ကမ္ဘာ အပြင်ဘက်
Vol. 31 Ch. 336
ကြယ်တာရာတိုကင် ပိုင်ဆိုင်ထားကြသည့် တပည့်အားလုံးက အကြီးအကဲ၏ ဦးဆောင်မှုနှင့်အတူ ကြယ်ကြည့်ဥယျာဉ်၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းသွားကြသည်။
အတွင်းထဲသို့ ပိုတိုးဝင်သွားလေလေ၊ ကြယ်ကြည့်ဥယျာဉ်ထဲက ထူးဆန်းသည့် တာအိုနိယာမ များမှာ ပို၍ အားကောင်းလာသည်ကို ထန်ထျန်း သိသိသာသာ ခံစားနေရ၏။
ကုရှောင်းရွှယ်တောင်မှ တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိသွားပုံရသည်။
"ထန်ထျန်း... ဒီနေရာက ဘာလို့ ပိုပြီး ထူးဆန်းလာတာလဲ မသိဘူးနော်"
"ဒါကလေ... ဟိုတစ်ခေါက် ရှင့် ထူးဆန်းတဲ့ ဝိုင်ကို သောက်တုန်းကလိုမျိုးပဲ၊ ရုတ်တရက်ကြီး ဝမ်းနည်းသလို ခံစားရတယ်"
ထန်ထျန်း တစ်ယောက် ကြောင်သွားပြီး "ဟင်... ဟုတ်လား"
အရင်တစ်ခေါက်က ကုရှောင်းရွှယ်က လအင်မော်တယ်ဝိုင် ကို မြည်းစမ်းပြီးနောက် မျက်ရည်များ မရပ်မနား ကျခဲ့ဖူး၏။
အခုလည်း အဲဒီလို ခံစားချက်မျိုး ထပ်ဖြစ်နေပြန်ပြီလား။
ဒါက ဘယ်လို ထူးဆန်းသည့် တုံ့ပြန်မှုမျိုးလဲ။
သူ ကုရှောင်းရွှယ်ကို လုံးဝ နားမလည်နိုင်တော့ပေ။ ဒီကောင်မလေးက အမြဲတမ်း တစ်မျိုးမဟုတ် တစ်မျိုး ထူးဆန်းနေတတ်သည်။
ဒါပေမဲ့ သူမက လိမ်ပြောမှာတော့ မဟုတ်ပေ။
ဒီထူးဆန်းသည့် တာအိုနိယာမ များက သူမအပေါ်တွင် လအင်မော်တယ်ဝိုင် ကဲ့သို့ နက်နဲဆန်းကြယ်သည့် သက်ရောက်မှု တစ်ခုခု ရှိနေခြင်း ဖြစ်နိုင်သည်။
"အဆင်ပြေရဲ့လား"
" အောင့်ထားလို့ ရမလား"
ထန်ထျန်းက မေးလိုက်သည်။
ကုရှောင်းရွှယ်က အသာအယာ ခေါင်းညိတ်ပြီး "ရပါတယ်"
" ဟိုတစ်ခေါက်လောက်တော့ မပြင်းထန်ပါဘူး။"
" အဲဒီတုန်းကဆိုရင် ကျွန်မ တစ်ညလုံး ငိုခဲ့ရတာ..."
ထန်ထျန်း တစ်ယောက် ငြိမ်ကျသွား၏။
ကုရှောင်းရွှယ်၏ ထူးခြားချက်များကို အမြန်ဆုံး စုံစမ်းဖို့ လိုနေပြီ ဖြစ်သည်။
လအင်မော်တယ် ကိုယ်တိုင်ကတောင် သူမကို သတိထားမိသည်ဆိုမှတော့ သူမ၏ နောက်ခံသမိုင်းကြောင်းမှာ လုံးဝ မရိုးရှင်းနိုင်တာ သေချာလှသည်။
"ကောင်းပြီ... ဒါဆို ဆက်သွားကြမယ်"
အားလုံး ရှေ့သို့ ဆက်လျှောက်ကြသည်။
ဒါပေမဲ့ ထန်ထျန်း သတိထားမိသည်မှာ ဒီထူးဆန်းသည့် တာအိုနိယာမ ကို သူနှင့် ကုရှောင်းရွှယ်သာ ခံစားမိပုံရခြင်း ဖြစ်သည်။
ယန်ရှောင်းဟွာတို့ကဲ့သို့ ထိပ်တန်းတပည့်များအပါအဝင် တခြားသူများမှာမူ ဘာထူးခြားသည့် တုံ့ပြန်မှုမှ မရှိကြပေ။
သူလည်း ဘာမှ ထပ်မမေးတော့ဘဲ လူအုပ်ကြီးနှင့်အတူ လိုက်ပါသွားခဲ့သည်။
ခဏအကြာတွင် ဘဲဥပုံသဏ္ဌာန် ဟင်းလင်းပြင်တံခါး တစ်ခုက လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာသည်။
၎င်းက လေထဲတွင် လွင့်မျောနေသလို၊ ဟင်းလင်းပြင်ပေါ်၌ ထူးဆန်းသည့် နည်းလမ်းတစ်ခုနှင့် ထွင်းထုထားသလိုမျိုး ဖြစ်၏။
နယ်မြေ တစ်ခုလုံးကို ဟင်းလင်းပြင် စွမ်းအားများက လွှမ်းခြုံထားသည်။
ဒါက တခြား ကမ္ဘာတစ်ခုသို့ သွားရာလမ်းပင် ဖြစ်သည်။
ဦးဆောင်လာသည့် အကြီးအကဲက ရပ်တန့်လိုက်ပြီး ကောင်းကင်ပေါ်ကနေ နောက်ထပ် အဘိုးအို တစ်ဦး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
ထန်ထျန်း၏ အကြည့်တွေ စူးရှသွား၏။
ဒီလူကတော့ ထုန့်ရှန့်တောင် ၏ တောင်ထိပ်သခင် သဲယောင် အင်မော်တယ်အရှင် ပင် ဖြစ်သည်။
တောင်ထိပ်သခင် ကုန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်နှာမှာ အလွန်တည်ကြည်လွန်းလှသည်။ ကောင်းကင်ပေါ်ကနေ လူတိုင်းကို ငုံ့ကြည့်နေသည့် သူ့၏ အရှိန်အဝါမှာ မပြောဘဲနှင့်တောင် သိသာလှ၏။
အောက်က ကုံးချန်ခြံဝင်း တပည့်များသည်လည်း သူ့ကို သိကြပုံရပြီး တစ်ဦးမှ အသံမထွက်ရဲဘဲ ငြိမ်ကုပ်နေကြသည်။
ခဏအကြာတွင် တောင်ထိပ်သခင် ကုန်းက အေးအေးဆေးဆေး စကားပြောလာသည်။
"ကြယ်တာရာ စင်မြင့်ကို ဖွင့်လိုက်ပြီ"
"လူတိုင်းက ကိုယ့်မှာရှိတဲ့ ကြယ်တာရာတိုကင် အဆင့်အတိုင်း သတ်မှတ်ထားတဲ့ နေရာမှာပဲ နေရမယ်၊ ဘယ်သူမှ စည်းကျော်ခွင့် မရှိဘူး"
"အချိန်က စုစုပေါင်း နှစ်နာရီ ပဲ ရမယ်။ ကဲ... အချိန်မဖြုန်းကြနဲ့တော့၊ ဒီလို ရခဲတဲ့ အခွင့်အရေးကို အသုံးချဖို့ အမြန်ဝင်ကြတော့"
ပြောပြီးသည်နှင့် တောင်ထိပ်သခင် ကုန်းက ဝတ်ရုံစများ လွင့်ပျံရင်း လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွားသည်။
သူ လုံးဝ ထွက်သွားတော့မှသာ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။
"ဟူး... သူ့ကို တွေ့ရတိုင်း ဖိအားက တော်တော်များတာပဲ"
ယန်ရှောင်းဟွာက ရေရွတ်ရင်း ထန်ထျန်းကို ပြောပြသည်။ "သခင်လေးထန်... မင်း သေသေချာချာ မှတ်ထားနော်၊ သူက ငါတို့ ထုန်းရှန့်တောင်ရဲ့ အကြီးအကဲ၊ သဲယောင် အင်မော်တယ်အရှင် တောင်ထိပ်သခင် ကုန်းပဲ"
" သူက အရမ်း စည်းကမ်းကြီးတယ်၊ တပည့်တွေ အများကြီး သူ့လက်ထဲမှာ အပြစ်ပေးခံရဖူးတယ်၊ သူ့ရဲ့ နည်းလမ်းတွေက တော်တော်လေး ရက်စက်တယ်နော်"
" မင်း သတိထား၊ သူ့ကိုတော့ ဘယ်တော့မှ မပြစ်မှားမိစေနဲ့"
သူက အလေးအနက် သတိပေးလေသည်။
ဒါပေမဲ့ ထန်ထျန်းမှာမူ မျက်တောင်တခတ်ခတ်နှင့် ကြည့်နေမိသည်။
တောင်ထိပ်သခင် ကုန်းက စည်းကမ်းကြီးသည် ဟုတ်လား
သူတို့ အရင်တစ်ခေါက် တွေ့တုန်းကတော့ ပြုံးပြုံးရွှင်ရွှင်နှင့် ဖော်ရွေသည့် အဘိုးကြီး တစ်ဦးပါပဲ။
ယန်ရှောင်းဟွာ ပြောသည့် တောင်ထိပ်သခင်နှင့် သူတွေ့ခဲ့သည့် လူမှာ ဘာကြောင့် ဒီလောက် ကွာခြားနေရသလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေ၏။
အကြီးအကဲများ၏ စီစဉ်မှုနှင့်အတူ တပည့်များက ကြယ်တာရာ စင်မြင့်ထဲသို့ တစ်သုတ်ပြီး တစ်သုတ် စတင် ဝင်ရောက်သွားကြသည်။
ပထမဆုံး ဝင်ရသူများမှာ အဓိကမျိုးနွယ် က တပည့်များ ဖြစ်သည်။
အဲဒီနောက်တွင်တော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အလှည့် ရောက်လာသည်။
"ငါတို့က ဒုတိယလား"
ထန်ထျန်းက အံ့ဩတကြီး မေးလိုက်သည်။
သူရဲကောင်းကိုးဦးအဖွဲ့ က အရင်ဝင်ရမည်ဟု သူ ထင်ထားခြင်း ဖြစ်သည်။
ယန်ရှောင်းဟွာက ရယ်ပြီး "ဒါကို မင်း နားမလည်သေးလို့ပါ။"
" ငါတို့က အင်အား အနည်းဆုံး ဖြစ်ပေမဲ့ ငါတို့ရဲ့ ရပ်တည်ချက်က ထူးခြားတယ်။"
" အဓိကမျိုးနွယ်ရော၊ သူဲကောင်းကိုးဦးအဖွဲ့ဘက်ကရော ငါတို့ကို သူတို့ဘက်ပါအောင် ဆွဲဆောင်ချင်နေကြတာ။"
" ဒါကြောင့် ကုံးချန်ခြံဝင်းထဲမှာ ငါတို့က ပြဿနာ သိပ်မတက်ဘူး။ "
"အကြီးအကဲတွေကတောင် ငါတို့ကို တော်တော်လေး စောင့်ရှောက်ပေးကြသေးတယ်"
ထန်ထျန်း ချက်ချင်း သဘောပေါက်သွားသည်။
ပြောရရင်တော့ သူတို့က အဓိကမျိုးနွယ်နှင့် သူရဲကောင်းကိုးဦးအဖွဲ့ကြားက "ကံကောင်းခြင်း လက်ဆောင်" လို ဖြစ်နေခြင်းပင်။
ဒီ ကံကောင်းခြင်း လက်ဆောင် လေးက ဘယ်သူ့ကိုမှလည်း ခြိမ်းခြောက်မှု မပေးနိုင်သလို၊ သူနှင့် ခင်မင်ထားလျှင်လည်း အကျိုးအမြတ် တစ်စုံတစ်ရာ ရနိုင်သေးသည်။
ဒါက သူတို့အတွက်တော့ မသိမသာ အခွင့်အရေး တစ်ခု ဖြစ်နေခြင်းပင်။
ဒါပေမဲ့ ဒီလို ယာယီ အေးချမ်းမှုက ဘယ်လောက်ကြာမည်လဲ ဆိုသည်ကိုမူ မသိနိုင်ပေ။
အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ ထန်ထျန်း၊ ယန်ရှောင်းဟွာနှင့် တခြားသူများက ဘဲဥပုံ ဟင်းလင်းပြင်တံခါးထဲသို့ လှမ်းဝင်လိုက်ကြသည်။
ပြင်းထန်သည့် ဟင်းလင်းပြင်စွမ်းအားများ ရိုက်ခတ်လာပုံမှာ အရင်တုန်းက ချင်းယွဲ့ဂိုဏ်းတွင် နယ်မြေကူးပြောင်း အစီအရင် ကို သုံးခဲ့တုန်းကထက် အဆရာပေါင်းများစွာ ပိုပြင်းထန်နေ၏။
ဒါကို ကြည့်ခြင်းအားဖြင့် အခု ခရီးစဉ်မှာ ဘယ်လောက်ဝေးကွာသည့် နေရာသို့ သွားနေသလဲဆိုသည်ကို ခန့်မှန်းနိုင်သည်။
ဟင်းလင်းပြင် ဖြတ်ကျော်မှု ခဏကြာပြီးနောက်တွင် မျက်စိရှေ့က မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
ဒါကတော့ မှောင်မည်းနေသည့် ကြယ်တာရာ ကောင်းကင်ယံ ပင် ဖြစ်သည်။
အတိုင်းအဆမရှိသည့် ကြယ်တာရာများက အလွန်ဝေးကွာသည့် နေရာကနေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။
ကြယ်အလင်းတန်းများ အများကြီး ရှိနေပေမဲ့ ဒီကောင်းကင်ကြီးကို လင်းထိန်အောင် မလုပ်နိုင်ဘဲ ထာဝရညဉ့်နက်ပိုင်း နေရာတစ်ခုသို့ ရောက်နေသလို ခံစားရစေသည်။
လူတိုင်း၏ ရှေ့တွင်တော့ အဖြူရောင် စင်မြင့်ကြီးတစ်ခုက အဆုံးအစမရှိသည့် အဝေးတစ်နေရာဆီသို့ တန်း နေ သည်။
ထန်ထျန်း မျက်ခုံးအနည်းငယ် တွန့်သွားသည်။
ဒီနေရာမှာတော့ ထူးဆန်းသည့် တာအိုနိယာမ များက ပိုပြီး အားကောင်းလာပြီး နေရာလွတ် တိုင်းတွင် ပြည့်နှက်နေ၏။
ဒါ့အပြင် ထန်ထျန်း၏ စိတ်ထဲတွင် တစ်မျိုးကြီး ဟာတာတာ ခံစားချက်တစ်ခု ဖြစ်နေသည်။
အကြောင်းရင်းကို သူ ရှာဖွေကြည့်လိုက်သည့်အခါတွင်တော့ လန်တင်း အင်မော်တယ်အရှင် ပြောခဲ့သလိုပင်...
ဒီနေရာက တကယ်ကို ကမ္ဘာ အပြင်ဘက် ဖြစ်နေသောကြောင့်ပင်။
ဒါက ကမ္ဘာကြီး၏ အပြင်ဘက်က သေးငယ်သည့် ဟင်းလင်းပြင် အပိုင်းအစလေး တစ်ခု ဖြစ်နိုင်သည်။
ဒါပေမဲ့ သူတို့က မူလကမ္ဘာကနေ ထွက်လာခဲ့ပြီဆိုသည်မှာတော့ အမှန်ပင် ဖြစ်၏။
"ဝိုး... ငါ့ခန္ဓာကိုယ်ထဲကို အစွမ်းထက်တဲ့ စွမ်းအားတစ်ခု စိမ့်ဝင်လာနေသလို ခံစားရတယ်"
ဒီနေရာသို့ ရောက်လာတော့ ယန်ရှောင်းဟွာတို့လည်း ထူးခြားမှုကို ခံစားမိသွားကြပြီ ဖြစ်သည်။
သူက ထန်ထျန်းကို ပြုံးကြည့်ပြီး "အချိန်က နှစ်နာရီပဲ ရှိတာ၊ မြန်မြန် သွားကြမယ်။ "
"ရှေ့မှာက ကြယ်တာရာ စင်မြင့်ရဲ့ ပထမဆုံး နယ်မြေ ပဲ၊ အဲဒီနောက်မှာ ဒုတိယ နယ်မြေ တွေ ရှိလိမ့်မယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်၏။
ရှင်းဟယ် အင်မော်တယ် ဧကရာဇ် ဖန်တီးထားသည့် ဒီလျှို့ဝှက်နယ်မြေတွင် ဘယ်လို လျှို့ဝှက်ချက်များ ရှိမလဲဆိုသည်ကို သူလည်း သိချင်နေပြီ ဖြစ်သည်။
ထို့နောက် သူသည် ယန်ရှောင်းဟွာတို့နှင့်အတူ ကြယ်တာရာ စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်။
အဲဒီအချိန်တွင် လူအချို့ ရောက်နေကြပြီ ဖြစ်၏။
စင်မြင့်မှာ အလွန်ကျယ်ဝန်းသောကြောင့် တပည့်အားလုံး ကျင့်ကြံဖို့ လုံလောက်သည်။ ကြေးတိုကင် ကိုင်ထားသည့် တပည့်အချို့မှာမူ နေရာဦးပြီး ကျင့်ကြံဖို့ ပြင်နေကြပြီ ဖြစ်သည်။
"ဒီနေရာက ကြေးတိုကင် နယ်မြေ ပဲ။ "
"ဒီနယ်မြေ ထဲက နေရာအားလုံးကတော့ အာနိသင် အတူတူပါပဲ။"
" ဒါပေမဲ့ တချို့လူတွေကတော့ ဒုတိယနယ်မြေ နဲ့ နီးတဲ့နေရာက ပိုကောင်းမယ်လို့ ထင်ပြီး အဲဒီနားမှာ သွားထိုင်တတ်ကြတယ်"
ယန်ရှောင်းဟွာက လမ်းလျှောက်ရင်း ရှင်းပြနေသည်။
တစ်ချိန်တည်းမှာပင် သူက ထန်ထျန်းနှင့် ကုရှောင်းရွှယ်ကို အကဲခတ်နေသေးသည်။
တကယ်လို့ ထန်ထျန်းတွင် ကြေးတိုကင်သာ ရှိသည်ဆိုလျှင် ဒီနေရာတွင် တစ်ယောက်ယောက် ကျန်ရစ်ခဲ့ရမှာ ဖြစ်သည်။
ဒါပေမဲ့ ပထမ နယ်မြေ နှင့် ဒုတိယနယ်မြေ နယ်နိမိတ်သို့ ရောက်သည့်အထိ သူတို့နှစ်ဦးလုံး ရပ်တန့်မည့်ပုံ မပေါ်ကြပေ။
မကြာခင်မှာပဲ သူတို့အားလုံး ပထမ နယ်မြေ နှင့် ဒုတိယ နယ်မြေ ကြားက အတားအဆီး ကို အတူတူ ဖြတ်ကျော်သွားကြပါတော့သည်။