အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
283
အခန်း ၂၈၃ ။ တိုက်ခိုက်မှုပြီးမြောက်
၃၀မိနစ်အကြာ။
ကူယွဲ့က မဲ့ပြုံးပြုံးတယ်။
"ဒါ... မင်းရှာနေတဲ့ အထိန်းတော်လား"
"အမှန်ပဲ"
ငါ့ခြေထောက်ကိုမှန်။ ဒါ သစ်ပင်မဟုတ်ဘူးလား။
သူ့ရှေ့က သစ်ပင်လူကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ လူက သစ်ပင် ပင်စည်လောက် ကျယ်ပြန့်တယ်။ သူ့ခေါင်းထိပ်မှာက သစ်ရွက်စိမ်းတွေရှိနေတယ်။ သူ့ကိုယ်ကနေ ထွက်နေတာကတော့ လေနဲ့အတူ ယိမ်းနွဲ့နေတဲ့ သစ်ကိုင်းတွေ။ အချိန်နဲ့အမျှ သူ့သစ်ကိုင်းတွေကို သုံးပြီး ဆံပင်ပြင်သလိုမျိုး အရွက်တွေကို ပြင်နေသေးတယ်။
ချီး၊ သစ်ပင်အမဟ။
"ရှန်းရင် ဒါဘာလဲ၊ မုန်လာဥဖြူရဲ့ အမျိုးလား"
ကူယွဲ့က ရှန်းရင်ကို ဘေးဆွဲခေါ်ကာ ခပ်တိုးတိုးမေးလိုက်တယ်။
"သစ်ပင်ဂြိုဟ်သားဟ"
"သူက သစ်သားဓာတ် ဆေးကုနည်းတွေ သိတာလား"
"ဟင့်အင်း"
"ရေဝိညာဉ်ကြောလား"
"ဟင့်အင်း"
"ဒါဆို မုန်လာဥဖြူလောက် မကောင်းဘူး;"
ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
"စိတ်အေးအေးထားစမ်းပါ၊ သစ်ပင်ဂြိုဟ်သားက ကြယ်ကွန်ရက်ထဲမှာ ရှားပါးမျိုးစိတ်ပဲ၊ သူ့မျိုးစိတ်တွေက ထူးခြားတဲ့အစွမ်းတွေရှိပြီး S အဆင့် တိုက်ခိုက်ရေးအစွမ်းတွေရှိတယ်၊ သူတို့ကို ရှာဖို့ အရမ်းခက်တာဟ"
"အထိန်းတော်လို့ မင်းမပြောခဲ့ဘူးလား"
"အမှန်ပဲ" ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ သူမနောက်က သစ်ပင်လူကို တစ်ခုခု အချက်ပြလိုက်သလိုမျိုး အားပေးဟန်နဲ့ လှည့်ကြည့်လေတယ်။
သစ်ပင်အမက ပြုံးပြီး ရှေ့နှစ်လှမ်းတက်လာတယ်။ သူမ မျက်လုံးတွေကို ပိတ်လိုက်ပြီး ဘေးနှစ်ဖက်မှာ ချထားတဲ့လက်တွေကို ခပ်တင်းတင်း ဆုပ်လိုက်တယ်။ သူမတစ်ကိုယ်လုံးတင်းမာသွားပြီး သူတို့ကို ဦးညွှတ်လာတယ်။ ရှိသမျှစွမ်းအင် ထုတ်သုံးနေရပုံပဲ။
ကူယွဲ့ထခုန်ကာ မျက်လုံးတွေပြူးသွားတယ်။ ဒီသစ်ပင်လူသားက တကယ်ပဲ ကြီးမားတဲ့အစွမ်းတွေ ရှိနေတာ ဖြစ်နိုင်လား။
အဲသစ်ပင်လူသားရဲ့အမူအရာက ပိုပြီးတောင် နာကျင်လာတဲ့ပုံ။ သူမက ငုံ့သထက်ငုံ့လာတယ်။ ခေါင်းပေါ်က သစ်ရွက်စိမ်းတွေက ရုတ်တရက် အစိမ်းရောင်အလင်းစက်တွေအဖြစ် ပြောင်းလဲကုန်လေရဲ့။ ရုတ်တရက် သူမက မတ်မတ်ရပ်တယ်။
ရွှီးခနဲ အသံတချို့ ပေါ်လာပြီး သူမခေါင်းပေါ်က သစ်ရွက်တွေကြား အသီးတွေ ရုတ်တရက် ပေါ်လာတော့တယ်
-_-|||
သစ်ပင်လူသားက အားရပါးရပြုံးပြီး ရှန်းရင်ကို သစ်သီးတစ်လုံး ကမ်းပေးတယ်။
"စားမလား" ရှန်းရင်က အနီရောင်အသီးတစ်လုံး ကမ်းပေးတယ်။
ကူယွဲ့ ။ ။ "..."
သူ စားပွဲကို မှောက်ပစ်ချင်လာပြီ ဒါကို သောက်ကျိုးနည်း အထိန်းတော်လို့ ခေါ်တာလား။ မင်း ဒီတိုင်း လှုပ်ရှားတဲ့ သစ်သီးလှည်း လိုချင်ရုံ မဟုတ်လားဟ။
(╯‵□′)╯(┻━┻
——————
တစ်နာရီအကြာ။
"ဒီနယ်မြေAမှာ အမှတ်၁သိန်း ရနိုင်တာ သေချာရဲ့လား"
ကူယွဲ့က သူ့ရှေ့ကတွင်းကို လက်ညှိုးထိုးကာ မေးလိုက်တယ်။
"အွန်း အွန်း အွန်း၊ ဒါ နယ်မြေAရဲ့ ပထမအဆင့်သားရဲပဲ" ရှန်းရင် အပေါ်ကိုလက်ညှိုးထိုးကာ စခရင်တစ်ခုကို အသက်သွင်းလိုက်တယ်။ တကယ်ပဲ သားရဲကို A+ အဆင့်အဖြစ် ပြသထားတယ်။
"တစ်ကောင်ပဲရှိပြီး တခြားမရှိတော့ဘူးလား"
"ဟင့်အင်း"
"အုပ်စုလိုက်ကြီးလည်း မရှိဘူးနော်"
"သေချာပေါက် မရှိဘူးပေါ့"
"ကောင်းပြီ၊ မင်းကို နောက်တစ်ကြိမ် ထပ်ယုံလိုက်မယ်"
ကူယွဲ့ လေစည်းချိပ်တစ်ခု ဖန်တီးလိုက်တော့ လေပြင်းဓားအဖြစ် ပြောင်းလဲသွားတယ်။ သူ တွင်းပေါက်ကြီးထဲ တန်းတန်းမတ်မတ် ပစ်ထည့်လိုက်တယ်။
တစ်အောင့်နေတော့ တွင်းပေါက်ကြီးထဲ လှုပ်ရှားမှုရှိလာတယ်။ အော်သံကျယ်ကြီးနဲ့အတူ မြေကြီးက တုန်ယင်နေတော့တယ်။ အားကောင်းတဲ့ချီတွေ တွင်းထဲကထွက်လာပြီး ပုံရိပ်မည်းကြီးတစ်ခု ပေါ်လာခဲ့တယ်။
ကူယွဲ့ ရင်တုန်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်တယ်။ အကောင်ကြီးကြီးပုံစံပဲ။ ချက်ချင်း သူ အကာအကွယ်အင်းကွက်တွေကို ပတ်ပတ်လည်မှာချကာ ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး တွင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။ အမည်းရောင်ပုံသဏ္ဌာန်ကြီးက နီးကပ်သထက် နီးကပ်လာပြီး ထူးဆန်းတဲ့အသံတွေကို သူ ဝိုးတဝါး ကြားလိုက်ရတယ်။
တစ်ခဏအကြာမှာတော့ ကြီးမားတဲ့ အရိုးစားတီကောင်ကြီးတစ်ကောင် တွင်းထဲပေါ်လာတယ်
(⊙_⊙)
ကူယွဲ့က နှုတ်ခမ်းကို သပ်ကာ မျက်လုံးကိုမယုံရဲဖြစ်နေတယ်။ မြေပြင်ပေါ်က သားရဲက ဂျယ်လီတုံးလိုပဲ။ ဖောက်ထွင်းပြီးလည်း မြင်ရတယ်။ ဒါက နယ်မြေA က နံပါတ်တစ်သားရဲလား။
အာဝူး...။
သားရဲအော်ဟစ်တဲ့ပုံက လုံးဝကို အန္တရာယ်ကင်းတဲ့ဟန်။
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ကောင်းပြီလေ၊ ရှန်းရင်က သူ့ကို ဒီတစ်ကြိမ် မလိမ်ခဲ့ဘူးပဲ။ ဒါက တကယ့်ကို နယ်မြေ A ရဲ့ သားရဲသေးသေးလေး။ သူ့ဓားကိုယမ်းပြီး သားရဲကို တိုက်ခိုက်လိုက်တယ်။ ဖျတ်ခနဲမြည်သံနဲ့အတူ ဂျယ်လီက ငါးပိုင်းခြောက်ပိုင်း ပြတ်ထွက်သွားခဲ့တယ်။
"သွားကြစို့လား" ကူယွဲ့ တစ်ဖက်ကိုလှည့်ကာ ရှန်းရင်ကို လက်ယမ်းပြပြီး ဓားကိုသိမ်းဖို့လုပ်လိုက်တယ်။
သူ့နောက်ကနေ အာဝူး... အာဝူး... ဆိုတာတွေ ကြားလိုက်ရတယ်။ အော်သံတွေ ဆက်တိုက်ပဲ။
လှည့်ကြည့်လိုက်တော့ သူ့ဆီတစ်ရှိန်ထိုးလာနေတဲ့ တီကောင်လေးငါးကောင်။
ဘာတွေဖြစ်နေတာလဲ။
ကူယွဲ့ တန့်သွားပြီး ဓားချီတွေကို ဖုတ်ပူမီးတိုက်အလိုလိုဆင့်ခေါ်ကာ တီကောင်တွေကို သူတို့နဲ့အတူ တိုက်ခိုက်တော့တယ်။ တီကောင်တွေက ပိုင်းပြတ်သွားပေမဲ့ ဒီအပိုင်းသေးသေးလေးတစ်ခုချင်းစီက သားရဲလေးအသစ်အဖြစ် ပြောင်းလဲသွားတယ်။ ရုတ်တရက် သူ့ရှေ့ တီကောင်၂၀လောက် ရှိသွားပြီ။
ဒါက...။
"ရှန်းရင် တစ်ကောင်ပဲရှိတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား"
"အင်းလေ... တစ်ကောင်ပဲရှိတာပါ"
"ငါ့ခြေထောက်ကို တစ်ကောင် ပုံတူပွားနိုင်တယ်လို့ မင်းမပြောခဲ့ဘူးလေ"
"ငါလည်း ခုမှသိတာဟ"
"လဲသေလိုက်"
တီကောင်တွေက မြေကြီးပေါ် ပြည့်သွားပြီး အားလုံးက သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာတယ်။ တချို့ဆို သူတို့ပေါ်ခုန်တက်ဖို့ပါ လုပ်လေတယ်။ သူတို့က ကူယွဲ့အင်းကွက်ကြောင့် ပြန်ကန်ထွက်သွားပြီး တစ်ကောင်စီက နှစ်ကောင်အဖြစ် ကွဲထွက်ကုန်တယ်။ နောက်ထပ်တီကောင်၂ကောင်က အဖွဲ့ထဲ ပူးပေါင်းလာတယ်။
ဆယ်မိနစ်အတွင်း သူတို့တွေ သားရဲအုပ်ကြီးဝိုင်းခံလိုက်ရတယ်။ သူတို့တွေက တိုက်ခိုက်ဖို့ခက်ပေမဲ့ နံပါတ်အရေအတွက် တိုးလာတာ။ တစ်ဦးတည်းသောခန္ဓာကျင့်ကြံသူ ရှန်းရင်ကလည်း မကူညီနိုင်။ ကူယွဲ့ ဘာလုပ်ရတော့မလဲ။
သူရင်ထိတ်သွားတယ်။ ရုတ်တရက် သူတို့နဲ့အတူ တခြားလူတစ်ယောက်ရှိတာကို မှတ်မိသွားပြီး အနောက်က အထိန်းတော်ဘက်လှည့်လိုက်တယ်။
"အင်း သစ်-"
သူ စကားမဆုံးခင် တစ်ယောက်ယောက် သဲတူးနေသံကိုကြားလိုက်ရတယ်။ သူတို့နောက်က သစ်ပင်လူသားက သူတို့မသိလိုက်ခင်မှာတင် ကျွင်းတူးပြီး ဖျတ်ခနဲ အထဲကိုခုန်ဝင်သွားခဲ့ပြီ။ စက္ကန့်ပိုင်းအတွင်း သစ်ပင်တစ်ပင်လုံး မြေကြီးထဲ မြုပ်သွားလေတယ်။
ကူယွဲ့ ။ ။ "..."
ရှန်းရင် ။ ။ "..."
ခွေးမ*သား
凸(艹皿艹)
သူတို့က ရှားပါးမျိုးစိတ်လို့ သူမ မပြောခဲ့ဘူးလား။ ရှာဖွေရခဲယဉ်းတယ်ဆို။
ဖြစ်နိုင်တာက သစ်ပင်လူသားက သူ့သူငယ်ချင်းတွေကို သစ္စာဖောက်မိနေတယ်ဆိုတာ သိလို့ထင်တယ်။ မြေဆီလွှာတွေက ဖွာသွားပြီး အနီရောင်သစ်သီးတစ်လုံး ထွက်လာလေတယ်။
နှစ်ယောက်သား ။ ။ "..."
ဒါ... စွန့်ပစ်ထားခဲ့တဲ့အတွက် တောင်းပန်မှုလား။
ဒါ ဂိမ်းဂြိုဟ်မဟုတ်ဘူး။ ငတုံးဂြိုဟ်လို့ အကျိုးနည်းခေါ်သင့်တာ
***
ကူယွဲ့နဲ့ ရှန်းရင် နောက်ဆုံးတော့ သူတို့မစ်ရှင်ကို ပြီးမြောက်သွားခဲ့တယ်။ နှစ်နာရီ ကြာညောင်းခဲ့ပေမဲ့လည်းပေါ့။ သူတို့ တီကောင်တွေရဲ့ ဖိသိပ်တာကို ခံရခါနီးဆဲဆဲမှာတင် ဒီသားရဲလေးတွေက မိုးကြိုးကို ကြောက်တယ်ဆိုတာ သိခဲ့ရတယ်။
သူက ချက်ချင်း မိုးကြိုးတံဆိပ်ကိုဖန်တီးပြီး မြေပြင်တစ်ခုလုံးကို မီးလောင်ကျွမ်းနေတဲ့အနံ့တွေ ပြည့်သွားစေခဲ့တယ်။ တီကောင်တစ်ကောင်မှ မကျန်တော့ဘူး။
သူ့ဘေးမှာတော့ စနစ်ရဲ့စခရင်က အသံမြည်ပြီး ပြသလာတယ်။ မစ်ရှင် ပြီးမြောက်ပါပြီ
သူ့ရမှတ်က ၅၀၁၀၀ ဆီ ခုန်တက်သွားတယ်။ တခြားရမှတ်၅၀၀၀၀ကတော့ တစ်ချိန်လုံး ဘေးမှာရပ်ပြီး ကူယွဲ့ကို ကြည့်နေရင်း တီကောင်တစ်ကောင်ပေါ် မတော်တဆ တက်နင်းမိတဲ့ ရှန်းရင်ဆီ ရောက်သွားခဲ့လေတယ်။ မြေကြီးထဲ မြုပ်နေတဲ့ သစ်ပင်လူသားကတော့ သူ့အကူအညီကင်းမဲ့မှုကြောင့် တစ်မှတ်မှ မရလိုက်ဘူး။
"ငါတို့ ဘယ်ဆက်သွားသင့်လဲ" ကူယွဲ့ ရှန်းရင်ကို သူ့ဘေးဆွဲခေါ်လိုက်တယ်။ တစ်အောင့် စဉ်းစားပြီးနောက်မှာတော့ သူက သူ့စာရင်းကိုသူ ဆွဲထုတ်လိုက်တယ်။ ကိုယ်တိုင်သိအောင်လုပ်တာက ပိုပြီးဘေးကင်းမယ်လို့ထင်တာပဲ။
"တော်ပြီ၊ အိမ်ပြန်ကြစို့"
ကူယွဲ့ သူမကို အထူးအဆန်းကြည့်လိုက်တယ်။
"ငါတို့ သားရဲတွေ ထပ်မသတ်တော့ဘူးလား"
ရှန်းရင်က သက်ပြင်းချတယ်။
"ငါပင်ပန်းလွန်းနေပြီ" သူမ ဆက်မသွားနိုင်တော့ဘူး။ မဟုတ်ရင် သူမအစ်မက သူတို့ဘယ်သွားလဲဆိုတာ သိသွားလိမ့်မယ်။
"..." ငါ့ခြေထောက်ကို ပင်ပန်း။ သားရဲတွေအားလုံးကို တိုက်ခိုက်ခဲ့ရသူက သူ မဟုတ်ဘူးလား။
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ အကြည့်လွှဲလိုက်တယ်။ သူ တစ်အောင့်စဉ်းစားပြီးနောက်မှာတော့ မကန့်ကွက်တော့ဘူး။ သူ သူ့စခရင်ဘေးက ခလုတ်ကို နှိပ်လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ သူ့ပတ်လည်မှာ အလင်းရောင်တန်းတွေ ပေါ်လာခဲ့တယ်။
သူတို့ တိုက်ခန်းထဲ ပြန်ရောက်နေခဲ့ပြီ။ သူ အလင်းဦးနှောက်လို့ ရှန်းရင်ခေါ်တဲ့ လက်ပတ်ကို လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် အပြင်စကြ၀ဠာဆီ သွားပြီး သူကိုယ်တိုင် ရှာဖွေစူးစမ်းချင်စိတ်တွေ တကယ်ကို တဖွားဖွားပေါ်လာခဲ့တယ်။
မသိလိုက်ပါဘဲ သူ့မသေမျိုးချီကို အသက်သွင်းမိသွားတယ်။ မီးတောက်တစ်ခု သူ့လက်ဖဝါးထဲ ပေါ်လာတယ်။ ရှန်းရင်ပြောတာ မှန်တယ် - ဂြိုဟ်အပြင်ဘက်မှာတောင် သူ့ကျင့်ကြံဆင့်ရှိသေးတယ်။
…
284
အခန်း ၂၈၄ ။ မျက်နှာပြင် ကျူးကျော်မှု
ကူယွဲ့နဲ့ ရှန်းရင်တိုက်ခန်းမှာ ၅ရက်၆ရက်ကြာ နေခဲ့တယ်။ ဒါပေမဲ့ ရှန်းကျင်းက ပေါ်မလာသေးဘူး။
ကူယွဲ့က ရှန်းရင်ရဲ့ ဂိမ်းဆီ နောက်တစ်ကြိမ် ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းလိုက်တော့တယ်။ သူမရဲ့ မီးလောင်ရာလေပင့်တဲ့သူ မရှိတော့ ရှန်းရင်လည်း ရွေးစရာမရှိတော့ဘဲ သူမရဲ့ ခေတ်ဟောင်းဂိမ်းလေးတွေဆီပဲ ပြန်သွားရတော့တယ်။
တစ်ဖက်မှာတော့ ဖေဖေနျိုက ကြယ်ကွန်ရက်ရဲ့ နည်းပညာထဲ စိတ်ဝင်စားနေတယ်။ လက်ပတ်ရဲ့ မတူညီတဲ့လုပ်ဆောင်ချက်တွေကို သုတေသနလုပ်ရင်း အလုပ်များနေလေရဲ့။
"ဗိုက်ဆာလိုက်တာ" ရှန်းရင် ဆိုဖာပေါ် ပျင်းတိပျင်းရွဲထိုင်ချလိုက်တယ်။ သူမကြည့်ရတာ လုံးဝကို ဂိမ်းဆော့တဲ့ပုံစံနဲ့ ကွဲပြားနေတယ်။
"ဖေဖေနျို၊ နင် ငါပြောနေတဲ့ အဲစားသောက်ဆိုင်ကို စမ်းမစားကြည့်ချင်တာ သေချာရဲ့လား"
"သွားစမ်းပါ" ကူယွဲ့က မျက်ဆန်တွေလှန်လိုက်တယ်။ သူ ငုံ့ပြီး နောက်တော့ ဖုန်းကိုကောက်ယူကာ အင်တင်တင်နဲ့ အော်ဒါမှာလိုက်တယ်။ ငါ့ရဲ့နေစရိတ်စားစရိတ်အတွက် ပေးတယ်ပဲမှတ်ထားလိုက်
သူ အစားသရဲဘက် စိန်းစိန်းဝါးဝါးလှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့တွေ ရှန်းကျင်း ဘယ်ချိန်မှ ပြန်ရောက်လာမလဲ မသိဘူး။
သူ စပြီး မဆိုစလောက် မသက်မသာဖြစ်လာတယ်။ ဒီတစ်လျှောက်လုံး ရှန်းရင်ပါးစပ်က ဒီတိုင်း အငြိမ်မနေနိုင်တာလို့ သူထင်ခဲ့တာ။ သူက အစားသရဲအဖြစ် မွေးဖွားလာပြီး သူမက သဘာဝအလျောက် cheat ပေါ့။ အဲဒါကြောင့် သူမခန္ဓာကိုယ်က တစ်ခုခုလွဲနေတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တာပဲ။ ရှန်းရင်ကလည်း အများကြီးစဉ်းစားတတ်တဲ့သူမဟုတ်ဘူး။ ရှန်းကျင်းသာ တစ်ခုခုလွဲနေမှန်း သတိမထားမိခဲ့ရင် သူတို့တွေ ရှန်းရင်တစ်ခုခုဖြစ်နေတာ ဘယ်တော့မှ သိခဲ့မှာမဟုတ်ဘူး။ သူတို့တွေ သူမကို အစားအသောက်လျှော့ဖို့တောင် ဖျောင်းဖျမိလောက်တယ်။
အဲဒါမဟုတ်သေးဘူး - စားဖိုမှူးက တစ်ခုခု နားလည်ခဲ့တာပဲဖြစ်ရမယ်။ အဲဒါကြောင့် ဟင်းချက်ဖို့ အမြဲ မီးဖိုချောင်ထဲမှာပဲ အောင်းနေခဲ့တာဖြစ်နိုင်တယ်။ သူက သူမကို အမြဲထောက်ထားတတ်သူဆိုပေမဲ့ ဝဖိုင့်သွားမှာကို ဘယ်တော့မှ စိုးရိမ်တဲ့ပုံမပေါ်။
ကူယွဲ့က သူ့ရင်ထဲ ပြောမပြတတ်တဲ့ အပြစ်ရှိစိတ်ကိုခံစားလိုက်ရတယ်။ ရုတ်တရက် သူ သူမအဖေအနေနဲ့ တာဝန်မကျေခဲ့သလို ခံစားနေရတယ်။ သူ မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး စာအုပ်တွေပိုဖတ်သင့်လား။
(ˇˍˇ)
အော်ဒါ ရောက်မလာခင် ကူယွဲ့ သူတို့မှာထားတဲ့ ကိတ်မုန့်တွေကို ရေခဲသေတ္တာထဲကနေ ကိတ်မုန့်တချို့ထုတ်လိုက်တယ်။ စားစရာရောက်မလာခင်ထိ ရှန်းရင်အစာအိမ် ဗလာမကျင်းနေတာ သေချာအောင် လုပ်ချင်ခဲ့ရုံပဲ။
ရုတ်တရက် သူ သတိပေးသံလိုမျိုး တတီတီအသံတွေ အိမ်ထဲမှာ ကြားလိုက်ရတယ်။ အသံတွေက သူဝတ်ထားတဲ့ လက်ပတ်ကနေလည်း ထွက်လာနေတယ်။
"မျက်နှာပြင်ထဲ သတိပေးချက်ပဲ" စောနက ဆိုဖာပေါ် ငါးသေတစ်ကောင်လို လှဲနေတဲ့ ရှန်းရင်က ရုတ်တရက် ထခုန်တယ်။ သူမက ထိုင်ခုံဆီ အပြေးသွားပြီး တစ်စုံတခုကို နှိပ်လိုက်တယ်။ စခရင်တစ်ခုက တစ်ခါတည်း ခုန်တက်လာပြီး ရင်းနှီးနေတဲ့ အပြာရောင်ဂြိုဟ်တစ်ခုပုံကို ပြသထားလေတယ်။
အဲဒါ... ကမ်ဘာလား။
"ရှောင်ရင်" နောက်အခိုက်အတန့်မှာတော့ ယောက်ျားတစ်ယောက် စကားပြောသံ ထွက်လာတယ်။ နောက်တစ်ခရင်တစ်ခု လေထဲလင်းလာပြီး အပြာရောင်ယူနီဖောင်းနဲ့ လူတစ်ယောက် အဲပေါ် ပေါ်လာလေတယ်။
"ဦးလေး... ခိုင်ထျန်း" ရှန်းရင် ကြောင်သွားတယ်။
စခရင်ထဲကလူက နှုတ်ခမ်းကိုသပ်တယ်။
"ငါ အကြိမ်ပေါင်းများစွာပြောပြီးပြီ - ငါ့ကို အစ်ကိုကြီးလို့ခေါ်ပါဆို ငါအဲလောက်အိုလို့လား"
အဲလူက ခေါင်းယမ်းတယ်။
"မင်း စောနက အဲသတိပေးချက်ကို မြင်လိုက်တယ်မလား"
"ဟုတ်" ရှန်းရင်က ခေါင်းညိတ်တယ်။
"မင်းနားရက် ရထားတယ်ဆိုတာ သိပေမဲ့ အဲဂြိုဟ်က မင်းနဲ့နီးတယ်၊ ငါက အခုနယ်မြေTမှာဆိုတော့ အခုထွက်သွားလို့မရဘူး၊ တစ်ချက်ကြည့်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ"
"ဟင့်အင်း" သူမ ချက်ချင်း ငြင်းလိုက်တယ်။
"အဲလိုမလုပ်ပါနဲ့၊ ရှောင်ရင် ငါတို့တွေက လုပ်ဖော်ကိုင်ဖက်အနေနဲ့ တစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် ကူညီရမယ်လေ"
"အချိန်ပိုကြေးမှမရတာ"
"ရှောင်ရင်..." ခိုင်ထျန်းမျက်နှာက ရှုံ့တွနေပေမဲ့ မျက်ရည်တွေတော့ ရှိမနေ။ ရုတ်တရက် သူတစ်စုံတစ်ရာကို တွေးမိသွားတယ်။ အံကိုကြိတ်ရင်း သူပြောလိုက်တယ်။
"ကြယ်ကွန်ရက်ရဲ့ အွန်လိုင်းဂိမ်းအသစ်ရဲ့ အတွင်းပိုင်းမူဝါဒတွေကို စမ်းသပ်ခွင့်"
"သဘောတူတယ်"
"..."
"တည်နေရာပို့လိုက်ပါ"
ရှန်းရင်က ချက်ချင်း သူမစခရင်ပေါ် တတောက်တောက် နှိပ်တော့တယ်။ တစ်အောင့်နေတော့ သူမဆီ နံပါတ်အုပ်လိုက်ကြီး ရောက်လာတယ်။
"ဒီနံပါတ်တွေက ထူးဆန်းတယ်" ခိုင်ထျန်းက သူမကိုသတိပေးတယ်။
"အရင်က ဒီဂြိုဟ်နဲ့နီးတဲ့ မြေပုံအညွှန်းတွေ မရှိခဲ့ဘူး၊ မင်း သတိထားမှဖြစ်မယ်နော်"
"ကောင်းပါပြီ"
"အပင်ပန်းခံပေးလို့'ကျေးဇူးနော်" အဲလူက ခေါင်းညိတ်ပြပြီး ပျောက်သွားတော့တယ်။
ကူယွဲ့က သိချင်စိတ်နဲ့ လျှောက်လာခဲ့တယ်။
"အဲဒါ ဘယ်သူလဲ"
"ငါ့အစ်မရဲ့ တခြားလက်ထောက်" ရှန်းရင်က ပြန်ဖြေပြီးမှ တစ်ခဏစဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်တယ်။
"ငါ့ လုပ်ဖော်ကိုင်ဖက်"
"နင့်အစ်မမှာ လက်ထောက်ဘယ်နှစ်ယောက် ရှိလဲ" မျက်နှာပြင်စီမံရေးက အသင်းကြီးတစ်သင်းနဲ့ ဖွဲ့စည်းထားတာလို့ ဘာလို့ခံစားနေရတာပါလိမ့်။
"နှစ်ယောက်တည်းပဲ" ရှန်းရင်က နံပါတ်တွေကို ချင့်တွက်ရင်း ဖြေလိုက်တယ်။
"သာမန်အခြေအနေတွေအောက်မှာ သူမက ဘာလက်ထောက်မှ မရှိပါဘူး၊ ဒါပေမဲ့ ခိုင်ထျန်းရဲ့ အခြေအနေက... ထူးခြားတယ်"
"ထူးခြားတယ်လား"
"သူက ဒီမျက်နှာပြင်က မဟုတ်ပေမဲ့ ဘာကြောင့်မှန်းမသိ သူ့မျက်နှာပြင်ကို ဖွင့်လို့မရဘူးလေ၊ အစ်မကြီးလည်း ရွေးစရာမရှိဘဲ သူ့ကို နေခွင့်ပေးလိုက်ရတာ"
ကူယွဲ့ ခေါင်းညိတ်ပြီး သူမကိုလှည့်ကြည့်လိုက်တယ်။
"မင်းကရော"
"ငါလား" ရှန်းရင် တန့်သွားတယ်။ ဒေါသတကြီး သူမကပြောလိုက်တယ်။
"သေချာပေါက် ငါ... နောက်ဖေးပေါက်ကနေ ဖြတ်လာခဲ့တာပေါ့"
"..." သူမက ဒါနဲ့ပတ်သက်ပြီး အဲလောက် ဘွင်းဘွင်းရှင်းရှင်း ဖြစ်ဖို့လိုလို့လား။
"ကောင်းပြီလေ" ရှန်းရင် သူမရှေ့က စခရင်ကို ပိတ်လိုက်ပြီး ကူယွဲ့ကိုလှည့်ကြည့်လိုက်တယ်။
"ဖေဖေနျို စွန့်စားခန်းထွက်ကြရအောင်"
ကူယွဲ့ မျက်ဆန်လှန်ကာ သူမကို ဖော်လိုက်တယ်။
"မင်း သောက်ကျိုးနည်း နည်းလမ်းမသိတာမလား"
"..."
————
နဂိုအရတော့ မျက်နှာပြင်သတိပေးချက်တွေက မျက်နှာပြင်တစ်ခုလုံးရဲ့ တည်မြဲမှု ခြိမ်းခြောက်ခံရတော့မှ ထွက်လာတာ။ ဥပမာအနေနဲ့ သူတို့က အာကာသမုန်တိုင်း၊ အာကာသ အုံကြွမှုမျိုး ဒါမှမဟုတ် မျက်နှာပြင်ကျူးကျော်မှုမျိုးရှိတဲ့အချိန်ကျမှ အသံထွက်လာတာ။
မျက်နှာပြင် စီမံထိန်းသိမ်းသူတွေပဲ ဒီလိုသတိပေးချက်မျိုးကို အာရုံခံနိုင်တယ်။ ဒါပေမဲ့ ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူရှန်းကတော့ သိသိသာသာ ကျွမ်းကျင်သူပဲ။ သူမက မူမမှန်မှုသေးသေးလေးနဲ့တောင်မှ အသံထွက်တဲ့ သတိပေးစနစ်ကို ဖန်တီးထားတာ။
စိုးရိမ်တကြီးနဲ့ ကူယွဲ့က သတိပေးချက်ရှိတဲ့ဘက်ကို ဓားပျံနဲ့ထွက်လာခဲ့တယ်။ ဒါက အမတဘုံမဟုတ်၊ ခေတ်သစ်ကမ္ဘာ။ ရှန်းရင်က ဒီကမ္ဘာရဲ့ နည်းပညာကို အမြဲအလိုလို အထင်သေးနေပေမဲ့ သူ ဘယ်နိုင်ငံရဲ့ ရေဒါစနစ်ထဲမဆို မတော်တဆ ပျံသန်းသွားပြီး ကျူးကျော်သူအဖြစ် သတ်မှတ်ခံရရင် ဖောက်ခွဲခံရဖို့ အန္တရာယ်များတယ်။ ကံကောင်းလို့ ရှန်းရင်က ဒီတစ်ကြိမ်တော့ သူ့ကို စိတ်မပျက်စေခဲ့ဘူး။ သူမ သူ့ကိုပေးခဲ့တဲ့ လက်ပတ်က ဘယ်ရေဒါမှ သူ့ကိုအာရုံမခံမိအောင် ကူညီပေးလေတယ်။
သူတို့ လမ်းတစ်လျှောက်တွေ့ခဲ့တဲ့ လေယာဉ်ပျံတွေကတောင် လက်ပတ်မှာ အလိုအလျောက် ကိုယ်ပျောက်လုပ်ဆောင်ချက်ရှိလို့ သူတို့ကိုသတိမထားမိဘူး။ သူတို့မှာ ရှိခဲ့သမျှအသုံးအဆောင်ထက် ပိုပြီးတောင် အသုံးဝင်တယ်။ ကူယွဲ့ သူသုံးနေတဲ့ နည်းပညာကို ဂုဏ်မယူမိဘဲမနေနိုင်ဘူး။
"ဒီမှာလား" ကူယွဲ့ အဆုံးသတ်မဲ့ပုံမပေါ်တဲ့ ပင်လယ်ကို ငုံ့ကြည့်ပြီး တန့်သွားတယ်။
ကူယွဲ့ မြေပုံအညွှန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်တယ်။
"ဒီမှာပဲ"
"ဒီမှာ ဘာမှမရှိပါလား"
"အချိန်မကျသေးလို့လေ"
ရှန်းရင်က သူ့ကို အောက်ဘက်ကို နိမ့်ပျံဖို့ အမူအရာပြလာတယ်။ သူတို့တွေ ကျွန်းလေးတစ်ကျွန်းပေါ် ရပ်လိုက်တယ်။ ရှန်းရင် သူမလက်ပတ်ကို သူမထိလိုက်ပြီး စခရင်တစ်ခုပေါ်လာစေကာ နံပါတ်တွဲတွေပြသနေလေတယ်။ သူမ လေထဲ အချိန်ရေစက်ကို အသက်သွင်းလိုက်ချိန် စက်ပေါ်မှာ ငါးမိနစ်ကျန်တယ်။
ရှန်းရင် အရိပ်တစ်ခုထက် မပိုတဲ့ စခရင်ပေါ် သူမလက်ညှိုးနဲ့ အလုပ်လုပ်နေတယ်။ နံပါတ်တွေက စခရင်ပေါ်ပြေးနေဆဲ။
"ထူးဆန်းတယ်..." သူမက ရုတ်တရက် မျက်မှောင်ကြုတ်တယ်။
"ဘာဖြစ်တာလဲ"
"ဒီဒေတာက အာကာသနဲ့ အချိန်ထဲ ပေါက်ကွဲမှုမျိုး ရှိနေတဲ့ပုံနဲ့မတူဘူး"
"ဘာဆိုလိုတာလဲ"
"ဒါမျက်နှာပြင် ကျူးကျော်မှုပဲ၊ တစ်ခုခု ငါတို့ဆီ လာနေပြီ" ရှန်းရင်အမူအရာ မည်းမှောင်သွားပြီး ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်တယ်။
တကယ်ပဲ သူတို့ရှေ့ကကောင်းကင်က တွန့်သွားတယ်။ သူတို့ရှေ့ဘာမှမရှိပေမဲ့ တစ်ခုခု ဖောက်ထွက်လာတော့မဲ့ပုံမျိုး။ ပြီးတော့ အဲအရာက အတော်လေးကြီးမားပုံပဲ။
"ထွက်လာနေပြီ" ရှန်းရင် အမြန် နောက်ပြန်ဆုတ်လိုက်တယ်။ ကူယွဲ့ သူမကိုဒီလောက်တည်တံ့နေတာ မမြင်ဖူးတာမို့ စိတ်လှုပ်ရှားလာတယ်။
"ဘာများဖြစ်မလဲ"
"ငါလည်းမသိဘူး၊ ဒါက တခြားမျက်နှာပြင်ကပဲ၊ ဒီမျက်နှာပြင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်"
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ"
"ပြန်သွားရင်ပြန်သွား... မဟုတ်ရင် ဖျက်ဆီးပစ်"
ကူယွဲ့ရင်ထိတ်သွားတယ်။ ချက်ချင်းပဲ သူ သူ့အမတဓားကို ဆင့်ခေါ်လိုက်တယ်။ မိနစ်ပိုင်းအတွင်း သူတို့ပတ်လည်မှာ အင်းကွက်တချို့ သူချလိုက်တယ်။
အခြေအနေက ကောင်းတဲ့ပုံမပေါ်။
သူတို့ရှေ့က ကောင်းကင်က ခုပိုပြီးတောင် အပြင်းအထန်ခါယမ်းနေပြီ။ သူတို့ဘေးက အချိန်ရေတွက်စက်က သုညရောက်တော့မယ်။ ဆယ့်စက္ကန့်တောင် မရှိတော့ဘူး။
ငါး... လေး... သုံး... နှစ်... တစ်
…
285
အခန်း ၂၈၅ ။ မျက်နှာပြင်ထဲ ပြန်လည်တွေ့ဆုံမှု
ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ တစ်စုံတစ်ရာက သူတို့ရှေ့ကနေဖြတ်သန်းသွားပြီး ဧရာမတွင်းကြီး ဖြစ်သွားစေခဲ့တယ်။ ပြင်းထန်ပူလောင်တဲ့ အရှိန်အဝါတစ်ခုက သူတို့ဆီ အပြေး ဝင်ရောက်လာတယ်။ နောက်အခိုက်အတန့်မှာတော့ ပတ်ပတ်လည်က အရာအားလုံးကို သုတ်သင်ပစ်ဖို့ ခြိမ်းခြောက်နေတဲ့ အလင်းတန်းနဲ့ တည်ရှိမှုတစ်ခုပေါ်လာတယ်။ သူတို့အောက်က ပင်လယ်က ဆူပွက်လာတယ်
ကူယွဲ့ သူ့ဓားအင်းကွက်ကိုမြှောက်ပြီး လေထဲက ဓားတွေအားလုံး ကျူးကျော်သူဆီ ပျံသန်းသွားတယ်။ သူတို့တွင်းထဲ မရောက်ခင် ရွှေရောင်ဓားကြီးတစ်ချောင်း အပြင်ကိုထွက်လာတယ်။ ကြောက်ခမန်းလိလိ ဓားချီက ကူယွဲ့ရဲ့ဓားတွေအားလုံးကို ပြန်ကန်ထွက်စေပြီး မြေကြီးပေါ် မိုးစက်တွေလို ကျဆင်းစေတော့တယ်။
အဲဒါက အတော်လေး အထင်ကြီးစရာပဲ။ သူ့အမူအရာက မည်းမှောင်လာပြီး ဓားဆန္ဒကို ဆငိ့ခေါ်လိုက်တယ်။
"ခဏ" သူ့ဘေးက ရှန်းရင်က သူ့လက်မောင်းကိုဆွဲလာတယ်။
"ဘာဖြစ်နေတာလဲ"
သူမော့ကြည့်လိုက်တော့ ကောင်းကင်ထဲက ပေါက်ပြဲသွားတဲ့ အပေါက်ကနေ လူတစ်ယောက် လမ်းလျှောက်ထွက်လာတာကိုမြင်လိုက်ရတယ်။ အဲလူက အင်မတန် မျက်တွင်းကျနေတယ်။ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး သွေးသံရဲရဲဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေလေရဲ့။ လက်တစ်ဖက်ကတော့ သူ့ကိုယ်ဘေးဘက်ကို ကိုင်ထားပြီး မျက်လုံးတွေက သွေးရဲရဲနီနေတယ်။ သူက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး မျက်ရည်ဝဲစပြုလာတယ်။ ရင်းနှီးနေတဲ့မျက်နှာမှာ ရူးသွပ်နေတဲ့အမူအရာနဲ့။
"စားဖိုမှူး" ကူယွဲ့ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားတယ်။
သွေးသံရဲရဲလူက သူတို့ရှေ့ ချက်ချင်းပေါ်လာတယ်။ သူက ရှန်းရင်ကို ရင်ခွင်ထဲ လှမ်းဆွဲဖက်လိုက်တယ်။ သူမနားထဲ ခပ်ရှရှ နာကျင်မှုတွေနဲ့ပြည့်နေတဲ့ အသံတစ်သံ ပေါ်လာခဲ့တယ်။
"ဆရာ..."
စကားလုံးက သူ့ပါးစပ်ထဲကနေ ထွက်လာတာနဲ့ နောက်ဆုံးလက်ကျန်အားကို စကားပြောဖို့ သုံးလိုက်ရသလိုမျိုး မြေကြီးပေါ် ကျသွားခဲ့တယ်။ သူ မြေကြီးနဲ့ မထိခင်မှာတင် ရှန်းရင်က သူမတ်တတ်ရပ်နိုင်အောင် အလိုလိုလှမ်းဆွဲထူပေးလိုက်တယ်။
"သူမေ့လဲသွားတာပဲ" ကူယွဲ့က စားဖိုမှူး လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူ့သွေးကြောတွေကို စစ်ဆေးလိုက်တယ်။ သူ ဖြူဖျော့ကာ ခပ်တိုးတိုးဆဲမိသွားခဲ့တယ်။
"ဟိုလီရှစ် သူ ဒီလောက်ဒဏ်ရာရထားတာတောင် အသက်ရှင်နေသေးတယ်"
ကူယွဲ့ တစ်ဖက်လှည့်တော့ အပေါက်က စတင်ပြီး ချိပ်ပိတ်နေပြီဆိုတာ မြင်လိုက်ရတယ်။ ယိချင်း ဘယ်လိုများ ဒီနေရာကို ရောက်လာခဲ့တာလဲ။
"အရင်ပြန်ကြရအောင်" ရှန်းရင်က ခပ်တိုးတိုးပြောတယ်။ သူမ တစ်ဖက်လှည့်ပြီး တစ်စုံတစ်ရာပေါ် နှိပ်လိုက်တယ်။ ရုတ်တရက် သူတို့ဘေး နောက်ထပ်ဝင်ပေါက်တစ်ခု ပွင့်လာတယ်။ အထဲမှာတော့ ရှန်းရင်ရဲ့အခန်းအခင်းအကျင်းကို မြင်ရလုနီးပါး။
ကူယွဲ့ အရုပ်တစ်ရုပ်လို ပျော့ခွေနေတဲ့ ယိချင်းကို ဝင်ပေါက်ဆီ ကူသယ်လာခဲ့တယ်။ သူတို့တွေ ရှန်းရင်အခန်းထဲ ပြန်ရောက်လာခဲ့ပြီ။
"ခဏ သူ့ကိုဒီမှာမထားနဲ့၊ ငါနဲ့လိုက်ခဲ့" ကူယွဲ့က ယိချင်းကို ဆိုဖာပေါ် နားခိုင်းမို့ရှိသေး ရှန်းရင်က ဘေးက အခန်းတစ်ခန်းကို လက်ညှိုးထိုးပြပြီး ဝင်သွားတယ်။
အရင်ကလိုပဲ တူညီတဲ့ ဗလာကျင်းအခန်းဖြူတစ်ခန်း။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အလယ်မှာ ရှည်လျားတဲ့ စတုဂံပုံစံစင်မြင့်။
"စားဖိုမှူးကို အဲမှာထားလိုက်" ရှန်းရင်က စင်မြင့်ကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့က ယိချင်းကို အဲခေါ်သွားပေးလိုက်တယ်။ အနီရောင်အလင်းတန်းက စင်မြင့်ပေါ်ကနေ လင်းသွားပြီး တစ်ချိန်တည်းမှာပဲ နံပါတ်လိုင်းတွေ စားဖိုမှူးပေါ် ပေါ်လာတယ်။
ရှန်းရင်က စကားမပြော။ သူမက နံပါတ်တွေကို တတောက်တောက်နှိပ်နေတော့ အရောင်မျိုးစုံ လင်းလာတယ်။ အရောင်တစ်ရောင် လက်သွားတိုင်း ယိချင်းက နည်းနည်း သက်သာလာတဲ့ပုံ။ အင်မတန် နက်ရှိုင်းလွန်းလို့ အရိုးထိမြင်ရတဲ့ ဒဏ်ရာတွေက သူတို့ မျက်စိရှေ့မှောက်မှာတင် ပျောက်ကင်းစပြုလာခဲ့တယ်။
ကူယွဲ့က အားနည်းနေတဲ့ စားဖိုမှူးကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ အခန်းထဲမှာ ပကတိ တိတ်ဆိတ်မှုအပြည့်။ ကြားရတာဆိုလို့ ရှန်းရင် စခရင်ပေါ် တတောက်တောက်နှိပ်နေသံပဲရှိတယ်။ စားဖိုမှူးရဲ့ဒဏ်ရာတွေကို ကြည့်ပြီး သူ့ကိုကုသဖို့ဆိုတာ အင်မတန်ခဲယဉ်းမယ်မှန်း ကူယွဲ့ ပြောနိုင်နေပြီ။ ပြီးတော့ ဒီကမ္ဘာမှာ မသေမျိုးချီရော ဝိညာဉ်ချီပါမရှိ။
သူ ကူညီပေးဖို့ ဘာမှမလုပ်နိုင်။ ဒါပေမဲ့ ရှန်းရင်က အနားမယူ။ သူမအမူအရာက ယိချင်းကို ခွဲစိတ်နေသလိုမျိုး ခက်ထန်နေဆဲ။ သူမ စခရင်ပေါ် နေ့ရောညပါ အသည်းအသန်အာရုံစိုက်ကာ အလုပ်လုပ်ပြီးမှ နောက်ဆုံးတော့ အနားယူခဲ့တယ်။
"သူ့အခြေအနေက တည်ငြိမ်သွားပြီ" ရှန်းရင်အမူအရာက စိတ်ချသွားပြီး နောက်ဆုံးတော့ ကူယွဲ့ကို လှည့်ကြည့်လာခဲ့တယ်။ အကျင့်အတိုင်း သူမရဲ့တင်းမာနေတဲ့ပခုံးတွေက ပုံလျက်သားကျသွားတယ်။
"ငါတို့အခုလုပ်ရမှာက သူနိုးလာမှာကို စောင့်ဖို့ပဲရှိတယ်"
ကူယွဲ့က ခေါင်းညိတ်ကာ အိပ်ပျော်နေတဲ့ စားဖိုမှူးကို လှမ်းကြည့်လိုက်တယ်။ သူ တကယ်ပဲ အများကြီး ပိုသက်သာလာပြီး စက္ကူလိုဖြူစုတ်မနေတော့ဘူး။ ကူယွဲ့ စိတ်အေးသွားကာ သက်ပြင်းချပြီး တံခါးဆီ လျှောက်လာခဲ့တယ်။
"အပြင်ထွက်စောင့်ကြရအောင်" အိုက်ယား သူတို့က သူ့ကို စိုးရိမ်ရအောင်ပဲလုပ်တတ်တယ်။
ရှန်းရင်က သူ့နောက်ကနေ အပြင်ကို လိုက်လာပေမဲ့ တစ်စုံတစ်ရာက သူမရဲ့ အပေါ်အင်္ကျီအစွန်းကို ဆွဲလာတယ်။ သူမငုံ့ကြည့်လိုက်တော့ ယိချင်းက သူမအင်္ကျီအစွန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားတာ မြင်လိုက်ရတယ်။ သူက သတိလစ်နေပေမဲ့ သူ့ဆုပ်ကိုင်ထားမှုကတော့ အားကောင်းဆဲ။ သူ့သွေးသံရဲရဲလက်ချောင်းတွေက သူမရဲ့ အင်္ကျီအစွန်းကို နီရဲသွားစေခဲ့တယ်။
"ဘာဖြစ်တာလဲ" ကူယွဲ့ သူမ မလှုပ်တာမြင်တော့ မေးလိုက်တယ်။
ရှန်းရင် ယိချင်းလက်ကို ခွာဖို့လုပ်ပေမဲ့ လက်ကို ပြန်ရုပ်လိုက်တယ်။
"ငါ သူ့ဒေတာကို စောင့်ကြည့်ဖို့ ဒီမှာနေမှရမယ်၊ နင် အရင်သွားနှင့်ပါ" သူမ တစ်ဖက်လှည့်ကာ စခရင်ပေါ် တတောက်တောက်နှိပ်ပြန်တယ်။ ထိုင်ခုံတစ်ခုက သူမဘေးပေါ်လာတယ်။ ရှန်းရင် ထိုင်ချပြီး အချက်အလက်စာရွက်တွေကို ဆက်ပြီးလှန်လှောနေတယ်။
ကူယွဲ့ ဒါကို အများကြီး မစဉ်းစား။ သူ အခန်းထဲနေနေရင်တောင် အကူအညီ မဖြစ်မှန်း သိတာမို့ ဧည့်ခန်းဆီ ထွက်လာခဲ့တယ်။
စားဖိုမှူးက ငါးရက်နဲ့ခြောက်ညတိတိ အိပ်ခဲ့တယ်။ ရှန်းရင်က ပြန်လည်ကုသမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပြီလို့ သံသယဝင်စပြုနေပြီ။ သူမ ဘာမှားသွားလဲ တွေးနေတုန်းရှိသေး ကုသမှုစင်မြင့်ပေါ် တစ်စုံတရာ လှုပ်ရှားလာတယ်။ နောက်တော့ သူမ ဘယ်ဘက်ပါးပြင်ပေါ် အနွေးဓာတ် ခံစားလိုက်ရပြီး တုန်ယင်နေတဲ့လက်တစ်ဖက် ရောက်နေတယ်။
"ဆ... ရာ" စားဖိုမှူးက သူမကိုမျက်လုံးဖွင့်ကြည့်လာတယ်။ သူ့မျက်လုံးတွေက မျက်ရည်ဝဲနေပြီး အချိန်မရွေး ငိုချမိတော့မဲ့ပုံ။
ရှန်းရင်က ရင်ထိတ်သွားတယ်။
"နင်နိုးလာပြီပဲ" သူမက လည်ချောင်းကိုရှင်းကာ ခံစားနေရတဲ့ ထူးဆန်းတဲ့ခံစားချက်တွေကို ခါထုတ်ဖို့ ကြိုးစားလိုက်တယ်။ တစ်ဖက်လှည့်ကာ သူမ ဧည့်ခန်းဆီ မက်ဆေ့တစ်စောင် လှမ်းပို့လိုက်တယ်။
"ဖေဖေနျို စားဖိုမှူး နိုးလာပြီ"
တစ်အောင့်ကြာတော့ အခန်းတံခါးက ပွင့်လာတယ်။ ကူယွဲ့က လေလိုမျိုး အမြန်ပြေးဝင်လာလေရဲ့။
"စားဖိုမှူး မင်းနိုးပြီလား၊ အဆင်ပြေရဲ့လား" သူက ယိချင်းကို ခေါင်းစခြေဆုံး စစ်ဆေးပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။
"ဘာလို့ မင်းအမြဲ ဒီလိုပုံဖြစ်နေရတာလဲ၊ ဒီတစ်ကြိမ်ရော ဘာဖြစ်ခဲ့တာတုံး၊ ငါမင်းကိုပြောမယ်၊ ဒီကမ္ဘာကမင်းနဲ့မတူဘူး၊ ဒီမှာကလိမ်ကျဖို့ကြိုးစားရင် ငါတို့မကူညီနိုင်ဘူးနော်"
ယိချင်းက ရှန်းရင်ကိုပဲ ကြည့်နေပြီး ကူယွဲ့ပြောတာတစ်ခွန်းမှမကြားသလို ပြုမူနေတယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ရှန်းရင်လက်မောင်းကို ဆွဲတော့တယ်။
"ဆရာ... ကျွန်တော် ဆရာ့ကို မရှာနိုင်ခဲ့ဘူး၊ သုံးလောကတစ်ခွင်လုံး လိုက်ရှာနေခဲ့တာ... ရှာမတွေ့ခဲ့ဘူး"
သူ့အသံက တိုးရှနေပြီး ခပ်ကျယ်ကျယ်စကားပြောရင် တစ်စုံတရာကွဲကြေသွားမှာ စိုးရိမ်နေဟန် ဂရုတစိုက် စကားပြောနေတယ်။
"ကျွန်တော့်ကို မလိုချင်တော့ဘူးလား"
ကူယွဲ့က သူ့ရှေ့ကလူကို လှမ်းကြည့်လိုက်တယ်။ သူ စားဖိုမှူး ဒီလောက်အားနည်းတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူ့နှလုံးသား နာကျင်သွားပြီး အသံကိုပျော့ပြောင်းဖို့ကြိုးစားလိုက်တယ်။
"ဟာ့... အင်း၊ ငါတို့မှားတာပါ၊ ဒါပေမဲ့ ငါတို့လည်း ဒီကို ရုတ်တရက် ပို့ခံလိုက်ရတာပဲ၊ မင်းကို အသိပေးဖို့အချိန်တောင် မရလိုက်ဘူး၊ အဲဒါအားလုံးက အဲမိစ္ဆာနတ်ဘုရားအပြစ်ပဲ"
ကူယွဲ့က မိစ္ဆာနတ်ဘုရားကို ရုတ်တရက် ရိုက်နှက်ထုထောင်းချင်သွားတယ်။
"အပြင်မှာစကားပြောရအောင်" ရှန်းရင်က ထရပ်တယ်။ ယိချင်းက ရှန်းရင်ကို လိုက်ကြည့်ရင်း သူ့မျက်လုံးတွေက နောက်တစ်ကြိမ် မျက်ရည်ဝဲလာပြန်တယ်။ သူ့ကြည့်ရတာ သူမကို နောက်တစ်ကြိမ် ဆုံးရှုံးရမှာ ကြောက်နေတဲ့ပုံ။ သူမ ရပ်သွားပြီး သူ့လက်ကိုကိုင်ကာ ယိချင်းကိုပါ သူမနဲ့အတူ ဆွဲခေါ်လာခဲ့တယ်။
ယိချင်းက အတော်လေး နာခံနေကာ ရှန်းရင်နောက် လိုက်လာတယ်။ သူက အတော်လေး နီးနီးကပ်ကပ်လိုက်လာပြီး သူမ ထပ်မပျောက်သွားတာသေချာဖို့ သူမနဲ့ နီးကပ်နေတာသေချာအောင် လုပ်နေတယ်။
"မင်း ဘယ်လိုလုပ် ဒီလောက်ထိ ဒဏ်ရာရသွားရတာတုံး" ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ ပတ်ပတ်လည်မှာ ခြောက်ကပ်နေတဲ့သွေးတွေကိုမြင်ပြီး မျက်မှောင်ကြုတ်ကာ တစ်ဖက်လှည့်ပြီးတော့ အဝတ်အစားသစ်တစ်စုံ ထုတ်လိုက်တယ်။
"အင်္ကျီလဲ၊ မင်းရဲ့ဓမ္မဝတ်ရုံက ခုအသုံးမဝင်တော့ဘူး၊ ပြီးတော့ မင်း ဒီလိုမျိုး အပြင်ထွက်လို့မရဘူး"