← Chapters

ရွှမ်ဟွမ် မူလသတ္တု

Vol. 31 Ch. 335

ရွှမ်ဟွမ် မူလသတ္တု

Vol. 31 Ch. 335

"ရွှမ်ဟွမ် မူလသတ္တု... မင်းတို့အားလုံးလည်း ဒါရဲ့ အသုံးဝင်ပုံကို သိကြမှာပါ"

"ဒီမှာ ရှိနေတာက လက်မအရွယ်အစားလောက်ပဲ ရှိပေမဲ့ အင်မော်တယ်အရှင် လက်နက်၊ ဒါမှမဟုတ် ဧကရာဇ်လက်နက်တွေအတွက်တောင် အခြေခံအကောင်းဆုံး သတ္တုရိုင်းအဖြစ် သုံးဖို့ လုံလောက်ပါတယ်"

"စကားတွေ အများကြီး ပြောမနေတော့ဘူး... အဖွင့်ဈေးက တာအိုကျောက်စိမ်း ငါးသိန်းပါ"

အကြီးအကဲက ရွှမ်ဟွမ် မူလသတ္တုရဲ့ အခြေခံဈေးကို အေးအေးဆေးဆေး ကြေညာလိုက်သည်။

ဒီဈေးက ကြယ်တာရာ ခရစ်စတယ်ထက် သိပ်မမြင့်ပေမဲ့ လက်မလောက်ပဲ ရှိတဲ့ အပိုင်းအစလေးတစ်ခုက ဒီလောက်ဈေးရှိနေတာကတင် ဒါရဲ့ တန်ဖိုးကို သက်သေပြနေပြီ ဖြစ်သည်။

လူအတော်များများ ဒီနေ့ပွဲကို လာရတဲ့ ရည်ရွယ်ချက်ကလည်း ဒါကို ရဖို့အတွက် ဖြစ်ပုံရသည်။

"ငါးသိန်းတစ်သောင်း"

"ငါးသိန်းသုံးသောင်း"

"ငါးသိန်းငါးသောင်း"

သိပ်မကြာခင်မှာပဲ ဈေးခေါ်သံတွေ တသီတတန်း ထွက်ပေါ်လာသည်။

အမြဲတမ်း ငြိမ်နေတဲ့ မိုမိသားစုက အမျိုးသမီးတောင် ပြိုင်ပွဲထဲ ပါဝင်လာခဲ့သည်။

ပြန်လည် ဆူညံလာတဲ့ အခြေအနေကို ကြည့်ပြီး ယန်ရှောင်းဟွာက ပြောသည်။ "မူလသတ္တုရဲ့ နောက်ဆုံးဈေးက ကိုးသိန်း ဝန်းကျင်လောက်မှာ ရှိလိမ့်မယ်"

"ချမ်းသာတဲ့သူတွေ တကယ်များတာပဲ"

"ဒါပေမဲ့ ငါ့အမြင်တော့ ဒါက အဲဒီလောက်အထိ မလိုအပ်ပါဘူး။ "

"မူလသတ္တုက တစ်ကယ့်ကို အစွမ်းထက်ပေမဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ရောက်မှသာ ဒါရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်မှာလေ။"

" ဒီမှာ ရှိနေတဲ့သူတွေက အင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်ရင်တောင်မှ ဘယ်လောက်တောင် စောင့်ရဦးမလဲ မသိဘူး"

"အခုကတည်းက ဒါအတွက် ဒီလောက်အထိ အများကြီး သုံးရတာကတော့ မတန်ဘူးလို့ ငါခံစားရတယ်။"

" သခင်လေးထန်... မင်းကော ဘယ်လိုထင်လဲ"

ယန်ရှောင်းဟွာက ပြုံးပြီး မေးလိုက်သည်။

ထန်ထျန်းက ခေါင်းညိတ်သည်။

"ခင်ဗျား ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်"

သို့သော် ပြောပြီးတာနဲ့ သူက လက်ကို တိုက်ရိုက် မြှောက်လိုက်သည်။

"တစ်သန်း"

ယန်ရှောင်းဟွာ : "..."

မင်း ဘာလုပ်နေတာလဲ

ငါပြောတာ ကျိုးကြောင်းဆီလျော်တယ်ဆို

ဘယ်မှာလဲ ကျိုးကြောင်းဆီလျော်တာ

သူ့ခေါင်းထဲမှာ မေးခွန်းသင်္ကေတတွေ အပြည့် ဖြစ်သွားပြီး ဈေးထပ်ခေါ်လိုက်တဲ့ ထန်ထျန်းကို ကြည့်ကာ "ညီလေး..."

" မင်းက ထပ်မဝယ်တော့ဘူး ဆို"

ထန်ထျန်းက နှာခေါင်းကို ပွတ်လိုက်သည်။

"ဟုတ်လို့လား"

"အော်... ခုနက အထင် မှားသွားလို့၊ တခြားဟာလို့ ထင်နေတာ၊ ရွှမ်ဟွမ် မူလသတ္တု ဖြစ်နေလိမ့်မယ်လို့ မထင်ထားလို့ပါ"

သူက အကြောင်းပြချက် တစ်ခုကို ဗြောင်လိမ်လိုက်ခြင်းပင်။

ယန်ရှောင်းဟွာမှာတော့ ဆွံ့အသွားရသည်။ ဒီအဖြေက တော်တော်လေးကို ဟန်ဆောင်လွန်းလှသည်။

ဒါပေမဲ့ သူ ဘာမှ ထပ်မပြောတော့ပေ။ ထန်ထျန်းရဲ့ အိတ်ကပ်က အောက်ခြေမရှိတဲ့ တွင်းနက်ကြီးလိုပဲ၊ စိုက်ကြည့်လိုက်ရင်တောင် ရင်တုန်စရာ ကောင်းလှသည်။

သူ သုံးချင်သလို သုံးပါစေတော့။

ထန်ထျန်းရဲ့ ဈေးခေါ်မှုက တခြားသူတွေကို တစ်ဖန် တိတ်ဆိတ်သွားစေပြန်သည်။

သူတို့က ထန်ထျန်းကို ကြည့်ရင်း စိတ်ပျက်နေကြသည်။

ဒီကောင်က ဒီနေ့ တခြားသူတွေကို လုံးဝ ကစားခွင့် မပေးတော့ဘူးလား။

ထန်ထျန်းကတော့ ဘာမှ မသိသလို တည်တည်ငြိမ်ငြိမ်ပဲ နေနေသည်။

တကယ်တော့ သူက ထပ်မဝယ်တော့ဖို့ စိတ်ကူးထားတာ အမှန်ပင်။ တစ်သန်းဆိုတာ သူ့အတွက် ဘာမှ မဟုတ်ပေမဲ့ စိတ်မဝင်စားလို့ ဖြစ်သည်။

ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ ရွှမ်ဟွမ် မူလသတ္တုက သူပိုင်ဆိုင်တဲ့ ခေါင်းလောင်းရဲ့ အပိုင်းအစတွေမှာ ပါဝင်တဲ့ အဓိက သတ္တု ဖြစ်နေလိမ့်မယ်လို့ပင်။

အပိုင်းအစတွေထဲမှာ ဘာတွေ ပါလဲဆိုတာ သူ အမြဲတမ်း နားမလည်ခဲ့လို့ မူလဟင်းလင်းပြင် ခေါင်းလောင်း အပိုင်းအစတွေကို လေ့လာနေ တာ ရပ်တန့်ထားခဲ့ရခြင်း ဖြစ်သည်။

အခုတော့ အမှတ်မထင်ဘဲ ဒါရဲ့ အဓိက ကုန်ကြမ်းကို ရှာတွေ့သွားခဲ့ပြီ။

ရွှမ်ဟွမ် မူလသတ္တုနဲ့ အပိုင်းအစတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဒါရဲ့ သဘောတရားကို သူ ချက်ချင်း နားလည်သွားလိမ့်မည်။

အဲဒီအချိန်ကျရင် နဂါးတံခါးက ဟင်းလင်းပြင် ခေါင်းလောင်းကို ပြန်လည် ထုလုပ်နိုင်လိမ့်မည်။

ဒါမှမဟုတ် တခြား စွမ်း ရည်တွေ ပါတဲ့ "ဉာဏ်ရည်တု " တစ်ခုကိုတောင် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်လိမ့်မည်။

ဒါကြောင့် ဒီ ရွှမ်ဟွမ် မူလသတ္တုကို သူ ရအောင် ယူရမည်။

တစ်သန်းဆိုတဲ့ ဈေးကြောင့် လူအတော်များများက နောက်ဆုတ်သွားကြသည်။

ဒါပေမဲ့ လူတစ်ယောက်ကတော့ ဒါကို တကယ် လိုအပ်နေပုံရသည်။

မိုမိသားစုက အမျိုးသမီးက ထန်ထျန်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် သူမရဲ့ ဈေးကို ခေါ်လိုက်သည်။

"တစ်သန်း တစ်သိန်း"

ဒီဈေးက ရွှမ်ဟွမ် မူလသတ္တုရဲ့ တကယ့်တန်ဖိုးထက် ကျော်လွန်သွားပြီ ဖြစ်သည်။

သူမက ထန်ထျန်းရဲ့ ဈေးပေါ်မှာ တစ်ခါတည်း တစ်သိန်း တိုးခေါ်လိုက်တာက သူမရဲ့ ရပ်တည်ချက်ကို ပြသလိုက်ခြင်းပင်။

သာမန် အခြေအနေဆိုရင်တော့ ထန်ထျန်းနဲ့ မိုမိသားစုကြားက ပတ်သက်မှုကို ထောက်ထားပြီး သူ အလျှော့ပေးမှာ ဖြစ်သည်။

ဒါပေမဲ့ ဒီနေ့တော့ မရဘူး။

"တစ်သန်း ငါးသိန်း"

ထန်ထျန်းက ဈေးကို ဘယ်သူမှ မလိုက်နိုင်တဲ့ အဆင့်အထိ တစ်ခါတည်း ဆွဲတင်လိုက်သည်။

ထို့နောက် မိုမိသားစုက အမျိုးသမီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "တောင်းပန်ပါတယ်..."

" ကျွန်တော် ဒါကို တကယ် လိုအပ်လို့ပါ"

မိုမိသားစုက အမျိုးသမီးက ဒါကို ကြားတော့ ဆက်မပြိုင်တော့ပေ။ ထန်ထျန်းကို အသာအယာ ဦးညွှတ်ပြပြီး ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့သည်။

ထန်ထျန်းက သူမရဲ့ ပုံစံကို စိတ်ထဲ မှတ်ထားလိုက်သည်။

လေ့လာ ပြီးလို့ မူလသတ္တု ကျန်သေးရင် မိုကျွင်း ကတစ်ဆင့် သူမကို ပေးလိုက်ဖို့ သူ စဉ်းစားလိုက်သည်။

ဘာပဲဖြစ်ဖြစ် မိုမိသားစုက ထျန်းဖူနန်းတော်ထဲမှာ သူ ယုံကြည်ရတဲ့ မဟာမိတ် မဟုတ်လား။

တစ်သန်း ငါးသိန်းဆိုတဲ့ ဈေးက ပြိုင်ပွဲကို အဆုံးသတ်လိုက်သည်။

ရွှမ်ဟွမ် မူလသတ္တုက ထန်ထျန်းရဲ့ လက်ထဲကို အဆင်ပြေပြေ ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စနစ်ထဲက ရှန့်ထန်း တာအိုကျောက်စိမ်းက ၄၃ သန်း ကျော်အထိ ရှိလာခဲ့သည်။

ထျန်းဖူနန်းတော်မှာ ပိုက်ဆံရှာရတာက အပြင်လောကထက် အများကြီး ပိုမြန်တာတော့ အမှန်ပင်။

နောက်ဆုံး ရတနာ ရောင်းထွက်သွားတာနဲ့အတူ ဒီတစ်ခေါက် ရတနာ လေ့လာပွဲကလည်း အပြီးသတ်သွားခဲ့သည်။

ထန်ထျန်းက တစ်ဦးတည်းနဲ့ နောက်ဆုံး ရတနာ သုံးမျိုးလုံးကို သိမ်းကျုံးယူသွားပြီး သူရဲကောင်းကိုးဦးအဖွဲ့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့သည်။

လူတွေက ထန်ထျန်းရဲ့ ငွေကြေးအင်အားကို အံ့ဩနေကြသလို သူ့ရဲ့ ရပ်တည်ချက်ကိုလည်း စိတ်ဝင်စားနေကြသည်။

"ထန်ထျန်းက အခု ဂိုဏ်းပေါင်းစုံ မဟာမိတ်ထဲကို တရားဝင် ဝင်သွားတာလား"

တစ်ယောက်က မေးသည်။

ဒါပေမဲ့ နောက်တစ်ယောက်က ချက်ချင်း ငြင်းသည်။ "မဖြစ်နိုင်ဘူး၊ ငါကြားတာတော့ သူတို့ အခုမှ စပြီး ထိတွေ့နေကြတာပဲ။ "

"နောက်ပြီး မမေ့နဲ့ဦး... ထန်ထျန်းနဲ့ မိုမိသားစုရဲ့ ပတ်သက်မှုက လူသိရှင်ကြား ဖြစ်နေတာ၊ သူရဲကောင်းကိုးဦးအဖွဲ့နဲ့ ပတ်သက်မှုကလည်း ပြတ်မှာ မဟုတ်ဘူး"

နောက်တစ်ယောက်ကလည်း "ငါကြားတာတော့ ထန်ထျန်းက အဓိကခန်းမ ဘက်ကို ဝင်ချင်တယ်လို့ ခဏခဏ ပြောဖူးတယ်တဲ့။"

" အခွင့်အရေး မရသေးတာပဲ ရှိတာ"

ဒီစကားကို ကြားတော့ တစ်ယောက်က နှာခေါင်းရှုံ့ကာ "အဓိကခန်းမက အပြင်လူကို ဘယ်တော့မှ လက်မခံဘူး"

သို့သော် သူ့စကားက ဝိုင်းပြီး ကန့်ကွက်တာ ခံလိုက်ရသည်။

"မင်းကတော့ ရူးနေတာပဲ၊ ဒီလောက် အလားအလာရှိပြီး အရည်အချင်းရော ပိုက်ဆံရော ရှိတဲ့ ပါရမီရှင်မျိုးကို အပြင်ကို တွန်းထုတ်မလို့လား"

"ငါတော့ တော်တော် စိတ်ကုန်နေပြီ။ မင်းတို့ပဲ သီးသန့် မျိုးနွယ် လုပ်နေကြပါလား၊ ငါတော့ မင်းတို့နဲ့ အတူတူ မနေချင်တော့ဘူး။"

" တစ်နေ့နေ့ မူလ မျိုးနွယ် ဆိုပြီး ပြောနေပေမဲ့ မင်းတို့ထဲက တကယ့် လူတော် ဘယ်နှစ်ယောက် ထွက်လာလို့လဲ..."

ထိုသူမှာ ဝိုင်းအပြောခံရလို့ ငြိမ်သွားရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထန်ထျန်းရဲ့ ရပ်တည်ချက်ကတော့ ဘယ်သူမှ တိတိကျကျ မသိကြပေ။

အနှစ်ချုပ်ရရင်တော့ ဒီလို ကြယ်ပွင့် ပါရမီရှင်မျိုးနဲ့ ရန်သူမဖြစ်တာ အကောင်းဆုံးပါပဲ။

ဘယ်သူမှ မအကြပေ။

ရတနာ လေ့လာပွဲ ပြီးတဲ့နောက်မှာတော့ ကြယ်ကြည့်ပွဲရဲ့ နောက်ဆုံး အစီအစဉ် ရောက်လာခဲ့သည်။

၎င်းမှာ ကြယ်တာရာ စင်မြင့် ပင် ဖြစ်သည်။

"ကြယ်တာရာ တိုကင် ရှိတဲ့သူတွေ ငါ့နောက် လိုက်ခဲ့ကြ"

အကြီးအကဲက ပြောလိုက်သည်။

ထိုအခါ တပည့် အတော်များများက ထရပ်ကြသည်။ အင်အားစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေ အကုန်လုံး ပါဝင်သည်။

အခြားသူတွေကလည်း အလွန် အစွမ်းထက်သူတွေ ဖြစ်ကြသည်။

ထန်ထျန်းလည်း ထရပ်လိုက်ပြီး ကုရှောင်းရွှယ်ကို လိုက်ခဲ့ဖို့ ပြောလိုက်သည်။

ယန်ရှောင်းဟွာက အံ့ဩသွားပြီး "သခင်လေးထန်... တိုကင် ရှိတဲ့သူပဲ ကြယ်တာရာ စင်မြင့် ထဲကို ဝင်လို့ရတာလေ၊ မင်းရဲ့ အစေခံမလေးက..."

ထန်ထျန်းက ပြုံးပြီး "သိပါတယ်၊ သူမမှာလည်း ရှိတယ်လေ။"

" ကျွန်တော့်မှာ အရင်ကတည်းက တစ်ခု ရှိနေတာမို့လို့ သူမကို တစ်ခု ပေးထားတာ"

ယန်ရှောင်းဟွာ နားလည်သွားပြီး ပြုံးလိုက်သည်။ "သခင်လေးထန်ရဲ့ အစေခံ ဖြစ်ရတာက တကယ့်ကို ကံကောင်းတာပဲ။ "

"ကြယ်တာရာ တိုကင်ဆိုတာ သာမန် ကုံးချန်ခြံဝင်း တပည့်တွေတောင် ရဖို့ မလွယ်တာလေ"

ထန်ထျန်းက ပုခုံးတွန့်ပြရုံသာ လုပ်လိုက်သည်။

ယန်ရှောင်းဟွာကတော့ ထန်ထျန်းမှာ အရင်ကတည်းက ရှိနေတဲ့ တိုကင်က ဘယ်အဆင့်လဲဆိုတာ သိချင်နေသည်။

ရွှေရောင်တိုကင် တော့ မဖြစ်နိုင်ပါဘူးနော်

သူက ဒီလိုပဲ တွေးနေတော့သည်။

All Chapters