← Chapters

အခုတော့ ငါယုံသွားပြီ

Vol. 31 Ch. 337

အခုတော့ ငါယုံသွားပြီ

Vol. 31 Ch. 337

"ဒါကြောင့်လည်း ထန်ထျန်းက အဲဒီတုန်းက သိပ်ပြီး စိတ်မလှုပ်ရှားတာကိုး၊ သူက ငွေတိုကင် တစ်ခုကို ရ ထားပြီးသား ဖြစ်နေတာပဲ"

ဒုတိယနယ်မြေထဲကို အေးအေးဆေးဆေး ဝင်သွားတဲ့ ထန်ထျန်းတို့ နှစ်ယောက်ကို ကြည့်ပြီး ယန်ရှောင်းဟွာက ဒီလိုပဲ တွေးနေမိသည်။

ထန်ထျန်းက ရွှေရောင်အဆင့်ထက် မြင့်တဲ့ ကြယ်တာရာတိုကင်ကို ရနိုင်လိမ့်မည်ဟု သူ မထင်ထားသေးပေ။

အကြောင်းမှာ အဆင့်မြင့်တိုကင်များမှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ပြီး ဘယ်တုန်းကမှ ခြွင်းချက် မရှိခဲ့သောကြောင့် ဖြစ်၏။

"ဒီနေရာက ငွေတိုကင်နယ်မြေပဲ၊ မင်းတို့ ကြိုက်တဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ ရှာပြီး ကျင့်ကြံလို့ရတယ်"

ယန်ရှောင်းဟွာက ထန်ထျန်းကို ပြောလိုက်သည်။

ထန်ထျန်းက အသာအယာ ခေါင်းညိတ်ပြ၏။

ငွေတိုကင်နယ်မြေထဲက တပည့်အရေအတွက်မှာ ပထမနယ်မြေထက် အများကြီး ပိုနည်းသဖြင့် ကျင့်ကြံဖို့နေရာများမှာလည်း ပို၍ ပေါများလှသည်။

"နေရာတစ်ခု ရှာကြစို့"

ထန်ထျန်းက ကုရှောင်းရွှယ်ကို ပြောလိုက်သည်။

ကုရှောင်းရွှယ်က ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း "အားလုံးက ပုံစံတူကြီးတွေပဲ။"

" ဒီစင်မြင့်ကို ဒီဇိုင်းဆွဲတဲ့လူက အနုပညာအမြင် သိပ်မရှိတာ သိသာတယ်"

"ကျွန်မ ရှင်နဲ့အတူ ခဏလောက် ထပ်လျှောက်ပေးမယ်လေ"

ကုရှောင်းရွှယ်၏ စကားကို ကြားသောအခါ ယန်ရှောင်းဟွာမှာ ထိတ်လန့်သွားပြီး တခြားသူများ ကြားသွားမည် စိုးသဖြင့် ဘေးဘယ်ညာကို အမြန်ဝေ့ကြည့်မိသည်။

ဒီစင်မြင့်မှာ ရှင်းဟယ် အင်မော်တယ် ဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့ခြင်း မဟုတ်ပါလား။

ဒီအစေခံမလေးကတော့ တကယ့်ကို သတ္တိခဲပင်၊ လူသိရှင်ကြား ဝေဖန်ရဲသည်အထိ ဖြစ်နေ၏။

တကယ်လို့သာ က သူ့အစေခံဖြစ်ပါက အဆက်အသွယ်အကုန်ဖြတ်ပြီး ချက်ချင်း အလုပ်ထုတ်ပစ်မိမည်မှာ သေချာသည်။

ဒီလို ပါးစပ်သရမ်းသည့်သူ ဘေးနားရှိနေလျှင် တစ်နေ့နေ့တွင် ဒုက္ခရောက်မည်မှာ မလွဲပေ။

သို့သော် ထန်ထျန်းကမူ ဘာမှမဖြစ်သလို ရှိနေသဖြင့် သူလည်း ဘာမှ ထပ်မပြောတော့ပေ။

လူအနည်းငယ် ရှေ့သို့ ဆက်လျှောက်လာကြရာ သူတို့နှင့်အတူ ပါလာသည့် တပည့်များမှာလည်း နည်းသထက် နည်းလာသည်။

တုမင် နှင့် မုရှုဝမ် တို့ နှစ်ဦးမှာလည်း ရှေ့သို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။

ခဏအကြာတွင် သူတို့သုံးဦးက ဒုတိယနယ်မြေနှင့် တတိယနယ်မြေ၏ အဆုံတွင် ရပ်တန့်လိုက်ကြသည်။

ပါးလွှာသည့် အတားအဆီးတစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထား၏။

"မသွားနဲ့တော့၊ ဒီမှာပဲ နေတော့"

ထန်ထျန်းက ကုရှောင်းရွှယ်ကို ပြောလိုက်သည်။

"အင်း..."

ကုရှောင်းရွှယ်က ခပ်တိုးတိုး ပြန်ထူးပြီး ထန်ထျန်း၏ အင်္ကျီစကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည်။ ထို့နောက် အတားအဆီးနှင့် နီးသည့်နေရာတစ်ခုတွင် ကျင့်ကြံဖို့ နေရာရှာလိုက်၏။

ယန်ရှောင်းဟွာက ဒါကို မြင်သောအခါ လက်သီးဆုပ် နှုတ်ဆက်ရင်း "သခင်လေးထန်... ဒါဆိုရင် နှစ်နာရီကြာမှ ပြန်တွေ့ကြတာပေါ့"

ထန်ထျန်းက ယန်ရှောင်းဟွာသည် သူ့အလုပ်နှင့်သူ လုပ်တော့မည်ဟု ထင်ကာ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ယန်ရှောင်းဟွာက လှည့်ထွက်ပြီး အတားအဆီးဆီသို့ လျှောက်သွားသည်။

ထန်ထျန်းက နေရာရသွားပြီဖြစ်သော ကုရှောင်းရွှယ်ကို ကြည့်လိုက်ပြီး သူလည်း ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိသဖြင့် ယန်ရှောင်းဟွာ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

ရှေ့မှ လျှောက်နေသည့် ယန်ရှောင်းဟွာက ထန်ထျန်း သူ့နောက်မှ ပါလာသည်ကို ချက်ချင်း သတိပြုမိသွား၏။

သူက အံ့ဩသွားပြီး ထန်ထျန်း ဘာလုပ်ချင်နေသလဲဆိုသည်ကို စဉ်းစားမရ ဖြစ်နေသည်။

ထန်ထျန်းသည်လည်း အတားအဆီးနှင့် အနီးဆုံးနေရာက ပိုကောင်းသည်ဟု ယုံကြည်နေသဖြင့် နေရာလာရှာခြင်းလား။

သံသယများဖြင့်ပင် ယန်ရှောင်းဟွာက အတားအဆီးကို ဖြတ်ကျော်ပြီး တတိယနယ်မြေထဲသို့ ဝင်သွားသည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ ထန်ထျန်းသည်လည်း ရပ်တန့်မည့်ပုံမပေါ်ဘဲ တည့်တည့်လျှောက်လာခြင်းပင် ဖြစ်သည်။

ထန်ထျန်းက အတားအဆီးနှင့် ထိတော့မည်ကို မြင်သောအခါ သူက အလျင်အမြန် အော်ပြောလိုက်၏။ "သခင်လေးထန်... မင်း အဲဒီလို လုပ်လို့ မရ..."

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ထန်ထျန်းက အတားအဆီးနှင့် ထိတွေ့သွားခဲ့ပြီ ဖြစ်သည်။

မှိန်ပျပျ အလင်းတန်းတစ်ခုက ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာပြီး မည်သည့် အဟန့်အတားမှ မရှိဘဲ တတိယနယ်မြေထဲသို့ ချောချောမောမော ဝင်လာခဲ့သည်။

ယန်ရှောင်းဟွာ : "အာ..."

ထန်ထျန်းက သူ့ကို ကြည့်ပြီး နားမလည်သလို မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

" ကျွန်တော် ဘာလုပ်လို့ မရတာလဲ"

ယန်ရှောင်းဟွာ ခဏမျှ ဆွံ့အသွားပြီးမှ စကားလုံးများကို ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်သည်။ "ငါ ပြောချင်တာက... မင်း ညာခြေနဲ့ အရင်မဝင်သင့်ဘူးလို့ ပြောမလို့ပါ။"

" ဒါကလည်း ကံကောင်းစေမယ့် နည်းလမ်းတစ်ခုပဲ"

ထန်ထျန်းက သတ်မှတ်ထားသည့် အထူးဦးစားပေးနေရာ ကိုတောင် ရထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သူ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။

ယန်ရှောင်းဟွာ၏ စကားကို ကြားသောအခါ ထန်ထျန်းက ပြုံး ပြီး "ရပါတယ်၊ ကျွန်တော်က အဲဒါတွေကို မယုံဘူး။"

" ဒါနဲ့... ခင်ဗျား ခုနက ကျွန်တော့်ကို နှုတ်ဆက်တာ တစ်ခုခု လုပ်စရာ ရှိလို့ မဟုတ်ဘူးလား"

ယန်ရှောင်းဟွာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။

"ဟုတ်တယ်... အလုပ်လေး နည်းနည်း ရှိတယ်။ "

"ဒါပေမဲ့ ရပါတယ်၊ ငါ တို့ အတူတူ ထပ်လျှောက်လို့ ရပါသေးတယ်"

ထန်ထျန်းက မျက်တောင်တခတ်ခတ်ဖြင့် ကြည့်လိုက်ပြီး ဒီလူ၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု ခံစားရသည်။

သို့သော် သူတို့နှစ်ဦး ရှေ့သို့ ဆက်လျှောက်လာခဲ့ကြ၏။

တတိယနယ်မြေတွင် တပည့်အရေအတွက်မှာ ပို၍ပင် နည်းပါးသွားသည်။

ရှေ့မှ ကြိုရောက်နှင့်နေသူများမှာ အဓိကမျိုးနွယ်မှ တပည့်များသာ ဖြစ်ပြီး သူတို့၏ အော်ရာ များမှာ အလွန်အားကောင်းလှကာ အနည်းဆုံး မြင့်မြတ် ရွှေအင်မော်တယ် အဆင့်မှာ ရှိနေကြသည်။

လျှောက်လာသည့် ထန်ထျန်းကို ကြည့်ပြီး သူတို့၏ မျက်နှာများမှာ စူးစမ်းခြင်း၊ အံ့ဩခြင်း၊ အေးစက်ခြင်း စသဖြင့် အမျိုးမျိုး ကွဲပြားနေကြ၏။

လမ်းလျှောက်နေစဉ်အတွင်း ယန်ရှောင်းဟွာက ထန်ထျန်းကို အကြိမ်ကြိမ် ခိုးကြည့်နေပြီး နောက်ဆုံးတွင် စိတ်မထိန်းနိုင်ဘဲ မေးလိုက်သည်။ "သခင်လေးထန်... "

"မင်းရဲ့ တိုကင်ကို... ဘယ်လိုရခဲ့တာလဲ။ "

"ငါ မှတ်မိသလောက်ဆိုရင် ဒါတွေက ကြိုတင် သတ်မှတ်ထားပြီးသား နေရာတွေလေ"

ထန်ထျန်းက ဖုံးကွယ်မထားဘဲ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။ "တောင်ထိပ်သခင် ကုန်းက ကျွန်တော့်ကို ပေးတာပါ"

ယန်ရှောင်းဟွာ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီးနောက် အားနာသလို ပြောလိုက်သည်။ "ငါ ဘာမကောင်းတဲ့ စိတ်နဲ့မှ မဟုတ်ပါဘူး၊ သိချင်လို့ မေးကြည့်တာပါ။"

" စိတ်ထဲ မထားပါနဲ့"

ထန်ထျန်း ဘာမှ ထပ်မပြောတော့ပေ။

အမှန်အတိုင်း ပြောတာတောင် ဘယ်သူမှ မယုံကြတော့သဖြင့် သူလည်း ထပ်ပြီး ရှင်းမပြတော့ရန် ဆုံးဖြတ်လိုက်သည်။

သူတို့နှစ်ဦး ရှေ့သို့ ဆက်လျှောက်လာရာ နောက်ဆုံးနယ်မြေနှင့် နီးသည့်နေရာသို့ ရောက်လာသည်။

ထိုနေရာတွင် ထန်ထျန်းက ရင်းနှီးသည့် လူတစ်ဦးကို တွေ့လိုက်ရ၏။

"မင်းက အခုမှ ရောက်လာတာလား"

"ဟင်... ထန်ထျန်းလား"

မုရှုဝမ်က ထန်ထျန်းကို မြင်သောအခါ အံ့ဩသွားသည်။

သူမက အဖြေကို သိလိုသဖြင့် ယန်ရှောင်းဟွာကို ကြည့်လိုက်သော်လည်း ယန်ရှောင်းဟွာက လက်ဝါးဖြန့်ပြကာ သူလည်း အံ့ဩနေရပါသည်ဟု အရိပ်အယောင် ပြလိုက်သည်။

"စီနီယာအစ်ကို တုမင်ကော ရှေ့မှာလား"

ထန်ထျန်းက မေးလိုက်သည်။

မုရှုဝမ်က ပြန်ဖြေသည်။ "စီနီယာ တုမင်က ကုံးချန်ခြံဝင်းရဲ့ အထူးချွန်ဆုံး တပည့်တွေထဲက တစ်ယောက်လေ၊ သူ ရထားတာက ရွှေရောင်တိုကင် မဟုတ်ဘူး။ "

"အဖိုးတန်ဆုံးဖြစ်တဲ့၊ ကြယ်တာရာ မြေပုံ ကို တိုက်ရိုက် ကြည့်ခွင့်ရမယ့် ခရမ်းရွှေတိုကင် ပဲ။"

" အခုချိန်ဆို သူ အဲဒီဘက်ကို ရောက်နေလောက်ပြီ"

ထန်ထျန်း သဘောပေါက်သွား၏။

အရင်က လန်တင်း အင်မော်တယ်အရှင် ပြောခဲ့ဖူးသည်မှာ နှစ်စဉ် ကြယ်ကြည့်ပွဲတွင် အတော်ဆုံး ပါရမီရှင် တပည့် ၁၀ ဦးက ကြယ်တာရာ မြေပုံကို တိုက်ရိုက် ကြည့်ရှုခွင့် ရကြသည်ဟု ဆိုသည်။

တုမင်က ထိုသူများထဲက တစ်ဦး ဖြစ်ပုံရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်၏ အင်အားမှာလည်း မသေးလှကြောင်း သိနိုင်သည်။

"ငါတို့ တခြားနေရာတစ်ခု ထပ်ရှာကြရအောင်"

မုရှုဝမ်က အားနာသလို ပြောသည်။

"ထန်ထျန်းလည်း ဒီအထိ လာနိုင်မယ်လို့ ငါ မထင်ထားလို့ လူနှစ်ယောက်စာပဲ ရတဲ့နေရာကို ရှာထားမိတယ်"

သူမသည် ပြောပြောဆိုဆိုဖြင့် နေရာသစ်ရှာရန် ပြင်လိုက်သည်။ ထန်ထျန်းက အမြန်ပင် လက်ယမ်းပြကာ တားလိုက်၏။ "ရပါတယ်၊ မလိုပါဘူး။ "

"ကျွန်တော်က... ဒီနယ်မြေမှာ နေမှာ မဟုတ်ဘူး"

မုရှုဝမ်နှင့် ယန်ရှောင်းဟွာတို့ နှစ်ဦးလုံး ကြောင်သွားကြသည်။

"နင် ဆိုလိုတာက..."

မုရှုဝမ်က နားမလည်နိုင် ဖြစ်နေသည်။

ဒီနေရာအထိ ရောက်မှတော့ ထန်ထျန်းလည်း ဖုံးကွယ်ထားစရာ မလိုတော့ပေ။

သူတို့၏ ရှေ့တွင် ထန်ထျန်းက ခရမ်းရွှေရောင် တောက်ပနေသည့် ကြယ်တာရာတိုကင်ကို ထုတ်ပြလိုက်သည်။

ထို ထူးခြားသည့် တိုကင်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး မျက်လုံးများ ပြူးသွားပြီး မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်သွားကြသည်။

ခရမ်းရွှေတိုကင်

ကုံးချန်ခြံဝင်း တစ်ခုလုံးမှာ ၁၀ ခုပဲ ရှိတာလေ

ပြီးတော့ ဒါကို ဘယ်သူရမလဲဆိုတာ ဒီနှစ်အစကတည်းက သတ်မှတ်ပြီးသား မဟုတ်ပါလား။

ထန်ထျန်းဆီမှာ ဒီလိုအရာမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။

သူတို့၏ အရင်က အသိအမြင်များမှာ ပြိုလဲပျက်စီးသွားသလို ခံစားလိုက်ရသည်။

ထန်ထျန်းက ပြုံးလိုက်ပြီး "အချိန်က လူကို မစောင့်ဘူးလေ၊ ကျွန်တော် အရင် သွားနှင့်တော့မယ်။ "

"ဒါဆိုရင် နှစ်နာရီကြာမှ ပြန်တွေ့ကြတာပေါ့"

ယန်ရှောင်းဟွာ ပြောခဲ့သည့် စကားကိုပင် ပြန်ပြောလိုက်သည်။

ထို့နောက် သူက နှုတ်ဆက်ကာ နောက်ဆုံး အလင်းအတားအဆီး ဆီသို့ လှည့်ထွက်သွားခဲ့သည်။

ထန်ထျန်း၏ ကျောပြင် အလင်းအတားအဆီး ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မုရှူးဝမ်က မေးလိုက်၏။ "သူ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ"

ယန်ရှောင်းဟွာက မျက်နှာပျက်နေပြီး တိုးတိုးလေး ပြော လိုက်သည်။ "ခုနက ထန်ထျန်းက သူ့တိုကင်ကို တောင်ထိပ်သခင်က ပေးတာလို့ ပြောခဲ့တယ်။"

" ငါက သူ နောက်နေတာ မှတ်လို့ မယုံခဲ့ဘူး"

သူက သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။

"ဒါပေမဲ့ အခုတော့... "

"ငါ ယုံသွားပြီ"

"တောင်ထိပ်သခင် ကိုယ်တိုင်ကလွဲရင် တခြား ဘယ်သူက ခရမ်းရွှေတိုကင် တစ်ခုကို ထပ်ပြီး ပေး နိုင်မှာလဲ"

All Chapters