အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း ၂၉၅ ။ ဝိညာဉ်ကူးပြောင်းရန်အတွက်
ရှန်းရင်က သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး ထူးဆန်းတဲ့အကြည့် ကြည့်တယ်။ တစ်စုံတရာကို တွေးမိသွားသလိုမျိုး သူမအမူအရာက ပြောင်းလဲသွားခဲ့တယ်။ သူမမျက်လုံးတွေ တောက်ပသွားတယ်။
"ဖေဖေနျို၊ နင်ပြောတာအရမ်းမှန်တယ် ငါနင့်စကားကို နားထောင်ဖို့ဆုံးဖြတ်လိုက်ပြီ"
"အာ ဟမ်" သူမက အဲလိုမျိုးနဲ့ သဘောတူလိုက်တယ်လား။
"ငါတို့ သဘောတူပြီးပြီ - ဖေဖေနျိုက ငါ့ကို လုပ်ခွင့်ပေးတယ်နော်"
"ဘာ... ဘာ" သဘောတူတယ်လား။ ငါတို့ဘာကို သဘောတူခဲ့လို့လဲ။
"ဒါကြောင့် နောက်ပိုင်း တစ်ခုခုဖြစ်ရင် ရဲရဲရင့်ရင့် တာဝန်ယူပေးရမယ်နော် ဟေ့"
"ဘာဆိုလိုတာလဲ" ကူယွဲ့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ရဲရဲရင့်ရင့် တာဝန်ယူရမယ်တဲ့လား။ သေချာပြောစမ်း
ရှန်းရင်က သူ့ကိုပြန်မတုံ့ပြန်။ သူမက သွက်လက်စွာနဲ့ မီးဖိုချောင်ဆီ လျှောက်သွားပြီး စိတ်လှုပ်ရှားစွာနဲ့ စားဖိုမှူးကို ဧည့်ခန်းဆီ ဆွဲထုတ်လာတယ်။
"ဆရာ... ဆရာ" စားဖိုမှူးက အူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။
"အရေးကြီးကိစ္စတစ်ခုခု ရှိလို့လား"
"ငါနဲ့လိုက်ခဲ့ပြီး ဘဝအကြောင်း ပြောရအောင်"
"အာ ဟမ်" ယိချင်း အံ့ဩသွားတယ်။
"ဆရာ ဘာပြောချင်တာလဲ"
"စကားမပြောခင် အိပ်ရာပေါ် အရင်သွားကြရအောင်" သူမက တံခါးကိုဖွင့်ပြီး ယိချင်းကို အိပ်ရာပေါ် တွန်းလိုက်တယ်။ ဝုန်းခနဲ အသံကျယ်ကြီး ပေါ်လာပြီးတော့ တံခါးက ပိတ်သွားခဲ့တယ်။
ကူယွဲ့ ။ ။ "..."
ဟေးဟေးဟေး အပျော်အပါးလိုက်စားမှု ရှောင်ကြဉ်တာလေ့ကျင့်ဦးလေ။ ပုံရိပ်လေးထိန်းဦးဟ။ နေ့ခင်းကြောင်တောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ပြီးတော့ သူက ဒီမှာ မီးသီးအဖြစ် ရှိနေသေးတယ်လေ။ ထူးဆန်းတဲ့အသံ ဘာသံမှမကြားချင်ဘူးနော်
——————
ယိချင်း မတုံ့ပြန်နိုင်ခင် ရှန်းရင်က တကယ့်နီးနီးကပ်ကပ်လေးထိ ကိုင်းချလာတယ်။ သူမက သူ့ကိုယ်နဲ့ ကပ်လုနီးပါး။
"ဆ..." သူ့ရင်ထဲ တဒိန်းဒိန်းခုန်စပြုလာတယ်။ သူစကားမပြောနိုင်ခင် ရှန်းရင်ရဲ့ အေးစက်တဲ့အသံက သူ့နားထဲ ဝင်လာတယ်။
"စားဖိုမှူး ငါအဲကမ္ဘာကို ပြန်သွားမဲ့နည်းလိုချင်တယ်"
ယိချင်းက တုံ့ဆိုင်းသွားပြီး မျက်လုံးပြူးသွားတယ်။ ပြန်သွားလို့ရတယ်လား။
"ဆရာ အတူတူ" သူ စိုးရိမ်တကြီး ပြောလိုက်တယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်ပြပြီး နောက်တစ်ကြိမ် အနားတိုးလာတယ်။
"ဒါပေမဲ့... နင် အနစ်နာခံရလောက်တယ်"
"ကောင်းပါပြီ"
"ဘာလုပ်ဖို့လိုလဲဆိုတာ မပြောရသေးတာကို သဘောတူနေပြီလား"
"ဆရာပြောသမျှယုံပါတယ်"
"..." ရှန်းရင်က တိတ်ဆိတ်သွားပြီး မသက်မသာအကြည့်လွှဲလိုက်တယ်။ တစ်အောင့်နေတော့ သူမက ခပ်တိုးတိုးပြောတယ်။
"အင်း... ယေဘုယျကျကျပြောရရင်တော့ ငါ့အစ်မကြီးက ငါ့ကို ဒီမျက်နှာပြင်ကနေ ဘယ်တော့မှ သွားခွင့်ပေးမှာ မဟုတ်ဘူး၊ အကြံပေးမိရင် ရလဒ်တစ်ခုပဲရှိလိမ့်မယ်"
"ဘာ... ဘာများလဲ"
"သူက ငါ့ခြေထောက်ကို ချိုးတာ ဒါမှမဟုတ် နင့်ခြေထောက်နှစ်ဖက်လုံးကို ချိုးတာ"
"..."
"အမှီအခိုကင်းဖို့ အစွမ်း... မရှိရင်ပေါ့"
"အမှီအခိုကင်းတာလား" သူ အူကြောင်ကြောင် သူမကိုစိုက်ကြည့်မိတယ်။ ဆရာက ဒီလောက်တောင် အစွမ်းကြီးတာ၊ မျက်နှာပြင်မှာ အသန်မာဆုံးဆိုတာ သူတို့ပြသပြီးပြီလေ။ ဘယ်လိုလုပ် အမှီအခို မကင်းရတာလဲ။
"အဲဒါက ငါ့အိမ်မှာ အလုပ်လုပ်တဲ့ပုံစံမဟုတ်ဘူး" ရှန်းရင်က နှုတ်ခမ်းသပ်တယ်။
"ငါ့အစ်မရဲ့ အမှီအခိုကင်းမှုဆိုတဲ့အတွေးက... မိသားစုစတင်ဖို့ပဲ"
ယိချင်းက တန့်သွားတယ်။ သူ နောက်ဆုံးတော့ သူမဘာပြောလဲ နားလည်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
"ကျွန်တော် ဆရာနဲ့ လိုက်သရုပ်ဆောင်ပေးပါ့မယ်"
"ကောင်းပြီလေ... အရင်ကိစ္စတွေကို ရှင်းရှင်းလင်းလင်းပြောကြရအောင်၊ ငါက နင့်ခံစားချက်တွေကို ကစားဖို့ ကြိုးစားနေတာမဟုတ်ဘူးနော်" ရှန်းရင်က ရှင်းပြဖို့ ကြိုးစားလိုက်တယ်။
"နင်က တကယ်ကို ကောင်းပြီး ငါနင့်ကို အမှန်ပဲ နည်းနည်းသဘောကျပေမဲ့ အဲလောက်အတိုင်းအတာ မဟုတ်ဘူး၊ ငါ့အတွက်တော့ ဆက်ဆံရေးတွေက မလိုအပ်ဘူး၊ အဲဒါကြောင့် ငါ့ကောင်လေးထက် ငါ့စားဖိုမှူးအဖြစ် နင်ဆောင်ရွက်နေတာကို နေသားကျနေတာ၊ နင့်ကို နောက်ပိုင်း ကြိုက်လာမလား မသေချာဘူး၊ ဒါမှမဟုတ် ငါ အမြဲတမ်း -"
"ဆရာ" ယိချင်းက သူမကို စကားဖြတ်ပြီး သူ့မျက်လုံးတွေ မျက်ရည်ဝဲလာတယ်။
"ကျွန်တော်သိပါတယ်၊ ဘယ်တုန်းကမှ ဘာကိုမှမပြောင်းလဲချင်ခဲ့ပါဘူး၊ ဒါ... ကောင်းတာပဲ" သူ သူမကို သူ့ခံစားချက်တွေအတိုင်း တန်ပြန်ပေးဖို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးဘူး။ သူက သူမဘေးနေခွင့်ရရုံနဲ့တင် ကျေနပ်တယ်။ ဒီရှည်လျားပြီး စိတ်ပင်ပန်းရတဲ့ နှစ်၃၀၀၀အတွင်း သူအိပ်မက်မက်ခဲ့သမျှက သူမနဲ့ပြန်ဆုံဖို့ပဲ။ အခု ပြန်ဆုံပြီဆိုတော့ သူ့မှာ တခြားဘာဆန္ဒမှမရှိတော့ဘူး
ဒါပေမဲ့...။
"ဆရာ ကျွန်တော့်ကို တစ်ခုကတိပေးလို့ရလား"
"အင်း"
"ဆရာ ဘာပဲဆုံးဖြတ်ဆုံးဖြတ်၊ ကျွန်တော်က အမြဲ ဆရာ့တပည့်နဲ့စားဖိုမှူးဖြစ်နေမယ်၊ တကယ်လို့ တစ်နေ့ကျ ဆရာ ‘လက်တွဲဖို့’ ရည်ရွယ်တဲ့... တစ်နေ့ရောက်လာခဲ့ရင် ကျွန်တော်... ကျွန်တော့်ကို အရင်စဉ်းစားပေးနိုင်မလား"
ရှန်းရင် တန့်သွားတယ်။
တစ်အောင့်အကြာ...
"ကောင်းပြီလေ"
****
တစ်ခဏအကြာ။
"ဆရာ"
"အင်း"
"ဘာလို့ကျွန်တော်တို့ ဒီဗီရိုထဲ ဆွေးနွေးနေရတာလဲ"
"... ငါ့အစ်မ ငါတို့ကိုကြားသွားလိမ့်မယ်"
"ဒါဆို... ကျွန်တော့်ပေါ်တက်ရင် သူက မကြားတော့လို့လား"
"..."
အာ၊ သူတို့ ထိုင်ချသင့်တယ်ထင်တယ်။
***
တစ်... တစ်အောင့်အကြာ။
"ဆရာ"
"အေး"
"ဆရာ့အစ်မက တကယ်ပဲ ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးမှာလား"
"မစိုးရိမ်နဲ့၊ ဖေဖေနျိုဒီမှာရှိတာပဲ၊ သူ့ခြေထောက်ကို အရင်ချိုးလိမ့်မယ်"
"..."
"ဒါဆို... ငါတို့ကို ချိုးဖို့ အားကျန်တော့မှာမဟုတ်ဘူး"
"..."
—————
ကူယွဲ့ကျော ခုတလော အချိန်နဲ့အမျှ ချမ်းစိမ့်စိမ့်ဖြစ်နေတယ်။ သူ့မသေမျိုးချီကို အသက်သွင်းပြီး ဘယ်လောက်ပဲကြိုးစားပါစေ သူ့ကိုယ်သူ နွေးအောင်လုပ်မရဘူး။ သူ့ညာဘက်မျက်ခွံကလည်း လှုပ်နေတာ မရပ်တော့ဘူး။ ကြည့်ရတာ ကြီးကြီးမားမား တစ်ခုခုဖြစ်တော့မဲ့ပုံ။ မျက်နှာပြင်က သူ့ကို ငြင်းဆန်နေတာ ဖြစ်နိုင်တယ်။ ဘာကြောင့်မှန်းမသိ တစ်ခုခုလွဲနေသလိုကို ခံစားရတာ။
တစ်ဖက်မှာတော့ စားဖိုမှူးနဲ့ ရှန်းရင်က တကယ် တွဲနေကြပုံပဲ။ ဒါပေမဲ့ စုံတွဲနဲ့ တစ်စက်လေးတောင် မတူဘူး။ ရှန်းရင်က နေ့တိုင်း ဂိမ်းကစားနေပြီး ရွှံ့တုံးလိုပဲ ပျင်းတိပျင်းရွဲ။ စားဖိုမှူးကလည်း စားဖိုမှူးပဲ။ သူ ရှန်းရင်ကို ကြည့်တိုင်း တစ်ခုခုကို အဖြေရသွားသလိုမျိုး ပိုပြီး နည်းနည်း အာရုံကပ်လာတယ်။ သူက တစ်နေ့ကို ဟင်းဆယ်ပွဲထက် ပိုမချက်တော့ဘူး။ နှစ်ယောက်သားက အရင်အတိုင်း တစ်ပုံစံတည်းပဲ။
ကူယွဲ့ အဲနေ့က ရှန်းရင် ယိချင်းကို အခန်းထဲ နေ့တစ်ဝက်စာလောက်ဆွဲခေါ်သွားတာ သူမြင်ယောင်တာလားတောင် သံသယဖြစ်မိတယ်။
"မင်းတို့တကယ်တွဲနေပြီလား" အဲလိုပုံ တကယ်မပေါ်ဘူး။
ကူယွဲ့ အနေရခက်တဲ့ အခြေအနေတွေကို ရှောင်ဖို့တောင် ရှန်းရင်နဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ဝယ်ဖို့စီစဉ်နေတာ။ ဒါပေမဲ့ အဲဒီညမှာတင် စားဖိုမှူးက သူ့အခန်းမှာပဲ သူဆက်အိပ်တယ်။ ရှန်းရင်အခန်းဆီ ပြောင်းဖို့ နည်းနည်းလေးတောင် စိတ်ကူးရှိပုံမပေါ်။
ရှန်းရင်က တုံ့ဆိုင်းနေပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်တယ်။ သူမက လောလောဆယ် အသီးတွေကို ကိုင်ထားတဲ့ ယိချင်းဆီ လက်ညှိုးကို ကွေးလိုက်တယ်။
"စားဖိုမှူး ဒီလာဦး"
"ဆရာ" ယိချင်းက သူ့အသီးတွေကို လှီးနေတာရပ်ပြီး ဇဝေဇဝါလှမ်းကြည့်တယ်။
ရှန်းရင်က လက်လှမ်းပြီး သူ့ကော်လံကို ဆုပ်ကိုင်ကာ သူမအနားဆွဲလိုက်တယ်။ ဘာတုံ့ဆိုင်းမှုမှမရှိ သူ့နှုတ်ခမ်းတွေပေါ် ပြတ်ပြတ်သားသား နမ်းလိုက်တယ်။ တစ်ဖက်မှာတော့ ယိချင်းက သူကိုင်ထားတဲ့အသီးတွေအားလုံး ချက်ချင်းလွှတ်ချမိပြီး မျက်နှာရဲတွတ်နေတော့တယ်။
သူမက ကူယွဲ့ဘက်လှည့်လာတယ်။
"အဲလိုဆိုဘယ်လိုလဲ"
"..."
ဒါ တိရစ္ဆာန်ညှဉ်းပန်းမှုလား။
ကူယွဲ့ ထေ့ငေါ့တဲ့မှတ်ချက်ပြုမို့ရှိသေး တစ်စုံတရာ ကြမ်းပြင်ပေါ်ပြုတ်ကျလာသံ ကြားလိုက်ရတယ်။ သူတို့လှည့်လိုက်တော့ လူတစ်ယောက် ခုလေးတင် ဆင်းသက်လာတာကိုမြင်လိုက်ရတယ်။ ရက်ပိုင်းပျောက်သွားခဲ့တဲ့ ရှန်းကျင်းက ခုသူတို့ရှေ့ရပ်နေပြီ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ယိချင်းကော်လံကိုင်ထားဆဲ ရှန်းရင် ။ ။ "..."
ရှန်းကျင်းက သူတို့အုပ်စုကို အေးစက်စက် စိုက်ကြည့်ပြီး အမူအရာမှောင်မည်းနေတာမှ မျက်နှာက ဒယ်အိုးဖင်လိုပဲ။ အခန်းထဲက အပူချိန်ကျဆင်းသွားခဲ့ပြီ။
တစ်အိမ်လုံးက သိသိသာသာ တိတ်ဆိတ်သွားတယ်။
တစ်စုံတစ်ရာ သူ့အတွေးထဲ အလင်းပေါက်သွားသလိုမျိုး ကူယွဲ့ ဒီရက်ပိုင်း ဘာကြောင့် ရံဖန်ရံခါ ကျောစိမ့်နေရလဲ ရုတ်တရက် နားလည်သွားခဲ့ပြီ။ ရုတ်တရက် ရှန်းရင် အရင်ကပြောခဲ့တာက အဓိပ္ပာယ်ရှိလာတယ်။
ကူယွဲ့ ဒရာမာထဲ နစ်မျောနေမိလွန်းလို့ ရှန်းရင်အိမ်ထဲ ညီမပေါ် ချုပ်ချယ်လွန်းတဲ့ နတ်ဆိုးဘုရင်တစ်ယောက် ရှိနေတာ မေ့သွားခဲ့တာပဲ။ ခပ်ရေးရေး အဝေးက ခေါင်းလောင်းမြည်သံကို ကူယွဲ့ ကြားနေရတယ်။
စကားနှစ်လုံးပဲ သူ့စိတ်ထဲ အဆက်မပြတ် ထပ်တလဲလဲမြည်နေတယ် - သေပြီ၊ သေပြီ၊ သေပြီ...။
…
အခန်း ၂၉၆ ။ အတင်းအကြပ် ဝိညာဉ်ကူးပြောင်းမှုနောက်ကွယ်မှ လက်သည်တရားခံ
တစ်နာရီအကြာ။
ရှန်းကျင်းက သူတို့ရှေ့ စာကလေးတွေလိုမျိုး ကြောက်လန့်တကြားထိုင်နေတဲ့ လူသုံးယောက်ကို ကြည့်လိုက်တယ်။ သူတို့တွေ အရိုးထဲထိ ချမ်းစိမ့်တာကို ခံစားလိုက်ရတယ်။
"တခြားနည်းနဲ့ပြောရရင်... နင်က အခု အဲသွေဖည်ကမ္ဘာက ကောင်စုတ်လေးနဲ့တွဲနေတယ်ပေါ့"
ရှန်းရင်က တုန်သွားပြီး ခပ်တိုးတိုးဗလုံးဗထွေးရေရွတ်တယ်။
"ဟုတ်..."
"နင်က အဲမျက်နှာပြင်ဆီ သူ့နောက်လိုက်သွားမယ်ပေါ့"
"... ဟုတ်"
သူမက ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။
"ပြီးတော့ နင်က သူတို့ကို အောင်သွယ်ပေးခဲ့တယ်လား"
ကူယွဲ့က တုန်ယင်သွားတယ်။
"ကျုပ်..." လုပ်ခဲ့တယ်လား။
"ကောင်းသားပဲ" ရှန်းကျင်းက တစ်စုံတစ်ရာကို ထိန်းချုပ်ဖို့ကြိုးစားနေဟန် သက်ပြင်းချတယ်။
"ဒီကိုခဏလောက်လာပါဦး"
ကူယွဲ့ မတုံ့ပြန်နိုင်ခင် သူ့ကော်လံတင်းကြပ်သွားတာကို ခံစားလိုက်ရတယ်။ သူ့တစ်ကိုယ်လုံး ရှေ့ကို ပျံသန်းထွက်သွားပြီး ရုတ်တရက် အခန်းတစ်ခုထဲရောက်နေတာတွေ့လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ သွေးလန့်စရာ အော်သံတစ်သံ အထဲကနေ ထွက်လာတယ်။
"ခဏ... ဘာလို့ကျုပ်လဲ၊ ဘာဆိုင်လို့... အား နာလိုက်တာ၊ နာလိုက်တာ၊ နာလိုက်တာ... ခဏ၊ အဲဒါဘာလဲ ချထားလိုက်နော်... ကယ်ကြပါဦး... ရှန်းရင် မင်းသစ္စာဖောက်"
"နင်က ငါ့ညီမကို ထောင်ချောက်ထဲ ရောက်အောင် လုပ်ပြီးတော့ အဲသွေဖည်မျက်နှာပြင်ပေါ်မှာ ပိတ်မိနေအောင် လုပ်ချင်တယ်ပေါ့လေ၊ ငါ နင့်ကိုသတ်ပစ်မယ်"
နောက်မှာ ကျန်ရစ်ခဲ့တဲ့ ရှန်းရင်နဲ့ ယိချင်း တုန်ယင်နေတာ မရပ်တော့ဘူး။
ဖေဖေနျို၊ ငါတို့ အနာဂတ်မှာ နင့်အပေါ် ကျေးဇူးသိတတ်ပါ့မယ်။
နာရီဝက်အကြာ...။
"ဖေဖေနျို အသက်ရှင်နေသေးရဲ့လား"
ကူယွဲ့က ယောင်ကိုင်းနေတဲ့မျက်နှာကိုကိုင်ထားပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။
"မင်း ဒါကို တမင်သက်သက်လုပ်တာပဲ"
အား~ နာတယ် နာတယ် နာတယ်...။
ငါ-ိုး ရှန်းကျင်းက သူ့ကို တစ်ယောက်တည်း အမတကျင့်ကြံသူမျက်နှာပြင်ဆီ ပြန်ခွင့်မပေးမှာ သိနေတာပဲ။ ယိချင်းရဲ့ တောင်းဆိုချက်ကို သဘောတူသင့်၊ မတူသင့် စိတ်များနေခဲ့တာတောင် မဟုတ်ဘူး။ ရှန်းကျင်း ဒေါသထွက်မှာကိုပဲ စိုးရိမ်နေခဲ့တာ။ အဲဒါကြောင့် သူ အပြစ်မျှခံရအောင် လုပ်ခဲ့တာပဲ။ ဒီမိန်းမက တကယ်ကို ကောက်ကျစ်ဉာဏ်များလွန်းတယ်။
"အသေးစိတ်တွေကို စိတ်ထဲမထားပါနဲ့ဟယ်" သူမက သူ့ကို ထုထောင်းပြီးပြီပဲ။ အစ်မကြီးက ခု စိတ်ပြန်ငြိမ်သွားပြီ။
"စားဖိုမှူး၊ ဖေဖေနျို့ဒဏ်ရာတွေကို ကုပေးလိုက်"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ"
"သွားစမ်း" ငါတို့ ပတ်သက်မှုတွေကို ဖြတ်တောက်ပြီ။ ငါတို့ ပတ်သက်မှုအားလုံးကို သေချာပေါက် ဖြတ်တောက်တော့မယ်။
——————
"မကြီး ဒါက..." ရှန်းရင် ဖေဖေနျို့ဘေးက လူနဲ့မတူတဲ့ပုဂ္ဂိုလ်ကို ကြည့်ကာ သတိနဲ့ မေးလိုက်တယ်။
"နင် သွေဖည်မျက်နှာပြင်ဆီ ဝိညာဉ်ကူးပြောင်းခဲ့မှုရဲ့ အဓိကတရားခံပဲ"
နည်းနည်း ဒေါသပြေသွားပြီဖြစ်တဲ့ ရှန်းကျင်းက ကြမ်းပြင်က၂ယောက်ကို ကြည့်ပြီး အေးစက်စက်ပြောတယ်။
နှစ်ယောက်သား ချက်ချင်း တုန်ယင်သွားတယ်။
ရှန်းရင် သေချာကြည့်လိုက်တော့ အတော်လေး ရင်းနှီးနေတဲ့လူကို မြင်လိုက်ရတယ်။ ရုတ်တရက် သူမ အံ့ဩသွားခဲ့တယ်။
"ခိုင်ထျန်း"
"ရှောင်ရင်" ကူယွဲ့ထက် ဆိုးဆိုးရွားရွား ထုထောင်းခံထားရတဲ့လူက ခေါင်းမော့လာပြီး ခပ်ဖျော့ဖျော့ ပြုံးတယ်။ အဲတော့ သူ့ဒဏ်ရာတွေက ကြွလာပါလေရော။ သူက လုံးဝကို မမှတ်မိနိုင်လောက်အောင်ပဲ။
ကူယွဲ့ တန့်သွားပြီး အဲတော့မှပဲ သူတို့နဲ့အတူ တခြားလူ ရှိနေတာ နားလည်သွားခဲ့တယ်။ ဘာကြောင့်မှန်းမသိ ရှန်းရင်ပြောတာကို နားမလည်နိုင်ဘူး။ ခိုင်ထျန်းက သူတို့လက်ထောက် မဟုတ်ဘူးလား။ သူက ရှန်းရင်ကို သူ့ဘာသာ သွေဖည်ကမ္ဘာဆီ တွန်းထည့်လိုက်တာလား။
"ခင်ဗျားက ကောင်းကင်မျိုးနွယ်ပဲ" ယိချင်းက ရုတ်တရက် ပြောလာတယ်။
"ဘာ" ကူယွဲ့က အထိတ်တလန့် ရေရွတ်လိုက်တယ်။ အနီးကပ်စစ်ဆေးကြည့်တော့ တကယ်ပဲ အဲလူကိုယ်ထဲ နတ်ဘုရားစွမ်းအင်တစ်မျိုး ရှိနေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားပုံပဲ။ သေချာမကြည့်ရင် ဘယ်သူမှ သတိထားမိမှာမဟုတ်။
"ဟိုင်း~ တကယ်ပဲ ငါက အဲကမ္ဘာကပါ" ခိုင်ထျန်းက ရယ်ပြီး ရှန်းရင်ကို ကြည့်တယ်။ သူမ ကန့်ကွက်တဲ့ပုံ မပေါ်တာမြင်တော့ မျက်နှာပေါ်ကဒဏ်ရာတွေကို ကုသဖို့ စည်းချိပ်တစ်ခု ဖန်တီးလိုက်တယ်။
"ရှောင်ရင် တောင်းပန်ပါတယ်၊ ငါတကယ်ပဲ မင်းကို အဲကမ္ဘာဆီ အတင်းအကြပ် ပို့ခဲ့မိတယ်"
"ဘာလို့လဲ" ရှန်းရင် မေးလိုက်တယ်။
"အာ... တခြားရွေးစရာမှ မရှိတာ" သူ့မျက်နှာက တွန့်လိမ်ပြီး ငိုချတော့မဲ့ပုံ။
"ငါတို့ကမ္ဘာမှာ စီမံထိန်းသိမ်းသူ မရှိဘူးလေ၊ အချိန်ကြာလာတာနဲ့အမျှ သေချာပေါက် ထာဝရ ကွယ်ပျောက်သွားလိမ့်မယ်၊ ငါ နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ပေမဲ့ ဒီဘုံကို မရောက်မချင်းထိ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး၊ ရှန်းကျင်းက မင်းကို ငယ်ငယ်လေးတည်းက စီမံထိန်းသိမ်းသူစံနှုန်းနဲ့အညီ လေ့ကျင့်ပေးခဲ့တာ၊ အဲဒါကြောင့် ငါတွေးခဲ့တာက... မင်းကို ငါတို့မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ ဖြစ်အောင် လုပ်သင့်တယ်လို့လေ"
"နင်က ရှန်းရင်ကို အဲကမ္ဘာကို လွှဲပြောင်းယူစေချင်တယ်လား"
"အင်း" သူက ခေါင်းညိတ်တယ်။
"ဒါပေမဲ့ ဝိညာဉ်ကူးပြောင်းနေတုန်း သန္ဓေပြောင်းသွားမယ်လို့ မထင်မိခဲ့ဘူး၊ ရှန်းကျင်း ငါ့ကို ပြောသလိုဆို မင်းက စီမံထိန်းသိမ်းသူထက်တောင် ပိုနေပြီဆို၊ ဒါက မင်း ငါတို့မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူဖြစ်လာဖို့ ကံပါလာတာပဲ"
"ဟာ့" ရှန်းကျင်းက တောက်ခေါက်တယ်။
"နင်ဆိုလိုတာက... ငါ ပင်ပင်ပန်းပန်း ပျိုးထောင်ပေးခဲ့တဲ့ညီမက နင့်အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးရမယ်ပေါ့လေ"
"မဟုတ် မဟုတ် မဟုတ်ပါဘူး ကျုပ်ဆိုလိုတာ အဲဒါမျိုး မဟုတ်ပါဘူး ဘော့စ်" ခိုင်ထျန်းက ချက်ချင်း အသည်းအသန် ရှင်းပြကာ ရှန်းရင်ကို လှမ်းကြည့်တယ်။
"ကျုပ်ဘုံက ခုအရမ်းအားနည်းနေပြီလေ၊ ကျုပ်တို့ အကြီးအကဲသုံးယောက် ပျောက်သွားတာနဲ့ ကွယ်ပျောက်သွားတော့မှာ"
"သုံးယောက်လား" ယိချင်းက တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန် တန့်သွားတယ်။ သူ့မျက်လုံးတွေ ပြူးသွားပါလေရော။
"ခင်ဗျားက ဖန်တီးမှုနတ်ဘုရားပဲ" သုံးယောက်ထဲက နောက်ဆုံး။
"ကျုပ်အကြောင်း ကြားဖူးတယ်လား" ခိုင်ထျန်းက သူတို့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
"ကျုပ်တို့ တခြားနှစ်ယောက်ကို တွေ့ဖူးတယ်" ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။
"သူတို့က ရှန်းရင်နဲ့ကျုပ်ကို ပြန်ပို့ခဲ့သူတွေပဲ" ထပ်ပြီးစဉ်းစားကြည့်ကာ ကူယွဲ့ ထပ်ပြောပြလိုက်တယ်။
"သူတို့က ကျုပ်တို့ကို ရှင်းထုတ်ဖို့ စောင့်တောင်မစောင့်နိုင်ဘူး"
"ဘာ" ခိုင်ထျန်းက ထခုန်မိသွားတယ်။
"ဒီသောက်ကျိုးနည်း ခွေးသားလေးတွေကတော့ ရှောင်ရင် ဘာလို့ အဲလောက်မြန်မြန် ပြန်ရောက်လာလဲ အံ့ဩနေတာ၊ ဘော့စ်က သူပျောက်နေတာတောင် သတိမထားမိသေးတာကို"
သူ့ နှလုံး တစ်ခဏတာ ရပ်တန့်သွားတယ်။ ရှန်းကျင်းက ရှန်းရင် ပျောက်နေတာကို မသိအောင် ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာ။ အဲမျက်နှာပြင်က ဘယ်သူနဲ့မှလည်း လုံးဝအဆက်အဆံမရှိခဲ့ဘူး။ ဒါပေမဲ့ သူ ဒီလောက်ပင်ပင်ပန်းပန်း ရှာပို့လိုက်ရတဲ့ စီမံထိန်းသိမ်းသူကို သူ့ရဲ့ခွေးအသင်းဖော်တွေက ပြန်ပို့လိုက်တယ်ပေါ့လေ။ အစတုန်းက ရှန်းရင်က အဲမှာ နှစ်နည်းနည်းသာ ဆက်နေရစ်ရင် သေချာပေါက် အဲနေရာအတွက် ခံစားချက်တွေ ဖြစ်လာမယ်လို့ တွေးခဲ့တာ။
သူက ရှန်းရင်ကို တစ်ချိန်ချိန်တော့ ပြန်ခေါ်လာရမယ်ဆိုတာ သိပေမဲ့လည်း သူ့ဘုံဆီသွားဖို့ နားချဖို့အတွက် အခွင့်အလမ်းက အများကြီးပိုမြင့်တယ်။
ရှန်းရင်က စီမံထိန်းသိမ်းသူအစစ် မဟုတ်လို့ မျက်နှာပြင်ဖိအားကို တောင့်ခံနိုင်မှာ မဟုတ်တဲ့ စွန့်စားမှုတော့ ရှိတယ်။ ဒါပေမဲ့ သူ့မှာ ထောက်ပံ့ပေးနေတဲ့ ရှန်းကျင်းရှိတယ်။ တကယ်လို့ တစ်ခုခုသာ ဖြစ်ရင် ရှန်းကျင်း ကူညီဖို့ကလွဲ ရွေးစရာရှိမှာမဟုတ်ဘူး။
သူ အားလုံးစဉ်းစားပြီးသား။ သူ့လူတွေက သူ့အစီအစဉ်ကို ဖျက်ဆီးပစ်တာ နှမြောစရာပဲ။ သူ အဲအခိုက်အတန့်ထက် ပိုပြီးဆိုးဆိုးဝါးဝါးခံစားရပါ့ဦးမလား။ ခိုင်ထျန်း လုံးဝကို ပြိုကွဲနေတယ်။
"တကယ်လို့ ငါသာသိခဲ့ရင် ငါ-"
"အဲကျ ဘာလုပ်မှာလဲ" ရှန်းကျင်းက ရုတ်တရက် ပြောလာတယ်။
"ငါသာ မသိရင် သူ့ကို ပြန်ခေါ်လာဦးမှာ မဟုတ်ဘူးလို့ ပြောချင်နေတာလား"
ခိုင်ထျန်းက တုန်ယင်သွားပြီး ချက်ချင်းဒူးပြန်ထောက်လိုက်တယ်။
"အမှားသိပါပြီ ဘော့စ်"
"ခိုင်ထျန်း ငါနင့်အပေါ် ကြင်နာလွန်းနေမိတာပဲ၊ ဒီမျက်နှာပြင်က ဘယ်သူ့ဟာလဲ မေ့နေတာလား"
ရှန်းကျင်းရဲ့အသံက ရုတ်တရက် အင်မတန်အေးစက်သွားတယ်။ ကြောက်ခမန်းလိလိ အရှိန်အဝါက သူမကိုယ်ထဲကနေ ထွက်လာတယ်။ ဒူးထောက်နေတဲ့ခိုင်ထျန်း ရုတ်တရက် သူ့ကိုယ်ပေါ် ပြင်းထန်တဲ့ဖိအားတစ်မျိုး ပိကျလာကာ သူ့ကိုယ်ပေါ်က တစ်လက်မချင်းစီကို ကြမ်းပြင်နဲ့ကပ်ဖို့ ဖိအားပေးခံနေရတာ ခံစားလိုက်ရတယ်။ သူ သွေးအန်စ ပြုလာတယ်။
"နင့်မျက်နှာပြင်သေမှာက ငါ့ညီမနဲ့ ဘာဆိုင်လဲ၊ သူက နင့်ကို ဘာလို့ကူညီရမှာလဲ"
"ဘော့စ်..." ခိုင်ထျန်းမျက်လုံး အဲစကားလုံးတစ်လုံးပြောဖို့ ထုတ်သုံးလိုက်ရတဲ့ အားထုတ်မှုနဲ့ မျက်လုံးပြူးသွားတယ်။
"မမေ့နဲ့ ငါ့မှာ နင့်ကိုလက်ထောက်အဖြစ် လက်ခံဖို့ အစွမ်းရှိသလို ဖျက်ဆီးဖို့ အစွမ်းလည်းရှိတယ်"
သူမလေသံက ကြောက်မက်စရာကောင်းလုနီးပါး။ စကားပြောပြီးပြီးချင်း အက်ကွဲသံတစ်ခု ပေါ်လာတယ်။ ခိုင်ထျန်းအောက်က ကြမ်းပြင်က အက်သွားပြီး အဖြူရောင်အလင်းတစ်ခုက သူ့နဖူးပေါ် အလင်းကျလာတယ်။ တစ်စုံတစ်ရာက အဲကနေ ပျံသန်းထွက်တော့မဲ့ပုံပဲ။
"မကြီး..." ရှန်းရင် သူတို့နှစ်ယောက်ကြား ရှေ့တက်လာတယ်။
ရှန်းကျင်းက တန့်သွားတယ်။ ခိုင်ထျန်းရဲ့ ခေါင်းပေါ်က အလင်းရောင်က ရုတ်တရက်ပျောက်သွားတယ်။
"ငါသူ့ကို အလုပ်ဖြုတ်နေတာ၊ ဘာလို့ ဝင်စွက်ဖက်နေတာလဲ"
ရှန်းကျင်းက သူမကို ကြည့်လာတယ်။ တစ်စုံတစ်ရာကို သတိရသွားဟန်နဲ့ သူမအမူအရာက မည်းမှောင်သွားတယ်။
"အဲအစုတ်အပြတ်မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ တကယ်ဖြစ်ချင်တယ်လို့တော့ မပြောနဲ့နော်"
…
အခန်း ၂၉၇ ။ မျက်နှာပြင်ကို လွှဲပြောင်းယူခြင်း
ရှန်းရင် လှမ်းကြည့်ပြီး မပြောခင် တုံ့ဆိုင်းနေတယ်။
"မကြီး ငါအဲကို ပြန်သွားချင်တယ်"
"ငါသဘောမတူဘူး" ရှန်းကျင်းက ချက်ချင်း ခွန်းတုံ့ပြန်တယ်။
"ဒီမျက်နှာပြင်ကလွဲ နင် တခြားဘယ်နေရာကိုမှ သွားခွင့်မရှိဘူး၊ ထိုင်နေ"
ရှန်းရင်က ဒီတိုင်းဆက်နေပြီး ထပ်ပြောတယ်။
"မကြီး ငါအဲသွားချင်တယ်"
"မရဘူးဆို မရဘူးပဲ" သူမက မျက်မှောင်ကြုတ်တယ်။
"မျက်နှာပြင်တစ်ခုလုံးကို တာဝန်ယူဖို့ဆိုတာ ဘယ်လောက်အန္တရာယ်များလဲသိလား၊ နင်ငယ်ငယ်က ကျူးကျော်သူတွေ တိုက်ခိုက်တာ ဘယ်နှစ်ကြိမ်ရှိခဲ့လဲ မေ့ပြီလား"
"မမေ့ပါဘူး"
"ဒါဆို ဘာလို့သွားရဲသေးတာလဲ၊ ကျူးကျော်မှုကို ကိုင်တွယ်နိုင်မနိုင် အသာထားဦး၊ နင် မျက်နှာပြင် ငြင်းပယ်တာ ခံရရင်ရော"
"အဲလိုဖြစ်ဖို့က ရာခိုင်နှုန်းအရမ်းနည်းပါတယ်၊ အဲလိုဖြစ်မှာ မဟုတ်ပါဘူး"
"ဘယ်သူပြောလဲ၊ တကယ်လို့... တကယ်လို့ တစ်ခုခုဖြစ်သွားရင်ရော၊ နင် နောင်တရတဲ့ထိ စောင့်မှာလား"
"မကြီး..."
"မဖြစ်ဘူး"
"ဒါပေမဲ့... မကြီး ငါ့ကို တားမရဘူးလေ"
ရှန်းကျင်းက ဖြူဖျော့သွားတယ်။ သူမက ရှန်းရင်ဘက် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်တယ်။ သူမမျက်လုံးထဲမှာ နာကျင်မှုနဲ့။
"နင်ခုလေးတင် ဘာပြောလိုက်တာလဲ၊ ပြန်ပြောစမ်း"
ရှန်းရင်က လက်သီးကျစ်ကျစ်ဆုပ်ကာ ရှေ့တစ်လှမ်းတက်လာတယ်။ သူမက သူမအစ်မလက်တွေကို လက်နှစ်ဖက်လုံးနဲ့ ကိုင်ပြီး ပြောလိုက်တယ်။
"မကြီး၊ ငါက ကလေးမဟုတ်တော့ပါဘူး၊ နင် ငါ့ကိုကာကွယ်ပေးဖို့ မလိုတော့ဘူး" နင် ငါ့ကို သန်မာအောင် လုပ်ပေးပြီးပြီပဲ”
ရှန်းကျင်းက သူမကို တစ်ခဏတာ အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ နောက်တော့ ဘာဆက်ပြောရမလဲ စဉ်းစားနေသလိုမျိုး ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ သက်ပြင်းချတယ်။
ရုတ်တရက် သူမက ရပ်သွားပြီး ရှန်းရင်ဆီ ပြန်လျှောက်လာတယ်။
"နင်တကယ်ပဲ... သွားမှဖြစ်မှာလား"
"အင်း"
"ကောင်းပြီလေ" သူမကဆိုဖာပေါ် ထိုင်ချလိုက်တယ်။ တစ်ကိုယ်လုံး ပြေလျော့သွားပြီး နောက်ကို မှီချလိုက်တယ်။
"ငါနင့်ကို ကတိပေးခဲ့တယ်၊ နင် ကိုယ်ထူကိုယ်ထ နေနိုင်ပြီဆိုရင် ငါနင့်ကိစ္စတွေကို ဆက်ပြီး မစီမံတော့ဘူးလို့၊ သေချာသာ တွေးပါ" သူမ အမူအရာက ရုတ်တရက် အေးစက်စွာနဲ့ စားဖိုမှူးဘက်ကို လှည့်ကြည့်တယ်။
"ပြီးတော့ နင်မှန်တယ်၊ နင့်ခုလက်ရှိ အစွမ်းတွေနဲ့ဆို ငါနင့်ကို မတားနိုင်ဘူး"
သူမက ညီမငယ်တစ်ယောက်ကို ပျိုးထောင်ဖို့ ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရတာ။ အခုတော့ အတောင်ပေါက်ပြီး ပျံထွက်သွားတော့မယ်။ ရှန်းကျင်း သူမရဲ့ညီမကို ပြန်ပေးဆွဲသူကိုသာ တစ်စစီ ဆွဲဖြဲချင်တော့တယ်။
"..."
"နင် စဉ်းစားပြီးပြီပဲ၊ နင့်ရဲ့ခုလက်ရှိ အစွမ်းနဲ့ဆို နင်လိုချင်တဲ့ဘယ်မျက်နှာပြင်ကိုမဆို အလွယ်တကူ ထိန်းချုပ်နိုင်ပြီ၊ နင့်ဘာသာ မျက်နှာပြင်တစ်ခုလုံးကိုတောင် ဖန်တီးနိုင်တယ်နော်၊ အဲကမ္ဘာကို ပြန်သွားချင်တာ သေချာရဲ့လား"
ရှန်းကျင်းက ကြမ်းပြင်ပေါ်ရှိနေသေးဆဲ ခိုင်ထျန်းကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။
"အဲမျက်နှာပြင်က ဘယ်တုန်းကမှ စီမံထိန်းသိမ်းသူ မရှိခဲ့ဘူး၊ နင် အရှုပ်ထုတ် ဘယ်လောက် ရှင်းရမလဲဆိုတာ မသိဘူး"
"တကယ်တော့ စိုးရိမ်ဖို့မလိုပါဘူး၊ ရှောင်ရင်က အဲက အကြီးဆုံးပြဿနာကို ရှင်းပြီးပါပြီ" ခိုင်ထျန်းက ရုတ်တရက် ကြမ်းပြင်ပေါ်ကနေ ဝင်ပြောတယ်။
"ပြီးတော့ ကျွန်တော် သူ့ကို ကူညီလို့ရပါတယ်"
"ဟမ့်" ရှန်းကျင်းက စုပ်သတ်တယ်။
"ငါက နင့်ကို အဲပြန်သွားခွင့်ပေးမှာ ကျနေတာပဲ"
ခိုင်ထျန်းက ချက်ချင်း ပြန်ကျုံ့သွားတယ်။
"ငါ ဖေဖေနျိုနဲ့ စားဖိုမှူးကို ခေါ်သွားလို့ရတယ်လေ" ရှန်းရင်က ပြောတယ်။
"သူတို့က ခိုင်ထျန်းထက်သာတယ်"
ခိုင်ထျန်း ။ ။ "..." ကောင်းပြီလေ၊ ငါ့ကို ဓားနဲ့သာထိုးသွားလိုက်ပါတော့။
"သူသွားလို့ရတယ်" ရှန်းကျင်းက သူတို့အိမ်က မီးဖိုချောင်ကို အပိုင်သိမ်းထားတဲ့လူကို လက်ညှိုးထိုးလိုက်တယ်။ နောက်တော့ သူမက ကူယွဲ့ကို လှမ်းကြည့်တယ်။
"ဒါပေမဲ့ သူ... သူက ဒီကမ္ဘာ၊ သူသာ အဲကိုသွားရင်..." မျက်နှာပြင်ကို သက်ရောက်မှုရှိနိုင်တယ်။
"တကယ်လို့ စီမံထိန်းသိမ်းသူရဲ့ လက်ထောက်ဖြစ်လာရင်ရော" ရှန်းရင်က မေးလိုက်တယ်။
"လက်ထောက်လား" ရှန်းကျင်းက မျက်မှောင်ကြုတ်ကာ သစ္စာဖောက်ခိုင်ထျန်းကို လှည့်လေ့လာတယ်။ စီမံထိန်းသိမ်းသူရဲ့ မန်နေဂျာဖြစ်လာတာက တကယ်ပဲ မျက်နှာပြင်ရဲ့ ရွေ့လျားမှုကို ပြောင်းလဲပစ်လိမ့်မယ်။
"နင်တွေးပြီးပြီပေါ့၊ နင့်မှာ လက်ထောက်နှစ်ယောက်ပဲ ထားလို့ရပြီး ဘယ်တော့မှ ပြောင်းလို့မရဘူးနော်"
ဒါက သူမ ခိုင်ထျန်းကို အသက်ရှင်ခွင့်ပေးထားသေးတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ
"အွန်း" ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။
"ဖေဖေနျိုနဲ့ လုံလောက်တယ်" သူမ ရတော့မဲ့ တစ်ဘဝစာ အားလပ်ရက်ကိုတောင် အနံ့ရနေပြီ။
ရုတ်တရက် အသိအမှတ်ပြုခံလိုက်ရတဲ့ ကူယွဲ့ ။ ။ "..."
ရှန်းရင် ဒါကိုပြောတာက သူတို့သုံးယောက် အဲကမ္ဘာကို ပြန်လို့ရအောင်ပဲမလား။ အဲလိုပဲဖြစ်မယ်။ ဒါဆို သူဘာလို့ အဲလောက်စိတ်မအေး ဖြစ်နေတာပါလိမ့်။
"ထားလိုက်တော့၊ နင်က ဒီမျက်နှာပြင်ထက် ပိုအားကြီးတဲ့ တည်ရှိမှုရှိနေပြီပဲ၊ ကိုယ့်ဘာသာဆုံးဖြတ်၊ ဒါပေမဲ့ အဲဒါမတိုင်ခင်..."
သူမက လှည့်ပြီး ခိုင်ထျန်းကို နောက်တစ်ကြိမ် စိန်းစိန်းဝါးဝါးကြည့်ကာ ကန်လိုက်တယ်။
"ရှောင်ရင်က အဲမျက်နှာပြင်ကို လွှဲယူဖို့ဆုံးဖြတ်လိုက်ပြီမို့ ငါ နင့်လုပ်ရပ်တွေကို အရေးမယူတော့ဘူး၊ ဒါပေမဲ့ နင်အဲမှာထားခဲ့တဲ့ ပြဿနာကို ဖြေရှင်းပြီးတာ သေချာအောင်လုပ်၊ မဟုတ်လို့ကတော့..."
"ဟုတ်ကဲ့ဘော့စ် ပြဿနာမရှိပါဘူးဆရာ" ခိုင်ထျန်း ကျောမတ်မတ်ရပ်လိုက်တော့ နေရာအနှံ့ နာသွားတယ်။
ကောင်းလိုက်တာ၊ သူ့မျက်နှာပြင်မှာ နောက်ဆုံးတော့ စီမံထိန်းသိမ်းသူရှိပြီ။ ဒီနှစ်တွေအားလုံးမှာ သူ့အားထုတ်မှုတွေက အချည်းနှီး ဖြစ်မသွားခဲ့ဘူးပဲ။
သူ ဝမ်းသာလိုက်တာ၊ မျက်ရည်ကျတဲ့အထိ ပျော်မိတယ်...။
ू*꒦ິ꒳꒦ີ)
——————
ကူယွဲ့က အမတကျင့်ကြံဘုံဆီ ဒီလောက်စောစော ပြန်သွားခွင့်ရလိမ့်မယ် စိတ်မကူးရဲခဲ့ဘူး။ ရှန်းရင်က ခုဆို အဲကမ္ဘာရဲ့ စီမံထိန်းသိမ်းသူတောင် ဖြစ်နေပြီ။ တခြားနည်းနဲ့ပြောရရင် သူတို့ သွားချင်တဲ့ဘယ်နေရာကိုမဆို သွားနိုင်ပြီ။ လက်တွေ့ကျကျ ပြောရရင်တော့ သူတို့ အရင်ကလည်း ဒီလိုလုပ်နိုင်ပြီးသားပါ။ ဒါပေမဲ့အခု သူတို့ ရင်းနှီးနေတဲ့နေရာဆီ ပြန်ရမယ်ဆိုတော့ အတော်လေး စိတ်လှုပ်ရှားမိတယ်။
ရှန်းရင်က လေထဲနည်းနည်းကုတ်ခြစ်လိုက်တော့ အဖြူရောင်လမ်းကြောင်းတစ်ခုပွင့်လာတယ်။ သိကျွမ်းနေတဲ့ မသေမျိုးချီတွေက သူတို့ဆီပြေးဝင်လာတော့တာပဲ။ ရင်းနှီးနေတဲ့ မိုးကုပ်စက်ဝန်းကိုလည်း မြင်နေရတယ်။ ရှန်းရင်က ဘယ်လိုပဲဖြစ်ဖြစ် စီမံထိန်းသိမ်းသူဆိုတော့ သူမ ဖွင့်ပေးတဲ့လမ်းကြောင်းက မိစ္ဆာနတ်ဘုရား ဖွင့်ပေးတာထက် အများကြီးပိုသာတယ်။
စက္ကန့်ပိုင်းအတွင်း သူတို့ကိုယ်သူတို့ မိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ဘုံနယ်နိမိတ်ဆီ ပြန်ရောက်နေတာ မြင်လိုက်ရတယ်။ ခိုင်ထျန်းရဲ့နာမည်အရင်းက ကောင်းကင်ဖွင့်သူ။ အမှန်တကယ်ပဲ သူက ရှေးဟောင်းနတ်ဘုရားသုံးပါးထဲ နောက်ဆုံးတစ်ယောက်။ ဖြစ်နိုင်တာက ရှန်းကျင်းလက်အောက် သည်းခံလာခဲ့ရလို့ထင် သူ ကောင်းကင်နယ်နိမိတ်ဆီ ပြန်ရောက်တာနဲ့ မိစ္ဆာနတ်ဘုရားရယ်၊ မုန့်ပေါ်ရယ်ကို ဆွဲခေါ်ပြီး သုံးနာရီကြာ ဒေါသတကြီးရမ်းတော့တာပဲ။ နှစ်ယောက်သား မြေးဆိုးလေးတွေလို သူ့ရှေ့ တိတ်တိတ်လေး ရပ်နေရတယ်။
တကယ်တော့ ဒါတွေအားလုံးက သူတို့နှစ်ယောက်က ရှန်းရင်ကို ခိုင်ထျန်း သူတို့စီမံထိန်းသိမ်းသူအဖြစ် လွှတ်လိုက်တဲ့လူလို့ မမှတ်မိတဲ့အတွက် ဖြစ်ရတာပဲ။ ခိုင်ထျန်းက စီမံထိန်းသိမ်းသူရှာဖို့ မျက်နှာပြင်တွေ အများကြီးဆီ သွားလာခဲ့တာ ရှန်းကျင်းဆီ ရောက်ခဲ့တဲ့အထိပဲ။ သူ ရှန်းကျင်းကို တွေ့ချိန် သူ့ကို ပြန်ပို့လို့မရဘူးဆိုတဲ့ အထင်ရောက်အောင် သူဘယ်မျက်နှာပြင်က လာလဲဆိုတဲ့ အချက်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့တယ်။ ဒါကြောင့် ရှန်းကျင်းက သူ့ကို လက်ထောက်အဖြစ် ထားဖို့ သဘောတူခဲ့တာ။
သူမနောက်ကွယ်မှာ သူ့ကမ္ဘာကို ရှန်းကျင်းဟာနဲ့ ချိတ်ဆက်ပြီး ရှန်းရင်ကို ပို့လို့ရအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ရှန်းကျင်းက သူ့ညီမအပေါ် ထိန်းချုပ်ဖို့ စွဲလမ်းနေတဲ့သူ။ သူမက အမြဲ အနီးကပ် စောင့်ကြည့်နေတာမို့ သူ အခွင့်အရေးမရခဲ့ဘူး။ အဲဒါ ရှန်းရင် အားလပ်ရက် မရခင်ထိပဲ။ ဒါပေမဲ့ အဲအတောအတွင်း သူ့ကမ္ဘာမှာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေတဲ့ မိစ္ဆာနတ်ဘုရားက ကူယွဲ့က သူတို့မျက်နှာပြင်ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာလို့ ခန့်မှန်းခဲ့တယ်။ သူက ခိုင်ထျန်းအရင်က ဖန်တီးခဲ့တာနဲ့ ကူယွဲ့ကမ္ဘာကြားက ချိတ်ဆက်မှုကို ရှာတွေ့သွားပြီး ကူယွဲ့ကို ခိုင်ထျန်း သူတို့ကမ္ဘာရဲ့ပြဿနာကို ရှင်းပေးဖို့ ရှာတွေ့သွားတဲ့လူအဖြစ် မှားယူဆမိခဲ့လေတယ်။ ဒါကြောင့် မိစ္ဆာနတ်ဘုရားက သူ့ဘာသာ အကောင်အထည်ဖော်ပြီး ကူယွဲ့ကို သူကိုယ်တိုင် ဆွဲသွင်းခဲ့တာပဲ။
ကူယွဲ့က နှစ်ရာချီ လေ့ကျင့်ခဲ့ပေမဲ့ မျက်နှာပြင်ကို စီမံနိုင်ဖို့ အလားအလာ မပြလာဘူး။ ပြီးတော့ ခိုင်ထျန်းကလည်း တစ်ခါမှ မိစ္ဆာနတ်ဘုရားကို မတုံ့ပြန်။ မိစ္ဆာနတ်ဘုရားက သူတို့ကမ္ဘာအတွက် စီမံထိန်းသိမ်းသူရှာဖို့ကို အရှုံးပေးတော့မှာ။
ပြီးတော့ ရှန်းရင် ကူးပြောင်းလာတည်းက သူမက ရက်ရှည်အားလပ်ရက်ထွက်နေတာကြာပြီ။ သူမက မျက်နှာပြင်ကို စီမံနိုင်တဲ့ သူမစွမ်းအင်တွေကို လုံးဝမပြသ။ အဲအစား ကူးပြောင်းပြီးတဲ့နောက် သူမရဲ့စွမ်းအင်တွေက သန္ဓေပြောင်းသွားတာမို့ မိစ္ဆာနတ်ဘုရားတောင် သူမရဲ့အကန့်အသတ်ကို အာရုံမခံနိုင်တော့ဘူး။ ဒါက မိစ္ဆာနတ်ဘုရားကို ခြိမ်းခြောက်သလိုဖြစ်ပြီး ကျူးကျော်သူအဖြစ် သတ်မှတ်ခဲ့တယ်။
သူ အခွင့်အရေးတွေ့ပြီး မိစ္ဆာဘုံကို ပြဿနာကင်းအောင် လုပ်ပြီးတာနဲ့ ကူယွဲ့နဲ့ ကျူးကျော်သူရှန်းရင်ကို သူတို့လာရာဆီ ပြန်ပို့ပေးလိုက်တာပဲ။
နဂိုတုန်းကတော့ ကူယွဲ့က တကယ် မိစ္ဆာနတ်ဘုရားကို ထုထောင်းချင်နေတာ။ ဒါပေမဲ့ ခိုင်ထျန်းက သူ့ကိုကောင်းကောင်း သင်ခန်းစာပေးနေတော့ ကူယွဲ့လည်း အဲလိုလုပ်ဖို့ဆန္ဒကို ထိန်းချုပ်လိုက်ရတယ်။ ခိုင်ထျန်းက သူတို့ကို ဘာလုပ်ရမလဲဆိုတာ အကျဉ်းချုံးရှင်းပြပြီး အခုရှန်းကျင်းမျက်နှာပြင်ဆီ ပြန်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှန်းကျင်းလက်ထောက်ဖြစ်နေပြီ။ သူက ဒီမျက်နှာပြင်ရဲ့ ဖန်တီးသူနတ်ဘုရားတွေထဲက တစ်ပါးဖြစ်တာတောင် သူက ဒီနေရာနဲ့ မသက်ဆိုင်တော့ဘူး။ သူ ရွေးစရာမရှိဘဲ သူ့အလုပ်ကို ဆက်လုပ်ဖို့ ပြန်ရမှာပဲ။
အင်း... သူက ရှန်းရင်လုပ်နေကျအလုပ်ကိုလည်း လုပ်ရလောက်တယ်။