← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

271

အခန်း ၂၇၁ ။ အင်းကွက်ပူဇော်မှုများ

"ဂျပုလေး" ကူယွဲ့က သူမကို လှမ်းကူဖို့ အလိုလိုလက်လှမ်းလိုက်ပေမဲ့ အသက်ရှူကြပ်သွားတယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က အတွင်းထဲကနေ သူ့သွေးကြောတွေကို စုတ်ဖြဲနေသလိုပဲ။

"ပြန့်ရှင်းချန်၊ မင်း ဖုန်းညာန်ဝိညာဉ်ကို လွင့်ပျောက်သွားစေခဲ့တယ်ပေါ့၊ ငါ မင်းအသက်ကိုယူမယ်"

ကျူမင်ရဲ့မျက်လုံးတွေက သွေးရဲရဲနီနေပြီး တစ်ဖက်လူဆီ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။ သူ့ကို လှမ်းဖမ်းဆွဲကာ တစ်ကိုယ်လုံးကို ယင်ချီနဲ့ဖုံးလွှမ်းစေကာ နှစ်ယောက်လုံးကို ရစ်ပတ်သွားခဲ့တယ်။

"သူက သူ့ကိုယ်သူ ဖောက်ခွဲချင်နေတာပဲ၊ ခဏ"

ကူယွဲ့ အော်ပြီး သူ့ကိုတားဖို့ရည်ရွယ်လိုက်တယ်။ နောက်ကျလွန်းသွားပြီ။ ဝုန်းခနဲ ပေါက်ကွဲသံ အကျယ်ကြီး ပေါ်လာပြီး ဆန်းကြယ်ဘုံတစ်ခုလုံး အပြင်းအထန်တုန်ခါသွားခဲ့တယ်။ ကြီးမားတဲ့ဖိအားကြီးတစ်ခု ဘုံတစ်လျှောက် ဖြတ်ပြေးသွားပါလေရော။ တကယ်လို့ ယိချင်းသာ အချိန်မီ အကာအကွယ်အင်းကွက် မဖန်တီးခဲ့ရင် တစ်ဖွဲ့လုံး နောက်ပြန်လွင့်ထွက်ပြီး အမှုန့်အဖြစ် ဖိချေခံရလောက်ပြီးပြီ။

"ဟမ့် ငတုံး" ကျူမင်က သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာတောင် ပြန့်ရှင်းချန်က အထိအခိုက်မရှိ ထွက်လာတယ်။ သူ့ကိုယ်က ဖုန်တွေကိုခါပြီး အဖွဲ့ကို ပုရွက်ဆိတ်တွေကိုကြည့်သလိုမျိုး အေးစက်စက်ကြည့်တယ်။

"ငါက နတ်ဘုရားအစစ်ဖြစ်လာပြီ၊ သုံးလောကထဲက ဘယ်သူမှ ငါ့ကိုမတားနိုင်တော့ဘူး"

"တကယ်လား" ကြက်သီးထစရာ အသံက သူ့နားဘေးက ပေါ်လာတယ်။

ရွှစ်ခနဲအသံနဲ့အတူ နတ်ဘုရားစွမ်းအင် ရစ်ပတ်ထားပြီး လေထဲလွင့်မျောနေတဲ့ ပြန့်ရှင်းချန်က ရှန်းရင် မြေကြီးပေါ် ကန်ချတာခံလိုက်ရပြီ။ ဖိအားက ချက်ချင်း ပင့်မသွားခဲ့တယ်။

"မဖြစ်နိုင်တာ" ပြန့်ရှင်းချန်က မျက်လုံးတွေပြူးပြီး ကုန်းရုန်းထလိုက်တယ်။ သူ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။

"မဖြစ်နိုင်တာ.... ငါက အစစ်အမှန်နတ်ဘုရားဖြစ်လာပြီပဲ၊ မင်းက ဖန်တီးမှု ရှေးဟောင်းနတ်ဘုရားသုံးပါးထဲက တစ်ပါး မဟုတ်သရွေ့... မင်း ဘယ်လိုလုပ် ငါ့နားကပ်လာနိုင်မှာလဲ၊ မင်းက ဘယ်သူလဲ"

"ရှေးဟောင်းနတ်ဘုရားတွေလား" ရှန်းရင် မျက်စိမှေးပြီး တစ်ခဏစဉ်းစားကာ ပြောလိုက်တယ်။

"ငါ နောက်တစ်ခေါက်ကျ တစ်ယောက်ကို ထုထောင်းကြည့်သင့်တာပဲ၊ ဒါဆို ကွာခြားချက်က ဘာလဲဆိုတာ ကြည့်နိုင်ပြီ"

ပြန့်ရှင်းချန်က ရှန်းရင်ကိုတိုက်ခိုက်ဖို့ သူ့အစွမ်းတွေ အားလုံးကို အလိုလိုအသက်သွင်းလိုက်ပေမဲ့ သူ စောနက ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစွမ်းအင်ဟာ အသက်သွင်းလို့မရတော့တာ သိလိုက်ရတယ်။ ပြီးတော့ သူ့ကိုယ်က ပြိုလဲခါနီးအထိ အန္တရာယ်ကြီးမားစွာနဲ့ နီးစပ်သွားတာကို ခံစားလိုက်ရတယ်။

"ဘာဖြစ်တာလဲ မင်း ဘာလုပ်လိုက်တာလဲ"

ရှန်းရင်က သူ့ကို ကန်တော့မလို့ ဒါပေမဲ့ တန့်သွားခဲ့တယ်။ သူမ ဘာမှမလုပ်ခဲ့ဘူး။

"ငါ့နတ်ဘုရားစွမ်းအင်..." ပြန့်ရှင်းချန် သွေးပျက်စပြုလာတယ်။ သူ့ကိုယ်ထဲ နတ်ဘုရားစွမ်းအင်တွေအားလုံးကို ခန္ဓာကိုယ်အပြင် ဆွဲထုတ်ယူနေတဲ့ တွင်းနက်ကြီးတစ်ခု ဖန်တီးထားသလိုပဲ။ အစတုန်းက တရစပ်တိုးလာခဲ့တဲ့ သူ့ကျင့်ကြံဆင့်က နောက်တစ်ကြိမ် ပြန်ကျဆင်းလာပြန်ပြီ။ သူ ဘာလုပ်လုပ် မရပ်တန့်နိုင်တော့ဘူး။

"မဖြစ်နိုင်တာ... ငါ နှလုံးမဲ့တာအိုကို လေ့ကျင့်ပြီးပြီ၊ ဖုန်းညာန်ဝိညာဉ်ကို ဖျက်ဆီးပြီးထားပြီကို ဘာလို့ဒီလိုဖြစ်နေတာလဲ"

သူက တစ်စုံတစ်ရာကို နားလည်သွားပုံနဲ့ အမူအရာက ချက်ချင်း ကောက်ကျစ်သွားတယ်။

"ကျူမင် ကျူမင်ပဲ သူ ငါ့ကို လိမ်ခဲ့တာ၊ ဒီနှလုံးမဲ့တာအိုက ငါ့ကို အစစ်အမှန်နတ်ဘုရားအဖြစ် ပြောင်းလဲခွင့်မပေးဘူးပေါ့"

"နှလုံးမဲ့တာအိုမှာ ပြဿနာမရှိပါဘူး၊ နင်ကသာ ပြဿနာရှိတဲ့သူ"

ပြန့်ရှင်းချန်က တန့်သွားတယ်။

"မင်းဘာဆိုလိုတာလဲ"

"ဘယ်သူက နင့်ဇနီးကိုသတ်လို့ နှလုံးမဲ့တာအိုကို အောင်မြင်နိုင်မယ်ဆိုတဲ့ အတွေးမှားကြီးပေးခဲ့တာလဲ"

"ချစ်ရတဲ့သူကို သတ်တာက နှလုံးမဲ့တာအိုရဲ့ လမ်းစဉ်ပဲ၊ ငါ မမှားဘူး"

ရှန်းရင် သူ့ကိုကန်ချင်တဲ့ဆန္ဒကို အားကုန်သုံးထိန်းချုပ်နေရတယ်။

"နင့်ဦးနှောက်က နင့်ဟာပဲ - တစ်စုံတစ်ရာက နှလုံးမဲ့မမဲ့ နင်ဆုံးဖြတ်ရမှာ၊ နားလည်နိုင်စွမ်း ပြဿနာ ရှိနေတာပဲလား၊ ဒါမှမဟုတ် တုံးပဲတုံးတာလား၊ တစ်စုံတစ်ယောက်ကို သတ်တာနဲ့ နင့်ခံစားချက်တွေကို ဆုံးရှုံးနိုင်မယ် ထင်နေတာလား"

"မင်း-"

"စိတ်နှလုံးလှုပ်ရှားပြီး ခံစားချက်တွေ ဖြစ်ပေါ်လာသူက နင်လေ၊ နင့်ဇနီးကိုမသတ်ခင် နင့်နှလုံးသားကို နင်ဘာလို့ အရင်မပြင်တာလဲ၊ နင့်ဇနီးနဲ့ဘာဆိုင်လို့လဲ"

"..."

"နင့်ကိုယ်နင် နာကျင်အောင် မလုပ်နိုင်ရုံပါပဲ၊ အဲဒါကြောင့် နင်သူ့ကို ဆင်ခြေအနေနဲ့သတ်ခဲ့တာ"

"ဟင့်အင်း ဟင့်အင်း..."

"နင့်ဇနီးကို သတ်တာက နင့်ကို တာအိုလမ်းစဉ် အောင်မြင်ဖို့ ကူညီလိမ့်မယ်လို့ တွေးနေခဲ့တာလား၊ နင်က မဟာတာအိုမှာ ကျွမ်းကျင်ပညာရှင်လား၊ မဟာတာအိုက မိန်းကလေးတွေ ချို့တဲ့နေတာမှ မဟုတ်တာ - နင့်ဇနီးကို မလိုဘူး"

"ငါမမှားဘူး၊ မမှားဘူး"

"နောက်တစ်ကြိမ် နင် တာအိုကို အောင်မြင်အောင် ကြိုးစားချင်ရင် စာဖတ်ဟ" ရှန်းရင် သူ့ကို တလေးတနက် အကြံပေးလိုက်တယ်။

"မဟုတ်ရင် နင်က နင့်ဇနီးကိုတောင် အလွတ်ပေးချင်စိတ်မရှိတဲ့ ခွေးကောင်ပဲဖြစ်လာလိမ့်မယ်"

"ပါးစပ်ပိတ်ထား ပါးစပ်ပိတ်ထား" ပြန့်ရှင်းချန်က ဒေါသတကြီး အော်ဟစ်တယ်။ သူ့မျက်နှာက ခုဆိုအရောင်အသွေးလုံးဝမရှိတော့ဘူး။ သူ့ကိုယ်ထဲကနေ နတ်ဘုရားစွမ်းအင်တွေ ဆုတ်ယုတ်သွားပြီး သူ့ကျင့်ကြံဆင့်တွေ နိမ့်ကျလာတာကို တားဖို့ဘာမှမလုပ်နိုင်ဘူး။ အခုဆို သူက ဂျပုလေးထက်တောင် အားနည်းနေပြီ။

"ငါ့ကျင့်ကြံဆင့်... ငါ့ကျင့်ကြံဆင့်... ဟင့်အင်း..."

"စားဖိုမှူး၊ ဒီကိုခဏလာခဲ့" ရှန်းရင်က သူ့ကို ဆက်ပြီး စိတ်ထဲထားမနေတော့ဘူး။ သူ စားဖိုမှူးကို လက်ယမ်းပြပြီး အခု အမောတကော အသက်ရှူနေရတဲ့ အရူးကို လက်ညှိုးထိုးပြလိုက်တယ်။

"ဝိညာဉ်တစ်ခုကို ခေါ်လိုက်၊ ငါက ဘယ်လိုလုပ်ရမလဲမသိဘူး"

"ဝိညာဉ်ကို ခေါ်ရမှာလား" ယိချင်း ရှန်းရင်ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ ဒါပေမဲ့ သူ စည်းချိပ်တစ်ခု ဖန်တီးကာ လှမ်းပစ်လိုက်တယ်။

ပြန့်ရှင်းချန်က ခု ယိချင်းဂါထာတွေကိုတောင် မကာကွယ်နိုင်တော့ဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ သဏ္ဌာန်က သူ့ကိုယ်ထဲကနေ လူတိုင်းရှေ့ မျောလွင့်လာတယ်။

"ဖုန်းညာန်" သူတို့ အော်လိုက်တယ်။ ဒါက ဖုန်းညာန်ရဲ့ မူလဝိညာဉ်ပဲ။ သူ့ကိုယ်ထဲ ရှာတွေ့မယ် မထင်ခဲ့ဘူး။

သူမဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေ ပျောက်သွားလို့ထင် ဖုန်းညာန်ရဲ့မူလဝိညာဉ်က ခု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သူမမျက်လုံးနှစ်လုံးက ပိတ်ထားပြီး အင်မတန်တည်ငြိမ်နေတဲ့ပုံ။ စောနက သူတို့မြင်ခဲ့ရတဲ့ အရူးနဲ့ လုံးဝကို မတူတော့တာ။

ကူယွဲ့ အမြန်စည်းတစ်ခု ဖန်တီးပြီး ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကို သိမ်းလိုက်တယ်။ ကျန်ရစ်တာက သူမမူလဝိညာဉ်ပဲ ဆိုပေမဲ့ ပြန်လည်ဝင်စားမှုစွမ်းအင်က တစ်နေ့ကျ သူမဝိညာဉ်ကို အပြည့် ပြန်ဖြစ်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မေ့ပျောက်မြစ်ဆီ ပို့လို့ရသေးတယ်။

ပြန့်ရှင်းချန်ရဲ့ ကျင့်ကြံဆင့်က ဖုန်းညာန်ဝိညာဉ် သူ့ကိုယ်ထဲကနေ ထွက်သွားတာနဲ့ ပိုကျဆင်းသွားခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း သူ့ကျင့်ကြံဆင့်က ရွှမ်ထုံ့ကိုတောင် မယှဉ်နိုင်တော့ဘူး။

လူတိုင်းမျက်မှောင်ကြုတ်ပြီး သူ ဘာလို့ ဖုန်းညာန်ဝိညာဉ်ကို လိုချင်ခဲ့လဲ ခုနားလည်သွားပြီ။ ရှန်းရင် စောနကပြောခဲ့သလိုပဲ သူ့ဇနီးကို သတ်တာက မဟာတာအိုကိုအောင်မြင်အောင် ကူညီမပေးဘူး။ အဲအစား ဖုန်းညာန်လိုချင်တာကို ခွင့်ပြုပေးလိုက်သလိုတောင် ဖြစ်လောက်တယ်။ သူမ မသေခင်လေးမှာ ဖုန်းညာန်က ပြန့်ရှင်းချန်အတွက် ဘာအချစ်မှ မခံစားရတော့တာဖြစ်နိုင်တယ်။ အဲဒါကြောင့် သေပြီးတဲ့နောက် တစ္ဆေအမတဖြစ်လာသလားပဲ။

တစ်ဖက်မှာတော့ ပြန့်ရှင်းချန်က ဖုန်းညာန်ဝိညာဉ်ကို သူ့ကိုယ်ထဲ လက်ခံပြီးတဲ့နောက်မှာ ကျင့်ကြံဆင့် မြင့်တက်သွားတာကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုခုလွဲနေတယ်ဆိုတာ သူနားလည်ခဲ့မှာပဲ။ အဲဒါကြောင့် ဖုန်းညာန်ဝိညာဉ်ကို သူ့ကိုယ်ထဲ သိမ်းထားဖို့ကြိုးစားခဲ့တာ။ သူ့ကျင့်ကြံဆင့်တိုးမြင့်မှုက ဖုန်းညာန်ဟာပဲ။

"အဲဒါထူးဆန်းတယ်၊ တခြားအကြွင်းအကျန်ဝိညာဉ်တွေရော ဘယ်မှာလဲ" ကူယွဲ့ စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။ သူ ဂါထာတချို့ သုံးပြီး ဝိညာဉ်တွေကို ပြန်ခေါ်ဖို့လုပ်ပေမဲ့ ပေါ်လာတဲ့ အကြွင်းအကျန်ဝိညာဉ်တစ်ခုမှ မရှိ။ ပြန့်ရှင်းချန်ကိုယ်ထဲ ဖုန်းညာန်ရဲ့မူလဝိညာဉ်ပဲရှိနေတယ်။

"ဟီးဟီးဟီး..." ပြန့်ရှင်းချန်က ရုတ်တရက် ရူးနှမ်းစွာရယ်တယ်။ သူက အုပ်စုကိုကြည့်ပြီး ယုတ်မာစွာစပ်ဖြီးဖြီးလုပ်လေတယ်။

"ဖုန်းညာန်ကို သတ်ဖို့အတွက်နဲ့ ဒီဆန်းကြယ်ဘုံကို ဖန်တီးခဲ့တယ်ထင်နေတာလား"

"ဘာဆိုလိုတာလဲ" ကူယွဲ့ရင်ထိတ်သွားတယ်။

"မင်းတို့ ဖုန်းညာန်မူလဝိညာဉ်ကို ပြန်ရသွားတော့ရော ဘာဖြစ်လဲ၊ မင်းတို့အားလုံး မကြာခင် သူ့လို ဖြစ်လာတော့မှာပဲ - မင်းတို့ ဘယ်တော့မှ ပြန်ဝင်စားရတော့မှာမဟုတ်ဘူး" သူက ရယ်ပြီး အော်ဟစ်နေတယ်။

"ငါ နတ်ဘုရားအစစ်အမှန် ဖြစ်မလာနိုင်ရင် မင်းတို့အားလုံး ငါနဲ့အတူပျက်စီးရမယ်"

"မင်းဘာပြောလိုက်တယ်" တစ်အုပ်စုလုံး အံ့ဩတကြီးရေရွတ်လိုက်ကြတယ်။ ပြန့်ရှင်းချန်က စည်းတံဆိပ်တစ်ခု ဖန်တီးပြီး သူ့ဝိညာဉ်နဲ့အတူ ခန္ဓာကိုယ်ကပါ ပြိုကွဲစပြုလာတယ်။ သူတို့က ကြွေထာ်မြေထည်တွေနဲ့ လုပ်ထားတဲ့အတိုင်းပဲ။ နောက်တော့ ကျိုးပဲ့နေတဲ့အစအနတွေက သူတို့မျက်စိရှေ့မှောက်မှာတင် ပျောက်ကွယ်သွားခဲ့တယ်။

"ဒါ... ပူဇော်မှုပဲ" ပိုင်ဇယ် အံ့ဩတကြီးရေရွတ်လိုက်တယ်။

သူတို့ဘယ်သူမှ မတုံ့ပြန်နိုင်ခင် မြေကြီးကတုန်ယင်စပြုလာတယ်။ ဆန်းကြယ်ဘုံတစ်ခုလုံး ပျက်စီးစ ပြုလာတယ်။ အဝေးကနေ အော်ဟစ် ငိုကြွေးသံတွေပါ ခပ်တိုးတိုးကြားနေရတာ။။အလင်းတန်းနီတွေက သူတို့ခေါင်းပေါ်ကနေတစ်ဆင့် တောက်ပနေတယ်။

"ဘာတွေဖြစ်နေတာလဲ"

"အပြင်မှာ" ကူယွဲ့ မော့ကြည့်ကာ အော်လိုက်တယ်။

"ဒီဆန်းကြယ်ဘုံက ပျက်စီးနေပြီ၊ အပြင်ထွက်ကြရအောင်"

သူတို့ဓားကိုတက်စီးပြီး အပေါ်ကို ပျံသန်းလာခဲ့တယ်။ သူတို့ ဆန်းကြယ်ဘုံက ထွက်ထွက်ချင်း ပြင်းထန်လှတဲ့အလင်းတန်းနီကြီးကြောင့် မျက်စိကျိန်းသွားတယ်။ အပြင်ဘက်ကအလင်းတန်းနီတွေက ကောင်းကင်ထိ တန်းတန်းမတ်မတ်ရောက်ပြီး တစ်ကမ္ဘာလုံးကို အပိုင်းပိုင်းဖြတ်တောက်တော့မဲ့ပုံမျိုး ဖြစ်နေတော့တယ်။

…

272

အခန်း ၂၇၂ ။ ကမ္ဘာဖျက်ဆီးအင်းကွက်

"ပြန့်ရှင်းချန်က စောနက အင်းကွက်အတွက် ပူဇော်မှုတွေအဖြစ် ဝိညာဉ်တွေကိုသုံးခဲ့တာပဲ၊ သူ တခြားအင်းကွက်တစ်ခုခုကို အသက်သွင်းခဲ့တာပဲဖြစ်ရမယ်" ပိုင်ဇယ် အထိတ်တလန့် ရေရွတ်လိုက်ပြီး လူတိုင်းကို အလင်းတန်းနီလမ်းကြောင်းက ထွက်ဖို့ ဟန်ပန်ပြလိုက်တယ်။

သူတို့တွေ တုံ့ဆိုင်းမနေဘူး။ သူတို့ဓားပေါ်တက်ပြီး အလင်းတန်းနီကြီးတွေဆီကနေ ဝေးနိုင်သမျှဝေးဝေး ပြေးထွက်လာခဲ့တယ်။ သူတို့ပြန်လှည့်ကြည့်ချိန် အလင်းနီကြီးက တစ်လောကလုံးကို ရစ်ပတ်ထားတဲ့ ပင့်ကူမျှင်တွေလို မိုးကုပ်စက်ဝန်းတစ်လျှောက် မြန်ဆန်စွာပျံ့နေတာ မြင်လိုက်ရတယ်။ အလင်းတန်းတစ်ခုစီက ‌တိမ်တိုက်တွေထိ ရောက်လာတာများ မြေအောက်လောကတစ်ခုလုံး အလင်းနီ ဖုံးလွှမ်းသွားတဲ့အထိပဲ။

မြေကြီးကခုဆို ပိုပြီးတောင် တသိမ့်သိမ့်တုန်လာတယ်။ အင်းကွက်က မမြင်ရတဲ့တစ္ဆေတွေရဲ့ ငိုသံတွေကို ပိုကျယ်လောင်လာစေတယ်။ အသံတွေက အာခေါင်ခြစ်အော်နေပြီး နားကွဲမတတ်။ ခရီးသွားဝိညာဉ်တွေက ပြင်းထန်စူးရှတဲ့ နာကျင်မှုတစ်မျိုးမျိုးကို ခံစားနေရသလိုမျိုး အကာအကွယ်ရှာဖို့ ကြိုးစားနေခဲ့တယ်။

"အဲဘက်ကနေ မ‌တူညီတဲ့ အရှိန်အဝါတွေလာနေတာကို အာရုံခံမိတယ်" ယိချင်းက ရုတ်တရက် သူ့ညာဘက်ကို လက်ညှိုးထိုးပြီး အော်တယ်။

"အဲဘက်မှာ၊ ဘုံနှစ်ခုဆက်စပ်နေတဲ့နေရာ"

လူအုပ်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြတယ်။

"သွား"

သူတို့တစ်ဖက်လှည့်ပြီး မြေအောက်ဘုံထွက်ပေါက်ဆီ ပျံသန်းခဲ့တယ်။ နဂိုက တစ်နာရီလောက်ကြာမဲ့ခရီးက ခုဆို ဆယ်မိနစ်တောင် မပြည့်‌ဘူး။ သူတို့ လောကကြီးနှစ်ခုရဲ့ ကန့်လန့်ဖြတ်ပိုင်းမှာ ရောက်နေတာ မြင်လိုက်ရတယ်။ ဒါက သူတို့မြန်တာမဟုတ်ဘဲ... မြေအောက်ဘုံက ကျုံ့လာတာ။

Σ(°△°|||)

အလင်းတန်းဖြူကြီး ပေါ်လာတယ်။ လေထဲ အလင်းရောင်ဖျော့ဖျော့ နံရံတစ်ခုက ကမ္ဘာနှစ်ခုကြား ပေါ်လာပြီး မြေအောက်လောကကို အပြင်လူတွေဆီကနေ ချိတ်ပိတ်ထားလိုက်တယ်။ နံရံပေါ်မှာတော့ အမျိုးအမည်မသိတဲ့ အင်းကွက်တချို့။ အဲအင်းကွက်တွေက မြေအောက်ဘုံမှာ ပြည့်သွားတဲ့ အနီရောင်အလင်းနဲ့ ထိတွေ့ချိန် မမြင်ရတဲ့ အားတစ်ခုက အလင်းရောင်နံရံကို မြေအောက်လောကဆီ ဆွဲခေါ်နေတယ်။

အလင်းနံရံက သူတို့နဲ့နီးလာလေ မြေအောက်ဘုံက ပိုမှောင်လာပြီး ကောင်းကင်ဘုံကပိုကြီးလာတယ်။ ကြည့်ရတာ မြေအောက်ဘုံက ဝါးမျိုခံရတော့မလိုမျိုး။ ဘာကြောင့်မှန်းမသိ အလင်းနံရံက ထိမိတဲ့လေလွင့်ဝိညာဉ်တစ်ခုချင်းစီကို နာကျင်စွာအော်ဟစ်ပြီး ပျောက်ကွယ်သွားစေတယ်။

ပိုပြီးအံ့ဩစရာကောင်းတာက အလင်းနံရံအနောက်ဘက်မှာရှိနေတာက မရေမတွက်နိုင်တဲ့ ကောင်းကင်မျိုးနွယ်တွေ။ တစ်ယောက်ချင်းစီက တူညီတဲ့ဂါထာကို ဖန်တီးနေတယ်။ ကြည့်ရတာ သူတို့က အလင်းနံရံကို မြေအောက်ဘုံဆီ တွန်းပြီး တစ်ခုလုံးကို ဝါးမျိုအောင် ပူးပေါင်းနေကြတဲ့ပုံပဲ။ သူတို့ ရင်းနှီးနေတဲ့ လူတချို့ကို ခပ်ဝါးဝါးမြင်လိုက်ရတယ်။

"အဲဒါ... ရှိကျင်းတွေလား"

"ဖုန့်စန်း လုံကျန်း" ကူယွဲ့ရှေ့တက်ကာ အော်လိုက်တယ်။

"ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ၊ အဲဒါ ဘာအင်းကွက်လဲ"

နှစ်ယောက်က ကူယွဲ့လှမ်းအော်တဲ့စကားကို တစ်လုံးမှမကြားသလိုမျိုး ပြန်မဖြေကြ။ သူတို့က မျက်နှာသေတွေနဲ့ အင်းကွက်ကိုဆက်ပြီး အလုပ်လုပ်နေတယ်။

"သူတို့ရဲ့ ကောင်းကင်ဝိညာဉ်တွေက တစ်ယောက်ယောက် ထိန်းချုပ်ထားတာခံနေရတာပဲ၊ သူတို့က အင်းကွက်နဲ့ တစ်သားတည်း ဖြစ်ပြီး ကျုပ်တို့ပြောနေတာ တစ်ခုမှမကြားတော့ဘူး" ပိုင်ဇယ့်အမူအရာက မည်းမှောင်သွားတယ်။

"တခြားသူတွေလည်း အတူတူပဲ"

သူတို့ အင်းကွက်အပြင်ဘက်က မရေမတွက်နိုင်တဲ့ စစ်တပ်ကြီးကို မယုံကြည်နိုင်စွာ ကြည့်နေမိရင်း စိုးရိမ်နေတယ်။ အပြင်မှာ အနည်းဆုံး တစ်သောင်းလောက်တော့ ရှိတယ်။ ဘယ်လိုလူက အဲလောက် ဝိညာဉ်အများကြီးကို တစ်ယောက်တည်း တစ်ပြိုင်နက်ထိန်းချုပ်နိုင်မှာလဲ - ပြီးတော့ ကောင်းကင်ဝိညာဉ်တွေလေ။

"သူတို့အားလုံးက ကောင်းကင်မျိုးနွယ်တွေပဲ၊ ဘယ်လိုလုပ်..." ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး မျက်လုံးပြူးသွားတယ်။ သူရှန်းရင်ဘက် လှည့်ပြီး တစ်ပြိုင်နက် အော်လိုက်မိတယ်။

"အကြွင်းအကျန်ဝိညာဉ်တွေ"

အားလုံး မျက်နှာအရောင်အသွေး ‌ယုတ်လျော့ကုန်တယ်။ သူတို့တွေးမိတာက သူတို့ပဲ အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးခဲ့သူတွေပေါ့။ ကြည့်ရတာတော့ အင်းကွက်အပြင်က မရေမတွက်နိုင်တဲ့ စစ်တပ်ကြီးကလည်း အကြွင်းအကျန်ဝိညာဉ်တွေ ဆုံးရှုံးထားပုံပဲ။ ဆိုလိုတာကတော့ ကောင်းကင်လောကရဲ့ လူဦးရေတစ်ဝက်ကျော်လောက်က ထောင်ချောက်ထဲ ကျသွားခဲ့တဲ့ သဘောပဲ။

ဟိုလီရှစ်၊ သူတို့ ဒါက အတော်လေး အထင်ကြီးဖို့ကောင်းတာ ဝန်ခံရမယ်။ တစ်ယောက်ယောက်က မြေအောက်လောကကို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားတာ အသိသာကြီး။ ဒါပေမဲ့ ဘယ်သူက အဲလိုမျိုး လုပ်ချင်မှာလဲ။

ကူယွဲ့ တစ်ဖက်လှည့်ပြီး ယိချင်းကို အနားဆွဲခေါ်လိုက်တယ်။ သူက အသံတိုးကာ ညွှန်ကြားလိုက်တယ်။

"စားဖိုမှူး၊ ပိုင်ဇယ် ဒီအင်းကွက်ကနေ မြန်မြန် ဝေးဝေးပြေးနိုင်သမျှပြေးတော့" အလင်းနံရံက စက္ကန့်နဲ့အမျှ သူတို့နားတိုးလာပြီး ဖျက်ဆီးတဲ့ အရှိန်အဝါပါ ယူဆောင်လာတယ်။ မေးခွန်းမရှိ သူတို့ထဲက တစ်ယောက်ယောက် အလင်းနံရံကို ထိတာနဲ့ သူတို့က တခြား လေလွင့်ဝိညာဉ်တွေလိုမျိုးပဲဖြစ်လာမှာ - သူတို့ဝိညာဉ်တွေ လွင့်ပျောက်သွားလိမ့်မယ်။

သူတို့ရွေးစရာမရှိဘဲ နောက်ပြန်ဆုတ်လိုက်တယ်။ ကူယွဲ့က စိုးရိမ်တကြီး လူအုပ်ကို စစ်ဆေးလိုက်တယ်။

"သူတို့ကို ထိန်းချုပ်နေတဲ့သူက ဘယ်သူလဲဆိုတာ ငါတို့အမြန်ရှာရမယ်၊ မဟုတ်ရင် မြေအောက်လောကတစ်ခုလုံး သွားလိမ့်မယ်"

"အကြီးအကဲကူယွဲ့ ကြည့်ပါဦး" ရွှမ်ထုံက ရုတ်တရက် ညာဘက်ကို လက်ညှိုးထိုးကာ အော်ဟစ်တယ်။

သူတို့အားလုံးလှည့်ကြည့်လိုက်တော့ သူတို့ရဲ့ညာဘက် သိပ်မဝေးတဲ့နေရာမှာ အလင်းနံရံကနေ မြေအောက်လောကရဲ့ အမှောင်ထုကို ဖြတ်သန်းပြီး အနက်ရှိုင်းဆုံးအက်ကြောင်းဆီ အဖြူရောင်အလင်းတန်းကြီး တန်းတန်းမတ်မတ် ပစ်ထုတ်လေတယ်။ တစ်စုံတစ်ယောက်က လမ်းဖန်တီးနေသလိုပဲ။ သူတို့ အဖြူရောင်သဏ္ဌာန်တစ်ခုက အလင်းတန်းကြီးက တစ်ဆင့် ပျံသန်းသွားတာကို ဝိုးတဝါးမြင်လိုက်ရတယ်။

"အဲဒါကြိုးကိုင်သူပဲ နေမယ်၊ လိုက်ကြ"

ကူယွဲ့ အော်လိုက်တယ်။ သူတစ်ဖက်လှည့်ကာ ဓားပေါ်တက်ပြီး အဖြူရောင်ပုဂ္ဂိုလ်ကို လိုက်မီဖို့ ကြိုးစားလိုက်တယ်။ ကျန်တဲ့သူတွေလည်း သူ့နောက်ကနေ နီးကပ်စွာလိုက်လာခဲ့ကြတယ်။

သူ့ရှေ့က လူက ပိုမြန်လာတယ်။ သူတို့အားလုံး အရှိန်ကုန်လိုက်နေတာတောင် အဲလူရဲ့ကျောကိုပဲ ခပ်ဝါးဝါးမြင်ရတယ်။

ကူယွဲ့က အံကြိတ်ကာ အရှိန်ထပ်မြှင့်လိုက်တယ်။

"ဖေဖေနျို" ရှန်းရင်က ရုတ်တရက် လှမ်းအော်ပြီး သူ့ကို ပြန်ဆွဲထားတယ်။

ကူယွဲ့ ဓားပေါ်ကနေ ပြုတ်ကျတော့မလို့။

"ရှန်းရင် မင်း-"

"အဲမှာမြစ်တစ်စင်းဟ" သူမ ရွှမ်ထုံနဲ့ ပိုင်ဇယ့်ကိုပါ ပြန်ဆွဲထားပြီး အော်လိုက်တယ်။

ယင်မြစ်

ကူယွဲ့က တောင့်တင်းသွားတယ်။ ဒီလိုမျိုးအရာက မြေအောက်လောကမှာရှိနေတာကို သူမေ့သွားခဲ့တာ။ သူ အဝေးမှာ အဖြူရောင်အစက်လေးပဲ မြင်ရတော့တဲ့ ပုဂ္ဂိုလ်ကိုလှမ်းကြည့်ပြီး စိတ်လောလာတယ်။

"ငါတို့ ကွေ့ပတ်သွားဖို့လိုတယ်-"

"နှေးလွန်းတယ်" သူက ရှန်းရင်ကို သူတို့ကို မြစ်နေကွေ့ပတ်ခေါ်သွားပေးဖို့ အကြံပေးမလို့ရှိသေး သူမက ကြားဖြတ်ပြောတော့တယ်။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူရုတ်တရက် မကောင်းတဲ့ခံစားချက်ရလိုက်တယ်။

"ခဏ ရှန်းရင် မဟုတ်မှလွဲရော မင်း..."

သူ စကားမဆုံးခင် သူ့လည်ထောင်တင်းကြပ်သွားတယ်။ ရုတ်တရက် သူ အရာအားလုံးကို မြန်ဆန်စွာ ကျော်ဖြတ်လာခဲ့တယ်။ ပတ်ဝန်းကျင်က ဝိုးတဝါးမျဉ်းကြောင်းတွေ ဖြစ်လာပြီး လေပြင်းတွေ သူ့နားဘေးကနေ တိုက်ခတ်သွားတယ်။ သူ့ဘေးမှာတော့ သူ့လိုမျိုး ပုံစံတူ ဆွဲခေါ်လာခံရတဲ့ သုံးယောက်။

လေးယောက်သား ။ ။ "..."

(⊙_⊙)

မျက်စိတစ်မှိတ်အတွင်း စောနလေးကတင် အဖြူစက်လေးသာ ဖြစ်နေခဲ့တဲ့လူက နောက်တစ်ကြိမ် မြင်သာလာခဲ့တယ်။ နောက်ထပ်တဝီဝီလည်သံနဲ့အတူ သူတို့ အဖြူရောင်ဝတ်ရုံနဲ့လူရှေ့ ရပ်နေပြီဆိုတာ သိလိုက်ရတယ်။

သူက ဝတ်ရုံဖြူ ဝတ်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်မွှေးဖြူနဲ့ လူကြီးတစ်ယောက်ပဲ။ သူက ပြုံးစစဖြစ်ပြီး ဖော်ရွေတဲ့ အဘိုးအိုတစ်ယောက်နဲ့တူတယ်။ သူ့မျက်နှာပေါ် ဆိုးယုတ်တဲ့အရိပ်အယောင် တစ်စက်မှမရှိ။ သူက မြေအောက်လောကကို ဖျက်ဆီးဖို့ စိတ်ဝင်စားမဲ့သူမျိုးနဲ့ မတူဘူး။

"မင်းပဲ" အဘိုးကြီးက မျက်မှောင်ကြုတ်ကာ ကူယွဲ့ကိုကြည့်တယ်။ သူက ဒါကိုတစ်လျှောက်လုံး ခန့်မှန်းထားသလိုမျိုး လုံးဝသွေးမပျက်။

"ငါ့ခန့်မှန်းချက်တွေက မှန်တယ်၊ မင်းက တကယ့်ကို ပုံသေမဟုတ်ဆုံးပဲ"

"ခင်ဗျားသိ... ဝေါ့" ကူယွဲ့စကားမဆုံးခင် အမူမရာပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ နှောင့်နှေးနေတဲ့ မူးဝေမှုက ရုတ်တရက် သူ့ကိုထိန်းချုပ်သွားပြီး တစ်ဖက်လှည့်ကာ အန်ရတော့တယ်။ သူ့မျက်နှာတစ်ခုလုံး အစိမ်းရောင်သန်းသွားခဲ့တယ်။

သူ့အမူအရာက တခြားလူတွေကိုပါ စနက်ပျိုးပေးလိုက်တဲ့ပုံ။ ယိချင်း၊ ပိုင်ဇယ်နဲ့ ဂျပုလေးတို့ပါ တစ်ယောက်ပြီးတစ်ယောက် လှည့်အန်ကြတော့တယ်။ သူတို့အားလုံး သည်းခြေရည်တွေပါ အန်ထုတ်ကုန်ကြတယ်။

အဲလိုနဲ့ပဲ မြင်ကွင်းက လူနှစ်ယောက် မျက်နှာချင်းဆိုင်နေပြီး လေးယောက်က ထိန်းချုပ်မရအောင် အန်နေတယ်။

ရှန်းရင် ။ ။ "..."

အဘိုးကြီး ။ ။ "..."

အငွေ့အသက်က အတော်လေး အနေရခက်သွားတယ်...။

-_-|||

ဒီလိုဖြစ်လာမယ်ဆိုတာ သူသိပြီးသား။ ရှန်းရင်က သောက်ကျိုးနည်း မြန်လွန်းတယ် ကူယွဲ့ ဂါထာတချို့ ဖန်တီးပြီး နောက်‌ဆုံးမှာတော့ ဆက်အန်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ သူရှေ့ကလူကို လှည့်ကြည့်လိုက်တယ်။

"ဘယ်သူများ-"

သူစကားမဆုံးခင် တည်ငြိမ်မှု ပြန်ရသွားပြီဖြစ်တဲ့ ပိုင်ဇယ်က တအံ့တဩ ရေရွတ်လာတယ်။

"ဟုန်ယွီရှန်းကျွင်း"

…

273

အခန်း ၂၇၃ ။ ဝိညာဉ်ထိန်းချုပ်သိုင်း

အဲလူက သတိပြန်ဝင်လာချိန် သူ့အေးဆေးပြီး ကြင်နာတဲ့ဟန်ပန်အမူအရာကို ဆက်ပြီး ထိန်းထားတယ်။ ပိုင်ဇယ့်ကိုပြုံးပြကာ သူကပြောလာတယ်။

"ပိုင်ဇယ်ရှန်းကျွင်း၊ အတော်ကြာပြီနော်"

"ဘာလို့ ခင်ဗျားဖြစ်နေတာလဲ" ပိုင်ဇယ်က သူ့မျက်လုံးကိုတောင် သူမယုံနိုင်။ သူ ဟုန်ယွီနဲ့ အဆက်အဆံရှိခဲ့တာ အတော်ကြာပြီ။ တစ်ဖက်လူက လောကကြီးရဲ့တခြားရေးရာတွေကို စိတ်ထဲမထားသူအနေနဲ့ အမြဲသတ်မှတ်ခဲ့တာလေ။ သူက အမြဲကြင်နာပြီး ဘယ်သူနဲ့မှ ပဋိပက္ခ မဖြစ်ဖူးဘူး။

သူက ကောင်းကင်လောကတစ်ခုလုံးမှာ ကျင့်ကြံဆင့်အမြင့်ဆုံးဆိုပေမဲ့ တောရိုင်းသားရဲတွေကိုတောင် အန္တရာယ်မပေးဘူး။ သူက သူ့ကိုယ်ပိုင်သိုင်းတွေကိုတောင် တခြားသူနဲ့ မျှဝေချင်တဲ့လူစားမျိုး။

"ဟုန်ယွီ၊ ခင်ဗျား... တကယ်ပဲ မြေအောက်လြောကို ဖျက်‌ဆီးချင်နေတာလား"

ဟုန်ယွီ့အပြုံးက ပိုပြီးတောင် ပီပြင်လာတယ်။ အနေခက်မှုမရှိ သူကပြောတယ်။

"ဒါက ဘဝပေးတာဝန်ပဲ"

"ဘာလို့လဲ" ပိုင်ဇယ်က မြေအောက်လောကကို ဖျက်ဆီးချင်သူက သူလို့ လုံးဝမ‌စဉ်းစားဖူးဘူး။

"ငါလုပ်သမျှက သုံးလောကရဲ့ ဘုံသားတွေအတွက်ပဲ"

"သာမန်လူတွေအတွက်လား၊ မြေအောက်ဘုံ မရှိဘဲ သုံးလောကရဲ့သက်ရှိတွေက ဘယ်လို ပြန်ဝင်စားနိုင်မှာလဲ"

"ငါပြန်လည်ဝင်စားမှုတွေ ထပ်မလိုချင်တော့ဘူး"

ပိုင်ဇယ် တန့်သွားတယ်။

"ဘာဆိုလိုတာလဲ"

ဟုန်ယွီ့မျက်လုံးထဲ တိမ်ဖုံးသွားပြီး မျက်နှာက တည်ငြိမ်နေဆဲ။ တစ်အောင့်ကြာတော့ သူကဖြေတယ်။

"ပိုင်ဇယ်၊ ငါက မင်းနဲ့ကွာခြားတယ်၊ ငါက ရှေးဟောင်းကာလတည်းက အသက်ရှင်လာခဲ့တာ၊ ငါ့အနီးစပ်ဆုံးမိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုထားသွားကြတာ မြင်ခဲ့ရတယ်၊ မိတ်ဆွေပဲဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် သံသရာစက်ဝန်းထဲဝင်သွားတာနဲ့ အားလုံးကို မေ့သွားကြတယ်၊ ငါက တစ်ယောက်တည်း ကျန်ရစ်နေခဲ့ရတာ၊ သူတို့ဝိညာဉ်က တူတူပဲဆိုပေမဲ့ အရင်တုန်းကလူ မဟုတ်တော့ဘူး၊ ငါ သူတို့ကို ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ ထပ်တလဲလဲ စဉ်းစားနေခဲ့တာ"

ဟုန်ယွီက အတိတ်က နာကျင်စရာအပိုင်းကို ပြန်စဉ်းမိသွားဟန် သက်ပြင်းချတယ်။ သူ့မျက်လုံးတွေက အရည်လဲ့နေဆဲ။

"ဒီလောကမှာ သေမျိုးပဲဖြစ်ဖြစ်၊ အမတပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ဘယ်သူမှ တကယ်တော့ ထာဝရ အသက်မရှင်နိုင်ဘူး၊ အမတတွေရော နတ်ဘုရားတွေရောပဲ၊ တစ်နေ့ကျရင် ငါတို့အားလုံး ကြွေဆင်းသွားရမှာ၊ သံသရာစက်ဝန်းထဲဝင်ပြီးရင် ငါတို့အားလုံးက တခြားသူဖြစ်လာမှာ"

သူ့အမူအရာက မည်းမှောင်သွားပြီး လူအုပ်ကြီးကို အာရုံစိုက်တယ်။

"သုံးလောကထဲကလူတိုင်း ထာဝရအသက်ရှင်မှုကို ရှာဖွေနေကြတယ်၊ သေမျိုးတွေက မသေမျိုးကို တက်လှမ်းချင်ပြီး အမတတွေကတော့ နတ်ဘုရား ဖြစ်ချင်တယ်၊ တစ်ဖက်မှာတော့ နတ်တွေက... ကြွေလွင့်ရသေးတာပဲ၊ ငါက ပထမဆုံး ရှေးဟောင်းနတ်ဘုရားတွေကြား တစ်ယောက်တည်းသော အသက်ရှင်ကျန်ရစ်သူပဲ၊ လူတွေက ချီလင်းတွေနဲ့ လိပ်နက်တွေကို မှတ်မိကြသေးရဲ့လား၊ ငါစဉ်းစားမိတာ ငါတို့မှာ အကန့်အသတ်မရှိတဲ့ဘဝ ရှိရဲ့သားနဲ့ ဘာလို့ ငါတို့အားလုံး အဆုံးသတ်ကို ကြုံတွေ့နေရသေးတာလဲ"

သူက ရုတ်တရက် စပ်ဖြီးဖြီး လုပ်ပြီး အရင်အတိုင်း သူ့ကြင်နာတဲ့အမူအရာ ပြန်ဖြစ်သွားတယ်။ သူ့ကိုယ်က နတ်ဘုရား‌အရောင်အဝါတွေ ထွက်လာတယ်။

"နောက်ကျ ငါ‌နောက်ဆုံးတော့ နားလည်သွားခဲ့တယ်၊ သံသရာစက်ဝန်းကြောင့် ဒီလောကထဲ ဘယ်သူ့မှာမှ အစစ်အမှန် ထာဝရအသက်ရှင်မှုဆိုတာ မရှိဘူး"

ပိုင်ဇယ်က လန့်သွားပြီး သူ မြေအောက်ဘုံကို ဘာလို့ဖျက်ဆီးချင်ရလဲဆိုတာ နားလည်သွားခဲ့တယ်။

"ခင်ဗျားက ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်‌ဆီးချင်တာပဲ"

"သံသရာစက်ဝန်းမရှိရင် ပြန်လည်ဝင်စားမှုဆိုတာ မရှိဘူး" ဟုန်ယွီက မတုန်မလှုပ်ဖြေတယ်။

"မြေအောက်ဘုံမရှိရင် ပြန်လည်ဝင်စားမှုစင်မြင့်ဆိုတာ ရှိမှာမဟုတ်ဘူး၊ သုံးလောကထဲက သက်ရှိတွေက ဘယ်တော့မှ သံသရာစက်ဝန်းထဲ ဝင်စရာမလိုရင် သေခြင်းရှင်ခြင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ အဲဒါကမှ ထာဝရအသက်ရှင်မှု အစစ်အမှန်ပဲ - သုံးလောကထဲက သက်ရှိတိုင်း ပိုင်ဆိုင်မဲ့ ထာဝရအသက်ရှင်မှု"

"ခင်ဗျား..." ပိုင်ဇယ့်မျက်လုံးပြူးသွားတယ်။

"ခင်ဗျားရဲ့အဲအင်းကွက်က လေလွင့်ဝိညာဉ်တွေ ဘယ်လောက်တောင်သတ်မိလိုက်လဲဆိုတာ သိရဲ့လား၊ ပြန်လည်ဝင်စားမှုစင်မြင့် မရှိရင် သူတို့ ပြန်ဝင်စားနိုင်တော့မှာမဟုတ်ဘူး၊ သူတို့ဒီလောကထဲကနေ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်"

နာကျင်သွားတဲ့အကြည့်က ဟုန်ယွီရဲ့မျက်နှာပေါ် ဖြတ်ပြေးသွားပြီး မျက်လုံးတွေမှိတ်လိုက်တယ်။

"အဲဒါက လိုအပ်တဲ့စတေးမှုပဲ"

ပိုင်ဇယ့်ရင်ထဲ တင်းကြပ်သွားတယ်။ ကူယွဲ့က ရှေ့တက်ကာ အမတဓားဆွဲထုတ်လိုက်တယ်။ ဒါ သူ့ကိုယ်ပိုင်အကြံတွေထဲ ငြိတွယ်နေတာ အသိသာကြီး။ ညှိုနှိုင်းဖို့ နားထောင်မှာမဟုတ်ဘူး။

"ခင်ဗျား မြေအောက်ကမ္ဘာကို ဖျက်ဆီးမှာ ကျုပ်တို့ခွင့်မပြုနိုင်ဘူး"

ဟုန်ယွီက ကူယွဲ့ကို ခေါင်းစခြေဆုံးကြည့်ပြီး အမူအရာက ဖတ်မရ။

"မင်းက တကယ်ပဲ ဖြစ်နိုင်ခြေ အများဆုံးပဲ၊ ပြန့်ရှင်းချန်ကို မင်းအသွင်ယူခိုင်းပြီး ကောင်းကင်ကို ပိတ်ခိုင်းခဲ့တာတောင် မင်းက ကောင်းကင်ဘုံကို ရောက်လာနိုင်သေးတယ်"

ကူယွဲ့ တန့်သွားတယ်။

"ခင်ဗျား ကျုပ်ကို သိတာလား" ကူယွဲ့တော့ ဟုန်ယွီ့ကို ဘယ်တုန်းကမှမမြင်ဖူးတာ သေချာတယ်။

"မင်းက ငါ့အကြီးမားဆုံး အတားအဆီးဖြစ်လာမယ်ဆိုတာ ခန့်မှန်းခဲ့ရုံပါ" သူက ကူယွဲ့က ခုအရေးမကြီးတော့ဟန် ပြုံးတယ်။

"ဒါပေမဲ့ အခုပုံစံအရတော့ မင်းက ငါ့ကိုမတားနိုင်တော့ပါဘူး"

ဒါပေမဲ့ ကူယွဲ့က ဟုန်ယွီဘာဆိုလိုလဲဆိုတာ နားမလည်နိုင်ခင် ဟုန်ယွီက လက်ကိုယမ်းကာ အဖြူရောင်အလင်းတောက်ပနေတဲ့ အကြည်ရောင်ဖန်လုံးတစ်လုံးကို ပြသလာတယ်။ အဲကနေ ထွက်လာတဲ့အရှိန်က သိပ်ကိုကြီးမားတာပဲ။

လူအုပ်က နောက်ကို တစ်လှမ်းဆုတ်သွားပေမဲ့ ဟုန်ယွီက ရှေ့ကိုပျံသန်းသွားနှင့်ပြီ။

"ရပ်... ဟိုလီရှစ် ပိုင်ဇယ် မင်းဘာလုပ်နေတာလဲ" သူတို့ ဟုန်ယွီ့ကိုတားဖို့ရှိသေး ပိုင်ဇယ်က ရုတ်တရက် ဓားကို ဆွဲထုတ်ကာ တစ်ဖက်လှည့်လာပြီး သူတို့ကိုတိုက်ခိုက်တော့တယ်။ ကူယွဲ့ အလိုလို ရှောင်လိုက်နိုင်ပေမဲ့ ပိုင်ဇယ်က သူတို့ဆီ ဆက်ဦးတည်လာနေတယ်။

"ပိုင်ဇယ် ခင်ဗျား သူ့ကိုတကယ်ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား၊ စားဖိုမှူး ကူ"

သူ စားဖိုမှူးကို အကူအညီလှည့်တောင်းချိန် ထိတ်လန့်တကြား မျက်လုံးပြူးသွားခဲ့တယ်။

ဘာကြောင့်မှန်းမသိ စားဖိုမှူးကလည်း သူ့ဓားကိုဆွဲထုတ်လာတယ်။ သူက ကူယွဲ့ကို ကူဖို့မလုပ်ဘဲ ရှန်းရင်ကို စတင်တိုက်ခိုက်လေရဲ့။

"ရှန်းရင်"

"ဟမ်" ရှန်းရင် လှည့်လိုက်တော့ ယိချင်းဓားက သူမဘေးကနေဖြတ်သွားပြီး မြေကြီးပေါ် ထိုးစိုက်သွားတာ တွင်းကြီးတစ်ခုပါ ပေါ်လာလေတယ်။

"ယိချင်း" ကူယွဲ့က သူ့ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။ ပိုင်ဇယ်နဲ့ယိချင်းကို သေချာ စစ်ဆေးကြည့်တော့မှ နှစ်ယောက်လုံးက ငိုင်တိုင်တိုင်အမူအရာဖြစ်နေတာမြင်တော့ ချက်ချင်း ဖုန့်စန်းနဲ့ လုံကျန်းကို သတိရသွားခဲ့တယ်။

"ချီး ရှန်းရင် သူတို့နှစ်ယောက်လုံးက ဟိုအဘိုးကြီးဟုန်ယွီထိန်းချုပ်တာခံနေရတာ" ကူယွဲ့ ပိုင်ဇယ့်ဆီက နောက်ထပ်တိုက်ခိုက်မှုကို ရှောင်ပြီး ပြောလိုက်တယ်။

"ပိုင်ဇယ်နဲ့ စားဖိုမှူးရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက သူ့လက်ထဲမှာပဲ"

ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ဟုန်ယွီပျံသန်းသွားတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ ဝေးဝေးကြီးမပျံသွားသေးဘူး။ တကယ်တော့ သူရပ်နေခဲ့တဲ့နေရာကနေ မြင်နေရဆဲပဲ။ သူက သူတို့ကို လက်ယမ်းပြပြီး သူတို့ပတ်လည်က အမှောင်ထုက ချက်ချင်းကွယ်ပျောက်သွားတယ်။ ဟုန်ယွီက တစ်စုံတစ်ရာကို ဖွင့်လိုက်တဲ့ပုံပဲ။ ရွှေရောင်အလင်းတန်းကြီးတစ်ခု ကောင်းကင်ဆီ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့တယ်။

"ဒါ ပြန်လည်ဝင်စားမှုစင်မြင့်ပဲ" ကူယွဲ့ အော်လိုက်တယ်။

ရှန်းရင်က ဟုန်ယွီ့ဆီ ပျံသန်းဖို့လုပ်ပေမဲ့ ယိချင်းက သူမရှေ့ ပြေးဝင်လာကာ လမ်းပိတ်‌လေတယ်။

သူမ ရပ်လိုက်တယ်။

"စားဖိုမှူး"

"သူက ထိန်းချုပ်ခံထားရတာ၊ အသိစိတ်မရှိဘူး၊ မင်းကိုတိုက်ခိုက်ဖို့ သူ့အကြွင်းအကျန်ဝိညာဉ်ထဲက အသိစိတ်ကိုသုံးနေရုံပဲ"

ကူယွဲ့ သူမကို သတိပေးလိုက်တယ်။

"သူက မင်းကိုနားထောင်မှာ မဟုတ်ဘူး"

တကယ်ပဲ ယိချင်းက ရှန်းရင်ကို မတုံ့ပြန်ဘူး။ သူက ရှန်းရင်ကို ရှိနေတဲ့နေရာမှာ ပိတ်လှောင်ထားဖို့ ဂါထာတစ်ခုသုံးလေတယ်။ မျက်နှာသေနဲ့လက်ကိုယမ်းပြီး ဓားမိုးတွေ ရွာစေတော့တယ်။ အေးစက်တဲ့ဓားတွေက ရှန်းရင်ကိုဦးတည်နေတယ်။ ယိချင်းက ဘေထဲပျံတက်သွားတာနဲ့ ဓားမိုးတွေ ရှန်းရင်ပေါ် ရွာချတော့တယ်။

ရှန်းရင် အူကြောင်ကြောင် စိုက်ကြည့်နေပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။

ဓားတွေက သူမဆီရောက်ခါနီးဆဲဆဲ။

ကူယွဲ့ အလန့်တကြား လှမ်းအော်လိုက်တယ်။

"ရှန်းရင်၊ ဂျပု-"

သူစကားမဆုံးခင် အသံတစ်သံထွက်လာတယ်။ မရေမတွက်နိုင်တဲ့ အမတဓားတွေ... ရှန်းရင်ရဲ့ ပတ်ပတ်လည်ကို ကျဆင်းလာတယ်။

သူတို့တွေက သူမကို အထဲမှာပိတ်လှောင်ထားတဲ့ ဓားစက်ဝိုင်း ဖြစ်သွားလာလေရဲ့။

ရှန်းရင်က သူမလည်ပင်းပေါ် အလေးချိန် ပိကျလာတာခံစားလိုက်ရတယ်။ သူမ ကိုင်းလိုက်တော့ နှုတ်ခမ်းကို တစ်စုံတရာ ပြွတ်ခနဲဝင်တိုက်လာတာမို့ နှုတ်ခမ်းနား ပူလောင်သွားခဲ့တယ်။

ဟမ်။

ကူယွဲ့ ။ ။ "..."

ရွှမ်ထုံ ။ ။ "..."

ရှန်းရင် ။ ။ "..."

(⊙_⊙)

ဒါ... သူ့မသိစိတ် အလုပ်လုပ်နေတာလား။ ရှန်းရင် ခေါင်းထဲ ဗလာကျင်းသွားတဲ့ အခိုက်အတန့်ပဲ။ အရေးကြီးတာက ခြေဖျားထောက်ရပ်နေပြီး သူမလည်ပင်းကို ဖက်ထားတဲ့လူက နမ်းတဲ့နေရာမှာ အတွေ့အကြုံမရှိတာ အသိသာကြီး။ သူက သူမနှုတ်ခမ်းတွေကို ပွတ်ပဲပွတ်နေပြီး နောက်တော့ လျှာကို ထုတ်ကာ... သူမမျက်နှာကို တံတွေးနဲ့ ဖုံးသွားစေခဲ့တယ်။

"..."

ရှန်းရင်က နှုတ်ခမ်းထောင့်ဖျားတွေ တွန့်ချိုးသွားတယ်။ သူမ ယိချင်းကို အနားကနေ ခွာထုတ်လိုက်တယ်။

"ဖေဖေနျို၊ ငါ သူ့ကိုသတ်လို့ရလား"

ကူယွဲ့ ။ ။ "..."

ကူယွဲ့က သူမကိုမဖြေနိုင်ခင် ပိုင်ဇယ်က အင်းကွက်ထဲကနေ ဖောက်ထွက်ပြီး သူ့ကိုနောက်တစ်ကြိမ် တိုက်ခိုက်လာပြန်တယ်။ ဟိုလီရှစ်၊ ပိုင်ဇယ်က သူ့ကိုသတ်ဖို့ထွက်လာပြီ။ နှစ်ယောက်လုံးက သူတို့မသိစိတ်အရ ဆောင်ရွက်နေကြတာလေ - ယိချင်းက ဘာလို့အဲလောက်ကောင်းကောင်း စွမ်းဆောင်နေရတာလဲ။

All Chapters