အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
262
အခန်း ၂၆၂ ။ ပင်လယ်သတ္တဝါဘူဖေး
"အဲဒီချန်းယွဲ့က ဘာလို့ ငါနဲ့တစ်ပုံစံတည်းတူနေတာလဲတော့ ငါလည်းမသိဘူး" တိုက်ဆိုင်တာများလား။ ကူယွဲ့က တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။
"ရှန်းရင်... မင်းမထင်..."
သူ စကားစပြောရုံရှိသေး ပိုင်ဇယ်က ရုတ်တရက် သူတို့ဘေး ပေါ်လာတယ်။ သူက ရှန်းရင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်တယ်။
"ရှန်း... ရင်၊ ကျုပ်နဲ့လိုက်ခဲ့ပါ"
"ဘာကိစ္စလဲ" ရှန်းရင် စားပွဲကနေ လှုပ်ချင်စိတ်မရှိ။
"ဂျပုလေးတစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား" ကူယွဲ့ထခုန်လိုက်တယ်။ ဂျပုလေးက ဝိညာဉ်စမ်းချောင်းမှာ အနားယူနေတာ ၃ရက်ရှိနေပြီ။ သတင်းမသိရသေးဘူး။
"ဟင့်အင်း သူ အရမ်းအဆင်ပြေနေတယ်၊ နောက်နေ့လောက်ဆို ထွက်လာလို့ရလောက်ပြီ" သူက ကူယွဲ့ဘက်လှည့်တာနဲ့ စကားကို ရှင်းရှင်းလင်းလင်း ပြောတယ်။
"ရှန်း... ရင်ကို ခေါ်သွားချင်တဲ့ နေရာတစ်ခုရှိရုံပဲ"
"မသွားဘူး" ရှန်းရင်က သူ့ကိုငြင်းလိုက်တယ်။ လှုပ်ရှားရမဲ့ကိစ္စမျိုးတွေ သူမစိတ်မဝင်စားဘူး။
"..." ပိုင်ဇယ်က သူမကို အသည်းအသန်စိုက်ကြည့်တယ်။ သူက တစ်စုံတစ်ရာတွေးမိပြီး သိုလှောင်အိတ်တစ်လုံးထုတ်ကာ သူမကို ကမ်းပေးလိုက်တယ်။
"ပေးတာ"
"ဘာလဲ" ရှန်းရင် ယူလိုက်တယ်။ သူမ ဆွဲဖွင့်လိုက်တော့ တစ်စုံတစ်ရာ လျှောထွက်လာတယ်။ အဲဒါက ရှည်လျား၊ ချောမွေ့ပြီး ပိန်သွယ်တဲ့ခန္ဓာကိုယ်နဲ့။ သူက ဗွမ်းခနဲ ကြမ်းပြင်ပေါ်ကျသွားပြီး တွန့်လိမ်နေဆဲ။
သောက်ကျိုးနည်းဟ။
"ဒါ... ရေဘဝဲ မဟုတ်လား" ကူယွဲ့ ယပ်တောင်နဲ့ စားပွဲပေါ်ကခြေထောက်ကို ထိုးဆွကြည့်လိုက်တယ်။
"ခြေတစ်ထောင်သားရဲလေ" ပိုင်ဇယ်က ရှန်းရင်ကိုကြည့်ပြီး မျက်နှာရဲတွတ်နေတော့တာပဲ။
"ငါစားလို့ရလား"
ပိုင်ဇယ်အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။
"အများကြီးရှိ..."
"ဖေဖေနျို" ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။ သူမမျက်နှာတစ်ခုလုံးပေါ် ရေးထားတာက ငါသွားချင်တယ်၊ ငါသွားချင်တယ်၊ ငါသွားချင်တယ် ပင်လယ်စာ ပင်လယ်စာ ပင်လယ်စာ။
╭(・ᄇ・)و̑̑
"မင်းသွားချင်ရင် သွားလို့ရတယ် - ငါတော့မသွားချင်ဘူး"
ကူယွဲ့က အစားသရဲကို ဒေါသတကြီး ကြည့်လိုက်တယ်။ သူတော့သွားပြီး သူမရဲ့အထုတ်ဆွဲမလုပ်ပါဘူး။
"နင်စောစောက ပြောသင့်တာပေါ့ သွားကြရအောင်"
ရှန်းရင်က ထခုန်လိုက်တယ်။ သူမ ပြန်လှည့်မကြည့်ဘဲ ပိုင်ဇယ့်ကို ဆွဲခေါ်လာတော့တယ်။
သူမ ပင်လယ်စာမစားရတာ တော်တော်ကိုကြာသွားခဲ့ပြီ
"ခဏ" ကူယွဲ့က သူတို့ကိုလှမ်းအော်ပြောလိုက်တယ်။
"ငါ ခုလေးတင် ပြောလိုက်တာကို မမေ့နဲ့နော်၊ အဲဒါ-"
"ငါသိပါတယ်"
ပြန်ဖြေသံပေါ်လာပေမဲ့ ကူယွဲ့ သူမကို မမြင်ရတော့ဘူး။
သူမျက်မှောင်ကြုတ်ကာ ပြန်ထိုင်ချလိုက်တယ်။
တစ်အောင့်အကြာ...။
စားဖိုမှူးက လက်ထဲ စားစရာပန်းကန်နဲ့အတူ ထွက်လာတယ်။ သူက ခုံအလွတ်ကို ကြည့်ပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။ သူ အူကြောင်ကြောင် ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။
"ဆရာရော" သူမ နေ့လယ်စာတောင် စားမပြီးသေးဘူးလေ။ ဒါ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ပဲ။
ကူယွဲ့ ခေါင်းမော့ပြီး စားဖိုမှူးကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
"သူက တစ်စုံတစ်ယောက်ရဲ့ ရေဘဝနဲ့ မျှားခေါ်ခံလိုက်ရတယ်"
ယိချင်း အမူအရာမည်းမှောင်သွားတယ်။
"ဘာလို့ဆရာ့ကို မတားတာလဲ"
"ငါက ဘာလို့တားရမှာလဲ"
ကူယွဲ့ ခွန်းတုံ့ပြန်ပြီး စားဖိုမှူးရဲ့ သတ်ဖြတ်လိုတဲ့အမူအရာကို ဇဝေဇဝါကြည့်လိုက်တယ်။ သူက သက်ပြင်းချလိုက်ပြီး မျက်လုံးထဲတော့ တောက်ပနေတယ်။
"အာ မိန်းမတွေက သစ္စာမရှိတာပဲ"
"..."
ယိချင်း အမူအရာက ပိုတောင်မည်းမှောင်လာတယ်။ သူ သားရဲတစ်ကောင်ကို သတ်ချင်သွားပြီ။
——————
ပိုင်ဇယ်က ရှန်းရင်ကို ရေကန်ကြီးတစ်ခုဆီ ခေါ်လာခဲ့တယ်။
ရေက ကြည်လင်လွန်းလို့ ရေကန်အောက်ခြေကိုတောင် တန်းမြင်နိုင်တယ်။ မြေပြင်ပေါ် အပြာရောင်ကျောက်တစ်လုံး တင်နေသလိုမျိုးပဲ။ ရေကန်ကလည်း အတော်လေးကိုကြီးတယ် - ရှန်းရင် ဘယ်ကနေစလဲတောင် မမြင်ရဘူး။
"အမွေးလုံး ငါ သူတို့ကို ဘယ်လိုဖမ်းသင့်လဲ" ရှန်းရင်မျက်လုံးတွေက တောက်ပနေတယ်။ သူမစိတ်ထဲ ပင်လယ်သတ္တဝါတွေရဲ့နာမည်တွေအများကြီး ပြည့်နေတယ်။
"ငါတို့ ရေတွေကို ခပ်ထုတ်ရမလား"
ပိုင်ဇယ်က ရှန်းရင်ရဲ့တောက်ပနေတဲ့မျက်လုံးတွေကို အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ နောက်တော့ သူ့မျက်နှာက ရဲတွတ်သွားတော့တာပဲ။ သူက အမြန် တစ်ဖက်ကို မျက်နှာလွှဲလိုက်တယ်။
"ခဏ... ခဏစောင့်ပါ"
သူက အမြန် ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး ရေရှေ့ရပ်လိုက်တယ်။ သူက ချိပ်တစ်ခု ဖန်တီးပြီး တောက်ပတဲ့ အလင်းရောင်ကြီး ထွက်လာတယ်။
ရေပူဖောင်းတွေက ရေမျက်နှာပြင်ပေါ် ပေါ်လာတယ်။ ရုတ်တရက် ပုဂ္ဂိုလ်တစ်ဦး ရေကန်ထဲကနေ ပေါ်လာတယ်။ သူက အမည်းရောင်ဝတ်ရုံနဲ့ သက်လတ်ပိုင်းလူတစ်ယောက်။ ဒါပေမဲ့ သူ့ကိုယ်အောက်ပိုင်းတစ်ဝက်ကတော့ ရေဘဝဲခြေတွေဖြစ်ပြီး စုပ်ခွက်တွေပါပါတယ်။
ဒါ ရဘေဝဲလား။
"ခြေတစ်ထောင်မှ ရှန်းကျွင်းကို ဂါရ၀ပြုပါတယ်" အဲလူက ပိုင်ဇယ့်ကို တလေးတစား ဂါရ၀ပြုပြီး မရေမတွက်နိုင်တဲ့ခြေထောက်တွေနဲ့ ကမ်းခြေဆီလျှောက်လာတယ်။
"အင်း" ပိုင်ဇယ်က ခေါင်းညိတ်ပြီး သူ့နဂိုအေးစက်တဲ့အရှိန်အဝါ ပြန်ရောက်လာတယ်။
"ငါ့ကိုပေး"
"ရှန်းကျွင်း ကန်ထဲက နတ်ဆိုးသားရဲတွေကို ရှင်းထုတ်ပစ်ဖို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပြီပေါ့"
ခြေတစ်ထောင်က ပျော်သွားပြီး စိတ်လှုပ်ရှားမှုက မျက်နှာမှာ သိသာနေတယ်။
ချန်းယဲ့ကန်က ပိုင်ယွင်တောင်ရဲ့တောင်ဘက်ခြမ်းမှာ အံကိုက်တည်ရှိနေတာ။ ရေထဲ မရေမတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေ အများကြီးပဲ။ အဲဒီနတ်ဆိုးသားရဲတွေက ဝိညာဉ်အသိစိတ် မရှိတာ ပြောနိုင်ပေမဲ့ အများကြီး ရှိနေတာ။ ပြီးတော့ သူတို့က ရေထဲကထွက်လာပြီး ဘေးက လမ်းလျှောက်နေတဲ့သားရဲတွေကိုလည်း တိုက်ခိုက်တတ်ကြတယ်။
အချိန်ကြာလာတာနဲ့အမျှ ဘယ်သူမှ ရေကန်ဆီ မလာရဲတော့ဘူး။ တချို့က တစ်ခုခုလုပ်ပေးဖို့ ရှန်းကျွင်းကို တေင်းပန်ပေမဲ့ ဘာကြောင့်မှန်းမသိ ရှန်းကျွင်းက မရှင်းဖို့ ဆုံးဖြတ်ထားတယ်။ သူလုပ်သမျှက ဒီနေရာကိုတာဝန်ယူဖို့ ခြေတစ်ထောင်ကိုလွှတ်ပြီး သားရဲတွေ တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ထွက်မလာမှာသေချာအောင်လုပ်ခိုင်းထားခဲ့တယ်။
အခု ရှန်းကျွင်းက ဒီကိစ္စတွေကိုဝင်ပါဖို့ နောက်ဆုံးတော့ဆုံးဖြတ်လိုက်တယ်။ ခြေတစ်ထောင် အဲလောက်စိတ်မလှုပ်ရှားတာ တော်တော်ကြာပြီ။ သူက အမြန်လက်လှမ်းပြီး သူ့ဆံပင်ဖြူတစ်ချောင်းကို နှုတ်လိုက်တယ်။ ချက်ချင်းပဲ ရေဘဝဲလက်အဖြစ် ပြောင်းသွားလေရဲ့။ သူ ရှန်းကျွင်းကို ကမ်းပေးလိုက်တယ်။
"ရှန်းကျွင်း၊ ကျွန်တော်ပြင်ဆင်ပြီးတာ ကြာပါပြီ"
ပိုင်ဇယ်က ခြေထောက်ကို ယူပြီး ရှန်းရင်ဘက်လှည့်ပေးလိုက်တယ်။
"ကျုပ်တို့ ငါးသွားဖမ်းကြမလား"
"ဘယ်လိုငါးဖမ်းရမလဲ" ရှန်းရင်က တုတ်ခိုင်တဲ့ ရေဘဝဲခြေထောက်ကို လှမ်းကြည့်လိုက်တယ်။ သူမက ဘယ်လိုစားရမလဲပဲ သိတာ။ ဟေး၊ ဒီခြေထောက်က ကင်လို့ကောင်းမှာပဲ။
"ဒီကြီးမြတ်တဲ့နတ်သမီး" ခြေတစ်ထောင်က အရှေ့ကိုမြန်မြန်တက်လာတယ်။
"နတ်ဆိုးသားရဲတွေက ကျွန်တော့်အရှိန်အဝါနဲ့ ရင်းနှီးပါတယ်၊ ဒါကို ပစ်လိုက်သရွေ့ သူတို့ကို ခင်ဗျားဆီ မျှားခေါ်လို့ရလိမ့်မယ်"
ရှန်းရင် ရေဘဝဲခြေထောက်ကို ယူပြီး လှည့်မေးလိုက်တယ်။
"မနာဘူးလား" သူ့မှာ ခြေထောက်အများကြီးရှိရင်တောင် နာမှာပဲလေ။
ခြေတစ်ထောင်က ရယ်တယ်။
"ကြီးမြတ်တဲ့နတ်သမီးက အရမ်းစာနာတတ်တာပဲ၊ ဒါက ကျွန်တော့်ဆံပင်ယူတဲ့အသွင်ပုံစံ သက်သက်ပါပဲ၊ ကျွန်တော့်အရှိန်အဝါပါနေလို့ ဒီလိုပုံစံပေါက်နေတာပါ၊ ကျွန်တော့်ခြေထောက်အစစ် မဟုတ်ပါဘူး"
"အိုး" သူမ မီတာရာချီအဝေးကရေထဲ လှမ်းပစ်လိုက်တယ်။
ခြေထောက်က ရေမျက်နှာပြင်ပေါ် ဆင်းသက်ကာစရှိသေးတယ်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ရေပြင်က ရုတ်တရက် ဆူပွက်လာပြီး အရိပ်ကြီးဆယ်ခုကျော် ရေထဲနေ ထွက်လာတယ်။ သူတို့ရဲ့ အစိမ်းရောင်ကြေးခွံတွေက နေရောင်ကြောင့် လင်းထိန်နေတယ်။ ရွှေရောင်အလင်းကြီး ပေါ်လာပြီး ညာဘက်အရှေ့က သားရဲက ရေဘဝဲခြေထောက်ကို မျိုကာ ရေအောက်ထဲပြန်သွားဖို့လုပ်တယ်။ ကမ်းခြေမှာ လူတွေရှိတာကို သတိထားမိသွားလို့ထင် သူတို့ဆီ တစ်ရှိန်ထိုး အမြန် ဦးတည်လာတော့တာပဲ။ ရေပေါ်ကလှိုင်းတွေက ဆယ်ပေလောက်ထိ မြင့်တက်လာပြီး ခပ်ရေးရေး မြင်ရတာက အဲလှိုင်းတွေထဲကနေ သူတို့ကို စိုက်ကြည့်နေတဲ့ နီရဲရဲမျက်လုံးအစုံရာချီ။
"မကောင်းတော့ဘူး၊ ဒါသဲစိမ်းနတ်ဆိုးငါးအုပ်စုပဲ" ခြေတစ်ထောင်က ရှင်းပြလာတယ်။
"ဒီနတ်ဆိုးငါးတွေက အမြဲအုပ်စုလိုက် သွားလာနေတာ၊ အုပ်စုတစ်စုစီမှာ ငါးအကောင်ရေ၅၀ကနေ ၂၀၀ဝန်းကျင် ရှိတယ်၊ တစ်ကောင်ချင်းစီက ကြောက်ခမန်းလိလိ ရန်လိုခက်ထန်ကြတယ်၊ ရှန်းကျွင်း ကျွန်တော်တို့..."
သူ စကားမဆုံးခင် ပိုင်ဇယ်က လက်ယမ်းလိုက်တယ်။ သူက ချက်ချင်း လေပြင်းဓားသိန်းချီကို ဆင့်ခေါ်လိုက်ပြီး ရေလှိုင်းဆီ ပျံသန်းသွားစေလိုက်တယ်။ ငါးတိုင်း ထိမှန်ကုန်ပြီး တစ်ကောင်တောင် အသက်ရှင်လျက် မကျန်ခဲ့ဘူး။
နောက်အခိုက်အတန့်မှာ ရေလှိုင်းက ပြန်ကျသွားတော့တယ်။ ရေမျက်နှာပြင်မှာတော့ သူတို့ဆီ မျောလွင့်လာတဲ့ ငါးသေအလောင်းတွေ။ ငါးသေအလောင်းပုံကြီးက သူတို့လောက်မြင့်မားတယ်။
ခြေတစ်ထောင် ။ ။ "..." သူကတကယ့်ကို ရှန်းကျွင်းပဲ။
ရှန်းရင်က စိတ်လှုပ်ရှားစွာနဲ့ ငါးတွေကို ပြေးကောက်တော့တယ်။ သူမက လက်တစ်ဖက်စီမှာ ငါးတစ်ကောင်စီ ကိုင်ထားတယ်။ အများကြီးပဲ သူမ စားဖိုမှူးကို ဒါတွေ ပေါင်း၊ ပြုတ်၊ ကင်၊ ကြော်ခိုင်းဖို့ စဉ်းစားမိနေပြီ။ သူ ဒါတွေကို ချက်လို့ရတဲ့နည်းမှန်သမျှနဲ့ ချက်ရမယ်။
"အမွေးလုံး နင့်နည်းလမ်းက အလုပ်အရမ်းဖြစ်တာပဲ"
ပိုင်ဇယ့်မျက်နှာက ချက်ချင်းနီရဲသွားခဲ့တယ်။ သူ အမြန် သူမနောက်လိုက်ပြီး သိုလှောင်အိတ်တစ်ခု ထုတ်ကာ ကမ်းပေးလိုက်တယ်။
ရှန်းရင်မျက်လုံးတွေ လင်းလက်သွားခဲ့တယ်။ သူမ ယူပြီး သူ့ပခုံးကို ပုတ်လိုက်တယ်။ အင်မတန် လေးနက်စွာနဲ့ သူမက ပြောတော့တယ်။
"နင့်လိုမျိုး အမြင်ရှိတဲ့လူတွေကို သဘောကျတယ်"
ပိုင်ဇယ်က တောင့်တင်းသွားတယ်။ သူ့မျက်နှာကနီရဲမှုက ဆံပင်ထိ ပျံ့လာလိုက်တာ ဆံပင်ကို အနီရောင် ဆိုးထားတဲ့အတိုင်းပဲ။ သူ့စိတ်ထဲ တစ်စုံတရာပေါက်ကွဲသွားတာကို ခပ်ရေးရေးခံစားလိုက်ရပြီး ခေါင်းထဲအဲအခိုက်အတန့်မှာ ဗလာကျင်းသွားခဲ့တယ်။ သူမ... သူမ... သဘောကျတယ်လို့ ခုလေးတင်ပြောလိုက်တာလား။
o(*////▽////*)q
အချိန်အတော်ကြာပြီးနောက်...
သူနောက်ဆုံးတော့ ခပ်တိုးတိုးရေရွတ်လိုက်တယ်။
"ကျုပ်... ရောပဲ"
…
263
အခန်း ၂၆၃။ ပင်လယ်စာခူးဆွတ်မှု
ရှန်းရင် ငါးတွေအကုန်နီးပါး သိမ်းဆည်းလုပြီးနေပြီ။ အမွေးလုံး သူ့ကိုပေးတဲ့ သိုလှောင်အိတ်က အတော်လေးကို ကြီးတယ်။ ရှန်းရင်က ငါးရာချီသိမ်းဆည်းပြီးတာတောင် မပြည့်လျှံသေးဘူး။
"အမွေးလုံး၊ တခြားပင်လယ်သတ္တဝါတွေရော ရှိလား"
ပိုင်ဇယ်က လေထဲအချိန်အကြာကြီး စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ သူ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်တယ်။
"အင်း" သူ တိမ်တစ်ခုပေါ်တက်ပြီး ရှန်းရင်ဆီ လက်ကမ်းလိုက်တယ်။
"ကျုပ် မင်းကို အဲခေါ်သွားပေးမယ်"
"ကောင်းပြီလေ" ရှန်းရင်က တိမ်ပေါ်ခုန်တက်တယ်။
"သွားကြစို့"
ပိုင်ဇယ် စိတ်ပျက်စွာနဲ့ လက်ပြန်ရုတ်လိုက်တယ်။ ရှန်းရင်က ခြေတစ်ထောင်ဘက် လှည့်ပြောတယ်။
"ဟေး အဲဒီ... ငါးစာလား၊ ရေဘဝဲလား... နင့်နာမည်ဘယ်လို"
"ခြေတစ်ထောင်" ပိုင်ဇယ်က သူမကိုသတိပေးလိုက်တယ်။
"အိုး ခြေတစ်ထောင်အစ်ကို၊ သွားကြစို့ ငါတို့နေရာပြောင်းတော့မယ် နောက်မှာ မကျန်ခဲ့စေနဲ့"
ခြေတစ်ထောင် ။ ။ "..."
သူမ ခုလေးတင် သူ့ကိုငါးစာလို့ ခေါ်လိုက်တာလား။ သေချာပေါက် အဲလိုခေါ်လိုက်တာမလား။ ရှန်းကျွင်း ဒီကိုလာတာ ရေနတ်ဆိုးသားရဲတွေကို ရှင်းထုတ်ဖို့ တကယ်ဟုတ်ရဲ့လား။ ဘာလို့ အဲဒီနတ်ဆိုးသားရဲအလောင်းတွေကို စုဆောင်းနေတာလဲ။ ဒီနတ်ဆိုးသားရဲတွေက သူတို့ အတွင်းအမြုတေကိုတောင် မလေ့ကျင့်ရသေးတာမို့ အသုံးမဝင်ဘူးလေ။
ခြေတစ်ထောင် သူတို့နောက် လိုက်ခဲ့ပြီး ဇဝေဇဝါဖြစ်နေတယ်။ ဒါပေမဲ့ ဒီလိုမျိုးပဲ ထပ်တလဲလဲ ဖြစ်နေတယ်။ သူက ရှန်းကျွင်း နတ်ဆိုးသားရဲတွေကို နှိမ်နင်းဖို့ ဆက်တိုက် ဆံပင်မွေးဆွဲနုတ်နေရတာ။ နှစ်ယောက်သားက အလောင်းတွေကို ပျော်ပျော်ကြီးကောက်ပြီး သူ့ကိုတောင် ကူခွင့်မပေးဘူး။
ဒီလိုမျိုးထပ်တလဲလဲဖြစ်နေတာ သူတို့ ရေကန်တစ်ပတ်အပြည့် ပတ်ပြီးသွားတယ်။
ခြေတစ်ထောင် ရုတ်တရက် ကြောက်စရာအတွေးတစ်ခုပေါ်လာတယ်။ ရှန်းကျွင်းက ဒီနှစ်တွေမှာ ဒီနတ်ဆိုးသားရဲကန်ကြီးကို မရှင်းလင်းခဲ့တာက ဒီကြီးမြတ်တဲ့နတ်သမီး အလောင်းတွေကို လာကောက်ဖို့များလား။
Σ(°△°|||)
ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း ငါ့ရှန်းကျွင်းက သေချာပေါက် အဲလို ဝါသနာရှိမှာ မဟုတ်ပါဘူး။ ဒါ မှားနေတာပဲ ဖြစ်မယ် အမှားတစ်ခုပဲ။
တစ်နာရီအကြာ။
"ရှန်းကျွင်း..." ခြေတစ်ထောင်က ခပ်တိုးတိုးလှမ်းခေါ်လိုက်တယ်။
"ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြရင်ရော"
ပိုင်ဇယ်နောက်ဆုံးတော့ သူ့ကိုလှည့်ကြည့်လိုက်တယ်။
"ငါတို့ ကန်ထဲက နတ်ဆိုးသားရဲတွေအားလုံး ရှင်းပြီးပြီလား"
"ဟင့် ဟင့် ဟင့်အင်း"
"အို"
"ကျွန်တော်တို့ နတ်ဆိုးသားရဲအားလုံးကို မရှင်းလင်းရသေးပေမဲ့... ကျွန်တော် နုတ်ဖို့ ဆံပင်မွေးကုန်တော့မယ်"
ခြေတစ်ထောင်အတွက် တစ်ကြိမ်ကို ဆံပင်မွေးတစ်မျှင်နှစ်မျှင် နှုတ်ရတာက ကိစ္စကြီးမဟုတ်ဘူး။ ဒါက သူ့ကျင့်ကြံဆင့်ကို မသက်ရောက်သလို ပုံမှန် ဆံပင်အများကြီး ကျွတ်တတ်သူလည်းမဟုတ်။ ဒါပေမဲ့ ဒါက သူစိတ်တိုင်းကျ ဆံပင်မွေး ဆွဲနုတ်နိုင်တယ်လို့မဆိုလိုဘူးလေ ဒီလိုသာဆက်သွားနေရင် သေချာပေါက် ခေါင်းမွေးပြောင်တော့မယ်။
ပိုင်ဇယ် ။ ။ "..."
ရှန်းရင် ခြေတစ်ထောင်ရဲ့ခေါင်းပေါ်က သိသိသာသာ ပြောင်နေတဲ့အကွက်ကို လှမ်းကြည့်လိုက်တယ်။
"ဒါဆိုလည်း အရင်ပြန်ကြရအောင်" စားဖိုမှူးက အခုလောက်ဆို ညစာပြင်နေလောက်ပြီ။
"ကောင်းပြီလေ" ပိုင်ဇယ်က တစ်ဖက်လှည့်ပြီး ခန်းမဆီပြန်ပျံသန်းဖို့လုပ်တယ်။
"ခဏ" ရှန်းရင်က ရုတ်တရက် ထအော်တယ်။ သူမက ကိုင်ထားတဲ့ သိုလှောင်အိတ်၁၀အိတ်ကျော်ကို အညီအမျှ သုံးပုံခွဲပြီး တစ်ပုံကိုခြေတစ်ထောင်ဆီ ကမ်းပေးလိုက်တယ်။
"ရော့ ဒီမှာ နင့်အတွက်"
ခြေတစ်ထောင်က သိုလှောင်အိတ်တွေကို ဇဝေဇဝါလှမ်းကြည့်လိုက်တယ်။ ဒါဘာအတွက်လဲ။ သူမက အလောင်းတွေကို ဘာလို့ခွဲနေတာလဲ။ ဒါမှမဟုတ် ဒါခြိမ်းခြောက်မှုလား။
"ခြေတစ်ထောင်က ရေနေမျိုးနွယ်လေ၊ ဒီနတ်ဆိုးသားရဲတွေက အသိဉာဏ်ရော ဝိညာဉ်ရောမရှိသလို သူတို့အတွင်းအမြုတေကို မကျင့်ကြံရသေးဘူး၊ သူတို့က သူ့အတွက် အသုံးမဝင်ဘူး"
ပိုင်ဇယ်က ရှင်းပြလိုက်တယ်။
"ဒါဆို... သူက ပင်လယ်စာမစားဘူးလား" ရှန်းရင်က ခြေတစ်ထောင်ကိုအူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူမက တစ်ခဏစဉ်းစားပြီးတော့ ဝတ်ရုံထဲ တစ်ခုခုကိုစရှာတော့တယ်။ တစ်အောင့်ကြာပြီးတဲ့နောက် သူမက ပုလဲတစ်လုံး ထုတ်လာပြီး ခြေတစ်ထောင်ကို ပေးလိုက်တယ်။
"ငါ နင့်ကို ဒါပေးရင်ရော၊ စားဖိုမှူးက ငါ့ကိုဒါပေးထားတာ၊ သူက ဒါကို အသုံးမလိုတော့ဘူးတဲ့လေ၊ နင်ကတော့ သုံးစရာတစ်ခုခု ရှာတွေ့မှာပါ"
"ဒါ... ဒါက... နဂါးပုလဲပဲ" ခြေတစ်ထောင် မျက်လုံးပြူးသွားတယ်။ သူ မြင်ယောင်နေတာ မဟုတ်မှန်း သေချာအောင် မျက်လုံးပါ ပွတ်လိုက်ရတယ်။
နဂါးအစစ်အမှန်အဖြစ် မွေးဖွားလာသူတွေပဲ သူတို့မွေးလာချိန် ဒီလိုနဂါးပုလဲမျိုး သူတို့နဲ့အတူ တွဲပါလာတာ။ သူတို့ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းတဲ့အချိန် အသုံးဝင်တယ်။
ပုလဲထဲက နတ်ဘုရားစွမ်းအင်က နဂါးတွေ သူတို့အမွေအနှစ်ကို လက်ခံလိုက်တာနဲ့ အသုံးမဝင်ဘူးလို့ ပြောကြပေမဲ့ တခြားရေနေတွေအတွက်တော့ ရတနာတစ်ပါးလို့ စဉ်းစားလို့ရသေးတယ်။ ရေမျိုးနွယ်တွေအားလုံးမှာ နဂါးဖြစ်လာဖို့ လေ့ကျင့်နိုင်တဲ့စွမ်းရည် ရှိပေမဲ့ လူတိုင်း နဂါးဖြစ်လာနိုင်တဲ့ အခွင့်အရေးတော့ ရှိတာမဟုတ်ဘူး။ နဂါးပုလဲရှိသူတွေကတော့ အခွင့်အရေး၂ဆတိုးသွားမှာပေါ့။
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်သမီး၊ တကယ်... တကယ် ကျွန်တော့်ကိုပေးတာလား"
ခြေတစ်ထောင်က စိတ်လှုပ်ရှားလွန်းလို့ မေ့လဲတော့မယ်။
"နင်မလိုချင်ဘူးလား" စားဖိုမှူးပြောတာတော့ ပုလဲက တောက်ပပြီး အရမ်းအသုံးဝင်တယ်တဲ့။ အဲဒါကြောင့် သူက သူမကို ပုလဲတွေပေးထားတာ။ သူမမှာ အဲဒါတွေအများကြီး ရှိသေးတယ်။
ခြေတစ်ထောင်က ချက်ချင်း ဂါရ၀ပြုတယ်။
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်သမီး"
"ငါနင့်ကို ပေးလိုက်မယ်" ရှန်းရင် ပုလဲကို သူ့လက်ထဲထိုးထည့်ပေးလိုက်တယ်။
ခြေတစ်ထောင် အရမ်းကိုရင်ထဲထိသွားတယ်။ တကယ်ပဲ ရှန်းကျွင်းက စိတ်ထားကောင်းတဲ့ ကောင်းကင်မျိုးနွယ်တွေနဲ့ပဲ အဆက်အဆံရှိတာပေါ့။
"ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်-"
"မစိုးရိမ်ပါနဲ့ နင့်ဆံပင်ပြန်ပေါက်လာမှာပါ"
ရှန်းရင်တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်တယ်။
"အာ..." သူမ သူ့ဆံပင်အကြောင်း မပြောလို့မရဘူးလား။
"နှုတ်ဆက်ပါတယ် ငါးစာအစ်ကိုရေ"
"..."
သူ တကယ် ငါးစာမဟုတ်ပါဘူးဆိုနေ။
ပိုင်ဇယ်က ဆက်တုံ့ဆိုင်းမနေတော့ဘူး။ သူချက်ချင်း ရှန်းရင်ကို တိမ်ပေါ် ကူတင်ပေးလိုက်ပြီး ကန်ကိုဖြတ်သန်းပျံသန်းလာခဲ့ကာ ညာဘက်ထောင့်ဆီ အရှိန်မြင့်မားစွာနဲ့ပျံသန်းခဲ့တယ်။
လမ်းတစ်လျှောက် သူ ရုတ်တရက် တစ်စုံတစ်ရာကို ပြန်သတိရသွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်တယ်။
"ကျုပ်မှာ... လည်း ပုလဲတွေရှိတယ်၊ လိုချင်လား"
"အိုး သူတို့က အရောင်တောက်လား"
"ဟင့်-ဟင့်အင်း"
"ဒါဆို ငါမလိုချင်ဘူး"
"..."
ပိုင်ဇယ့်နှလုံးသား သူ့အစာအိမ်အောက် နစ်မြုပ်သွားခဲ့တယ်။
"ဟေး အမွေးလုံး"
"အင်း"
"နင်လမ်းပျောက်နေတာလား"
သူတို့ရေကန်ဆီ သွားချိန် ဒီလောက်အကြာကြီး ပျံသန်းရတယ်လို့မမှတ်မိပါဘူး။
ပိုင်ဇယ်တန့်သွားပြီး မျက်လုံးထဲ ဖျတ်ခနဲသွေးပျက်သွားတယ်။ ခဏနေတော့ သူပြန်ဖြေလိုက်တယ်။
"ဟင့်အင်း... မပျောက်ပါဘူး"
"အိုး" ရှန်းရင်က ဆက်မမေးဘဲ သူမရဲ့ ပင်လယ်စာအိတ်ကြီးတွေကိုသာ ငုံ့ကြည့်ပြီး ဆက်ပြီး အရသာခံစားနေတယ်။
ပိုင်ဇယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ သူအရှိန်မြှင့်ပြီး အပေါ်ပျံတက်လာရင်း နှလုံးခုန်နှုန်းလည်း မြန်လာတယ်။ တစ်အောင့်နေတော့ သူတို့ တိမ်လွှာတွေကြား ကျောင်းဆောင်ကို မြင်လိုက်ရတယ်။ သူတို့ထွက်လာချိန်တုန်းက ကျောင်းဆောင်ရဲ့ အရှေ့ခန်းမကနေ ထွက်လာခဲ့တာ။ ဒီတစ်ကြိမ်တော့ အနောက်ဆောင်ကို ရောက်လာတယ်။ သူ ရှန်းရင်ကို တိမ်တွေဖုံးနေတဲ့ အနောက်ဆောင်က တစ်နေရာဆီ ခေါ်လာတာပဲ။
ဒါက ကျောက်စိမ်းလို သန့်စင်စွာ ဖြူဖွေးနေတဲ့ ပန်းပင်လယ်ပဲ။ ပန်းပွင့်တစ်ပွင့်စီက ထွင်းထားသလိုမျိုး ပုံပေါ်ပြီး ရှန်းရင် သူတို့ရနံ့ကို ခပ်ဖျော့ဖျော့ရနေတယ်။ ပန်းတွေကို နတ်ဘုရားစွမ်းအင်တွေ အများကြီး ဝိုင်းနေလိုက်တာများ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြလို့ရလုနီးပါး ဖြစ်နေတယ်။ အဝေးကနေကြည့်တော့ ပန်းတွေက အပြာရောင်နတ်ဘုရားစွမ်းအင်လွှာပေါ်မှာ ပေါက်နေသလိုမျိုးပဲ။
"မင်း... သဘောကျလား" ပိုင်ဇယ်က စိတ်လှုပ်ရှားစွာမေးပြီး ရှန်းရင်မျက်ဝန်းတွေကို ကြည့်လိုက်တယ်။
"ဟမ်" ရှန်းရင် သူတို့ ရုတ်တရက် ဘာကြောင့်ပျံသန်းတာရပ်သွားလဲ သိချင်နေတာ။ သူမ ပန်းခင်းကြီးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ ပိုင်ဇယ်က သူမကို ပန်းသဘောကျလားလို့ မေးနေတာမှန်း နားလည်သွားခဲ့တယ်။
"သူတို့အဆင်ပြေပါတယ်"
ဝူတိဂိုဏ်းက သူမကို ဒုဓလီပန်းတွေပေးရတာ သဘောကျတဲ့ မုန်လာဥဖြူကို စိုက်ပြီးတည်းက ပန်းတွေကိုမြင်တိုင်း ထူးဆန်းတဲ့ခံစားချက်ရနေတယ်။ ဘယ်လိုအမျိုးအစားပဲ ဖြစ်ပါစေ ပန်းတွေအားလုံးကို မုန်လာဥဖြူက စိုက်ပျိုးထားပြီး အဝတ်အစားတောင် မရှိသလိုမျိုးနီးပါးပဲ။
"ဒါတွေက မဟူရာဝိညာဉ်ပန်းတွေလေ" သူ့မျက်လုံးတွေက ညကောင်းကင်ယံလိုမျိုး တောက်ပနေတယ်။
"ကျုပ်ပြန်ရောက်ပြီးတည်းက ကျုပ်... အများကြီးစိုက်ထားခဲ့တာ..." မင်းအတွက်လေ။
"အိုး" ဒါက သူတို့ညစာအတွက် ပြန်တာနဲ့ ဘာဆိုင်လို့လဲ။
ပိုင်ဇယ့်မျက်နှာက ခု လုံးဝကို နီရဲနေပြီ။ သူ ရှန်းရင်ဆီကနေ လှည့်ထွက်သွားချင်စိတ်ကို မျိုသိပ်ဖို့ စိတ်ဆန္ဒအားလုံးကို အသုံးချနေရတယ်။
ရုတ်တရက် သူ တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်လိုက်တယ်။ သူ ကိုယ်ကိုကိုင်းပြီး ကြည့်ကောင်းဆုံးပန်းတွေထဲက တစ်ပွင့်ကို နှုတ်ကာ ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။
"ရှန်း... ရှန်း... ရင်"
"ငါ့အတွက်လား"
"အင်း" သူ အသည်းအသန် ခေါင်းညိတ်ပြီး မျက်လုံးတွေက ပိုပြီးတောင် တောက်ပလာသေးတယ်။ သူက တစ်စုံတရာ လွတ်သွားမှာကို ကြောက်တဲ့ပုံစံမျိုးနဲ့ သူမကို အသည်းအသန် စိုက်ကြည့်နေတယ်။ ပန်းကိုကိုင်ထားတဲ့လက်ကလည်း အဆက်မပြတ် တုန်ရီနေလေရဲ့။
"မင်း... အတွက်"
ရှန်းရင် လက်လှမ်းပြီး ပန်းကို ကိုင်တော့မဲ့ဆဲဆဲ စင်တီမီတာအနည်းငယ်အကွာမှာ ရုတ်တရက် ရပ်လိုက်တယ်။ သူမ ခေါင်းလေးစောင်းလိုက်တယ်။
"အမွေးလုံး"
"အိုး"
"ဒီပန်းက... ချစ်ရေးဆိုတာအတွက် မဟုတ်ဘူးမလား"
"..."
o(*////▽////*)q
ဘွန်း တစ်စုံတရာ ပေါက်ကွဲသွားတဲ့အသံ ခပ်တိုးတိုး ပေါ်လာလေရဲ့။
——————
၈နာရီအကြာ။
လက ပိုင်ယွင်တောင်ကျောင်းဆောင်ရဲ့ ကောင်းကင်ယံအလယ်ကို ရောက်နေပြီ။
တစ်စုံတစ်ယောက်ဟာ ဓားကို ဒေါသတကြီးဆွဲထုတ်ထားပြီး ခန္ဓာကိုယ်မှာ သတ်ဖြတ်ချင်တဲ့ဆန္ဒတွေ ပြည့်လျှံနေတယ်။
"ငါ အဲခွေး*သားလေးကို သတ်ပစ်မယ်" ယိချင်းက အဆောင်အပြင်ဘက် ပြေးထွက်သွားတော့တယ်။
…
264
အခန်း ၂၆၄ ။ စားဖိုမှူးက နှေးကွေးလွန်း
"ဟိုလီရှစ် စားဖိုမှူး မင်းဘာလုပ်နေတာလဲ" ကူယွဲ့က မြန်မြန်တုံ့ပြန်ပြီး ယိချင်းကို ပြန်ဆွဲထားလိုက်ရတယ်။
"လမ်းကနေဖယ် ဆရာ့ကို စရဲတဲ့အဲခွေးလေးကို သတ်ပစ်မယ်"
ယိချင်းရဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ကြောက်ခမန်းလိလိ။ တကယ်လို့ ကူယွဲ့သာ မပြင်ဆင်ထားရင် သူက ယိချင်း တွန်းထုတ်တာကို အလွယ်တကူခံလိုက်ရမှာ။
"ဘာလို့အလျင်လိုနေရတာလဲ၊ သူ့ကို အရင်စကားဆုံးအောင် ပြောခိုင်းပါဦး" ကူယွဲ့က ယိချင်းကို ထိုင်ခုံပေါ်ထိန်းထားဖို့ မှော်အတတ်သုံးလိုက်ရတယ်။ သူ ဒီအရှုပ်အထွေးတွေအတွက် တာဝန်ရှိပြီး လောလောဆယ် စားပွဲမှာ အသီးထိုင်စားနေတဲ့ တစ်ယောက်သောသူကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
"ပြီးတော့ ဘာဆက်ဖြစ်လဲ၊ မင်းပိုင်ဇယ့်ကို အင်းလို့ ပြောလိုက်လား"
"မပြောခဲ့ဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
ကူယွဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ယိချင်း နောက်ဆုံးတော့ စိတ်အေးသွားခဲ့ပြီ။
"သူ့ကို ငြင်းလိုက်လား"
"မငြင်းခဲ့ဘူး"
"..."
သောက်ကျိုးနည်းဟ။
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။
"မင်း ဘယ်တုန်းက သူများတွေကိုစဖို့ သောက်ကျိုးနည်း သင်ယူလိုက်တာလဲ၊ ဘယ်လိုလုပ် ဒီလိုမျိုးဆယ်ကျော်သက်မိန်းကလေးတွေလှည့်ကွက်မျိုး သုံးနိုင်ရတာတုံး"
သူ သူမကို ခပ်ညစ်ညစ်ကြည့်လိုက်တယ်။
"ငါ ပြောချင်ပေမဲ့ သူက မေးခွန်းမေးပြီးတဲ့အချိန် မျက်နှာကိုအုပ်ပြီးထွက်ပြေးသွားတယ်လေ၊ ငါ့ကို အဲမှာ တစ်ယောက်တည်းထားခဲ့တာ" ရှန်းရင် ကူယွဲ့ကို အပြစ်ကင်းစွာကြည့်လိုက်တယ်။ ပိုင်ဇယ်က ယုန်တစ်ကောင်လို ပြေးသွားတာမြန်ချက်ပဲ - ပြီးတော့ ယုန်က အနီရောင်။
"ငါ သူ့ကို ရပ်ဆိုပြီး အော်ဖို့အခွင့်အရေးတောင် မရလိုက်ဘူး၊ ငါ အကြာကြီးလျှောက်သွားပြီးမှ နောက်ဆုံးတော့ ဒီနေရာဆီ အပြန်လမ်းကို ရှာတွေ့တာ" သူမ နေ့လယ်စာအတွက်တောင် အချိန်မီ ပြန်မရောက်ခဲ့ဘူး။
ကူယွဲ့ ။ ။ "..." ဒီတော့ ဒါက သူမ နေ့လယ်စာကျော်ပြီး ညစာအတွက်ပဲ ပြန်ရောက်လာရတဲ့အကြောင်းရင်းလား။ သူမက အပြန်လမ်းကိုရှာဖို့ အပြင်မှာလေးနာရီတောင် ကြာခဲ့တယ်တဲ့လား။
"စားဖိုမှူး ညစာ အဆင်သင့်ဖြစ်ပြီလား" ရှန်းရင်က ယိချင်းကိုကြည့်လိုက်တယ်။ သူမ အနောက်ဆောင်မှာ နေ့လယ်ခင်းတစ်ခုလုံး ပိတ်မိပြီး လုံးဝဗိုက်ဆာနေတာ။
"ဆရာ" အံ့ဩသင့်စရာကောင်းစွာပဲ စားဖိုမှူးက ချက်ချင်း မီးဖိုချောင်ဆီမပြေးဘူး။ အဲအစား သူက ရှန်းရင်ဘက် တင်းမာစွာ ပြောလိုက်တယ်။
"သူ့တောင်းဆိုချက်ကို သဘောတူလို့မဖြစ်ဘူးနော်၊ ဆရာက သန့်စင်ပြီး သူ့မှာ ဘာရည်ရွယ်ချက်တွေ ဖုံးကွယ်ထားမလဲမသိဘူး... ကောင်းကင်မျိုးနွယ်ရဲ့နှလုံးသားတွေက ကောက်ကျစ်တယ် - ပိုင်ဇယ်လှည့်စားတာ မခံပါနဲ့၊ သူက အခု ကျွန်တော်တို့ကို ကူညီနေပေမဲ့လည်း ဆရာက အရင်တုန်းက သူ ကောင်းကင်ဘုံ ပြန်ရောက်အောင် ကူပေးခဲ့သူလေ၊ ဒါ သူကျေးဇူးကျွေး ပြန်ဆပ်နေရုံပဲ"
"အာ..." သူမ လိုချင်တာ စားစရာလေးပါပဲ။
"ဆရာ၊ ကျွန်တော်တို့ ခုလေးတင်မှ ကောင်းကင်ဘုံဆီ ရောက်ပြီး ဒီကအရာအားလုံးကို သေချာနားမလည်သေးဘူးလေ၊ အရမ်းအယုံကြည်မလွယ်ပါနဲ့" သူစကားပြောလေ ယိချင်းက ပိုပြီး တည်တံ့လာလေပဲ။ သူက အရမ်းကို ပြင်းထန်လာတယ်။
"ပြီးတော့ ဆရာ သူ့ကို သိတာ မကြာသေးဘူးလေ၊ ဒါတောင် ဆရာ့ကို ချစ်ခွင့်ပန်ရဲတယ်၊ အဲဒါက ဒီလူ ဘယ်လောက်တောင်အပေါ်ယံဆန်လဲဆိုတာ ပြနေတာပဲ"
"ဒါပေမဲ့ ညစာ-"
"ဆရာဒီလူ့ကို သိတာ ဘယ်လောက်ကြာပြီမို့လို့လဲ၊ သူက သူ့အနာဂတ်ကို အရမ်း လွယ်လွယ်သတ်မှတ်နေတာပဲ၊ အရမ်းကို ရှုပ်ထွေးလွန်းတယ်၊ ပြီးတော့ သူက ကောင်းကင်မျိုးနွယ်လေ၊ မျိုးနွယ်မတူရင် မတွဲဘူးလို့ ဆရာမပြောခဲ့ဘူးလား"
"ညစာ-"
"ကျွန်တော် ကောင်းကင်လောကမှာ လူကောင်းတွေနဲ့ မကြုံရသေးဘူး၊ ကောင်းကင်မျိုးနွယ်တွေက ယုံလို့ရတာမှ မဟုတ်တာ၊ အဲဖုန့်စန်းနဲ့ လုံကျန်းကိုပဲကြည့်လေ၊ အထင်လွဲမှုလေးတစ်ခုကြောင့် နှစ်သောင်းချီ တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်ခဲ့ကြတယ်၊ သူတို့တွေက နက်ရှိုင်းတဲ့ဆက်ဆံရေး ဖန်တီးဖို့ကို မကြိုက်တာသိသာနေတာပဲ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
မင်းကိုယ်မင်း ဒီခြုံငုံသုံးသပ်ချက်ထဲ ထည့်မိနေပြီနော် - မင်းမိသားစု ဒါကိုတောင် သတိထားမိရဲ့လား။
"ပြီးတော့ ဆရာ့ကျင့်ကြံဆင့်က မြင့်လွန်းတယ်လေ၊ ပိုင်ဇယ့်လို သာမန်ကောင်းကင်မျိုးနွယ်က ဆရာ့အတွက် တွဲဖက်ဖြစ်မှာလဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒါကိုသဘောမတူဘူး ကျွန်တော် ခွေးကောင်လေးတချို့ကို ဆရာ့နားကပ်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး"
ယိချင်း မှုန်မှိုင်းစွာပြောရင်း သူ့ဓားနား လက်သီးတင်းတင်းဆုပ်ထားတယ်။ အပြင်ကို ပြေးထွက်ပြီး တစ်ယောက်ယောက်ကို အပိုင်းပိုင်းခုတ်ပစ်ချင်နေတဲ့အတိုင်းပဲ။
ရှန်းရင်က အချိန်အတော်ကြာ နားချနေသူကို အူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်တယ်။ သူမမျက်လုံးထဲ ရောထွေးနေတဲ့ခံစားချက်တွေ။
"ယိချင်း"
"ဆရာ"
"ဘာလို့ ငါ့ကို တခြားသူတွေနဲ့ မရင်းနှီးစေချင်ရတာလဲ"
"ဟမ်" ယိချင်းက အဖော်ခံလိုက်ရသလိုမျိုး တန့်သွားခဲ့တယ်။
"အိုး..." သူမမျက်လုံးမှေးလိုက်တယ်။
"ငါ တပည့်တွေ ထပ်လက်ခံချင်ရင်ရော"
"မဖြစ်ဘူး" ယိချင်းထုတ်ပြောမိသွားပြီး အမူအရာက ရုတ်တရက် ပြောင်းသွားတယ်။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့..." သူ သဘောမကျလို့လေ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူ အဲဒါကို မပြောနိုင်ဘူး ဖြစ်နေတယ်။ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ရင်ဘတ်ထဲ သွေးပျက်မှုတွေ မြင့်တက်လာတယ်။ သူ တစ်ခုခုကို တမင်သက်သက် ချန်ထားပေမဲ့ တစ်ယောက်ယောက်က သူ့ဆီကနေ အတင်းအကြပ် အပြင်ကို တွန်းထုတ်နေသလိုပဲ။
ဘေးမှာ တစ်ချိန်လုံး ထိုင်ကြည့်နေတဲ့ကူယွဲ့ ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်။ သူ မနေနိုင်ဘဲ အဲကြောင်တောင်တောင်ကောင်လေးကို ပခုံးပုတ်လိုက်တယ်။
"အဆင်ပြေပါတယ်၊ မင်း သူ့ကို တစ်နေ့လုံးရှာနေခဲ့တာ၊ ပြန်သွားပြီး အနားယူချေ၊ မစိုးရိမ်နဲ့ ဒီလောကထဲ ဘယ်သူမှ မင်းဆရာကို လှည့်စားလို့မရဘူး၊ သူ့အတွက် ဘာကောင်းလဲဆိုတာ သူသိတယ်"
ယိချင်းက ဖြည်းဖြည်းချင်း လှည့်လာပြီး ကူယွဲ့ကိုကျော်ကာ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ သူခန်းမထဲကနေ ငိုင်ကြောင်စွာ ပြေးထွက်ခဲ့ပြီး စောနက ပြောခဲ့တဲ့စကားဝိုင်းကနေ သတိပြန်မလည်လာနိုင်ဘူး။ တကယ်တော့ အဲအခိုက်အတန့်မှာ သူ့ပုံစံက လေလွင့်ခရီးသွားနဲ့ တူနေတယ်။
အဲတော့မှ ကူယွဲ့ စားပွဲပေါ် မှောက်နေတဲ့ တစ်ယောက်သောသူကို လှည့်ကြည့်လိုက်တယ်။
"မင်းက... အကြင်နာမဲ့လွန်းတာပဲ"
ရှန်းရင်က သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။
"တိတ်တိတ်နေတာက ကြင်နာရာကျမှာလား"
ကူယွဲ့က နှာမှုတ်လိုက်တယ်။ နောက်တော့ တစ်ခုခုကို သတိရသွားဟန် အမူအရာပြောင်းလဲသွားခဲ့တယ်။ ဟုတ်ပါတယ်လေ၊ အဲဒါက ပိုပြီးတောင် မကြင်နာရာကျမယ်။
"ဒါဆို မင်း ဘာအတိအကျစဉ်းစားနေတာလဲ"
"ငါအဲဒါကို စဉ်းစားဖို့တောင် ပျင်းလွန်းနေပြီ"
"မင်း... မင်းက တကယ့်ကို အရမ်းပျင်းတာပဲ" ခုဆိုသူမက ကွက်ပြီးပျင်းတတ်နေပြီ။
ရှန်းရင်လက်ထဲက ရေနွေးခွက်ကိုယမ်းပြီး ခပ်တိုးတိုးပြောလိုက်တယ်။
"အားလပ်ရက်အဲလောက်မြန်မြန်ကုန်သွားတာ ဘယ်သူ့အပြစ်လဲ"
"ဘာ"
"ဘာမှမဟုတ်ပါဘူး၊ ဖေဖေနျို တကယ်ပဲနင့်မှာ စားစရာမရှိဘူးလား၊ နင့်သမီး အရမ်းဗိုက်ဆာနေပြီလေ"
"သွားစမ်းပါ" ငါ့မှာမင်းလို ငပျင်းသမီး မရှိဘူး။
"..."
"မင်း ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါဒီကိစ္စကိုဝင်မပါဘူး၊ မင်းဘာသာဖြေရှင်းနိုင်တာပဲ" ကူယွဲ့က နှုတ်ခမ်းသပ်ပြီး ထပ်ဖြည့်ပြောလိုက်တယ်။
"ဒါပေမဲ့... ညင်ညင်သာသာလုပ်၊ မင်း သူ့ကို သိလာတာ အဲလောက်ကြာနေပြီပဲဟာ"
"... အင်းပါ"
နောက်တော့ ကူယွဲ့က သီးသန့်ခြားအင်းကွက်တစ်ခု ဖန်တီးလိုက်ပြီး တံခါးကိုပိတ်ကာ စားပွဲဆီ ပြန်လာခဲ့တယ်။
"ခုအရေးကြီးတဲ့ကိစ္စအကြောင်း ပြောရအောင် မင်း တစ်နေ့လုံး လေ့လာဖို့ထွက်သွားတာ၊ ဒါဆို အခြေအနေ ဘယ်လိုလဲ၊ မင်း တစ်ခုခုရှာတွေ့ခဲ့လား၊ မင်း သေချာစစ်ဆေးခဲ့ရဲ့လား"
ရှန်းရင်က သူ့ကိုပျင်းတိပျင်းရွဲကြည့်တယ်။
"အင်း ထင်တာပဲ"
"အဲဒါဘာအဓိပ်ပာယျလဲ"
သူမက ထထိုင်ပြီး စားပွဲပေါ် သိုလှောင်အိတ်အပြည့်ပစ်တင်လိုက်တယ်။
"ဒါ ဘာလဲ" ကူယွဲ့ တစ်ခုကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ ငါးကြီးတစ်ကောင်ရဲ့ အမြီးက ရုတ်တရက် အိတ်ထဲကနေ ဘန်းခနဲထွက်လာပြီး သူ့မျက်နှာဆီပျံသန်းလာတယ်။ ခန်းမတစ်ခုလုံးကို အက်ခိုးထပ်သွားစေတဲ့ ဖြန်းခနဲမြည်သံကျယ်ကြီး ပေါ်လာလေရဲ့။
ကူယွဲ့ ။ ။ "..."
ငါ့ဓားဘယ်မှာတုံး။
"အာ... အထဲမှာ တိရစ္ဆာန်လေးတွေ အများကြီးရှိတယ်၊ သတိထားနော်" ရှန်းရင် အလောတကြီ ထပ်ပြောလိုက်တယ်။
"သောက်ကျိုးနည်း၊ ငါ့ခုမှပြောတော့ဘာထူးမှာလဲ" ကူယွဲ့က သိုလှောင်အိတ်ကို ရှန်းရင်မျက်နှာဆီ ပြန်ပစ်ပေါက်လိုက်တယ်။
"မင်း တမင်သက်သက် လုပ်တာပဲမလား၊ အဲလိုပဲဖြစ်ရမယ်"
"မဖြုန်းပစ်နဲ့ ဖေဖေနျို" ရှန်းရင် သိုလှောင်အိတ်ကို ပြန်ဖမ်းပြီး ငါးအမြီးကို အထဲပြန်ထည့်လိုက်တယ်။ သူတို့တွေ ဟိုလျှောက်ပစ်ဒီလျှောက်ပစ်လို့ မပုပ်သိုးသေးရင် စားလို့ရသေးတယ်လေ။
"မင်း ဒါတွေအားလုံးကို ဘယ်ကဖမ်းလာတာလဲ" ကူယွဲ့ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
"ဒါတွေက ကင်လို့ပဲရတဲ့ နတ်ဆိုးသားရဲတွေကြီးပဲ"
"တောင်ခြေအောက်ကကန်"
"တောင်ခြေ" ကူယွဲ့ထခုန်ပြီး အမူအရာပြောင်းသွားတယ်။
"မင်းဆိုလိုတာ-"
"ငါတို့ခန့်မှန်းတာမှန်တယ်၊ အမွေးလုံးမှာလည်း ပြဿနာရှိနေပြီ" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"သူ့ကျင့်ကြံဆင့်က အဆင်ပြေပုံ ပေါ်တာမို့ သူ မသိသေးတာပဲ"
ကူယွဲ့က အမူအရာ မှောင်မည်းသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူ ကြိုးစားပြီး တိတ်တိတ်နေဖို့ လုပ်ပေမဲ့ ဆဲမိလိုက်တယ်။
"ချီး" ဒါက ပိုပိုပြီး ဦးနှောက်ခြောက်စရာကောင်းလာပြီ။ သူတို့ဘာလုပ်ရမလဲ။ ခုပြောလိုက်ရမလား။
"ပင်ပန်းလိုက်တာ" ရှန်းရင် စားပွဲပေါ် ပြန်မှောက်လဲလိုက်တယ်။
"တကယ်ပဲ၊ ဦးနှောက်ကို အလုပ်ပေးရတာ ပင်ပန်းရတဲ့လုပ်ငန်းပဲ ဖေဖေနျို နင့်မှာ တကယ်အဆာပြေမရှိဘူးလား၊ ငါ ဆာလွန်းလို့ မေ့လဲတော့မယ် - တစ်ကိုက်လေးပဲ စားချင်တာပါ"
"သွားစမ်းပါ" ကူယွဲ့နှုတ်ခမ်းထောင့်ဖျားက တွန့်သွားတယ်။ မင်း နေ့တစ်ဝက်ပဲ အပြင်သွားထားတာ ဟုတ်ပြီလား။
"မနက်ဖြန် ဂျပုလေးက ဝိညာဉ်စမ်းချောင်းကနေ ထွက်လာတော့မှာ၊ သူတို့ကို အစောကြီး အသိပေးသင့်တယ် - ငါ သူတို့ကိုမနက်ဖြန် ခေါ်လိုက်မယ်"
သူစကားဆုံးတာနဲ့ ကူယွဲ့က သီးသန့်ခြားအင်းကွက်ကို ဖယ်ပြီး တံခါးအပြင်ထွက်လာခဲ့တယ်။ တစ်လှမ်းလှမ်းပြီးတဲ့နောက် သူ ရပ်သွားတယ်။
ငါ-ိုး
သူ ခပ်တိုးတိုး ဆဲပြီး တစ်ဖက်လှည့်ကာ စားပွဲဆီ ပြန်လာခဲ့တယ်။ သူ သိုလှောင်အိတ်တစ်ခုထဲကနေ မတူတဲ့ဟင်းပွဲ၁၀မျိုးကို စတင်ထုတ်တော့တယ်။ ဟင်းသီးအရွက်တွေ၊ ထမင်း၊ အဆာသွတ်မုန့်တွေ၊ အသီးတွေနဲ့ တခြားမုန့်တွေရောပဲ။ စားပွဲက စက္ကန့်ပိုင်းအတွင်း စားစရာတွေနဲ့ပုံသွားတယ်။
"နေ့လယ်က ကျန်တာတွေ၊ မျိုမျိုမျို၊ သေတဲ့အထိ မျို ဟမ့်"
သူက ထပ်မရပ်တော့ဘဲ တံခါးအပြင် ခပ်ဆောင့်ဆောင့်ထွက်သွားလေရဲ့။
ရှန်းရင် ။ ။ "..."
အင်း၊ ဖေဖေနျို့မှာ သူ့သမီးအပေါ်ကို အလိုလိုက်တာ ထူးခြားတဲ့နည်းရှိတာပဲ။