ကြယ်ကြည့် ဥယျာဉ်
Vol. 31 Ch. 329
"ဟုတ်ပါတယ်"
ယန်ရှောင်းဟွာရဲ့ မေးခွန်းကို ထန်ထျန်းက ခေါင်းညိတ်ပြရင်း "အဲဒီ လျှို့ဝှက်နယ်မြေ ခရီးစဉ်က ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။"
" ဒါနဲ့ပတ်သက်ပြီး စီနီယာအစ်ကိုတို့ရဲ့ ကျီယန်ဂိုဏ်းကိုတောင် ကျေးဇူးတင်ရဦးမှာ"
ယန်ရှောင်းဟွာက ခေါင်းခါရင်း ပြုံး လိုက်သည်။ "လျူလီ လျှို့ဝှက်နယ်မြေက အပြင်လူတွေအတွက် အမြဲတမ်း ဖွင့်ပေးထားတာပဲလေ၊ ဂျူနီယာညီလေးလည်း ထိုက်သင့်တဲ့ အဖိုးအခပေးပြီးမှ ဝင်ခဲ့တာ ဖြစ်မှာပါ။ ကျေးဇူးတင်နေဖို့ မလိုပါဘူး။"
" ဒါပေမဲ့..."
"ဂျူနီယာညီလေး သိလားမသိဘူး၊ အဲ့တာ ပြီးလို့ သိပ်မကြာခင်မှာပဲ လျှို့ဝှက်နယ်မြေက ရုတ်တရက် ပျောက်သွားခဲ့တယ်။"
" ထျန်းဖူနန်းတော်က အင်မော်တယ်အရှင် ကိုယ်တိုင် ဆင်းလာပြီး ရှာတာတောင် ဘာခြေရာလက်ရာမှ ရှာမတွေ့ခဲ့ဘူး။"
" အငွေ့ပျံသွားသလိုမျိုးပဲ"
ထန်ထျန်းရဲ့ ရင်ထဲ တစ်ချက် တုန်သွားသည်။
လျူလီ လျှို့ဝှက်နယ်မြေက ပျောက်သွားတာ မဟုတ်ပါဘူး၊ ကမ္ဘာဉီးဝိညာဉ် က သူ့ရဲ့ သိုလှောင်နယ်မြေထဲမှာ အိပ်နေတာလေ။
ဒါပေမဲ့ ကြောင်လေးက သူသာ အင်မော်တယ်နယ်ပယ် အထက်ကို ရောက်သွားရင် ဒီကမ္ဘာကို ဖုံးကွယ်ထားနိုင်စွမ်း ရှိသွားပြီဖြစ်ကြောင်း၊ နိယာမတွေကို ချုပ်ကိုင်ထားတဲ့ အစွမ်းထက်သူတွေ ကိုယ်တိုင် ဆင်းလာမှသာ တစ်ခုခုကို ရိပ်မိနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
လျှို့ဝှက်နယ်မြေ ပျောက်သွားတာဟာ ဧကရာဇ်မြို့မှာ ကြောင်လေး ပထမဆုံးအကြိမ် အဆင့်တက် ခဲ့စဉ်က ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို သူ ထုတ်ပြောဖို့ မဖြစ်နိုင်ပေ။
"ကျွန်တော်တော့ မကြားမိပါဘူး။ "
"ဒါပေမဲ့ ကျွန်တော့်ရဲ့ လျှို့ဝှက်နယ်မြေ ခရီးစဉ်တုန်းကတော့ ထူးထူးခြားခြား ဖြစ်ရပ်တချို့ ကြုံခဲ့ရတယ်။"
" အဲဒါနဲ့ ပတ်သက်နေမလားတော့ မသိဘူး"
ထန်ထျန်းက ပြော လိုက်သည်။
ယန်ရှောင်းဟွာက ခေါင်းညိတ်လိုက်သည်။ ဧရာမ လျှို့ဝှက်နယ်မြေကြီး တစ်ခုလုံး ပျောက်သွားရခြင်းရဲ့ တရားခံဟာ သူ့ဘေးနားမှာ ရပ်နေတဲ့သူ ဖြစ်လိမ့်မယ်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"အင်မော်တယ်အရှင်ကလည်း အဲဒီလိုပဲ ခန့်မှန်းခဲ့တာပဲ အထောက်အထား ခိုင်ခိုင်လုံလုံ ရှာမတွေ့တာပဲ ရှိတာ။"
" နှမြောစရာပဲ၊ အပြင်လောကရဲ့ ပတ်ဝန်းကျင်နဲ့ ယှဉ်ရင် အဲဒီ လျှို့ဝှက်နယ်မြေက ကျင့်ကြံသူတွေအတွက် တကယ်ကို အထောက်အကူ ဖြစ်တာ။ "
"အခုလို အကြောင်းမဲ့ ပျောက်သွားတော့ အပြင်က ကျင့်ကြံသူတွေရဲ့ အခြေအနေက ပိုပြီး ခက်ခဲသွားတော့မှာပဲ"
သူက သက်ပြင်းချရင်း ပြောသည်။
ထန်ထျန်းကတော့ အံ့ဩသလိုမျိုး မေးလိုက်သည်။ "အဲဒီလောက်အထိ အခြေအနေ ဆိုးသွားနိုင်လို့လား။"
" အဲဒါက လျှို့ဝှက်နယ်မြေ တစ်ခုပဲလေ"
ယန်ရှောင်းဟွာက ခေါင်းခါရင်း သက်ပြင်းချပြန်သည်။ "ဂျူနီယာညီလေး မသိသေးလို့ပါ။ "
"အပြင်လောကရဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်က တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ဆိုးလာနေပြီ။ "
"လျူလီ လျှို့ဝှက်နယ်မြေလိုမျိုး ကျင့်ကြံတဲ့နေရာတွေ အရင်က အများကြီး ရှိခဲ့ပေမဲ့ အခုတော့ အကုန်လုံး ခန်းခြောက်တာက ခန်းခြောက်၊ ပျောက်ကွယ်တာက ပျောက်ကွယ် ကုန်ကြပြီ။"
" အဲဒီနေရာမှာ အစားထိုးဖို့ လျှို့ဝှက်နယ်မြေ အသစ်တွေလည်း ထပ်ထွက်မလာတော့ဘူး"
"နောက်ပြီးတော့ အပြင်လောကရဲ့ ဝိညာဉ်စွမ်းအားတွေကလည်း တစ်နေ့တခြား ပိုပြီး ရှားပါးလာနေတယ်၊ ကျင့်ကြံဖို့ ကောင်းတဲ့နေရာ ရှာဖို့က အရမ်းခက်ခဲသွားပြီ။ "
"ဒီလို အခြေအနေတွေက စိတ်ထဲမှာ အရမ်းကို မကောင်းတဲ့ ခံစားချက်ကြီး ပေးနေတယ်။ ဒီကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ သေဆုံးခြင်းဆီကို ဦးတည်နေသလိုပဲ..."
ထန်ထျန်း တိတ်ဆိတ်သွားသည်။
သူ ကျင့်ကြံတဲ့ သက်တမ်းက အရမ်းတိုတောင်းလွန်းသလို ချင်းယွဲ့ဂိုဏ်းကလည်း သေးငယ်လွန်းတာကြောင့် ဒီလို လျှို့ဝှက်ချက်တွေကို သူ သိခွင့်မရခဲ့ပေ။
အကယ်၍ ယန်ရှောင်းဟွာ ပြောသလိုသာဆိုလျှင် အပြင်လောကရဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်က တကယ်ကို ခြောက်သွေ့လာနေပြီ ဖြစ်သည်။
တိတ်ဆိတ်နေတဲ့ ထန်ထျန်းကို ကြည့်ပြီး ယန်ရှောင်းဟွာက ရုတ်တရက် ပြုံးလိုက်ကာ "ငါ ပြောတာတွေ များသွားပြီ။ "
"ဒီလိုကိစ္စမျိုးက ထိပ်တန်း အင်အားကြီးသူတွေပဲ စိုးရိမ်ရမှာပါ၊ ငါတို့ စိတ်ပူနေလည်း ဘာမှထူးမှာ မဟုတ်ဘူး။"
" အခွင့်အရေးကို အရယူပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ကသာ အဓိကပဲ။ "
"ကဲ... ကြယ်ကြည့်ပွဲ ကျင်းပမယ့်နေရာ ရောက်ပြီ"
ထန်ထျန်း မော့ကြည့်လိုက်တဲ့အခါ ကြောင်သွားရသည်။
ယန်ရှောင်းဟွာ ပြောတဲ့ ကြယ်ကြည့်ပွဲ ကျင်းပမယ့်နေရာက လွန်ခဲ့တဲ့ ရက်ပိုင်းက လန်တင်းအင်မော်တယ်အရှင် နဲ့ သူ တွေ့ခဲ့တဲ့ ပန်းခြံကြီး ဖြစ်နေလို့ပင်။
စဉ်းစားကြည့်ရင်တော့ လန်တင်းအင်မော်တယ်အရှင်က သူ ကြယ်တာရာပွဲအတွက် လာတာလို့ ပြောခဲ့ဖူးတာကြောင့် ဒီနေရာမှာ ရှိနေတာ မဆန်းပေ။
"ဒါကို ကြယ်ကြည့်ဥယျာဉ် လို့ ခေါ်တယ်"
ယန်ရှောင်းဟွာက မိတ်ဆက်ပေးသည်။ "ဒီနေရာက ပုံမှန်ဆိုရင် အပြင်လူ ပေးမဝင်ဘူး၊ ကုံးချန်ခြံဝင်းရဲ့ အထူးချွန်ဆုံး တပည့်တွေတောင် ဝင်ခွင့်မရှိကြဘူး။ "
"ကြယ်ကြည့်ဥယျာဉ်ရဲ့ ကျင့်ကြံမှုဝန်းကျင်က အရမ်းကောင်းတယ်၊ အတွင်းထဲမှာ ထူးခြားတဲ့ စွမ်းအားတစ်မျိုး စီးဆင်းနေပြီး ကျင့်ကြံသူတွေရဲ့ ခွန်အားကို တဖြည်းဖြည်းချင်း မြှင့်တင်ပေးနိုင်တယ်။"
" လျှို့ဝှက်နယ်မြေ သေးသေးလေး တစ်ခုလို့တောင် ပြောလို့ရတယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီဥယျာဉ်ကို လာတုန်းက သူ ထူးခြားတဲ့ တာအိုနိယာမ အော်ရာ တွေကို ခံစားခဲ့ရသည်။
အဲဒီစွမ်းအားတွေက ရှင်းဟယ်အင်မော်တယ်ဧကရာဇ်ရဲ့ ကြယ်တာရာ မြေပုံ နဲ့ ဆက်စပ်နေမှာ သေချာသည်။
"သွားကြရအောင်၊ ဟိုနှစ်ယောက်က အတွင်းထဲမှာ မင်းကို စောင့်နေကြပြီ"
ယန်ရှောင်းဟွာက ပြုံး ရင်း ပြောသည်။
ထို့နောက် လူတစ်စုက ကြယ်ကြည့်ဥယျာဉ်ထဲသို့ ဝင်လာခဲ့ကြသည်။
ဒီကြယ်တာရာပွဲက ကုံးချန်ခြံဝင်းက တပည့်တွေသာ ဝင်ခွင့်ရှိတာ ဖြစ်ပေမဲ့ နောက်လိုက် အနည်းငယ်ကိုတော့ ခေါ်ခွင့်ရှိသည်။
ဒါကြောင့် လီဟုန်နဲ့ ကုရှောင်းရွှယ်တို့လည်း အဆင်ပြေပြေ လိုက်ပါခွင့် ရခဲ့ကြသည်။
ဒီအချိန်မှာ ကြယ်ကြည့်ဥယျာဉ်ထဲမှာ တပည့်တွေ အများကြီး ရောက်နေကြပြီပင်။
ဒီတပည့်တွေက တပည့်ပေါင်း သန်းချီထဲကနေ ရွေးချယ်ခံထားရတဲ့ ထူးချွန်သူတွေ ဖြစ်ကြတာကြောင့် တစ်ဦးချင်းစီရဲ့ အရှိန်အဝါက မသေးလှပေ။
ယန်ရှောင်းဟွာနဲ့ ထန်ထျန်း ရောက်လာတာက လူအတော်များများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ထုန်းရှန့်တောင်ပေါ်မှာ နာမည်ကျော်တွေ မဟုတ်လား။
လမ်းကလေးတွေအတိုင်း လျှောက်လာပြီးနောက် လှပတဲ့ ဇရပ်လေးတစ်ခုဆီသို့ ဦးတည်သွားကြသည်။
ဇရပ်အောက်မှာ လူငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ အေးအေးဆေးဆေး ထိုင်နေကြသည်။
၎င်းတို့မှာ ပိုင်တိ နန်းတော် မှ တုမင် နဲ့ ရွှမ်ယွင်မျှော်စင် မှ မုရှုဝမ် တို့ပင် ဖြစ်ကြသည်။
သူတို့တွေက ယန်ရှောင်းဟွာလိုပဲ ဂိုဏ်းပေါင်းစုံ မဟာမိတ်ရဲ့ လက်ရှိ ခေါင်းဆောင်တွေဖြစ်ပြီး ကုံးချန်ခြံဝင်းရဲ့ ထူးချွန်သူတွေ ဖြစ်ကြသည်။
ထန်ထျန်း ရောက်လာတာကို မြင်တဲ့အခါ သူတို့နှစ်ယောက်စလုံးက ထရပ်ပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြသည်။
ထန်ထျန်းကလည်း တစ်ယောက်ချင်းစီကို ပြန်လည် နှုတ်ဆက်ပြီးနောက် သူတို့နဲ့အတူ ထိုင်လိုက်သည်။
"ဂျူနီယာမောင်လေးထန်... ကုံးချန်ခြံဝင်းကို ဘယ်တော့ တရားဝင် ပြောင်းလာမှာလဲ"
မုရှုဝမ်က သာယာတဲ့ လေသံနဲ့ မေးလိုက်သည်။
ဒီအမျိုးသမီးက မြင့်မြတ်တဲ့ မိသားစုက ဆင်းသက်လာတဲ့ သခင်မလေး တစ်ဦးနဲ့ တူလှသည်။
ဒါပေမဲ့ သူမဆီက ထွက်ပေါ်နေတဲ့ အော်ရာက ယန်ရှောင်းဟွာထက်တောင် ပိုပြီး အစွမ်းထက်နေပုံရသည်။
"မကြာခင် ပေါ့ "
ထန်ထျန်းက ပြန်ဖြေလိုက်သည်။ "အကြီးအကဲတွေ ပြောတာတော့ ဒီအပတ် ကျီဝေခြံဝင်း ကနေ အဆင့်တက်လာမယ့် တပည့်တွေကို စောင့်ပြီးမှ ကုံးချန်ခြံဝင်းကို အတူတူ ဝင်ရမယ်လို့ သိရပါတယ်"
မုရှုဝမ်က ခေါင်းညိတ်ပြသည်။
"ကုံးချန်ခြံဝင်းက တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပါ။ မင်း လိုချင်တဲ့ ကျင့်ကြံမှုပတ်ဝန်းကျင် မှန်သမျှ ဒီမှာ ရှိတယ်။ "
"မောင်လေးရဲ့ ရှေ့ဆက် စွမ်းဆောင်ရည်တွေကို ငါ မျှော်လင့်နေမယ်။"
" တကယ်လို့ တစ်ခုခု အခက်အခဲရှိရင် ငါတို့ဆီကို လာခဲ့ပါ၊ တတ်နိုင်သမျှ ကူညီပေးပါ့မယ်"
သူတို့တွေက ကြိုတင် တိုင်ပင်ထားကြပုံရတာကြောင့် ထန်ထျန်းကို သူတို့အဖွဲ့ထဲဝင်ဖို့ အတင်းအကျပ် မပြောကြပေ။
တစ်ဖက်လူက စေတနာပြတာကြောင့် ထန်ထျန်းကလည်း စေတနာနဲ့ပဲ ပြန်လည် တုံ့ပြန်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် သူတို့က အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ အေးအေးဆေးဆေး စကားပြောဖြစ်ကြသည်။
"ဒီနှစ် ကြယ်တာရာပွဲက အရင်နှစ်တွေထက် လူပိုများလာသလိုပဲနော်"
ဘေးပတ်ပတ်လည်က လူအုပ်ကို ကြည့်ရင်း မုရှုဝမ်က ပြော သည်။
ယန်ရှောင်းဟွာက "ဟုတ်ပကွာ။ "
"ဒီနှစ်တွေမှာ ထျန်းဖူနန်းတော်ကို အဆင့်တက်လာတဲ့ တပည့်တွေ ပိုပိုများလာတယ်။"
" အဓိကခန်းမ တပည့်အရေအတွက်က အရင်ကထက် နှစ်ဆလောက် တိုးလာတာ။ "
"သူရဲကောင်းကိုးဦးအဖွဲ့ ဘက်ကလည်း လက်မနှေးဘူး၊ နေရာအနှံ့က ပါရမီရှင်တွေကို လိုက်ပြီး စည်းရုံးနေကြတာ။"
" ငါတို့အဖွဲ့ကပဲ တိုးတက်မှု အနှေးဆုံး ဖြစ်နေတာ။"
" ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ ဂိုဏ်းပေါင်းစုံ မဟာမိတ် က ရှိတယ်ဆိုရုံလေးပဲ ဖြစ်တော့မယ်"
မုရှုဝမ်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေခဲ့သည်။
တုမင်ကတော့ "ဘာပဲဖြစ်ဖြစ် ငါတို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်ရဲ့ မူလရည်ရွယ်ချက်ကို မမေ့ဖို့ပဲ အရေးကြီးတယ်။ "
"ဂိုဏ်းပေါင်းစုံက လာတဲ့ တပည့်တွေက ထျန်းဖူနန်းတော်မှာ ငါတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ"
ယန်ရှောင်းဟွာကလည်း ထောက်ခံလိုက်သည်။
သူတို့ရဲ့ စကားဝိုင်းကို နားထောင်ရင်း ထန်ထျန်းက ထျန်းဖူနန်းတော်ထဲက ဂိုဏ်းပေါင်းစုံ တပည့်တွေရဲ့ အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
အနှစ်ချုပ်ရရင်တော့ အထက်မရောက် အောက်မရောက် အခြေအနေမျိုး ဖြစ်သည်။
အဓိကခန်းမ ကို သွားရင်လည်း ဟိုဘက်က လူတွေက လက်မခံဘူး၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် မူလမျိုးနွယ်လို့ သတ်မှတ်ထားတဲ့ လူတွေက အပြင်က လာတဲ့သူတွေကို အရမ်းနှိမ်ကြသည်။
သူရဲကောင်းကိုးဦးအဖွဲ့ ဆီ သွားရင်လည်း အသုံးချခံရုံပဲ ရှိလိမ့်မည်၊ သူတို့က တကယ် စိတ်ပါလက်ပါ ပျိုးထောင်ပေးမှာ မဟုတ်ပေ။
ဒါကြောင့် သူတို့တွေက တစ်ယောက်ကိုတစ်ယောက် မှီခိုပြီး အုပ်စုလိုက် နေကြရခြင်း ဖြစ်သည်။
ဂိုဏ်းပေါင်းစုံရဲ့ အင်အားတွေ အားလုံးကို ပေါင်းလိုက်ရင်တော့ ထိပ်တန်းအင်အားစုတွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားရှိပြီး အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်း ရှိကြသည်။
ဒီလို အခြေအနေအပေါ် ထန်ထျန်း ဘာမှ မှတ်ချက်မပေးလိုပေ။
သူကတော့ အေးအေးဆေးဆေးပဲ ကျင့်ကြံချင်သည်။
တကယ်လို့ အင်အားပိုလျှံလာလို့ ဂိုဏ်းပေါင်းစုံက တပည့်တွေကို ကူညီပေးနိုင်မယ်ဆိုရင်တော့ သူ ငြင်းမှာ မဟုတ်ပေ ။
ခဏအကြာမှာတော့ ဥယျာဉ်ထဲမှာ လူတွေ ပိုများလာခဲ့သည်။
ထို့နောက် ယန်ရှောင်းဟွာတို့က ထန်ထျန်းကို တောင်ထိပ်ကြယ်ကြည့်ပွဲရဲ့ စည်းမျဉ်းတွေနဲ့ ကိစ္စ တွေကို စတင် ရှင်းပြပေးပါတော့သည်။