အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
277
အခန်း ၂၇၇ ။ အလိုအလျောက်ပြုပြင်မှု
ဗီဒီယိုတစ်ခုက စခရင်ပေါ် သွားနေပြီး ကူယွဲ့က စင်ပေါ်ရပ်နေတယ်။ သူက ခပ်ဩဩအသံနဲ့ တစ်စုံတစ်ရာကို မိတ်ဆက်နေတယ်။ တစ်ခါတလေ သူ့အသံကမြင့်သွားလိုက် တစ်ခါတလေ သူ့အသံကတိုးသွားလိုက်နဲ့။ နောက်ခံသီချင်းတွေလည်း အမျိုးမျိုးထွက်နေတယ်။
ဒါ... ခပ်ပေါပေါဟာသအသံပြင်ဗီဒီယိုလား။ ဖေဖေနျိုလည်း ဒီလိုဟာတွေကြည့်တယ်ပေါ့
"အတော်လေးတော့ လုပ်ထားတာ ပီပြင်သားပဲ" ရှန်းရင် မှတ်ချက်ပြုလိုက်တယ်
"ငါ့ခြေထောက်ကို ကောင်းကောင်းလုပ် အဲမျက်နှာကိုကြည့်ဟ" သူက ဗီဒီယိုကိုလက်ညှိုးထိုးပြီး သူ့ကိုယ်သူပါ လက်ညှိုးထိုးလိုက်တယ်။
"ငါနဲ့တစ်ပုံစံတည်းပဲ"
"ပြီးတော့ရော"
"ဒါက လွန်ခဲ့တဲ့၂နှစ်ကဟာလေ" ကူယွဲ့က ဗီဒီယိုခေါင်းစဉ်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒါက ငါမကူးပြောင်းခင် ငါတို့ဂိမ်းတစ်ခုရဲ့ ဖြန့်ချိပွဲမှာဆိုတာ မှတ်မိတယ်၊ အဲအချိန်တုန်းက ငါမကူးပြောင်းရသေးတော့ ခန္ဓာကိုယ်ကို လေ့ကျင့်တာ မစသေးဘူး၊ ငါ အဲလိုပုံစံ ပေါက်နေသင့်တာ မဟုတ်ဘူးလေ"
သူက ပြောရင်း Baidu ဆီ ပြန်ပြောင်းဖွင့်လိုက်တယ်။
[မှတ်ချက် ။ ။ တရုတ်ရှာဖွေရေးဝက်ဆိုက်]
သူ့အကြောင်း သတင်းတွေကိုထပ်ရှာလိုက်တော့ တစ်ပုံချင်းစီက ကူယွဲ့ရဲ့လက်ရှိပုံစံကိုပဲ ပြသနေတယ်။
"ဒီပုံတွေကို ကြည့်ပါဦး၊ အခု ငါ့ရဲ့ပုံစံနဲ့ တစ်ထပ်တည်းပဲ၊ ငါ ရုံးခန်းဆီလည်း ပြန်သွားပြီးပြီ၊ ငါ အရင်ကနဲ့ မတူဘူးဆိုတာ ဘယ်သူမှမသိဘူး"
"အိုး" ရှန်းရင်က တစ်ခဏစဉ်းစားပြီး မေးလိုက်တယ်။
"မျက်နှာပြင်က သူ့အမှားကို သူ့ဘာသာပြင်သွားတာဖြစ်နိုင်လား" ရှန်းရင်က သူမကီးဘုတ်ကို ဆက်ပြီးနှိပ်နေရင်း ပြောလာတယ်။
"နင်က ဒီကမ္ဘာဆီကလေ၊ မတော်တဆကူးပြောင်းသွားပြီး တရားဝင်လမ်းကြောင်းတွေကနေ ဖြတ်သန်းခဲ့တာ မဟုတ်ဘူး၊ အခုကျ ပြန်ရောက်လာပြီ၊ ကမ္ဘာကြီးက နင့်တည်ရှိမှုကို ယုတ္တ်ရှိအောင် လုပ်ဖို့ ကြိုးစားနေတာနေမှာပေါ့"
အလိုအလျောက် ပြုပြင်မှုလား။
ကူယွဲ့ တုံ့ဆိုင်းနေတယ်။
"ပြောရရင် မင်းကလွဲ တခြားလူတိုင်းက တစ်လျှောက်လုံး ငါကအဲရုပ်ပဲလို့ ထင်ကြမှာလား"
"ဟုတ်တယ်" ရှန်းရင် လက်ယမ်းပြလိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ နင့်ကို သက်ရောက်မှုမရှိပါဘူး"
"ဒါတွေအားလုံးကို မင်း ဘယ်လိုသိတာလဲ"
ရှန်းရင်က သူ့ကို လေးနက်စွာကြည့်လာတယ်။
"ဒါက မျက်နှာပြင်တွေအကြောင်း ယေဘုယျဗဟုသုတ မဟုတ်ဘူးလား"
ငါ့ဖင်ကို ယေဘုယျဗဟုသုတ သူ့မှာ ဘယ်လိုလုပ် ဒီလိုဗဟုသုတ ဘယ်တုန်းကမှမရှိရတာလဲ။
"ခဏ" ကူယွဲ့က ရှန်းရင်ခုလေးတင် ပြောသွားတာကို ဖြည်းဖြည်းဆေးဆေး စဉ်းစားတွေးတောလိုက်တယ်။
"ငါက ဝိညာဥ်ကူးပြောင်းဖို့ကို တရားဝင်လမ်းကြောင်းတွေကတစ်ဆင့် မသွားခဲ့ဘူးလို့ မင်းပြောတယ်နော်၊ တခြားနည်းနဲ့ ပြောရရင်... ဒီကမ္ဘာမှာ ဝိညာဉ်ကူးပြောင်းဖို့ တရားဝင် လမ်းကြောင်းတွေ ရှိတယ်ပေါ့"
"ထင်တာပဲလေ" ရှန်းရင်က အကြည့်လွှဲလိုက်တယ်။
"ရှိတာလား၊ မရှိတာလား"
"ငါလည်း မသိဘူး" ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။
"ငါက မျက်နှာပြင်တွေနဲ့ သိပ်ပြီး အထိအတွေ့ မရှိဘူး - အဲမှာ ဘွဲ့မရထားဘူး"
"ဒါတွေကို ကျောင်းမှာ သင်လို့ရတာမို့လို့လား" ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။
"မင်း ဒီအကြောင်းတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲ"
ရှန်းရင်လက်က တုန်ယင်စ ပြုလာပြီး သူမရဲ့စာရိုက်သံက အများကြီး ပိုနှေးသွားလေတယ်။ သူမရဲ့ မျက်နှာပြင်ထက် မသိသာတဲ့ အမူအရာ ဖြတ်ပြေးသွားတယ်။ တစ်အောင့်ကြာတော့ သူမ ပြန်ဖြေလိုက်တယ်။
"နင် မသိတာက ပိုကောင်းမယ် ထင်တာပဲ"
ကူယွဲ့က ရုတ်တရက် တစ်ခုခု တွေးမိသွားသလိုမျိုး သူမကို မျက်လုံးတွေ မှေးကြည့်လိုက်တယ်။
"မင်းအစ်မကြီး မဟုတ်လား"
"..." ရှန်းရင် ကြက်သီးထသွားတယ်။
"သူဘယ်မှာလဲ၊ ငါ့ကို သူ့ဆီခေါ်သွားပေး"
"မသိဘူး၊ သူက တစ်ခါတလေ ၁လ၂လလောက် အဝေးရောက်နေတတ်တယ်၊ ဒါပေမဲ့..." ရှန်းရင်က လေးနက်တဲ့အမူအရာနဲ့ တစ်ဖက်လှည့်သွားတယ်။
"နင် သူ့ကို မရှာတာပိုကောင်းတယ်"
"ဘာလို့လဲ" ကူယွဲ့ ကြောင်သွားတယ်။ သူက သူမကိုမရှာရင် ကိစ္စတွေကို ဘယ်လိုအတည်ပြုဖြေရှင်းမလဲ။
"မဟုတ်တာ၊ ငါသူ့ကိုတွေ့မှဖြစ်မယ်၊ ငါသူ့ကို ဒီမှာပဲစောင့်မယ်"
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါက ငါ့အိမ်နော် နင်-"
သူမ စကားမဆုံးခင် ကူယွဲ့က အိုင်ပတ်ပေါ် တတောက်တောက်နှိပ်လိုက်တယ်။ ရှန်းရင်ဖုန်းက သူမဘေးကနေ မြည်လာတယ်။
[တီတီ WeChat မှ *** ဒေါ်လာ လက်ခံရရှိ]
"ကောင်းပါပြီ ဖေဖေနျို၊ ပြဿနာမရှိပါဘူး ဖေဖေနျို" ရှန်းရင်မျက်လုံးတွေ တလက်လက် တောက်ပသွားတယ်။
"နင် ဘယ်အခန်းမှာနေချင်လဲ၊ ကော်ဖီသောက်ချင်လား၊ နွားနို့ရော သကြားရောလိုချင်သေးလား"
"..." တကယ့်ငစားပဲ။
ကူယွဲ့က ဈေးပေါပေါအစုတ်ပလုတ်လေးကို မျက်ဆန်လှန်ပြလိုက်တယ်။ ရုတ်တရက် ရှန်းရင် စခရင်ပေါ်က တစ်စုံတရာက သူ့အာရုံကိုဖမ်းစားသွားခဲ့တယ်။
"ဟုတ်သား၊ မင်းစောနက ကီးဘုတ်ကို ဆက်တိုက်နှိပ်နေတာ... ခဏ၊ ဒီအချက်အလက်ဘဏ်က ငါ့ကုမ္ပဏီက မဟုတ်ဘူးလား၊ မင်း အခုဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး" ရှန်းရင် စိတ်လှုပ်ရှားစွာ ရယ်လိုက်တယ်။
"ငါ စောနက နင့်စနစ်ထဲ သိမ်းထားမိတဲ့ အသုံးမဝင်တဲ့အချက်အလက်တချို့ကို ဖျက်နေရုံပါ"
"အချက်အလက်လား" ကူယွဲ့ အမူအရာ မှောင်မည်းသွားတယ်။
"ဒါဆို ဘာလို့ ငါ့အွန်လိုင်းဂိမ်းဒေတာဘေ့စ်ပေါ်မှာ မင်းကိုမြင်ခဲ့ရတာလဲ"
"အာ..." ရှန်းရင် လည်ချောင်းရှင်းလိုက်တယ်။
"ပြီးတော့ ငါတစ်လက်စတည်း ငါ့အွန်လိုင်းဂိမ်းဒေတာအချက်အလက်တွေကိုပါ ပြောင်းခဲ့မိတယ်။
"..." ငါ-ိုး တခြားသူ တွေအာရုံမခံနိုင်ဘူးဆိုတာကြောင့်နဲ့ အွန်လိုင်းဂိမ်းဒေတာရင်းမြစ်တွေကို ပြောင်းနေတာ တော်တော့ဟ
ရှန်းရင်က ဂိမ်းကို ပြန်ဖွင့်နေပြီဖြစ်ပြီး လော့ဂ်အင်ဝင်ရောက်ကာ ဆယ်မိနစ်အတွင်း ပြိုင်ဘက်သတ်တာ ခံလိုက်ရလေတယ်။
သူမကို ထုထောင်းချင်နေသော ကူယွဲ့ ။ ။ "..."
-_-|||
သူမရဲ့ ဟက်ကင်းအရည်အချင်းတွေက ဂိမ်းကစားတဲ့အရည်အချင်းနဲ့ လုံးဝကို ပြောင်းပြန် အချိုးကျနေတာပဲ။ ဒါက... တစ်မူထူးနေတာပဲ။
ဘယ်လိုလုပ် အဲလောက်မြန်မြန် အသတ်ခံရတာတုံး။
"တကယ်ပဲ ဆယ်ဆအကာအကွယ်က အလုပ်မဖြစ်ဘူး၊ အဆတစ်ရာပြောင်းသင့်တယ်"
"..." တော်လောက်ပြီ - မင်း ဂိမ်းထဲက ရန်သူတွေအားလုံးကိုသာ ဖျက်လိုက်ပါတော့။
(╯°Д°)╯┻━┻
ကူယွဲ့က အသက်ပြင်းပြင်းရှူပြီး သူ့ဘေးက အင်တာနက်စွဲလမ်းနေသူနဲ့တူတဲ့ အမျိုးသမီးကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူက မျက်လွှာချကာ သက်ပြင်းချတယ်။
"ရှန်းရင်၊ မင်း အဲကမ္ဘာဆီ မပြန်ချင်ဘူးလား"
ရှန်းရင်က တန့်သွားပြီး နောက်ဆုံးတော့ စခရင်ကနေ မော့ကြည့်တယ်။
"ဖေဖေနျို နင်ပြန်ချင်လို့လား"
သူတုံ့ဆိုင်းနေပြီး လက်သီးဆုပ်ထားမိတယ်။ တစ်ခဏနေတော့ သက်ပြင်းချလိုက်ပြန်တယ်။
"အင်း"
ဒီကမ္ဘာမှာ ၄၊ ၅ ရက်ပဲရှိသေးပေမဲ့ အဲဘက်ဘုံမှာတော့ သူနှစ်ရာချီနေခဲ့ပြီးပြီ။ သူ အဲကဘဝကို ကျင့်သားရနေခဲ့ပြီလေ။ သူ နဂိုက ဒီကမ္ဘာကဖြစ်တာတောင် ဒီကမ္ဘာက ခုသူ့လက်ရှိပုံစံနဲ့ အတော်လေးကို အစိမ်းသက်သက် ဖြစ်နေသလိုပဲ။ သူရင်းနှီးနေတဲ့အရာအားလုံးက တစ်ဖက်ဘုံမှာ ရှိနေတယ်။
"ငါ ပြန်သွားချင်တယ်"
"အိုး" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ တစ်အောင့်နေတော့ သူမကပြောတယ်။
"ဒါပေမဲ့... တကယ်လို့ ငါနင့်ကို ပြန်ပို့ဖို့နည်း ရှိရင်တောင် မိစ္ဆာနတ်ဘုရားက နင်တစ်ယောက်တည်း ပြန်သွားရင် ဒီပြန်ပို့လိုက်လိမ့်မယ်"
ကူယွဲ့က နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားတယ်။ သူ ဒါကိုစဉ်းစားမိပြီးသား။
"အဲဒါကြောင့် သောက်ကျိုးနည်း မင်းပါလိုက်ခဲ့ဖို့လိုတာပေါ့"
"ငါအဲမှာ အကြာကြီးနေလို့မရဘူး" ရှန်းရင်က ပခုံးတွန့်တယ်။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..." ရှန်းရင် ရှင်းပြမို့ရှိသေး တစ်စုံတရာကို အမှတ်ရသွားကာ မျက်လုံးပြူးသွားတယ်။
"ဟုတ်သားပဲ၊ ဒီနေ့က ဘာနေ့လဲ၊ ဘယ်အချိန်ရှိပြီလဲ"
"ဟမ်" ကူယွဲ့က တုံ့ဆိုင်းသွားပြီး လျှပ်စစ်ပြက္ခဒိန်ကို လှမ်းကြည့်တယ်။
"၁၀ရက်နေ့ မဟုတ်ဘူးလား၊ နေ့လယ်ရောက်တော့မယ်"
ရှန်းရင်က ဖြူဖျော့သွားကာ ထိုင်ခုံကနေ ထခုန်တော့တယ်။
"မဖြစ်တော့ဘူး၊ နင်အခု ခဏထွက်သွားဖို့လိုတယ်၊ မြန်မြန်"
"ဘာ"
"အချိန်မရှိတော့ဘူး" ရှန်းရင်က ကူယွဲ့ကို တံခါးအပြင်တွန်းထုတ်နေရင်းမှ နာရီကိုကြည့်ပြီး ပြန်ဆွဲထားလိုက်တယ်။
"မြန်မြန်ပုန်းနေတော့"
"ခဏ" ကူယွဲ့ တုံ့ပြန်ဖို့အချိန်မရလိုက်သေးခင်မှာတင် သူမက သူ့ခေါင်းကို စားပွဲအောက် တွန်းထည့်တော့တယ်။
သောက်ကျိုးနည်းဟ။
Σ(°△°|||)
နောက်အခိုက်အတန့်မှာ ရှန်းရင်ကွန်ပျူတာကနေ တီခနဲ အသံထွက်လာတယ်။ ပုံရိပ်က လှစ်ခနဲ ဖြစ်သွားပြီး ရှန်းရင်နဲ့ ၈၀ရာခိုင်နှုန်းတူတဲ့ အမျိုးသမီးက စခရင်ပေါ် ပေါ်လာတယ်။
"ရှောင်ရင်" အမျိုးသမီးက အသံနက်နက်နဲ့ စကားပြောလာတယ်။
ရှန်းရင်ကြက်သီးထသွားတယ်။ သူမက ငေးကြောင်ကြောင် လှည့်သွားပြီး အတင်းအကြပ် ပြုံးလိုက်တယ်။ သူမလည်း ခပ်နက်နက်အသံနဲ့ ပြန်ဖြေလိုက်လေတယ်။
"... မကြီး"
"ရက်တွေအကြာကြီး နားပြီးတာတောင် ဘာလို့ ဖြူဖျော့နေတာလဲ" စခရင်ပေါ်က အမျိုးသမီးက မျက်မှောင်ကြုတ်တယ်။
"နင် အပျင်းတစ်ပြီး လျှောက်သွားပြန်ပြီလား"
"မဟုတ် မဟုတ်ပါဘူး" ရှန်းရင်က ချက်ချင်း ခပ်မတ်မတ် ထိုင်လိုက်ပြီး အသည်းအသန် ခေါင်းယမ်းတော့တယ်။ သူမ ကျောမတ်မတ်ထိုင်နေရင်း ပြောလိုက်တယ်။
"ငါ ဘယ်မှမသွားပါဘူး၊ လိုအပ်တဲ့နောက်ဆက်တွဲအလုပ်တွေ အားလုံးလည်း ပြီးပါပြီ၊ တကယ်ပါ"
သူမ ချွေးပြန်စ ပြုလာတော့တယ်...။
…
278
အခန်း ၂၇၈ ။ မျက်နှာပြင်စီမံထိန်းသိမ်းမှု
"ကောင်းပြီလေ" အမျိုးသမီးက ခေါင်းညိတ်ပြီး အဲကိစ္စကိုဆက်ပြီးဖိအားမပေးတော့ဘူး။ သူမက ခေါင်းစဉ် ပြောင်းလိုက်တယ်။
"နယ်ပယ် T98 ထဲက အချိန်နဲ့ အကွာအဝေးမုန်တိုင်းအပေါ် နင့်သုံးသပ်ချက်ရလဒ်က ဘာလဲ"
"ငါပို့ပြီးပါပြီ"
"ကောင်းသားပဲ၊ နင်ဒီတစ်ကြိမ် ဖြေရှင်းတာ အတော်ကောင်းတယ်၊ အဲဒါကြောင့် ဒီတစ်လ နားရက် အပိုထပ်ရတာ၊ ဒါပေမဲ့အရမ်းကြီး ကမြင်းကြောထမနေနဲ့၊ နင် အချိန်တန်ရင်တော့ အလုပ်ပြန်လာလုပ်ရမှာပဲ"
"အိုး"
"ဒီရက်ပိုင်း များများစားစား ဖြစ်တာမရှိဘူး၊ နင် အိမ်မှာပဲကွေးမနေနဲ့၊ အပြင်လေးဘာလေး လမ်းလျှောက်ဦး၊ နင့်အတွက် နေရာတချို့ပြင်ပေးစေချင်လား"
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း... မလိုပါဘူး" မကြီးစီစဉ်ပေးတဲ့နေရာ သွားပြီးရင် ပြန်မလာနိုင်တော့မှာကြောက်တယ်။
"ဘာလို့လဲ၊ နင်မကြိုက်ဘူးလား" အမျိုးသမီးမျက်နှာက ဆူပုတ်သွားတယ်။
ရှန်းရင် ရင်ထိတ်သွားတာ လည်ချောင်းထဲထိ ရောက်လာသလိုပဲ။ သူမက အသည်းအသန် နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ပြန်တယ်။
"ဟင့်အင်း၊ ဒါပေမဲ့... အားလပ်ရက်တစ်ရက်ပဲ ကျန်တော့တာလေ၊ အလုပ်ကို မသက်ရောက်စေချင်လို့ပါ ဟဲဟဲ"
"အင်း နင်ဒီလို စဉ်းစားတယ်ဆိုတော့ ငါစိတ်အေးသွားပြီ" အမျိုးသမီးက ခေါင်းညိတ်တယ်။
"ငါ ဒီလမုန့်ဖိုးကို နင့်အကောင့်ထဲ လွှဲပေးလိုက်မယ်၊ ခဏနေစစ်ကြည့်"
"ဟုတ်ကဲ့ မကြီး"
"အဲဆိုလည်းဒါပဲ၊ ခုတလော နယ်ပယ် C မှာ ပြဿနာတချို့ ပေါ်နေတဲ့ပုံပဲ၊ နောက်လ ဆောင်းဦးလလယ်ပွဲတော်ကြားထဲ ပြန်လာဖြစ်လောက်တယ်၊ နင့်အတွက်ပါ လမုန့်တချို့ ယူလာခဲ့မယ်"
"ကျေးဇူးတင်ပါတယ် မကြီး နောက်မှတွေ့မယ်နော် မကြီး"
"အင်း" အမျိုးသမီးက ခေါင်းညိတ်ပြီး ဆက်သွယ်မှုရပ်ဖို့ လက်လှမ်းလိုက်ပြီးတဲ့နောက် ရုတ်တရက် ရပ်သွားတယ်။
"အော် ဟုတ်သား၊ နင့်ဘေးက အဲလူက ဘယ်သူလဲ"
"ဟမ်" ရှန်းရင် နှလုံးတန့်သွားခဲ့တယ်။ သူမကျောပြင်တစ်ခုလုံး ချွေးတွေနဲ့ ရွှဲရွှဲစိုနေပြီ။
"ဘာ... ဘယ်သူ"
အမျိုးသမီးမျက်နှာအမူအရာက မည်းမှောင်သွားတယ်။
"စားပွဲအောက်ကလူလေ၊ နင့်ညာဘက်ခြေထောက်နဲ့ ထိုးသိပ်ခံထားရတဲ့သူ"
"... မ- မဟုတ်" ရှန်းရင် ဖြေဖို့ ရုန်းကန်နေရတာ သိသာတယ်။
"အိုး တကယ်လား" အမျိုးသမီးအသံက အေးစက်သွားတယ်။ သူမက လက်ယမ်းလိုက်တော့ ရုတ်တရက် အလင်းရောင်မျက်နှာပြင်က အိမ်ထဲပေါ်လာတယ်။ အခန်းရဲ့ထောင့်တိုင်းကို လင်းထိန်သွားစေတာများ ကြားကွက်လက်တစ်နေရာမှ မကျန်ခဲ့ဘဲ အမျိုးသမီးကို တိုက်ခန်းရဲ့၃၆၀ ဒီဂရီမြင်ကွင်းပြသနေလေတယ်။ စခရင်က လေထဲ လွင့်မျောနေတယ်။ စောနက အမျိုးသမီးကို ပြသနေတဲ့ စခရင်က ရုတ်တရက် ရှန်းရင်ခြေထောက်အောက် အင်မတန်ငြိမ်သက်စွာထိုင်နေတဲ့ ကူယွဲ့ကို ပြသလာတယ်။
ရှန်းရင်က ခြေထောက် တုန်ယင်သွားပြီး။ သူမက ညာဘက်ခြေထောက်ကို အလိုလိုရုတ်လိုက်တယ်။
ကူယွဲ့ ကုန်းရုန်းထလာပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။
"ဟိုလီရှစ် နောက်တစ်ကြိမ် လူတစ်ယောက်ကို ခြေထောက်နဲ့ထိုးသိပ်ထည့်ရင် မျက်နှာတက်မနင်းလို့ မရဘူးလား" သူမက သူ့ကိုသတ်ဖို့ကြိုးစားနေတာလား။ အသက်ရှူကြပ်နေပြီ
"ရှန်း.. ရှောင်.. ရင်" အမျိုးသမီးက အင်မတန် ကျောချမ်းစရာလေသံနဲ့ လှမ်းခေါ်တယ်။ သူမနာမည်ထဲတောင် 'ရှောင်' ဆိုပြီး ထပ်ပေါင်းထည့်နေပြီ ရှန်းရင် ရင်ထိတ်သွားတယ်။
"အဲအိမ်မှာပဲနေ၊ ငါအဲကိုငါးမိနစ်အတွင်း ရောက်မယ်"
"ခဏ မ... ငါ့စကားနားထောင်ပါဦး" ရှန်းရင် စခရင်ဆီ လက်လှမ်းလိုက်ပေမဲ့ နောက်ကျလွန်းသွားပြီ။ တိုက်ခန်းထဲက အလင်းရောင်စခရင်က ချက်ချင်းမှောင်သွားတယ်။ သူမစခရင်ကလည်း ဂိမ်းဇာတ်ကောင်အလောင်းကို ပြန်ပြနေပြီ။
အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ ရှန်းရင် သူမရင်တဒိတ်ဒိတ် ခုန်နေတာကို ကြားနေရသလိုပဲ။ မျက်ရည်တွေလည်း အိုင်စပြုလာတယ်။
(இдஇ;)
——————
အမျိုးသမီးက ငါးမိနစ်ပဲ ကြာမယ်ပြောပေမဲ့ နှစ်မိနစ်တောင်မကြာဘဲ ရောက်လာတယ်။ အိမ်တစ်ခုလုံး ရှုပ်ပွသွားတာပဲ။ တစ်ယောက်ယောက်က ဝင်မွှေသွားသလိုမျိုးနီးပါးတောင် ဖြစ်နေတယ်။ လူတစ်ယောက်စာ တွင်းကြီးတစ်ခု ပေါ်လာတယ်။
ဒါ... နေရာရွှေ့ပြောင်းတာပဲ။
ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ကူယွဲ့က မတုံ့ပြန်နိုင်ခင် ရှန်းရင်နဲ့ ၈၀ရာခိုင်နှုန်းတူတဲ့ အမျိုးသမီးက တွင်းထဲကထွက်လာပြီး အနီရောင်ဝတ်ထားတယ်။ သူမက အေးစက်တဲ့အကြည့်နဲ့ သူတို့ကို စေ့စေ့စပ်စပ်ကြည့်တယ်။ သူမလုပ်တာက သူ့ကိုခေါင်းစခြေဆုံး ကြည့်ရုံဆိုပေမဲ့ ကူယွဲ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားတယ်။ သူရပ်နေတဲ့နေရာကနေ ရှန်းရင်ရဲ့ အကြောက်တရားကို အာရုံခံမိတယ်။ သူ တစ်ခါမှ သူမကို အဲလိုမမြင်ဖူးဘူး။ သူ့ခြေထောက်တွေကို ပျော့ခွေအောင် လုပ်နေတယ်။
"ရှန်း..." သူ အလိုလို ရှန်းရင်ဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ သူမ ဆိုဖာက ခေါင်းအုံးတစ်လုံးကို ကြမ်းပြင်ပေါ်ပစ်ချကာ အဲပေါ် ဒူးထောက်လိုက်တယ်။
"မကြီး၊ ငါမှားပါတယ်"
ကူယွဲ့ ။ ။ "..."
(⊙_⊙)
ရဲဘော်ရဲဘက်စိတ် ဘယ်မှာလဲဟ။
အမျိုးသမီးက မျက်မှောင်ကိုကြုတ်ကာ ပိုပြီးတောင် မတ်မတ်ရပ်တယ်။ သူမက ရှေ့ကို ၂လမ်းဆက်လျှောက်လာပြီး ဆိုဖာပေါ်ထိုင်ချကာ ရေနွေးကြမ်းအိတ်တစ်အိတ်ကို ရေနွေးခွက်ထဲ နှစ်ထည့်လိုက်တယ်။ သူမ တစ်ခွက်လုံး သောက်ပြီးတော့မှ သူမက စကားစတယ်။
"နင်ဘာအမှားလုပ်လို့လဲ"
အာ။ ရှန်းရင် တုံ့ဆိုင်းသွားတယ်။ ဟုတ်သားပဲ၊ သူမ ဘာအမှားလုပ်မိလို့လဲ။ အကျင့်အတိုင်း ဒူးထောက်မိတာပဲ။
(⊙ o ⊙)
"နင် အိမ်ကို လူခေါ်လာတာကို မြင်ရတာရှားတယ်"
အမျိုးသမီးက ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။
"နင့်ရည်းစားလား"
ရှန်းရင်နဲ့ ကူယွဲ့ အကြည့်ချင်းဆုံသွားတယ်။ အချင်းချင်းရဲ့မျက်လုံးထဲမှာ အရိုးထဲကနေပါ စိမ့်ထွက်နေတဲ့ ရွံရှာမှုကို မြင်လိုက်ရလေတယ်။
"ဟင့်အင်း" သူမက စိတ်ပိုင်းဖြတ်မှုနဲ့ပြောတယ်
"ဟင့်အင်း" အမှန်တရားစစ်စစ်ပဲ။
"ဒါဆို သူက ဘာလို့နင့်အိမ်ထဲရောက်နေတာလဲ" အမျိုးသမီးအမူအရာက ပြောင်းတောင် မပြောင်းလဲပေမဲ့ အခန်းထဲက လေထုကတော့ ချက်ချင်းပြောင်းလဲသွားတယ်။ လေထုဖိအား ကျလာတာများ ကူယွဲ့ရော ရှန်းရင်ပါ မောဟိုက်စပြုလာတော့တာပဲ။
"ရှောင်ရင်၊ ငါနင့်ကို ဘာသင်ပေးခဲ့လဲ၊ နင် မေ့သွားပြီလား၊ မှတ်ဉာဏ်ထဲစွဲနေအောင် ကူပေးဖို့ ဝန်မလေးဘူးနော်"
"မကြီး နင်ထင်သလို မဟုတ်ပါဘူး"
"အင်း" အမျိုးသမီးက တစ်ခုခုကို သိရှိသွားတဲ့ပုံပဲ။ သူမက ထရပ်ပြီး ရှန်းရင် မေးစေ့ကို လက်ညှိုးနဲ့ပင့်ကာ ခေါင်းစခြေဆုံး စေ့စေ့စပ်စပ်ကြည့်တော့တယ်။ အမျိုးသမီးအမူအရာက မည်းမှောင်နေတယ်။
"နင့်ရဲ့ကိုယ်ပေါ်မှာ ဘာလို့ တခြားမျက်နှာပြင်က ထူးဆန်းတဲ့ အရှိန်အဝါရှိနေရတာတုံး၊ နင် ဒီရက်ပိုင်းမှာ ဘယ်တွေရောက်နေခဲ့တာလဲ"
"တခြားမျက်နှာပြင်ဆီ ရောယောင် ရောက်သွားခဲ့တာပါ"
အမျိုးသမီးအမူအရာက ပျော့ပြောင်းသွားတာမြင်ပြီး ရှန်းရင်က ချက်ချင်း အသေးစိတ်အားလုံးကို ဖောက်သည်ချတော့တယ်။ သူမက ဘာကိုမှ မဖုံးထားတော့ဘူး။ လန်ဟွား အောက်ခံက ဘာအရောင်လဲဆိုတာပါ အဲအမျိုးသမီးကို ပြောပြလေတယ်။
ဒါက ရှန်းရင် စကားအများကြီးပြောတာကို ကူယွဲ့ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ သူမက နှစ်နာရီအပြည့် ဆက်တိုက်ပြောလေတယ်။
အမျိုးသမီးနားထောင်လေ မျက်မှောင်ပိုကြုတ်လာလေပဲ။
"နင်ဆိုလိုတာက တစ်ယောက်ယောက်က ငါ့ခွင့်ပြုချက်မပါဘဲ ဒီမျက်နှာပြင်ကနေ လူတွေကို ဆွဲခေါ်တယ်ပေါ့"
"ဟုတ်ဟုတ်ဟုတ်" ရှန်းရင်က အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။ မကြီး လိုက်သင့်တာ တခြားတစ်ယောက်ကိုပါ။
"နင်အဲရောက်နေခဲ့တာ ဘယ်လောက်ကြာခဲ့လဲ၊ မူမမှန်တာတစ်ခုခု တွေ့ခဲ့လား" အမျိုးသမီးမျက်နှာက မာကြောသွားပြန်ပြီး ရှန်းရင်ကို ပျိုးထောင်ရတာတန်ရဲ့လား သံသယဖြစ်နေပြီ။
"အရင်က မတွေ့ခဲ့ပေမဲ့ နောက်ပိုင်းတွေ့ခဲ့ပါတယ်" မိစ္ဆာနတ်ဘုရား သူမကိုပေးခဲ့တဲ့စာက တကယ်ပဲ သူ့အစ်မလက်ရေး။ ဒါပေမဲ့ နောက်တစ်ခေါက် စဉ်းစားကြည့်တော့ သူ့အစ်မကြီးက ဘယ်တုန်းကမှ စာရွက်ပေါ် မခြိမ်းခြောက်ဖူးဘူး။ သူမကို ချက်ချင်းပဲ ရိုက်ပစ်လိုက်မှာ။
"အစတုန်းကတော့ မကြီးပေးတဲ့ ငါ့အတွက် အားလပ်ရက်တာဝန်လို့ ထင်နေတာ" ပြီးတော့ တကယ်လွယ်တဲ့ဟာပေါ့။
"ဒါဆို..." အမျိုးသမီးက ဖေဖေနျို့ကို လှည့်ကြည့်လိုက်တယ်။
"သူက နင့်စာတမ်းပေါ်က အပိုဆောင်းရမှတ်လား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဘာကြီးလဲ။
"အရင်ထ ငါနင့်ကိုမေးစရာရှိတယ်"
အမျိုးသမီးက မျက်မှောင်ကြုတ်တယ်။
"ဟုတ်ကဲ့မကြီး" ရှန်းရင်က ဆိုဖာပေါ်ခုန်တက်လိုက်တယ်။
"နင် ဒီကိစ္စနောက်ကွယ်က အကြောင်းရင်းကို ကြည့်ခဲ့သေးလား"
"ဖေဖေနျိုက အဓိကအကြောင်းရင်းပါ၊ မျက်နှာပြင်မှာ ချို့ယွင်းချက်အမှားပေါ်လာလို့ ဆင့်ကဲသက်ရောက်မှု ဖြစ်သွားတာ ဖြစ်နိုင်တယ်၊ မကြီး အနားမရှိချိန် ငါက ပိုပြီး ထိရှလွယ်တယ်လေ၊ အဲဒါကြောင့် ငါဆွဲခေါ်ခံလိုက်ရတာနေမယ်"
"နင် အဲက စီမံထိန်းသိမ်းသူနဲ့တွေ့ခဲ့လား"
"ဟင့်အင်း"
"မျက်နှာပြင်အာရုံခံမှုရော"
"တုံ့ပြန်မှုမရှိဘူး"
"မူရင်းမျက်နှာပြင် ဖြစ်နိုင်လား"
"၅၀ရာခိုင်နှုန်းပါ"
"အဲမျက်နှာပြင်ရဲ့ မြေပုံအညွှန်းတွေကဘာလဲ"
"အမတဝိညာဉ်မျက်နှာပြင်ဆိုတာပဲသိပါတယ်"
"အင်း ငါအဲကစီမံထိန်းသိမ်းရေးကို ဆက်သွယ်ပြီး နင့်ပြဿနာကို စိတ်ထဲမှတ်ထားလိုက်မယ်"
အမျိုးသမီးက ရှန်းရင်ကို ခေါင်းစခြေဆုံးကြည့်တော့ အလိုလိုကျုံ့ဝင်သွားတယ်။ နောက်တော့ သူမက အကြည့်လွှဲလိုက်တယ်။
"သူတို့တွေက စည်းကမ်းတွေ မသိဘူးလား၊ ဘယ်လိုလုပ် ငါ့မျက်နှာပြင်ညီပေါ်က လူတွေကို ဆွဲလုရဲတာလဲ" သူမက ထရပ်ကာ စတင်လမ်းလျှောက်တယ်။
"ခဏ" ကူယွဲ့ကြားဖြတ်ပြောပြီး သူတို့နှစ်ယောက်ကို အပြန်ပြန် အလှန်လှန်ကြည့်လိုက်တယ်။
"မင်းတို့နှစ်ယောက် ဘာတွေပြောနေတာလဲ၊ ဘာလို့ ငါတစ်ခွန်းမှနားမလည်ရတာလဲ၊ ဘာမျက်နှာပြင်လဲ၊ ဘာစီမံထိန်းသိမ်းသူလဲ"
သူ ကမ္ဘာကြီးပေါ် ရှိနေသေးရဲ့လား။
"နင် သူ့ကို မပြောထားဘူးလား" အပြင်ကိုလမ်းလျှောက်တော့မဲ့ အမျိုးသမီးက ရှန်းရင်ကို လှည့်ပြောတယ်။
ရှန်းရင်က နှုတ်ခမ်းသပ်ကာ အောက်ကျို့စွာဖြေလိုက်တယ်။
"မကြီးပဲ ငါ့ကိုပြောခွင့်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား"
"ဟေး နစ်နာသူအတွက် စဉ်းစားပေးဦးလေ..." အမျိုးသမီးက ကူယွဲ့ကို ခေါင်းစခြေဆုံးကြည့်ကာ အသံနက်နက်နဲ့ ပြောတယ်။
"ငါက ရှန်းရင်ရဲ့ အစ်မကြီး ဖြစ်ပြီး မျက်နှာပြင်ရဲ့စီမံထိန်းသိမ်းသူ ရှန်းကျင်းပဲ"
"..."
ဟမ်။
…
279
အခန်း ၂၇၉ ။ စွမ်းဆောင်နိုင်မှု စမ်းသပ်ခြင်း
လောကနှစ်ခုကြား ဝိညာဉ်ကူးပြောင်း၊ ရှေးဟောင်းနတ်ဘုရားတွေကို မြင်ဖူးတဲ့သူ၊ အသန်မာဆုံး ရှန်းကျွင်းတွေကို တိုက်ခိုက်ခဲ့သူ၊ ရှန်းရင်ဂိုဏ်းရဲ့ ထိရောက်တဲ့ စီအီးအိုအဖြစ် ဆောင်ရွက်ခဲ့သူအနေနဲ့ ကူယွဲ့ ရုတ်တရက် သူ့ဗဟုသုတကိုပြန်ပြီးအကဲဖြတ်ဖို့လိုသလို ခံစားလိုက်ရတယ်။
ဒါက သူ အမတတွေ၊ သေမျိုးတွေနဲ့ပြည့်နေတဲ့ မျက်နှာပြင်နဲ့ သူတို့အခုရောက်နေတဲ့ ခေတ်သစ်အပြင် တခြားမျက်နှာပြင်တွေ ရှိသေးတယ်ဆိုတာကို ပထမဆုံးကြားဖူးတာပဲ။ ပြီးတော့ ဒီမျက်နှာပြင်တွေအားလုံးရဲ့ တည်ငြိမ်မှုကို စောင့်ကြည့်နေတဲ့ လူတွေကို စီမံထိန်းသိမ်းသူတွေလို့ ခေါ်တယ်။
သူတို့တွေက သူတို့ကိုယ်ပိုင် မျက်နှာပြင်တွေဆီက သက်ရှိအားလုံးရဲ့ သေရေးရှင်ရေးနဲ့ တခြားမျက်နှာပြင်တွေနဲ့ အဆက်အဆံကို ထိန်းချုပ်ရသူတွေပဲ။
"ငါတို့ မျက်နှာပြင်က ဘယ်လောက်ကြီးလဲ" သူ မနေနိုင်ဘဲမေးလိုက်တယ်။
"ဟမ်... စကြဝဠာတစ်ခုလုံးပဲလေ"
ရှန်းရင်က ကိတ်မုန့်တစ်ခုကို ဝါးနေရသလိုမျိုး ဖြေလာတယ်။
"ဒါဆို မင်းအစ်မက တကယ်ပဲ..." သူ့နားသူ ယုံဖို့တောင် ခက်လာတယ်။
ရှန်းရင်က သူနဲ့မတူတဲ့တခြားလောကကလို့ ထင်ခဲ့ပြီးသားဆိုပေမဲ့ နောက်ကွယ်က အကြောင်းရင်းက ဒါလို့မထင်ခဲ့ဘူး။
"အင်း"
"ပြီးတော့မင်းက-"
"ငါ့အစ်မရဲ့... အကူ" ပိုက်ဆံမရတဲ့ဟာမျိုးပေါ့။
ကူယွဲ့ သူမကို နောက်တစ်ကြိမ်ကြည့်ကာ ပိတ်ထားတဲ့ရှေ့တံခါးကို လှမ်းကြည့်လိုက်တယ်။ မယုံကြည်နိုင်သေးစွာနဲ့ သူ ပြောလိုက်တယ်။
"မင်းဘာလို့ မင်းအစ်မကို ကြောက်နေတာလဲ၊ ငါမြင်ရသလောက်တော့ သူက မင်းကို ကောင်းကောင်းဆက်ဆံပုံပါပဲ"
ရှန်းရင် တစ်စုံတစ်ရာကို ပြန်အမှတ်ရသွားသလိုမျိုး နှုတ်ခမ်းကို သပ်လိုက်တယ်။ မလုံမလဲနဲ့ သူမက ဖြေလာတယ်။
"တကယ်လို့ နင့်အသက်၅နှစ်မှာ နင့်ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အင်းစက်မျိုးနွယ်တွေကြား ပစ်ထည့်ခံရတာ၊ အသက်၁၀နှစ်မှာ ကြယ်ကောလိပ်ထဲက စည်းကမ်းတွေအားလုံးကို ကိုယ့်ဘာသာ လေ့လာခိုင်းတာ၊ အသက်၁၅နှစ်မှာ မျက်နှာပြင်ထဲကျုးကျော်မှုတွေကိုတာဝန်ယူရရင် နင်လည်းအဲလိုပဲခံစားရမှာပါ"
ကူယွဲ့က ရင်ထိတ်သွားတယ်။ အင်းဆက်မျိုးနွယ်... ရုပ်ရှင်တွေထဲက အမျိုးအစားတော့ မဟုတ်ဘူးမလား။
"သူက မင်း အဲအင်းဆက်တွေစားတာခံရမှာကိုလုံးဝစိုးမရိမ်ဘူးလား" ကူယွဲ့ ယုံရခက်နေတယ်။
"သူ မင်းနောက်ကို တိတ်တိတ်လေး လိုက်လာလောက်လား"
"လိုက်လာတယ်လေ" ရှန်းရင်ကခေါင်းညိတ်တယ်။
"ငါ့နောက်ကနေ အကြိမ်တိုင်းလိုက်တာ"
"အိုး" ငါသိသားပဲ။
"ပြီးရင် အင်းစက်တွေနဲ့ အုပ်စုဖွဲ့ပြီး ငါ့ကိုတိုက်ခိုက်တာပဲ"
"..." မင်းတို့တွေက ညီအစ်မရင်းတွေရော ဟုတ်ရဲ့လား။
"ခဏ မင်း မူလတန်းကျောင်းမှာ ခဏခဏ နှစ်တွေပြန်တက်ခဲ့ရတယ်လို့ မပြောခဲ့ဘူးလား"
"အင်း"
"ဘာလို့လဲ" သူမက အသက်၁၀နှစ်အရွယ်မှာ ကြယ်ကောလိပ်က စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်တိုင်လေ့လာနိုင်ရင် သူမက ဉာဏ်ကြီးရှင်ပဲ ဘာကြောင့် အတန်းကျမှာလဲ။
"ဖြစ်နိုင်တာက ဘာလို့လဲဆိုတော့... ငါ မိခင်ကြယ်စုရဲ့စာပေစံနှုန်းကို မှားပြီးတွက်ချက်မိခဲ့လို့ပဲ"
"ဘာအဓိပ်ပာယျလဲ"
"ဥပမာ မူလတန်းကျောင်းသားလေးတွေကို အမြဲ ၁နဲ့၁ပေါင်းရင် ၂ ဆိုပြီး သင်ပေးကြတယ်လေ၊ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို အဲတူညီတဲ့မေးခွန်းပဲ မေးရင် နင် အဖြေတူရမလား"
"..." သေချာပေါက် မဟုတ်ဘူးပေါ့။ "အဲတော့"
"ငါက မတော်တဆအဖြေတွေကို ရှုပ်ထွေးအောင် ရေးလိုက်မိတယ်၊ ဆရာမက ငါမေးခွန်းတွေကို လေးစားမှု မရှိဘူးထင်ပြီး သုညပေးလိုက်တာပဲ"
"..." ဆိုလိုတာက သူမရဲ့ ရှုထောင့်က မတူညီခဲ့လို့လား။ ဘာလို့ ရုတ်တရက် သူမအတွက် ဖယောင်းတိုင်ထွန်းပေးချင်မိသွားတာလဲ။
"ငါက အဲတုန်းက ငယ်ခဲ့သေးတယ်လေ၊ အသက်၈နှစ်နေမှ ဘာတွေ ဖြစ်လဲနားလည်ခဲ့တာ၊ ဒါပေမဲ့ ငါ ပထမတန်းမှာ တစ်နေတာ ၃နှစ်လောက်ရှိသွားခဲ့ပြီ"
"..." ကောင်းပါပြီ၊ ငါတို့ဆရာတွေက ကမ္ဘာမြေကြီးကလူတွေအားလုံးကို လုံးဝအရှက်ရအောင် လုပ်ခဲ့တာပဲ။
ကူယွဲ့က တခြားတစ်ခု မေးချင်ပေမဲ့ ရှန်းရင်က ရုတ်တရက် မတ်မတ်ထထိုင်တယ်။ အဲတော့မှ ရှန်းကျင်းက အခန်းထဲက ထွက်လာပြီဆိုတာ နားလည်လိုက်တယ်။ သူမကြည့်ရတာ သိပ်ပြီးတော့ အခြေအနေ မကောင်းသေးပုံပဲ။ သူမရဲ့အမူအရာက အေးစက်နေလွန်းလို့ ပတ်လည်ကလူတိုင်းကို အကြောက်တရား နှိုးဆော်နိုင်လောက်တဲ့အထိလုံလောက်တယ်။
"အဲက စီမံထိန်းသိမ်းသူနဲ့ ဆက်သွယ်လို့မရဘူး" ရှန်းကျင်းက မျက်မှောင်ကြုတ်လိုက်တယ်။
"အဲမျက်နှာပြင်က တကယ်ပဲ မူရင်းမျက်နှာပြင်ပဲဖြစ်မယ် - စီမံထိန်းသိမ်းသူတောင် မရှိဘူး"
"အဲမှာ ဖန်တီးမှု ရှေးဟောင်းနတ်ဘုရား၃ပါးတောင် ရှိတယ်၊ ကျုပ်တို့သူ့ကိုတွေ့ခဲ့တယ်" ကူယွဲ့က အသည်းအသန် ပြောလိုက်တယ်။
"သူတို့တွေက ကျုပ်တို့ကို သူတို့ကမ္ဘာဆီ ဆွဲခေါ်ခဲ့သူပဲ၊ သူတို့က စီမံထိန်းသိမ်းသူတွေ မဟုတ်ဘူးလား"
"သူတို့တွေက အဲလောကကို အဖော်ပြုတဲ့ ကောင်းကင်ဝိညာဉ်တွေသက်သက်ပဲ" ရှန်းကျင်းက စီမံထိန်းသိမ်းသူတွေကို အထင်မသေးဖို့ သတိပေးတဲ့ အကြည့်ကြည့်လာတယ်။
"ဘာဆိုလိုတာလဲ"
"အသက်ဝိညာဉ်ရှိတဲ့ မျက်နှာပြင်တိုင်းမှာ အသိစိတ်ကျန်ရစ်တဲ့ အကြွင်းအကျန်ဖရိုဖရဲရှိတယ်၊ တစ်နေ့ကျရင် အဲအရှုပ်အထွေးတွေက မျက်နှာပြင်နဲ့တစ်သားတည်းဖြစ်လာမယ်"
"တစ်သားတည်းဖြစ်လာတာလား၊ ဆိုလိုတာက သူတို့လည်း ပြန်ဝင်စားမှာပေါ့"
"ဟုတ်တယ်" ရှန်းကျင်းက ခေါင်းညိတ်ပြတယ်။
"စီမံထိန်းသိမ်းသူတွေကတော့ မတူဘူး၊ ငါတို့တွေက လိုအပ်ချက်အရ မျက်နှာပြင်တွေထက် ပိုပြီးတစ်ဆင့်မြင့်တဲ့နေရာမှာ တည်ရှိနေကြတာ"
"ဒါဆို ကျုပ်တို့ အဲမျက်နှာပြင်ဆီ ပြန်သွားလို့ရလား"
"အခြေအနေကို အတည်မပြုရသေးခင်ထိ သွားလို့မရဘူး" ရှန်းကျင်းအသံက လေးပင်သွားတယ်။
"ဒါပေမဲ့ ငါတို့ ဒီကိစ္စကို ဖြေရှင်းမှာပါ၊ ရှောင်ရင်အတွက်ကတော့..." သူမက ဘေးမှာ ပန်းသီးဝါးစားနေတဲ့ အမျိုးသမီးကို လှည့်ပြောလိုက်တယ်။
"နင် ဘာဖြစ်နေတာလဲ"
"အာ" ရှန်းရင် တန့်သွားပြီး ခေါင်းစောင်းလိုက်တယ်။
"ဘာ... ဘာဖြစ်လို့လဲ"
"ငါပြန်လာတည်းက နင်စားနေတာ မလား၊ နင် ရေခဲသေတ္တာဆီ ခြောက်ခေါက်သွားပြီးပြီ၊ ဒီနေ့ မစားရသေးတာလား"
"ဒါပေမဲ့ ငါဗိုက်ဆာနေလို့လေ" ရှန်းရင်က နစ်နာသွားသလိုမျိုးပဲ။
"အစ်မရှန်းကျင်း၊ သူက အမြဲဒီလိုမျိုးပဲ၊ အရင်တုန်းတည်းက စားဖိုမှူးက အများကြီးချက်ပေးရတာ"
ကူယွဲ့က အလိုလိုထပ်ပြောလိုက်တယ်။
ရှန်းကျင်းက သူ့ကို ခေါင်းစခြေဆုံး ကြည့်တယ်။
"ဘယ်သူက နင့်ကို သူက အမြဲဒီလိုပုံစံမျိုးပဲလို့ ပြောခဲ့လို့လဲ"
"အာ" ကူယွဲ့က တုံ့ဆိုင်းသွားတယ်။
တစ်စုံတစ်ရာကို စဉ်းစားမိသလိုမျိုး သူ့မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားတယ်။
သူမက မဟုတ်ဘူးလား။
ရှန်းကျင်းအမူအရာက မည်းမှောင်သွားကာ ထရပ်လိုက်တယ်။
"နှစ်ယောက်လုံး ငါနဲ့အထဲလိုက်ခဲ့ကြ"
သူမကပြောပြီးတာနဲ့ တစ်ဖက်လှည့်ကာ အခန်းထဲ ပြန်ဝင်သွားတယ်။
ကူယွဲ့နဲ့ရှန်းရင်က အကြည့်ချင်းဖလှယ်ကာ သူမအခန်းထဲလိုက်လာခဲ့တယ်။
အဲတော့မှပဲ အထဲကဘယ်လိုမျိုးလဲဆိုတာ ကူယွဲ့မြင်ဖူးတော့တယ်။ ကြောက်ခမန်းလိလိကြီးမားလှတဲ့ ပကတိအဖြူရောင်နေရာပြင်ကြီး။ အခန်းအဆုံးကို မမြင်ရဘူး။ သာမန်တိုက်ခန်းတစ်ခန်း ရှိသင့်တဲ့ပုံစံထက် အရမ်းကို ကြီးမားနေတယ်။
အထဲမှာတော့ သူ့ခါးလောက်မြင့်တဲ့ တိုင်ကလွဲရင် တခြားဘာမှမရှိ။
ရှန်းကျင်းက တိုင်နားလျှောက်သွားပြီး လက်လှမ်းကာ သူမလက်ကို အဲပေါ် တစ်စက္ကန့်လောက် တင်လိုက်တယ်။ အခန်းက ရုတ်တရက် လင်းထိန်သွားတယ်။ ပတ်ပတ်လည်မှာတော့ မရေမတွက်နိုင်တဲ့ မျက်နှာပြင်တွေ ပေါ်လာပြီး ကူယွဲ့နားမလည်တဲ့ ရှုပ်ထွေးတဲ့အဆင်ပုံစံတွေ၊ ကားချပ်တွေပြသနေတယ်။ သူ ရုတ်တရက် အနာဂတ်ရောက်သွားသလိုပဲ။
"နှစ်ယောက်လုံး အဲမှာရပ်နေ" ရှန်းကျင်းက မြေကြီးပေါ် အနီရောင်စက်၂စက် လင်းနေတဲ့ ညာဘက်ကို လက်ညှိုးထိုးပြတယ်။
"ငါ နင်တို့ဒေတာကို စစ်ဆေးချင်တယ်"
နှစ်ယောက်သား ညွှန်ကြားထားသလို လျှောက်ခဲ့ကြတယ်။
ရှန်းကျင်းက စခရင်တွေထဲကတစ်ခုကို တတောက်တောက်ရိုက်ပြီး သူတို့ပတ်လည်မှာ ဒေတာအချက်အလက်တွေ အတွဲလိုက် ပေါ်လာတယ်။ သူတို့တစ်ယောက်စီကို ဝိုင်းထားတဲ့ ဒေတာမျက်နှာ၁ရာကျော် ရှိနေပေမဲ့ ကူယွဲ့ ဘာကိုမှနားမလည်ဘူး။ နောက်ဆုံးမျက်နှာမှာတော့ “SSS” ဆိုတဲ့စာလုံးတွေကို ရေးထားတာ မြင်လိုက်ရတယ်။
သူက ရှန်းရင်ကို အလိုလို လှည့်ကြည့်လိုက်မိတယ်။ သူမဒေတာလည်း ရှုပ်ယှက်ခက်နေတာပဲ။ နည်းနည်းထပ်ပြီး ပြောရရင် ကူယွဲ့ မြင်လိုက်ရတာက ရှုပ်ယှက်ခက်နေတဲ့နံပါတ်တွေ။ အဆုံးမှာတော့ ရေးထားတာက အနီရောင်နဲ့ - "နံပါတ်များ ဗြောင်းဆန်နေ"
"ဘယ်လိုဖြစ်တာလဲ" ကူယွဲ့ ဇဝေဇဝါဖြစ်နေတယ်။ သူ့နှလုံးသားက အလိုလို ရင်ထိတ်သွားခဲ့တယ်။ မျက်ကန်းတောင် ရှန်းရင် တစ်ခုခုပြဿနာရှိနေတာကို မြင်နိုင်တယ်။
ပြီးတော့ သူမက တစ်ချိန်လုံး အများကြီးစားရတဲ့အကြောင်းရင်းလည်း ဖြစ်နိုင်တယ်။
"စမ်းသပ်လို့ မရပါလား" ရှန်းကျင်းက တီးတိုးရေရွတ်တယ်။ သူမအသံက ကူယွဲ့ကို ကြက်သီးထစေတယ်။ အင်မတန်မြန်ဆန်စွာပဲ သူမက ရှန်းရင်နားက ဒေတာတွေကို ထိန်းချုပ်တော့တယ်။ ဒါပေမဲ့ နံပါတ်တွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး အောက်ဘက်က အနီရောင်သတိပေးချက်ကတော့ မပျောက်သွားဘူး။
ရှန်းကျင်းအမူအရာက မည်းမှောင်သထက် မည်းမှောင်လာတယ်။ တစ်အောင့်နေတော့ သူမက တစ်စုံတရာကို နားလည်သွားပုံပဲ။ ဘေးကစခရင်ကို လှည့်ပြီး တတောက်တောက်နှိပ်လိုက်လေတယ်။ ရုတ်တရက် ရှန်းရင်မျက်နှာရှေ့ အကြည်ရောင်စင်တစ်ခုပေါ်လာပြီး အဲပေါ်မှာတော့ ခပ်ဝိုင်းဝိုင်း တပ်ဆင်စရာပစ္စည်း။
"ငါ စစ်ဆေးလို့မရလို့ ဒါ သုံးကြည့်" ရှန်းကျင်းက အလုံးကို လက်ညှိုးထိုးပြတယ်။
"ခန္ဓာကိုယ်စစ်ဆေးမှုလား" ရှန်းရင်တုံ့ဆိုင်းသွားတယ်။ သူမ ဒီပစ္စည်းကို ချက်ချင်းမှတ်မိသွားပြီး ကောက်ယူလိုက်တယ်။
"မကြီး၊ ငါက အမြဲ S၃လုံး ခန္ဓာကိုယ်ဖြစ်ခဲ့တာ မဟုတ်ဘူးလား"
"နေဦး" ရှန်းကျင်းက ရှန်းရင်ကိုမဖြေ။
"အိုး" ရှန်းရင်က တုန်ယင်သွားပြီး ချက်ချင်းအလုံးကိုကောက်ယူကာ အလိုလို ခပ်တင်းတင်း ဆုပ်ကိုင်မိလိုင်တယ်။
အက်ကွဲသံကြီးပေါ်လာပြီး အဲအနုစိတ်လွန်းတဲ့ကိရိယာက ရုတ်တရက် အပိုင်းပိုင်းအစစအဖြစ် ကွဲကြေသွားတော့တယ်။
သူတို့ သူမလက်တွေကြား လျှပ်စီးကြောင်းတွေ ဖျတ်ခနဲလင်းသွားတာကို ဝိုးတဝါး မြင်လိုက်ရလေတယ်။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
သူမ အသတ်ခံရမှာတော့ မဟုတ်ဘူးမလား။
Σ(°△°|||)