကောင်းကင်စိတ်အာရုံကို လွှတ်ဖို့ ရှိသမျှအင်အားအသုံးချပြီး သူ့ပတ်ဝန်းကျင်ကို မှတ်သားနေတယ်။ ထူးဆန်းတာက သူတို့ ဒီလာတဲ့လမ်းတစ်လျှောက် နောက်ထပ်ကောင်းကင်မျိုးနွယ်ကို မမြင်ခဲ့ရတာပဲ။
ပြီးတော့ ဖန်သားတောင်ထွတ်တွေက ဘယ်အင်းကွက်အောက်မှာမှရောက်နေတဲ့ပုံတော့မပေါ်ဘူး။ သူတို့မျက်စိရှေ့ မျောလွင့်နေတာကလွဲ တခြားဘာမှများများစားစား သိပ်မလုပ်ကြ။
ကြည်လင်နေတဲ့ ဖန်တောင်ထွတ်တွေပေါ်မှာတော့ နန်းဆောင်တစ်ခုစီရှိတယ်။
ကူယွဲ့ ဂျပုလေးအတွက် ထားခဲ့တဲ့ ဆက်သွယ်ရေးအဆောင်ကို ထုတ်ပြီး မသေမျိုးချီ ကူးပြောင်းလိုက်ပေမဲ့ တုံ့ပြန်မှု မရှိသေးဘူး။ ဖန်တောင်ထွတ်တွေက အချက်ပြမှုတွေကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိပုံပဲ။ သူတို့တွေ ဂျပုလေးကိုဆက်သွယ်ဖို့ နည်းလမ်းလုံးဝမရှိ။
"ချီး" သူ အသက်ရှူအောင့်ကာ ခပ်တိုးတိုးရေရွတ်လိုက်တယ်။
"ဒီမှာ ဖန်တောင်ထွတ်တွေ များလွန်းတယ်၊ ဆက်သွယ်ရေးအဆောင်က လုံးဝအသုံးမဝင်ဘူး"
"တချို့ကို ဖြိုလဲပစ်လိုက်ရအောင်" ယိချင်းက အလိုလိုဓားဆွဲထုတ်တယ်။
"မင်းရူးနေတာပဲဖြစ်ရမယ်" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
"မင်းတို့ ဂျပုလေးကို ကယ်ချင်သေးရဲ့လား"
မင်းတို့နှစ်ယောက် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာကလွဲ ပိုကောင်းတဲ့ဖြေရှင်းနည်းတွေကို စဉ်းစားပေးလို့ရမလား။ သူတို့ တစ်ဖက်လူကိုသွားဆွမိပြီး နယ်နိမိတ်ထဲကနေ ချက်ချင်း နှင်ထုတ်ခံလိုက်ရရင်ရော။ ဝူတိဂိုဏ်းက သူတို့ရဲ့တစ်ဦးတည်းသော ဓားကျင့်ကြံသူတပည့် ဆုံးရှုံးသွားမှာပေါ့။
"ဒါဆို ဘာလုပ်သင့်လဲ"
"ငါတို့ ဆက်ရှာကြည့်ဖို့ပဲ ရှိတယ်" ကူယွဲ့က မြေပြင်ကို ဟိုဟိုဒီဒီကြည့်ပြီး သူတို့နှစ်ယောက်ကို လက်ယမ်းပြလိုက်တယ်။
"ငါ ဒီဖန်တောင်ထွတ်တွေ ရွေ့နေတဲ့ပုံစံကို လေ့လာနေတာ၊ သူတို့အားလုံးက အနောက်ဘက်ဆီ ရွေ့နေတယ် ထင်တာပဲ၊ သူတို့ကိုအလယ်မှာ ထိန်းချုပ်ထားတဲ့ အင်းကွက်မရှိဘူး၊ ပြီးတော့ ငါတို့အထဲရောက်လေ ငါတို့ပတ်လည်မှာ ကျောင်းဆောင်တွေ ပိုများလာလေပဲ"
သူက အရှေ့ကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်တယ်။
"အဲဒါကြောင့် ဒီဖန်တောင်ထွတ်တွေက တစ်ခုခုကို ဝိုင်းလှည့်နေတယ်လို့ ငါခန့်မှန်းကြည့်တာ၊ ငါထင်တာတော့ ဒါက သဘာဝ ဝင်္ကပါပဲ၊ ဂျပုလေးက ဟိုးအတွင်းပိုင်းထဲမှာ ဖြစ်ရမယ်၊ တစ်ခါတည်း ပျံသန်းသွားလိုက်တာက အဲကိုရောက်ဖို့ အမြန်ဆုံးနည်းဆိုပေမဲ့ ဖန်တောင်ထွတ်တွေမှာ ငါတို့အလယ်ဆီ ချက်ချင်းသွားလို့ရတဲ့ နည်းလမ်းမရှိအောင် ဆက်ဆံရေးတစ်ခုခုတော့ရှိ..."
"ဆရာ သတိထား" သူ စကားမဆုံးခင် ယိချင်းက ရုတ်တရက် ရှန်းရင်ကို ဖမ်းဆုတ်ပြီး ဘယ်ဘက်ဆီ ဆုတ်သွားတယ်။
ဝုန်း
တစ်အောင့်ကြာတော့ ဝုန်းခနဲအသံကျယ်ကြီးပေါ်လာပြီး ကြီးမားတဲ့အရှိန်အဝါတစ်ခုက သူတို့ဆီ တစ်ဟုန်ထိုးဝင်လာပြီး ကူယွဲ့ကိုယ်ရဲ့ညာဘက်ခြမ်းကနေ ဖြတ်သွားတယ်။ သူတို့ရှေ့က တောင်ထွတ်တွေက ခုလေးတင် ပေါက်ကွဲသွားသလိုပဲ။ ဖန်ကွဲစတွေက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတယ်။
ညာဘက်ခြမ်းမှာတော့ လမ်းကျယ်တစ်ခုပေါ်လာတယ်။ သူတို့ နယ်နိမိတ်အတွင်းဘက်အကျဆုံးက ကျောင်းဆောင်ကို ဝိုးတဝါးမြင်လိုက်ရတယ်။
"အဲမှာတိုက်ရိုက်လမ်းရှိသွားပြီ" ရှန်းရင် လမ်းကိုလက်ညှိုးထိုးပြလိုက်တယ်။
ကူယွဲ့ ။ ။ "..." ခွေး*သား
သူတို့တွေ မဆုတ်ခင် သူ့ကိုဆွဲတော့ သေသွားမှာမို့လို့လား။
凸(艹皿艹)
နောက်အခိုက်အတန့်မှာတော့ ကြောက်ခမန်းလိလိ အရှိန်အဝါနှစ်ခု သူတို့ဆီ လမ်းတစ်လျှောက်ကနေ ဦးတည်လာတယ်။ ယိချင်းတောင် မျက်မှောင်ကြုတ်မိသွားတယ်။ သူတို့ပတ်လည်က ကျန်တဲ့ဖန်ကွဲစတွေ အက်ကုန်တယ်။
ကူယွဲ့က သူ့တစ်ကိုယ်လုံးပေါ် အကာအကွယ်အင်းကွက်တွေစီရင်လိုက်တယ်။
"ငါတို့ရှေ့တိုက်ခိုက်နေတဲ့လူတွေရှိတယ်၊ ဒီဖိနှိပ်မှုကိုကြည့်ရရင်တော့ သူတို့ ကျင့်ကြံဆင့်တွေက..." သူ စကားမဆုံးခင် မျက်လုံးပြူးသွားတယ်။
"ငါ... ဂျပုလေးရဲ့ အရှိန်အဝါကိုခံစားရတယ်၊ အဲမှာပဲ"
ယိချင်းတန့်သွားပြီး သေချာစစ်ဆေးလိုက်ချိန် တကယ်ပဲ ရင်းနှီးနေတဲ့အရှိန်အဝါကိုခံစားလိုက်ရတယ်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး လမ်းတစ်လျှောက် ပျံသန်းခဲ့ကြတယ်။ သူတို့ အထဲပိုရောက်လာလေ တစ်ချိန်က ဖန်တောင်ထွတ်တွေဖြစ်ခဲ့တဲ့ ဖန်ကွဲစတွေကို ပိုမြင်လာရတယ်။ သူတို့တွေ ကျောင်းဆောင်အကြွင်းအကျန်တွေလည်း တွေ့တယ်။
အဝေးကနေကြည့်တာ လူနှစ်ယောက် ရန်ဖြစ်နေတဲ့ပုံနဲ့တူတယ်။ တစ်ယောက်က အစိမ်းရောင်၊ တစ်ယောက်က အဖြူရောင်ဝတ်ထားတယ်။ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဝေးလဲ မရှင်းလင်းပေမဲ့ သူတို့အရှိန်အဝါက ကြောက်ခမန်းလိလိ။ လုံကျန်းနဲ့ဖုန့်စန်းကြားက တိုက်ပွဲနဲ့ယှဉ်ရင် ဒီတိုက်ပွဲက အများကြီးပိုကြမ်းတမ်းတယ်။
သူတို့ရဲ့ ကြောက်ခမန်းလိလိ ဖိအားက သူ့ကိုဖြတ်သွားသွားချင်း ကူယွဲ့ သူ့မသေမျိုးချီတွေ လွင့်ပျောက်သွားသလိုခံစားလိုက်ရတယ်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
ဟမ်။
"စားဖိုမှူး၊ အဲ အဖြူနဲ့လူကို နည်းနည်းရင်းနှီးနေတယ် မထင်ဘူးလား"
ယိချင်းလည်း မော့ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။
"ထင်တာပဲ" ဒါပေမဲ့ ဘယ်သူလဲဆိုတာ သူစဉ်းစားမရဘူး။
နောက်အခိုက်အတန့်မှာတော့ သူတို့ စိတ်မရှည်တဲ့အသံကိုကြားလိုက်ရတယ်။
"ငါဒါကို ပြောပြီးပြီ၊ မင်းရှာနေတဲ့လူကို ငါမသိဘူး၊ မင်းအကြိမ်တစ်သောင်းမကမေးလည်း ငါ့အဖြေက ဒီလိုပဲဖြစ်နေဦးမှာ"
"..." တစ်ဖက်လူက မတုံ့ပြန်။
အသံက နောက်တစ်ခေါက်စကားပြောလာပြီး ဒီတစ်ကြိမ်တော့ အရင်ကထက်ပိုလေးလံနေတယ်။
"မင်းကယ်စေချင်တဲ့လူကို ငါကယ်ပေးပြီးပြီ၊ ဘာလို့ ငါ့နောက်ကနေလိုက်နေသေးတာလဲ"
တစ်အောင့်ကြာတော့ အေးစက်စက်လေသံက ပြန်ပြောတယ်။
"သူမကလည်း... မင်းသိပါတယ်"
"မင်း..."
"သူဘယ်မှာလဲ"
"ငါ့ကိုလာစမ်းနေတာ တော်တော့"
နှစ်ယောက်သားက တိုက်ခိုက်ကြပြန်တယ်
။
သူတို့ ဘာလို့ ဒုတိယတစ်ယောက်အသံကို... ရင်းနှီးနေတယ်လို့ခံစားမိတာပါလိမ့်။