← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း ၂၉၈ ။ လက်ထောက်ငှားခြင်း

"ခေါင်းဆောင်၊ ကျွန်တော်တို့ စောင့်နေတာကြာပြီ၊ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ" အခြေအနေကို နားလည်သွားပြီဖြစ်တဲ့ မိစ္ဆာနတ်ဘုရားက ရှန်းရင်ကို တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကြည့်လာတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးတု မရှိတော့ဘဲ လုံးဝကို ကျိုးနွံနေတဲ့ပုံ။

ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။ ငါ့ဖင်ကိုစောင့်။ သူပဲ သူတို့လာခဲ့တဲ့မျက်နှာပြင်ဆီ ပြန်ကန်ထုတ်လိုက်တဲ့သူလေ။

"ဂိုဏ်းချုပ်၊ ရှင်က တခြားသူတွေနဲ့မတူတာ သိသားပဲ" မိစ္ဆာနတ်ဘုရား ဆွဲခေါ်လာတာခံရတဲ့ မုန့်ပေါ်က ရှန်းရင်ကို စိတ်လှုပ်ရှားစွာ ကြည့်တယ်။

"ခေါင်းဆောင်ကို အရင်က မမှတ်မိခဲ့တာ ကန်းနေလို့ပါ၊ ဒီနေ့ကစပြီး သင့်မြတ်ပြီး ပြီးပြည့်စုံတဲ့ သုံးလောကကို ဖန်တီးဖို့ အသေအကြေ အားထုတ်သွားပါ့မယ်"

"ဂိုဏ်းချုပ်ရဲ့ခေါင်းဆောင်မှုအောက်မှာ သုံးလောကက သေချာပေါက် ကောင်းသထက် ကောင်းလာမှာပါ"

"ခေါင်းဆောင်၊ သုံးလောကက သက်ရှိဝိညာဉ်တွေအားလုံး တစ်သားတည်းဖြစ်လာပါစေ"

"ဂိုဏ်းချုပ်၊ ခုကစပြီး ထာဝရ မျက်နှာပြင်က ခမ်းနားမှုဂုဏ်ကျက်သရေတွေ ဆက်ပြီးတိုးပွားလာပါစေ"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

တော်လောက်ပြီ၊ မင်းတို့ ရှေးဟောင်းနတ်ဘုရားနှစ်ယောက်က တခြားသူတွေကို ဖားယားပြီးပဲ ဒီနေရာရောက်လာတာ မဟုတ်လား။

"ရှန်းရင်" ကူယွဲ့က သူ့ဘေးက အမျိုးသမီးကို တံတောင်နဲ့ တွတ်လိုက်တယ်။

"ရှန်းကျင်းက မင်း ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူဖြစ်မလာခင် ထိန်းချုပ်ရမယ်လို့ မပြောလိုက်ဘူးလား၊ မင်း ဒီမျက်နှာပြင်ကို ဘယ်လိုကိုင်တွယ်ရမလဲ သိတယ်မလား"

"ဟမ်" ရှန်းရင်က တန့်သွားပြီး သူမလက်ထဲက အသီးကိုကိုက်ချလိုက်တယ်။ ရှန်းကျင်းဆီက ဘာဖိအားမှမရှိဘဲ ငပျင်းရှန်းရင်က နောက်တစ်ကြိမ်ရောက်လာပြန်ပြီ။

"ဘာဟမ်လဲ၊ မင်းခုစလို့ရပြီ" သူမက မျက်နှာပြင်ကို ထိန်းချုပ်မှ မျက်နှာပြင်ဆီ တံခါးပေါက်တွေကို ဖွင့်နိုင်မှာလေ။ ပြီးတော့ ရှန်းကျင်းအရ ဒီလိုလုပ်ဖို့က အရမ်းအန္တရာယ်များတယ်ဆို။ ကူယွဲ့ အင်မတန်စိုးရိမ်မှ သင့်တော်မှာပေါ့။

"အိုး" ရှန်းရင်က ခေါင်းညိတ်တယ်။ သူမက ရှေ့ကို ပျင်းတိပျင်းရွဲလျှောက်လာပြီး မျက်လုံးမှိတ်လိုက်တယ်။ နှစ်စက္ကန့်အတွင်း သူမက မျက်လုံးပြန်ဖွင့်လာပြီး ကြေညာတယ်။

"ပြီးပြီ"

"... ဘာ၊ ဒါပဲလား"

ရှန်းကျင်းက အန္တရာယ်ရှိတယ်လို့ မပြောလိုက်ဘူးလား။ သူမက သူတို့ကို ဂရုစိုက်ဖို့တောင် သတိပေးလိုက်တယ်မဟုတ်လား။

"အင်း" ရှန်းရင်က ခေါင်းညိတ်ပြတယ်။

အရမ်းမြန်လွန်းတယ်။ မိုးကြိုးတွေရော ထူးခြားတဲ့ သက်ရောက်မှုတွေရောမရှိ။ အနည်းဆုံးတော့ သူမ လက်မှတ်ထိုးဖို့ စာချုပ်ရှိရမယ်မဟုတ်လား။ ဘာလို့ ဒီမျက်နှာပြင်ကို ထိန်းချုပ်ဖို့ အဲလောက် လွယ်ကူတာလဲ။ စံလုပ်ငန်းစဉ်တွေ လုံးဝမရှိတာလား။

"ဟုတ်သားပဲ" ရှန်းရင်က တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး အထိတ်တလန့်ပြောတယ်။ သူမက မိစ္ဆာနတ်ဘုရားဘက် လှည့်ကြည့်တယ်။

"နင့်မှာ စာရွက်နဲ့ ဖောင်တိန်ရှိလား"

"ဟုတ်ဟုတ်ဟုတ်" မိစ္ဆာနတ်ဘုရားက ချက်ချင်းခေါင်းညိတ်တော့ သူ့ခေါင်းက သစ်တောက်ငှက်လိုပဲ မြန်ဆန်နေတယ်။ ချက်ချင်း သူတို့မျက်စိရှေ့ စားပွဲတစ်လုံးနဲ့ ကုလားထိုင်တစ်လုံးပေါ်လာတယ်။ သူက တောက်ပစွာ ပြုံးတော့တယ်။

"ခေါင်းဆောင် ကျေးဇူးပြုပြီး"

ရှန်းရင်က ထိုင်ချပြီး စားပွဲပေါ်က စုတ်တံကို ကောက်ယူလိုက်တယ်။ သူမက စတင်ရေးတော့တယ်။ တစ်အောင့်နေတော့ သူမက စာရွက်တစ်ရွက်ကို ကောက်ယူပြီး ပြောတယ်။

"ပေးတာ"

"ဒါဘာလဲ" ကူယွဲ့ လှမ်းယူလိုက်တယ်။

"နင်နဲ့စားဖိုမှူးက ငါ့လက်ထောက်တွေဆိုတဲ့ သက်သေ"

ကူယွဲ့ တန့်သွားပြီး စာရွက်ကို သေချာကြည့်လိုက်တယ်။ နောက်တော့ သူက ဘာရေးထားလဲဆိုတာ ဖတ်နိုင်သွားခဲ့တယ်။

[ဒီအမိန့်က ဖေဖေနျိုကို ရဲ့ လက်ထောက်စီမံထိန်းသိမ်းသူအဖြစ် ဂုဏ်သရေရှိစွာ ခန့်အပ်ကြောင်း သက်သေပြုပါတယ်၊ စီမံထိန်းသိမ်းသူများကော်မတီမှ အမိန့်အရ *နှစ်၊ *လ၊ *ရက်]

( ̄△̄;)

သောက်ကျိုးနည်း။ လက်ထောက်စီမံထိန်းသိမ်းသူ ခန့်ဖို့က အဲလောက်လွယ်တာလား။ စာရွက်တစ်ရွက်တည်းနဲ့ ရတာလား။ ပြီးတော့ စာရွက်ပေါ်က လက်ရေးက ဖတ်မရလုနီးပါးပဲ။ ဒီမိန်းမ စုတ်တံ ဘယ်လိုသုံးရမလဲ မသိရင် ဘာလို့ ဖောင်တိန်ပဲ မသုံးတော့။ ပြီးတော့ “တရားဝင်စာရွက်စာတမ်း” က ဘာလို့ သောက်ကျိုးနည်း ဖေဖေနျိုလို့ ညွှန်းထားရတာလဲ။

ကူယွဲ့က သွေးအန်လုနီးပါးဖြစ်နေပြီ။ နောက်အခိုက်အတန့်မှာ သူ့လက်ထဲက စာရွက်တွေ လင်းသွားပြီး အလင်းရောင်က ဖြည်းဖြည်းချင်း သူ့ကိုယ်မှာ ပျံ့လာတယ်။ သူ့ကိုယ်ထဲ ကြက်သီးထသွားပြီး ထူးဆန်းတဲ့ သင်္ကေတတစ်ခု သူ့ကိုယ်ဆီ ပျံသန်းလာတယ်။ ပြောင်းပြန် 8 ပဲ။

သူ ဘာလဲဆိုတာ အဖြေမရှာနိုင်ခင် စာရွက်ပေါ်က လက်ရေးကလည်း အသက်ဝင်လာသလို မျောလွင့်စပြုလာတယ်။ သူတို့တွေက ပြောင်းပြန် 8 နားဝိုင်းသွားပြီး ပတ်ပတ်လည်မှာ ပိတ်ဆို့ထားလိုက်တယ်။ ပြောင်းပြန် 8 က စကားလုံးတွေကြား ပေါက်ကွဲတော့မဲ့ပုံ။ နောက်တော့ အရာအားလုံး ပျောက်ကွယ်သွားတယ်။

ကူယွဲ့ ကိုယ်ခန္ဓာပြေလျော့သွားတယ်။ သူ ခုလေးတင် ဘာဖြစ်သွားလဲ နားမလည်နိုင်ပေမဲ့ သူ့ကိုယ်ကို ဆွဲထားတဲ့ ထူးဆန်းတဲ့ ဆက်နွယ်မှုက ပြတ်တောက်သွားပုံပဲ။ သူ့ကိုယ်ထဲက မသေမျိုးချီတွေ ပုံမှန် လွင့်မျောသွားပြီး ကျင့်ကြံဆင့်လည်း နိမ့်ကျလာတယ်။ သူ သူ့ဧကရာဇ်ငယ်ကျင့်ကြံဆင့်ကို ဆုံးရှုံးလာတာနဲ့အတူ ခန္ဓာကိုယ်ထဲကျန်ရစ်တဲ့ မသေမျိုးချီက သူလေ့ကျင့်ဖို့တောင် မလုံလောက်မှန်း နားလည်လိုက်ရတယ်။

သူ လက်သီးဆုပ်လိုက်တယ်။ သေမျိုးတစ်ယောက်လိုခံစားရတာနဲ့ အဝေးကြီး သူ ခံစားနေရတာက... မလွှမ်းမိုးနိုင်တာမျိုး လောကသုံးထောင်လုံးက သူ့လက်တစ်ကမ်းအတွင်းလို ခံစားနေရတယ်။ စောနက နှိုင်းမရအောင် သန်မာပုံပေါ်တဲ့ မိစ္ဆာနတ်ဘုရားနဲ့ မုန့်ပေါ်တောင် သူ့မျက်စိရှေ့မှာတင် အားနည်းလာပုံပဲ။ သူတို့တွေက ခုဆို ကလေးပေါက်စတွေလောက်တောင် အားနည်းတဲ့ပုံ။

သူ့ကို ပျင်းတိပျင်းရွဲကြည့်နေပြီး သာမန်သေမျိုးသာသာပုံပဲပေါ်တဲ့... ရှန်းရင်က လွဲပြီးပေါ့။ ဘာကြောင့်မှန်းမသိ သူက ပြိုင်ဘက်ကင်းလို ခံစားနေရတယ်။

ဒါက လက်ထောက်စီမံထိန်းသိမ်းသူဖြစ်ရတဲ့ ခံစားချက်လား။ သူ့ကုမ္ပဏီက အထွေထွေမန်နေဂျာနဲ့ တူတယ်လို့ ခံစားရတယ်။

ကူယွဲ့ ရင်ခုန်သွားတယ်။ သူ စာရွက်ကိုင်ထားတဲ့ ယိချင်းကိုလှည့်ကြည့်လိုက်တယ်။

"စားဖိုမှူး မင်း..." ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး မျက်လုံးတွေပြူးကုန်တယ်။

"ဟိုလီရှစ်"

ယိချင်းကြည့်ရတာ စောနက ကူယွဲ့လို ပေါ့ပါးမနေ။ အဲအစား စားဖိုမှူးက အတော်လေးဖြူဖျော့နေတယ်။ သူက ချွေးစေးတွေပါ ပြန်နေပြီ။ သူ့ပတ်လည်မှာ သင်္ကေတတွေအများကြီး မျောလွင့်နေပေမဲ့ ရှန်းရင်ရဲ့ ရုပ်ဆိုးဆိုးလက်ရေးက အဲသင်္ကေတတွေဘေး ဆက်မျောလွင့်နေကာ ဘာကိုမှ မချိုးဖျက်ဘူး။ အချိန်ကြာလာတာနဲ့အမျှ စားဖိုမှူးက ပိုဖျားနာလာတဲ့ပုံ။ သူက ယိမ်းယိုင်လာပြီး ဟန်ချက်ပျက်သွားတယ်...။

"စားဖိုမှူး" ရှန်းရင်က လက်လှမ်းပြီး အချိန်မီ လှမ်းဖမ်းလိုက်တယ်။ မရေမတွက်နိုင်တဲ့ သင်္ကေ‌တတွေ သူမပတ်ပတ်လည်မှာ မျောလွင့်နေတာမြင်ပြီး သူမအမူအရာက မာထန်သွားခဲ့တယ်။ မိစ္ဆာနတ်ဘုရားဘက်လှည့်ကာ သူမက မေးလိုက်တယ်။

"နင် ဘာလုပ်ခဲ့တာလဲ" ဒါတွေက ဒီမျက်နှာပြင်က ယိချင်းပေါ် ထားထားတဲ့ ကန့်သတ်ချက်တွေပဲ။

မိစ္ဆာနတ်ဘုရားရဲ့ ခြေထောက်တွေက ပျော့ခွေသွားပြီး စိတ်တင်းကြပ်ကုန်တယ်။ သူက ဒူးထောက်ကျသွားခဲ့တယ်။

"ခေါင်းဆောင်၊ ဒါ... ဒါကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သူက အရင်က ဝိညာဉ်ကူးပြောင်းဖို့ ရွေးခဲ့တဲ့သူပါ၊ ကျွန်တော်က သူ့ကို တားမရခဲ့တာ"

"ဂိုဏ်းချုပ်" မုန့်ပေါ်က ဝင်ပြောတယ်။

"အကြီးအကဲယိချင်းက ဂိုဏ်းချုပ်ကို ရှာဖို့ ဝိညာဉ်ကူးပြောင်းချိန် မျက်နှာပြင်တံခါးတွေကို ဖွင့်ဖို့ သူ့ကျင့်ကြံဆင့်အားလုံးကို အသုံးချခဲ့တယ်၊ အခု သူ့ကိုယ်က ပြိုလဲလုနီးပါး ဖြစ်နေပြီ၊ သူက လက်ထောက်စီမံထိန်းသိမ်းသူအဖြစ် ချိပ်ပိတ်တာကို ခံနိုင်ရည်မရှိတာ အံ့ဩစရာမရှိတော့ဘူး"

"ဘာ" ကူယွဲ့က မယုံကြည်နိုင်စွာ အထိတ်တလန့် ရေရွတ်လိုက်မိတယ်။

"သူ့ဘာသာ ဝိညာဉ်ကူးပြောင်းလာတာပေါ့ မျက်နှာပြင်တံခါးတွေကို ဖွင့်နိုင်တာ မိစ္ဆာနတ်ဘုရားပဲ မဟုတ်ဘူးလား"

"ကျွန်တော်... ကျွန်တော်တို့တောင် မျက်နှာပြင်တံခါးတွေကို ဖွင့်ချင်တဲ့အချိန်တိုင်းဖွင့်ဖို့ အစွမ်းမရှိဘူး"

မိစ္ဆာနတ်ဘုရားက ဖြေလိုက်တယ်။ မဟုတ်ရင် သူ ရှန်းရင်နဲ့ ကူယွဲ့ကို သူတို့လာတဲ့နေရာ ပြန်ပို့ဖို့ အဲလောက်အကြာကြီးစောင့်ခဲ့မှာမဟုတ်ဘူး။

"ပြီးတော့ အဲမျက်နှာပြင်မှာ စီမံထိန်းသိမ်းသူရှိတယ်လေ" သူ့ကို ရှာမတွေ့တာ သေချာအောင် သူ့အစွမ်းအားလုံးကို အသုံးပြုခဲ့ပြီးပြီ။

"ဒါပေမဲ့ ရှန်းရင်က အရင်က သူ့ကိုကုသပေးပြီးသားလေ"

စားဖိုမှူး ကူးပြောင်းလာပြီးတဲ့နောက် သူတို့ သူ့ကိုစစမြင်ချင်း သေမလိုဖြစ်နေခဲ့တာ။ ဒါပေမဲ့ ရှန်းရင်က သူ့ကို ကုသဖို့ သူမရဲ့ထူးခြားတဲ့ ကုသနည်းတွေကို သုံးခဲ့ပြီးသားလေ။ သေမင်းဂြိုဟ်ပေါ်မှာ ယိချင်းက ဇာမဏီအသွင်လည်း ပြောင်းနိုင်ခဲ့တယ်။ အဲမှာလည်း သူတစ်ခုခုဖြစ်တဲ့ပုံ မပေါ်ပါဘူး။ သူ အခု ဘာဖြစ်နေတာလဲ။

"ဒါက မတူညီတဲ့မျက်နှာပြင်မှာ ရှိနေခဲ့လို့ဖြစ်တာပဲ၊ သူက အဲက မဟုတ်ဘူးလေ" မိစ္ဆာနတ်ဘုရားက ဆက်ပြောတယ်။

"မင်းတို့ရောက်မလာခင်က ဒီမျက်နှာပြင်မှာ စီမံထိန်းသိမ်းသူ မရှိခဲ့ဘူးလေ၊ အဲဒါကြောင့် တခြားမျက်နှာပြင်မှာ ယိချင်းကို ကုသခဲ့လည်း သူဒီက ထွက်မသွားခင်က အခြေအနေကို ပြန်ရောက်သွားခဲ့တာပဲ"

…

အခန်း ၂၉၉ ။ စားဖိုမှူးပြန်သွား

ကူယွဲ့က ငုံ့ကြည့်လိုက်တော့ စားဖိုမှူးကိုယ်ပေါ်မှာ မမြင်ရတဲ့ တစ်စုံတစ်ရာက လှီးဖြတ်နေသလိုမျိုး စတင်ပေါ်ပေါက်လာတယ်။ နီရဲရဲသွေးတွေက ဒဏ်ရာကနေ စီးကျလာပြီး ရှန်းရင်ရဲ့ အပေါ်အင်္ကျီကိုပါ အရောင်ဆိုးပစ်လေတယ်။ ကူယွဲ့က စားဖိုမှူးရဲ့ အခြေအနေကို အရင်ကမြင်ဖူးတယ်။ ဒီမျက်နှာပြင်ရဲ့ အခြေအနေတွေအရ သူ့မှာ ပြန်လည်သက်သာဖို့ မျှော်လင့်ချက်မရှိဘူး။

"ငါ သူ့အတွက် ခန္ဓာအသစ်လုပ်ပေးမယ်"

ဒါက ကိုယ်ခန္ဓာသက်သက်ပဲ။ သူ့အစွမ်းနဲ့ဆို အသစ်ဖန်တီးဖို့ခက်မှာ မဟုတ်ဘူး။

"ဟင့်အင်း" ရှန်းရင်က သူ့ကိုတားတယ်။

"ဘာလို့လဲ"

"သူ့မှာ ဒီခန္ဓာကိုယ်ပေါ် လက်ထောက်စည်းတံဆိပ် ရှိနေပြီ" ရှန်းရင်က သင်္ကေတကို ဝိုင်းနေတဲ့ စာလုံးနက်ကြီးတွေကို လှမ်းကြည့်လိုက်တယ်။

"တကယ်လို့ သူ့ကိုယ်ပိုင်မဟုတ်တဲ့ခန္ဓာထဲမှာဆို စည်းချိပ်က ငြင်းပယ်ခံရလိမ့်မယ်"

ပြီးတော့ ဒီစည်းချိပ်က ပြန်ရုပ်သိမ်းလို့မရဘူး။

"ငြင်းပယ်ခံရမယ်လား" ကူယွဲ့က တန့်သွားတယ်။ ခန္ဓာကိုယ်က ငြင်းပယ်မှု... ဆိုလိုတာက...။

"သူက မျောလွင့်လိုဖြစ်လာမှာလား"

"အင်း"

ချီး... ရှန်းကျင်းက သူ့မှာလက်ထောက်နှစ်ယောက်ပဲ ထားလို့ရပြီး အလုပ်ဖြုတ်မရဘူးလို့ အရင်က ပြောခဲ့တယ်။ တခြားနည်းနဲ့ ပြောရရင်တော့ ရှန်းရင်က ယိချင်းကိုယ်ပေါ်က စည်းချိပ်ကို ပြန်မရုပ်သိမ်းနိုင်ဘူး။

"ဒါဆို ဘယ်လိုလုပ်ရမလဲ"

"တကယ်တော့ ဒါကိုဖြေရှင်းဖို့ တခြားနည်းတစ်နည်း ရှိတယ်" မိစ္ဆာနတ်ဘုရားက လက်မြှောက်ကာ ပြောတယ်။

"ပြော တခြားနည်းကဘာလဲ"

"သူ့ကိုယ်ခန္ဓာပဲ ဒဏ်ရာရထားတာလေ၊ သူ သေမျိုးကမ္ဘာဆီ ပြန်သွားပြီး ခန္ဓာကိုယ် လဲလိုက်မယ်ဆို ပြန်အဆင်ပြေသွားလိမ့်မယ်"

ပြန်ဝင်စားလာတဲ့ခန္ဓာကိုယ်က သူပိုင်တဲ့အရာပဲလေ။

"အဓိပ္ပာယ်မရှိတာ" ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။ အဲဒါကို ဘယ်သူမသိလို့လဲ။ ဒါပေမဲ့...။

"ကျွန်တော်မသွားဘူး" စားဖိုမှူးက ထအော်ပြီး ရှန်းရင်လက်ကိုဆွဲဖမ်းတယ်။

"တကယ်လို့ ကျွန်တော်ပြန်ဝင်စားရင် မေ့ပျောက်မြစ်ကို ဖြတ်သန်းရမှာ၊ ကျွန်တော် အားလုံးကို မေ့ပြီး ဆရာ့ကိုလည်း မေ့သွားလိမ့်မယ်၊ တကယ်လို့ ကျွန်တော်မမှတ်မိတော့ရင်..." သူက ဖြူဖျော့သွားပြီး သူ့အရှိန်အဝါက ဖျော့တော့သွားတယ်။ တစ်အောင့်နေတော့မှ သူ စကားကိုပြီးအောင်ပြောနိုင်တယ်။

"ကျွန်တော် မမှတ်မိတော့ရင် ဒါဆို... ဘယ်သူက ဆရာဗိုက်ဆာချိန် ထမင်းဟင်းချက်ပေးမှာလဲ" သူမ အဆာလွန်သွားရင်ရော။ ဘယ်သူမှ သူမကြိုက်တဲ့ဟင်းကို မချက်ပေးနိုင်ရင်ရော ဘယ်လိုလုပ်မလဲ။

ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

မိစ္ဆာနတ်ဘုရား ။ ။ "..."

မုန့်ပေါ် ။ ။ "..."

စားပွဲမှောက်

(╯°Д°)╯(┻━┻

ဟင်းချက်တာက အရေးကြီးဆုံးကိစ္စလား။ သူ သောက်ကျိုးနည်း ပြိုလဲတော့မှာကို စဉ်းစားသမျှက ဟင်းချက်ဖို့တဲ့။ ဘယ်လောက်တောင် ပညာရှင်ပီသလိုက်လဲ ရှန်းရင်က သူ့ကို လက်ထောက်အဖြစ် ခန့်ထားတာ မဟုတ်ဘူး၊ ယိချင်းက သူမရဲ့ ကိုယ်ရေးကိုယ်တာ အထိန်းတော်နဲ့ပိုတူတယ်။

"တခြားဖြေရှင်းနည်းတွေ မရှိဘူးလား"

ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။ ဟင်းချက်တာအသာထား တကယ်လို့ စားဖိုမှူးက မေ့ပျောက်မြစ်ကို ဖြတ်သန်းပြီး အရာအားလုံးကို မေ့သွားခဲ့ရင် သူက တူညီတဲ့စားဖိုမှူးပဲ ဖြစ်နေပါ့ဦးမလား။

"တကယ်တော့ မှတ်ဉာဏ်တွေကို... ထိန်းသိမ်းထားလို့ရပါတယ်"

မိစ္ဆာနတ်ဘုရားက ခပ်တိုးတိုးအကြံပြုလာတယ်။

"ဘာဆိုလိုတာလဲ" ဝိညာဉ်တစ်ခုက မေ့ပျောက်မြစ်ကို ဖြတ်သန်းရင် အတိတ်ဘဝက မှတ်ဉာဏ်တွေအားလုံးကို ဆုံးရှုံးလိမ့်မယ်ဆိုတာ အမှန်မဟုတ်ဘူးလား။ ဘယ်လိုလုပ် မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလဲ။

"မုန့်ပေါ်က ကိုယ်တိုင်ကိုယ်ကျ သူ့တစ်စိတ်တစ်ပိုင်းကို ပြန်ဝင်စားဖို့ ယူသွားရုံပါပဲ" မိစ္ဆာနတ်ဘုရားက မုန့်ပေါ်ဘက် လှည့်ပြောတယ်။

မုန့်ပေါ်က တစ်စုံတစ်ရာကို အမှတ်ရသွားသလိုမျိုး မှင်တက်သွားတယ်။ သူမက အသည်းအသန် ခေါင်းညိတ်တယ်။

"အမှန်ပဲ၊ ကျွန်မ သူ့တစ်စိတ်တစ်ပိုင်းကို ယူသွားပေးလို့ရတယ်၊ ဒါဆို သူ မေ့ပျောက်မြစ်ကို ဖြတ်သန်းစရာ မလိုတော့သလို မှတ်ဉာဏ်တွေမဆုံးရှုံးတော့ဘူး"

"မလိုဘူး" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။ အဖွဲ့ထဲကလူတိုင်း သူမကို လှည့်ကြည့်လိုက်တယ်။

ရှန်းရင်က ယိချင်းရှေ့က စကားလုံးတွေပေါ် တတောက်တောက် နှိပ်လိုက်တယ်။ သင်္ကေတနဲ့ စကားလုံးတွေက ချက်ချင်းပဲ စားဖိုမှူးနဖူးထဲ တန်းဝင်သွားပြီး သူ့တစ်ကိုယ်လုံး အဖြူရောင်အလင်းတန်းတွေနဲ့ တောက်ပကုန်တယ်။ ဖြည်းဖြည်းချင်း အဖြူရောင်အလင်းက သူ့ကို လွှမ်းခြုံသွားတယ်။

"ဆရာ..." ယိချင်းက သွေးပျက်စ ပြုလာတယ်။ သူက ရှန်းရင်လက်မောင်းကို ကိုင်ထားလိုက်တယ်။

"ငါနင့်ကို လာရှာမယ်"

ရှန်းရင်က ယိချင်းမျက်လုံးထဲ တန်းတန်းမတ်မတ်စိုက်ကြည့်လိုက်တယ်။ သူ့အမူအရာက ရိပ်ခနဲ လှုပ်ရှားသွားပြီး နောက်တော့ သူက သူမကို လွှတ်ပေးတယ်။ တစ်အောင့်နေတော့ သူ့ကိုယ်က အလင်းတန်းဖြူထဲ ကျုံ့သွားခဲ့တယ်။ ရှန်းရင် နောက်တစ်ကြိမ် လက်မောင်းကိုမြှောက်ချိန် ယိချင်းက သူတို့ မမြင်ရတော့တဲ့နေရာဆီ အဝေးကို ပျံသန်းထွက်သွားလေတယ်။

"မင်း သူ့ကိုဘယ်ပို့လိုက်တာလဲ" ကူယွဲ့ သတိထားပြီး မေးလိုက်တယ်။

"ဘယ်မှမဟုတ်ပါဘူး၊ အောက်ဘုံဆီ ဖိုင်တစ်ခု ပြန်ပို့လိုက်ရုံပါပဲ"

"ဟမျ" ဘာဆိုလိုတာလဲ။

ရှန်းရင်က မတုံ့ပြန်။ အဲအစား မိစ္ဆာနတ်ဘုရားဘက် လှည့်ပြောလိုက်တယ်။

"ဒါပြီးတော့..." အကြွေးတွေရှင်းဖို့ အချိန်ကျပြီ။

မိစ္ဆာနတ်ဘုရားရဲ့ တစ်ကိုယ်လုံးက အများကြီးပိုလေးလံလာတယ်။ သူ့ပတ်ပတ်လည်က လေထုထဲ ကြီးမားတဲ့ဖိအားတစ်မျိုး ပြည့်လာလို့ တောင့်မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားခဲ့တယ်။ မိစ္ဆာနတ်ဘုရားက ဒြပ်ရှိကိုယ်ခန္ဓာမရှိပေမဲ့ သူ့ပုံစံက တွန့်လိမ်ပြီး နာကျင်မှုကြောင့် လူးလွန့်နေတယ်။ သူ့ကြည့်ရတာ သူတို့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားတော့မဲ့ပုံ။

ရှန်းရင်က ဖြည်းဖြည်းချင်း သူ့ဆီလျှောက်လာတယ်။ ခြေတစ်လှမ်းစီနဲ့အတူ မိစ္ဆာနတ်ဘုရားပတ်လည်က ဖိအားက ပိုပိုလေးလံလာတယ်။ သူမအသံက ပြတ်သားနေပြီး နဂိုလို ပျင်းတိပျင်းရွဲပုံ မပေါ်တော့။ တစ်လုံးစီကို ဖိကာ ပြောလာတယ်။

"တကယ်ပဲ ငါနင့်ကို မထုထောင်းခင်ထိ မကြေအေးပေးနိုင်ဘူး"

"ခဏ ခေါင်းဆောင်..." မိစ္ဆာနတ်ဘုရားက အသနားခံတော့တယ်။

"ရှင်းပြနိုင်ပါတယ်၊ ဒီလိုဖြစ်လာမယ် မသိခဲ့ပါဘူး... ကူညီကြပါဦး" သူစကားမဆုံးခင် ရှန်းရင်က လက်ကိုယမ်းတယ်။

ကောင်းကင်ဘုံတစ်ခုလုံး သူ့ရဲ့ကြောက်ခမန်းလိလိအော်သံတွေ ပဲ့တင်သံ ထပ်ကုန်တယ်။

ရှန်းရင်က ဒီတစ်ကြိမ်တော့ တကယ်ကိုဒေါသထွက်နေတာ။ သူမကလုံးဝကို ညှာတာမှုမပြ။ သူတို့တွေ ကောင်းကင်ဘုံအက်ကွဲသံကို ကြားလိုက်ရတယ်။ သူမ မိစ္ဆာနတ်ဘုရားပေါ် ဒေါသပေါက်ကွဲရင်း သူ့အော်သံက တဖြည်းဖြည်း ကျယ်လောင်လာတာများ ဘေးကလူတွေတောင် မျက်ရည်ဝဲစ ပြုလာတယ်။

ဒါကြောင့်... ကူယွဲ့ တစ်ဖက်လှည့်ကာ မကြည့်ဖို့ ရွေးချယ်လိုက်ပါတယ်။

╮(╯▽╰)╭

***

ရှန်းရင်က မိစ္ဆာနတ်ဘုရားကို အပြစ်ပေးတာ နာရီဝက်ကြာမှ နောက်ဆုံးတော့ အနားယူလေတယ်။ သူမက သူမစံချိန်ကိုတောင် ချိုးခဲ့တယ်။ မိစ္ဆာနတ်ဘုရားပေါ် ဘာအသားမှ မကျန်တော့ဘူး။ ဘယ်သူမှ သူပြန်သက်သာလာအောင် ဘာသိုင်းကိုမှ သုံးမရဘူး - ရှန်းရင် သူ့ကို ဘာလုပ်လိုက်လဲဆိုတာ အတိအကျမသိ။ မိစ္ဆာနတ်ဘုရား မြေပြင်ပေါ်မှာပဲ ဆက်ပြီးလဲလျောင်းနေရပြီး နာကျင်မှုကြောင့် လူးလွန့်ညည်းတွားနေတယ်။ ဒါက မိစ္ဆာနတ်ဘုရားဖြတ်သန်းဖူးတဲ့ အဆိုးရွားဆုံးဝေဒနာပဲ။

တကယ်လို့ စားဖိုမှူးက အောက်ဘုံကို ရောက်နေပြီဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် ရှန်းရင်က ရပ်လောက်မှာတောင် မဟုတ်။

"သွားကြစို့" ရှန်းရင်က လမ်းကြောင်းတစ်ခုဖွင့်ပြီး ဖေဖေနျို့ကို လက်ယမ်းပြလိုက်တယ်။

"ဂိုဏ်းချုပ် အကြီးအကဲကူယွဲ့ ကျွန်မ ရှင်တို့နှစ်ယောက်လုံးကို အဲလိုက်ပို့ရင်ရော" မုန့်ပေါ်က မိစ္ဆာနတ်ဘုရားဖြစ်သွားတာကိုမြင်ပြီး အမြန်အကြံပြုလာတယ်။

"ကျွန်မက အောက်ဘုံနဲ့ အရင်းနှီးဆုံးလေ၊ အကြီးအကဲယိချင်းကို ချက်ချင်းရှာပေးနိုင်ပါတယ်"

ကူယွဲ့က ပြန်ဖြေမို့ရှိသေး ရှန်းရင်ကပြောလာတယ်။

"မလိုတော့ဘူး"

"ဒါပေမဲ့ ဂိုဏ်းချုပ်..."

"မုန့်ပေါ်" မုန့်ပေါ်က အတွန့်တက်မို့ရှိသေး ရှန်းရင်က တားတယ်။

"ငါ့ကို ဂိုဏ်းချုပ်လို့ မခေါ်နဲ့တော့"

"ဟမ်" မုန့်ပေါ်တန့်သွားတယ်။

"ငါတို့ကို အရင်တစ်ခေါက်က ဘာလို့ပြန်ပို့လိုက်ရလဲနားလည်တယ်၊ ဒါပေမဲ့... ငါ စိတ်ဆိုးနေသေးတယ်"

ရှန်းရင်က သူပျိုးထောင်လာခဲ့တဲ့ကလေးက ရန်သူနဲ့ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တဲ့ မုန့်ပေါ်ကို လေးနက်စွာ ကြည့်လိုက်တယ်။

"ဒါကြောင့်... နင်က ဝူတိဂိုဏ်းတပည့်မဟုတ်တော့ဘူး"

"..."

ရှန်းရင်က စကားဆုံးတာနဲ့ ဖေဖေနျို့ကိုဆွဲခေါ်ကာ အောက်ဘုံဆီ ဝင်သွားတော့တယ်။

သူတို့က မျက်နှာမှာအရောင်အသွေး လုံးဝမရှိတော့တဲ့ မုန့်ပေါ်ကို ထားရစ်ခဲ့တယ်။ သူမက ဝိညာဉ် ပျောက်ဆုံးသွားသလိုမျိုး နေရာမှာတင် ရပ်နေတယ်။ အချိန်တော်တော်ကြာတဲ့ထိ မလှုပ်တော့ဘူး။

ဖြစ်နိုင်တာက အချိန်အကြာကြီး ရပ်နေမိလို့ထင်။ မြေပြင်ပေါ်လဲနေဆဲ မိစ္ဆာနတ်ဘုရားက သူမဝတ်ရုံလက်ကို ဆွဲလာတယ်။

"ဟေး အဆင်ပြေရဲ့လား"

မုန့်ပေါ်က နေရာမှာတင် ရပ်နေဆဲ။

"ဘာဖြစ်နေတာလဲ"

"..." တုံ့ပြန်မှုမရှိသေး။ နောက်တော့ ပေါက်ခနဲအသံ ကြားလိုက်ရတယ်။ ရေစက်တစ်စက်က မိစ္ဆာနတ်ဘုရားရဲ့လက်မောင်းပေါ် ကျဆင်းလာတယ်။

"အာ ဘာလို့ငိုနေတာလဲ"

အဲတော့မှပဲ ‌မုန့်ပေါ်က နောက်ဆုံးတော့ တုံ့ပြန်တော့တယ်။ သူမက မြေကြီးပေါ်ထိုင်ချပြီး ငိုကြွေးတော့တယ်။

"ဝါး... ဒါတွေအားလုံး ရှင့်အမှားကြောင့် ရှင့်အမှားကြောင့် အကုန်လုံး ရှင့်အမှားပဲ ကျွန်မ ဂိုဏ်းချုပ်ကို ပြန်မပို့ဖို့ ပြောခဲ့ပေမဲ့ ရှင်နားမထောင်ခဲ့ဘူးလေ၊ သုံးလောကအကျိုးအတွက်လို့ ပြောခဲ့တာ... ဒါတွေအကုန်လုံး ရှင့်အမှားပဲ - ဒါကြောင့် သူ ကျွန်မကို ဒေါသထွက်သွားတာ"

"မင်း အဲလောက် စိတ်ဆင်းရဲစရာမလိုပါဘူးဟ၊ သူက ခိုင်ထျန်းရှာခဲ့တဲ့ စီမံထိန်းသိမ်းသူလို့မှ ငါမသိခဲ့တာ"

"ဂရုမစိုက်ဘူး ဂိုဏ်းချုပ်ကို ကျွန်မဆီပြန်ပေး၊ ပြန်ပေးလို့ ဝါး..."

သူမက စကားပြောလေ ပိုပြီးငိုကြွေးလေ မိစ္ဆာနတ်ဘုရားကို ခပ်ပြင်းပြင်းရိုက်လေပဲ။

"ခဏ၊ ငါ့ကို မရိုက်နဲ့ဟ နာတယ် နာတယ် နာတယ်"

"ဝါး..."

"..." ဘာလို့ လူတိုင်းက သူ့ကို ရိုက်ပုတ်နေကြတာလဲ။

…

အခန်း ၃၀၀ ။ ပထမ မျက်နှာပြင်သတိပေးချက်

ဒေတာကို ပြန်ထည့်ပြီး ရှန်းရင်က စားဖိုမှူးရဲ့ ခန္ဓာကိုယ်အခြေအနေကို ဒဏ်ရာမရခင်က နဂိုအခြေအနေဆီ ပြန်ထိန်းညှိလိုက်တာပဲ။ ဒါက စီမံထိန်းသိမ်းသူတွေရဲ့ လုပ်ပိုင်ခွင့်တွေထဲက တစ်ခုပေါ့။ စီမံထိန်းသိမ်းသူတွေက မျက်နှာပြင်ထဲက အရာအားလုံးကို တာဝန်ယူတာမို့ အချိန်နဲ့ အကွာအဝေးလည်းပါဝင်တယ်။

တစ်ခုပဲ၊ ပြန်ထည့်မှုပြီးတာနဲ့ စားဖိုမှူးက လူသစ်လေးတွေရဲ့ အဆင့်ကို ပြန်ရောက်သွားမှာမို့ သူ့ကိုယ်က ယာယီသိုလှောင်ထားတဲ့ စည်းချိပ်ကို လက်ခံနိုင်ဖို့ အပြည့်အဝ အရွယ်မရောက်ခင်ထိ အောက်ဘုံဆီ ပြန်သွားကာ လေ့ကျင့်ရမယ်။

"ဒါဆို စားဖိုမှူးကို အစကနေ မင်းက ပြန်လေ့ကျင့်ခိုင်းနေတာလား"

ကူယွဲ့က မျက်လုံးပြူးသွားတယ်။ စားဖိုမှူးက ရှန်းကျွင်းအဆင့်ရောက်နေပြီ။ အစကနေပြန်စတာက နှစ်သန်းချီအားထုတ်မှုတွေ လုံးဝအချည်းနှီးဖြစ်သွားမယ်ဆိုလိုတာပဲ။

ဟမ်၊ သူ သေချာပေါက် နှစ်ထောင်းအားရ မဖြစ်ပါဘူးနော်။

╮(╯▽╰)╭

"ဟင့်အင်း" ရှန်းရင်က ခေါင်းခါတယ်။

"သူ့ဆီ နဂိုခန္ဓာကိုယ်ပဲ ရှိဦးမှာ"

"ဘာဆိုလိုတာလဲ"

ရှန်းရင်က သူ့လှမ်းကြည့်တယ်။

"သူက ကောင်းကင်မျိုးနွယ်ကလေ"

ကူယွဲ့မျက်နှာပေါ်က အပြုံးခဲသွားတယ်။ သူချက်ချင်း ပြောလိုက်တယ်။

"ဟိုလီရှစ် မွေးတည်းက ပန်းတိုင်ကနေ မွေးလာသူတွေကို တကယ်မုန်းတယ်" သူတို့တွေရဲ့ အချက်အလက်ဒေတာတွေကို ပြန်စတာတောင် အဆုံးသတ်မျဉ်းမှာပဲကျန်ရစ်နေတာတွေ။

"ဒါဆို မင်း သူ့ကို ဘယ်ပို့လိုက်တာလဲ"

ရှန်းရင် လက်တစ်ဖက်မြှောက်ကာ ယမ်းလိုက်တယ်။ ချက်ချင်း နှစ်ယောက်သား တောတန်းစိမ်းတွေ မြစ်ချောင်းတွေကြား ရောက်လာခဲ့တယ်။ သူတို့ရှေ့တည့်တည့်မှာတော့ လယ်ကွင်းထဲ လူတွေအများကြီး အလုပ်လုပ်နေတဲ့ တောရွာလေးတစ်ရွာ။

"ဒီမှာ"

"ငါဘာလို့ဒီနေရာကို နည်းနည်းရင်းနှီးနေပါလိမ့်"

ကူယွဲ့က အလိုလိုအာရုံခံလိုက်မိတော့ ဒီလောကထဲက အရာအားလုံး သူ့စိတ်ထဲဝင်လာတယ်။

"ဟိုလီရှစ် ဒါထျန်းလန်လောကသုံးခွင် မဟုတ်လား"

သူတို့စစချင်း ဝိညာဥ်ကူးပြောင်းလာခဲ့တဲ့ အောက်ထျန်းလန်လောကနဲ့ အတူတူပဲ။ ဒါပေမဲ့ ခုတော့ လောကသုံးထောင်ထဲက တစ်ခုဖြစ်နေပြီ။

"မင်း စားဖိုမှူးကို ဒီပြန်ခေါ်လာခဲ့တာလား"

"အင်း" ရှန်းရင်က ခေါင်းညိတ်ပြီး အရှေ့ကို လက်ညှိုးထိုးလိုက်တယ်။

"အဲမှာ သူလာပြီ"

သေချာပေါက်ပဲ သူ့‌ခါးလောက်တောင် အရပ်မရှိတဲ့ ကလေးတစ်ယောက် သူတို့ဆီ လျှောက်လာတယ်။ အများကြီးသေးသွားပေမဲ့ မျက်နှာကတော့ ကောင်းကင်ဘုံဆီ ပထမဆုံးရောက်ရောက်ချင်းကလိုပဲ။

ဒေတာပြန်စတာက တကယ့်ကို ခန္ဓာကိုယ်အချိုးအစားတောင် ပြန်သေးသွားစေတယ်ပေါ့။ ဒါပေမဲ့ ကောင်းတာတစ်ခုက သူ့ကိုယ်ပေါ်က အဲဒီဆိုးရွားတဲ့ဒဏ်ရာတွေက ပျောက်ကွယ်သွားပြီ။

ကူယွဲ့ စိတ်သက်သာရာရကာ ကလေးရဲ့ဘေးကို ဖျတ်ခနဲရွှေ့သွားလိုက်ပြီး နှုတ်ဆက်တဲ့အနေနဲ့ လက်ကိုယမ်းပြလိုက်တယ်။

"စားဖိုမှူး မင်း ဘယ်လို..."

သူ စကားမဆုံးခင် ကလေးက သူ့ကို လုံးဝမမြင်သလို လမ်းတစ်ဖက်ခြမ်းဆီ သူ့ဘေးကဖြတ်လျှောက်သွားတယ်။ သူ့မျက်နှာလေးက အေးစက်နေပြီး တစ်ချက်လေးတောင် သူ့ကို မကြည့်။

"..."

ဘာတုန်းဟ။

ကူယွဲ့ တစ်ခဏမှင်တက်နေပြီး လက်ပြန်ချဖို့တောင် မေ့နေတယ်။ သူ စားဖိုမှူးထွက်သွားတာကို ကြည့်နေရင်း အတော်ကြာမှ ဘာဖြစ်နေလဲ နားလည်သွားခဲ့တယ်။ သူ ရှန်းရင်ဘေး ဖျတ်ခနဲ ပြန်လာခဲ့တယ်။

"ဘာဖြစ်တာလဲ၊ သူ့မှတ်ဉာဏ်တွေ ပျောက်မှာ မဟုတ်ဘူးလို့ မင်းမပြောခဲ့ဘူးလား" အဲအပြုအမူအရတော့ သူက သူတို့ကိုသိတဲ့ပုံ လုံးဝမပေါ်။

"ချိပ်ပိတ်ထားရုံပါ" ရှန်းရင်က ပြန်ဖြေတယ်။ ခဏစဉ်းစားပြီးတော့ သူမ ထပ်ပြောလိုက်တယ်။

"ဆိုလိုတာက အမွေအနှစ်လေ"

ကူယွဲ့က မှင်တက်နေပြီး တစ်ခဏနေတော့ သဘောပေါက်သွားခဲ့တယ်။ နဂါးမျိုးနွယ်က သူ့ကိုယ်ပိုင်အမွေအနှစ် ရှိတာမို့ စားဖိုမှူးမှတ်ဉာဏ်ထဲမှာ ရှိနေသေးတာပဲ။ သူ့ကိုယ်က အရင်အတိုင်း မွေးရာပါဓားသရုပ်သကန် ကျန်ရစ်နေဆဲ ဖြစ်ပေမဲ့ နဂါးမျိုးနွယ်ရဲ့အမွေအနှစ်ကို ဆက်ခံဖို့ထိတော့ တောင့်မခံနိုင်သေးဘူး။ ဒါကြောင့် တစ်ခုတည်းသောနည်းက အရင်ချိပ်ပိတ်ပြီး နောက်တော့မှ ဖြည်းဖြည်းချင်း ချိပ်ကိုပြန်ဖွင့်ရမှာ။ ဖြစ်နိုင်တာကတော့ အတော်လေးကြာမှာပေါ့။ ဆိုလိုတာက လောလောဆယ် သူ့မှာ ဘာကျင့်ကြံမှုမှ မရှိသေးဘူး။

ဘာလို့ရုတ်တရက် အတော်လေး စိတ်သက်သာရာရသွားပါလိမ့်။

"ခဏ" သူ ရုတ်တရက် ပြဿနာတစ်ရပ်ကို နားလည်သွားတယ်။

"အဲလိုဆို ငါတို့ ပြန်မသွားခင် သူကြီးလာတဲ့အချိန်ထိ နေရတော့မှာမဟုတ်လား"

"အမှန်ပဲ"

"သောက်ကျိုးနည်း အဲဒါ ဘာမှန်ရမှာလဲ" အဲဒါနဲ့ ပြန်လည်ဝင်စားတာ ဘာကွာခြားတော့မလဲ။ စီမံထိန်းသိမ်းသူတစ်ယောက်အနေနဲ့ မင်းဒီလို ပေါ့ပျက်ပျက်လုပ်လို့ တကယ်အဆင်ပြေရဲ့လား။

ဒါပေမဲ့ သူတို့ စားဖိုမှူးကို ဒီမှာဒီတိုင်းထားခဲ့လို့ မဖြစ်ဘူး။ သူက လောလောဆယ် သေမျိုးတစ်ယောက် ဖြစ်နေတော့ ဒီမှာထားခဲ့ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်။

"သူ့ကို သွားတားချေ" ကူယွဲ့ ရှန်းရင်ကို တွန်းလိုက်တယ်။

"မင်း မင်းတပည့်ကို အသိအမှတ်ပြုရမယ်မလား" သူက မွေးလာတည်းက‌ ကောင်းကင်မျိုးနွယ်ဆိုပေမဲ့ မလေ့ကျင့်ရင် လက်ထောက်စည်းတံဆိပ်ကိုလက်ခံနိုင်ဖို့ ဘယ်လောက်အချိန်ယူရမလဲ ဘယ်သူမှမသိ။

"အိုး"

"သွားလေ၊ မင်းတပည့်ကို ပြန်ခေါ်လာခဲ့ချေ"

အဲတော့မှ ရှန်းရင်က ကလေးဆီ ဖြည်းဖြည်းချင်း လျှောက်သွားတယ်။

ကလေးက နောက်တစ်ကြိမ် ရပ်သွားပြီး ဒီတစ်ခါတော့ ဘေးကနေ ချက်ချင်းရှောင်မသွား။ သူက ရပ်ပြီး ခေါင်းမော့ကာသူ့ရှေ့က အမျိုးသမီးကိုကြည့်တယ်။ သူ့မျက်လုံးတွေက ဇဝေဇဝါဖြစ်နေဟန်။

"ခင်ဗျားက..."

ရှန်းရင်က ကိုယ်ကိုကိုင်းကာ ကလေးကိုငုံ့ကြည့်ပြီး‌ ဖေဖေနျို့စကားတွေကို အမှတ်ရတော့ တလေးတနက် အမူအရာနဲ့ ပြောလိုက်တယ်။

"နင်... ဟင်းဘယ်လိုချက်ရမလဲသိလား"

ကလေး ။ ။ "..."

ကူယွဲ့ ။ ။ "..."

တိတ်ဆိတ်မှုက သူတို့ပတ်လည်မှာ ချက်ချင်းကြီးစိုးသွားတယ်။

-_-|||

နောက်အခိုက်အတန့်...။

"အုစ်၊ သူပြေးသွားပြီ"

ကလေးက သတိတကြီးကြည့်ကာ လှည့်ထွက်ပြီး လာရာလမ်းအတိုင်း တစ်ချိုးတည်းပြေးတော့တယ်။

"ပြေးမှာပေါ့" ကူယွဲ့ ဗိုက်တောင်အောင့်လာပြီ။

"မင်းတပည့်ကို အသိအမှတ်ပြုခိုင်းနေတာလေ၊ ဘယ်သူက ဟင်းချက်တဲ့အကြောင်း ပြောခိုင်းလဲ" သူ သူမကို အရူးလို့မသတ်မှတ်တာတင် ကံကောင်းနေပြီ။

"အိုး" ရှန်းရင် ကြည့်ရတာ ပျင်းရိနေဆဲ။ အဲဒါ သူမ အရင်ကပြောခဲ့တဲ့ စကားပဲလေ။

"ထားလိုက်တော့၊ သူ ဒီရွာထဲမှာပဲနေတာ ဖြစ်လောက်တယ်" ကူယွဲ့က အသက်ပြင်းပြင်းရှူလိုက်တယ်။

"မြန်မြန် သူ့ကိုထပ်သွားရှာ‌ရအောင်၊ သူ့ကိုမြန်မြန်စလေ့ကျင့်ခိုင်းရမယ်၊ ဒါမှ မှတ်ဉာဏ်တွေကို မြန်မြန် ပြန်ဆယ်နိုင်မှာ"

ကူယွဲ့က ရှန်းရင်ကိုဆွဲကာ လိုက်တော့မို့ရှိသေး သူ့နားဘေးကနေ စူးရှတဲ့အသံတစ်သံထွက်လာတယ်။ သတိပေးသံ ထွက်လာတာမျိုးရဲ့ သုံးဆနဲ့ တူပြီး အသံကို ဝိုးတဝါးရင်းနှီးနေတယ်။

"ဒါက..." ကူယွဲ့က မှင်တက်သွားပြီး တစ်ခဏတာမတုံ့ပြန်နိုင်။

"မျက်နှာပြင် သတိပေးချက်လား" ရှန်းရင် ကူယွဲ့ဆွဲထားတဲ့လက်ကို မြှောက်ကာ သူဝတ်ထားတဲ့ လက်ပတ်က အနီရောင်လင်းနေတာကို လက်ညှိုးထိုးပြလိုက်တယ်။

ကူယွဲ့ ခုမှပဲ လက်ပတ်က ရှန်းကျင်းက ရှန်းရင်အပေါ် အပြုံလိုက် ပေးလိုက်တဲ့ပစ္စည်းပုံကြီးထဲက တစ်ခုဆိုတာ သတိရသွားခဲ့တယ်။ သူမက စိတ်အခြေအနေမကောင်းတော့ “အသုံးဝင်လာလိမ့်မယ်” လို့ပဲပြောခဲ့တာ။ တကယ်ပဲ ဒါက မျက်နှာပြင်‌သတိပေးချက် ထုတ်နိုင်တယ်ပေါ့။

သူ စဉ်းစားနေတုန်းရှိသေး ပုံရိပ်တစ်ခု သူ့ရှေ့ရုတ်တရက်ပေါ်လာတယ်။ မိစ္ဆာနတ်ဘုရားက အသည်းအသန် ဖြစ်နေပြီး အသံလှိုင်းကတစ်ဆင့် ပြောတယ်။

"ခေါင်းဆောင်၊ မကောင်းတော့ဘူး၊ သုံးလောကထဲကကြမ္မာက ရုတ်တရက်ဂယက်ထလာပြီ၊ မထိန်းချုပ်နိုင်တော့ဘူး"

"ဘာ" ကူယွဲ့ ထိတ်လန့်သွားတယ်။ မိစ္ဆာနတ်ဘုရားက ဒီမျက်နှာပြင်ရဲ့ဖွဲ့စည်းပုံစနစ်ကို တာဝန်ယူထားတာ။ ကြမ္မာဆိုတာ ဒီမျက်နှာပြင် တည်တံ့မှုရဲ့အုတ်မြစ်ပဲ။ ကြမ္မာဂယက်ထတာက မျက်နှာပြင်မှာ ကိစ္စကြီးတစ်ခုခုဖြစ်နေပြီဆိုတာ သက်သေပြနေတယ်။

"ရှန်းရင် မင်းတစ်ခုခုခံစားရလား"

"မခံစားရသေးဘူး" ရှန်းရင်က ခေါင်းယမ်းပြလိုက်တယ်။

"ဒါဆို မိစ္ဆာနတ်ဘုရားဆီ တစ်ချက်ပြန်ကြည့်ရအောင်"

"ဒါပေမဲ့ စားဖိုမှူးဘက်ခြမ်းမှာ..." သူမက မနီးမဝေးဆီ လက်ညှိုးထိုးပြတယ်။

"စားဖိုမှူးကို စောင့်ကြည့်ထား ငါချက်ချင်း ပြန်လာခဲ့မယ်" ကူယွဲ့က အမြန်မှာပြီး ခန္ဓာကိုယ်က ဖျတ်ခနဲလင်းကာ ပျောက်သွားတယ်။

ရှန်းရင်က ကြောင်အမ်းအမ်းဖြစ်နေပြီး လက်ကိုဖြည်းဖြည်းချင်းချပြီးမှ နောက်ဆက်တွဲစကားကို ဆက်ပြောလိုက်တယ်။

"... ထူးဆန်းတာ တစ်ခုခုရှိနေတယ်"

အင်းလေ၊ ထားပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးမှမကြီးတာ။

——————

ယိချင်းက ရွာလေးရဲ့ အစွန်းအဖျားက စုတ်ပြတ်ပြတ် တဲအိမ်လေးမှာနေနေတာ။ အိမ်က မကြီးဘဲ ကြည့်ရတာတော့ စွန့်ပစ်ထားတဲ့အိမ်။ နေလို့ရတယ်ဆိုရုံလေးပဲ။ အိမ်ရှေ့မှာတော့ သစ်ပင်ကြီးတစ်ပင် ရှိပြီး ဘေးမှာက ပစ္စည်းတချို့ အထဲမှာသိုလှောင်ထားကာ တစ်ဝက်ပြိုလဲနေတဲ့ အိမ်စုတ်တစ်လုံး။

ကလေးတစ်ယောက် ပြန်ဖြစ်နေတဲ့ ယိချင်းက အပြင်မှာရပ်နေတဲ့ ရှန်းရင်ကိုမြင်ချိန် အူကြောင်ကြောင် ရပ်နေတယ်။ နောက်တော့ သူမက စောနလေးကတင် သူ့ကိုလမ်းမှာတားခဲ့သူဆိုတာ သတိရသွားပုံပဲ။ သူ့မျက်ခုံးလေးက ကြုတ်သွားပြီး နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ ဒီတိုင်းကြည့်နေကျတယ်။

နောက်တော့ သူက အရဲစွန့်မေးတယ်။

"ဗိုက်ဆာနေတာလား"

ရှန်းရင် ခေါင်းညိတ်လိုက်တယ်။

"အင်း"

မနက်စာမစားရသေးတဲ့ လူလိုမျိုးပဲ။

All Chapters