အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း ၂၉၂ ။ မြင့်မားသောတည်ရှိမှု
"ဟားဟားဟား..." ကျူးယောင်က အသံထွက်ရယ်တယ်။
"ဟေ့လူကြီး၊ ကောကောရှိလား"
"မရှိဘူး ထွက်သွား" အဲလူက အမြင်ကတ်စွာ နဲ့ဖြေလာတယ်။ သူ ဖုန်းချမို့ရှိသေး ပိုနူးညံ့တဲ့အသံတစ်သံ ထွက်လာတယ်။
"ယောင်ယောင် နင်ပဲ" ပိုငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်က စခရင်ပေါ် ပေါ်လာပြီး အမျိုးသားကို ဘေးဆွဲထုတ်တယ်။
"နင့်ကို မတွေ့ရတာ ရက်ပိုင်းရှိနေပြီ၊ ဘယ်တွေသွားနေတာလဲ"
"ငါကိစ္စတချို့ အပြီးသတ်ဖို့ အမတကျင့်ကြံသူမျက်နှာပြင်ဆီ ပြန်သွားခဲ့တာ" ကျူးယောင်က ပြန်ဖြေပြီး လေးနက်လာတယ်။
"ကောကော၊ ငါ့ကိုကူညီဖို့ နင့်အိမ်ကအဲလူကို ပြောပေးလို့ရမလား၊ ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်ဟာ..."
သူမက ကောကောကို ရှန်းရင်နဲ့ပတ်သက်ပြီး အားလုံးပြောပြတော့တယ်။
"ဟမ့်" ကျူးယောင်စကားဆုံးဆုံးချင်း စောနကလူက စုပ်သတ်တယ်။
"တခြားမျက်နှာပြင်တွေက ငါနဲ့ဘာဆိုင်လို့လဲ"
"အဲဒါယောင်ယောင့်သူငယ်ချင်းကောင်းလား" အမျိုးသမီးက မေးတယ်။
"ဒါပေါ့" ကျူးယောင် ခေါင်းညိတ်ပြလိုက်တယ်။
အမျိုးသားအမူအရာက ချဉ်စူးသွားပြန်ရော။
"ငါတို့မအား-"
"ကူညီလိုက်"
"ဟုတ်ပြီ"
နောက်အခိုက်အတန့်မှာ အိမ်ထဲကလေထုက တွန့်သွားပြီး နယ်ပယ်နှစ်ခုကြား ဂိတ်ပေါက်တစ်ခု သူတို့ရှေ့ ပေါ်လာလေတယ်။
ရှန်းကျင်း ။ ။ "..."
ကျူးယောင် ။ ။ "..."
ယွီယန် ။ ။ "..."
ကိစ္စတစ်ခုလုံးကို စောင့်ကြည့်နေတဲ့ ၃ယောက်အုပ်စု ။ ။ "..."
———————
ကျူးယောင်စကားအရ သူမသူငယ်ချင်းကောင်းရဲ့ လက်တွဲဖော်က ဗဟုသုတကြွယ်တဲ့ စီမံထိန်းသိမ်းသူတစ်ယောက်ပဲ။ သူမ လာခဲ့တဲ့ မျက်နှာပြင်က စီမံထိန်းသိမ်းသူပေါ့။ ရှန်းကျင်းတို့ လာခဲ့တဲ့တစ်ခုနဲ့ အရမ်းကိုဆင်တယ်။ သူမ မှတ်မိတည်းက သူက အဲမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ ဖြစ်နေခဲ့တာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ရှန်းရင်နဲ့ပတ်သက်ပြီး ပြဿနာကို အဖြေရှာနိုင်ရင် သူပဲနေမယ်။
သူက ရှန်းရင်နံပါတ်တွေကို သုံးသပ်ပြီးတဲ့နောက် သူ့အမူအရာပေါ်က အဲကနဦးအထင်သေးမှုနဲ့ ရွံရှာမှု ပျောက်ကွယ်သွားတယ်။ သူ့လက်ထဲက စခရင်ပေါ်မှာတော့ အနီရောင်စာလုံးတွေနဲ့ ဒေတာတွေ။
"ဘယ်လိုနေလဲ" ယိချင်းက စိုးရိမ်တကြီးမေးလာတယ်။
"ကျွန်တော့်ဆရာ ဘာများဖြစ်လဲဆိုတာ မေးလို့ရမလား"
အဲလူက ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ ရှန်းရင်ကို ခေါင်းစခြေဆုံး ကြည့်တယ်။ သူက ထိုင်ချပြီး ပြန်ဖြေလေတယ်။
"ဘာမှမဖြစ်ဘူး"
အားလုံး တန့်သွားတယ်။ သူ ဘာဆိုလိုတာလဲ။
"တကယ်လို့ မမှားဘူးဆိုရင် သူက ဒီမှာ ရှိနေတဲ့လူအားလုံးထက် သာတယ်" သူက ရှန်းကျင်းနဲ့ ကျူးယောင်ကိုပါ လှမ်းကြည့်ပြီး ထပ်ပြောတယ်။
"ငါတို့အပါအဝင်"
"ဘာဆိုလိုတာလဲ" ကူယွဲ့ အူကြောင်ကြောင် သူ့ကိုပြန်စိုက်ကြည့်နေမိတယ်။
"အပြည့်အဝတော့ မသေချာပေမဲ့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်တော့ သေချာတယ်"
သူက ရှန်းရင်ကို ရှင်းပြမရတဲ့ အမူအရာနဲ့ကြည့်တယ်။
"မင်းခွန်အားရဲ့ အကန့်အသတ်ကို ခံစားမိလား"
ရှန်းရင်က တန့်သွားတယ်။
"အကန့်အသတ်လား" ရှိတာလား။
"ဒါဆို ငါမှန်လောက်တယ်" သူက သူမဆီက အဖြေရဖို့တောင် မမျှော်ထားတဲ့ပုံ။ ကောကောဘေး ဒေတာတွေကို ပွတ်နေရင်း ထိုင်ချကာ ရှန်းကျင်းကို လှမ်းပြောတယ်။
"မင်းလည်း စီမံထိန်းသိမ်းသူပဲ၊ မင်း ငါတို့တည်ရှိမှုရဲ့ သဘာဝအကြောင်း သိတယ်မလား"
"ငါတို့က မျက်နှာပြင်တည်ရှိမှုရဲ့အပေါ်မှာ" ရှန်းကျင်းက ချက်ချင်းနီးပါး ပြန်ဖြေတယ်။
"အမှန်ပဲ၊ ငါတို့တွေက မျက်နှာပြင်တွေထက် မြင့်တယ်၊ ငါတို့က ငါ့လိုမျိုး မျက်နှာပြင်တွေနဲ့ တစ်ပြိုင်နက် တူညီတဲ့အချိန်မှာ တည်ရှိလာခဲ့တဲ့သူတွေ၊ ဒါမှမဟုတ် မင်းလို မျက်နှာပြင်တွေဆီက လက်ခံမှုရရှိခဲ့သူတွေ၊ ဒါမှမဟုတ် ဟိုဘက်က ကပ်ပါးရပ်ပါးလို မျက်နှာပြင်တွေရဲ့ ရွေးချယ်မှုခံရသူတွေပဲ" သူက ကျူးယောင်ကို လက်ညှိုးထိုးပြတယ်။
ကျူးယောင် ။ ။ "..."
"အတိုချုံးပြောရရင်တော့ ငါတို့က မျက်နှာပြင်နဲ့ တစ်သားတည်းပဲ" သူက ဆက်ပြောတယ်။
"အဲဒါကြောင့် ငါတို့တွေ မျက်နှာပြင်ကို စီမံခွင့်ရတာ၊ မျက်နှာပြင်နဲ့ပတ်သက်တဲ့ ဘယ်လူ၊ ဘယ်ကိစ္စ၊ ဘယ်အရာမဆို ငါတို့စီမံမှုထဲပဲ၊ ဘာမှ ငါတို့မျက်စိရှေ့ကနေ ရှောင်မရဘူး၊ သေချာပေါက် အဲဒါက... မျက်နှာပြင်ရဲ့ အသိစိတ်ကနေ မျက်နှာပြင်ကို စီမံခွင့်ရရှိသွားတဲ့ ကပ်ပါးရပ်ပါးလို အဲလူ၊ ကိစ္စ၊ ဒါမှမဟုတ် အရာတစ်ခုခုက ဂြိုဟ်ကနေ ထွက်သွားခဲ့တာ မဟုတ်သရွေ့ပေါ့"
ကျူးယောင် ။ ။ "..." တော်လောက်ပြီ၊ ငါ့ကို ကပ်ပါးရပ်ပါးလို့ခေါ်နေတာ ရပ်လိုက်တော့။
"ငါအဲဒါသိတယ်" ရှန်းကျင်းက ခပ်တိုးတိုးပြောတယ်။
"ဒါပေမဲ့ ရှောင်ရင်က ငါ့မျက်နှာပြင်ကလေ၊ သူနဲ့ချိတ်ဆက်မှုကို အာရုံခံနိုင်ပေမဲ့ ပြဿနာကို အဖြေရှာမရဘူး"
"အဲဒါ သူ့ဘက်ကနေ မင်းကို လိုလိုလားလား ချိတ်ဆက်ခွင့်ပြုထားလို့ပဲ၊ မဟုတ်ရင် မင်း သူ့တည်ရှိမှုကို အာရုံခံနိုင်မှာမဟုတ်ဘူး"
ရှန်းကျင်းက တန့်သွားတယ်။ အိမ်ထဲကလူအားလုံး ရှန်းရင်ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြတယ်။
ဟမ်။
ရှန်းရင်က ဇဇေဝဇဝါ ဖြစ်သွားတယ်။ တိတ်တိတ်လေး သူမကောက်ယူထားတဲ့ပန်းသီးကို ပြန်ချလိုက်တယ်။ ဘာလဲ။ စားလို့မရဘူးလား။
ဘေးနားက ယိချင်းက အကျင့်အတိုင်း အမတအသီး ကမ်းပေးလိုက်တယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှန်းကျင်း နားမလည်နိုင်စွာ အထိတ်တလန့်ရေရွတ်တယ်။
"ရှောင်ရင်က ငါ့ညီမလေ၊ သေချာပေါက် သူက ငါ့မျက်နှာပြင်ကပေါ့"
"ငါက နင့်ဆဲလ်ဖုန်းပလန်ကို ပိုက်ဆံဖြည့်ချိန်ပေးတဲ့ အလကားလက်ဆောင် မဟုတ်ဘူးလား" ရှန်းရင်က ကြားဖြတ်ပြောတယ်။
"အဓိပ္ပာယ်မရှိတာ" ရှန်းကျင်းက သူမကို စိန်းစိန်းဝါးဝါး ကြည့်တယ်။
"ငါနင့်ကို အမှိုက်ပုံကနေ ကောက်လာဝာာ"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဘာကွာလို့လဲ။
"သူ ငယ်ငယ်လေးတည်းက ငါပျိုးထောင်လာခဲ့တာပဲ၊ ငါတို့သွေးကြောတွေထဲ စီးနေတဲ့သွေးတွေ တူတယ်လို့တောင် ပြောလို့ရတယ်၊ တခြားသူတွေနဲ့ ယှဉ်ရင် သူက ငါ့မျက်နှာပြင်နဲ့ ဆက်သွယ်မှု အနက်ရှိုင်းဆုံးပဲ၊ ဘယ်လိုလုပ် ငါအာရုံခံတာကို ရှောင်နိုင်မှာလဲ"
"မယုံရင် မင်းမျက်နှာပြင်အာဏာစက်ကို သုံးပြီး စမ်းကြည့်" အဲလူက ရှန်းရင်ကို လက်ညှိုးထိုးတယ်။
ရှန်းကျင်းက မှင်တက်သွားပြီး ရှန်းရင်ကို မျက်လုံးမှေးကြည့်တယ်။ ရုတ်တရက် ပြင်းထန်တဲ့ အရှိန်အဝါတစ်ခုက သူတို့အုပ်စုဆီ ရိုက်ခတ်လာတယ်။ တစ်စက္ကန့်ရဲ့တစ်ပုံစာအတွင်း တစ်ခန်းလုံးက ပြင်းထန်တဲ့ဖိအားနဲ့ ပြည့်သွားတယ်။ ရှင်းပြမရတဲ့ခံစားချက် သူတို့အားလုံး ရင်ဘတ်ထဲ မြင့်တက်လာဝာာမို့ ကန့်ကွက်စကားတောင် မပြောနိုင်။ ရှန်းကျင်းနဲ့ မျက်နှာပြင်တစ်ခုတည်းဖြစ်တဲ့ကူယွဲ့ အော်မိကာ ဒူးထောက်ကျသွားခဲ့တယ်။
ဟိုလီရှစ် ထပ်ပြီးတော့ သူ့ကိုပဲလား။
凸(艹皿艹)
ကူယွဲ့ရင်ထဲ လေးလံသထက် လေးလံလာတယ်။ သူ့ရင်ဘတ်ထဲ ဖောက်ခွဲပစ်ဖို့ ခြိမ်းခြောက်နေသလိုပဲ။
"မကြီး" ရှန်းရင်က ရှန်းကျင်းနဲ့ ဖေဖေနျိုကြား ဝင်ရပ်တယ်။
ရုတ်တရက် သူမက တစ်စုံတရာကို ချိုးဖျက်လိုက်သလိုမျိုး ဖိအားက ပျောက်ကွယ်သွားတယ်။ ရှန်းကျင်းတောင် နောက်ဆုတ်လိုက်ရတယ်။
"ရှောင်ရင်..." သူမ မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
"ငါပြောတာ အဲဒါပဲ" အဲလူက ကြေညာတယ်။
"သူက မင်းမျက်နှာပြင်ရဲ့ အာဏာစက်အောက်မှာ မရှိတော့ဘူး"
"..." ရှန်းကျင်းက တုံ့ဆိုင်းသွားခဲ့တယ်။
ရှိနေတဲ့လူတိုင်း ဇဝေဇဝါဖြစ်နေတဲ့ပုံ။ သူတို့ အဲလူက ဘာပြောဖို့ ကြိုးစားနေလဲ အတိအကျနားမလည်။ ကျူးယောင်တောင် ခပ်ငိုင်ငိုင်ဖြစ်ပြီး ကောကောကို ရှင်းပြဖို့အတွက် တောင်းဆိုတဲ့ပုံ ကြည့်လိုက်တယ်။
"ရိုးရိုးပြော - သူ ဘာဖြစ်တာလဲ" ကောကောက အဲလူကို မေးတယ်။
"အင်း အချစ်" အဲလူက ကောကောလက်ကို ကိုင်ထားပြီး ဖြေလာတယ်။
"တခြားနည်းနဲ့ ပြောရရင် သူ့ကိုယ်က ပြောင်းလဲသွားလို့ တည်ရှိမှုသဘာဝကလည်း ခု ပြောင်းလဲသွားတာပဲ၊ ငါတို့စီမံထိန်းသိမ်းသူတွေတောင် နားမလည်နိုင်တဲ့ပုံစံ ပြောင်းလဲသွားခဲ့တာ"
"ဘာဆိုလိုတာလဲ"
"ဒီလိုပြောပြမယ် - တကယ်လို့မျက်နှာပြင်ထဲက အရာရာက သာမန်ဆိုရင် စီမံထိန်းသိမ်းသူတွေက သာမန်ထက်လွန်ကဲသူတွေလို့ စဉ်းစားနိုင်တယ်၊ ငါတို့မျက်နှာပြင်ထဲကအရာအားလုံးထက် ငါတို့မှာ ပိုပြီးကြီးမားတဲ့အစွမ်းတွေ ရှိတယ်လေ"
"အဲဒါ ငါသိတယ်" ရှန်းကျင်းက တုံ့ပြန်လိုက်တယ်။
"မင်း စစချင်း ဝိညာဉ်ကူးပြောင်းချိန် ခန္ဓာကိုယ်က ဘယ်လိုခံစားခဲ့ရလဲ မှတ်မိသေးလား"
ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။
"ဗိုက်ဆာတာလား"
"အမှန်ပဲ" အဲလူက ခေါင်းညိတ်တယ်။
"မင်းက ရှန်းကျင်းလက်ထောက်ဖြစ်ပြီး သူ့ညီမလေ၊ မင်းမှာ စီမံထိန်းသိမ်းသူနဲ့တူတဲ့ ခန္ဓာကိုယ်ရှိပြီးသား၊ မင်းအစ်မက မင်းကို စီမံထိန်းသိမ်းသူဖြစ်လာအောင် လေ့ကျင့်ပေးနေခဲ့တာ၊ ဒါပေမဲ့ မင်းကူးပြောင်းသွားချိန် မင်းခန္ဓာကိုယ်က တက်လှမ်းဖို့ထိပ်ဖျားကို ရောက်နေတာနဲ့ ကြုံသွားတယ်၊ အဲဒါက မင်း စီမံထိန်းသိမ်းသူဖြစ်လာဖို့ အချိုးအကွေ့ပဲ၊ မင်း ကူးပြောင်းချိန် မျက်နှာပြင်၂ခုလုံးရဲ့ စွမ်းအင်တွေကို စုပ်ယူမိတာမို့ မင်းတည်ရှိမှုသဘာဝက ပြောင်းလဲသွားခဲ့တာ၊ မင်းက ၂ဆင့်တောင် ခုန်တက်သွားခဲ့တယ်၊ အဲဒါက စွမ်းအင်အရမ်းသုံးစွဲလို့ မင်းဗိုက်ဆာနေရတာပဲ"
"ဆိုလိုတာက... စီမံထိန်းသိမ်းသူ ဖြစ်နေပြီလား" ရှန်းရင် သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။
"မဟုတ်ဘူး၊ မင်းက မတူညီတဲ့မျက်နှာပြင်၂ခုရဲ့ စွမ်းအင်တွေကို စုဆောင်းမိသွားခဲ့တာ" သူက တလေးတနက် ရှင်းပြတယ်။
"မင်းက စီမံထိန်းသိမ်းသူတစ်ယောက်ပဲ မဟုတ်ဘူး၊ မင်းက..."
"စီမံထိန်းသိမ်းသူထက်ပိုတယ်" ရှန်းကျင်း သူ့စကားကို အဆုံးသတ်ပေးလိုက်တယ်။
"..."
(⊙_⊙)
"စီမံထိန်းသိမ်းသူတစ်ယောက်က မျက်နှာပြင်ထက် ပိုပြီးမြင့်မားတဲ့အဆင့်မှာတည်ရှိနေတယ်လို့ ငါတို့ပြောရင်" အဲလူက စကားတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း တလေးတနက်ဖိပြောလေတယ်။
"မင်းက အခု စီမံထိန်းသိမ်းသူတွေထက်တောင် ပိုပြီးမြင့်တဲ့အဆင့်မှာရှိနေတာပဲ"
အားလုံး ။ ။ "..."
'BOSS' ဆိုတာ အဲဒါကိုဆိုလိုတာလား။
…
အခန်း ၂၉၃ ။ စိတ်ကူးယဉ်ဆန်သော ဖွင့်ဟဝန်ခံမှု
ရှန်းရင်နဲ့ အုပ်စုက ဇဝေဇဝါအခြေအနေနဲ့ အကူအညီရှာခဲ့ပြီး တူညီတဲ့ဇဝေဇဝါအခြေအနေနဲ့ အိမ်ပြန်လာခဲ့တယ်။ ကူယွဲ့က အနည်းဆုံးတော့ ရှန်းရင်က ဘာလို့အဲလောက်ကြောက်ဖို့ကောင်းနေလဲ နားလည်သွားပြီ။ အဲဒီအမတတွေ၊ ကောင်းကင်မျိုးနွယ်တွေ၊ နတ်ဆိုးတွေနဲ့ စီမံထိန်းသိမ်းသူနဲ့ ခပ်ဆင်ဆင် မိစ္ဆာနတ်ဘုရားတောင် သူမအပေါ် ဘာသက်ရောက်မှုမှမရှိဘူးလေ။ သာမန်လူတွေ ဖြတ်လျှောက်ဖို့ အရမ်းခက်တဲ့ ဘုံတံခါးတွေတောင် သူမက အလွယ်လေး ဖွင့်ပစ်လိုက်နိုင်တာ။
ဒါဆို ဒါတွေအားလုံးက သူမက တခြားသူတွေနဲ့ အဆင့်မတူလို့ပေါ့။
ကူယွဲ့ မျက်နှာပြင်တွေရဲ့ စွမ်းအင်ကို စုပ်ယူတာက ဘာအဓိပ္ပာယ်လဲတော့ နားမလည်သေးပေမဲ့ ထပ်စဉ်းစားကြည့်ရင် သူမနဲ့ သူတို့ကြားက ခြားနားမှုက သုံးဖက်မြင်နဲ့ နှစ်ဖက်မြင်ပုံရိပ်လူတွေကြားက ကွာခြားချက်လို့ မှန်းဆနိုင်တယ်။ တခြားစကားနဲ့ ပြောရရင် လက်နှစ်ဖက်တည်းနဲ့ သူတို့ကို ဆွဲဖြဲနိုင်တယ်ပေါ့။ သူတို့ကိုဆွဲထားတဲ့ စာရွက်သားက ဘာအရည်အသွေးပဲဖြစ်ဖြစ် သူမအတွက်တော့ စာရွက်ပဲဖြစ်နေဦးမှာ
ဘာကြောင့်မှန်းမသိ သူ ဒါတွေအားလုံးကို ခေါင်းထဲစုပ်ယူဖို့ အချိန်တချို့လိုဦးမယ်ဆိုတာ သိနေတယ်။ ရှန်းကျင်းလည်း ကြည့်ရတာ ဆက်ပြီး ကြာကြာမနေချင်တော့တဲ့ပုံ။ ရှန်းရင်ရဲ့အခြေအနေအကြောင်း ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် သူတို့ကိုယ်ပိုင်မျက်နှာပြင်တွေဆီ တံခါးကိုဖွင့်ပြီး ပြန်ဖို့လုပ်တယ်။ ဒါပေမဲ့ ရှန်းရင်ကတော့ သူမခွန်အားကို သူမ မသိသလိုမျိုး ခပ်ပေါ့ပေါ့ အသီးကို ကိုက်စားနေလေတယ်။
"စားဖိုမှူး စားဖိုမှူး" ကူယွဲ့က လေထဲ အကြောင်သားစိုက်ကြည့်နေတဲ့ လူကို တံတောင်နဲ့တွတ်လိုက်တယ်။
"အိုး" ယိချင်းက ခေါင်းညိတ်ပြတယ်။ သူလှည့်ကြည့်ကာ ကျူးယောင်ကို ဖက်ထားတဲ့ ယွီယန်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ မျက်နှာပြင်လမ်းကြောင်းထဲ သူတို့နောက်လိုက်လာခဲ့တယ်။
ဒီတော့ သူတို့လည်း... ဆရာနဲ့တပည့်တွေပေါ့။
"ရှောင်ရင်၊ ငါလည်း နင့်အခြေအနေကို မတတ်နိုင်ဘူး" ရှန်းကျင်းက သက်ပြင်းချတယ်။ သူမရှေ့ကလူတွေကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ အခု ရှန်းရင်ရဲ့ အခြေအနေကို နားလည်သွားတော့ အကောင်းလားအဆိုးလား မဆုံးဖြတ်နိုင်တော့ဘူး။
"ထိန်းညှိဖို့အကောင်းဆုံးကြိုးစားကြည့်"
"အိုး" ရှန်းရင်က ဘာမှမဖြစ်သလိုမျိုး ခေါင်းညိတ်ပြတယ်။
"နင့်ဝိညာဉ်ကူးပြောင်းမှုအတွက်ကတော့ ငါအကြောင်းရင်းကို စုံစမ်းဖို့လိုသေးတယ်" သူမက တစ်စုံတစ်ရာကို အမှတ်ရသွားသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။
"နင် ကူးပြောင်းချိန်က ရှေးခေတ်ဂိမ်းတစ်ခုခုကို ဆော့နေခဲ့တာလို့ ပြောတယ်မဟုတ်လား"
ရှေးခေတ်... ဖေဖေ့နျိုနှလုံးသားထဲ ဓားတစ်ချောင်း ထိုးစိုက်သွားသလိုပဲ။
ရှန်းရင်ခေါင်းညိတ်တာကို မြင်တော့ ရှန်းကျင်းက စကားဆက်တယ်။
"ငါဒီနောက် ဆက်လိုက်မယ်၊ နင့်ရဲ့လောလောဆယ်အခြေအနေနဲ့ဆို မျက်နှာပြင်ကိစ္စတွေကို ကိုင်တွယ်ဖို့ သင့်တော်ဦးမယ် မထင်ဘူး၊ နင့်အားလပ်ရက်ကို နောက်ထပ်အသိမပေးခင်ထိ ရက်တိုးလိုက်ပြီ"
"ဟုတ်ကဲ့ မကြီး၊ ကိစ္စမရှိပါဘူး မကြီး" ရှန်းရင်မျက်လုံးတွေ တောက်ပကုန်တယ်။
"ငါလုပ်စရာ တခြားကိစ္စတချို့ရှိတယ်၊ သုံးရက်အတွင်း ပြန်လာခဲ့မယ်" သူမက နောက်ထပ် နယ်မြေမုခ်ဝကို လှည့်ဖွင့်လိုက်တယ်။ သူမ မဝင်ခင် ပြောသေးတယ်။
"ပြဿနာမရှာနဲ့နော်"
နောက်တော့ ပျောက်သွားတော့တာပဲ။
ရှန်းရင် နောက်ဆုံးတော့ တစ်ကိုယ်လုံး ပေါ့ပါးသွားတယ်။ သူမက ချက်ချင်း သဲပုံကြီးနဲ့တူသွားပြန်တယ်။ ကွန်ပျူတာဆီ လျှောက်လာရင်း သူမက မြင်နေကျ လက်ပတ်နှစ်ခုကို ကောက်ယူကာ တစ်ခုကို စားဖိုမှူးဆီ ပေးပြီး နောက်တစ်ခုကို ဝတ်လိုက်တယ်။ သူမက ကူယွဲ့ဘက်ကို မျက်လုံးတွေတောက်ပစွာနဲ့ လှည့်ကြည့်လာလေရဲ့။
"ဖေဖေနျို၊ စနစ်တချို့လောက် သွားဟက်ကြရအောင်"
"သွားစမ်းပါ"
အိပ်စားတာနဲ့ ကမြင်းဖို့ကလွဲ တခြားအဓိပ္ပာယ်ရှိတာ တစ်ခုခုလုပ်ဖို့ရောရှိရဲ့လား။
ရှန်းရင်က သက်ပြင်းချပေမဲ့ ဆက်ပြီး တွန်းအားမပေး။
"စားဖိုမှူး သွားကြစို့"
သူမက လက်ပတ်ကို အသက်သွင်းမို့ရှိသေး ယိချင်းက မထင်မှတ်ထားစွာ သူ့ဟာကို ရှန်းရင်ဆီ ပြန်ပေးလာတယ်။ သူက ငုံ့သွားတယ်။ ခံစားချက်မျိုးစုံကို အချိန်အတော်ကြာ ထိန်းချုပ်ခဲ့ရသလိုမျိုး မျက်နှာမှာ ရောင်ပြန်ဟပ်နေတယ်။ သူ့ရင်ဘတ်ထဲကနေ ပေါက်ကွဲထွက်တော့မယ်ဆိုတာ သိသာတယ်။
"ဆရာ..."
"ဟမ်" ရှန်းရင်က သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
သူက လက်သီးဆုပ်ကာ စိတ်ပိုင်းဖြတ်ထားတဲ့ပုံ။ ခပ်မတ်မတ်ရပ်ပြီး ရှန်းရင်ကို အင်မတန် လေးနက်တဲ့အမူအရာနဲ့ ကြည့်တယ်။ နောက်တော့ ရှေ့ကိုနှစ်လှမ်းတိုးလာပြီး သူမရှေ့ ဒူးထောက်ကာ ဦးတိုက်ဂါဝရပြုတော့တယ်။
"နင်ဘာလုပ်နေတာလဲ" ရှန်းရင် အလန့်တကြား နောက်ပြန်ခုန်လိုက်တယ်။ ကူယွဲ့တောင် အံ့ဩတကြီး လှမ်းကြည့်မိသွားတယ်။
ယိချင်းအမူအရာက ပိုပြီးတောင် ပြတ်သားနေပုံ။ သူက သူမကို တန်းတန်းမတ်မတ်ကြည့်ကာ ကျယ်လောင်စွာ ပြောတော့တယ်။
"တပည့်မှာ ပြဿနာတချို့ရှိလို့ ဆရာကူညီဖြေရှင်းပေးစေချင်ပါတယ်"
"ဘာ... ဘာပြဿနာတွေလဲ" ရှန်းရင်က စားဖိုမှူးရဲ့ လေးနက်လှတဲ့ပုံစံကြောင့် မှင်တက်ကုန်တယ်။
"အဲလောက်ကြီး... လေးနက်စရာမလိုပါဘူး၊ ဟုတ်ပြီလား အရင်ထပါ"
"ဒါက တပည့်နှလုံးသားထဲမှာ ရှိနေခဲ့တာ နှစ်မရေမတွက်နိုင်အောင် ကြာနေခဲ့ပါပြီ၊ ဖြေရှင်းနည်းကို မတွေ့သေးဘူး၊ စိတ်နတ်ဆိုးတွေကို မွေးမြူဖို့ အစပဲ၊ ဆရာ တပည့်ပြောတာကို နားထောင်ပေးဖို့ မျှော်လင့်ပါတယ်" သူက စကားဆုံးချိန် နောက်တစ်ကြိမ်ဦးတိုက်ပြန်တယ်။ သူ့ခေါင်းက ကြမ်းပြင်ကို စိတ်ပိုင်းဖြတ်တဲ့ ဘုတ်ခနဲမြည်သံနဲ့အတူ ထိသွားတယ်။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ နားထောင်မယ်၊ နားထောင်ပါ့မယ်ဟုတ်ပြီလား"
သူက သူမကို လန့်အောင်လုပ်နေတာပဲ။
"ပြော"
"တပည့်က ဆရာအနေနဲ့ ရခဲ့တာ အရမ်းကိုကံကောင်းပါတယ်၊ ဆရာ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်" သူကဖြည်းဖြည်းချင်း တစ်လုံးချင်းကို ဖိပြောတယ်။
"တပည့်နှလုံးသားထဲမှာ ဆရာက ဘဝတစ်လျှောက်လုံး လမ်းပြခဲ့ပါတယ်၊ ဆရာ့နောက်လိုက်ခဲ့တည်းက ဆရာ့ကိစ္စနဲ့ စိုးရိမ်မှုတွေအားလုံးကို နှလုံးသားပေါ်တင်ပြီး တခြားအရာအားလုံးထက် ဦးစားပေးခဲ့ပါတယ်"
"အင်း"
"နှစ်ပေါင်းများစွာ ဆရာ့နောက်လိုက်ခဲ့ပြီး တပည့်အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်၊ ဆရာ့ဆီက သင်ယူရတာကို ဂုဏ်ယူပြီး ဆရာ့လမ်းစဉ်နောက်လိုက်ခဲ့ပါတယ်၊ အချိန်တွေ ကြာလာတာနဲ့အမျှ တပည့်နှလုံးသားထဲမှာ ပုန်းကွယ်နေတဲ့ ဆန္ဒတွေရှိနေတာ သိခဲ့ရတယ်၊ ကျွန်တော် အရင်က သတိမထားမိခဲ့ပေမဲ့ အခုတော့... ကျွန်တော် သူတို့ကို မရှင်းထုတ်နိုင်တော့ဘူး"
သူက နောက်တစ်ကြိမ် လက်သီးဆုပ်ပြီး အင်မတန်ကို ရှက်ရွံ့နေပုံ။
ရှန်းရင် အလိုက်သင့်မေးလိုက်တယ်။
"ဘာတွေလဲ"
ယိချင်းက တုန်ယင်စပြုလာတယ်။ သူ့ကြည့်ရတာ ဆက်မပြောနိုင်တဲ့ပုံပေမဲ့ ခဏနေတော့ ခေါင်းမော့ပြီး အသက်ပြင်းပြင်းရှူတယ်။
"ကျွန်တော် ဆရာ့တပည့်ဖြစ်ရတာ ဂုဏ်ယူတယ်၊ ကျွန်တော့်စွမ်းရည်တွေကို အပြည့်ဝဆုံး ဖွံ့ဖြိုးအောင် လုပ်ပြီး ဂိုဏ်းကိုတိုးတက်ကျယ်ပြန့်လာအောင်ကူညီရမှာ ကျွန်တော့်တာဝန်ပါ၊ ဒါပေမဲ့... ကျွန်တော် မလုပ်ချင်ဘူး ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ပြီး ဆရာ့ကို နေရာအနှံ့က တပည့်တွေ မရှိစေချင်ဘူး၊ ဆရာ တခြားတပည့်တစ်ယောက် လက်ခံမှာ မလိုချင်ဘူး၊ ဆရာ့နား တခြားသူတွေကပ်တာလည်း မလိုချင်ဘူး၊ ကျွန်တော့်မျက်စိအောက်ကနေ ဆရာတစ်စက္ကန့် ပျောက်သွားတာမျိုးတောင် မဖြစ်စေချင်ဘူး၊ ဒါတွေက ကျွန်တော့်ရင်ထဲမှာ သိုဝှက်ထားခဲ့တာ အတော်ကြာပြီဖြစ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေပါ၊ ကျွန်တော် ဖယ်ရှားဖို့ကြိုးစားလည်း မအောင်မြင်ခဲ့ဘူး"
"..."
"တပည့်က ဆရာ့ဘေးမှာ အမြဲနေချင်တယ်၊ ဆရာ့ကို အဖော်ပြုပြီး တစ်ဦးတည်းသောတပည့် ထာဝရဖြစ်ချင်မိတာ၊ ကျွန်တော် တခြားသူတွေ ဆရာ့နားရှိမှာ မလိုချင်ဘူး၊ ပြီးတော့... ဆရာ့ကို ကျွန်တော့်ဘေး ထာဝရရှိနေစေချင်တယ်"
"..."
"ဆရာ ကျွန်တော့်ကို ဖြောင့်မတ်ဖို့ သင်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့ ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ အတွေးတွေ တွေးမိခဲ့တယ်၊ ကျွန်တော် ဆရာ့ကို စိတ်ပျက်စေမိပြီ၊ ဒါပေမဲ့ ကျွန်တော် ဘယ်လောက်ပဲ အသည်းအသန် ကြိုးစားကြိုးစား ကျွန်တော် ဒီဆန္ဒတွေကို မဖယ်ရှားနိုင်ဘူး၊ ဆရာ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ရှာခဲ့ပေမဲ့ ဒီဆန္ဒတွေနဲ့အတွေးတွေကို ပိုပြီးမြှုပ်နှံခဲ့မိတယ်၊ အခု လုပ်နိုင်တာက ဆရာ့လမ်းညွှန်မှုကို တောင်းခံရုံပါပဲ"
"..."
"ဆရာနဲ့ ထပ်ပြီး မခွဲချင်တော့ဘူး၊ ဆရာ့ကို... ကျွန်တော် တစ်ယောက်တည်းပဲလိုချင်တာ"
ဖွီ...။
စကားလုံးတိုင်းကို ကြားခဲ့တဲ့ ကူယွဲ့ သောက်နေတဲ့ရေကို ထွေးထုတ်မိပြီး တဟားဟား ထရယ်မိတော့တယ်။ ဒါပေမဲ့သီးပြီး အဆက်မပြတ် ချောင်းဆိုးတော့တာပဲ။ သူချောင်းဆိုးရင် ရင်ဘတ်ကို တဒုန်းဒုန်းထုရတယ်။ ဒါပေမဲ့ နောက်လက်တစ်ဖက်နဲ့ ယိချင်းကို လက်မထောင်ပြလိုက်တယ်။
"ဟားဟားဟား... ဟဲဟဲဟဲ... ညီကိုရေ မင်းရဲ့သမာသမတ်ကျတဲ့ ဖွင့်ဟဝန်ခံမှုက တကယ်ကို ဒီကမ္ဘာ့အပြင်ရောက်နေပြီ၊ တကယ်ကို အနိုင်မရနိုင်ဘူး - အားကောင်းလွန်းတယ်" ဒါက သူ ဒီလိုလေးနက်ပြီး အကြမ်းထည်ဆန်တဲ့ ဖွင့်ဟဝန်ခံမှုကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပဲ။
"ငါတောင် မင်းကြောင့် စိတ်လှုပ်ရှားမိတော့မယ်"
"ဘာဆိုလိုတာလဲ" ယိချင်းက မျက်မှောင်ကြုတ်တယ်။
"ငါ တစ်ခါမှ တွေးမိခဲ့မှာ မဟုတ်ဘူး၊ စားဖိုမှူးရေ မင်းမှာ ဒီလိုလှည့်ကွက်တွေ လျှိုထားလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး၊ ဒါပေမဲ့ အချိန်က လွဲနေတယ်" သူက စကားပြောပြီးတာနဲ့ နှစ်ဆတိုး ရယ်မိပြန်တယ်။
ယိချင်း အမူအရာက မာကြောသွားတယ်။ အရမ်းကို လေးနက်စွာနဲ့ သူကပြောတယ်။
"ပြောသမျှက နှလုံးသားထဲက တန်းတန်းမတ်မတ်လာခဲ့တာပါ၊ လုံးဝမလိမ်ခဲ့ဘူး တာအိုရောင်းရင်းကူယွဲ့ ကျေးဇူးပြုပြီး ဟာသအနေနဲ့ မသတ်မှတ်လို့မရဘူးလား"
ဟေး၊ သူက ငါ့ကို "တာအိုရောင်းရင်း" လို့ခေါ်နေပြီပဲ။ တကယ်စိတ်ဆိုးနေတာဟ။
"ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲအတွက် ဆရာ့ဆီက လမ်းညွှန်မှုကို တကယ်တောင်းဆိုနေတာ၊ အမှားကြီးမလုပ်ခင် ဒီတစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဖယ်ရှားချင်တယ်၊ တကယ်လို့ အတိတ်တုန်းက မူမမှန်ပြုမိခဲ့ရင် သင့်တော်သလို အပြစ်ပေးဖို့ တောင်းပန်နေတာ"
"အပြစ်ပေးရမယ်လား၊ ခဏ" ကူယွဲ့ ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့တယ်။ သူက စားဖိုမှူးကို ဂြိုဟ်သားတစ်ကောင်ကို ကြည့်နေသလို ကြည့်မိလိုက်တယ်။
"မင်း... မင်း တကယ်ပဲ ရှန်းရင်ကို သဘောကျနေမိတာ နားမလည်တာလား၊ မင်း သူ့ကိုပိုးပန်းချင်နေတာ မသိဘူးလား"
"..." ဘာ။
သူ... ဆရာ့ကို သဘောကျနေတာတဲ့
Σ(°△°|||)
…
အခန်း ၂၉၄ ။ နျိုစတိုင်ဆွေးနွေးခြင်း
"ဘာ... ဘာ" ယိချင်းက စကားဝိုင်းက ဘယ်ဦးတည်နေသလဲ ခုမှနားလည်လာသလိုမျိုး သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ တစ်အောင့်နေတော့ သူ လက်တွေ့ဘဝထဲ ပြန်အသိဝင်လာတယ်။ တစ်စုံတရာက အနောက်ကနေ ပေါက်ကွဲထွက်သွားသလိုမျိုး သူ့ရဲ့ လေးနက်တဲ့အမူအရာက နီရဲသွားခဲ့တယ်။ သူက သွေးပျက်စပြုလာတယ်။
"ကျွန်တော်... ကျွန်တော်က... ဆရာ့ကို သဘောကျတယ်လား" သူက အလိုလို ရှေ့က အမျိုးသမီးကို လှမ်းကြည့်လိုက်မိတယ်။ ဒါပေမဲ့ သူ သူမမျက်လုံးတွေနဲ့ မဆုံခင်မှာတင် အမှားလုပ်ထားတာကို မိသွားတဲ့ကလေးလိုမျိုး ပြန်ငုံ့သွားခဲ့တယ်။
သူ... သူ့ဆရာပေါ်ရှိနေခဲ့တဲ့ ခံစားချက်က... သဘောကျမှုလား။ သူ တကယ်ပဲ ဆရာ့ကို သဘောကျနေခဲ့တာလား တကယ်လို့ ဆရာ့ကို သဘောကျတာက ဆရာ့ဘေး ထာဝရနေရမယ်ဆိုတဲ့သဘောဆိုရင် သူတကယ်ပဲ သဘောကျနေမိတယ်ထင်တယ်။
"မင်းတကယ်မသိဘူးပေါ့" ကူယွဲ့ မယုံကြည်နိုင်စွာ အံ့ဩတကြီး ရေရွတ်လိုက်တယ်။ သူက သူကိုယ်တိုင် ခံစားချက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မသိသေးဘဲ ရှန်းရင်ကို ဖွင့်ဟဝန်ခံတယ်ပေါ့။ သူ ပြုမူနေတဲ့ပုံစံအရတော့ သူမက သူ့ ပထမဆုံးဆိုတာ သေချာတယ်... ဘာပဲဖြစ်ဖြစ်ပါ။
"ဆ... ဆရာ" ယိချင်းက သူ့ကိုယ်ထဲသူ ကျုံ့သွားတဲ့ပုံ။ သူ စောနက ယုံကြည်ချက်ရှိရှိ လမ်းညွှန်မှု တောင်းခံတဲ့နေရာက ခုတော့ ပြားချပ်နေတဲ့ဘတ်စကတ်ဘောလို ဖြစ်နေပြီ။ အပြစ်ရှိသလိုနဲ့ သူက ရှန်းရင်ကို ထပ်တလဲလဲ ခိုးကြည့်နေတယ်။
"ဟေး တစ်ခုခုပြောဦးလေ" ကူယွဲ့ ရှန်းရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။
"ပြောရမယ်... ဘာပြောရမှာလဲ" ရှန်းရင်က လည်ချောင်းဟန့်လိုက်တယ်။ စားဖိုမှူးဆီက ဒီရုတ်တရက် ဖွင့်ဟဝန်ခံမှုက တကယ်ပဲ သူ့ကိုနည်းနည်းအနေရခက်သွားတယ်။ သူမ ဘာလုပ်ရမလဲ ဘာပြောရမလဲဆိုတာ တကယ်ပဲမသိဘူး။
"မင်းလည်း သူ့လို တုံးအအလုပ်ဖို့ ကြိုးစားနေတာလား" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
"အနည်းဆုံးတော့ သူ မင်းကိုပြောတာကို တုံ့ပြန်တဲ့အနေနဲ့တစ်ခုခုပြောလိုက်လေ"
တစ်ခဏနေတော့ ကူယွဲ့ ထပ်ပြောလိုက်တယ်။
"မင်းကို ပြောပြမယ်၊ မင်း စားဖိုမှူးလိုလူ နောက်တစ်ယောက် ရှာတွေ့နိုင်မှာမဟုတ်ဘူး... အဲလောက် ဟင်းကောင်းကောင်း ချက်တတ်သူကိုလေ" သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ဘေးတစ်ယောက် အဖော်ပြု တိုက်ခိုက်လာခဲ့သူပဲ။ ကူယွဲ့ သူ့ညီကိုကို ကူပေးရမယ်လို့ ခံစားရတယ်။
"အာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်တာ" ဒီချိန်းတွေ့တဲ့ကိစ္စတွေအားလုံးက။
မင်းဘိုးအေကို အနှောင့်အယှက်ဖြစ်စရာကောင်း။
"စားဖိုမှူး" ရှန်းရင်က ယိချင်းကို လေးလေးနက်နက် မျက်နှာချင်းဆိုင်လိုက်တယ်။
ယိချင်းက တန့်သွားပြီး ကူယွဲ့ ခုလေးတင် သူ့ကြိပြောပြလိုက်တဲ့ အမှန်တရားကို အစာမချေနိုင်သေး။ မျက်နှာရဲနေတာကို မရပ်နိုင်ဘဲ သူက ရှန်းရင်ကို ကြည့်လိုက်တယ်။
"ဆ... ဆရာ"
"နင်ငါ့ကို အတိအကျ ဘာပြောချင်လဲဆိုတာ အဖြေရှာပြီးပြီလား"
ယိချင်းက ရပ်သွားပြီး သူ့မျက်လုံးတွေက တိမ်ဖုံးသွားတယ်။ သူက ရှန်းရင်ကို မတုံ့ပြန်ဘဲ တစ်ခဏတာ စိုက်ကြည့်နေတယ်။
"အာ" ရှန်းရင်က သက်ပြင်းချတယ်။
"ဒါဆိုလည်း ဒီတိုင်း အရင်ထားထားလိုက်တာပေါ့၊ နင် အဆင်သင့်ဖြစ်ချိန် ငါ့ကိုပြော"
သူမက လက်ကိုယမ်းပြီး အစည်းအဝေး တန်းဖြုတ်ဖို့ ရည်ရွယ်လိုက်တယ်။
"နေ့လယ်ရောက်တော့မယ် - နေ့လယ်စာချက်ဖို့ အချိန်ကျပြီ"
သူမက ထရပ်ကာ စားဖိုမှူးကို အလုပ်လုပ်ဖို့ အမူအရာပြလိုက်တယ်။
"ကျွန်တော် ဆရာ့ကို သဘောကျတယ်" ယိချင်းက ရုတ်တရက် ကြေညာလိုက်တယ်။ သူ့ကြည့်ရတာ ခံစားချက်တွေကို အဖြေထုတ်ပြီးပုံပဲ။ သူက အရင်ကထက်တောင် ပိုပြီးကျယ်ကျယ်လောင်လောင် စကားပြောလာပြီး ရှန်းရင်ကိုတည့်တည့်ကြည့်တယ်။ ဒါပေမဲ့ သူ့မျက်နှာကတော့ ခရမ်းချဉ်သီးလို နီရဲနေတာပဲ။ တစ်လုံးချင်းစီ သူကဖိပြောတယ်။
"တကယ်လို့ ဆရာ့ကို တစ်ယောက်တည်းအပိုင်ရလိုတဲ့ တပည့်ရည်ရွယ်ချက်က ဆရာ့ကို သဘောကျနေတယ်လို့ ညွှန်ပြတာဆိုရင် ဆရာ့ကို သဘောကျမိခဲ့တာ အတော်လေး... အတော်လေး ကြာခဲ့ပြီထင်တယ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဟိုလီရှစ်၊ ဒါပိုပြီးကောင်းတဲ့ ဝန်ခံမှုပဲ။
အတော်ကြာသော်...။
"ဒါပေမဲ့... ဒါပေမဲ့ ငါ နင့်ကို တကယ်သဘောမကျဘူးထင်တယ်"
"..."
—————
ယိချင်းက မထင်မှတ်ထားစွာ ဝန်ခံလာပြီး ကျရှုံးသွားတည်းက ဒီရင်ပိုင်း ပိုအေးစက်လာတယ်လို့ ကူယွဲ့ ခံစားနေရတယ်။ သူတို့က နဂိုကနဲ့မခြားပြုမူနေဆဲပဲ။ ဂိမ်းအမြဲဆော့သူက ဂိမ်းဆက်ဆော့ပြီး ဟင်းအမြဲချက်သူက ဟင်းဆက်ချက်နေပေမဲ့ အိမ်ထဲ တစ်စုံတစ်ရာသော တင်းမာမှုကို သူခံစားနေရသလိုပဲ။ လေ့လာစောင့်ကြည့်သူအနေနဲ့ ကူယွဲ့ အတော်လေးမသက်မသာဖြစ်လာတယ်။ အထူးသဖြင့် ယိချင်းရဲ့ ယူကျုံးမရဖြစ်နေတဲ့ အကြည့်တွေကိုမြင်ချိန်ပဲ...။
အရေးကြီးဆုံးက...။
"ဟေး ဘာလို့ မင်းဒီကိစ္စကို မစီမံတာလဲ"
ကူယွဲ့ အလုပ်များနေတဲ့ ယိချင်းကို လက်ညှိုးထိုးလိုက်တယ်။
"ဘာစီမံရမှာလဲ" ရှန်းရင်က ကူယွဲ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
"ဘာရှိရမှာလဲ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"စားဖိုမှူးက ဟင်းချက်နေပြန်ပြီလေ"
"သူဟင်းချက်တာ ဘာထူးဆန်းလို့လဲ" သူက စားဖိုမှူးပဲကို
"သူ ဟင်းချက်တာ မထူးဆန်းပေမဲ့ တစ်နေ့ကို ဟင်းဆယ်ပွဲကျော်ထက် ချက်စရာတော့မလိုဘူးမလား"
ကူယွဲ့ စားစရာအပြည့် စားပွဲကို လက်ညှိုးထိုးပြလိုက်တယ်။ သူ ဝန်ခံပြီးတဲ့နေ့တည်းက စားဖိုမှူးက မီးဖိုချောင်ထဲကနေကို မထွက်တော့တာ။ သူ့ဘာသာ မီးဖိုချောင်ထဲ တစ်နေကုန်ချက်ပြုတ်ပြီး အလုပ်ရှုပ်အောင် နေနေတယ်။
သူ အသည်းကွဲလို့ အရက်သမား ဖြစ်သွားသူတွေကို အတော်လေးမြင်ဖူးပေမဲ့ ချက်ပြုတ်တဲ့ဘက်ကို ဦးတည်သွားသူတော့ တစ်ခါမှမမြင်ဖူးဘူး ဟင်းချက်စရာတွေဝယ်ရတာလည်း ကူယွဲ့အတွက် ပင်ပန်းလာပြီ
"ငါဗိုက်ပြည့်နေပြီ ပြောပေမဲ့ သူကမရပ်ဘူးလေ" ရှန်းရင်က ပခုံးတွန့်တယ်။ ရုတ်တရက် သူမက တစ်စုံတစ်ရာကို တွေးမိသွားတယ်။
"အော်ဟုတ်သား ဖေဖေနျို ဂတ်စ်ဖိုးပေးဖို့ မမေ့နဲ့နော်"
"ထွက်သွား" သူ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ တစ်အောင့်နေတော့ သူ ထုတ်ပြောမိသွားတယ်။
"မင်း တကယ်ပဲ စားဖိုမှူးအတွက် ခံစားချက်မရှိဘူးလား"
"နည်းနည်းလေးပဲလို့... ထင်တာပဲ"
"ကြိုက်ရင် ရှေ့ဆက်တိုးလိုက်လေ" ကူယွဲ့က အံဩတကြီးပြောလိုက်တယ်။
"မင်း ဘယ်တုန်းက အဲလောက်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာတာလဲ" စားဖိုမှူး အသည်းကွဲနေတာ သတိမထားမိဘူးလား။
ရှန်းရင်က မျက်လုံးမှေးကြည့်လိုက်တယ်။
"သူက မတူဘူး"
"သူက ဘယ်လိုမတူတာလဲ" ကူယွဲ့ နားမလည်နိုင်စွာ မေးလိုက်တယ်။
"သူက အရင်ကသူ့ခံစားချက်တွေကို နားမလည်ခဲ့ပေမဲ့ မင်းလည်း နားမလည်ဘူးတော့ မပြောနဲ့နော်၊ ဒီနှစ်တွေအားလုံးအကြာမှာ သူက မင်းကိုစိတ်ဝင်စားနေတယ်ဆိုတာ ဘယ်သူမပြောဘဲနေနိုင်လို့လဲ၊ မင်းသာခိုင်းရင် သူ့နှလုံးတောင် သူထုတ်မှာ သေချာတယ်"
"အဲဒါကြောင့်... သူက မတူတာလေ" ရှန်းရင် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တယ်။
"ငါသူ့အတွက် ခံစားချက်တကယ်ရှိပေမဲ့ တကယ့်ကို နည်းနည်းလေးပါပဲ၊ ဘယ်လောက် ကြာရှည်ခံမလဲဆိုတာ မသိသလို ဘယ်ချိန်ပျောက်ကွယ်သွားမလဲမသိဘူး၊ အဆုံးမလှမဲ့ ဆက်ဆံရေးကို မစတာပဲကောင်းတယ်"
ကူယွဲ့ မှင်တက်ကာ သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
"မင်း သူနဲ့လမ်းခွဲလိုက်ရင် စားဖိုမှူးကို ထိခိုက်အောင်လုပ်မိမှာ ကြောက်နေတာပေါ့"
ရှန်းရင်က အကြည့်လွှဲသွားတယ်။
"အဲလို... ထင်တာပဲ"
"မင်းရူးနေလား" ကူယွဲ့ ရုတ်တရက် သူမနဖူးကို လှမ်းစမ်းလိုက်တယ်။
"မင်းဖျားနေတာ မဟုတ်ပါဘူးနော် ပြီးတော့ မင်း မျိုစို့ပြီးပါပြီ၊ ဘာလို့ငတုံးလိုလုပ်နေတာလဲ"
"သွားစမ်းပါ" ရှန်းရင် သူ့လက်ကိုရိုက်ထုတ်လိုက်တယ်။
"မင်းရဲ့အတွေးအခေါ်တွေအားလုံး ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ခုမသုံးတာတုံး" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"မင်းဘာလုပ်မိနေလဲဆိုတာ သိရဲ့လား၊ မင်းက မူနေတာပဲ"
"..." ဟမ်။
သူနောက်ဆုံးတော့ အဲစကားလုံးတွေကို သူမမျက်နှာဆီ ပစ်ပေါက်လိုက်တော့တယ်။ ချက်ချင်းပဲ သူအများကြီး ပိုကျေနပ်သွားခဲ့တယ်။
"မင်းလို တွဲတောင်မတွဲခင် လမ်းခွဲတဲ့အကြောင်း တွေးတဲ့သူ တခြားသူ ရှိပါ့မလား၊ မင်း စားဖိုမှူးနဲ့ လမ်းခွဲရမယ်လို့ ဘယ်လိုလုပ်သိလဲ၊ ဆက်ဆံရေးတွေက ခန့်မှန်းရခက်တယ်၊ အချိန်တွေကြာရုံနဲ့ အားလုံး အဆုံးသတ်သွားမှာမဟုတ်ဘူး"
"ငါမဟုတ်-"
"မင်းနဲ့ယှဉ်ရင် စားဖိုမှူးခံစားချက်တွေက ပိုပြီးလေးနက်တာ သိတယ်၊ သူကပိုပြီးလည်း စိတ်ပြင်းထန်တယ်၊ မင်းလည်းသိသလို စားဖိုမှူးလည်းသိတာပဲ၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြား ဘယ်သူက ဘယ်သူ့ကိုပိုဂရုစိုက်လဲမစိုက်လဲက ပြိုင်ပွဲမဟုတ်ဘူးလေ၊ ဘာလို့ လမ်းခွဲရင် ဘာဖြစ်မလဲဆိုပြီးပဲ တွေးနေတာလဲ၊ မင်းတို့တွဲရင် နှစ်ယောက်လုံးရမဲ့ ပျော်ရွှင်မှုကိုကျ ဘာလို့မစဉ်းစားလဲ"
"မဟုတ်ဘူး ငါကြောက်တာက-"
"မင်းကြောက်တာက သူ့ကို နောက်ပိုင်း ပိုနာကျင်အောင်လုပ်မိမှာကို၊ ဒါပေမဲ့ သူခုတည်းက နာကျင်နေပြီလေ"
"ဒါပေမဲ့-"
"မင်းက အနာဂတ်က မဟုတ်ဘူး၊ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိဘူး၊ မကြိုးစားကြည့်ဘဲ ရလဒ်က ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမတုံး၊ ဘာလို့ ဆက်ဆံရေးတွေနဲ့ပတ်သက်ရင် စွန့်စားဖို့ အဲလောက်ကြောက်နေတာလဲ"
"..." ကောင်းပြီလေ၊ ပျော်ရင် ပြီးတာပဲ။
"မင်းဘယ်တုန်းက အဲလိုမျိုးအဆိုးမြင်ကလေးစုတ်လေးဖြစ်လာတာလဲ၊ အရင်က..."
သူစကားမဆုံးခင် ရှန်းရင်က ထခုန်ပြီး သူ့ကိုလန့်ဖျပ်အောင် လုပ်တော့တယ်။
"ဆိုလိုတာက... ငါ သူ့ကိုလက်ခံပြီး ဘယ်လိုဖြစ်မလဲ ကြည့်သင့်တယ်ပေါ့"
"အမှန်ပဲ၊ ဘာတွေကြောက်နေတာလဲ"
"ကောင်းပြီလေ"
ဟမ်။
ဖေဖေနျို တန့်သွားပြီး ရုတ်တရက် မကောင်းတဲ့နိမိတ်တွေ ကြိုတင်အာရုံရသွားတော့တယ်။