← Chapters

ကျေးဇူးဆပ်ခြင်း

Vol. 31 Ch. 334

ကျေးဇူးဆပ်ခြင်း

Vol. 31 Ch. 334

"ထန်ထျန်းက... တစ်ကယ့် အင်အားကြီး အင်အားစု တစ်ခုခုနဲ့ ပတ်သက်နေတာလား"

အံ့ဩတုန်လှုပ်မှုတွေ ပြီးဆုံးသွားတဲ့နောက်မှာတော့ တစ်ယောက်ယောက်က ခန့်မှန်းပြောဆိုလာကြသည်။

ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ကန့်ကွက်သူတွေ ပေါ်လာသည်။ "ဘယ်လို အင်အားစု ကမှ အခုမှဝင်လာတဲ့ လူသစ်တစ်ယောက်ကို ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို ကိုင်တွယ်ခွင့် ပေးမှာမဟုတ်ဘူး"

"မင်းပြောချင်တာက သူရဲကောင်းကိုးဦးအဖွဲ့ တောင်မှ အင်အားစု မဟုတ်ဘူးလို့ ပြောတာလား"

"ငါသိသလောက်တော့ ထန်ထျန်းက မိုမိသားစုနဲ့ နည်းနည်းပါးပါး ပတ်သက်မှုရှိပေမဲ့ အဲဒီလောက်အထိတော့ မနက်နဲဘူး"

"ဒါ့အပြင် မိုမိသားစုရဲ့ ကိုယ်စားလှယ်က သူရဲကောင်းကိုးဦးအဖွဲ့ထဲမှာ ထိုင်နေတာလေ"

သူရဲကောင်းကိုးဦးအဖွဲ့ဘက်မှာတော့ အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးက ငြိမ်သက်စွာ ထိုင်နေသည်။ သူမကတော့ ကုံးချန်ခြံဝင်းထဲက မိုမိသားစုရဲ့ ကိုယ်စားလှယ်ပင် ဖြစ်သည်။

ဒီရတနာပွဲအတွင်းမှာ သူမက ဈေးခေါ်တာမျိုး သိပ်မလုပ်သလို လူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကိုလည်း ဘာတုံ့ပြန်မှုမှ မပြဘဲ တည်ငြိမ်နေတာကြောင့် ဘာသတင်းအချက်အလက်မှ စုံစမ်းလို့မရပေ။

စစ်နတ်ဘုရား နန်းတော်၊ ဟန်မိသားစုနဲ့ ရွှမ်းယွင်မျှော်စင်က ကိုယ်စားလှယ်တွေကတော့ မျက်နှာပျက်နေကြသည်။

"အင်အားစု တွေနဲ့ မပတ်သက်ဘူးဆိုရင် ထန်ထျန်းက ဒီလောက် ချမ်းသာနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

လူတွေဟာ ခေါင်းချင်းရိုက် စဉ်းစားနေကြပေမဲ့ ဘယ်လိုမှ အဖြေရှာမရ ဖြစ်နေကြသည်။

ဒါပေမဲ့ ရုတ်တရက် လူတစ်ယောက်က ပြောလာသည်။ "ဟုတ်သားပဲ... ထန်ထျန်းက ထျန်းဖူနန်းတော်ကို တာအိုကျောက်စိမ်း ဘီလီယံ ၁၀၀ တောင် အကြွေးတင်နေတာ မဟုတ်လား"

"အဲဒီလိုဆိုရင် သူက ဘာလို့ ဒီမှာ ဒီလောက်အထိ လက်ဖွာနေရတာလဲ"

"ဒါက သူက အကြွေးမဆပ်ဘဲ လစ်လျူရှုထားတာလား"

သူပြောလိုက်မှပဲ လူတိုင်းက နဂါးတံခါး ကိစ္စကြောင့် ထန်ထျန်း အပြစ်ပေးခံထားရတာကို သတိရသွားကြသည်။

တကယ်တော့ အဲဒီအပြစ်ဒဏ်က အပေါ်ယံ ဟန်ပြသက်သက်ပဲဆိုတာ လူအတော်များများ သိကြပေမဲ့ ဒီလိုနေရာမျိုးမှာတော့ လူတွေက အဲဒီအချက်ကိုပဲ ဆွဲထုတ်လာကြသည်။

မင်းမှာ ဖြုန်းစရာ ပိုက်ဆံရှိပြီး အကြွေးဆပ်ဖို့ကျတော့ မရှိဘူးလာ

ထန်ထျန်းကို ကြည့်တဲ့ လူတွေရဲ့ အကြည့်တွေက တဖြည်းဖြည်း ပြောင်းလဲလာသည်။

ယန်ရှောင်းဟွာတောင် အခြေအနေက တင်းမာလာတာကို သတိပြုမိသွားသည်။

"ဟို... သခင်လေးထန်"

သူက တိုးတိုးလေး ကပ်ပြောသည်။ "ဒါက... နည်းနည်းများ သိသာလွန်းနေပြီလား။"

" ငါ အရင်က သတိပေးခဲ့သလိုပဲ ငွေကြေးအင်အား ပြတာက ပြဿနာတွေ ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်။"

" အဲဒီတော့... ငါတို့ ဒီအတိုင်းပဲ ရပ်လိုက်ရင် မကောင်းဘူးလား"

သို့သော် ထန်ထျန်းကတော့ တည်ငြိမ်နေဆဲပင်။ ပတ်ဝန်းကျင်က ဝေဖန်သံတွေကို သူက ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ပင်။

"ဒါက ဘာသိသာလို့လဲ"

"သူတို့ ရောင်းတယ်၊ ကျွန်တော် ဝယ်တယ် ဒါက သာမန်ကိစ္စပဲ မဟုတ်လား"

"ကျန်တဲ့ ကိစ္စတွေအတွက်ကတော့..."

"စိတ်ချပါ၊ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်"

ထန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။

သူ အကြွေး သန်း ၂၀ ကျော် ဆပ်ထားပြီးပြီလေ၊ လန်တင်း အင်မော်တယ်အရှင် တောင် သူ့ကို ထပ်မဆပ်ဖို့ တားနေရတာ။ ဒီမှာ သိန်းဂဏန်းလောက် သုံးတာက ဘာမှ ပြဿနာမဟုတ်ပေ။

တကယ်လို့ တစ်ယောက်ယောက်က ကန့်ကွက်ချင်တယ်ဆိုရင်လည်း...

ကောင်းပြီလေ၊ အကြွေး ထပ်ဆပ်ပေးလိုက်ရုံပဲပေါ့ ။

အကြွေးဆပ်ဖို့ အကြောင်းပြချက် ရှာနေတာနဲ့ အတော်ပဲပေါ့။

အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ ဝေဖန်သံတွေက ပိုကျယ်လာသည်။

နောက်ဆုံးမှာတော့ ရွှမ်းယွင်မျှော်စင်က လူငယ်က မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။

"အကြီးအကဲခင်ဗျာ... ထန်ထျန်းရဲ့ ဒီလို လုပ်ရပ်က တရားမျှတမှု ရှိရဲ့လား"

"တာအိုကျောက်စိမ်း နှစ်သန်းဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူးနော်"

သူက စကားလုံးကို ဖိပြောလိုက်ခြင်းမှာ အကြီးအကဲတွေကို ထန်ထျန်းမှာ အကြွေးတွေ ရှိနေသေးကြောင်း သတိပေးလိုက်ခြင်းပင်။

သို့သော် သူ မမျှော်လင့်ထားတာကတော့ လေလံပွဲကို တာဝန်ယူထားတဲ့ အကြီးအကဲက နားမလည်သလို ဟန်ဆောင်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"ဘာက မတရားလို့လဲ"

"သူက ဈေးတစ်ခါပဲ ခေါ်ရသေးတာလေ။ "

"မင်းက သူနဲ့ လုချင်ရင် ဈေးထပ်တိုးခေါ်လိုက်ရုံပဲပေါ့"

ရွှမ်းယွင်မျှော်စင်က လူငယ်မှာ မျက်ခုံးတွေ လှုပ်သွားသည်။

တစ်သန်းဆိုတာ သူ တကယ် ထပ်တိုးလို့ မရတော့တာလေ။

နောက်ပြီး ဒီ ကြယ်တာရာ ခရစ်စတယ် က အဲဒီလောက်အထိ မတန်ပေ၊ ပိုက်ဆံရှိရင်တောင် သူ ဈေးထပ်ခေါ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ သူက အလျှော့မပေးချင်တာကြောင့် အံ့ ကြိတ်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ ထန်ထျန်းက ထျန်းဖူနန်းတော်ကို အကြွေးတွေ အများကြီး တင်နေတာလေ"

" တပည့်အနေနဲ့ မြင်တာကတော့ သူ့ရဲ့ ဒီနေ့ လုပ်ရပ်က တစ်ကယ့်ကို မသင့်တော်ပါဘူး"

" ပိုက်ဆံရှိရင် အရင်ဆုံး အကြွေးဆပ်သင့်တာပေါ့"

သူက ကိစ္စကို ဗြောင်ကျကျ ထုတ်ပြောလိုက်ခြင်းပင်။

ထန်ထျန်းက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဒီကောင်က ဒီနေ့ ငါ့ကို အသေအလဲ လိုက်တိုက်ခိုက်နေတာပဲ။

ငါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်မိလို့လား။

စိတ်ထားက တော်တော်လေး ကျဉ်းမြောင်းတာပဲ။

ဒါပေမဲ့ ရွှမ်းယွင်မျှော်စင်က လူငယ်ရဲ့ စကားက အတော်လေး ထိရောက်သွားသည်။

တခြား တပည့်တွေလည်း ဝိုင်းပြောလာကြပြီး ထန်ထျန်းက အရင်ဆုံး အကြွေးဆပ်သင့်တယ်လို့ ဆိုကြသည်။

သို့သော် လေလံပွဲက အကြီးအကဲကတော့ ဘာမှ မဖြစ်သလိုပါပဲ၊ ရယ်တောင် ရယ်ချင်နေတဲ့ ပုံစံမျိုးပင်။

တပည့်တွေ ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မင်းတို့က... တော်တော်လေး စွမ်းကြတာပဲ"

"ထျန်းဖူနန်းတော်ရဲ့ အထက်အကြီးအကဲ တွေ ကိုယ်စားတောင် ဆုံးဖြတ်ချက်တွေ ချပေးနေကြပြီပေါ့"

"ဒါဆိုရင် ငါက အရှင်ချီ ကို သွားပြောပေးရမလား၊ သူ့နေရာကို မင်းတို့ကို ပေးထိုင်ခိုင်းဖို့လေ"

ဒီလို ပြတ်ပြတ်သားသား လှောင်ပြောင်လိုက်တဲ့ စကားကြောင့် တပည့်တွေ အကုန်လုံး ငြိမ်ကျသွားကြသည်။

ဒီမှာ ရှိနေတဲ့သူတွေက လူမိုက်တွေ မဟုတ်ပေ ၊ အကြီးအကဲရဲ့ အဓိပ္ပာယ်ကို နားလည်ကြသည်။

သူတို့ ချက်ချင်း ပါးစပ်ပိတ်လိုက်ကြပြီး ဘာမှ မပြောရဲတော့ပေ။

ရွှမ်းယွင်မျှော်စင်က လူငယ်လည်း ခဏ ကြောင်သွားပြီးမှ အကြီးအကဲကို ဦးညွှတ်ကာ "တပည့်ရဲ့ မဆင်မခြင် စကားအတွက် ခွင့်လွှတ်ပေး ပါ"

သူ့စိတ်ထဲမှာ ခန့်မှန်းမိသွားတာကတော့ ထျန်းဖူနန်းတော်ရဲ့ အထက်အကြီးအကဲ တွေက ထန်ထျန်းနဲ့ တစ်စုံတစ်ရာ သဘောတူညီချက် ရထားပြီးသား ဖြစ်ရမည်။

တစ်ဖက်လူ အမှားဝန်ခံတာကို မြင်တော့ အကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။

"ကိုယ့်အလုပ် ကိုယ်လုပ်ကြ ပါးစပ်ကိုလည်း သတိထား"

" မပတ်သက်သင့်တဲ့ ကိစ္စတွေမှာ ဝင်ပြီး မပြော ကြနဲ့။ "

"ကဲ... လေလံပွဲ ဆက်မယ်"

ထန်ထျန်းကတော့ ဘာမှမဖြစ်သလို ငြိမ်နေဆဲပင်။

ဘယ်လိုရလဒ်ပဲ ထွက်ထွက် သူက ဂရုမစိုက်ပေ။ ဒီ ကြယ်တာရာ ခရစ်စတယ်ကို ဝယ်တာကလည်း ကျေးဇူးဆပ်ဖို့သက်သက်ပဲလေ။

ဒါပေမဲ့ ထျန်းဖူနန်းတော် အထက်အကြီးအကဲ တွေရဲ့ အလုပ်လုပ်ပုံကတော့ မဆိုးလှပေ။

ဒီအကြီးအကဲကို လန်တင်း အင်မော်တယ်အရှင် ဒါမှမဟုတ် တောင်ထိပ်သခင် ကုန်း က မှာထားတာ သေချာသည်။

ဒါဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ နည်းသွားတာပေါ့။

ဒီကြားဖြတ်ကိစ္စလေး ပြီးသွားတဲ့နောက်မှာတော့ လေလံပွဲကို ပြန်စလိုက်ကြသည်။

သို့သော် တစ်သန်းဆိုတဲ့ ဈေးက တန်ဖိုးထက် အများကြီး ပိုနေတာကြောင့် ကြယ်တာရာ ခရစ်စတယ်ကို ဘယ်လောက်ပဲ လိုချင်လိုချင် ဘယ်သူမှ ဆက်မတိုးတော့ပေ။

နောက်ဆုံးမှာတော့ ကြယ်တာရာ ခရစ်စတယ်ဟာ ထန်ထျန်းရဲ့ လက်ထဲကို အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။

ရပြီးတာနဲ့ ထန်ထျန်းက ဘေးက ယန်ရှောင်းဟွာကို တိုက်ရိုက် ကမ်းပေးလိုက်သည်။

ယန်ရှောင်းဟွာ ကြောင်သွားပြီး "မင်း ဘာလုပ်တာလဲ"

ထန်ထျန်းက ပြုံးပြီး "ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်တာ။ နောက်ပြီး အဲဒီ ငွေရောင် ကြယ်တာရာ တိုကင် အတွက်လည်း ကျေးဇူးတင်ပါတယ်။"

" ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတုံ့ပြန်မှုလို့ပဲ သဘောထားလိုက်ပါ။ "

"မငြင်းပါနဲ့၊ ဒါက ကျွန်တော့်အတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး။"

" ခင်ဗျားတို့ မယူရင်လည်း ကျွန်တော်က ကြောင်လေးကိုပဲ ကျွေးလိုက်ရမှာပဲ"

ယန်ရှောင်းဟွာ ပြောမယ့်စကားတွေက လည်ချောင်းထဲမှာ တစ်သွားသည်။

ထန်ထျန်းက ဒီလို ပြောမှတော့ သူ ထပ်ငြင်းနေရင် အဓိပ္ပာယ် မရှိတော့ပေ။

တကယ်တော့ သူလည်း သိပါသည်၊ ထန်ထျန်းက ကျေးဇူးဆပ်လိုက်တာဖြစ်ပြီး သူတို့နဲ့ အရမ်းကြီး ပတ်သက်မှု မရှိချင်တာကြောင့် ဖြစ်သည်။

ဒါပေမဲ့ သူတို့က ကြယ်တာရာ ခရစ်စတယ်ကို တကယ် လိုအပ်နေတာပဲလေ။

အတင်းအကျပ် ဆွဲဆောင်နေမယ့်အစား ဒီလိုမျိုး ဆက်ဆံရေးက သူတို့အတွက် အကောင်းဆုံး ရလဒ်ပါပဲ။

အနည်းဆုံးတော့ နှစ်ဖက်စလုံးက မိတ်ဆွေတွေအဖြစ် ရှိနေသေးတာပေါ့။

"ဒါဆိုရင်တော့... ငါ မငြင်းတော့ဘဲ လက်ခံလိုက်ပါ့မယ်"

ယန်ရှောင်းဟွာက ပြုံးပြီး ယူလိုက်သည်။

သူ့လက်ဖဝါးထဲမှာ ပူနွေးနေသလို ခံစားရသည်။

ဘာလို့လဲဆိုတော့ ဒါက သာမန် ခရစ်စတယ် မဟုတ်ဘဲ ရှန့်ထန်း တာအိုကျောက်စိမ်း တစ်သန်းနဲ့ ဝယ်ထားတာမို့လို့ပင်။

ထန်ထျန်းကတော့ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

သူက သူများ ကျေးဇူးတင်ခံရတာထက် သူများအပေါ် အကြွေးတင်နေရတာကို ပိုမုန်းသူ ဖြစ်သည်။

လေလံပွဲက ဆက်သွားသည်။

နောက်ဆုံးမှာတော့ နောက်ဆုံး ရတနာအလှည့် ရောက်လာပြီ။

"သခင်လေးထန်... ဒီပစ္စည်းကိုရော ဝယ်ဦးမလား"

ယန်ရှောင်းဟွာက ပြုံး ရင်း မေးလိုက်သည်။

ထန်ထျန်းက နှုတ်ခမ်းမဲ့လိုက်ကာ "တော်ပါပြီဗျာ၊ လူတွေ အများကြီးက ကျွန်တော့်ကို မကျေမနပ် ဖြစ်နေကြတာ ခင်ဗျား မြင်သားပဲ။"

" နောက်ပြီး လက်နက် အမျိုးအစားတွေက ကျွန်တော့်အတွက် ဘာမှ မထူးပါဘူး"

ယန်ရှောင်းဟွာက ပုခုံးတွန့်ပြရုံသာ တတ်နိုင်တော့သည်။

ဒါပေမဲ့ အကြီးအကဲက ရွှမ်ဟွမ် မူလသတ္တု ကို ထုတ်ပြလိုက်တဲ့ အချိန်မှာတော့ ထန်ထျန်း တစ်ယောက် ကြောင်သွားခဲ့သည်။

ရွှမ်ဟွမ် မူလသတ္တု ကနေ ထွက်ပေါ်နေတဲ့ အော်ရာ တွေက... သူပိုင်ဆိုင်တဲ့ ဟင်းလင်းပြင် ခေါင်းလောင်း ကွဲကြေသွားတုန်းက ကျန်ခဲ့တဲ့ အပိုင်းအစတွေနဲ့ တစ်ထပ်တည်း တူနေလို့ပင်

All Chapters