အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
280
အခန်း ၂၈၀ ။ မျက်နှာပြင်ထဲမှ ထူးခြားဖြစ်စဉ်များ
"တကယ်ပဲ" ရှန်းကျင်းက တစ်စုံတစ်ရာကို နောက်ဆုံးတော့ သတိထားမိသွားဟန် သက်ပြင်းချလိုက်တယ်။ သူမက လျှောက်လာတယ်။
"နင် ကူးပြောင်းချိန် တစ်ခုခု ဖြစ်သွားခဲ့ပြီး နင့်ကိုယ်ထဲ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တာပဲ၊ နင့်ခန္ဓာကိုယ်နံပါတ်တွေအကုန်လုံးက အကန့်အသတ်ကို ကျော်လွန်နေပြီ"
ရှန်းရင်က တန့်သွားတယ်။ အလိုလို သူမက မေးမိလိုက်တယ်။
"ငါ ခဏခဏ ကျော်လွန်ခဲ့ဖူးတယ်မ ဟုတ်လား"
သူမ ငါးနှစ်သမီးတည်းကလေ။
ရှန်းကျင်းအမူအရာ မာကျောသွားတယ်။
"ကောင်းပါပြီ၊ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေပါ၊ ဆက်ပြောလေ" ရှန်းရင် ပါးစပ်ကို အုပ်လိုက်တယ်။
"ဒီတစ်ကြိမ် နံပါတ်တွေက သာမန်တိုးနေတာမဟုတ်ဘူး" ရှန်းကျင်းက အသံခပ်နက်နက်နဲ့ပြောတယ်။
"ဖြစ်နိုင်တာက... အကန့်အသတ်မျဉ်းတစ်ခုခုကို ကျော်သွားတာပဲ"
"ဒါဆို သူ အရမ်းစားနေတာက ဘာလို့လဲဆိုတော့..." ကူယွဲ့ မေးလိုက်တယ်။
"သူမကိုယ်ခန္ဓာရဲ့နံပါတ်တွေက မြင့်တက်သွားတာ၊ သဘာဝအလျောက် စွမ်းအင်ပိုသုံးစွဲရတာပေါ့၊ သူမအမြဲဗိုက်ဆာနေတာက ခန္ဓာကိုယ်ကနေ သူမကို ပြန်ပြီး လောင်စာဖြည့်ဖို့လိုတယ်ဆိုတဲ့ အချက်ပြမှုတွေ ပို့နေလို့ပဲ"
"အိုး" ရှန်းရင် တုံ့ဆိုင်းသွားတယ်။
"မကြီး၊ ငါဘယ်လိုအကန့်အသတ်မျိုးကို ကျော်လွန်သွားခဲ့တာလဲ"
"ငါအဲဒါနဲ့ပတ်သက်ပြီး မသေချာသေးဘူး" ရှန်းကျင်စက မျက်မှောင်ကြုတ်တယ်။ တစ်အောင့်နေတော့ သူမက တစ်စုံတရာကို စဉ်းစားမိသွားတယ်။
"ငါအပြင်သွားပြီး တစ်ခုခုကို အတည်ပြုဖို့လိုတယ်၊ နင်တို့ဒီမှာ ရက်ပိုင်းလောက်နေရမယ်၊ ငါ နင့်အားလပ်ရက်ကို ငါအဖြေတစ်ခုခုနဲ့ ပြန်ရောက်မလာခင်ထိ တိုးပေးမယ်"
အားလပ်ရက်
ရှန်းရင် မျက်လုံးတွေက တလက်လက်တောက်ပသွားတယ်။
"ဟုတ်ကဲ့မကြီး ကိစ္စမရှိပါဘူးမကြီး"
ကူယွဲ့ ။ ။ "..."
ရှန်းကျင်း ။ ။ "..."
သူမကိုယ်ထဲက ထူးဆန်းတဲ့ ပြောင်းလဲမှုတွေက ဉာဏ်ရည်နိမ့်ပါးမှုဖြစ်နိုင်တယ်။
——————
ရှန်းကျင်း အရှေ့တံခါးက ထွက်သွားတာ ရက်တချို့ကြာသွားခဲ့ပြီ။ အစတုန်းက ကူယွဲ့ အရမ်းကို စိုးရိမ်ပြီး စိတ်ပူပန်နေခဲ့တာ။ အချိန်တွေကြာလာတာနဲ့အမျှ သူ ပိုပိုပြီးပျင်းလာတယ်။
"ဖေဖေနျို နင်အလုပ်သွားစရာမလိုဘူးလား"
ရှန်းရင်က ကိတ်မုန့်တစ်စိတ်စားရင်း မေးလိုက်တယ်။
"ငါ မနေ့က ငါ့နာမည်အောက်က ပိုင်ဆိုင်မှုတွေကို ငါ့မိသားစုဆီ လွှဲပြောင်းပြီးပြီ" ကူယွဲ့က ချက်ကျလက်ကျ ပြန်ဖြေတယ်။
"ငါ ဝေးသွားတာ အရမ်းကိုကြာပြီး ကုမ္ပဏီအတွက် ပိုက်ဆံဘယ်လိုရှာရမလဲ အထိအတွေ့ မရှိတော့ဘူး၊ ဒီဟာတွေနဲ့ ပိုပြီး ရင်းနှီးတဲ့လူတစ်ယောက်ယောက်ကို လက်ဆင့်ကမ်းပေးတာက ပိုကောင်းမယ်လို့ တွေးမိတယ်"
"အိုး" ရှန်းရင်က တစ်နေ့ပြီးတစ်နေ့ ပွားများလာတဲ့ ဝူတိဂိုဏ်းဘဏ္ဍာတိုက်ကို ရုတ်တရက် စဉ်းစားမိသွားတယ်။ သူက စီးပွားရေးဘယ်လိုဆက်လုပ်ရမလဲ မေ့သွားပေမဲ့ ဘယ်လိုငွေရှာရမလဲတော့ သေချာပေါက် မမေ့ဘူး။
"နင် အဲလိုပဲ လွှဲပြောင်းပေးလိုက်တာလား"
မိသားစုထဲ ရန်ဖြစ်တာတွေ မရှိဘူးလား။ ပြီးတော့ ညီအစ်ကိုတွေကြားက ပြိုင်ပွဲရော။
"အဲဒါ ဘာအမူအရာတုံး"
ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
"ငါ့ကိုမေးစရာရှိရင် ပေါ်တင်မေးလိုက်"
"ဒေဝါလီခံဖို့ စဉ်းစားနေတာလား"
ကူယွဲ့ နှုတ်ခမ်းသပ်ပြီး အိုင်ပတ်ကို ကောက်ယူကာ သူ့ကိုယ်ပိုင်အကောင့်ကိုဖွင့်လိုက်တယ်။ ရှန်းရင် သူမမြင်နေရတဲ့ သုညအရေအတွက်ကြောင့် မျက်လုံးကျိန်းသွားလေရဲ့။
"ငါက ကုမ္ပဏီကို စီမံနေတာ မဟုတ်ပေမဲ့ နှစ်တိုင်းဘောနပ်စ်ရသေးတယ် ဟုတ်ပြီလား"
"အိုး" ရှန်းရင် ခေါင်းညိတ်ပြီး ဒယ်အိုးဇောက်ကို လက်ညှိုးထိုးကာမေးလိုက်တယ်။
"ဒါဆို ဘာလို့အော်ဒါမမှာတာလဲ၊ ဘာလို့ ဟင်းချက်နေတာတုံး"
"..." ဒယ်အိုးကို ကိုင်ထားတဲ့ကူယွဲ့လက် တောင့်ခဲသွားတယ်။ ချီး၊ ဒီကမ္ဘာမှာ အဲလိုအရာရှိတာကို သူမေ့သွားခဲ့တာ။
ခဏနပေါဦး
သူ ရှန်းရင်ဘက် လှည့်ကြည့်လိုက်တယ်။
"မင်း သောက်ကျိုးနည်း ငါ့စားစရာကို မစားချင်ဘူးပေါ့၊ အဲဒါကြောင့် မင်းဒီလို ပြောနေတာမလား"
"မဟုတ်ပါဘူး" သူမက လေးနက်တဲ့အမူအရာ ဆင်မြန်းထားတယ်။
"ချီး" တကယ်လို့ မဟုတ်ဘူးဆိုရင် သောက်ကျိုးနည်း ခေါင်းမညိတ်နဲ့လေ ငါ ဒါတွေအားလုံးကို ဘယ်သူ့အတွက် လုပ်ပေးနေတာတုံး။ ငါ့အစားအသောက်က စိတ်ညစ်စရာဆိုတဲ့ မင်းအမူအရာကို သိသာလွန်းအောင် လုပ်နေတာ ရပ်လိုက်တော့
"ဖေဖေနျို ငါ တကယ့်အစားအသောက်ကောင်းကောင်းချက်တဲ့နေရာကိုသိတယ်လေ"
"ထွက်သွားစမ်း"
၃၀မိနစ်အကြာ။
"ဖေဖေနျို ငါတို့ စားဖိုမှူးကို ဒီလောကထဲ ဆွဲခေါ်နိုင်ဖို့ အခွင့်အရေးရှိမယ်ထင်လား"
"မမျိုချင်ရင်မမျိုနဲ့" ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ဆာနေသူက ငါမှမဟုတ်တာ။
"..." ရှန်းရင် သက်ပြင်းချပြီး အင်တင်တင်နဲ့ ခေါင်းစိုက်ကာစားလိုက်တယ်။
သူမ ပြန်ရောက်လာပြီးတည်းက စားဖိုမှူးကို မရေမတွက်နိုင်တဲ့အကြိမ်ရေမြောက် လွမ်းမိတာပဲ။
ကူယွဲ့က ပျင်းတိပျင်းရွဲနဲ့ စတော့ဈေးကွက်ကို စစ်ဆေးကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ်တည်းမှာတင် ဒေါ်လာမီလီယံချီရနေပြီ။ သူ့တက်ဘလက်ကို ဘေးဖယ်ကာ ချက်ချင်းနီးပါး ပျင်းစပြုလာပြန်တယ်။ စီမံစရာဂိုဏ်း မရှိတဲ့ဘဝ၊ တခြားသူတစ်ယောက်ယောက်ရဲ့ အရှုပ်ထုတ်ကို ရှင်းလင်းစရာမရှိတဲ့ဘဝက အရမ်းကိုလစ်ဟာလွန်းတယ်။
"နင် ကစားချင်လား" ရှန်းရင်က သူမကွန်ပျူတာစခရင်ကို လက်ညှိုးထိုးလာတယ်။
ကူယွဲ့ ဂိမ်းကိုလှမ်းကြည့်ကာ သူမကို ခပ်ညစ်ညစ် ကြည့်လိုက်တယ်။
"ငါ့ကို မင်းနဲ့အတူ သေစေချင်နေတာလား"
"..."
"ငါ့စနစ်ကို နေ့တိုင်းဟက်နေတဲ့ မင်းလိုလူတစ်ယောက်က ဘယ်လိုလုပ် ဂိမ်းမှာ အဲလောက် ညံ့ရတာတုံး"
ရှန်းရင် ခေါင်းငုံ့ကာ တစ်ခဏစဉ်းစားပြီးတဲ့နောက် ပြန်ဖြေလိုက်တယ်။
"ငါက ဒီရှေးခေတ်လည်ပတ်မှုတွေကို ကျင့်သားမရရုံပါ"
"ရှေးခေတ်တဲ့လား"
"အရင်က ငါက ကြယ်ကွန်ရက်မှာပဲ အမြဲကစားခဲ့တာလေ"
"ကြယ်ကွန်ရက်" ကူယွဲ့ရင်ခုန်သွားတယ်။
"မင်းဆိုလိုတာ ဂြိုဟ်သားတွေတောင် အွန်လိုင်းဂိမ်းကစားတယ်ပေါ့"
ရှန်းရင်က သူ့ကိုလှမ်းကြည့်တယ်။
"နင်စမ်းကြည့်ချင်လား"
"စမ်း... စမ်းလို့ရလား" ကူယွဲ့မျက်လုံးတွေ ပြူးသွားတယ်။ ကမ္ဘာမြေသားအနေနဲ့ သေချာပေါက် အပြင်အာကာသက ဂိမ်းတွေကစားချင်တာပေါ့။
ပြီးတော့ သူကစားဝတ်နေရေးအတွက် အွန်လိုင်းဂိမ်းတွေ ဖန်တီးခဲ့တာလေ။ ရှန်းကျင်း စောနက သူတို့ကိုယ်ခန္ဓာ အချက်အလက်တွေကို စစ်ဆေးဖို့ ကူညီခဲ့တည်းက သူမြင်တွေ့ခဲ့ရတဲ့ အဆင့်မြင့်နည်းပညာကြောင့် ထူးထူးကဲကဲခံစားရပြီးပြီ။
"ခဏ နင့်အတွက် ကြယ်ကွန်ရက်အကောင့်တစ်ခု ဟက်ပေးမယ်"
ရှန်းရင်က ကွန်ပျူတာစခရင်ဘက် ပြန်လှည့်ပြီး ကီးဘုတ်ကိုတတောက်တောက်နှိပ်တော့တယ်။
"..." အဲတော့ သူမက လိုင်းသုံးဖို့ အမြဲ ဟက်တာကိုပဲ အားကိုးနေတာလား။
ရှန်းရင် ခဏ တတောက်တောက် ရိုက်နေပြီးမှ ဘယ်ကမှန်းမသိ စခရင်တစ်ခုကို ဆွဲထုတ်လာတယ်။ သူမ တတောက်တောက် ဆက်နှိပ်နေရင်း တခဏအလုပ်လုပ်နေလေရဲ့။ ခဏနေတော့ သူမကရပ်သွားတယ်။
"ပြီးပြီ" သူမက လှည့်လာပြီး အံဆွဲထဲက လက်ပတ်တစ်ခုထုတ်ကာ ကူယွဲ့ဆီ ကမ်းပေးလိုက်တယ်။
"ဒါဘာလဲ"
"လွယ်ကူတဲ့အလင်းဦးနှောက်"
အလင်းဦးနှောက် အဲဒါဘာလဲ။
ကူယွဲ့ ဘာမှထပ်မစဉ်းစားနိုင်ခင် လက်ပတ်ကိုယူလိုက်တယ်။
ချက်ချင်းပဲ သူ့အမြင်အာရုံဝေဝါးသွားတယ်။ သူ နောက်တစ်ကြိမ်သိလိုက်ချိန်မှာတော့ အဖြူရောင်နယ်မြေကြီးထဲ ရောက်နေတယ်။ ပတ်ပတ်လည်မှာဘာမှမရှိဘဲ အဖြူရောင် နေရာကျယ်ကြီးပဲ။ သူ့ခြေထောက်အောက်က မြေကြီးကိုတောင် ခံစားလို့မရဘူး။
သူက ဂိမ်းထဲမှာလား။ နာမည်ရွေးဖို့၊ ဇာတ်ကောင်ဖန်တီးဖို့တောင် မလိုဘူးလား။
သူ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အခန်းထဲ တခြားဘယ်သူမှရှိမနေ။ အဝေးကြီးကနေတော့ အနားကို ကပ်လာပုံရတဲ့ အမည်းစက်လေးတစ်ခုရှိနေတယ်။
"ရှန်းရင်" ကူယွဲ့ အလိုလို အဲအမည်းစက်လေးဆီ ပြေးသွားမိတာပေါ့။
"ဘယ်လိုဂိမ်း-"
သူစကားမဆုံးခင် တစ်ဖက်ခြမ်းကနေ ကျယ်လောင်တဲ့အသံကြီး ကြားလိုက်ရတယ်။ တစ်ခန်းလုံး တုန်ယင်လာစပြတယ်။ ကူယွဲ့ နောက်ဆုံးတော့ အဲအမည်းစက်က တကယ်တော့ဘာလဲဆိုတာ မြင်လိုက်ရပြီ - သားရဲပဲ။ ခြေထောက်ရှည်ကြီး၈ချောင်းနဲ့ အမွှေးမရှိ။ ပါးစပ်က ခန္ဓာကိုယ်တစ်ဝက်နီးပါး။ ရံဖန်ရံခါ သူ့ပါးစပ်ကနေ ရွံစရာအရည်တွေကျဆင်းနေတယ်။ သရဲကားတွေထဲက တန်းထွက်လာတဲ့သားရဲနဲ့တူပြီး ကူယွဲ့မြင်ဖူးသမျှ နတ်ဆိုးသားရဲတွေထက် ပိုကြောက်ဖို့ကောင်း၊ ပိုရွံဖို့ကောင်းတယ်။
ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်
ဒါဘာကြီးလဲ။
ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ့စိတ်ထဲကနေ ရှန်းရင်ကို အခါခါဆဲပြီးနေပြီ။ တစ်ဖက်လှည့်ပြေးဖို့ လုပ်ပေမဲ့ နောက်ကျလွန်းသွားပြီဆိုတာ သိလိုက်ရတယ်။ သားရဲက ရောက်လာတာ အရမ်းကိုမြန်လွန်ပြီး ခုဆို သူနဲ့၁၀မီတာပဲကွာတော့တယ်။ ခြေထောက်၂ချောင်းက သားရဲရဲ့ခြေထောက်၈ချောင်းလောက် မြန်အောင်မပြေးနိုင်တာ အသိသာကြီး။
သူဘာမှမစဉ်းစားနိုင်တော့ဘူး။ ငါသေပြီ၊ ငါသေပြီ၊ ငါသေပြီ။ သောက်ဂိမ်းက ဘယ်လိုအလုပ်လုပ်တာတုံး။
သူချက်ချင်းသေဖို့ကို ငြင်းတယ်
သားရဲရဲ့ ချွန်မြတဲ့ခြေထောက်တွေက သူ့ကိုထိုးဖို့လုပ်တော့တယ်။ ကူယွဲ့ မတတ်နိုင်ဘဲ လှိမ့်ပြီးရှောင်ရတော့တာပေါ့။ သူ့ကိုယ်သူ သားရဲအောက်ရောက်သွားတာ မြင်လိုက်ရတယ်။ နားကွဲမတတ်အော်သံကြီး ပေါ်လာပြီး သားရဲက သူ့ပါးစပ်ကျယ်ကြီးကို ဟကာ ချွန်ထက်နေတဲ့သွားတန်းတွေက ပေါ်လာတယ်။ သူက ကူယွဲ့ကို ကိုက်ချဖို့လုပ်လေရဲ့။
ကူယွဲ့ နှလုံးသား တင်းကြပ်သွားတယ်။ သူ့ကိုယ်ထဲ ရင်းနှီးနေတဲ့ နွေးထွေးမှုက တစ်ရှိန်ထိုး စီးဆင်းလာသလိုပဲ။ သူ အကာအကွယ်ချိပ်တစ်ခု ဖန်တီးပြီး ငရဲမီးနဂါးတစ်ကောင်က သားရဲဆီဦးတည်ကာ ပါးစပ်ထဲတည့်တည့်တိုက်ခိုက်လေတယ်။
ကူယွဲ့ နာနာကျင်ကျင်အော်သံကြီး ကြားလိုက်ရတယ်။ တောင်တစ်ခုစာ ကြီးမားတဲ့သားရဲက ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။
…
281
အခန်း ၂၈၁ ။ တိုက်ရိုက်အွန်လိုင်းဂိမ်းများ
ကူယွဲ့က မောဟိုက်နေတယ်။ ဒီဂိမ်းက အရမ်းကို လက်တွေ့ဆန်လွန်းချက်ပဲ။ အဲတစ်ခဏမှာ သူသေတော့မယ်လို့ တကယ်ထင်နေခဲ့တာ။ သူ သူ့လက်တွေကို ဇဝေဇဝါကြည့်လိုက်တယ်။ အဲဒါက... သူ့ဂိမ်းစွမ်းရည်တွေလား။
"ဖေဖေနျို" ရုတ်တရက် သူ့နားထဲ ရှန်းရင်အသံကို ကြားလိုက်ရတယ်။
သူ ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ အနားမှာ ရှာမတွေ့။ တစ်အောင့်အကြာမှာ သူ့အမြင်အာရုံရဲ့ ညာဘက်အောက်မှာ စာအိတ်အဝါတံဆိပ်လေးကို သတိထားမိသွားခဲ့တယ်။ သူ အလိုလို နှိပ်ကြည့်မိလိုက်တယ်။
လွှဲသံပေါ်လာပြီး စာအိတ်ထဲကနေ စခရင်တစ်ခု ခုန်ထွက်လာတယ်။ ရှန်းရင်က စခရင်ပေါ်မှာ။
"မင်း သောက်ကျိုးနည်း ဘယ်ရောက်နေတာလဲ" ကူယွဲ့ ဒေါသနဲ့အော်လိုက်တယ်။
"ဒါ ဘယ်လိုစုတ်ပြတ်တဲ့နေရာကြီးလဲ၊ ပြီးတော့ စောနက အဲဒီသားရဲကောင်ကြီးကရော ဘာတုံး"
"နင်က လူသစ်စမ်းသပ်မှုဧရိယာထဲမှာဟ၊ နင် စာမေးပွဲမအောင်ခင် ငါနင့်ကိုဆက်သွယ်လို့မရဘူး"
လူသစ်ဧရိယာလား။ သူ အခု ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ သားရဲကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ သူ့အရုပ်ဆိုးဆိုးပုံစံကလွဲရင် သားရဲက အဆင့်နိမ့်သားရဲလို့ သတ်မှတ်လို့ ရတဲ့အထိ အားနည်းတယ်။ ဒီသုံးဖက်မြင်ပုံရိပ်ဂိမ်းက တကယ်ကို အစစ်အတိုင်းပဲ။
"ငါအောင်သွားပြီလား၊ ဘယ်လိုထွက်ရမလဲ"
"ဘယ်ဘက်ထောင့်အောက်မှာ လှုပ်ရှားမှု သင်္ကေတ ရှိတယ်"
ကူယွဲ့ ငုံ့ကြည့်လိုက်တော့ တကယ်ပဲ သူ့ရဲ့ ဘယ်ဘက်အောက်မှာ အစိမ်းရောင်လူပုံစံလေးတစ်ခုရှိနေတာ မြင်သွားခဲ့တယ်။ သူ ချက်ချင်းလှမ်းနှိပ်လိုက်တော့ မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်သူ တောတန်းစိမ်းနဲ့ ရေတွေကြား ရောက်နေတာ မြင်လိုက်ရတယ်။ သူ့ရှေ့မှာတော့ သစ်သီးအမျိုးမျိုးခင်းကျင်းထားတဲ့ စားပွဲတွေနဲ့ ကုလားထိုင်တချို့ရှိနေတယ်။ ရှန်းရင်က ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်နေပြီး တဂျွတ်ဂျွတ် ဝါးနေတော့တာပဲ။
"ငါစမ်းသပ်ခံရမယ်ဆိုတာ ဘာလို့မပြောတာလဲ" ကူယွဲ့ သူ့ဒေါသကို ပြန်ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်။
"နင်မှ ငါပြောတာကို မစောင့်တာ" ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ သူက ဂိမ်းထဲဝင်သွားတာ အရမ်းမြန်တာကိုး။
"ဒါပေမဲ့ အဲဒါကလူသစ်တွေအတွက် စမ်းသပ်မှုလေ၊ ဘယ်သူမှ ကျရှုံးမှာ မဟုတ်ပါဘူး"
ကူယွဲ့ မျက်ဆန်လှန်လိုက်ပြီး အသီးကိုကောက်ယူကာ ကိုက်ချလိုက်တယ်။ ချိုမြပြီး အရည်ရွှမ်းချက်ပဲ။ သူ့အရသာခံဖုလေးတွေ လွှမ်းမိုးခံလိုက်ရတယ်။ ထိတ်လန့်သွားကာ သူ့လက်ထဲက အသီးကို ငုံ့ကြည့်လိုက်တယ်။
"ဒီအသီးက အစစ်ဆန်လွန်းတယ်" ဒီဂိမ်းက တကယ်ကို ကြယ်ကွန်ရက်ရဲ့ဂိမ်းအနေနဲ့ အဆင့်အတန်းညီတာပဲ။ သုံးဖက်မြင်တွေက အရမ်းကို လက်တွေ့ဆန်လွန်းနေတယ်။
"အစစ်ဆန်တာလား" ရှန်းရင် တုံ့ဆိုင်းသွားတယ်။
"အင်း" ကူယွဲ့ ဝါးရင်း ဖြေလိုက်တယ်။
"ပြီးတော့ အဲဒီသားရဲ - သူ့အနံ့နဲ့အသံကတောင် အစစ်နဲ့တူတယ်"
"ဖေဖေနျို..." ရှန်းရင်က ရုတ်တရက် ထရပ်ပြီး သူ့လက်ခဲက အသီးကိုဆွဲလုတယ်။
"ဒါတွေအားလုံးကို အတုလို့ နင်ထင်နေတာတော့ မဟုတ်ဘူးမလား"
ကူယွဲ့က သူမကို စိတ်ဝင်တစားကြည့်လာတယ်။
"ဒါက သုံးဖက်မြင်ပုံရိပ် အွန်လိုင်းဂိမ်း မဟုတ်ဘူးလား"
"ဒါက အွန်လိုင်းဂိမ်းဆိုပေမဲ့... သုံးဖက်မြင်ပုံရိပ် မဟုတ်ဘူးဟ"
"သုံးဖက်မြင်ပုံရိပ် မဟုတ်ဘူးလား၊ မင်းဆိုလိုတာ အစစ်ပေါ့..." သူ ပြောနေရင်း တန့်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိတယ်။
"ဟိုလီရှစ်"
——————
"ငါတို့က ကမ္ဘာပေါ်မှာ မဟုတ်ဘူးလား"
"အင်း"
"ဒီနေရာက ဘယ်နေရာလဲ"
"နယ်ပယ် C ၊ ဂြိုဟ် A8726"
"မင်း အလင်းဦးနှောက်က..."
"နေရာရွှေ့ပြောင်းရေးကိရိယာပဲ"
"ဒီမှာရှိသမျှက အစစ်လား"
"အင်း"
"ငါ-ိုး၊ ဒါဂိမ်းလို့ မင်းမပြောခဲ့ဘူးလား"
"ဒါက ဂိမ်းဂြိုဟ်လေ"
သူ စောနက မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်စဉ်းစားကြည့်လိုက်တယ်။
"တကယ်လို့ ဒါကဂိမ်းဖြစ်ပြီး ငါဒီမှာသေသွားရင် ငါအသက်ပြန်-"
"ကြယ်မဟာမိတ်က သေစာရင်း ထုတ်ပေးလိမ့်မယ်"
"..." စားပွဲမှောက် ဒါဘယ်လိုဂိမ်းမျိုးလဲ ငါ့ခြေထောက်ကို ဂိမ်း တကယ့်မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ရမှာဆို ဂိမ်းလို့ခေါ်နိုင်သေးရဲ့လား၊ ပြီးတော့ သေခါနီးဆဲဆဲ သူ့ကို အသက်ပြန်မသွင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့...။
"ငါတို့ ဒီဂြိုဟ်ဆီ နေရာရွှေ့ပြောင်းခံလိုက်ရတာ မင်းအစ်မသိလား"
ရှန်းရင်က ကြက်သီးထ တုန်ယင်သွားတယ်။ တစ်ခဏနေတော့ သူမက ပြန်ဖြေလာတယ်။
"ဒီအသေးစိတ်လေးတွေကို သိပ်ပြီးအာရုံမထားကြရအောင်"
"..." ငါ့ဖင်ကို အသေးစိတ် မင်းဒီမှာ သေသွားနိုင်တယ်ဆိုတာ သိရဲ့လား။
သူမက လက်ပတ်ကို ဝှေ့ယမ်းပြတယ်။
"ပို့ဆောင်ရေး ကိရိယာ ရှိတယ်လေ၊ ငါတို့ စက္ကန့်ပိုင်းအတွင်း ပြန်သွားနိုင်တယ်"
"..." သူ သံသယဖြစ်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။
ခဏနပေါဦး
ကူယွဲ့ ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားတယ်။
"လူသစ်စစ်ဆေးမှုကို ဘယ်သူမှမကျရှုံးဘူးလို့ မင်းမပြောခဲ့ဘူးလား၊ ဘာလို့ ငါ ဒီလိုသားရဲကြီးနဲ့ ကြုံရတာလဲ" ဘယ်သာမန်လူမှ အဲသားရဲကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးမလား။
"ဒါက နင့်စံနှုန်းနဲ့ ဆက်စပ်နိုင်တယ်၊ လူသစ်စစ်ဆေးမှုက လူတစ်ယောက်ချင်းစီရဲ့စံနှုန်းအရ ကိုယ်ပိုင် ပြုလုပ်ထားတာမို့ လူတိုင်းအတွက် ကွဲပြားတယ်"
ရှန်းရင် ကူယွဲ့ရဲ့ ဒေတာအားလုံးကို ပြသထားတဲ့ စခရင်ကိုဖွင့်ပြလိုက်တယ်။ နောက်ဆုံးရလဒ်မှာတော့ ကူယွဲ့စံနှုန်းက SSS။
"ဘယ်လိုစံနှုန်းက S ၃လုံးလဲ"
ကူယွဲ့ စခရင်ကို စိုက်ကြည့်ကာ ဇဝေဇဝါဖြစ်နေတယ်။ ရှန်းကျင်း စောနက သူ့ကို စစ်ဆေးပေးခဲ့ချိန်က စခရင်ပေါ်မှာ တူညီတဲ့စံနှုန်း ပြသထားတာကို မြင်ခဲ့ရတယ်။
"ကမ္ဘာပေါ်ကလူတိုင်း ဒီစံနှုန်းလား"
"မဟုတ်ဘူး" ရှန်းရင် ခေါင်းယမ်းပြလိုက်တယ်။ သူမက နောက်ထပ်ဒေတာအတွဲလိုက်ကို ဆွဲထုတ်လာတယ်။
"ဒါ ကမ္ဘာပေါ်က သာမန်လူတစ်ယောက်ရဲ့ ဒေတာပဲ"
ကူယွဲ့က နောက်ဆုံးစာမျက်နှာကိုကြည့်လိုက်တော့ မြင်လိုက်ရတာက ။ ။ F...
"..." အဲဒီနံပါတ်အတွဲလိုက်က ဘာအဓိပ္ပာယ်လဲ။ ဒါဟာသလား။ ဘာလို့ ကမ္ဘာပေါ်က တခြားလူတိုင်းရဲ့နံပါတ်တွေက နိမ့်လွန်းနေပေမဲ့ သူ့ဟာကျတော့ အဲလောက်မြင့်နေရတာလဲ။
"မင်း ငါ့အတွက် ကလိမ်ကျထားတာတော့ မဟုတ်ဘူးမလား"
ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။
"ဒါနင့်ဒေတာပါ"
"ဘာလို့ အဲလိုဖြစ်ရတာလဲ" ကူယွဲ့တန့်သွားတယ်။
"ငါ့ရဲ့ လောလောဆယ်စွမ်းရည်တွေက အဲသားရဲကို တိုက်ခိုက်ဖို့ ခွင့်မပြုထားဘူးလေ၊ ပြီးတော့ ဂိမ်းရဲ့ အလိုအလျောက် မီးအစွမ်းတွေကြောင့်သာ မဟုတ်ရင် ငါသေနေလောက်ပြီ"
"ဂိမ်းထဲ အလိုအလျောက် တုံ့ပြန်မှုတွေမရှိဘူး"
"အဓိပ္ပာယ်မရှိတာ - ငါ စောနက ဒါကို သုံးခဲ့တယ်လေ၊ တကယ်လို့ အလိုအလျောက်စွမ်းရည်တွေ မဟုတ်ဘူးဆိုရင် ငါ့ကိုယ်ပိုင်..." ကူယွဲ့က ထိတ်လန့်တကြား မျက်လုံးပြူးသွားခဲ့တယ်။
"ငါ့ကျင့်ကြံဆင့်တွေကိုပါ ဒီလောကဆီ ယူလာတယ်လို့ ပြောနေတာ မဟုတ်ဘူးမလား"
ရှန်းရင်က သူ့ကို ငတုံးကိုကြည့်သလိုမျိုး ကြည့်လာတယ်။
"နင် ပြန်ရောက်တည်းက မှော်အတတ်ကို သုံးဖို့ မကြိုးစားကြည့်ဘူးလား"
"အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပထမဆုံးနေ့ ငါပြန်ရောက်လာတုန်းက ဒီကမ္ဘာမှာ ဝိညာဉ်ချီရော မသေမျိုးချီရော မခံစားခဲ့ရဘူးလေ"
"ဘာမှမှမရှိတာ"
"အေးလေ ဒါဆို ဘာလို့..."
ခဏနေပါဦး ပတ်ဝန်းကျင်မှာ မသေမျိုးချီရှိမရှိက သူ့ကျင့်ကြံဆင့်အပေါ် သက်ရောက်မှုမှ မရှိတာ။ ကျင့်ကြံသူတွေက သူတို့ခန္ဓာကိုယ်ထဲက အရှိန်အဝါနဲ့ အစွမ်းတွေကို အသက်သွင်းဖို့ ကိုယ်ပိုင် မှော်အတတ်တွေကို သုံးကြတာပဲ။ တခြားနည်းနဲ့ပြောရရင် သူ့ကျင့်ကြံဆင့်အပေါ် လုံးဝသက်ရောက်မှုမရှိဘူး။ တစ်ခုတည်းသော အားနည်းချက်က သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်လို့မရတော့တာပဲ။
သူ့ရင်ထဲ ရုတ်တရက်စိတ်လှုပ်ရှားမှုတွေ ပြည့်တက်လာတယ်။ သူ ဓားသိုင်းတစ်ခု ထုတ်သုံးလိုက်တော့ မိုးလိုမျိုး ဓားတွေအများကြီး လေထဲပေါ်လာခဲ့တယ်။
ကူယွဲ့ ။ ။ "..."
သူ ရတနာတစ်ခု ရှာတွေ့သွားသလိုပဲ။
"ရှန်းရင်..."
"အင်း"
"ငါ လူသစ်စစ်ဆေးမှုဧရိယာဆီ ပြန်သွားပြီး အဲသားရဲလေးကို နောက်တစ်ကြိမ် ထပ်သတ်လို့ရလား"
သေစမ်း၊ သူသာ ကျင့်ကြံဆင့် ရှိသေးမှန်း စောစောသိခဲ့ရင် အဲသယးရဲတွေကို အဲလောက် ကြောက်ခဲ့မိမှာ မဟုတ်ဘူး။
"..." အကျိုးနည်းငတုံးတွေပဲ
ကူယွဲ့ ဂိမ်းဂြိုဟ်အကြောင်း ထပ်မေးဖို့လုပ်ပေမဲ့ ရှန်းရင်က ရုတ်တရက် အချက်အလက် တစ်ပုံတစ်ခေါင်းကြီးကို သူ့ဆီ လွှဲပေးလာတယ်။ အားလုံးက ဂိမ်းစဆော့တဲ့လူတွေအတွက် နည်းဗျူဟာတွေကြီးပဲ။ အချက်အလက်ကို သေသေချာချာ ဖတ်ရှုပြီးနောက်မှာတော့ ကူယွဲ့ နားလည်စပြုလာခဲ့တယ်။
ရှန်းရင် ပြောသလိုမျိုးပဲ ဒါက ဂိမ်းဂြိုဟ်တစ်ခု။ ဒါပေမဲ့ တကယ့်ဘဝမှာ တည်ရှိတဲ့ပုံစံမျိုးပဲ။ အသက်ပြန်ရှင်တာ၊ ဆေးလုံးပြာ ဆေးလုံးနီ၊ ကောင်းကင်ကနေ သားရဲကျလာတာမျိုးတွေ မရှိဘူး။ ဒါပေမဲ့ အဆင့်ရမှတ်တွေနဲ့ သားရဲတွေအတွက် အချက်အလက်တွေရှိတယ်။
ဂြိုဟ်ပေါ်မှာ မတူညီတဲ့မျိုးနွယ်တချို့ရော မတူညီတဲ့ဂြိုဟ်သားရဲတွေပါရှိတယ်။ ဂြိုဟ်တစ်ခုလုံးကို F ကနေ A အထိ စီရင်စု၆ခုခွဲထားပြီး အင်မတန်အန္တရာယ်များတဲ့ စီရင်စု S ပါရှိနေတယ်။ စီရင်စု F သားရဲတွေက အင်အားအပျော့ဆုံးဆိုရင် စီရင်စု S သားရဲတွေကတော့ အင်အားအကြီးဆုံးပဲ။ သူတို့က အခု စီရင်စု S မှာပဲ။
လူသစ်စစ်ဆေးမှုမှာ ကူယွဲ့တွေ့ခဲ့တဲ့ သားရဲက ဂိမ်းဂြိုဟ်မှာ ထူးခြားတဲ့လက္ခဏာနဲ့ S အဆင့် ရေခဲကျောက်သားရဲပဲ။ သားရဲတစ်ကောင် သေသရွေ့ ဒါက သတ်လိုက်တဲ့ ကစားသမား အလိုအလျောက် ပိုင်သွားပြီ။ ကစားသမားတွေက သားရဲကို ဂိမ်းကုမ္ပဏီဆီ ရောင်းမလား၊ ဒါမှမဟုတ် သူကိုယ်တိုင် ဖြေရှင်းမလား ရွေးလို့ရတယ်။
ကစားသမားတွေ သားရဲတွေကိုသတ်ဖို့ အသုံးချနိုင် တဲ့အစွမ်းတွေအားလုံးက ကစားသမား တစ်ယောက်ချင်းစီရဲ့ မျိုးနွယ်ပေါ်ပဲမူတည်တယ်။ တစ်နည်းပြောရရင် တိုက်ပွဲအဆင့် SSS ရှိတဲ့ ကူယွဲ့က အစတည်းက ထိပ်သီးကစားသမားပဲ။
"ဖေဖေနျို၊ သားရဲတွေကို သွားသုတ်သင်ကြရအောင်" ရှန်းရင် အကြံပြုလိုက်တယ်။
"သုတ်သင်တာလား" ဂိမ်းဘယ်လို အလုပ်လုပ်လဲ ကြေညက်အောင် လုပ်နေတဲ့ ကူယွဲ့ သူ့လက်ပတ်ကို ထိလိုက်တယ်။ နောက်အခိုက်အတန့်မှာ စာရင်းလေးငါးခု သူ့စခရင်ပေါ် ပေါ်လာပြီး တစ်ခုချင်းစီက မတူညီတဲ့ကစားသမားတွေရဲ့ အဆင့်တွေပါဝင်နေတယ်။
"မင်း ဒီအကြောင်း ပြောနေတာလား"
"ဟုတ်တယ်" ရှန်းရင်က အသည်းအသန် ခေါင်းညိတ်ပြတယ်။
"သားရဲတွေကိုသတ်တာက အမှတ်တွေ စုဆောင်းဖို့ ကူညီပေးပြီးတော့ နောက်ကျရင် ကြယ်ပိုက်ဆံအတွက် သူတို့ကိုလဲလို့ရတယ်" ဒါဆို သူတို့ စားစရာတွေ ပိုဝယ်နိုင်ပြီ။
"..." ဘာကြောင့်မှန်းမသိ လိမ်လည်မှုတစ်ခုခု ရှိနေတယ်လို့ သူ ခံစားလိုက်ရတော့တယ်။
…
282
အခန်း ၂၈၂ ။ ထွက်ပြေးချင်စိတ်
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အောက်ဘက်က စာရင်းအမျိုးမျိုးနဲ့ မိတ်ဆက်အကြောင်း စဉ်းစားနေမိတယ်။
"ငါစောနက တစ်ချက်အမြန်ကြည့်ထားတယ်၊ S အဆင့်သားရဲတွေက အမှတ် ၁၀၀ကနေ ၁၀၀၀၀ ထိရစေနိုင်တယ်" သူ သူ့နာမည်အောက်က အမှတ်၁၀၀ကို လက်ညှိုးထိုးလိုက်တယ်။
"ဒါက နယ်ပယ် S ၊ ဒီစာရင်းရဲ့နံပါတ်၁ကလူက အမှတ် ၂၃၀၀၀၀၀ ရှိတယ်၊ ပြောရရင် ငါတို့ အဲစာရင်းမှာ နံပါတ်၁ဖြစ်လာဖို့ အနည်းဆုံးတော့ S အဆင့် သားရဲအကောင်၂၃၀ သတ်ရမယ်"
"ငါတို့လုပ်နိုင်ပါတယ်" ရှန်းရင်က သူ့ကိုလက်မထောင်ပြတယ်။
"ဖေဖေနျိုက SSS အဆင့်ပဲဟာ"
ကူယွဲ့ အကြည့်ငုံ့ကာ သူမကိုသံသယနဲ့ကြည့်လိုက်တယ်။
"ဘာလို့ကိုယ့်ဘာသာ မသွားတာလဲ၊ တကယ်လို့ ငါတောင် ငါ့ကျင့်ကြံဆင့်ကို ထိန်းသိမ်းနိုင်ရင် cheat ဖြစ်တဲ့မင်းလည်း ရမှာပဲ"
"ငါ့မှာ ဖေဖေနျိုရှိလို့လေ"
မင်း သောက်ကျိုးနည်း ပျင်းနေရုံမဟုတ်လား။
"ဒီဂြိုဟ်ပေါ်က အဆင့်အမြင့်ဆုံးသားရဲတွေအားလုံးက S အဆင့်ဆိုတာ သေချာရဲ့လား"
"သေချာပေါက်ပဲ" ရှန်းရင် သူမရင်ဘက်ကိုပုတ်ပြလိုက်တယ်။
အကြောင်းအရင်းမရှိ သူမက အဓိပ္ပာယ်မရှိဘူးလို့ သူခံစားနေရတယ်။ ကူယွဲ့ သူ့ပတ်ပတ်လည်ကို ကြည့်ပြီး ချိတုံချတုံထရပ်လိုက်တယ်။
"သွားကြရအောင်" ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဒီရောက်နေပြီပဲဟာ။ သူ အပြင်စကြဝဠာရဲ့ ဓလေ့ထုံးတမ်းတွေကို အတွေ့အကြုံရတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။
သူ စောနက ဟိုဟိုဒီဒီ ကြည့်ခဲ့ချိန် ဒီဂြိုဟ်ရဲ့ S အဆင့်သားရဲတွေက အမတဘုံမှာ ဒဿမအဆင့်နတ်ဆိုးသားရဲတွေနဲ့ညီတယ်။ သူ့ကျင့်ကြံဆင့်အရ ချွေးတစ်စက် မထွက်ဘဲ ဒီလိုသားရဲတွေကို ဆယ်ကောင်ကျော် အသာလေးသတ်နိုင်တာပေါ့။ ပြီးတော့ သူ့မှာ cheat ရှန်းရင်ရှိတယ်လေ။
သူစကားပြောရင်း ရှန်းရင်ကို သူ့ဓားပျံပေါ် ဆွဲခေါ်ခဲ့ကာ မြေပုံပေါ် အန္တရာယ်ရှိနယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာဆီ ထွက်ခွာလာခဲ့တယ်။
သူ့ရင်ဘတ်ထဲ စိတ်လှုပ်ရှားစပြုလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီဂြိုဟ်ပေါ်က အသန်မာဆုံးလူတွေထဲက တစ်ယောက်လေ။ အစာဆက်ကွင်းထိပ်မှာရှိနေတဲ့သူအနေနဲ့ အစွမ်းတွေကို စမ်းသပ်ချင်မိတယ်။
သူတို့ ဘေးကင်းတဲ့နယ်မြေကနေ ထွက်ခွာလာတာနဲ့ သူတို့ရှေ့ အနီရောင် အာမေဋိတ်အမှတ်အသားပေါ်လာတယ်။ သတိပေးသံကို သူတို့နားထဲ ကြားလိုက်ရတယ်။
[သတိပေးချက် ။ ။ S အဆင့်သားရဲကို ရှေ့၌အာရုံခံမိ]
ဒါက တကယ့်ကို အဆင့်မြင့်နည်းပညာပဲ။ သားရဲတွေအတွက် အာရုံခံစက်တောင်ရှိတယ်ပေါ့ ကူယွဲ့ အောက်ဆင်းပြီး သူ့အမတဓားကိုဆွဲကာ သားရဲပေါ်လာမှာကို စောင့်နေတယ်။ သုံးစက္ကန့်အတွင်း သားရဲပုံသဏ္ဌာန်တစ်ခုက သူတို့ရှေ့ ပေါ်လာတယ်... သားရဲနှစ်ကောင်... အကောင် ၂၀... အကောင်၁ရာ...။
ကူယွဲ့ ။ ။ "..."
ရှန်းရင် ။ ။ "..."
(╯‵□′)╯(┻━┻
ဘာလို့ အများကြီး ရှိနေတာလဲ ချီးဟေ့။
"မင်း ငါ့ကို S အဆင့်သားရဲတွေက အုပ်စုလိုက်သွားလာကြတယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ"
"အာ နင်သိပြီးပြီ ထင်နေတာ"
"ငါ့ခြေထောက်ကိုသိ" ကူယွဲ့ cheat ရဲ့ လည်ပင်းကို ညှစ်ချင်သွားတယ်။
"မင်း ငါ့ကို အနည်းဆုံးတစ်ကြိမ်လောက် မလိမ်ရရင် အနားယူမှာ မဟုတ်ဘူးမလား"
အုပ်စုကြီးရဲ့အရွယ်အစားနဲ့ဆို တိရစ္ဆာန်အုပ်လိုက်ကြီး သောင်းကျန်းနေတာနဲ့တောင် တူတော့မယ် သူတို့တွေ လမ်းတစ်လျှောက် တခြားကစားသမားတွေကို မတွေ့ခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ လူတိုင်းက သတ်ခံရမှာကို ကြောက်လို့ မလာရဲကြတာဖြစ်လောက်တယ်။
ကူယွဲ့ သားရဲတွေ နီးသထက်နီးလာတာကို ကြည့်နေရတယ်။ သူ အံကြိတ်ပြီး ချက်ချင်းမတ်မတ်ရပ်လိုက်တယ်။ တုံ့ဆိုင်းမှုမရှိ သူ အော်လိုက်တော့တယ်။
"ပြေး"
သူ့ဓားပျံပေါ် တက်ပြီး လေထဲ တက်လိုက်တယ်။
"ခဏ" ရှန်းရင်က ကောင်းကင်ကို လက်ညှိုးလှမ်းထိုးလာတယ်။
"ကောင်းကင်ထဲမှာ ပိုပြီးရှိနေတာ"
နောက်အခိုက်အတန့်မှာ သူ ဆူညံသံတွေ အများကြီး ကြားလိုက်ရပြီး အကောင်အုပ်ကြီးကို မြင်လိုက်ရတော့တယ်။
ကူယွဲ့ ။ ။ "..." -ီး၊ သူ တကယ်ကို ထွက်ပြေးချင်ခဲ့တာကို
သားရဲတွေက နီးသထက်နီးလာပြီ။ ကူယွဲ့ ရွေးစရာမရှိတော့ဘဲ အံကြိတ်ကာ ရှေ့တက်လိုက်ရတယ်။ ကောင်းကင်က ရုတ်တရက် ဓားတွေအများကြီး ပြည့်သွားခဲ့တယ်။ ဒီသားရဲလို့ခေါ်တဲ့ဟာတွေက အပြင်စကြ၀ဠာကတိရစ္ဆာန်တွေသက်သက်ပဲလားတော့ ကူယွဲ့မသေချာဘူး။ အများကြီးဆိုပေမဲ့ တစ်ကောင်ချင်းစီက အမတဘုံထဲက နတ်ဆိုးသားရဲတွေနဲ့မယှဉ်နိုင်ဘူး။ သူတို့တွေက အသိဉာဏ်လည်း ရှိပုံမပေါ်။ သားရဲအုပ်ကြီးနဲ့ ရင်ဆိုင်ရတာက ကူယွဲ့အတွက် အများကြီးပိုလွယ်ကူတယ်။
မိနစ်ပိုင်းအတွင်း သူ့အမှတ်တွေ တိုးလာသံကို နားထဲကနေ ကြားနေရတယ်။ အမှတ်တစ်ရာကနေ တိုးလာလိုက်တာ တစ်နုရီအတွင်း စာရင်းထိပ်သီးဆယ်ယောက်ထဲ ရောက်လာတဲ့အထိပဲ။ သူ့အမှတ်တွေက ဆက်ဆက်ပြီးတိုးလာဆဲ။
ဒါပေမဲ့...။
ဘယ်လောက်ပဲ စိတ်အေးလက်အေးရှိပေမဲ့ သားရဲတွေထောင်ချီလိုက် သူ့ဆီချီတက်လာတာကိုတော့ မတားနိုင်ဘူး။
"လုပ်ထား ဖေဖေနျို"
"ချီးကိုလုပ်ထား" ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
"ခဏ၊ မင်း ဒီတစ်ချိန်လုံး ငါ့နောက်မှာပဲ ရှိနေတယ်လို့ မပြောနဲ့နော်"
"အာ..."
"လုပ်လေ ငါ့ကိုကူဦးဟ မင်း အခုမလှုပ်ရှားရင် ငါလဲတော့မယ်"
"ငါနင့်ကိုကူညီလို့မရ..."
"ဘာလို့လဲ" ကူယွဲ့ တန့်သွားတယ်။ သူ သူ့ဆီ ပြေးဝင်လာတဲ့သားရဲကို ထိုးပြီး လောလိုက်တယ်။
"ငါဆက်ပြီး မထိန်းထားနိုင်တော့ဘူး၊ မြန်မြန်"
"အိုး" ရှန်းရင်က သက်ပြင်းချတယ်။ သူမက သူ့ဓားကိုယူပြီး ဝှေ့ယမ်းလိုက်တယ်။ ချက်ချင်းပဲ အဖြူရောင်အလင်းကြီးက ကောင်းကင်ထဲပေါ်လာတယ်။ S အဆင့်သားရဲအုပ်လိုက်ကြီး သေဆုံးပြီး ပြုတ်ကျလာတာမို့ ဆူညံသံတွေ အများကြီးထွက်လာတယ်။
သူတို့အားလုံး ချက်ချင်း ဖျက်ဆီးခံလိုက်ရတာပဲ။
ပတ်ပတ်လည်ကလာနေတဲ့ ဟိန်းသံတွေအားလုံး ရုတ်တရက် ရပ်ကုန်တယ်။
ကူယွဲ့စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။ သူ့ပတ်လည်က အင်းကွက်ကြီးက မည်းမှောင်သွားခဲ့တယ်။
ရှန်းရင်ဓားကို သိမ်းပြီး သူတို့အပေါ်က လေထုထဲကို ညွှန်ပြလိုက်တယ်။
"ဒါကြောင့်လေ"
ဘာ။
ကူယွဲ့က ကြောင်သွားတယ်။ သူ မတုံ့ပြန်နိုင်ခင် လေထဲ အချက်ပေးသံကျယ်ကြီးထွက်လာတယ်။ နောက်တော့ အသံတစ်သံက ဂြိုဟ်တစ်ခုလုံးကို ပြည့်သွားတယ်။ အတက်အကျမရှိတဲ့ စက်သံကြီး။
[တင်း မူမမှန်မှုကြီးတစ်ခု အာရုံခံမိပါတယ်၊ အတည်ပြုထားသော အသုံးပြုသူများ ။ ။ ရှန်းရင်၊ ဖေဖေနျို။ အစုလိုက်အပြုံလိုက် လူသတ်လက်နက်ကို ဒီဂိမ်းဂြိုဟ်ထဲ သယ်ဆောင်လာပါတယ်၊ ဒါ ဂြိုဟ်ရဲ့ ဟန်ချက်ကို ထိခိုက်စေတဲ့ ကြီးမားတဲ့ကျူးလွန်မှုပါ၊ အသုံးပြုသူနှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပါ့မယ် သူတို့ကို နယ်မြေ S ကနေ နှစ်လပိတ်ပင်ပါတယ်]
နောက်အခိုက်တန့်မှာ ကူယွဲ့ သူ့စခရင် အောက်ညာဘက်ထောင့်ပေါ်က အမှတ်တွေ မီလီယံကနေ ထောင်၊ ရာဂဏန်းထိ ကျဆင်းလာပြီး နောက်ဆုံးတော့ တစ်ရာဖြစ်သွားတာကို မြင်လိုက်ရတယ်။
ကူယွဲ့ ။ ။ "..." ခွေး*သား
သူ့အမှတ်တွေ အကုန်ရှင်းပစ်ခံလိုက်ရတာကို ထားပါတော့ - သူ့အိုင်ဒီက ဘာလို့ ဖေဖေနျို ဖြစ်နေရတာလဲ။
သောက်ကျိုးနည်း ဒီ"ဖေဖေနျို" လုပ်ငန်း
(╯‵□′)╯(┻━┻
မရေမတွက်နိုင်တဲ့ အကြိမ်ရေမြောက် သူ ရှန်းရင်ကို ပစ်ထားပြီး ထွက်ပြေးချင်တာပဲ။
——————
"ငါတို့ ခုဘယ်သွားနေတာလဲ" နယ်မြေ A ဆီ အတင်းအကြပ် ပို့ဆောင်ခံလိုက်ရတဲ့ ကူယွဲ့ သူ့ရှေ့ကနေ လှမ်းလျှောက်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
"ဈေးဆီကို" ရှန်းရင်က အသီးကိုဝါးရင်း ပြန်ဖြေတယ်။
"ဘာအတွက်လဲ" ကူယွဲ့ တုံ့ဆိုင်းသွားခဲ့တယ်။
ရှန်းရင်က တန့်သွားပြီး လေးနက်စွာနဲ့လှည့်ကြည့်လာတယ်။
"ဖေဖေနျို၊ ငါသုံးသပ်ချက် လုပ်ပြီးပြီ၊ ငါတို့စောနက ငါတို့တိုက်ခိုက်နိုင်သလောက် အားကုန်ထုတ် တိုက်ခိုက်ရုံပဲ ရှိပြီး အကူအညီမရှိလို့ ကျရှုံးသွားခဲ့တာ"
စောနက ကျရှုံးမှုက သူမ လူလည်ကျတာကို လူမိသွားလို့မဟုတ်ဘူးလား။ သူမက သူ့ကို ဒီအရှုပ်ထုတ်ထဲပါ ဆွဲသွင်းသေးတယ်
"ဒါကြောင့်-"
"ဒါကြောင့် ငါတို့ အထိန်းတော် ဖွဲ့စည်းသင့်တယ်"
"..." သောက်ကျိုးနည်း
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ သုံးသပ်ချက်ကို စဉ်းစားလိုက်တယ်။ ဂိမ်းထဲချထားတဲ့ လမ်းကြောင်းတွေအရဆိုရင် အထိန်းတော်က တကယ်ပဲ သူတို့အတွက် အကူအညီဖြစ်လောက်တယ်၊ ရှန်းရင်ရဲ့ တစ်သန်းနဲ့တစ်နည်းသော လိမ်လည်နည်းတွေနဲ့ သူမက အဖွဲ့အတွက် လုံးဝကိုအသုံးမဝင်။ သူမက ဘေးထိုင်ထွက်ပြီး ဘေးမှာကြည့်နေလို့ပဲရတယ်။
သူက တိုက်ပွဲမှာ သန်မာပေမဲ့လည်း စွမ်းအင်က ပြဿနာတစ်ရပ်အဖြစ် ကျန်ရစ်တယ်။ သူကစားဖိုမှူးလို ရူးသွပ်မနေ - တိုက်ပွဲထဲ သူ့အသက်ကိုသူ မပေးနိုင်ဘူး။ တကယ်လို့ စောနက သားရဲအုပ်ကြီးကို ထိခိုက်မှုတချို့ဖြစ်စေမဲ့ အထိန်းတော်သာရှိရင် ရှန်းရင် ဝင်ပါရပြီး ပြဿနာရှာမိမှာ မဟုတ်ဘူး။
"ကြယ်ကွန်ရက်ထဲ တကယ်ပဲအထိန်းတော်ဆိုတဲ့ မျိုးနွယ်ရှိလို့လား" ကူယွဲ့က သံသယနဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ စောနက အချက်အလက်စာရွက်က အားလုံးပြောထားပြီးသား - ဂိမ်းထဲ ထူးခြားတဲ့အစွမ်းမရှိဘူး။ ဝင်လာတဲ့လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အစွမ်းတွေကိုသုံးပြီး သားရဲတွေကို သတ်ရမှာ။
တစ်ခုတည်းသော ထူးခြားတဲ့အစွမ်းအမျိုးအစားက ကိုယ့်မျိုးနွယ်နဲ့ပတ်သက်တဲ့လူတွေပဲ။ ဥပမာ လူမည်းတွေက ညဘက်မှာ ကိုယ်ဖျောက်ပြီး နေနိုင်တယ်။
"စိတ်အေးအေးထား အဆင်ပြေသွားမှာပါ"
"..." သူ အဲဒါကိုကြားပြီး ဘာလို့ပိုပြီးတောင် စိတ်မအေးဖြစ်လာတာပါလိမ့်။